Wednesday, July 28, 2010

Lee Min Ho flight detail to Singapore

မင်းသား လီမင်ဟို စကာင်္ပူကို LG promotion နဲ့ လာဖို့ ရှိတာ အရင်ပိုစ့်မှာ ပြောခဲ့ဖူးတဲ့အတိုင်း လေယာဉ်အချိန်ပေးမယ်လို့ ပြောခဲ့တဲ့အတွက် ခု သိရလို့ ဝေမျှလိုက်ပါတယ်... သတင်းမှန်မမှန်တော့ အာမ မခံနိုင်ပါဘူး... စောစော သွားကြဖို့တော့ လိုပါမယ်... အစကတော့ အလကားလဲ မြင်ရ နီးနီးလဲ တွေ့ရမဲ့ လေယာဉ်ကွင်းကို သွားဖြစ်အောင် သွားမလို့ပါပဲ... ဒါပေမဲ့ weekend ဖြစ်နေတော့ အလုပ်ရှိဖို့က များနေလို့ အလုပ်ဖျက်ပြီးသွားရမှာတော့ သိပ်လဲ အားမရှိတာနဲ့ မသွားဖြစ်ဖို့ များပါတယ်... weekend ဆိုတော့ လူလဲ ပိုများမယ်လို့ ခန့်မှန်းရပါတယ်... ပြီးတော့ လီမင်ဟိုက boy over flower ကားကြောင့် လူသိအတော်များပါတယ်... လူများမှာ ကြိမ်းသေပါတယ်... အပြန်လေယာဉ်ချိန်တော့ အတိအကျမသိပါဘူး... သြဂုတ်လ ၂ရက်နေ့လို့တော့ ပြောသံကြားပါတယ်... တနလာင်္နေ့ပါ...

arrival flight info ကတော့ အောက်ပါအတိုင်းပါပဲ... I hope it helps for Myanmar fans... Gook luck Myanmar Minoz.

Date of Arrival: 30th July (Friday)
Time: 9.25pm
Flight: OZ751 (Terminal 2)

P.S တကယ်လို့များ လီမင်ဟို event အတွက် LG ph ၀ယ်ထားသူများရှိရင် autograph session အတွက် ကံထူးရှင်တွေကို အီးမေးလ်ပို့ အကြောင်းကြားနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်... ဒီ တစ်ရက် ၂ရက်အတွင်းရောက်မှာပါ... ရောက်တဲ့ သူဆီတော့ ရောက်နေပါပြီ... မဗေဒါဘလော့ကို ဖတ်တဲ့ မင်ဟို fan တွေထဲကရော ကံထူးရှင်ပါရင် ကွန်မန့်မှာ ပြောပြသွားအုံးနော်



Photos credit to Minozthailand Club's facebook

Wednesday, July 14, 2010

ဝမ်းနည်း ဝမ်းသာ internet user မဗေဒါ



"ဝမ်းနည်း ဝမ်းသာ" ဆိုလို့ ဝမ်းနှုတ်ဆေး ကြော်ငြာမလို့ မဟုတ်ပါဘူး... ခုတစ်လော မဗေဒါရဲ့ Intellectual Properties တွေနဲ့ ပတ်သတ်ပြီး ဝမ်းနည်း ဝမ်းသာစရာတွေဖြစ်နေရတော့... ဝမ်းနည်းတဲ့ စိတ်နဲ့ ဝမ်းသာတဲ့ စိတ် ၂ခု စကားပြောနေတဲ့ ကြားမှာ မဗေဒါလဲ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့ ဘာမှလဲ မတတ်နိုင်တော့ ဒီလိုပဲ ငုတ်တုတ်ထိုင်နေရပါတယ်...

ပထမဆုံး တစ်ခုကတော့ မဗေဒါရဲ့ Youtube channel ပါ... အားလုံးသိကြမလားတော့ မသိပါဘူး... မဗေဒါကို facebook မှာ အက်ထားတဲ့သူတွေတော့ သိမှာပါ... မဗေဒါရဲ့ Youtube Channel အဘန်းခံလိုက်ရတဲ့ ကိစ္စပါ... ဘလော့မှာ မဗေဒါ တင်ထားတဲ့ ဗွီဒီယိုကို လာကြည့်တဲ့သူတွေလဲ သတိထားမိမှာပါ... ဖွင့်လိုက်ရင် "This video has been removed due to terms of use violation" လို့ ပေါ်မှာပါ... Youtube ရဲ့ ရက်စက်ချက်တွေပါ... ဂျန်ဂမ်ဆပ် fan meeting video တွေကို သူ့ ကုမ္ပဏီဖြစ်တဲ့ TreeJ က copyright claim လို့ Youtube က ဖြတ်လိုက်တာပါ... ဒီဗွီဒီယိုတွေက ကျွန်မကိုယ်တိုင်ရိုက်ထားတာပါ... ဒါပေမဲ့ ကြည့်ရတာ သူတို့ပိုင်တဲ့ သီချင်း... သူတို့ ပိုင်တဲ့ မင်းသားရဲ့ performance မို့လို့ သူတို့မှာ copyright own တယ်ထင်ပါတယ်... ပွဲလက်မှတ်မှာကတည်းက ဗွီဒီယို ကင်မရာ မယူရဘူးလို့ သူတို့က ရေးထားခဲ့ပါတယ်... ဒါပေမဲ့ တကယ့်ပွဲနေ့မှာတော့ အထဲကို ယူဆောင်ခွင့်လဲပြုတဲ့အပြင် ရိုက်ကူးခွင့်ကိုလဲ တချို့အချိန်တွေမှလွဲပြီး မတားမြစ်ခဲ့ပါဘူး... တားလို့လဲ ရမယ်မထင်ပါဘူး.. ကင်မရာတွေ သိမ်းလို့လဲ မဖြစ်နိုင်ပါဘူး... လူပေါင်း ၁၂၀၀ ကျော်က တစ်ယောက်ကို ကင်မရာ ၁လုံးယူလာတယ်ထားအုံး... ကင်မရာ အလုံး ၁၂၀၀ သိမ်းအုံး ဟမ်းဖုန်းတွေနဲ့ ရိုက်လို့ရပါသေးတယ်... ဒီတော့လဲ မသိမ်းတာဖြစ်မှာပါ... ကဲပါ... ဒါတွေထားလိုက်ပါတော့... ခုပြောချင်တာက ဝမ်းနှုတ်ဆေးကြော်ငြာ... အဲလေ... ဝမ်းနည်း ဝမ်းသာအကြောင်း (ကိုယ့်ဘာသာကိုယ်တောင် မှားကုန်ပြီ... ဒွတ်ခ)...

ခုလို မဗေဒါ ပင်ပင်ပန်းပန်းရိုက်လာတာ အချိန်ကုန်ခံတည်းဖြတ်ထားတာကို သူတို့ စကားလေးတစ်ခွန်းနဲ့ ပတ်သတ်တဲ့ ဗွီဒီယိုတွေ အဖြတ်ခံလိုက်ရတာက ဖြေသာပါသေးတယ်... ခုတော့ Youtube ရဲ့ စည်းမျဉ်းအရ ၃ခါ complain ခံရရင် channel အဘမ်းခံရတယ်ဆိုတော့... မဗေဒါ အနှစ်နှစ် အလလ စုဆောင်းထားတဲ့ ဗွီဒီယိုလေးတွေ... subscriber လေးတွေ... friend list လေးတွေ... Favorite list လေးတွေ... Play list လေးတွေ... အကုန်ပါသွားတာပါပဲ... တော်တော်လေးကို နှမြောမိပါတယ်... fan camera shoot မို့လို့ တင်လို့ရလောက်မယ်ထင်ခဲ့တာပါ... copyright ရှိတဲ့ဟာကို တင်သလိုဖြစ်မှာစိုးလို့တောင် မူရင်း DVD ထွက်ရင် ဝယ်ယူအားပေးကြပါလို့ ထည့်ရေးထားခဲ့ပါသေးတယ်... ကိုယ်တင်တာက fan camera version လေး... ကိုယ်တိုင်စျေးကြီးပေးပြီး ဝယ်ခဲ့ရတဲ့ လက်မှတ်... ကိုယ်ကိုတိုင် ပင်ပန်းခံပြီး ရိုက်ခဲ့တဲ့ fan camera... သူတို့ မူရင်းခွေလောက်တောင် ကောင်းမှာမဟုတ်တဲ့ version... မဗေဒါရဲ့စိတ်ထဲမှာ မသွားလိုက်နိုင်တဲ့ ၀ါသနာတူတွေကို ပြန်မျှဝေချင်ယုံသက်သက်ပဲ... ဒီဗွီဒီယိုတွေကို ကြည့်ချင်သေးတယ်လို့ တောင်းဆိုလာတဲ့သူတွေအတွက်တော့ မဗေဒါ Private ဗွီဒီယိုလုပ်ပြီး ပြန်တင်ကြည့်ပါအုံးမယ်... ရမရတော့ မသိပါဘူး... အဲဒိ function ကိုတော့ သေချာမသုံးဖူးလို့ မသိသေးတာပါ... အကြောင်းထူးရင် အသိပေးပါမယ်...


အရင်တစ်ခါက Japan drama "Last Friend" ကို fan made MV လုပ်တုန်းကလဲ Fuji production က ဆိုလား complain သေးတယ်... အဲဒိတုန်းက complain တာက နားလည်နိုင်ပါသေးတယ်... သူတို့ သီချင်း... သူတို့ ဗွီဒီယိုနဲ့ fan made လုပ်တာ... သူများတွေလဲ fan made MV တွေ အများကြီး Youtube ပေါ်မှာ ရှိပင်မဲ့ ကိုယ့် ဗွီဒီယိုက spoiler ပါသလိုဖြစ်နေပါတယ်... ဘာလို့လဲဆိုတော့ မဗေဒါက ဗွီဒီယိုကြည့်တဲ့သူတွေကို အားလုံးပြချင်တယ်လေ... ဒီတော့ မဗေဒါတည်းဖြတ်ထားတဲ့ ၁၀ မိနစ်စာ ဗွီဒီယိုကို ကြည့်လိုက်တာနဲ့ သူတို့ ၁၀ ပိုင်းရိုက်ထားတဲ့ ဇာတ်လမ်းတွဲရဲ့ အကျဉ်းချုပ် စ လယ် ဆုံး အကုန်နားလည်သွားလို့ပါပဲ... ဒီတော့လဲ သူတို့ ထမင်းအိုးကို ရိုက်ခွဲသလိုဖြစ်နေလို့ complain တာကို လက်ခံပါတယ်... ကိုယ့်ဗွီဒီယိုတွေ ဖြတ်ခံလိုက်ရတာက တော်ပါသေးတယ်... ခုတော့ ကိုယ့် Channel ကြီးပါ အဘမ်းခံလိုက်ရလို့ ဝမ်းနည်းမဆုံးဖြစ်ရပါတယ်...

ဒါပေမဲ့ အကောင်းဘက်က ပြန်စဉ်းစားကြည့်မယ်ဆိုရင်လဲ မဗေဒါရဲ့ ဗွီဒီယိုတွေဟာ သူတို့ သတိထားမိလောက်အောင် ကောင်းလို့ သူတို့သိပြီး Complain လုပ်ခြင်းခံရတာပါ... တကယ်လို့ ကြည့်တဲ့သူလဲ နည်းမယ်... ကောင်းလဲ မကောင်းဘူးဆိုရင် သူတို့ကလဲ မျက်လုံးထဲတောင် ထားမှာ မဟုတ်ပါဘူးလို့ မဗေဒါ ကိုယ့်ကိုကိုယ် စိတ်ဖြေရင်း ခုလိုပဲ ယုံကြည်ထားပါတယ်... မပြောနိုင်ဘူး... မဗေဒါ ဗွီဒီယိုတွေကို ဂျန်ဂမ်ဆပ်တို့ Nishikido Ryo တို့တောင် ကြည့်ဖူးချင် ကြည့်ဖူးမှာ... မဗေဒါဗွီဒီယို Description မှာ သူတို့အတွက် massage လေးတွေတောင် ရေးထားသေးတယ်... ဟဲ... ဟဲ... ကိုယ့် channel ကြီး ဘမ်းခံရတာက အတော်ဆိုးဝါးပါတယ်... ဒီတော့လဲ ရှာကြံပြီး ဒီလိုပဲ စိတ်ဖြေနေရတော့တာပါပဲ... ခု မဗေဒါရဲ့ Youtube channel အသစ်ကို သိချင်တဲ့သူများအတွက်ကတော့ www.youtube.com/user/mabaydar007 ပါ... မဗေဒါတင်တဲ့ ဗွီဒီယိုတွေကို တင်တင်ပြီးချင်း အရင်ဆုံးကြည့်ချင်ရင်တော့ subscribe လုပ်နိုင်ပါတယ်...

နောက်တစ်ခု မဗေဒါရဲ့ Intellectual Property နဲ့ ပတ်သတ်တာကတော့လဲ Youtube ပါပဲ... ခုဆိုရင် မဗေဒါဟာ အကောင့်အသစ်မှာ မဗေဒါရဲ့ ဗွီဒီယိုတွေကို ပြန်တင်နေပါတယ်... တတ်နိုင်သမျှ မှတ်မိသလောက် အစဉ်အတိုင်းပြန်တင်ပါတယ်... မဗေဒါရဲ့ ပထမဆုံး Youtube video ကတော့ YUFL တက်တုန်းက သူငယ်ချင်းတွေနဲ့ ဓာတ်ပုံကို တက္ကသိုလ်မြင်ကွင်းတွေနဲ့ photo slideshow သဘောမျိုးကို "သတိရေနမွာပါ" 
သီချင်းနဲ့တင်ခဲ့တာပါ... အဲဒိ ဗွီဒီယိုကို ခု ဒုတိယအကြိမ် ထပ်တင်ပြီးတော့ မဗေဒါရဲ့ အကျင့်အတိုင်း ကိုယ်တင်တဲ့ ဗွီဒီယိုကို keyword နဲ့ youtube Search မှာရှာကြည့်တော့ result က ၂ ခုထွက်လာပါတယ်...



ပထမတစ်ခုကတော့ kyawhtetk ဆိုတဲ့သူ တင်ထားတာပါ... မဗေဒါရဲ့ ဗွီဒီယိုကိုပဲ သူ download လုပ်ပြီး သူ့ channel မှာ ပြန်တင်ထားတယ်ထင်ပါတယ်... အဲဒိလို လုပ်တာကို ကျွန်မကို အသိပေးခြင်း မဗေဒါ channel ကို credit ပေးခြင်းလဲ မရှိပါဘူး... ခုလိုမျိုး အားစိုက်ထုတ်မှု တစ်ခုလုပ်ပြီး download လုပ်ရတာ... ကိုယ့် channel မှာ ပြန်တင်ရတယ်ဆိုကတည်းက သူ ဒီ ကျွန်မ ဗွီဒီယိုကို သဘောကျလို့ဆိုတာ သိသာပါတယ်... ဒီတော့လဲ စိတ်ဆိုးရအခက်ပါ... ဒါပေမဲ့ မဗေဒါရဲ့ မူလ channel က ဘမ်းခံလိုက်ရတော့ သူကပဲ ဒီဗွီဒီယိုကို အရင်တင်ထားသလိုဖြစ်နေပါတယ်... view အရေအတွက်လဲ ပိုများပါတယ်... မသိရင်တော့ မဗေဒါက နောက်မှ တင်တဲ့သူလို ဖြစ်နေပါတယ်... အဲဒိလူတင်ထားတဲ့ မဗေဒါရဲ့ ဗွီဒီယိုအောက်မှာတော့ ကွန်မန့်သွားပေးထားပါတယ်... ဒါပေမဲ့လဲ ပြန်စာတော့မလာပါဘူး... သူငယ်ချင်းတွေကတော့ ပြောပါတယ်... youtube ကို complain လုပ်လိုက်ပေါ့တဲ့... ဒါပေမဲ့ မဗေဒါ မလုပ်ချင်တော့ပါဘူး... သူက ကိုယ့်အလုပ်ကို ကြိုက်လို့ ပြန်မျှဝေချင်တဲ့သူ... ကိုယ် complain လုပ်လို့လဲ ကိုယ့်အတွက် ဘာမှ အကျိုးမရှိပါဘူး... copyright တွေ Credit တွေကို သူနားမလည်ဘူးလို့ပဲ သဘောထားပါတယ်... ဒါပေမဲ့ ပြန်စာလေးတောင် မလာတော့လဲ ပိုင်ရှင်ကို စိတ်ထဲတောင် မထားဘူး... ကိုယ်မှားမှန်းသိတာကို ရဲရဲဝံ့ဝံ့ ဝန်မခံပဲ မသိချင်ယောင်ဆောင်နေတဲ့အတွက်တော့ "ငါ့ ဗွီဒီယိုကို သဘောကျတဲ့လူက ဒီလိုလူစားမျိုးလား" လို့ တွေးမိပါတယ်... အင်တာနက်မှာ လူကို မမြင်ရပင်မဲ့ အပြုအမူကို မူတည်ပြီး ကွန်ပြူတာနောက်ကလူကို ခန့်မှန်းရတာလဲ စိတ်ဝင်စားစရာတစ်ခုပါပဲ...

ဒါပေမဲ့ ခုတစ်လောလဲ အင်တာနက်ပေါ်ကနေ မဗေဒါရင်ဆိုင်ခဲ့ရတဲ့ လူတွေထဲမှာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အပြောနဲ့ အလုပ်မညီ မျက်နှာပြောင်တိုက်နေတဲ့သူတွေလဲ သူ့ ယုံကြည်ချက်နဲ့ သူ ဆက်လက်ရှင်သန်နေတာပဲလေ... ဒီတော့ ဘယ်သူ့ကိုမှ ဘာမှတော့ သိပ်မပြောချင်တော့ဘူး... ကိုယ့်အလုပ်ကို ကြိုက်လို့ သူတို့ ယူသုံးကြတယ် လို့ပဲ သဘောထားတယ်... ဘာပဲဖြစ်ဖြစ်တော့ ကိုယ်က မူရင်းက မူရင်းပဲလေ... ဒီဗွီဒီယိုထဲမှာ မဗေဒါနဲ့ သူငယ်ချင်းတွေရဲ့့ ဓာတ်ပုံတွေက ဘယ်သူပိုင်ရှင်လဲဆိုတာ သက်သေပဲ...  ပြီးတော့ ခု မဗေဒါပြန်ပြီး upload လုပ်ထားတဲ့ ဗွီဒီယိုက original file ဆိုတော့ သူ့ထက် quality ကောင်းတယ်လေ... ဒါကလဲ သက်သေတစ်ခုပေါ့... ဘာရယ်တော့မဟုတ်ပါဘူး... စိတ်ထဲရှိတာကို ခုလို ဘလော့ပေါ်မှာရေးလိုက်ရတော့ ပေါ့သွားတာပေါ့... ခုလိုရေးပြီးရင်တော့ ခုကိစ္စကို စိတ်ထဲက လုံးလုံးထုတ်လိုက်နိုင်သွားပြီပေါ့...

နောက်ဆုံးတစ်ခုကတော့... မဗေဒါ မြန်မာပြည်ပြန်တုန်းက ရိုက်လာတဲ့ ဘုရားပုံတွေကို facebook ပေါ်မှာ တင်ထားတယ်... ကိုယ့် friend list ထဲကလူတွေလဲ ဖူးမျှော်လို့ရအောင်လို့ပါ... ဟိုနေ့က မဗေဒါဆီကို Private Massage တစ်ခုလာတယ်... အဲဒိလူက မဗေဒါ friend list ထဲက မဟုတ်ဘူး... ဒါပေမဲ့ သူက မဗေဒါရဲ့ ဘုရားပုံတွေကို ကူးယူပြီး သူ့ ပရိုဖိုင်မှာ ပြန်ဝေငှထားတဲ့အကြောင်း အသိလာပေးတယ်... မဗေဒါကို ကျေးဇူးတင်စကားလဲပြောပါတယ်... မဗေဒါ အတော် အံ့သြသွားတယ်... မဗေဒါရဲ့ Photo က သူငယ်ချင်း စာရင်းထဲကလူတွေပဲ မြင်ရအောင်လုပ်ထားတယ်... ဒီလူက ဘယ်လိုမြင်ရလဲ... အဲဒါက အရင်ဆုံးခေါင်းထဲရောက်လာတယ်... နောက်တော့ သူက လာ add တော့ လက်ခံပြီး ချက်ဖြစ်တော့... သူက မဗေဒါ friend list ထဲမှာရှိတဲ့ လူတစ်ယောက်ရဲ့ password ကို သိလို့ ဝင်ကြည့်လို့ရတာပါတဲ့... စိတ်ထဲတော့ တမျိုးကြီးဖြစ်သွားတယ်... privacy ဆိုတာ သူတို့ အချင်းချင်းမှာ မထားရလောက်အောင် ရင်းနှီးတာ ထားပါတော့... ခုတော့ သူများ privacy ပါ နည်းနည်းလာထိခိုက်သလိုဖြစ်လာတယ်... သူတို့ကို စိတ်ဆိုးလို့ပြောတာမဟုတ်ပါဘူး... သူတို့ကလဲ မဗေဒါ စိတ်ဆိုးရလောက်အောင် ဘာမှ ကြီးကြီးမားမားမလုပ်ခဲ့ပါဘူး... ဒါပေမဲ့ အဲလိုမျိုး သူများ အကောင့် password နဲ့ အမည်မဖော်ပဲ တခြားသူရဲ့အကောင့်တွေကို လိုက်ကြည့်နေတဲ့သူ ဘယ်နှယောက်ရှိမလဲ... ဒီလူကတော့ ရိုးသားလို့ ဘုရားပုံယူပြီး ယူပြီးတဲ့အကြောင်းကိုလဲ ကိုယ့်ကိုလာပြောတယ်... အဲဒိအတွက်ဝမ်းသာတယ်...

ဒါနဲ့ပဲ ကျွန်မလဲ "အော်... သူဒီလိုခွင့်တောင်းဖို့တောင် သိတတ်သေးတာ... ဓာတ်ပုံ original ကို credit ပေးဖို့လဲ ပြောလို့တော့ ရလောက်မှာပါ"လို့ ထင်မိတယ်... ဒါနဲ့ အစ်ကို ယူထားတဲ့ပုံလေးတွေ အောက်မှာ credit to mabaydar လို့ ရေးပေးပါလားလို့ ခွင့်တောင်းမိတယ်... ဒါပေမဲ့ အဲဒိလူကြည့်ရတာလဲ credit ပေးတာကိုတော့ သိပ်နားလည်သေးပုံမပေါ်ဘူး... ကျွန်မပြောတာကို သူနားမလည်ဘူးဆိုတာ ကျွန်မဘက်က သိတယ်... ဒါနဲ့ ထပ်ရှင်းပြတယ်... ဒါလဲ သဘောမပေါက်ဘူး... နောက်တော့ သူက မေးတယ်... "ပုံတိုင်းမှာ လိုက်ပြီး ရေးပေးရမှာလား" တဲ့... (သူ့အယ်လ်ဘမ်က ကျွန်မရိုက်ခဲ့တဲ့ ဘုရားပုံတွေချည်းပဲဆိုရင်တော့ album description မှာ တစ်ခါရေးရင်ရပါတယ်... ဒါပေမဲ့ တစ်ခြားပုံတွေလဲ ပါနေတော့ တစ်ပုံချင်းစီလိုက်ရေးမှ ရတော့မလိုဖြစ်နေတယ်)... ဒါနဲ့ ကျွန်မလဲ သူနားလည်သွားပြီထင်တော့ ... ဝမ်းသာအားရနဲ့... "ဟုတ်ကဲ့... ကျွန်မဆီက ယူထားတဲ့ပုံတိုင်းကို လိုက်တပ်ပေးပါ" လို့ပြောလိုက်တယ်... ဒါပေမဲ့ သူ့ကြည့်ရတာ ကျွန်မကို စိတ်ဆိုးသွားသလား... ဒါမှမဟုတ် "သူ့ပုံလေး ယူမိတာများ... ဖြစ်နေလိုက်တာ... ကပ်စေးနဲလိုက်တာ" ဘယ်လိုစွဲချက်တွေ တင်မလဲတော့ မသေချာပါဘူး... ဒါပေမဲ့ သူ ကျွန်မကို စိတ်တော့ မြက်သွားသလိုပါပဲ... နောက်နေ့ကြည့်လိုက်တော့ ကျွန်မဆီက ယူထားတဲ့ပုံတွေကို မရှိတော့ပါဘူး... (ကျွန်မကိုပဲ access restrict လုပ်လိုက်လား.. ပုံတွေကိုပဲ delete လုပ်လိုက်လားဆိုတာတော့ မသိပါဘူး)...

ဒါပေမဲ့ ကျွန်မစိတ်ထဲတော့ မကောင်းဖြစ်ရပါတယ်... ကိုယ်ပြောမိတဲ့ စကားတွေကို ပြန်ဆင်ခြင်မိတယ်... "ငါများ သိပ် စိတ်ထားသေးသိမ်သလို ဖြစ်သွားလား... ဒါဟာ ငါမပြောသင့်ဘူးလား..." လို့တွေးမိတယ်... ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားတော့လဲ... "ဒီလိုမျိုး copyright တို့.. credit တို့ မသိတဲ့ internet user တွေကို ကြုံသလို တစ်ဖက်တစ်လမ်းက သိသွားအောင်... credit ပေးတတ်တဲ့ အကျင့်လေးရှိသွားအောင် ပြောပြသင့်တယ်" လို့ထင်တယ်... သူ ကျွန်မဆီကို massage ပို့တုန်းကလဲ ဒီလူကတော့ နားလည်လောက်တယ် ထင်လို့ ကျွန်မပြောလိုက်မိတာ... ဒါပေမဲ့ ခုလို ဖြစ်သွားတော့ စိတ်ထဲ မကောင်းဘူး... ကိုယ့်ဓာတ်ပုံတွေကို သူငယ်ချင်းတွေကို ပြချင်ဇောနဲ့ water mark မလုပ်ပဲ တင်လိုက်မိတာက ကိုယ့်အမှားပဲ... ပုံပေါင်း ရာကျော်ကို water mark လုပ်ဖို့ ပျင်းမိတဲ့ ကိုယ့်ကိုကိုယ်ပဲ သင်ခန်းစာယူလိုက်တယ်... အဲဒိပုံတွေတင်ထဲက မင်းယွန်းသစ်ကတော့ comment မှာ "ဗေဒါရေ...နင်ရိုက်ထားတဲ့ ပုံတွေက လှတယ်ဟ..။ စာတန်းလေး ဘာလေး ထိုးထားအုံး.. တခြားသူတွေ ယူသုံးနေအုံးမယ်။" လို့ပြောသွားတာကို သွားသတိရတယ်...

နောက် မဗေဒါ Home ထဲမှာ ဓာတ်ပုံဆရာတစ်ယောက်တင်ထားတဲ့ status လေးတစ်ခုကို သူငယ်ချင်းထဲက လူတွေ ကွန်မန့်ပေးတာ တွေ့တော့လဲ ဒါမျိုးတွေက မသိတဲ့သူတွေကို သိအောင်တတ်နိုင်သလောက် ပြောပြသင့်ပြီလို့ထင်တယ်လေ... status massage လေးကတော့ ဒီလိုပါ... "FB ပေါ်မှာ ဓာတ်ပုံတွေကို လာကြည့်တယ်. ပြီးတော့ Save လုပ်သွားပြီး တခြားမသင့်တော်တဲ့ site တွေမှာ တင်လိုက်ကြတယ်.. အထူးသဖြင့် ခပ်ဟော့ဟော့ကောင်မလေးတွေပုံတွေပေါ့..photographers တွေကလဲ ပေါလာတော့ ဓာတ်ပုံမျိုးစုံကလဲ ဖောချင်းသောချင်းကိုး ( အံမာ အောက်မှာတော့ရေးပေးထားပါတယ် Credit to original photographers တဲ့ ) ကဲ ကိုယ့်ဓာတ်ပုံတွေ ဂရုစိုက်ကြပါဗျိုး..ခံရတဲ့သူတွေ များလာပြီတဲ့!!

ကဲ... ဒီပိုစ့်လေးကို မတော်တဆပဲဖြစ်ဖြစ် မဗေဒါဘလော့ကို ဘာရေးရေး အားပေးနေကြတဲ့ စာဖတ်သူတွေပဲဖြစ်ဖြစ် ဖတ်ဖြစ်မယ်ဆိုရင်... အနီးအနားက မသိသေးတဲ့ အပေါင်းအသင်းတွေကို ဒါမျိုးလေးတွေက ဒီလိုရှိတယ်လို့ ပြန်ပြောပေးကြရင် အားလုံး မသိလိုက်ပဲ... အဒိန္နဒါနာကံကို မကျူးလွန်မိတော့ဘူးပေါ့...

1st Photo credit to http://www.zazzle.com/riminal_tshirt-235535107148960827
2nd photo credit to http://blawgit.com/2008/09/03/state-turns-blind-eye-to-identity-theft/

Tuesday, July 06, 2010

Skypark နဲ့ ဆားချက်မယ်...

အီးမေလ်းထဲရောက်လာတဲ့ skypark အကြောင်း ပုံတွေနဲ့ ဆားချက်ပါရစေ... (ချက်ခွင့်ပြုတယ်မှတ်လားဟင်)... (ပြုပြု မပြုပြု ချက်ပြီ)...

Marina Bay Sands နဲ့ skypark ကို ၂၀၀၉ မှာ ဖွင့်ဖို့ နေ့ရက်သတ်မှတ်ခဲ့ပင်မဲ့... လုပ်အား၊ ပစ္စည်းပြက်လပ်မှု နဲ့ ကမ္ဘာ့စီးပွားကျဆင်းမှုပြဿနာ ကြောင့် ခု ၂၀၁၀ ဇွန်လ ၂၅ ရက်နေ့က အများပြည်သူအတွက် ဖွင့်လှစ်နိုင်ခဲ့ပါပြီ...

သူ့ရဲ့ ထင်ရှားတဲ့ အဆောက်အဦးပုံစံကတော့ သဘောင်္ပုံသဏ္ဌာန် Skypark က အောက်အခံ အဆောက်အဦး ၃ခုပေါ်မှာ ဆက်လျက်တည်ရှိနေပါတယ်... ကုန်ကျစရိတ်
£၄ ဘီလီယံဖြစ်ပြီး ကမ္ဘာပေါ်မှာ ဆောက်လုပ်မှု ကုန်ကျစရိတ်အများဆုံး ဟိုတယ်ဖြစ်နေပါတယ်...

အဓိက စိတ်ဝင်စားစရာအကောင်းဆုံးက အဲဒိ ၅၅ထပ် အဆောက်အဦးအပေါ်ဆုံး Skypark မှာရှိနေတဲ့ infinity pool ပါပဲ... အိုလံပစ်ရေကူးကန်ထက် ၃ဆရှည်ပြီး အရှည် ၆၅၀ပေရှိတဲ့ အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး outdoor ရေကူးကန်အဖြစ် သတ်မှတ်ခံလိုက်ရပါပြီ...

၅၅ထပ် ကနေ ရေကူးရင်း စကာင်္ပူရဲ့ မြို့ပြအလှကိုလဲ ခံစားလို့ရပါတယ်တဲ့... ပုံကြည့်ရင်တော့ အသဲယားချင်စရာ အောက်ပါအတိုင်း မြင်တွေ့ရမယ်ဆိုပင်မဲ့ ထင်သလောက်တော့ အန္တရာယ်မများပါဘူးတဲ့... (ပြောတာပါပဲ...)... ရေကန်ထဲက လျှံကျတဲ့ ရေကို ဟိုဘက်မှာ catchment area နေပြန်ခံထားပြီး ရေကန်ထဲကို ပြန်သွင်းပေးတဲ့ system လုပ်ထားပါတယ်တဲ့...

ဟိုတယ် အခန်းပေါင်း ၂၅၆၀ ပါဝင်ပြီး တစ်ညကို £350 မှ စတင်ပြီး တည်းခိုစရိတ်ရှိပါတယ်တဲ့... အဆောက်အဦးအတွင်းမှာ အလှ လှေငယ်လေးတွေစီးနိုင်ပြီး... နာမည်ကျော်အနုပညာသမားတွေရဲ့လက်ယာတွေလဲ ရှိပါတယ်တဲ့... ကက်စီနို... outdoor plaza, convention centre, ပြဇာတ်ရုံ, crystal pavilion, ကြာပွင့်ပုံ ပြတိုက်တို့ထပ်မံပေါင်းစပ်လိုက်တော့ the Marina Bay Sands ဟာ အားလုံးထဲမှာ သရဖူဆောင်းနိုင်နေပါပြီတဲ့...

အဲဒိ သဘောင်္ပုံစံ အဆောက်အဦး ၃ခုကို ဆက်ထားတဲ့ အရှည်က Eiffel tower ကို အလျားလိုက်ချပြီး တိုင်းတဲ့ အရှည်ထပ်တောင် ရှည်ပါတယ်တဲ့... (ဟုတ်မဟုတ်မသိ.. မေလ်းထဲမှာရေးထားတာကို နားလည်တဲ့အတိုင်းရေးတာ... အမှားပါရင် ခွေးလွှတ်နော်)...

ဒီ resort က အလုပ်သမားပေါင်း ၁သိန်းကို ခန့်အပ်မှာဖြစ်ပြီး တစ်နှစ်ကို ခန့်မှန်းခြေ £48 မီလီယံနဲ့ လည်ပတ်မှာဖြစ်ပါတယ်တဲ့... ကပ်စီနိုရဲ့ ၀င်ကြေးတင် ၁ယောက်ကို £50 နီးပါးရှိပြီး လွန်ခဲ့တဲ့ ၂လက (ကပ်စီနိုကို အရင်ဖွင့်ထားတယ်) စစဖွင့်ချင်းနေ့ကနေ ယခုထိ ပျမ်းမျှ လည်ပတ်သူ ၁ရက်လျှင် ၂သောင်း ၅ထောင် ရှိတယ်လို့ ရေးထားပါတယ်...

resort ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Thomas Arasi က အားလုံး ပြည့်ပြည့်၀၀ဖွင့်ပြီးချိန်မှာ ၁ရက်ကို လာလည်သူ ၇သိန်းအထိ ရှိဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်... အောက်က ဓာတ်ပုံလေးတွေ ခံစားကြည့်ကြပါ...

Source from forward mail...





လက်ထပ်စ ဇနီးမောင်နှံစုံတွဲ resort's shopping centre ထဲမှာ canal ride စီးနေတဲ့ပုံပါ...


သွားတော့လဲ သွားချင်ပါတယ်... အများပြည်သူအတွက် အဲဒိ လှေပုံစံထိပ်ဆုံးကို တက်ဖို့လက်မှတ်က S$၂၀ ရှိတယ်လို့ ကြားပါတယ်... ဈေးကကြီးတော့ သွားဖြစ်မယ်တော့မထင်ပါဘူး... ရေပဲ မိုးပေါ်တက်ကူးလဲ ရေကူးတာပဲ... ရိုးရိုး ရေကန်ထဲကူးလဲ ရေကူးတာပါပဲ... ဘယ်လောက်ပဲ စိတ်ချရတယ်ပြောပြော ပုံစံကြီးကြည့်ရတာ ကြောက်စရာကြီးပါ... (အဟဲ... အမှန်တော့ ဈေးကြီးလို့ မသွားချင်လို့ ကိုယ့်ကိုကိုယ် ဖြေပြောနေတာပါ ဒါပေမဲ့ သေချာတာတော့ စိတ်ထဲမှာလဲ သိပ်တော့ မသွားချင်ပါဘူး) ရေကူးတာလဲ ၀ါသနာမပါသလို အမြင့်ကြီးတက်ပြီးနေရမှာလဲ ကြောက်ပါတယ်... ခေတ်နောက်မကျအောင် ၁ခေါက်လောက် ရောက်ဖူးအောင်တော့ သွားလိုက်အုံးမှ ထင်တယ်... ၁ခေါက်ပါပဲ... ဟုတ်ပါတယ်...

ဤတွင် မဗေဒါ၏ ဆားချက်ခြင်း ပြီးဆုံးပါပြီ.... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ... ဒုံ... တုန်.... တုန်...

Saturday, July 03, 2010

ဖြစ်တတ်ပါတယ် (သို့) စကာင်္ပူရောက် အလွဲများ 10

စိတ်ညစ်စရာသတင်းတွေ တင်နေလို့ လာလည်တဲ့ စာဖတ်သူတွေလဲ စိတ်တွေလေးလံကုန်ကြပြီထင်တယ်... စိတ်ညစ်စရာရှိရင် ခဏတဖြုတ်ညစ်လိုက်... ကိုယ်ဘာမှ မတတ်နိုင်တဲ့ စိတ်ညစ်စရာဆိုရင် မြန်မြန် စိတ်လျော့ပြီး ကိုယ့်စိတ်ကို ကိုယ်ပျော်အောင် ပြန်ထားလိုက်... ဒီလိုပြောလို့ မဗေဒါလဲ အမြဲဒီလို လုပ်နိုင်နေတယ်လို့ မထင်ပါနဲ့... တစ်ခါတစ်လေတော့ ကိစ္စ အကြီးအသေးပေါ်မူတည်ပြီး မဗေဒါ မြန်မြန် let go မလုပ်နိုင်တာတွေ ရှိပါတယ်... ခု မဗေဒါလဲ ကိုယ်ကြိုက်တဲ့ ကိုရီးယားမင်းသားအကြောင်း ဝေမျှရင်း အားလုံးကို စိတ်ညစ်အောင် လုပ်မိလိုက်ပြီ... ဒီတော့ မဗေဒါရဲ့ ပေါ်မလာ အတော်ကြာနေတဲ့ အလွဲအခန်းဆက်လေးနဲ့ ပြန်ဖြေသိမ့် ရပါအုံးတော့မယ်...

--------------------------- ။ --------------------------------

မဗေဒါလဲ အလွန်မှကို လွဲတတ်သကိုး... စကာင်္ပူရောက်စက မြန်မာပြည်မှာ မမြင်ဘူးတာ မစားဘူးတာ မကြားဘူးတာတွေ မြင်ရကြားရပြီး ခဏ ခဏလွဲနေတော့တာ... တချို့ အလွဲတွေဆို ပြန်ပြောပြဖို့ ရှက်လို့ မရေးတာပဲကောင်းမယ်ဆိုပြီး လျှိုထားတာလေးတွေတောင်ရှိသေး... လျှိုရင်း လျှိုရင်းနဲ့ အလွဲတွေ မရေးဖြစ်တာ ကြာပေါ့... ဒီတော့ ကိုယ်ပေါင် ကိုယ်လှန်မထောင်းတော့ပဲ ဒီတစ်ခါတော့ သူများလွဲတာလေး ပြောပြချင်တယ်... ဟဲ... ဟဲ... ဒါပေမဲ့ သူများလွဲတာက ကိုယ်လွဲတာလောက်တော့ မဆိုးပါဘူး...

ကျမတို့တွေ ဒီမှာ တခါတလေ တခြားနိုင်ငံကလူတွေနဲ့ အလောတကြီးစကားပြော ဆက်ဆံရတဲ့အခါပဲဖြစ်ဖြစ်၊ သိပ်ရင်းနှီးတဲ့ တခြားနိုင်ငံကသူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ယောင်ယောင်ပြီး မြန်မာလိုသွားသွားပြောတတ်တယ်... သူတို့လဲ ဒီအတိုင်းပဲ ကိုယ့်ကို သူတို့နဲ့ တူတူထင်ပြီး တရုတ်လိုတွေ လာပြောတတ်တယ်... နောက်မှ အော် သူတို့က ငါနဲ့မှ နိုင်ငံမတူ ဘာသာစကားချင်းမှ မတူတာဆိုပြီး သတိရသွားတာရှိတယ်... ဒါပေမဲ့ မဗေဒါ မေမေယောင်တာကျတော့ တစ်မျိုးရှင့်... မြန်မာလိုနဲ့ အင်္ဂလိပ်လိုကို ရောပြီးယောင်တာ... ဟဲ... ဟဲ... (ဒီပိုစ့်ကိုရေးပြီး အိမ်ပြန်ရင်တော့ ဒုတ်ကောက်သွားရမယ်ထင်တယ်... )

မေမေက အိမ်မှာ အမြဲ စျေးသွားဝယ်နေကျလေ... သူ့ဟာနဲ့ သူတော့ စျေးရောင်းတဲ့ တရုတ်မကြီးတွေ မလေးမကြီးတွေနဲ့ communicate လုပ်တာ ဖြောင့်လို့... တနေ့တော့ Wet Market မှာ... (အော်.. စကာင်္ပူမှာက စျေးဝယ်ရင် Super Market နဲ့ Wet Market ဆိုတာရှိတယ်... Wet Market ဆိုတာ မြန်မာပြည်က စျေးတွေလို အလေးချိန်နဲ့ရောင်းတာ super market တွေလို ပတ်ကင်ထုတ်ထားပြီးရောင်းတာမဟုတ်ဘူး... မနက်ပိုင်းပဲ ဖွင့်တယ်... )

အသားဝယ်တော့ မလေးမကြီးကမေးတယ်.... Cut? Cut? (ခုတ်မှာလား ပေါ့)... (ဒီမှာက အခြေခံ အတန်းအစားက လူတွေကလဲ အင်္ဂလိပ်လို ကောင်းကောင်းမတတ်ကြတော့ Verb တစ်လုံးတည်းပြောပြီး အလုပ်ဖြစ်နေတတ်တယ်လေ...)...

မေမေကလဲ သေချာမကြားလိုက်တော့ ခေါင်းညိတ်ပြလိုက်မိတယ်... နောက်မှ ဓားမကြီးမလိုက်တော့မှ ခုတ်မှာလားမေးတာသိပြီး... အမြန်ပြန်ပြီး ယောင် ပြောလိုက်မိတာက....

" မ Cut !!!! မ Cut !!!!" တဲ့...

ဒီတော့ မလေး မိန်းမကြီးလဲ အူကြောင်ကြောင်ဖြစ်ပြီး အမေ့ကို ကြည့်နေတာပေါ့... နောက်မှ "No Cut... No Cut" ဆိုပြီး အလုပ်ဖြစ်သွားတယ်...
အင်္ဂလိပ်လို ဆက်သွယ်နေကြတာ ဖြောင့်နေတာပဲနော်... အင်္ဂလန်က အင်္ဂလိပ်အစစ်တောင် အဲဒိစျေးမှာ စျေးဝယ်တတ်မှာမဟုတ်ဘူး .. ဟား... ဟား...

အဲလိုစကားပြော အသုံးအနှုန်းတွေနဲ့ ပတ်သတ်ပြီး ရီစရာလေး တစ်ခုရှိသေးတယ်... ကျွန်မတို့နဲ့ အရင်က အတူနေတဲ့ အစ်မကြီးက တရုတ်စပ်တယ်... ပုံမှန်တော့ အိမ်မှာ ချက်စားတတ်တယ်... ဒါပေမဲ့ ကြာတော့လဲ ညဉ်းငွေ့မှာပေါ့... အပြောင်းအလဲ စားချင်မှာပေါ့... အိမ်နားမှာ ကျွန်မတို့ မိသားစု သွားသွားစားနေကျ ကုလားမုန့်တွေရောင်းတဲ့ဆိုင်ရှိတယ်... တနေ့ စကားစပ်မိတော့ အဲဒိ အစ်မကြီးက သူလဲ အဲဒိ ကုလားဆိုင်မှာ တစ်ခါတစ်လေစားချင်ကြောင်း... ဒါပေမဲ့ သူက ကုလားမုန့်တွေကို ဘယ်လိုပြောပြီး မှာရမှန်းမသိကြောင်းပြောတော့... ကျွန်မတို့တွေကလဲ ဝမ်းသားအားရပြောပြတာပေါ့...

"ဘာမှ မစိုးရိမ်နဲ့ ကုလားမုန့်တွေကို မြန်မာပြည်မှာ ခေါ်တဲ့ နာမည်အတိုင်းပဲ ခေါ်တယ်... တိုရှည်ဆို ဒီမှာလဲ တိုရှည်ပဲ... စမူဆာဆိုရင် ဒီမှာလဲ စမူဆာပဲ... ပလာတာဆိုရင် ဒီမှာလဲ ပလာတာလို့ပဲခေါ်တယ်..."ပြောတော့..

သူက "ဒါဆိုရင် အာလူးပူရီကိုရော" တဲ့... ကျွန်မတို့လဲ သူ့ကို ပြန်ဖြေလိုက်တာပေါ့... "အဲဒါလဲ အတူတူပဲ ပူရီကို လဲ ပူရီလို့ပဲခေါ်တယ်" လို့....

ဒီလိုနဲ့ နောက်နေ့ သူ အဲဒိဆိုင်မှာ စားမယ်ဆိုပြီး ဆင်းသွားရော.... သူပြန်လာတော့ ကျွန်မတို့က "ဘယ်လိုလဲ... စားလို့ကောင်းခဲ့ရဲ့လား" လို့မေးတော့...
သူပြောတာကို ဆိုင်က လူတွေက နားမလည်ပဲ အူကြောင်ကြောင်ကြည့်နေကြလို့ မစားဖြစ်ခဲ့ဖူးတဲ့... ဒီလိုနဲ့ ကျွန်မတို့လဲ မဟုတ်သေးပါဘူး... နားမလည်စရာမရှိဘူး... ခါတိုင်း ကျွန်မတို့လဲ ဒီလိုပဲ ပြောစားနေကြပါ... အဲဒိဆိုင်က လူတွေ သိပါတယ်... ဒါနဲ့ သေချာအောင် ထပ်မေးလိုက်တယ်..

"ဘာမှာစားလို့လဲ... ဘယ်လိုပြောလိုက်လို့လဲ" ဆိုတော့...
"ကျွန်မက အာလူးပူရီစားချင်လို့... သူတို့ကို အာလူးပူရီလို့ ပြောပြီး မှာလိုက်တာလေ" တဲ့....

မှတ်ကရော..... ဒီတော့မှ ကျွန်မတို့လဲ နှဖူးနဲ့ လက်နဲ့သာ ရိုက်လိုက်ချင်တော့တယ်... ကျွန်မတို့တွေက မြန်မာပြည်မှာ အာလူးပူရီလိုခေါ်နေကြလေ... ဒါပေမဲ့ အဲဒိ မုန့်က တကယ်တမ်းတော့ ပူရီလို့ပဲခေါ်တာပေါ့... အာလူးပူရီလို့ သွားပြောတော့ ဆိုင်ကလူတွေက ကြောင်တောင်တောင်ဖြစ်နေတော့မပေါ့... အမှန်ဆိုရင် "Puri with Potato" လို့ မှာရမှာပေါ့... အင်း... သေသေချာချာ စေ့စေ့စပ်စပ် မပြောပြမိလိုက်တဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ချင်ပါတော့တယ်... ကိုယ့် လစ်ဟာမှုကြောင့် သူလဲ ပူရီ မစားခဲ့ရတော့သလိုဖြစ်သွားတယ်... ဒါပေမဲ့ ဘယ်သူကလဲ အဲလို လွဲတတ်လိမ့်မယ်လို့ ထင်မလဲ... မဗေဒါကလဲ ကိုယ်တစ်ယောက်ပဲ လွဲတတ်တယ်မှတ်နေတာကိုးးးး... ခုတော့..............................


စာကြွင်း... အောက်က ပထမဆုံး ကွန်မန့်အရ အာလူးဟာလဲ ကုလားစကားဖြစ်ကြောင်း သိရှိရပါတယ်... ဒါပေမဲ့ ကျွန်မအိမ်နားက စကာင်္ပူ ကုလားတွေကတော့ အာလူးကို မသိပါဘူး... Potato လို့ပြောမှ သိပါတယ်...


Friday, July 02, 2010

Park Yong Ha ရဲ့ နောက်ဆုံး ခရီး...

စိတ်မကောင်းစရာတွေ ဝေမျှရတာ မကောင်းပါဘူး... ဒါပေမဲ့ မဝေမျှပဲလဲ မနေနိုင်ဘူး... ဒီနေ့ပဲ Park Yong Ha ကို အသုဘချပါတယ်... သူ့ ဓာတ်ပုံကို ကိုင်ပြီး လမ်းလျှောက်သူကတော့ မင်းသား So Ji Sub ပဲဖြစ်ပါတယ်... သူငိုနေတာ ကြည့်ပြီး သူ့ရဲ့ စိတ်ထဲက ၀မ်းနည်းမှုကို ထပ်တူထပ်မျှ ခံစားမိတယ်... ဒီနေ့တော့ အဲဒိပုံတွေ ကြည့်ပြီး ကျွန်မ ပထမဆုံးအကြိမ် မျက်ရည်ကျဖြစ်တယ်... ကျန်တဲ့ မင်းသမီး မင်းသားတွေလဲ လိုက်ပို့တယ်... သူ့ရဲ့ နောက်ဆုံးခရီးကတော့ စည်ကားပါတယ်... သူ့ ရဲ့ အိုမင်းနေပြီဖြစ်တဲ့ မိဘနှစ်ပါးကိုတော့ အသနားဆုံးပဲ... လူကြီးတွေခမျာ လက်တွန်းလှည်းပေါ်ကနေ ကိုယ့်သားရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ရရှာတယ်... ဒီနေ့ ကျွန်မကျတဲ့မျက်ရည်က သေသွားတဲ့သူအတွက် မဟုတ်ဘူး... ကျန်ခဲ့တဲ့ သူတွေကို သနားလို့ ကျတဲ့မျက်ရည်... သေသွားတဲ့သူကို အပြစ်တွေ တင်နေလဲ အပိုပဲဆိုပင်မဲ့ အဲလို လမ်းမျိုး ရွေးသွားတဲ့ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်မျိုးကိုတော့ တကယ် ရှုံ့ချတယ်... အဲလိုလုပ်ဖို့ စိတ်ကူးရှိနေတဲ့ နောက်လူတွေကိုလဲ သင်ခန်းစာယူစေချင်တယ်... သူ့အဖေ ခွဲခွာမှာကို မခံစားနိုင်တာနဲ့ ခုတော့ အိုကြီးအိုမ မိဘတွေက သူအရင်သွားတာကို လိုက်ပို့ရတယ်... ဒါဖြစ်သင့်သလား... ကျွန်မခုလိုပြောနေတာတွေက သူတို့တွေရဲ့အတွင်းစိတ်ကို ပြည့်ပြည့်၀၀နားမလည်လို့ ပြောနေတာလဲဖြစ်နိုင်တယ်... ဖိုရမ်တွေပေါ်မှာ ရေးကြသလို သူ့အပြုံးနောက်ကွယ်မှာ ဒီလောက် စိတ်ထိခိုက်စရာတွေကို ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရပဲ မျိုသိပ်ထားရတာ သူ့အတွက် ဘယ်လောက်ဆိုးနေမလဲတဲ့... ဒါပေမဲ့ ဒါတွေအားလုံးဟာလဲ သူ့ရွေးချယ်မှုပဲ... လောကကြီးမှာ လူတွေအားလုံးက မကောင်းတဲ့သူတွေမဟုတ်ပါဘူး... တစ်ယောက်ယောက်ကို ယုံကြည်ပြီး ဖွင့်ဟတိုင်ပင်ကြည့်မယ်... နည်းလမ်းတွေ အများကြီးရှိမှာပါ... ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ယုံကြည်မှုမရှိတာလဲ စိတ်ရောဂါတစ်မျိုးဖြစ်မယ်ထင်တယ်...

သတင်းတွေဖတ်ကြည့်ပုံအရတော့ သူဟာ ကိုယ်ပိုင်စီးပွားရေး Yona Entertainment Agency ကို စတင်တည်ထောင်ပြီးနောက်မှာ မအောင်မြင်ခဲ့ဘူး... စီးပွားကျတယ်... လူလိမ်ခံရတယ်... တချို့ပြောတော့လဲ အရင်းနှီးဆုံ လူယုံလိမ်တာ ခံခဲ့ရတယ်... သူ့အဖေက အရင်က အောင်မြင်တဲ့ Producer... သူ့အဖေတင်ပေးခဲ့တဲ့ အဆိုတော်တွေ အများကြီးရှိတယ်... ဒါပေမဲ့ သူ့အလှည့် စီးပွားလုပ်မှ မအောင်မြင်ဖြစ်ရတဲ့အထဲ သူသိပ်အားကိုး လေးစားတဲ့ အဖေရဲ့ ကျန်းမာရေး အခြေအနေကိုလဲ သူ လက်မခံနိုင်ခဲ့ဘူး... အစထဲက စိတ်ဓာတ်ပျော့ညံ့ပြီး ပင်ကိုယ် စိတ်ကျရောဂါရှိတဲ့သူဆိုတော့ အဲဒိမှာတင် သူ တဒင်္ဂလေး မခံနိုင်ဖြစ်ပြီး ဆင်ချင်တုံတရား ကင်းမဲ့သွားတယ်ထင်ပါတယ်... သူ့ကိုယ်ပိုင်စီးပွားရေးကျပင်မဲ့ သူ့ရဲ့ အောင်မြင်မှုက ကျသေးတာမှမဟုတ်တာ... တင်နေတဲ့ အကြွေးကရော သူ ဆက်ပြီး ကြိုးစားလိုက်မယ်... Concert တွေလုပ်လိုက်မယ်ဆိုရင် ပြန်ရှာလို့ရတာပဲ... လူမသေ ငွေမရှားပါ... အော်... လောကမှာ အရာအားလုံးထက် ကြောက်ဖို့ အကောင်းဆုံးက ကိုယ့်စိတ်ပဲ... အဲဒါကြောင့်လဲ ကျွန်မတို့ ဗုဒ္ဓဘုရားက စိတ်အတွက် ကောင်းကောင်း သင်ခန်းစာတွေ ပေးခဲ့တာ...







Park Yong Ha နောက်ဆုံးခရီးကို လိုက်ပို့ကြသော ပရိတ်သတ်များ...

Jang Keun Suk at Park Yong Ha's fenural

Jang Keun Suk ဟာ ၃၀ရက်နေ့ (Park Yong Ha suicide လုပ်တဲ့နေ့, အချိန်တော့ အတိအကျမသိပါ) မှာပဲ ဂျပန် fan meeting ကနေ ပြန်ရောက်လာခဲ့ပါတယ်... သူပြန်လာတော့ လေဆိပ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဟောဒီလိုတွေ့ရပါတယ်... ဒါပေမဲ့ ရောက်မဆိုက်မှာပဲ သူ့ senior ရဲ့ အဖြစ်ဆိုးက စောင့်ကြိုနေပါတယ်...


Photos credit to I love JKS facebook

သူလဲ လွန်ခဲ့တဲ့ ၃လကမှ Choi Jin-young ရဲ့ အသုဘကို သွားထားတာ ကြည့်ဖြစ်ပါသေးတယ်... ခုလဲ အလုပ်တွေ များတဲ့ ကြားက သူ မနေ့က (01/07/2010) Park Yong Ha နာရေးကို သွားရပြန်ပါတယ်... ကျွန်မကြိုက်တဲ့ မင်းသားတစ်ယောက်က ကျွန်မကြိုက်တဲ့ နောက်မင်းသား နာရေးကို သွားရတာ စိတ်ထဲတော့ တမျိုးကြီးပဲ... တရားမရှိလိုက်တာလို့တော့ မပြောပါနဲ့... စိတ်မကောင်းဖြစ်တာကလွဲလို့ ဒီလိုပဲ ဖြစ်တတ်ပါတယ်ဆိုတာ သိပါတယ်... ဂျန်ဂမ်ဆပ်ကိုလဲ အဲလိုအဖြစ်မျိုး မဖြစ်စေချင်ဘူး... ဟိုတစ်လောက သူ မတ်စေ့တွေ တင်တုန်းကတောင် အဲလိုလုပ်သွားမှာစိုးရိမ်နေမိသေးတယ်... ဒါပေမဲ့ ဂျန်ဂမ်ဆပ်ကိုတော့ ယုံပါတယ်... သူ့ကြည့်ရတာ လူလေးသာ မိန်းကလေးနဲ့ တူနေတာ စိတ်ဓာတ်တော့ ခိုင်တဲ့ပုံပါပဲ... ပြီးတော့ သူက သူလုပ်ချင်တာ လုပ်မဲ့ပုံမျိုး... ဆိုလိုတာက သူ့ကြည့်ရတာ ဒီ ရုပ်ရှင်မင်းသားအလုပ်က သူ့ Personal ကို အရမ်း စွက်ဖက်လာမယ်ဆိုရင် စိတ်လိုက်မာန်ပါ အလုပ်ကို စွန့်လွှတ်ချင် စွန့်လွှတ်မယ့်သူလို့ ထင်တယ်... ကျွန်မခန့်မှန်းတာ မှန်ချင်မှလဲ မှန်မှာပါ... ကျွန်မထင်တာကို ပြောတာ... ကျွန်မအတွက်ကတော့ ကျွန်မကြိုက်တဲ့မင်းသားတွေ အလုပ်ကြောင့် စိတ်ဖိစီးလို့ အနုပညာအလုပ်ကို နှုတ်ထွက်ပါတယ်ဆိုရင်တောင် ဖြေသာပါသေးတယ်... ကမ္ဘာကြီးတစ်နေရာမှာ သူ ရှင်သန်နေသေးတယ်ဆိုတာ စိတ်ထဲမှာ သိနေတယ်လေ... ခုလိုကြီး ခွဲသွားတာထက်စာရင် တော်သေးတာပေါ့.... ကဲ... ကဲ... ဂျန်ဂမ်ဆပ် လာတဲ့ပုံလေးတွေ ကြည့်သွားပါအုံး... သူလဲ တော်တော်တော့ စိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲ....

စာကြွင်း... Park Yong Ha ရဲ့ အဖေ အပြင် သူ့ရဲ့ အမေနဲ့ အစ်မ/ညီမ (sister လို့ရေးထားတယ်) လဲ စိတ်ထိခိုက်လွန်းပြီး ဆေးရုံတင်လိုက်ရပြီလို့ ကြားသိရပါတယ်...








ဒါကတော့ ၃၀ ရက်နေ့က ပြတဲ့ သတင်းပါ...

Thursday, July 01, 2010

After he's left.... (Park Yong Ha)


ဒါကတော့ 07/06/2010 တုန်းကမှ Park Yong Ha ရဲ့ Volunteer အလုပ်ပါ... ဘယ်နိုင်ငံဖြစ်မလဲတော့ မသိပါဘူး... Haiti ဖြစ်မလားဘာလားတော့ မသိပါဘူး...

ကိုယ်သေသွားတာနဲ့ အရာအားလုံးဖြေရှင်းနိုင်လိုက်ရောလား... တစ်ခါတစ်လေ ကျွန်မ စိတ်ညစ်လို့ သေချင်တယ်ပြောမိရင်တောင် ကျွန်မကို ချစ်တဲ့ ကျန်ခဲ့မဲ့လူတွေအတွက် စဉ်းစားမိပြီး သေလိုက်တာက တစ်ကိုယ်ကောင်းဆန်တဲ့ အလုပ်လို့ တွေးမိတယ်... အမှန်တော့ ခုလို ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ သူတွေလဲ သူတို့ရဲ့ တဒင်္ဂ စိတ်လှုံ့ဆော်မှုလေးကြောင့် လုပ်မိသွားတယ်လို့ထင်တာပဲ... မသေခင်စပ်ကြားမှာလဲ သူတို့ နောင်တရကောင်းရသွားမှာပဲ... ဒါပေမဲ့ အားလုံးလွန်သွားပြီး သူတို့ ပြန်ပြင်လို့မရလိုက်ခင်မှာပဲ သူတို့ အသက်စွန့်သွားရပြီ... ကျွန်မထင်တာကို ပြောတာပါ... တကယ်ဟုတ်မဟုတ် ကျွန်မလဲ suicide မလုပ်ဖူးတော့ မသိပါဘူး... ဒါပေမဲ့လဲ တကယ်သေချင်တယ်ဆိုရင်တောင် ခုလို တန်ဖိုးမရှိ suicide မလုပ်ပဲ တစ်ခုခု တစ်ယောက်ယောက်အတွက်ပဲဖြစ်ဖြစ်... နိုင်ငံအတွက်ပဲဖြစ်ဖြစ် အသက်ပေးပြီး စွမ်းဆောင်သွားလိုက်ပါလား... သေမှာခြင်းအတူတူ နာမည်ကျန်ခဲ့မှာခြင်းကွာတယ်လေ... ကိုယ်သေချင်နေတာပဲ ကိုယ်သေခြင်းဟာ သူများအတွက် အကျိုးရှိအောင် တစ်ခုခုလုပ်သွားပါလား... မကောင်းတဲ့ နိုင်ငံခေါင်းဆောင်ကို အသေခံလုပ်ကြံတာတို့... (ဥပမာပြောတာပါ...) သူတို့ကိုရီးယားဆိုရင် မြောက်ကိုရီးယားနဲ့ တိုက်ဖို့ တစ်ခါတည်း ရှေ့တန်းလိုက်သွားကွာ.. အနည်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ သွားလှူမယ်ကွာ...

ကဲ ဒါတွေထားလိုက်ပါတော့... ခု ပိုစ့်လေးကတော့ သူ့ရဲ့ အလောင်းထားရာ ဆေးရုံကို လာလည်ကြတဲ့ ၀မ်းနည်းပူဆွေးနေတဲ့ သူ့ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင် တွေရဲ့ ပုံလေးတွေကို ဝေမျှလိုက်ပါတယ်.... ဆေးရုံကို ပထမဆုံးရောက်ရှိလာသူကတော့ ကွယ်လွန်သူနဲ့ ရင်းနှီးတဲ့ မင်းသား So Ji Sub ပဲဖြစ်ပါတယ်... သူဟာ ရောက်ကတည်းက ၀မ်းနည်းတကြီးငိုကြွေးနေပြီး ပါးစပ်ကလဲ "ဘယ်လိုဖြစ်ရတာလဲ" ဆိုပြီး စကားတောင် ဆုံးအောင် မပြောနိုင်ပဲ ငိုနေခဲ့ပါတယ်... အောက်မှာ ပါတဲ့ ဓာတ်ပုံတွေကတော့ သူနဲ့ အတူတူ ကားရိုက်ဖူးတဲ့ သရုပ်ဆောင်တွေနဲ့ ကျွန်မသိတဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ချို့ လာတဲ့ပုံပါ... လာတဲ့သူတွေ များလို့ အကုန်မတင်တော့ပါဘူး....

ဂျန်ဂမ်ဆပ်ကတော့ မနေ့ကမှ ဂျပန် fan meeting က ပြန်ရောက်တဲ့အတွက် ခုထိ မလာနိုင်သေးပါဘူး... ဂျန်ဂမ်ဆပ်လဲ အလုပ်များရတဲ့အထဲ လူမှုရေး အသူဘတွေလဲ သွားရတော့ အတော်ပင်ပန်းနေတော့မှာပဲ... ဒါပေမဲ့ ခုလို သေသွားတဲ့သူတွေကို အတုမယူပဲ သင်ခန်းစားယူတတ်ကြရင်ကောင်းမယ်... ကျွန်မကြိုက်တဲ့ မင်းသားထဲက Park Yong Ha က ပထမဆုံး ဒါမျိုးလုပ်သွားတယ်ဆိုတော့ ကျွန်မကြိုက်တဲ့ တခြားမင်းသား... Jung Keun Suk, Lee Min Ki, Lee Jun Ki, Jo In Song, Chun Jung Myung, Yoon Kye Sang စတဲ့ ကျန်တဲ့ မင်းသားတွေ အဲလိုမလုပ်ပါစေနဲ့လို့ ဆုတောင်းမိတယ်... အင်းလေ.. ကျွန်မကြိုက်တဲ့ သရုပ်ဆောင်တွေမှ မဟုတ်ပါဘူး... အားလုံး ဒီလိုမလုပ်ကြပါစေနဲ့...


So Ji Sub


Bay Yong Joon & Choi Ji Won (Winter Sonata co-star)

Park Si Yeon (A Man's Story Co-star)


Eru

Eugene (Co-star and ex-gf of Park Yong Ha, Loving You)

Jung Hyuk (Bright girl success, Chuno)


Kim Bum (Boy over flower, Woman who still want to marry)


Kim Ha Nul (Co-star in "ON AIR")


Kim Ji Hoon (Star falling from the sky)


Kim Min Jeong


Lee Byung Hun (All in, IRIS)


Oh Ji Ho (fantasy Couple, Get Kurl, Oh song Joon)


Park Han Byul (Oh My lady)



SE7EN (K-pop idol and Goong 2 lead actor)

Park Ki Woog (A Man's Story Co-star)



Won Bin (Autumn's tale)

Yoon Eun Hye ( Princess Hour, Coffee Prince, My fair lady, currently co-star with Park in upcoming drama "Love song")