Showing posts with label ကဗျာမကျ စာမကျ. Show all posts
Showing posts with label ကဗျာမကျ စာမကျ. Show all posts

Tuesday, December 16, 2008

ရေပြင် ဘဝ

ငြိမ်သက်နေတဲ့ ရေပြင်ကို သူပဲ ခဲလေးနဲ့ပေါက်သွားတယ် ...
သူကလာရာလမ်းကို ကျောခိုင်းသွားပေမဲ့ ...
ရေပြင်လေးကတော့ လှိုင်းကြက်ခွက်လေးတွေနဲ့ တုန်ရီကျန်ခဲ့တယ်..
ဒီလှိုင်းလေးတွေ အချိန်တန်ရင်..
ပြန်ငြိမ်သက်မှာပါလေ....

Sunday, November 30, 2008

ဆုတောင်း

ကုသိုလ်တူတူပြုဖူးရင်..
ရေစက်ဆုံတယ်တဲ့...
ဒါဆို အတူပြုဖူးတဲ့ ကုသိုလ်တွေအားလုံး..
နင်ယူသွားပါ..
ဘ၀ဆက်တိုင်းပြန်မဆုံပါရစေနဲ့...

ပြုသူအသစ်..
ဖြစ်သူအဟောင်းလို့ ကြားဖူးတယ်..
နင်ပြုခဲ့သမျှကို ငါကျေအေးတယ်..
နောက်ထပ်မဆုံတွေ့ပါရစေနဲ့...

ဒီလောက်တောင်မုန်းလားတဲ့...
လူတွေကမေးတယ်...
မမုန်းပါဘူး..
မုန်းရလောက်အောင်တောင်...
စိတ်ထဲမှာ မထားချင်တော့ဘူး..
ငါ့ဘ၀ထဲက အပြီးတိုင်ထွက်သွားပေးပါတော့.....

ငါ့ဆုတောင်းတွေပြည့်တဲ့တနေ့...
အချစ်ဆိုတာကို ငါထပ်ယုံချင်သေးတယ်...