Friday, March 16, 2012

အကြိုက်ဆုံး ဇာတ်လမ်းတွဲ စုံတွဲများ...

ဇာတ်လမ်းတွဲတွေအကြောင်း မပြောတာကြာတော့ ခုတစ်လော သိပ်ကိုပြောချင်လာပါတယ်… ဘယ်လောက်တောင်ပြောချင်လာလဲဆိုရင် အလုပ်တွေ ကျောင်းစာတွေများတဲ့အထဲကတောင် အဲဒိအကြောင်းတွေပဲတွေးပြီး စိတ်ထဲ ဘလော့ရေးဖြစ်နေတယ်… (အမှန်တော့ ကျောင်းက Quiz တွေတန်းစီနေလို့ ကျောင်းသားထုံးစံအတိုင်း စာကလွဲလို့ ကျန်တာအကုန်လုပ်ချင်နေတာပါ)…
မဗေဒါလို ဇာတ်လမ်းတွဲ ပရိတ်သတ်တွေမှာ အကြိုက်ဆုံး စုံတွဲဇာတ်ကောင်နဲ့ အဲဒိဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးရဲ့ လိုက်ဖက်မှုပေါ်မူတည်ပြီး ရင်ထဲ အသဲထဲ လှိုက်ဖိုရင်ခုန်ကြည်နူးရတာမျိုး ခံစားရတာရှိလား… တနည်းအားဖြင့် ကိုယ့်ရည်းစားနဲ့ ပျော်ခဲ့တဲ့ အကြောင်းလေးတွေ ပြန်တွေးပြီး ကြည်နူးရတဲ့ ခံစားမှုမျိုးပေါ့… ပြီးတော့ ဘယ်နှစ်ခေါက်ပဲ ပြန်ကြည့် ပြန်ကြည့် အဲဒိ ဇာတ်ကောင်စုံတွဲနဲ့ သရုပ်ဆောင်တွေကို မရိုးတမ်း ကြည့်နိုင်တဲ့ ဇာတ်ကောင်စုံတွဲရှိလား…
မဗေဒါမှာတော့ ရှိတယ်… ကြည့်ဖူးသမျှ နိုင်ငံပေါင်းစုံက ဇာတ်လမ်းတွဲတွေထဲမှာ သူတို့အကြောင်းစဉ်းစားလိုက်တိုင်းဖြစ်စေ အဲဒိဇာတ်ကားကို အကြိမ်ကြိမ်ပြန်ကြည့်လို့ပဲဖြစ်စေ မဗေဒါကို သူတို့နဲ့ထပ်တူ ကြည်နူးရင်ခုန်စေတဲ့ စုံတွဲဇာတ်ကောင်တွေအကြောင်းကို မျှဝေပါရစေ…
ခုပြောမဲ့အကြောင်းက ဇာတ်ကောင်စရိုက်နော်… စာရေးဆရာ ဖန်တီးထားတဲ့ ဇာတ်ကောင်စရိုက်တွေက သိပ်လိုက်ဖက်လွန်းတာရော… ပြီးတော့ အဲဒိဇာတ်ကောင် စရိုက်ကို သရုပ်ဆောင်တဲ့မင်းသား မင်းသမီး ၂ယောက်နဲ့ အဲဒိ ဇာတ်ကောင်နဲ့ သိပ်လိုက်ဖက်တာရော ၂မျိုးလုံး ပြည့်စုံတာကိုပြောတာ… (မင်းသား မင်းသမီးတူတူပဲ ဒါပေမဲ့ တခြားကားမှာ တခြားဇာတ်ကောင်စရိုက်နဲ့ဆို သူတို့စုံတွဲကို ကြိုက်ချင်မှ ကြိုက်မယ်… ဒါကိုဆိုလိုတာ)….

ပထမဆုံး ထိုင်ဝမ်ဇာတ်လမ်းတွဲတွေကနေ စပြောမယ်…


မှတ်ချက်။ ။ ထိုင်ဝမ်းကားတွေရိုက်တဲ့ စတိုင်က ကိုရီးယားနဲ့ကွာတာတွေရှိတယ်… မလိုအပ်တဲ့ ပေါတောတော ဇာတ်ပို့ဇာတ်ရံအခန်းတွေအရမ်းများတယ်… Very cheesy ဖြစ်တဲ့ ဇာတ်ညွန်းစကားလုံးတွေ အသုံးများတယ်… အဲဒါတွေကို ဖယ်ပြီး ဇာတ်ကောင်စရိုက်နဲ့ သရုပ်ဆောင် မင်းသားမင်းသမီးရဲ့ လိုက်ဖက်မှုကိုပဲပြောချင်တာဖြစ်တယ်…

It started with a Kiss
(Jiang Zhi Shu and Yuan Xiang Qin)

အဲဒိကားကို ဂျပန် Version ရော ကိုရီးယား Version ရော ထိုင်ဝမ် Version ရောကြည့်ပြီးပြီ… ဒါပေမဲ့ ထိုင်ဝမ်က မင်းသားနဲ့ မင်းသမီးသရုပ်ဆောင်ထားတာကို ပြန်ကြည့်တိုင်း သဘောကျလို့ မျက်နှာက ပြုံးဖြီးနေမိတယ်… ဇာတ်ကောင်စရိုက်က မင်းသားက ဉာဏ်အရမ်းကောင်းပြီး ထူးချွန်တဲ့ ထိပ်ဆုံးတမ်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်… မင်းသမီးက စာနဲ့ပတ်သတ်လာရင် ဉာဏ်တုံးပြီး ဘိတ်ချီးတန်းက… သူစိတ်ဝင်စားတာဆိုလို့ မင်းသားပဲရှိတယ်… ဉာဏ်ရည်ချင်းကလဲ ကွာဟ… ဘာအရည်အချင်းမှလဲ မရှိ… ရုပ်ရည်ကလဲ သာမာန်မိန်းကလေး… ပြောရမယ်ဆိုရင် သူလုပ်လိုက်သမျှ အရာရာနဲ့ အကြောင်းကြောင်း… ဒါတောင် မတန်မရာ သူက ထိပ်ဆုံးတန်းက ကျောင်းသားကို သွားချစ်မိလို့ ရည်းစားစာပေးတယ်… ဒါပေမဲ့ သူမရဲ့ မလျော့သောဇွဲလုံ့လနဲ့ အချစ်ကြီးမားမှုကြောင့် နောက်ဆုံးမှာ သူမချစ်တဲ့သိပ်အလှမ်းကွာတဲ့သူရဲ့အချစ်ကိုရခဲ့တယ်…

ကောင်လေးဘက်ကကြည့်တော့လဲ… သူ့ဘဝမှာ ဘယ်အရာမဆို လွယ်လွယ်နဲ့ရတတ်လွန်းလို့ ဘဝကြီးမှာနေရတာ အဓိပ္ပါယ်မဲ့နေသလိုဖြစ်နေတယ်… ပထမတော့ အေးအေးဆေးဆေးနေရတာကြိုက်တဲ့ သူက အဲဒိမိန်းကလေးကို အရှုပ်လို့ထင်ခဲ့တယ်… ဒါပေမဲ့ နောက်ပိုင်းကျတော့ ဒီမိန်းကလေးကြောင့် သူ့ဘဝစိုပြေလာတယ်… သူ့ဟာသူဆို ဘာပြဿနာမှမရှိတဲ့သူက အဲဒိမိန်းကလေးလုပ်တဲ့ပြဿနာတွေ လိုက်ရှင်းနေရတာနဲ့ အလုပ်တစ်ခုပိုလာတယ်… ဉာဏ်တုံးတဲ့လူတွေရဲ့ ရှုထောင့်ကို သူနားလည်ပေးတတ်လာတယ်… နောက်ဆုံးသူ့အတွက် ဘေးမှာ ပြဿနာတွေလုပ်နေမဲ့ မိန်းကလေးမရှိမှာ စိုးရိမ်လာတယ်… အဲဒိမိန်းကလေး ဒုက္ခရောက်မှာ သူစိတ်ပူလာတယ်… ဒီလိုနဲ့ ဒီမိန်ကလေးဟာ သူ့အတွက်မရှိမဖြစ်လိုအပ်လာတယ်…

သူတို့၂ယောက်ရဲ့ Character ကို တည်ဆောက်ပုံမှာ အရမ်း Chemistry ရှိတယ်… အစပိုင်းမှာ မင်းသမီးကို အရမ်း Annoying ဖြစ်စရာကောင်းလို့ အမြင်ကပ်ပင်မဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့နားလည်ပေးလာနိုင်တယ်… အပေါ်က မှတ်ချက်မှာပြောခဲ့တဲ့အတိုင်း နားလည်မှုရှိဖို့လိုတယ်… ဘယ်လိုပဲဖြစ်ဖြစ် အဲဒိဇာတ်ကောင် နေရာမှာသရုပ်ဆောင်တဲ့ မင်းသား Joe Cheng ဟာ အရမ်းကြီး Act Cool လုပ်ပြနေစရာမလိုပဲ သဘာဝကျကျ Cool ဖြစ်နေတယ်… မင်းသမီးကို မသိမသာနဲ့ ချစ်တယ်လို့ သရုပ်ဆောင်ပြတဲ့နေရာမှာလဲ ပီပြင်တယ်… သူ့လိုခပ်အေးအေး ပုံစံမျိုးနဲ့ နောက်ဆုံးမင်းသမီးကို ချစ်သွားတဲ့အခါမှာ သရုပ်ဆောင်တဲ့ မျက်နှာအနေအထားတွေက သူနဲ့ ဒီဇာတ်ကောင်နဲ့ကိုလုံးဝလိုက်ဖက်စေတယ်… မင်းသမီး Ariel Lin ရဲ့ သရုပ်ဆောင်အားကောင်းမှုကလဲ အဲဒိကားကြည့်နေတုံးက အဲဒိမင်းသမီး အပြင်မှာလဲ ငတုံးမပဲထင်တယ်လို့ တွေးမိတယ်… နောက်ပိုင်း သူမရဲ့ တခြားကားတွေကြည့်တော့မှ သူမဟာတကယ်သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးဆိုတာလက်ခံခဲ့တယ်… (တချို့ကတော့ ဒီကားမှာ မင်းသမီးက နည်းနည်းပိုတယ်လို့ထင်ကောင်းထင်မယ်… မဗေဒါအတွက်တော့ Okay တယ်)

ဒီဇာတ်ကောင်ရော သရုပ်ဆောင်တဲ့လူ၂ယောက်လုံးရဲ့ အံဝင်ခွင်ကျရှိမှုရောက ထိုင်ဝမ်ကလို့ထင်တယ်… သရုပ်ဆောင်တဲ့မင်းသား မင်းသမီးစုံတွဲကိုကြိုက်တာများလားဆိုပြီး… သူတို့၂ယောက်နောက်ထွက်တဲ့ Love and Bread ကိုကြည့်တော့ ISWAK လို မကြိုက်ဘူး…
အောက်က ဗွီဒီယိုလေးကြည့်သွားနော်… ဒီကားက ထွက်ထားတာကြာပြီ ဒါပေမဲ့ မကြည့်ရသေးရင်ကြည့်လိုက်နော်… အိမ်မှာခွေပိုင်တောင် ဝယ်ထားတယ်…




Meteor Garden
(Dao Ming Si and Shan Cai)

အကြိုက်ဆုံးဇာတ်ကောင်စုံတွဲအကြောင်းပြောရင် သူတို့အတွဲက မဗေဒါအတွက် မပါအဖြစ်ပါ… ဇာတ်လမ်းတွဲတွေကို တစ်ဆုတ်နစ်နစ် စတင်ကြည့်ဖြစ်ခဲ့တာ ဒီဇာတ်ကားကစပါတယ်… သူတို့အတွဲနဲ့ တစ်ဦးချင်းစီစရိုက်ကို ဒီပိုစ့်မှာ အသေးစိတ်တင်ထားပြီးပါပြီ… ဒီကားကိုလဲ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယား ၃နိုင်ငံလုံးက ရိုက်ကူးထုတ်ဝေထားပါတယ်… တော်တော်များများကတော့ ကိုရီးယားကရိုက်မှ ဒီကားကိုသိကြတာပါ… ဒီကားကို ဘယ်နိုင်ငံကထုတ်ထုတ် ပရိတ်သတ်အကြိုက်များခဲ့ပါတယ်… ဘာလို့လဲဆိုတော့ စာရေးသူဖန်တီးထားတဲ့ ဇာတ်ကောင်တွေက ပရိတ်သတ်တွေအတွက် နှစ်သက်ချင်စရာကောင်းနေလို့ပါပဲ… ဒီတော့ ဇာတ်ကောင်ကို ကြိုက်တာလား သရုပ်ဆောင်ကိုကြိုက်တာလားဆိုတာ ကွဲပြားစေချင်ပါတယ်… ဒါပေမဲ့ မဗေဒါအတွက်ကတော့ အဲဒိဇာတ်ကောင်စုံတွဲကို အရမ်းကြိုက်သလို အဲဒိနေရာမှာသရုပ်ဆောင်သွားတဲ့သူတွေထဲမှာ ထိုင်ဝမ်စုံတွဲ Jerry Yan နဲ့ Barbie Xu ကို အကြိုက်ဆုံးပါပဲ…

Jerry Yan က ကျန်တဲ့ ၂နိုင်ငံက မင်းသားတွေလောက် မချောပင်မဲ့ ဒီဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံးလို့ထင်တယ်… ဒီဇာတ်ကောင်က ပိုက်ဆံချမ်းသာပြီး ဘယ်သူမှ လူမထင်တဲ့ ခပ်ဆိုးဆိုး Character ၊ ပြီးတော့ အရပ်ရှည်တာ၊ ခန္ဓာကိုယ်ဖွံ့ထွားတာ၊ မိုက်ကမ်းကမ်းဖြစ်နေတာ အားလုံးက လိုက်ဖက်တယ်… အထူးသဖြင့် Jerry ရဲ့ မျက်လုံးတွေက အရမ်းစွဲဆောင်မှုရှိတယ်… ကျွန်မကြိုက်လွန်းလို့ ရူးသွပ်နေတဲ့အချိန်တုန်းက ကျွန်မအစ်မက မင်းသားရုပ်ဆိုးတယ်ဆိုပြီး စိတ်မဝင်စားဘူး… နောက်သူပြန်ကြည့်တော့မှ အဲဒိမင်းသားစွဲဆောင်မှုရှိတယ်ဆိုတာ လက်ခံသွားတယ်… မင်းသမီးလဲ ပြောစရာမရှိအောင်ကြိုက်တယ်… ဇာတ်ကောင်နဲ့ လိုက်ဖတ်တယ်… ထိုင်ဝမ်ကားကြည့်တိုင်း သူတို့အတွဲသရုပ်ဆောင်တာကိုမြင်တိုင်း ရင်ထဲမှာ သူတို့လိုပဲ လှိုက်ဖိုပြီး ရင်ခုန်တယ်… ကျန်တဲ့ ၂နိုင်ငံကရိုက်တာ အဲလိုမဖြစ်ဘူး…(Just personal opinion)…

ဒီဇာတ်ကောင်ကို ကြိုက်သလို… ဒီဇာတ်ကောင်ကို သရုပ်ဆောင်တဲ့အထဲမှာ သူတို့ ၂ယောက်က အသင့်တော်ဆုံးလို့ထင်တယ်… အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ ထိုင်ဝမ်ကားတင်ဆက်ပုံကိုတော့ နားလည်ပေးရမှာပေါ့နော်… ပြီးတော့ ထိုင်ဝမ်ကားက ၂၀၀၁ ခုနှစ်ကတည်းက ထွက်ထားတာဆိုတော့ ကျန်တဲ့ နိုင်ငံက ကားတွေထက်စာရင် သုံးတဲ့ပစ္စည်းနဲ့ ရုပ်ရှင် quality မကောင်းတာကိုလဲ နားလည်ပေးစေချင်တယ်... အဲဒိထဲက မင်းသမီး ခု အပြင်မှာ ယောကျာ်းယူသွားပြီး ဆက်မရိုက်တော့ဘူးဆိုတော့ စိတ်မကောင်းဘူး...



အကြိုက်ဆုံး ဂျပန်ဇာတ်လမ်းတွဲ ဇာတ်ကောင်စုံတွဲ
မှတ်ချက်။ ။ ဂျပန်ကားတွေကြည့်တဲ့အခါမှာလဲ အလွန်အကျွံ စိတ်ဓာတ်မြင့်မားစေတဲ့ စကားလုံးတွေပြောတာ၊ အုပ်စုလိုက်ပြေးကြလွှားကြတာ၊ တချို့နေရာတွေမှာ စကားပြောရင် ပိုပြီးအော်သလိုလို ပုံမှန်မဟုတ်တဲ့ပုံစံမျိုး စတိုင်လုပ်ပြောတတ်တာ၊ Anime character လိုမျိုးရိုက်ထားတဲ့အတွက် တစ်ခါတစ်ရံပေါတောတောဆန်ပြီး နားမလည်နိုင်တာမျိုးတွေရှိပါတယ်… ဒါတွေကို နားလည်ထားရပါမယ်..(တချို့လူတွေက ဂျပန်ကားကို အဲလိုမျိုးတွေကြောင့်မကြိုက်တာပါ… ဒါပေမဲ့ ဒါကလဲ သူတို့လူမျိုးရဲ့ Culture တစ်မျိုးလေ…)


Gokusan 1
 (Sawada Shin + Yamaguchi Kumiko)

ဒီစုံတွဲက တကယ်တော့ ချစ်သူရည်းစားမဖြစ်ခဲ့ကြပါဘူး… သူတို့က ဆရာမနဲ့ တပည့်ပါ… ဆရာမက သူ့တပည့်ကို လုံးဝစိတ်မဝင်စားသလို သူ့တပည့်က သူ့ကိုချစ်နေမှန်းလဲ ကားပြီးတဲ့အထိမသိသွားတာက ပရိတ်သတ်တွေကို အားမလိုအားမရဖြစ်ပြီး ခိုးလိုးခုလု ကလိကလိဖြစ်စေတာပါ… မဗေဒါအတွက်ကတော့ နောက်ဆက်တွဲကို ကိုယ့်ဘာသာကိုယ်ပုံဖော်ပြီး အတွေးထဲ ဇွတ်အတင်းသဘောတူနေတော့တာပါပဲ…
Shirokin လို့ခေါ်တဲ့ အထက်တန်းကျောင်းမှာ ဘယ်ဆရာမှ မနိုင်တဲ့ 3-D အတန်းကို အသစ်ပြောင်းလာတဲ့ ဆရာမ Yamaguchi Kumiko ကို အဲဒိအတန်းရဲ့ ကျောင်းသားခေါင်းဆောင် Sawada Shin က စမြင်ကတည်းက ဒီဆရာမဟာထူးခြားမှန်းသိလို့ စောင့်ကြည့်ခဲ့တာပါ…

သူတို့အတန်းသားတွေ ဆရာမကို မျိုးစုံအနိုင်ကျင့် နှိပ်စက် ခြောက်လှန့်ကြပင်မဲ့ ဘယ်လိုမှ မအောင်မြင်ခဲ့တဲ့ ထူးခြားတဲ့ ဒီဆရာမဟာနောက်ဆုံးမှာ အတန်းသားတွေအားလုံးဘက်ကရပ်တည်ပေးပြီး တပည့်တွေချစ်တဲ့ ဆရာမဖြစ်ခဲ့ပါတယ်… အထူးသဖြင့်တော့ တခြားသူတွေနဲ့ မတူတဲ့ အချစ်မျိုးနဲ့ ချစ်တဲ့ Shin ပေါ့… ဆရာမက တခြားဆရာတွေနဲ့ မတူဆို သူမရဲ့ လျှို့ဝှက်ချက်က သူမဟာ Yakuza ဂိုဏ်းချုပ်ရဲ့ မြေးဖြစ်ပြီး လူမိုက်တွေကတောင် လေးစားရတဲ့ ဆက်ခံသူလဲ ဖြစ်နေလို့ပါပဲ…
ဒီဇာတ်ကားမှာ Shin က ဆရာမကို ချစ်တယ်ဆိုတာကို မသိမသာလေးပဲပြခဲ့တာပါ… သူ့ဆရာမကို အိမ်ကပေးစားတဲ့သူနဲ့ သွားတွေ့တဲ့နေ့မှာ သူတို့တပည့်တွေ တပြုံကြီးဟိုဘက်စားပွဲကနေ လှမ်းနောက်နေတာ… ကျန်တဲ့ကျောင်းသားတွေက ပုံမှန်ပဲ ဆရာမကို နောက်နေတဲ့အချိန်မှာ… သူက ဆရာမကိုကြည့်ပြီး ပေးစားမဲ့ယောကျာၤးရှေ့မှာ တလွဲတွေလုပ်တာကို ရှက်လဲရှက် ဒါပေမဲ့ စိတ်ထဲမှာလဲ ဒီတွေ့ဆုံပွဲ မအောင်မြင်ဖို့ကို မျှော်လင့်နေတဲ့ပုံစံမျိုးလေးပြတာတို့… နောက်ပိုင်းမှာ ဆရာမကို အတိုက်အခံမျိုးစုံက ကျောင်းထွက်အောင်လုပ်တော့ တပည့်တွေအားလုံးထဲမှာ သူကအဆိုးဆုံးတားဆီးတာတို့… နောက်ဆုံးဆရာမအိမ်အထိတောင်လိုက်လာပြီး… သူ့ဆရာမရဲ့ လျှို့ဝှက်ချက်ကို ပထမဆုံးသိခဲ့တဲ့ တပည့်ဟာသူပဲပေါ့… ဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်း နောက်ဆုံးခန်းရောက်မှ ဆရာမကို ချစ်တဲ့စာရင်းထဲမှာ သူ့ကိုလဲ ထည့်လိုက်ဖို့ ကျန်တဲ့ Love rival တွေကိုပြောလိုက်တာကို ပရိတ်သတ်ကိုပြလိုက်တော့ ရင်ထဲပိုသေချာပြီး အောင့်သက်သက်နဲ့ပြီးသွားတယ်…

Shin နဲ့ သူတို့တပည့်တွေဆရာမကို ပေးထားတဲ့နာမည်ပြောင် Yankumi ဟာ ဆရာတပည့်ဆိုပေမဲ့ အသက် ၅နှစ်ပဲကွာတာပါ… Shin တို့ Batch က Yankumi ဆရာမပေါက်စ စစဖြစ်ချင်းသင်ရတဲ့ အတန်းပေါ့… ဆရာမက အသက် ၂၃နှစ်… Shin က အသက် ၁၈ နှစ်… ပြီးတော့ Shin နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Matsumoto Jun ကို အဲဒိကားထဲမှာ ဇာတ်ကောင်နဲ့ အရမ်းလိုက်ဖက်တယ်လို့ထင်တယ်… Cool အရမ်းဖြစ်သလို သူ့ဆရာမကို ကြည့်တဲ့ မျက်လုံးတွေနဲ့ ရှေ့မှာတော့ ဆရာမကို ဂရုမစိုက်သလိုနဲ့ နောက်ကွယ်မှာ တိတ်တိတ်လေးပြုံးတဲ့ အပြုံးတွေသရုပ်ဆောင်တာ အရမ်းတော်တယ်… ဆရာမကို စိတ်ထဲက လေးလဲလေးစားသလို ချစ်သူလိုလဲချစ်နေတဲ့ အကြည့်မျိုးတွေ သရုပ်ဆောင်တာအရမ်းတော်တယ်…

Gogusen က ပထမတစ်ကားအောင်မြင်တော့ နောက်ထပ် ၂ကားထပ်ထွက်တယ်… ဒါပေမဲ့ ကျောင်းသားထဲမှာ Shin လိုမျိုးဆရာမကို စိတ်ဝင်စားတာမျိုးမပါတော့ဘူး… (အမြဲပါနေလဲ မကောင်းတော့ဘူးလေ)… နောက်ကားတွေမှာ Shin များလူကြီးဖြစ်ပြီးပြန်လာမလားလို့ မျှော်လင့်မိတယ်… ဒါပေမဲ့ မပါတော့ဘူး… ဒါပေမဲ့ ဝမ်းသားစရာတစ်ခုကတော့ Manga (Japan ကာတွန်းစာအုပ်) ထဲမှာတော့ Shin က အကောင်ဆုံးတက္ကသိုလ်ရဲ့ ထိပ်ဆုံးကျောင်းသားတစ်ယောက်ဖြစ်နေပြီး အလုပ်အကိုင်အတည်တကျနဲ့ တည်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်နေတဲ့အချိန်မှာ ဆရာမနဲ့ပြန်တွေ့ပြီး ချစ်ရေးဆိုကာ သူတို့ ၂ယောက်ချစ်သူတွေဖြစ်သွားကြတယ်လို့ပါတယ်… ဘာလို့များ ရုပ်ရှင်မှာမရိုက်တော့တာလဲမသိဘူး… ဖြစ်နိုင်တာက Matsumoto Jun က ဇာတ်ကားဆက်ရိုက်ကူးဖို့လက်မခံတော့တာများလား…. ဟင်း (သက်ပြင်းချသံ)… ဘာပဲပြောပြော သူတို့ အတွဲဟာ မဗေဒါအကြိုက်ဆုံး ဇာတ်ကောင်စုံတွဲနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင် ၂ဦးအနေနဲ့ စိတ်ထဲစွဲနေပါတယ်… ခုတောင် ရေးနေရင်းနဲ့ကို စိတ်ထဲ ခုလုခုလုဖြစ်လာသလို အဲဒိကားကိုပြန်ကြည့်ချင်လာပြီ…
အောက်က MV လေးတွေကြည့်ပြီးတောင် ရင်ခုန်နေရတယ်…






Absolute Boyfriend 
 (Knight Tenjo + Riiko Izawa)

ဒီကားကလဲ ပရိတ်သတ်ရင်ကို စို့နစ်ပြီးကျန်စေတဲ့ ကားတစ်ကားဖြစ်မယ်လို့ မဗေဒါထင်တယ်… ဒီကားလေးကို ၂၀၀၈ တုန်းက ညဘက် အလုပ်ထဲမှာထိုင်ကြည့်ပြီး အဆုံးပိုင်းမှာ ငိုလိုက်ရတာ… ကိုယ်ငိုတာ လူမိမှာစိုးလို့ ဘေးဘီနောက် လှည့်ကြည့်တော့မှ အလုပ်ထဲက စလုံးကောင်ကလဲ နောက်မှာ ရပ်ကြည့်ပြီး မျက်ရည်တွေဝိုင်းနေတာတွေ့ရတယ်… (အဲလို အလုပ်များကြတာ…)…
ဒီဇာတ်ကားအကြောင်းလေးကိုလဲ ဒီနေရာမှာ တစ်ခါရေးပြီးပါပြီ… ...

ကိုယ်ကြိုက်တဲ့ကားတွေအကြောင်းပြောရရင် ဘယ်တော့မှ မောတယ်မရှိပါဘူး…
ဒီဇာတ်ကားမှာလဲ အရပ်အမောင်းကောင်းကောင်းနဲ့ စက်ရုပ် Knight ပုံစံသရုပ်ဆောင်တဲ့ မင်းသား Hayami Mokomichi ဟာ အဲဒိဇာတ်ကောင်စရိုက်နဲ့ အလွန်လိုက်ဖက်ပြီး ဘယ်သူမှ အစားထိုးသရုပ်ဆောင်လို့ မရလောက်ပါဘူး… စက်ရုပ်ပင်ဖြစ်လင့်ကစား နောက်ပိုင်းမှာ သူ့ပိုင်ရှင် ကောင်မလေးကို လူလိုမျိုး ခံစားချက်မျိုးနဲ့ ချစ်လာခဲ့တယ်…



Hotaru no Hikari (Takano Seiichi (aka) Bucho + Amemiya Hotaru)

ဒီဇာတ်ကားအကြောင်း ဘလော့ပေါ်မှာ မရေးဖူးပင်မဲ့ ရေးချင်ခဲ့တာကြာပြီ… ဇာတ်ကားရဲ့ အချစ်ဖြစ်တည်လာမှုက နှေးတယ်… သူတို့က သံယောဇဉ်ကနေ ချစ်သွားတဲ့ပုံမျိုးဆိုတော့ သိပ်ပြီး Romantic ဆန်တဲ့ပုံစံမျိုးတွေကို မပြထားဘူး… ပြီးတော့ ဇာတ်လမ်းအရ တချို့အရာတွေ အပိုတွေကိုလျှောက်ပြနေတတ်ပြီး တချို့အကြောင်းအရာတွေက ထပ်နေတတ်တယ်… မည်သို့ပင်ဆိုစေ ဒီဇာတ်ကားထဲက Bucho (manager) နဲ့ Hotaru ဇာတ်ကောင်ရဲ့ကြားက သံယောဇဉ်ကဖြစ်တည်လာတဲ့ အချစ်ကို သဘောကျသလို အဲဒိအတွဲကိုလဲ စိတ်ထဲက ကြိုက်တယ်…

Amemiya Hotaru ဆိုတဲ့ကောင်မလေးက ရုံးမှာဆိုရင် အလုပ်ကြိုးစားပြီး အဆင့်အတန်းမှီမှီဝတ်တတ်စားတတ်တဲ့သူဖြစ်လို့ စေ့စပ်သေချာတဲ့မိန်းကလေးလို့ အလုပ်ကလူတွေက သတ်မှတ်ထားတယ်… ဒါပေမဲ့ သူမရဲ့ အိမ်မှာနေတဲ့ပုံစံဟာ ရုံးကပုံစံနဲ့ တခြားစီကွာဟနေတယ်… သူမဟာ အိမ်က သစ်သားကပြင်လေးပေါ်မှာ ဘောင်းဘီစုတ်ကိုဝတ် သတင်းစားတွေခြုံပြီး လှဲလှောင်းနေတတ်တဲ့ အပျင်းမလေးတစ်ယောက်ဖြစ်တယ်… အိမ်ရှင်းဖို့ဝေလာဝေးစွ… အရာအားလုံးကို သူလှဲလှောင်းနေတဲ့နေရာရဲ့ လက်တကမ်းမှာထားပြီး ဖွထားတတ်တဲ့သူမျိုးဖြစ်တယ်… သူ့အကျင့်တွေအားလုံးကို သိသူကတော့ နောက်မှ သူ့အိမ်ကိုပြောင်းလာပြီး တူတူနေဖြစ်တဲ့ သူမရဲ့ အထက်အရာရှိ မန်နေဂျာ ပဲဖြစ်တယ်… (သူမနေနေတဲ့အိမ်က မန်နေဂျာအဖေပိုင်တဲ့အိမ်ကို ငှားထားတာ.. မန်နေဂျာက သူ့မိန်းမနဲ့ ကွားရှင်းပြီး အဲဒိအိမ်ကိုပြောင်းလာတာ)
မန်နေဂျာ Takano (သူမအခေါ် Bucho) လဲ အလုပ်ထဲကပုံစံနဲ့ အိမ်မှာနေတဲ့ပုံစံ အရမ်းကွားခြားတာ သိတော့ အစပိုင်းမှာ အရမ်းအံ့သြပင်မဲ့ နောက်ပိုင်းတော့ ရုံးကလူတွေရှေ့မှာ သူတို့ ၂ယောက်တူတူနေတာ မသိအောင် ဖုံးဖိရင်း အကျင့်ရသွားတယ်…

Hotaru က ရုံးက ကောင်လေးတစ်ယောက်ကို ကြိုက်နေတယ်… အဲဒိကောင်လေးနဲ့ နီးစပ်ဖို့ကို မန်နေဂျာက အကူအညီတွေပေးခဲ့ရတယ်… သူဟာ အိမ်မှာညစ်ညစ်ပတ်ပတ်နဲ့ အပျင်းကြီးတဲ့ မိန်းကလေးဆိုတာကို မသိအောင်ရော သူတို့ ၂ယောက်ဟာ အကြောင်းကြောင်းကြောင့် တူတူနေတယ်ဆိုတာကို အဲဒိကောင်လေးမသိအောင်ရော ကူညီပေးခဲ့တယ်… အတိုချုံးပြောရရင် အဲကောင်လေးကလဲ Hotaru ကို ပြန်ချစ်လို့ နောက်ဆုံး Hotaru က သူ့ရည်းစားနဲ့ တူတူနေမယ်ဆိုပြီး အိမ်ပြောင်းသွားတယ်…

အချစ်ဆိုတာ ဝေးသွားမှ ပိုသိလာတယ်ဆိုတဲ့အတိုင်း Bucho အတွက် သိသာလာတယ်… Hotaru မှ သူ့ရည်းစားနဲ့ အဆင်ပြေပါ့မလားဆိုတဲ့ သိစိတ်ကအတွေးနဲ့အတူ မသိစိတ်က Hotaru ကို သတိရနေတယ်… တဖက်က Hotaru အနေနဲ့လဲ သူ့ရည်းစားနဲ့ တူတူနေချိန်မှာ Bucho နဲ့ နေသလို အပျင်းစတိုင်မနေရပဲ မိန်းမဆန်ဆန် ပြုစုနေရတော့ အစပိုင်းပဲပျော်ပြီး နောက်ပိုင်းမှာ ကျဉ်းကျပ်လာတယ်… သူဘယ်လိုမိန်းမမျိုးလဲဆိုတာ သူ့ရည်းစားကို သိစေချင်သလို သိသွားလို့သူ့ကိုလက်မခံနိုင်မှာလဲစိုးတယ်… အဲဒိအချိန်တွေမှာပဲ သူ့ရည်းစားက သိသွားပြီး သူမကို လက်မခံနိုင်ဖြစ်သွားတယ်… ဒါပေမဲ့ နောက်ပိုင်းပြန်ရှင်းတော့ သူ့ရည်းစားက Hotaru အပျင်းမဖြစ်လို့ ဖြတ်တာမဟုတ်ပဲ… Hotaru နှလုံးသားထဲမှာ Bucho ကို ချစ်နေတာ… Bucho နဲ့ စကားပြောရင် Hotaru ဟာ သက်တောင့်သက်သာနဲ့ နေထိုင်နိုင်တာတွေကိုကြည့်ပြီး Hotaru ၊ Bucho ကို မသိစိတ်ထဲက သံယောဇဉ်တွယ်နေတာသိလို့ ဖြတ်လိုက်တာဖြစ်တယ်…

Bucho အချစ်ကို သိသိသာသာ စပြတဲ့အခန်းကတော့ ဇာတ်ကားနည်းနည်းနောက်ပိုင်းလောက်ရောက်မှ Hotaru အလုပ်ကိစ္စတစ်ခုသွားရင် မမျှော်လင့်ပဲ ဂိုဒေါင်တစ်ခုမှာ ၁ညပိတ်မိသွားတယ်… နောက်နေ့မနက်မှာ Bucho ကိုယ်တိုင်အရမ်းစိတ်ပူလို့ ရုံးကလူတွေနဲ့ လိုက်ရှာရင်း Hotaru ကိုတွေ့တော့ ရုံးကလူတွေရှေ့မှာ ဟန်မဆောင်နိုင်ပဲ ပြေးဖက်တဲ့အခန်းလေးက(Video ထဲမှာ 2:40 က အခန်းပေါ့) မဗေဒါကို “ခုမှပဲ စောင့်နေတဲ့ အခန်းကလာတော့တယ်” ဆိုတဲ့စိတ်နဲ့ ပြုံးမိတယ်… ဒါပေမဲ့ တကယ်တမ်းပြောရရင်တော့ သူတို့ ၂ယောက်အတွက် Romantic ဖြစ်တဲ့အခန်းက နည်းလွန်းတယ်…

ဇာတ်လမ်းအရ Bucho character ဟာ တစ်ခုလပ်ဖြစ်သလို အသက် ၄၁ နှစ် ဒါပေမဲ့ ရုပ်ရည်ရှိပြီး အရည်အချင်းရှိတဲ့ ယောကျာၤးတစ်ယောက်… Hotaru character က အသက် ၂၇ နှစ်… အသက်ကလဲ ကွာလွန်းတယ်… ဒါပေမဲ့ Bucho တစ်ယောက်ပဲ Hotaru ရဲ့ အကျင့်တွေအားလုံးကို နားလည်လက်ခံပေးနိုင်သလို … Hotaru အတွက်လဲ ဟန်ဆောင်စရာမလိုပဲ အရှိအတိုင်းနေထိုင်ဆက်ဆံနိုင်တာ Bucho တစ်ယောက်ပဲရှိတယ်… သူတို့ ၂ယောက်စုံတွဲက လိုက်ဖက်တယ်လို့ ခံစားရတယ်… အချစ်ဖြစ်လာတာ နှေးတယ်ဆိုပင်မဲ့ ဘယ်တော့ကြိုက်မလဲဆိုတဲ့စိတ်နဲ့ ကြည့်ကောင်းတယ်… ပြီးတော့ ရီရတယ်… အထူးသဖြင့် Hotaru no Hikari part 2 က ပိုရီရတယ်…
ဒီကားထဲက စုံတွဲCharacter ကလဲ မဗေဒါ အခါခါထပ်ကြည့်ချင်တဲ့ စုံတွဲထဲမှာပါတယ်… ကဲ ဇာတ်ကားအမြည်းလေးကြည့်သွားနော်…



နောက်ဆုံးပိတ် မဗေဒါအကြိုက်ဆုံး
ဇာတ်ကောင်စုံတွဲအနေနဲ့ ကိုရီးယား ဇာတ်ကောင်စုံတွဲတွေကိုပြောပြမယ်…

Who are you?
(Cha Seung Hyo + Son Young In)

ဒီကားမှာ Cha Seung Hyo ဆိုတဲ့ မင်းသား Character က အလွန်သွေးအေးတဲ့သူ လက်အောက်ငယ်သားတွေဆိုလဲ ခင်ခင်မင်မင်မရှိဘူး… အသန့်သိပ်ကြိုက်တယ်… စီးပွားပြိုင်ဘက်ချင်းဆိုလဲ လုံး၀ မညှာဘူး… လူမုန်းများတယ်… သူ ကားအက်စီဒင့်ဖြစ်ပြီးသေခါနီးဖြစ်နေတဲ့အချိန်မှာ Son Young In ရဲ့ အဖေဝိညာဉ်က မကျွတ်ခင် ၄၉ရက်အတွင်း သူ့ကိုယ်ထဲကို ၁ရက်မှာ ၃နာရီဝင်စီးပြီး သူ့သမီးကို မဖြည့်စီးပေးခဲ့သမျှတွေကို မင်းသားပိုက်ဆံတွေနဲ့ ဖြည့်စီးပေးတယ်… မင်းသားက မင်းသမီးအဖေဝင်ပူနေတုန်းတော့ အရမ်းကောင်းနေပြီး သူ့စိတ်ဖြစ်သွားတာနဲ့ မင်းသမီးကိုလဲ မမှတ်မိဘူး ပြီးတော့ မညှာမတာလဲ ဆက်ဆံတယ်… နောက်ပိုင်းမှ သူ့ကိုယ်သူဘာဖြစ်နေလဲဆိုတာ အဲဒိ ဝိဉာဉ်ကို မြင်ရလာပြီးသိတယ်…

ပထမပိုင်းတော့ ဝိဉာဉ်ဖြစ်စေချင်တဲ့အတိုင်းလိုက်လုပ်ပေးတယ်ဆိုပေမဲ့… နောက်ပိုင်း ကောင်မလေးကို သံယောဇဉ်တွယ်လာတဲ့အခါမှာ သူ့ရဲ့ အသန့်သိပ်ကြိုက်တဲ့ အကျင့်တောင် ကောင်မလေးအတွက်ပြောင်းလဲလာတယ်… ဒီကားမှာ သူနဲ့ ကောင်မလေးက အသက်အရမ်းကွာတယ်… ၁၂ နှစ်… အပြင်မှာလဲ တကယ် ၁၂နှစ်ကွာတယ်… (ဒါပေမဲ့ မင်းသားက နုတယ်လို့ပြောလို့ရတယ်နော်)…

တစ်ကောင်ကြွတ်ကျန်ခဲ့တဲ့ ကောင်မလေး Son Young In ကို တာဝန်ယူ စောင့်ရှောက်နိုင်တဲ့ စီးပွားရေး ပညာရှင် သူဋ္ဌေး Cha Seung Hyo လိုအပ်သလို… အထီးကျန်ဆန်တဲ့ ဘဝမှာ ကြီးပြင်းလာတဲ့ Cha Seung Hyo အတွက်လဲ နွေးထွေးတဲ့ အချစ်တွေပေးနိုင်တဲ့ သနားစရာ တစ်ကောင်ကြွက်မလေး Son Young In ကို လိုအပ်လာတယ်… အဲဒိ စုံတွဲလေးကို အဲဒါကြောင့် သဘောကျတယ်… နောက်ပိုင်းမှာ သူ့အဖေ မပူးနေပဲနဲ့တောင် တဖြည်းဖြည်း Cha Seung Hyo က Young In ကို သဝန်တိုလာတာ ဂရုစိုက်လာတာက ကလိကလိနဲ့ အသည်းယားဖို့ကောင်းတယ်…

မင်းသား Yoon Kye Sang က သရုပ်ဆောင်ကောင်းတယ်… ကြည့်ဖူးသမျှသူ့ကားတိုင်းမှာ သူ့ကို သဘောကျတယ်… ဒီကားကြည့်ပြီး သူ့ကိုတော်တော်လေး ရူးသွပ်လိုက်သေးတယ်… မကြည့်ရသေးရင် ကြည့်လိုက်နော်…



Dal-ja’s Spring (Kang Tae Bong + Oh Dal Ja)

ဒီဇာတ်ကားအကြောင်းကိုလဲ ဒီမှာ
ဒီကားမှာလဲ အသက် ၃၃နှစ် အူဒယ်ဂျားဆိုတဲ့ မိန်းမရဲ့ အချစ်ရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို အစပိုင်းတော့ ပိုက်ဆံရလို့ ကူညီခဲ့ပင်မဲ့ နောက်ပိုင်းမှာ သနားပြီး သံယောဇဉ်ရှိကာ ချစ်မိသွားတဲ့ ၂၇ နှစ်အရွယ် ခန်ထယ်ဗုံး ဆိုတဲ့ ကောင်လေး အချစ်ဇာတ်လမ်းလေးပေါ့…

ဒီဒယ်ဂျားခံစားရသမျှတွေအားလုံးကို စလယ်ဆုံးနားလည်ပြီး ချစ်သလို… ခန်ထယ်ဗုံးလို ခေါင်းမာပြီး ကိုယ်ထင်ရာလုပ်တတ်တဲ့ ကောင်လေးကို နားလည်ပေးနိုင်တဲ့ မမကလဲ ဒယ်ဂျားတစ်ယောက်တည်းရှိပါတယ်…
သူတို့ ၂ယောက်ရဲ့ Character က Chemistry ရှိသလို ကြည့်လို့လဲကောင်းပါတယ်… ကြည့်လိုက်ရင် အဲဒိ ခန်ထယ်ဗုံးနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Lee Ming Kee ကို ရုပ်ဆိုးတယ်လို့ ထင်ချင်ထင်မယ်… ဒါပေမဲ့ သူဟာ သရုပ်ဆောင်ကောင်းတဲ့သူပီပီ ကျွန်မစိတ်ကို ဆွဲဆောင်နိုင်တယ်… ဒီစုံတွဲကလဲ ကျွန်မစိတ်ကို စိုးမိုးနိုင်တဲ့ အတွဲပဲ… ဒီကားအစဆုံးကြည့်ပြီးတာ ၂ကြိမ်ရှိပြီ… အကြမ်းအမြန်ရှပ်ကြည့်တာက ၁ခါ… Youtube က MV တွေပြန်ကြည့်ဖြစ်တာတော့ ရေတွက်လို့ မရတော့ဘူး… ကြည့်လိုက်နော်…




All About Eve (Yun Hyong Chul ,ကျွန်မတို့အခေါ် “ဒါရိုက်တာရင်” + Jin Sun Mi)

အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ်… ဒီကားဟာ မြန်မာပြည်မှာ ၂၀၀၃ ခုနှစ်လောက်တုန်းက “ဆည်းဆာရင်ခုန်သံ” ဆိုတဲ့ အမည်နဲ့ ပြခဲ့တုန်းက မြန်မာပြည်တလွှားပရိတ်သတ်ရင်ကို စွဲညိခဲ့တယ်လို့သိရပါတယ်…

ဒီကားရဲ့ စုံတွဲကို ကြိုက်ရတဲ့ အကြောင်းအရင်းကတော့ (ဘက်လိုက်တယ်ပဲပြောပြော) မင်းသားသရုပ်ဆောင်ရတဲ့ Character ဟာ အပြင်မှာ မရှိနိုင်တဲ့ အလွန်မှ ပြည့်စုံ ယောကျာၤးပီသတဲ့ Character ပဲဖြစ်ပါတယ်… မိန်းကလေးတိုင်းက အဲဒိကားကြည့်ပြီး ကိုယ့်ဖူးစာရှင်ရဲ့လိုအပ်ချက်အဆင့်ကို မြှင့်တင်လိုက်ချင်အောင်ကို ဇာတ်ကောင်စရိုက်က ကောင်းလွန်းနေပါတယ်… အဲဒိဇာတ်ကောင်စရိုက်ကို နာမည်ကျော်မင်းသားချော Jung Dong Gun က ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြသွားနိုင်တဲ့အပြင် မင်းသမီး Chae Rim ရဲ့ ဆန်းမီ ဇာတ်ကောင်ကို သရုပ်ဆောင်သွားတာကလဲ အပိုအလိုမရှိပါပဲ…

ဒီဇာတ်ကောင်စုံတွဲကို ဒီသရုပ်ဆောင်တွေထည့်ထားတာ အံဝင်ဂွင်ကျအပိုအလိုမရှိ ကောင်းလှပါတယ်… အဲဒိကားကို မဗေဒါပြန်ကြည့်တာ ၅ ခါ ၆ ခါထပ်မနည်းပါဘူး… ဘယ်အချိန်ကြည့်ကြည့်လဲ ပထမတစ်ခေါက်ရင်ခုန်စရာအခန်းက နောက်တစ်ခေါက်လဲ ရင်ခုန်အောင် သဘောကျအောင် ထပ်လုပ်နိုင်နေသေးတာကို တွေ့ရပါတယ်… ဒီကားရဲ့ နောက်ထူးခြားချက်က ဇာတ်ဝင်တေးတွေကလဲ ကောင်းပါတယ်… ကဲ ဒါဆိုရင် သိလိုက်တော့….






Secret Garden (Kim Joo-Won + Gil Ra Im)

ဒီကားအကြောင်းကိုတော့ ဘလော့ပေါ်မှာ ရေးလွန်းလို့ Label တောင် သပ်သပ်ခွဲထားရတဲ့ အထိပါပဲ… ဒီကားနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို ဒီမှာကြည့်လို့ရပါတယ်…
ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး… ဒီစုံတွဲကို အရမ်းကြိုက်တယ်.. ဇာတ်ကောင်ကိုလဲကြိုက်တယ်… သရုပ်ဆောင် ၂ယောက်လုံးကိုလဲ ကြိုက်တယ်.. ကိုယ်ကြိုက်တဲ့ သရုပ်ဆောင် ၂ယောက်လုံး တူတူဝင်သရုပ်ဆောင်သလို သရုပ်ဆောင်အားကောင်းပြီး ဇာတ်ကောင်စရိုက်ပီပြင်တဲ့အတွက် ရင်ခုန်တယ်…




12 comments :

မောင်သီဟ said...

သိပ်မကြည့်ဖြစ်ဖူးး)
ကိုးရီးယားမင်းသားတွေက ...တူနဲ့တယ်း)
မင်းသမီးတွေကတော့ ချစ်စရာကောင်းတယ်း)

Anonymous said...

Our taste of drama is almost alike (except JP drama since i don't follow the JP drama that much). My all-time-fav couples are ISWAK, Mentor Garden and of course Secret Garden :D
I think they are irreplaceable ones for those characters.

Anonymous said...

မဗေဒါရေ...အရမ်းကိုကောင်းတဲ့ပိုစ်လေးပါ...အရင်ကကြည့်ပြီးတဲ့ကားတွေတောင်အခုမဗေဒါရေးပြထားတာကိုဖတ်ပြီးပိုတောင်အရသာရှိသွားပြီ...အစ်မတို့လို့ရုပ်ရှင်ကြိုက်တဲ့သူတွေအတွက်သိပ်ကိုကောင်းပါတယ်..မကြည့်ရသေးတဲ့ကားလေးတွေကိုဇတ်လမ်းဖတ်ပြီးတာနဲ့တန်းကြည့်တော့တာပဲ..ကျေးဇူးတင်တယ်မဗေဒါလေးရေ..နောက်ကိုလဲရေးပါအုန်းနော်..အားပေးနေပါတယ်...
အေးသက်

mabaydar said...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) ရေ... မဗေဒါ ရေးထားတာ ကိုရီးယားကား တစ်မျိုးထဲဟုတ်ဝူး... ဘာပဲပြောပြော ပိုစ့်ကို စိတ်မ၀င်စားပဲ ကွန်မန့်သွားတဲ့အတွက် ခင်မင်မှုကို တန်ဖိုးထားပါတယ်...

Anonymous ရေ... ထိုင်ဝမ်ကားတွေက ကိုရီးယားလောက် ဇာတ်အိမ်ဖွဲ့တာ မကောင်းဘူးဆိုပေမဲ့ အဲဒိ ISWAK နဲ့ Meteor Garden ကိုတော့ ထိုင်ဝမ်ကိုပဲ အကြိုက်ဆုံးဖြစ်နေတယ်... Secret Garden ကိုကြည့်ရင်း အဲဒိမင်းသားနဲ့ မင်းသမီးက ချောလွန်းပြီး လိုက်လွန်းလို့ လူအစစ်တွေမှ ဟုတ်ရဲ့လား ဘယ်ကုသိုလ်များလဲလို့ တွေးမိတယ်... ကျန်တဲ့ကားတွေရော ကြိုက်တာတွေရှိသေးလား...

မအေးသက်ရေ... အပေါ်က ရေးထားတဲ့ထဲက ဘယ်ကားတွေက ကြည့်ပြီးတော့ ဘယ်ကားတွေက မကြည့်ရသေးတာလဲဟင်.... တခြား ကြိုက်တဲ့ ကားတွေရှိရင်လဲ ရှယ်သွားပါအုံး... နောက်လဲ ကြိုးစားပြီးရေးပါ့မယ်... ရုပ်ရှင်အကြောင်း ၁ပုဒ်ရေးမယ်ဆို အဲဒိရုပ်ရှင်ကို အရသာပြန်ခံစား လိုအပ်တဲ့ data တွေရှာဆိုတော့ အချိန်အတော်ပေးရတယ်.. ဒါပေမဲ့ ခုလို့ ၀ါသနာတူ အားပေးတဲ့သူတွေရှိတာသိရတော့ ရေးရကြိုးနပ်တာပေါ့...

8Yar said...

ကျွန်တော်လည်း F4 မင်းသားတွေကိုပိုကြိုက်တယ်။ ဒါပေမဲ့ ကိုရီးယားမင်းသားတွေက ပိုချောတယ်နော်။ အသက်ငယ်တာလဲ ပါမယ်ထင်တယ်နော်။ :) ရုပ်ရှင်တွေ အများကြီးနဲ့ မိတ်ဆက်ပေးလို့ ကျေးဇူးပါခင်ဗျာ။

Anonymous said...

သားးက ဟန်ဂျီအင်းပါတဲ့ ကားတွေအကုန်ကြီုက်တယ်..ချစ်စံအိမ်ကိုကြောတာနော် တူမှတူပဲ ခိခိ

Anonymous said...

မဗေဒါရေ
who are you နဲ့ meteor garden ပဲမကြည့်ရသေးတာ ခုစကြည့်နေပြီ။ 49days ထဲကမင်းသားကိုမကြိုက်ဘူးလား
သူအကြောင်းလေးတွေသိရင်ရေးပေးပါအုန်း..love letter ကားကတည်းကကြိုက်တာ..only you
မှာအကြိုက်ဆုံးပဲ၊မင်းသမီးကိုတော့သီးခံပြီးကြည့်ရတယ်
ခင်မင်လျှက်
အေးသက်

mabaydar said...

49 days ထဲက မင်းသား Jo Hyeon-jae ကိုပြောတာလား... အဲဒိကားကြည့်မယ်နဲ့ မကြည့်ရသေးဘူး... သူ့ကား 3 dads one mom ရော ကြည့်ပြီးပြီလား... သူက ခုမှ စစ်တပ်ကထွက်လာပြီး ပြန်ရိုက်နေတယ်လေ... အဲ 49days ကသူပြန်ထွက်လာပြီးမှရိုက်တာ ဟုတ်သား.. ဟီး...
ဂျပန်ကားတွေအကုန်လဲ ကြည့်ပြီးပြီပေါ့? Only You လဲ မကြည့်ရသေးဘူး... အစပိုင်းကြည့်ပြီး ပျင်းလို့ မကြည့်ဖြစ်တော့ဘူး... ပြန်ကြည့်ရမယ်...

Anonymous said...

only you ကရှေ့ပိုင်းနဲနဲပဲဇတ်ရှိန်မတက်လို့မကောင်း
တာနောက်ပိုင်းကောင်းတယ်..ကိုယ်ကမင်းသားကိုကြိုက်
တာကို ဟီး..3dad နဲ့ဂျပန်ကားတွေအားလုံးလဲကြည့်ပြီးပြီ..အဲ့မင်းသားက
ဂျင်ကေနဲ့ရည်းစားလို့အရင်ကကြားဖူးတာပဲ
ပိတ်ရက်ဆိုမထတမ်းကြည့်တာHotaruကိုအပိုင်း၂ လဲ
ကြည့်ပြီးပြီ..ခုဆိုပေါင်၁၄၀ကနေ၁၈၀ဖြစ်သွားပြီ :D ၇ုပ်ရှင်ပဲထိုင်ကြည့်တာ

Anonymous said...

ပို့စ်လေးကဖတ်လို့ကောင်းတယ်။ နောက်လည်းရုပ်ရှင်ကောင်းကောင်းလေးတွေ မိတ်ဆက်ပေးပါဦး။ မဗေဒါညွန်းတဲ့ကားတွေကိုလဲ ကြည့်ဖြစ်တယ်။

secret garden ကတော့ပါမှပါပါ့မလားလို့ နောက်ဆုံးပိတ်လေးမှာကိုး။ ဟီဟီး။အဲ့ကားကိုကြိုက်လွန်းလို့ အရူးအမူးပဲ။
အကြိုက်ဆုံးတွေကတော့ ကိုရီးယားကားတွေပဲ။ ဒရမ်မာကြည့်တော့မယ်ဆို ကိုရီးယားကိုအရင်စဉ်းစားတယ်။ rating ဘယ်လောက်ကောင်းကောင်း ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးပါမှပဲ ကြည့်တယ်။ မင်းသား မင်းသမီး ၂ယောက်လုံးကိုယ်ကြိုက်တာဆိုရင်တော့လာထားပဲ။ မင်းသားပဲ ကြိုက်ပြီး မင်းသမီးကမကြိုက်ရင်လည်း သိပ်မကြည့်ဖြစ်ဘူး။
ဂျပန်ကတော့ အစ်မပြောသလိုပဲ (bcuz of their culture) ကုကိကုကနဲ့ စကားကလည်းနားထောင်လို့မကောင်းသလို အော်ကြီးဟစ်ကျယ် ဆောင့်ကြီးအောင့်ကြီးပြောတတ်လို့ ကြည့်ကိုမကြည့်တာ။
တိုင်ဝမ်ကလဲ ကိုယ်ကစာစကားနားလည်ပေမဲ့ သရုပ်ဆောင်တာအိုဗာတွေဖြစ်လွန်းပြီး ပေါတောတောဆန်လို့ တစ်ပိုင်းတောင်ပြီးအောင်မကြည့်နိုင်ဘူး။
လောလောဆယ်စဉ်းစားလို့ရသမျှကားတွေကတော့
Korean movie: A moment to remember (Woo-sung Jung, Ye-jin Son) << i watched this so many times.

Korean drama: Secret garden (hyun bin and ha ji won) << so in love with this drama! :D

my girl (lee dong wook and lee da hae) << funny and lovely

my sassy girl (with jung ji hyun) << i like jung ji hyun and this drama is so entertaining!

scent of a woman (with lee dong wook) << love both of them! :D

MKP

mabaydar said...

မဗေဒါလဲ တူတူပဲ... rating ကောင်းရင်တော့ သွားကြည့်ဖြစ်တယ်... ဒါပေမဲ့ ကိုယ်မကြိုက်တဲ့ မင်းသား မင်းသမီးတွေဆိုရင်တော့ အဆုံးထိ သည်းမခံနိုင်တာများတယ်... ဥပမာ The Greatest Love လိုကားမျိုး... ကိုယ်က ဒုတိယမင်းသား Yoon Kye Sang ကိုကြိုက်တာ... ဒါပေမဲ့ မင်းသမီးကိုမကြိုက်တာရော... ပြီးတော့ ကိုယ်ကြိုက်တဲ့ မင်းသားက ကိုယ်မကြိုက်တဲ့ မင်းသမီးကြီးကို တန်းတန်းစွဲကြီးဖြစ်ပြီး နောက်ဆုံးလဲ ရမှာမဟုတ်တော့ ဖီးလ်မလာတော့ဘူး...
Boy over flowers လဲ အဲလိုပဲ... ယှဉ်ချင်လို့သာ အဆုံးထိ သည်းခံပြီးကြည့်တာ... လုံးဝ ဖီလ်းမလာဘူး...
ခု အရမ်းစွဲနေတဲ့ ကားတစ်ကားထွက်ပြန်ပြီ... Rooftop Prince တဲ့... ခုပြနေတုန်း... မကြည့်ရသေးရင်ကြည့်လိုက်... ရီရတယ်... မင်းသားက Milky Yoon Chun... သူ့ကြိုက်တယ်...
A Moment to remember က ငိုရတယ်... ဒါပေမဲ့ အဲလိုကားမျိုးက ရင်ထဲစွဲကျန်တယ်...
My girl ကိုလဲ ကြိုက်တယ်... ၃ခါရှိပြီ စဆုံးကြည့်ြ်ဖစ်တာ... ခွေပါဝယ်ထားတယ်... ဒါပေမဲ့ အကြိုက်ဆုံး အတွဲထဲမှာတော့ မှတ်မှတ်ရရ မရှိလို့...
My sassy girl ကသိပ်မကြိုက်ဘူး... I don't know why...
Scent of woman လဲ ဇာတ်လမ်းသိပ်မကြိုက်ဘူး... မင်းသားမင်းသမီးတော့ ကြိုက်တယ်...

Anonymous said...

ဒီပို့စ ဖတ်ပြီး ကားကောင်းလေးတွေ ပြန်ပြောင်း အောင့်မေ့သွားတယ် ဘာကားမှ ကြည့်ဖို့ ဖီးမလာတုန်းက it's started with a kiss နဲ့ secret garden ကို ဘယ်နခေါက် မြောက် မှန်းမသိ ပြန်ကြည့်ဖြစ်တယ် ပြန်ကြည့်တော့လဲ စကြည့်တုန်းက ဖီလင်အတိုင်း သူတို့ အတွဲလေးတွေကို ချစ်နေတုန်းပဲ :D

AP