Wednesday, December 22, 2010

ပရိတ်သတ်ကို ဦးစားပေးတဲ့ မင်းသား Song Joong Ki


Song Joong Ki စကာင်္ပူမှာနေသွားတဲ့ ဟိုတယ်က Ritz Carlton မှာပါ... ဂျန်ဂမ်ဆပ်တုန်းကလဲ အဲဒိမှာပါပဲ... သူ့ကို ဟိုတယ်ထိ လိုက်ပြီး stalk လုပ်နိုင်တဲ့ ကောင်မလေးတွေကို သူက လက်မှတ် ထိုးပေးမယ်ဆိုပြီး စပြောတဲ့ ဗွီဒီယိုလေးကိုကြည့်ရတော့ သူ့ကို အတော်လေး ပိုပြီးသဘောကျသွားပါတယ်... တခြားမင်းသား ဘယ်မင်းသားလာလာ fan sign Event အတွက်လာတဲ့ မင်းသားတွေက တော်ရုံတန်ရုံ လက်မှတ်ကို အလကားမထိုးပေးပါဘူး... သူကတော့ လာလာ လက်မှတ်ထိုးပေးမယ်ဆိုပြီး fan girls တွေနားကပ်လာတာတွေ့ရပါတယ်... သူ့ဘေးက မိန်းမကြီးက ဗွီဒီယို မရိုက်ရဘူးလို့ ရိုက်နေတဲ့ ကောင်မလေးကို လာပြောလို့ ဗွီဒီယိုက အဲဒိအထိပဲပါပင်မဲ့... မဗေဒါအတွက်တော့ ဘာဆက်ဖြစ်မလဲဆိုတာကို စိတ်ကူးဖော်ကြည့်တော့ ကောင်မလေးတွေ သူ့နားကို အနီးကပ်ကပ်ခွင့်ရပြီး သူ့လက်မှတ်ကို အလကားရလိုက်မှာပါ... သူနဲ့တောင် စကားတွေပြောဖို့ အခွင့်ရရင်ရကြမှာပါ... ဟိုတယ်မသွားလိုက်တာ နာတယ်ကွာလို့ ဖြစ်မိပင်မဲ့လဲ... သူဘယ်အချိန် ဟိုတယ်ထဲက ထွက်လာမယ်မှန်းမသိ... ဘယ်အပေါက်က ထွက်မယ်မှန်းမသိပဲ အပင်ပန်းဆင်းရဲခံပြီးသွားစောင့်ဖို့ဆိုတဲ့အထိတော့ မဗေဒါ မလုပ်နိုင်ပါဘူး... ဒီတော့လဲ အဲလို လုပ်နိုင်တဲ့ မိန်းကလေးတွေ ရသင့်ပါတယ်လို့ ထင်မိပါတယ်... ဗွီဒီယိုလေးက ဒီမှာပါ...



ဒါတင်မကသေးပါဘူး... လေဆိပ်မှာတုန်းကလဲ သူ့ကို လက်လှမ်းပေးတဲ့ မိန်းကလေးတော်တော်များများကို သူမြင်ရင် လက်ဆွဲနှုတ်ဆက်တယ်လို့ သိရပါတယ်... မဗေဒါက လက်လှမ်းမပေးရဲတော့ အကြည့်လေးနဲ့ပဲ ကျေနပ်နေရတော့တာပေါ့...

သူခုလို ဖော်ရွေပြီး fan service တွေ အရမ်းကောင်းတာ သူက ကိုရီးယားမှာ ခေါင်းဆောင်မင်းသား ဖြစ်ရလောက်အောင် နာမည်မကြီးသေးတာကြောင့်လား... ဒါမှမဟုတ် ဒီဇင်ဘာ ၁၅ရက်နေ့က ပြုလုပ်တဲ့ Melon music award ပွဲမှာ သူ အမှားတွေလုပ်မိ ပြောမိလို့ ဝေဖန်ခံထားရလို့ ခုချိန်မှာ ပရိတ်သတ်ကို အရမ်းအလေးထားနေတာလား... ဒီလိုမှ မဟုတ်ပဲ သူ့ရဲ့ နဂိုအရင်းခံကိုက fan တွေနဲ့ နီးစပ်ချင် သိချင် ဦးစားပေးချင်တာလား... သူကိုယ်တိုင်ကိုက အားနာတတ် ဟိတ်ဟန်နဲ့ မနေချင်တဲ့ မင်းသားမို့လို့လား...

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မစိတ်ထဲမှာတော့ သူဟာ အားနာတတ် ရှက်တတ် ပရိတ်သတ်တွေကိုလဲ အလေးထားရင်းနှီးချင်တဲ့ မင်းသားတလက်လို့မြင်ပါတယ်... နဂိုအရင်းခံစိတ်ကိုက ဒီလိုဖြစ်နေလို့ ပရိတ်သတ်တစ်ယောက်က လက်လှမ်းပေးရင် မနေနိုင်ဘူး ပြန်လက်ပေးပြီး နှုတ်ဆက်တတ်တာ... ပရိတ်သတ်တော်တော်များများကို သူ့မျက်လုံးနဲ့လိုက်ကြည့်တာ... မနေ့က Youtube မှာ မွှေရင်းနဲ့တောင် သူ့ fan sign နေ့က စင်နားက ကောင်မလေးရိုက်ထားတဲ့ ဗွီဒီယိုကို ကြည့်ဖြစ်သေးတယ်... အဲဒိမှာလဲ မင်းသားက စင်ပေါ်ကနေ သူ့ကင်မရာကို လှမ်းကြည့်တာကို တွေ့တယ်... ကျွန်မအမြင်အရလဲ Song Joong Ki ဟာ စင်ပေါ်ကနေ သူ့ပရိတ်သတ်တွေကို သေသေချာချာ (ဖြစ်နိုင်ရင် တစ်ယောက်ချင်း) အလေးထားပြီး လိုက်ကြည့်နေတယ်လို့ ခံစားရတယ်... ပြီးတော့ သူ့ကို Gu Yong Ha လိုပုံမျိုးလုပ်ပြီး နှုတ်ဆက်တဲ့ ခပ်၀၀မိန်းကလေးကို သဘောတွေကျပြီး သူရီလိုက်တာ ထိုင်ခုန်ကိုတောင် ဆောင့်ပြီး မင်းသားဟန်မျိုးမဟုတ်ပဲ သာမာန်လူတစ်ယောက်က သူငယ်ချင်းတွေ့လို့ သဘောကျပြီးရယ်တဲ့ပုံစံမျိုးလေးကိုလဲ ကျွန်မမျက်လုံးထဲကကို မထွက်ပါဘူး...
 

အဲဒိ Tony Moly Singapore outlet ရဲ့ မန်နေဂျာ မိန်းမ Calle Teng ကိုယ်တိုင်ကလဲ မင်းသားကို အတော်လေး ကြိုက်ပုံရပါတယ်... လေဆိပ်မှာတုန်းကတောင် မစောင့်နိုင်ပဲ လူတွေကြားထဲ ဓာတ်ပုံတွဲရိုက်တယ်... ပြီးတော့ စင်ပေါ်ကိုလဲ ကလေးတွေခေါ်လာပြီး ပန်းဆီးပေးခိုင်းတုန်းကလဲ တစ်ခါတက်တယ်... ပြီးတော့ Fan Sign ပွဲအပြီးမှာလဲ ကလေးတွေနဲ့ သူနဲ့ Song Joong Ki နဲ့ အတူတူ ဓာတ်ပုံတွဲရိုက်သေးတယ်ဆိုပဲ... (ဘာလဲ မိသားစုဓာတ်ပုံ ရိုက်တဲ့ သဘောလား) သူ့အခွင့်အရေးကို ကြည့်နေတဲ့ အောက်ကမိန်းကလေးတွေ အားကျအောင် မဏ္ဍပ်တိုင် တက်ပြနေသလိုပါပဲ...

ဒါပေမဲ့လဲ Song Joong Ki ကို သူခေါ်တဲ့အတွက် သူ့တောင် ကျေးဇူးတင်ရပါအုံးမယ်... (စိတ်ထဲကပြောတာကတော့... ကျေးဇူးတင်တာတော့ တင်တာပဲ... ဒါပေမဲ့လဲ လူတွေရှေ့တော့ အနေထိုင် နည်းနည်းဆင်ခြင်သင့်တယ် မဏ္ဍပ်တိုင်တက်ပြီးကြွားစရာမလိုဘူးလေ... သူခေါ်ထားတာပဲ တခြားအချိန် ပရိတ်သတ်တွေ ကြည့်မနေတဲ့အချိန်မှာ ရိုက်လို့မရဘူးလား... Press Conference မှာလဲ သူပဲ မင်းသားဘေးထိုင်ပြီးဖြေနေတာပဲ အဲဒိမှာလဲ ဓာတ်ပုံတွေရှိတာပဲ... ဟင်း... J ၀င်တာ အပြစ်လား...) 




အင်တာဗျူးမှာလဲ မင်းသားက သူနောက်ထပ် စကာင်္ပူကိုလာအုံးမယ်ဖြစ်ကြောင်းပြောတဲ့အပြင်... မန်နေဂျာမိန်းမကလဲ စကာင်္ပူမှာ နောက်ထပ် Tony Moly ဆိုင်ခွဲပေါင်း ၁၂ ဆိုင်ထပ်ဖွင့်အုံးမယ်ဖြစ်ကြောင်းပြောပါတယ်...

8flo Lifestyle က သတင်းထောက်က သူ့ကို စကာင်္ပူက skin care သုံးရမှာ အပျင်းကြီးတဲ့ ယောကျာင်္းလေးတွေကို ဘယ်လိုများ အကြံပေးချင်းလဲလို့မေးတော့...
သူ့ရဲ့ megawatt smile နဲ့ တစ်ချက် ပြုံးလိုက်ပြီး စကာင်္ပူလို ပူအိုက် စွတ်စိုတဲ့ ရာသီဥတုအတွက်ဆိုရင် သူကတော့ Sun Protection နဲ့ sebum-control က အရေးကြီးကြောင်း ပြောပါတယ်... သူကိုယ်တိုင်လဲ တခြားယောကျာင်္းလေးတွေလိုပဲ သူ့ကိုယ်သူ အလှအပအတွက် အချိန်အရမ်းမသုံးကြောင်း... ဒါပေမဲ့လဲ သူဟာ သရုပ်ဆောင်ဖြစ်တာတစ်ကြောင်း Tony Moly ရဲ့ ကိုယ်စားပြုဖြစ်တာတစ်ကြောင်းကြောင့် ဒီ skin care နဲ့ ပတ်သတ်တာတွေဟာ သူ့ဘ၀ရဲ့ တစိတ်တပိုင်းအဖြစ် ပါနေမှာဖြစ်ကြောင်းပြောပါတယ်...

ပြီးတော့ ဘယ် အင်တာဗျူးမှာလဲမသိဘူး သူပြောတာကတော့ သူကိုယ်တိုင်တောင် လေဆိပ်ဆင်းမဲ့နေက သူ့ အသားအရည်နဲ့ ပတ်သတ်တာ mask အုပ်တာတို့ မိတ်ကပ်လိမ်းလာတာတို့ ဘာတစ်ခုမှ မလုပ်ခဲ့တာ နောင်တရကြောင်း... ပရိတ်သတ်တွေ အဲလောက် အများကြီးလာကြိုမယ်မှန်း သိရင် သူ့ပုံစံကို ဒိထက် ပိုဂရုစိုက်ခဲ့သင့်ကြောင်း ဟာသနှောကာပြောသွားပါသေးတယ်တဲ့... (ဘာမှ မလိမ်းလာတာတောင် အသားအရည်က ကလေးလေးတွေလို နုဖတ်ချောမွတ်နေတာ... လိမ်းလာရင်တော့ ကော်ပတ်ရုပ်လေးလိုဖြစ်သွားမယ်ထင်တယ်...)





မဗေဒါအထင်တော့ သူ့အသားအရည်လှတဲ့ အချက် ၁ချက်ထဲမှာ ရေအများကြီးသောက်တာများပါမလားမသိဘူး... သူ့ကို သတိထားမိသလောက် ရေပဲ သောက်နေသလိုပဲ... interview လုပ်တုန်းကလဲ ရေသောက်တယ်... Tony Moly ဆိုင်ထဲမှာတုန်းကလဲ ရေပဲသောက်နေတယ်... fan Sign စင်ပေါ်မှာတုန်းကလဲ မသောက်ဘူးဆိုရင်တောင် အနည်းဆုံး ၅ခါလောက်သောက်တယ်.... (အင်း.... မဗေဒါလဲ ရေသောက်နည်းတဲ့အကျင့်ပြင်မှ... ခိခိ...)

ကျွန်မအထင် သူက ကိုရီးယားမှာ တခြားသူတွေနဲ့ ယှဉ်ရင် (SungKyunKwan Scandal မထွက်ခင်အထိ)ဒီလောက်ကြီး နာမည်ကြီးသေးတဲ့ မင်းသားမဟုတ်သေးတော့ စကာင်္ပူလို တခြားနိုင်ငံကသူတွေက သူ့ကို အရမ်းအားပေးတဲ့အခါမှာ တော်တော်လေး အားတက်ပြီး ကျေးဇူးတင်ပုံလဲရတယ်... အဲဒါကြောင့် သူ့ဘက်ကလဲ တတ်နိုင်သလောက် ပြန်ကောင်းပေးချင်တယ်... Fan service တတ်နိုင်သလောက်ပြန်ပေးချင်တဲ့ ပုံစံမျိုးဖြစ်မယ်ထင်တယ်... Facebook က သူ့ Fanclub လိုအကောင့်မှာ တင်ထားတဲ့ ဗွီဒီယိုလေးတစ်ခုကိုကြည့်ပြီး သူ့ကို သနားလဲသနား ပိုလဲ သဘောကျသွားတယ်... အဲဒိဗွီဒီယိုကြည့်ပြီး သူဒီအဆင့်ထိရောက်လာဖို့အတွက် သူလဲ အတော်လေးရုံးကန်ခဲ့ရမှာပဲလို့ ကျွန်မတွေးမိတယ်... 




အစီအစဉ်အရ SHINee အဖွဲ့ထဲက member Choi Min Ho နဲ့ သူနဲ့က စကားပြိုင်ပြောပြီး တစ်ယောက်မလုပ်ဖူးတာကို နောက်တစ်ယောက်က ကြွားပြောရတဲ့ ကစားနည်းပြိုင်ကြတယ်... အဲဒိထဲမှာမှ Rating များများရတဲ့သူက နိုင်တယ်... SHINee ဆိုတာက လတ်တလောမှာ အရမ်းရေပန်းစားပြီး နာမည်ကြီးနေတဲ့ အဖွဲ့ဆိုတော့ Song Joong Ki ဘက်က အရှုံးချည်းပဲပေါ့... အမေရိကားကို လေယာဉ်အကောင်းစားကြီး စီးပြီးသွားဖူးလားလို့ မေးတော့... သူက မသွားဖူးဘူး... မင်ဟိုက သွားဖူးတယ်... ပရိတ်သတ် အယောက် ၁၀၀၀၀ ရှေ့မှာဖျော်ဖြေဖူးလားတို့ဘာတို့မေးတော့... သူက မလုပ်ဖူးဘူး... (အဆိုတော်နဲ့ မင်းသားမှာ... ရုပ်ရှင်တွေကို လူတွေက ကြည့်ကြတယ်ဆိုပေမဲ့ မင်းသားတွေအတွက်က ပရိတ်သတ် ၁၀၀၀၀ ရှေ့မှာ ဖျော်ဖြေဆိုတာ သိပ်မဖြစ်နိုင်ဘူးလေ...) အဲဒိမှာ သူဖြစ်နေတဲ့ မျက်နှာလေးက သနားဖို့အရမ်းကောင်းတာပဲ... (သူက တမင် သနားစရာရုပ်လုပ်ပြီး စနေတာလဲဖြစ်မှာပါ...) ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ သူ့ကို သနားလဲသနား သဘောလဲကျနေတာ...

သူပြန်ပြီးကြွားတဲ့ စကားတွေက အရမ်းရီရသလို သူဖြတ်သန်းခဲ့တဲ့ အနုပညာလမ်းဟာလဲ ခက်ခဲတယ်ဆိုတာ သိသာပါတယ်... ယခုရောက်နေတဲ့ နေရာကို သူလွယ်လွယ်နဲ့ရောက်ခဲ့တာမဟုတ်ပါဘူးလို့ ကျွန်မတွေးမိတယ်... ဘာလို့လဲဆိုတော့ သူပြန်ကြွားတာတွေက ဂုဏ်ယူစရာလို့ အများက မသတ်မှတ်တဲ့ အရာလေးတွေပါ... ကြွားစရာမရှိလို့ သူ့ပြိုင်ဘက်မလုပ်ဘူးရင်ပြီးရောဆိုပြီး ရှိတာလေး ထုတ်ကြွားရတဲ့ပုံမျိုးပါ...
သူပြန်မေးတာက... "မင်းသမီးမဟုတ်ပဲ ခွေးနဲ့ သရုပ်ဆောင်ဖူးလား" တဲ့... အဲဒါကလဲ လက်ခံနိုင်ပါသေးတယ်... နောက်မေးခွန်းကတော့ "ခွေးရတဲ့ သရုပ်ဆောင်ခထက်နည်းတဲ့ သရုပ်ဆောင်ခ ရဖူးလား" တဲ့... အဲလိုပြောလိုက်တော့ တဖက်က ပြိုင်ဖက် မင်ဟိုတောင် ရီကလည်းရီ သူ့ကိုလည်း ဖြစ်မှဖြစ်ရလေဆိုပြီး အားပေးတဲ့အနေနဲ့ ဖက်လိုက်ပါသေးတယ်... ဒါပေမဲ့ နောက်ဆုံးသူအနိုင်ရသွားတဲ့ မေးခွန်းလေးတစ်ခုကတော့ "မင်းရှာသမျှ ၀င်ငွေကို မင်းတစ်ယောက်ထဲ ရဖူးလား" လို့မေးလိုက်တာမှာ အားလုံးက သဘောကျပြီး Rating အများဆုံးရကာ သူအနိုင်ရသွားပါတယ်.... အဲဒိ အဓိပ္ပါယ်ကဘာလဲဆိုရင် (နားမလည်သူများအတွက်သာ) SHINee အဖွဲ့ထဲက ချွဲမင်ဟိုဟာ ဘယ်လောက် နာမည်ကြီးကြီး အဖွဲ့လိုက်ဖြစ်တဲ့အတွက် ဘယ်အတွက်မဆို ၅ နဲ့စားပြီး ဝေပုံကျယူရပါတယ်... ဒါပေမဲ့ Song Joong Ki လို တစ်ယောက်တည်းသမား သရုပ်ဆောင်လိုင်းဖက်ကလူကတော့ သူရတဲ့လခနည်းချင်နည်းမယ်... ဒါပေမဲ့ ဘယ်သူနဲ့မှ ဝေမျှစရာမလိုပါဘူး... တဖက်ကလူက ဘယ်လောက်ပဲ နာမည်ကြီးကြီး ရှာသမျှပိုက်ဆံဟာ အဖွဲ့လိုက်ဝေစားနေရတယ်ဆိုတာကိုတော့ ငြင်းလို့မရခဲ့ပါဘူး... ကိုရီးယားမှာ Verity show တွေ အများကြီးရှိပါတယ်... ဒီအစီအစဉ်က ဘယ်ရှိုးကဟာကို ဖြတ်ထားတာလဲမသိပါဘူး...



Song Joong Ki ကိုယ်တိုင် host လုပ်တဲ့ Verities show ကတော့ Running Man လို့ အမည်ရပါတယ်... ဘယ်မှာကြည့်လို့ရလဲဆိုတာကိုတော့ သူငယ်ချင်းတစ်ယောက်ကပြောပင်မဲ့ သွားမကြည့်မိသေးတဲ့အတွက် မသိသေးပါဘူး... (သိတဲ့သူများ ပြောပြသွားလို့ရပါတယ်...)... သူဟာ ရုပ်ရှင် ဇာတ်လမ်းတွဲ တော်တော်များများမှာလဲ ဇာတ်ပို့အဖြစ် သရုပ်ဆောင်ဖူးပါတယ်... ဟိုတစ်လောက SungKyunKwan Scandal ပြီးသွားတုန်းကတောင် သူ့ကား သားဖွားမီးယပ်ဆေးရုံက ဆရာဝန်တွေဇာတ်လမ်းမျိုးကြည့်လိုက်ပါသေးတယ်.... တ၀က်နဲ့ ခရီးထွက်ဖြစ်သွားလို့ မဆက်ဖြစ်သေးပါဘူး... အဲဒိမှာလဲ သူက ဆေးရုံကဆရာဝန်တစ်ယောက်အနေနဲ့ ဇာတ်ပို့အနေနဲ့ပဲ ပါဝင်ခဲ့တာပါ... သူ့မှာ အထင်ကရ အဓိကသရုပ်ဆောင် (ဒါတောင် ဒုတိယမင်းသားတောင်မဟုတ်သေးဘူးနော်..) ပါဖူးတာဆိုလို့ SungKyunKwan က ပထမဆုံးပါပဲ... သူ့ကို အောင်မြင်သင့်သလောက် မအောင်မြင်တဲ့အတွက် ကျွန်မ ဘယ်သူ့ကို အပြစ်တင်ချင်နေမှန်းမသိပါဘူး... သူများတကာတွေဆို ဇာတ်ပို့ ၂ကားလောက်ရိုက် ဒုတိယမင်းသား ၂ကားလောက်ရိုက်... ပြီးတာနဲ့ ပထမမင်းသားဖြစ်ကြတာတွေများပါတယ်... သူက ဇာတ်ပို့နဲ့တင် တော်တော်လေး ကြာနေပါတယ်...


Song Joong Ki and Han Ye-Seul

ဒါပေမဲ့ အားလုံးအတွက် သတင်းကောင်းတစ်ခုရှိပါတယ်... သူ့လာမဲ့ ဇာတ်လမ်းသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ် ကမ်းလှမ်းချင်းခံထားရပါတယ်... မင်းသမီးချော Han Ye-seul နဲ့ အတူ သရုပ်ဆောင်ရမှာဖြစ်ပြီး လတ်တလောမှာ ကားနာမည်ကတော့ "Although I Was Born" or "Despite Being Born" လို့ ပေးဖို့ ယာထားပါတယ်... သူနဲ့ အဲဒိမင်းသမီးဟာ Will it snow for Christmas ဆိုတဲ့ ဇာတ်ကားမှာ မောင်နှမအဖြစ်သရုပ်ဆောင်ခဲ့ပြီး သူက အစ်ကို မင်းသမီးက ညီမအဖြစ် သရုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်... (အဲဒိကားကို ခေါင်းဆောင်မင်းသား သိပ်မကြိုက်လို့ မကြည့်ဖြစ်ပါဘူး... ခုတော့ အဲဒိကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့စာရင်းထဲမှာ ထည့်ထားလိုက်ပါပြီ... ဒါမှ သူ ခေါင်းဆောင်ဖြစ်တဲ့ ကားမှာ ချစ်သူလိုသရုပ်ဆောင်မှာနဲ့ Will it snow for Christmas မှာ မောင်နှမလိုသရုပ်ဆောင်ထားတာကို ယှဉ်ကြည့်ချင်လို့ပါ)... ဒါတင်မကပါဘူး... ခုလာမဲ့ ကားသစ်မှာ မင်းသားက သူ့ထက်အသက်ကြီးတဲ့ မိန်းကလေးကို ချစ်မိတဲ့ မမနဲ့ မောင်လေး ဇာတ်လမ်းပါ... ရှေ့ကားမှာ အစ်ကိုနဲ့ညီမ... ခုလာမဲ့ကားမှာ မမနဲ့ မောင်လေးပါ...(အပြင်မှာတော့ မင်းသမီးက မင်းသားထက် ၃နှစ်ကြီးပါတယ်)... စိတ်ဝင်စားစရာမကောင်းဘူးလား... ကျွန်မက သူ့ကို စကာင်္ပူမလာခင် SungKyunKwan Scandal ကြည့်ကတည်းက ခေါင်းဆောင်မင်းသားလုပ်တဲ့ကားများရှိမလားဆိုပြီး လိုက်ရှာခဲ့ပင်မဲ့ မရှိလို့ စိတ်ပျက်ခဲ့ရတာပါ... ခုလိုမျိုး သူအောင်မြင်လာတာတွေ့ရတော့ ၀မ်းသာပါတယ်...

5 comments :

SZA said...

I found another website. U can watch running man here..
he is so shy in running man too..

http://www.kshownow.net/search/label/Runningman

နွေးနေခြည် said...

အသားအရေလှတာ ရေသောက်လို့ ဖြစ်မယ်။ သူရေသိပ်သောက်တာ သတိထားမိတယ်။ ဘာပဲဖြစ်ဖြစ် လေယာဉ်ကွင်းမှာ သူ့ရဲ့ natural beauty လေး မြင်လိုက်ရတာ တန်သွားတာပဲ ... ဟဲဟဲး)

ဒီမှာရောက်နေတဲ့အချိန်က သူ့ဗွီဒီယိုတွေ လက်လှမ်းမှီသလောက် ကြည့်ပြီးပြီ။ သူအင်္ဂလိပ်လိုနားလည်တယ်။ ပြန်ပြောဖို့တော့ အားနည်ပုံရတယ် JKS လိုတော့ ပြန်မပြောနိုင်ဘူး။ ဒါပေမယ့် သူတတ်သလောက် တရုတ်လိုရော အင်္ဂလိပ်လိုရော ပြန်ပြောတာကို သိပ်သဘောကျတာပဲ။ မှားတာ မှန်တာ အပထား ကြိုးစားပြီး အလေးထားဆက်ဆံတယ်လို့ ထင်တယ်။ လီမင်ဟိုကတော့ ခေါင်းဆောင်မင်းသား နာမည်ကြီး ဖြစ်ပေမယ့် အဲ့လိုမဟုတ်ဘူး (ကြည့်ဖူးသလောက်ပေါ့လေ) သူ့တာဝန် သူကျေအောင်သူလုပ်တယ်။ အပို service လေးဘာလေး ပေးတာမျိုး မလုပ်ဘူး (သူ့ fan တွေ ဝိုင်းရိုက်တာတော့ ခံရတော့မှာပဲ :P )

shin said...

သူ့ပုံစံကြည့်ရတာ မင်းသားနဲ့မတူဘဲ သာမန်အရပ်သားချောချောလေးလိုပဲ။ ငါမင်းသားဆိုတဲ့ မာနကြီးတဲ့ပုံစံမျိုးလုံးဝမတွေ့ရတဲ့အပြင် လူတွေကိုအရမ်းအားနာနေတဲ့ပုံပေါက်နေတယ်။ သူရှက်ရှက်နေတဲ့ပုံစံလေးကလဲ အရမ်းချစ်ဖို့ကောင်းတာပဲ။ Share ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

ဖတ်လို့သိပ်ကောင်းတယ်။ သိချင်တဲ့အင်ဖိုတွေ အကုန်ပါနေတော့တာပဲ။ သူတို့ စကားရည်လုတာကလည်း သဘောကျစရာပဲ။
း)
ကျေးဇူး again =P

Mandyy Hlaing said...

အပေါ်မှာRunning Man လင့်ပေးထားတဲ့ ToMMyGiRL ကျေးဇူးပါပဲ။ မန်ဒီက Running Man ကို http://isubs-squad.com/forum/index.php ကနေကြည့်နေကျ။ ဒါပေမဲ့ တချို့ ep တွေဘာသာမပြန်ရသေးတာရှိတယ်။ ခု အဲဒီမှာရှိပြီးသာ ep အားလုံးကြည့်ပြီးသွားပြီ။ အမှန်အတိုင်းပြောရရင် Running Man အရင်ကြည့်ပြီးမှ SungKyunKwan Scandal ကြည့်တာ။ SungKyunKwan ကိုအပိုင်း၁ စစထွက်ခြင်းကထဲက အပတ်စဉ်လိုက်စောင့်ပြီးကြည့်တာ။ Joong Ki ကို Running Man ကြည့်နေတုန်းက သတိမထားမိဘူး။ SungKyunKwan ကြည့်ပြီးတော့မှ သူ့ကိုကြိုက်သွားပြီး သူ့အကြောင်းရှာကြည့်တော့မှ Running Man ထဲမှာပါပါလား ဆိုပြီး နောက် ep တွေသေချာသတိထားမိပြီး သူ့ကိုအားပေးမိနေတယ်။ ခုဆို သူမှသူပေါ့ကွယ် :P. မဗေဒါ ကောင်းတယ်ပြောတဲ့ Secret Garden ကကြည့်ရသေးဘူး။ အားလုံးပြီးတော့မှ ကြည့်မလားလို့ :)