ဒီပိုစ့်ကိုတော့ မေးခွန်းလေးတစ်ခုနဲ့ဖွင့်ချင်ပါတယ်... သင်တို့တွေ ဖိလစ်ပိုင်လူမျိုးအများစု အင်္ဂလိပ်လိုပြောနေတာကိုကြားတဲ့အခါ ဒါဖိလစ်ပိုင်တွေရဲ့ အင်္ဂလိပ်အသံပဲလို့ ခန့်မှန်းနိုင်လား? တနည်းအားဖြင့် ဖိလစ်ပိုင်လူမျိုးအများစုရဲ့ အင်္ဂလိပ် Accentဟာ အမေရိကန်လူမျိုးတွေပြောတဲ့ English Accent အတိုင်း တထေရာတည်းတူတယ်လို့ သူတို့ကိုယ်သူတို့ပြောနေတာကို လက်ခံလား?
အဲဒိမေးခွန်း ၂ခုလုံးအတွက် ကျွန်မရဲ့အဖြေကတော့ ဖားတွေကို(ဤနေရာမှစ၍ ဖိလစ်ပင်းလူမျိုးကို အပြင်မှာအားလုံးသုံးတဲ့အတိုင်း ဖားလို့ နာမ်စားသုံးပါမည်) လူမတွေ့ပဲ သူတို့ အင်္ဂလိပ်လိုပြောနေတဲ့အသံကိုကြားတာနဲ့ ဒါဟာ ဖားပြောနေတာပဲလို့ တန်းသိပါတယ်... ဥပမာ ဖုန်းပေါ်ကနေ ခရက်ဒစ်ကဒ် promotion လုပ်တာပဲဖြစ်ဖြစ် အာမခံရောင်းတာပဲဖြစ်ဖြစ် Customer service ကိုခေါ်လို့လာကိုင်တာက ဖားပဲဖြစ်ဖြစ် သူတို့ အင်္ဂလိပ်သံကိုကြားတာနဲ့ ဒါဟာ အမေရိကန်တစ်ယောက်ပြောနေတာမဟုတ်ပဲ ဖားလူမျိုးတစ်ဦးဆိုတာကို သိသိသာသာ ကွဲကွဲပြားပြားခွဲခြားသိပါတယ်... သင်တို့ရော ခွဲတတ်မယ်လို့ထင်ပါတယ်... သို့သော် သူတို့ကိုယ်သူတို့ယုံကြည်ထားကြတာက သူတို့ အင်္ဂလိပ် Accent ဟာ အမေရိကန်တွေပြောတဲ့အတိုင်းတစ်ထပ်တည်းရှိပါတယ်လို့ ပြောတာကို ကိုယ်တိုင်လဲတွေ့ကြုံခဲ့ရဖူးသလို အွန်လိုင်းပေါ်မှာလဲ မျက်စိစပါးမွှေးဆူးလောက်အောင် မြင်နေရတဲ့အခါ ဒီပိုစ့်လေးကိုရေးပြီး ပေါက်ကွဲလိုက်ပါတယ်...
ဒီပိုစ့်ကို ဟိုးအရင်၂၀၁၀ လောက်ကတည်းက ရေးဖို့စိတ်ကူးခဲ့ပင်မဲ့ မဗေဒါက လူမျိုးရေးခွဲခြားသလိုဖြစ်မှာ... ပြီးတော့ ၁ဦး၁ယောက်တည်းကိုကြည့်ပြီး အားလုံးကို Stereotype လုပ်ပြစ်လိုက်သလိုဖြစ်မှာစိုးလို့ပါ... သို့သော် လက်ယားလောက်အောင် ရေးချင်လွန်းစရာတွေက တစ်ခုပြီးတစ်ခုဖြစ်လာတော့ ကိုယ်လဲကိုယ့်ဘလော့မှာ မြန်မာလိုရေးပါတယ်... လူမျိုးရေးခွဲခြားပြီး Stereotype လုပ်လိုတဲ့ ဆန္ဒအလျင်းမရှိသော်လည်း အမှန်ကို လက်မခံပဲ ဖင်ပိတ်ငြင်းနေကြတဲ့ ဖားလူမျိုးများကို ကြည့်မရသောကြောင့် ရေးပါတယ်... ဤသို့ရေးခြင်းမှာ ဖားလူမျိုးများ အင်္ဂလိပ်စကားပြောညံ့သည်ဟု မဆိုလိုပါ... အများစုသည် အမေရိကန်တွေပြောတဲ့လေသံအတိုင်း မထွက်တာကိုပဲ ပြောလိုခြင်းဖြစ်သည်ကို ကွဲကွဲပြားပြား နားလည်စေချင်ပါသည်...
ဆရာလုပ်တဲ့ ဖားမ
အရင့်အရင် ကျောင်းသူဘ၀ Part time လုပ်ကတည်းက အလွန်တရာမှ ရွပိုးထိုးသော ဖားမ အမြောက်အများနဲ့ အလုပ်လုပ်ဖူးပါတယ်... ဒီပိုစ့်မှာ ဖားမ များရွပိုးထိုးခြင်းကို ပြောလိုသောကြောင့်လဲမဟုတ်... ရွပိုးထိုးသော ဖားမများကိုလက်ညှိုးထိုးကာ ဖားမအားလုံးရွသည်ဟုလဲ လက်မခံပါ... တစ်ဦးတစ်ယောက်ချင်းပေါ်သာ မူတည်သောကြောင့် ဘာမှ မပြောလိုပါ...(စိတ်ထဲမှပြောခြင်း... ဒါပေမဲ့ တွေ့ဖူးသမျှဖားမ မရွသူမရှိ... သို့သော် သူတို့ကို ချောင်ပိတ်ရိုက်ကာ ဆုံးမသော ဦးနှောက်မဲ့ ဖားထီးများလဲ ရှိသည်ဟု မကြားမိ)... မည်သို့ပင်ဆိုစေ သူတို့အပြုအမူနှင့်ကိုယ့်အပြုအမူ မတူညီသောကြောင့် အစေးကပ်ကပ်ပေါင်းသင်း ရလှသည်တော့မဟုတ်ခဲ့ပါ... အဲဒိတုန်းကတော့ ပညာသိပ်မတတ်တဲ့ Labor နဲ့အလုပ်လုပ်လာလုပ်တဲ့ ဖားတွေမို့ ဒီလိုဖြစ်မှာပါ... ပညာတတ်အသိုင်းအ၀ိုင်းက ဖားမတွေကတော့ ဒီလိုမဟုတ်လောက်ပါဘူးပဲထင်ခဲ့တယ်...
ခုပြောပြမှာကတော့ မဗေဒါကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အင်္ဂလိပ်စကားပြောနဲ့ပတ်သတ်ရင် Over confident ဖြစ်နေတဲ့ ဆရာလုပ်တဲ့ ဖားမပဲဖြစ်ပါတယ်... ကျောင်းပြီးလို့ ကျွန်မရဲ့ ဒုတိယအလုပ်မှာ ကျွန်မထက်ရာထူးကြီး Senior ကျတဲ့ ဖားမတစ်ယောက်ရှိပါတယ်... ဖြစ်ချင်တော့ အဲဒိကုမ္ဗဏီမှာ ဖားလူမျိုးအများအပြားရှိပြီး နေရာကောင်းထိပ်ပိုင်းမှာတောင် ဖားတွေက နေရာယူထားပါတယ်... ကိုယ်လဲ Part time တုန်းက စိတ်ခံတွေကိုဖျောက်ပြီး "အော် ပညာတတ်အသိုင်းအ၀ိုင်းကတော့ ဒီလိုမဟုတ်လောက်ပါဘူးဆိုပြီး စိတ်စွဲကိုဖျောက်ခဲ့ပါတယ်"... ဒါပေမဲ့ နေ့လည်ထမင်းစားတူတူထွက်လျှင် ပြောသမျှဟာသဖြစ်စေ ဗဟုသုတဖြစ်စေ သတင်းအချက်အလက်ဖြစ်စေ သူပြောသမျှဟာ နှာနဲ့ပတ်သတ်တာတွေချည်းပါပဲ... တစ်ဋ္ဌာနလုံးမှာ လူလွတ်မိန်းကလေးဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတာပါ... လူလွတ်ယောကျာင်္းလေးက ၂ယောက်ပါ... ၁ယောက်က အင်ဒိုကောင်... နောက်တစ်ယောက်က မြန်မာအစ်ကိုကြီးပါပဲ... တစ်ခါတစ်လေ မျက်နှာဘယ်နားထားရမှန်းမသိအောင် ပြောတတ်ပါတယ်... ယိုသူမရှက် မြင်သူရှက်ပါ... တစ်ချို့သူပြောတဲ့ ဟာသတွေဆို ဘာတွေမှန်းတောင် ကျွန်မနားမလည်ပါဘူး... ညစ်ညမ်းမယ်ဆိုတာတော့ ခန့်မှန်းလို့ရပါတယ်... တစ်ခါတစ်လေ ကိုယ်က သဘောရိုးနဲ့ ပြောတဲ့စကားလဲ သူကနှာတွေးတွေးပြီး ဟားတတ်ပါသေးတယ်... နောက်ပိုင်း သူပါလို့ ဋ္ဌာနကလူတွေနဲ့တောင် ကျွန်မထမင်းထွက်မစားတော့ပါဘူး... (အော်.. ရှေးဟောင်းနှောင်းဖြစ်တွေ လျှာရှည်မိပြန်ပြီ... လိုရင်းက အင်္ဂလိပ်စကားပြော လေသံအကြောင်းပြောမှာ)
သူက သူများကို ဟားတိုက်ရတာ အလွန်မှ ၀ါသနာပါပုံရပါတယ်... အလုပ်ထဲက Malaysian တွေကိုဆိုရင်လဲ သူတို့ပြောတဲ့ အင်္ဂလိပ်အသံကို မေးမေးပြီး ရီတတ်ပါတယ် (ကျွန်မအမြင်တော့ လှောင်တာပါ)... ဥပမာ Malaysian တွေက Zero (ဇီးရိုး) ကို (ဂျီးရိုး)... Zebra (ဇီးဘရား)ကို (ဂျီးဘရား) စသည်ဖြင့်ထွက်တတ်ပါတယ်... Malaysian တရုတ်နဲ့ စလုံးတရုတ်ရဲ့ အင်္ဂလိပ်သံကွားခြားချက်တွေကို အဲလိုအသုံးအနှုန်းတွေမှာ သိနိုင်ပါတယ်... တရက်တော့ သူ့ကွန်ပြူတာက Window တစ်ခုက ဘာဖြစ်တာလဲမသိဘူး သူပိတ်ချင်တာ ဘယ်လိုပိတ်ရမှန်းမသိလို့ ကျွန်မကိုမေးတော့ ကျွန်မက ညာဘက်အပေါ်ထောင့်က "Red Dot" လေးကို နှိပ်လိုက်လို့ပြောတော့... သူက နားမလည်ပဲ ပြန်ပြန်မေးပါတယ်... ကျွန်မပြောတာကို ဘေးက အင်ဒိုကောင်လဲနားလည်တယ်... Malaysian တရုတ်မလဲ နားလည်တယ်... နောက်ဆုံး ကျွန်မထိုင်ရာကထပြီး လက်ညှိုးနဲ့ထောက်ပြမှ သူက "Oh..... you mean "Red dottttt" I thought you are saying "Red DOGGG" ဆိုပြီး ကျွန်မ အင်္ဂလိပ်အသံကပဲ မကောင်းလို့သူနားမလည်တာဆိုတဲ့ ပုံမျိုးနဲ့ လူကိုတောင် အသံထွက်လာပြင်ပေးနေပါသေးတယ်... ဦးနှောက်ရှိတဲ့သူတိုင်းသိပါတယ်... သူ့ကွန်ပြူတာပေါ်မှာ အနီရောင်ခွေးရှိသလား၊ အနီရောင် အစက်ရှိသလားဆိုတာပါ... ကျွန်မပြောတဲ့ အသံထွက်က အမေရိကန်တွေလို RED DOTTTTTTTT လို့ မထွက်ရင်တောင် ကျပ်ပြည့်တဲ့သူက အနီးစပ်ဆုံးဘာကိုဆိုလိုလဲဆိုတာ သိမှာပါ... ပြီးတော့ သူကရှက်ယန်းယန်းပြီး ငါတို့ ဖားလူမျိုးတွေရဲ့ အင်္ဂလိပ်အသံက အမေရိကန်အသံစစ်တယ် ဘာညာနဲ့ ပဏာဝင်ယူနေပါသေးတယ်... အဲဒိအချိန်က အရူးဘုံမြှောက်ရင် ချီးခြောက်ကောက်စားတတ်တယ်ဆိုတဲ့ စကားအတိုင်း သူ့ကို မြှောက်ပေါင်းရင်တော့ အနေချောင်မယ်ဆိုပင်မဲ့... မပြည့်တဲ့အိုး ဘောင်ဘင်ခတ်နေတဲ့ ဖားမကို မကြားချင်ယောင်ဆောင်ပြီးပဲ နေပစ်လိုက်ပါတယ်... စိတ်ထဲမတော့ နင်တို့ဖားတွေ လေသံဟလိုက်တာနဲ့ အုံးအမ်ဆိုတာ သိသာတယ်... အုံး(စ်)အမ်(စ်) မဖြစ်ဘူးလို့ ပြောပြစ်လိုက်ပါတယ်...
ကိုးရီးယား မင်းသမီးချော လီဒဟဲနဲ့ ဖားများ ပြဿနာ
ဖားတွေရဲ့ သူတို့ရဲ့ အင်္ဂလိပ်လေသံဟာ အမေရိကန်အတိုင်းပဲလို့ယုံကြည်တဲ့ သွေးနားထင်ရောက်စိတ်ဓာတ်တွေမှာ ဓားစာခံဖြစ်သွားရတဲ့ မင်းသမီးချော လီဒဟဲ (My Girl, East of Eden, Miss Ripley) ကို အစကတည်းကကြိုက်ခဲ့ပြီး ယခုဆိုရင်တော့ ကျွန်မဟာ သူ့ရဲ့ Die hard fan အဖြစ် ဂရုဏာသက်ကာ ၂ဆတိုး အားပေးချင်စိတ်ဖြစ်သွားပါတယ်... အားလုံးသိကြတဲ့အတိုင်း (မသိရင်လဲ ဆက်ဖတ်လိုက် သိလိမ့်မယ်) ကိုရီးယား မင်းသမီးတွေထဲမှာ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ သူဆိုတာလက်ချိုးရီလို့ရပါတယ်... ထိုအထဲမှာ မင်းသမီးချော လီဒဟဲလဲ အပါအ၀င်ပါပဲ...
့ဖြစ်ပုံကတော့ လွန်ခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ လောက်တုန်းက KBS2TV variety show, “Sweet Night“ ဆိုတဲ့ အစီအစဉ်မှာ မင်းသမီးကို အစီအစဉ်တင်ဆက်သူက အင်္ဂလိပ်စကားပြောနဲ့ ပတ်သတ်ပြီး အသံကွဲလွဲပုံကို လုပ်ခိုင်းတော့ English, American နဲ့ Filipino အသံနဲ့ အင်္ဂလိပ်စကားကိုပြောပြပါတယ်... ဒါကို ဖားတွေက သူတို့လူမျိုးတွေက အဲလိုမပြောပါဘူး... အမေရိကန်လေသံစစ်စစ်နဲ့ ပြောတာပါ... ဒီမင်းသမီးတောင်းပန်ပါဘာညာဆိုပြီး အွန်လိုင်းမှာလဲ မင်းသမီးကို ၀ိုင်းဆဲကြဘာကြနဲ့ ရစရာမရှိအောင် တခြားအကြောင်းအရာတွေပါဆွဲထည့်ပြော... ကိုရီးယားတွေ အင်္ဂလိပ်လိုညံ့တာကို နှိမ်ပြော... ကိုရီးယားတွေ အင်္ဂလိပ်လိုမတတ်လို့ သူတို့ ဖားတွေဆီလာပြီး အင်္ဂလိပ်စာသင်ရတာကို ဂုဏ်တင်ပြီးပြောနဲ့ မပြီးနိုင်မစီးနိုင်ဖြစ်ကြပါတယ်...
နောက်ဆုံး မင်းသမီးက သူမရဲ့ Tweeter ကနေ ဖားတွေကို တောင်းပန်ပါတယ်... ဒါတောင်မှ တောင်းပန်တာကို မကျေချမ်းပဲ ဆက်လက်အပြစ်တင်နေတဲ့ သူတချို့ကိုလဲ တွေ့နိုင်ပါသေးတယ်... ပွဲလန့်တုံး ဖျာဝင်ခင်းတဲ့ ဖားတချို့ကတော့ Youtube ပေါ်မှာတောင် လီဒဟဲကို ပြောဆိုတဲ့ ဗွီဒီယိုတွေကို အတတ်နိုင်ဆုံး ဖားလေသံကိုဖျောက်ပြီး သူတို့ပြောတဲ့ အမေရိကန်လေသံနဲ့ တင်ထားတာကိုလဲ ရှာကြည့်ရင်တွေ့နိုင်ပါတယ်... အဲဒိအောက်မှာလဲ သူတို့ ဖားတွေ အင်္ဂလိပ်လေသံ ကောင်းကြောင်းကို မင်းသမီးကပဲ မဟုတ်မမှန် နှိမ်ချပါတယ်ဆိုပြီး ပြောထားကြပါတယ်... (သူတို့ ဗွီဒီယိုကို promote လုပ်သလိုဖြစ်မှာစိုးလို့ ဒီမှာ မတင်ပေးတော့ပါဘူး... ကိုယ်တို့ကတော့ ဘူးဆို ဘူးပဲ... So What?)
မင်းသမီးသူတို့ကို လှောင်ပါတယ်ဆိုတဲ့ ဗွီဒီယိုကိုတော့ Copyright claim လို့ youtube မှာ ဘယ်လိုရှာရှာ မရှိတော့ပါဘူး... သို့သော် Copyright တွေဘာတွေ Don't give a damn တဲ့ ချစ်ပေါက်ဖော်ကြီးတွေ ၀က်ဆိုဒ်မှာတော့ ဒီဗွီဒီယိုကို သွားတွေ့ပါတယ်... Embedded လုပ်တာ မလုပ်တတ်လို့ လင့်လေးကနေပဲ သွားကြည့်လိုက်ပါ...
http://www.56.com/u76/v_NTYyNDMyNDE.html
အမှန်တော့ လီဒဟဲကလဲ လှောင်ချင်တဲ့စိတ်ထက် အပျော်သဘောပြောရုံသက်သက်လို့ထင်ပါတယ်... ပြီးတော့ ဒီလိုပြဿနာကြီးသွားရတာလဲ ကိုရီးယား အနုပညာလောကဟာ ဖိလစ်ပင်းမှာ အတော်လေးလွှမ်းမိုးတယ်ဆိုတာသိသာပါတယ်... သူတို့နိုင်ငံမှာလဲ မင်းသမီးမင်းသားရှိတာပဲ ဘာလို့ ကိုရီးယားမင်းသမီးလာကြိုက်လဲ... ပြီးတော့ သူတို့က မခံနိုင်ဖြစ်ကြသေးတယ်... သဘောထားသေးသိမ်တယ်လို့ထင်တာပဲ... ပြီးတော့ ကိုရီးယားမှာပြတဲ့ ကိုရီးယားလိုပြောတဲ့ အစီအစဉ်မှာ ကိုရီးယားမင်းသမီးက ဟာသ သဘောပြောတာကို အတင်းရောကာရော စိတ်ဝင်စားပြီး ကြိုက်လို့ လိုက်နားထောင်လို့ သူတို့သိတာပေါ့... (စိတ်ထဲကပြောခြင်း... ၀တ်မှုန်ရွှေရည် အဲလိုပြောရင် သူတို့ သိမလားပြော)... တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး Make fun လုပ်ပြီး ပြောနေကျကို "အနာပေါ် ဒုတ်ကျ"ဖြစ်ပြီး ဆက်ဆက်ထိမခံနာပြနေကြတဲ့ ဘောင်ဘင်ခတ်တဲ့ဖားတွေဟာ မပြည့်ဝဘူးဆိုတာ အသေအချာပါပဲ... တဆက်တည်းပဲ မင်းသမီးကိုလဲ ပိုလို့တောင် အားပေးချင်သွားပါတယ်... သူမကိုယ်တိုင်ကလဲ ချောလဲချော သရုပ်ဆောင်လဲ ကောင်းပါတယ်...
"The Noose" Show : Leticia by Michelle Chong
စကာင်္ပူ Channel 5 ပြသမျှထဲမှာ အကြိုက်ဆုံးစာရင်းထဲပါတာ The Noose ပါ... သူဟာ စကာင်္ပူမှာဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို ဟာသလုပ် လှောင်ပြောင်တဲ့ အစီအစဉ်ပါ... ဒီအစီအစဉ်မှာ တစ်ခါတစ်လေ သူတို့ နိုင်ငံခေါင်းဆောင်တွေကို မထိတထိလှောင်တာတွေ၊ စလုံးတွေရဲ့ အတ္တစိတ်ကို လှောင်တာတွေ၊ ပြည်ကြီးတရုတ်မတွေရဲ့ ချိုင်းမွှေးမရိတ်တာကိုလှောင်တာတွေ စသည်ဖြင့် အပြင်မှာဖြစ်နေတာတွေကို တင်ဆက်တဲ့ ဟာသအစီအစဉ်လေးပါ... အရင်က စလုံးမင်းသမီးတွေကို မကြိုက်ပင်မဲ့ အဲဒိအစီအစဉ်မှာ ပင်တိုင်ပါဝင်တဲ့ တင်ဆက်သူ စလုံးမင်းသမီး Michelle ကို အဲလို ဟာသပုံနဲ့ သူသရုပ်ဖော်ရတဲ့ ပုံစံကို မရှက်တမ်း ဈာန်ပါပါလုပ်တတ်လို့ ကျွန်မသဘောကျပါတယ်... သူမဟာ လူမျိုးတော်တော်များများရဲ့ အင်္ဂလိပ်စကားပြောဟန်ကွဲပြားပုံတွေကိုလဲ တုပြီးလိုက်ပြောတတ်ပါတယ်... သူမဟာ ပြည်ကြီးတရုတ်မ KTV Hostess Lu Lu အနေနဲ့လဲ ပြည်ကြီးတရုတ်မ အသံနဲ့ ဟန်ကို လုပ်ခဲ့တုန်းက တူလွန်းလို့ ကျွန်မစပြီး သတိထားမိခဲ့တာပါ...
ဒီအစီအစဉ်မှာ Michelle ဟာ ဖားအိမ်အကူ (Maid) Leticia အနေနဲ့ သရုပ်ဆောင်တဲ့အခါမှာ ဖားတွေက သူတို့ အင်္ဂလိပ်က အဲဒိလိုမဟုတ်ပါဘူး... အဲဒိထက်သာပါတယ်... ဒါဟာ လူမျိုးရေးခွဲခြားတာပါ... ဖားတွေ ဒီလိုလေသံမျိုးနဲ့ စကားပြောရင် ဟောလိဝုတ်မှာတောင် ဖားတွေ ဒီလိုနေရာရလာမှာမဟုတ်ပါဘူး... ဖားအဆိုတော်တွေဟာ ခုဆို ဟောလိဝုတ်မှာ အဆိုတော်တွေဖြစ်နေပါပြီ...(မဆိုင်တာတွေဆွဲထည့်တာ... )
အများကို မူတည်ပြီးပြောတာ... လူနည်းစုကိုပြောတာမဟုတ်ဘူး... ဒါကို မဆိုင်တဲ့ ဖြစ်မြောက်နေတဲ့ ၁ယောက် ၂ယောက်နဲ့ လာမခြေပနဲ့... တရုတ်မအများစု မျက်နှာသာ မိတ်ကပ်နဲ့ ချိုင်းမွှေးမရိတ်တာ အဲဒိအစီအစဉ်မှာလှောင်ထားတယ်... ဒါပေမဲ့ တရုတ်မတိုင်း ချိုင်းမွှေးမရိတ်ဘူးလို့ ဘယ်သူမှမပြောဘူး... တခြားလူမျိုးတွေကို ဟာသလုပ်တာတောင် တခြားက ဘာမှမဖြစ်ရဘူး... သူတို့လူမျိုးပြောတော့မှ မခံမရပ်နိုင်တွေထဖြစ်နေတယ်... ပြည်ကြီးမတွေကို ပြောတုန်းကတော့ "ဟုတ်ပ ဟုတ်ပ" ဆိုပြီး သွား ၃၆ချောင်းပေါ်အောင်ဖြီးပြီး လက်ခုတ်တီးနေပြီးတော့များ... (စိတ်ထဲကပြောခြင်း... မြန်မာတွေကိုလဲ အဲဒိအစီအစဉ်ထဲ အပြောမခံရအောင် ဆင်ဆင်ခြင်ခြင် စည်းကမ်းရှိရှိနေစေချင်တယ်... သိပ်သိသာလာလို့ ပြောခံရရင်တော့ ဖားတွေလိုမဖြစ်အောင် အသိလေးကပ်)... သူတို့ဖားတွေလေသံ အမေရိကန်သံပေါက်လားမပေါက်လား ဟိုနေ့က စကာင်္ပူရောက်တာ မကြာသေးတဲ့ သူငယ်ချင်းကို Michelle ရဲ့ Leticia လုပ်တဲ့ ဗွီဒီယို အသံဖွင့်ပြပြီး အဲဒါ သူဘာလူမျိုးအသံနဲ့ပြောတာလဲဆိုတော့ ဖိလစ်ပင်းအသံမှတ်လားတဲ့.... ကဲ ... ရှင်းရော...
The Noose: Leticia
The Noose : Lu Lu (နောက်ဆုံး MBS နားကပုံကတော့ Malaysian တွေကို နောက်တာ)
အင်္ဂလိပ်စကားဆိုတာ ကိုယ့်စကားလဲမဟုတ်ဘူး... သူတို့ကတိုးတက်နေလို့သာ ကမ္ဘာသုံးစကားအဖြစ် ဆက်သွယ်ရေးလွယ်ကူအောင် သတ်မှတ်ထားတာ... အင်္ဂလန်မှာတောင် နယ်ပေါ်မူတည်ပြီး အင်္ဂလိပ်လေသံကွဲကြသေးတယ်... အမေရိကန်မှာလဲ ကွဲတာပဲ... အဓိကက ဆက်သွယ်ရလွယ်ကူဖို့နဲ့ မှန်ကန်ဖို့ပဲ... ဒါကို သူတို့က အမေကန်အင်္ဂလိပ်နဲ့ တူချင်ပြီး သိပ်ဘ၀င်မြင့်နေတဲ့ သူတို့ဟာ ကပ်ပါးကောင်တွေလို့ပဲလို့ ကျွန်မထင်မိတယ်... အဲဒါ ဘာကိုပြသလဲဆိုရင် "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" တယ်ဆိုတဲ့ သဘောပဲ...
အွန်လိုင်းမှာ တွေ့တွေ့နေတဲ့ ဘောင်ဘင်ခတ်နေတဲ့ ဖားတွေလို မဖြစ်အောင် သဘောထားကြီးကြီးနဲ့ သတိရှိရမယ်...
အွန်လိုင်းမှာဆွေ့ဆွေ့ခုန်နေတဲ့ ဖားတွေကိုကြည့်ပြီး ကိုယ်က ဘာမဆိုင်ညာမဆိုင် ကိုယ့်ထမင်းကိုယ်စားပြီး အသဲယားမိတော့ မဗေဒါလဲ ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ... သိတယ်... ဒီတော့ကိုယ်လဲ ကိုယ့်ဘလော့မှာ ကိုယ့်သဘောထားကိုယ်ရေးတယ်... ကြိုက်သလို သဘောထားကွဲလို့ရတယ်...




20 comments:
hi ma baydar..i agree with u. i could straight away tell whether the person is american or filipino when i hear the voice.. here in aussie, we have call centre in phillipine and alot of people complained that they don't understand phillipino's accent..
Oh, yeah, you are speaking my mind. I do not like them too. These days, there are a lot of 'frog' in sg now :D I saw them like everywhere, even on bus or mrt.
My office has a lot of them and I am dealing with them too.
Ha ha Totally AGREE your post.
မဗေဒါတို့ ပေါက်ကွဲသံစဉ်တွေ ထွက်လာပြီ ဟီး...
Miss Universe ပြိုင်ပွဲလင့်ခ်တွေမှာဆိုလဲ သူတို့ဖားမတွေပဲ ရသင့်ကြောင်း။ စကာတင် ငါးယောက်ကို မေးခွန်းမေးတာမှာ ဖားမကိုမေးတဲ့မေးခွန်းက အရမ်းကိုပါစင်နယ်ကျလွန်းလို့ ဖြေရတာလိုသွားလို့ မစ်စ်ယူနီဗက်စ် မရတာဖြစ်ကြောင်း။ ဖားတွေသာ အလှဆုံးဖြစ်ကြောင်းလျှောက်ရေးပြီး ကွန်မန့်ပေးသမျှလူတွေကို ဒိုင်ခံရန်ဖြစ်နေတဲ့ ဖားတွေကို အချဉ်ပေါက်နေတာ အခုဒီပိုစ့်ကိုဖတ်လိုက်မှ ဟုတ်ပါ့ဗျာဆိုပြီး ပြုံးမိတော့တယ်။
(လီယို)
umm don't know why but i h8 most of them as I heard from you and others. no religion country makes them worst like no respect, kindness, love on others. u can cleary see the differences from us.
I agree with you sis..
..absolutely right..ပါ၊ကိုယ်ပိုင်ဝါကျသတ်ပုံတောင်မရှိလို့အင်္ဂလိပ်စာလုံးနဲ့အသံထွက်ပေါင်းရေးရတဲ့လူမျိုးပါဗျာ၊သူတို့ကိုယ်သူတို့မရှက်တာအံ့ပါရဲ့..၊မိန်းမရော၊ယောက်ျားပါကိုယ်ကျင့်တရားစောင့်စည်းမှု့မရှိလို့တစ်နိုင်ငံလုံးကပ်သင့်နေတာလေ့လာကြည့်ရင်သိနိုင်ပါတယ်၊မင်းအဖေ၊အမေ..ဘယ်သူလဲလို့မေးရင်တိတိကျကျဖြေနိုင်တဲ့သူဘယ်နှစ်ယောက်တွေ့ဖူးလို့လဲ..၊..အမျိုးမှန်အဖိုးတန်တဲ့နိုင်ငံကြီးသားပီပီသဘောထားကြီးလိုက်ပါဗျာ...:P
I strongly agree, all filipino girls are "nar bu mar". I dont like all filipino.
Inn...I agree with you too. We(not only me, my other colleagues) were being joked by them regarding our English accent too...Some(not all) are really rude and no standard as well.
shin
I met with some 'Frogs' in my previous companies. They are not only over confident but also very boastful. With their Big mouth, talk nonsenses. And also like to borrow money and difficult to get back.
I totally agree with ZyaMg comments. You can ask them most of them come from broken family.
Their topic, their talk are always about SEXXX.
@Leo ဟုတ်တယ်... အင်တာနက်ပေါ်မှာ သူတို့ကို နည်းနည်းလေး မဝေဖန်လိုက်နဲ့ အုံလိုက်သင်းလိုက် ၀ိုင်းဟောင်ကြတော့တာ... အမှန်ကိုဖင်ပိတ်ပြီးကို ညင်းကြတာတွေ့ရတယ်... အဲဒိနေရာမှာတော့ အရှက်မရှိလောက်အောင် စည်းလုံးတယ်လို့ပြောရမယ်... Crunchyroll ဖိုရမ်မှာဆိုလဲ သူတို့ချည်းပဲလေ... ဘယ်သူမှလဲ စိတ်မ၀င်စားပဲနဲ့ သူတို့ မင်းသမီး မင်းသားတွေကို ဂျပန်မင်းသားတွေနဲ့ နှိုင်းလိုက် ကိုရီးယားမင်းသားတွေနဲ့ နှိုင်းလိုက်နဲ့... ကိုယ့် Standard နဲ့ ကိုယ်မနေနိုင်ကြဘူးလာမသိဘူး... သူများနဲ့ လိုက်နှိုင်းနေရကတည်းက သူတို့က အဲဒိလူတွေလောက် မကောင်းဘူးဆိုတာကို တနည်းအားဖြင့် ၀န်ခံနေတာပဲ... သူတို့ English Accent မှ အမေရိကန်နဲ့ အတူဆုံးဆိုပြီး သူများတွေကို လိုက်နှိမ်နေကတည်းက သူတို့ဟာ ကိုယ့်လူမျိုး accent ကို ကိုယ်ဂုဏ်မယူတာပဲ...
ဟိုးအရင်က ကိုရီးယားကား My girl, ခုမင်းသမီးကားကို သူတို့ ဖားတွေပြန်ရိုက်တုန်းက မကောင်းကြောင်း ကွန်မန့်သွားပေးတာ အုပ်လိုက်ကြီး ၀ိုင်းဟောင်ခံလိုက်ရတယ်... အဆင့်မရှိဘူး...
Shin ရေ အဲဒါကြောင့် မဗေဒါ အလုပ်သစ်ရှာတုန်းက တတ်နိုင်သမျှ ဖားနည်းတဲ့နေရာရောက်ပါစေလို့ ဆုတောင်းခဲ့တာ.. ခုတော့ ဆုတောင်းပြည့်ပါတယ်... တော်သေးတယ်...
Thanks all for reading and commenting...
ဟိုလူကြီး ထိုင်းလိုပြောတာလည်း သဘောကျတယ်... အဲလို ဖားတွေ မကြုံဖူးဘူး... ရုံးက ခုထွက်သွားပြီးဖြစ်တဲ့ ဖားတစ်ကောင်ကတော့ ပြောနိုင်တယ်.. ကျန်တဲ့ ဖားထီး ဖားမတွေကတော့ ဖားသံမှန်း တန်းသိတယ်... တချို့ဖားတွေပြောတာ မနည်း နားထောင်ရတယ်...
ကိုးရီးယားးမင်းသမီးတွေချောတာပဲသိတယ်
ဖအုပ်ထုတ်မတွေ ကြီးကျယ်တာတော့အမှန်ပဲ
မလေးမှာနေတုန်းက ဖားမနှစ်ယောက်လောက်နဲ့အလုပ်ထဲမှာကြုံဆုံဖူးတယ် သူတို့စုရပ် ဆုံနေကြနေရာရောက်သွားရင်လည်း အမြင်ကပ်စရာကောင်းလောက်အောင် ဆူညံနေတတ်တယ်
ဟုတ်ပါ့ မဗေဒါရေ .အမှန်ဘဲ.ကိုယ်လည်း ပထမ လူမျိုးရေးခွဲခြားတယ် ဖြစ်မှာစိုးလို့ မပြောဘူး
သူတို့တွေ စကားပြောရင် "လပ်ပါ ကပ်ပါ အာဘာ ကက်ပါ " အဲ့လိုမျိုး ဘဲကြားနေရတယ်. လီဒါဟဲ လေး သနားပါတယ်. (My Girl ) တွင် အရမ်းကြိုက်၏. The Noose ထဲမှာပြောသွားတာ အတော့်ကို တူတာဘဲ.
Nice post sis
အင်း..ဘဝင်လေဟပ်နေတဲ့ သူတို့နိုင်ငံကလူတွေ အမြင်ကပ်စရာကောင်းတယ်နော်..ဒါပေမယ့် Asian Universities Debating ပြိုင်ပွဲတွေမှာ နှစ်တိုင်းလိုလို ဖိလစ်ပင်း ကျောင်းတွေ ပထမရသွားတာ ကြည့်ရတော့ သူတို့နိုင်ငံရဲ့ ပညာရေးစနစ်ကိုတော့ အားကျမိတယ်။
Noose ထိုင်ကြည့်ပြီး ရီလိုက်ရတာ..thanks for sharing.. မိုးလေဝသသတင်းကြေငြာတာကို အကြိမ်ကြိမ် ပြန်ကြည့်မိတယ်..ရီရလွန်းလို့.. မလေးတရုတ်ပုံစံ ပြောသွားတာလည်း တစ်အားတူတာဘဲ.. တော်လိုက်တာ..
ဟားဟား
မဗေဒါရေ
ဟုတ်ပ ဟုတ်ပ လို့သာ ပြောလိုက်ချင်တော့တယ် ..
ဖားတွေစကားပြောရင် သူ့လေသံကြည့်ပြီး ဖားမှန်း လူတိုင်းနီးပါ သိတယ် .. ပြီးတော့ လေသံကျယ်ပြီး အလုပ်မလုပ်တာ .. နေရာဝင်ဝင်ယူပြီး ဆရာလုပ်တာ .. ဒါတွေ ကြည့်မရတာ .. :D ၀င်ပြီး ပေါက်သွားတယ် .. :P
ဟုတ်တယ် . . . ဗျို့
ဖားအော်တာ အုံးအမ်လို့ပဲထွက်မှာပဲ
အုံးစ်အမ်စ် လို့ အော်တာ တစ်ခါမှ မကြားဖူးဘူး
ရှိရင် ပြောပြပါ
( အဲ့ဒီဖားကို ရောင်းစားချင်လို့
တောက်တဲ့ထက် ဈေးကောင်းရလောက်တယ် )
အရင်တုန်းက အလုပ်တွေထဲမှာ သူတို့နဲ့ တော်တော်များများ အလုပ်တွဲလုပ်ဖူးတယ်။ ကောင်းတဲ့သူတွေ ရှိချင်ရင်ရှိနိုင်ပေမယ့်..
ကြုံဖူးသမျှထဲမှာတော့ နှာဗူးမဟုတ်ရင် အခြောက်ပဲ။ :)
pN
Post a Comment