Friday, December 03, 2010

Phuket Trip Day 2 : PhiPhi Island and Surrounding Video Full Version

ဒီနေ့အလုပ်ပိတ်တော့ ကြိုးစားပြီး အက်ဒစ်လုပ်ထားပါတယ်... အဲဒိနေ့က မိုးရွာနေတော့ တချို့နေရာတွေကို ကင်မရာတောင် မထုတ်ဖြစ်ခဲ့ပါဘူး... အကွက်စေ့ အများကြီးမရိုက်ခဲ့ပေမဲ့ ပြည့်ပြည့်စုံစုံတော့ ပါပါတယ်... အများကြီးမရိုက်လာတော့ အက်ဒစ်လုပ်ရတာ ပိုလွယ်သွားတာပေါ့... နောက်မို့ဆို ဟိုဟာလဲ ထည့်ချင် ဒီဟာလဲ ထည့်ချင်ဖြစ်နေအုံးမယ်... ဗွီဒီယိုထဲက တီးလုံးလေးတွေအားလုံးကတော့ မဗေဒါ ဟိုတစ်လောကမှ ကြည့်ပြီးသွားတဲ့ SungKyunKwan Scandal ကားထဲက တီးလုံးလေးတွေပါ... သဘောကျလို့ ယူသုံးထားတာပါ.. အင်္ဂလိပ်သီချင်းထည့်ရင် youtube နဲ့ copyright ညိလွန်းလို့ပါ... ဒါတောင် audio content ညိတယ်ဆိုပြီး တချို့နိုင်ငံတွေမှာ ကြည့်ရချင်မှ ရမယ်ထင်တယ်... ဘာပဲပြောပြော ဗွီဒီယိုလေးကို enjoy သွားကြပါ... အမှားအယွင်းများပါရင်လဲ အပြုသဘောနဲ့ နားလည်စွာ အကြံပေးလို့ရပါတယ်...

စာလုံးပေါင်းအမှားများရှိခဲ့သော် ဗွေမယူပဲ ဖြည့်တွေးဖတ်ရှုသွားကြဖို့ မေတ္တာရပ်ခံပါတယ်... တစ်ခါတစ်လေ typo error ဖြစ်တတ်သလို... စိတ်ရှိတုန်း ချရေးရတဲ့အတွက် စာလုံးပေါင်းကို သိပ်ဂရုမထားနိုင်ပါဘူး... တစ်ချို့ဟာတွေကတော့ ကိုယ်ကိုတိုင် သေချာ မသိတာတွေလဲရှိပါတယ်... မဗေဒါ ဘလော့မှာ စာလုံးပေါင်းမှားတာတွေ အကုန်လိုက်ပြင်ဖို့ဆိုရင်တော့ အချိန်တော်တော်ထပ်ပေးရအုံးမယ်ထင်ပါတယ်... ပိုစ့်အသစ်တောင် ထပ်တင်ဖို့ အချိန်ရမှာမဟုတ်တော့ပါဘူး... ဘာပဲပြောပြော တလွဲတွေနဲ့ နေသားကျနေတဲ့ မဗေဒါကို နားလည်ပြီး အားပေးကြတဲ့ စာဖတ်သူတွေ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်...

ဒီဗွီဒီယိုနဲ့ ပတ်သတ်တဲ့ ပိုစ့်လေးကတော့ ဒီမှာပါ...

1 comment :

Anonymous said...

A:When i hear Sungkyunkwan scandal tune want to watch again that drama.