Monday, August 30, 2010

You get a chance to ask question to Lee Min Ho

မင်းသားလီမင်ဟိုက သူ့ facebook မှာ သူငယ်ချင်းပေါင်း ၁ မီလီယမ်ကျော် ရရှိတဲ့ အထိမ်းအမှတ်အနေနဲ့ (2010.9.1 ~ 2010.9.13) အထိ သူ့ကို မေးချင်တာ ရှိရင် သူ့ဖေ့ဘွတ်ပေါ်မှာ မေးခွင့်ရှိကြောင်း သူကိုယ်တိုင် အဲဒိ မေးခွန်းတွေကို တတ်နိုင်သလောက် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ဗွီဒီယို မတ်စေ့လေးနဲ့ အောက်ပါအတိုင်း သူ့ပရိတ်သတ်ကြီးကို ပြောကြားခဲ့ပါတယ်...

လီမင်ဟိုရဲ့ ဖေ့ဘွတ်၊ twitter နဲ့ youtube channel တွေကို မသိသေးတဲ့သူများအတွက် ဝေမျှလိုက်ပါတယ်...

facebook :
http://www.facebook.com/OfficialLeeMinho
Twitter :
http://twitter.com/actorleeminho
Youtube :
http://www.youtube.com/user/leeminho1987



မဗေဒါကတော့ မင်းသားတွေကို ကြိုက်သာကြိုက်တာ သူတို့နဲ့ တိုက်ရိုက်လဲ စကားမပြောချင်ဘူး... ဘာမေးခွန်းမှလဲ မမေးချင်ဘူး... သူများတွေမေးတာက မဗေဒါအတွက် လုံလောက်နေပြီ... သူတို့က ကိုယ်နဲ့ အလှမ်းဝေးတဲ့လူတွေဖြစ်တဲ့အတွက် လုံးဝကို မနီးစပ်ချင်ဘူး... သူတို့ကို အဝေးကပဲ သူတို့မသိအောင် အားပေးချင်တယ်... ဥပမာ... သူတို့နဲ့ မျက်နှာချင်းဆိုင် စကားပြောခွင့်တောင် မရချင်ဘူး... ဘာလို့လဲဆိုတော့ သူတို့အရှေ့မှာကိုယ်က အနေအထိုင်ကျပ်ပြီး ကိုယ့်ကိုကိုယ်သိမ်ငယ်နေရမှာလေ... ပြီးတော့ ကိုယ်မေးတဲ့မေးခွန်းကို သူတို့က ဘယ်လောက် sincere ဖြစ်ဖြစ်ပြန်ဖြေမှာလဲ... မယုံတာတော့မဟုတ်ပါဘူး... သူတို့က celebrity တွေလေ... ဒီတော့ သာမာန်လူတွေလောက် ပွင့်လင်းလို့မရတာတွေရှိတယ်... ဒါကိုနားလည်တယ်... ဒါပေမဲ့ သူနဲ့ကိုယ်နဲ့ကြားမှာ ဒီလောက် စည်းခြားနေမှတော့ ဘာနီးစပ်မှုမှ မလိုချင်တော့ဘူး... လူဆိုတာ ရလေ လိုလေ အမျိုးလေ...

မဗေဒါအတွေးကိုပြောပြတာပါ... ဟဲ... ဟဲ... ဒီသတင်းလေးကို မျှဝေတာကတော့ လီမင်ဟိုရဲ့ ပရိတ်သတ်တွေအတွက် သူ့ဆီက တိုက်ရိုက်အဖြေပြန်ရမှာမို့ အခွင့်အရေးမလွတ်စေနဲနော်...

Sunday, August 15, 2010

Trip to Sensoji Temple (Japan trip Day 5)

မရေးတာလဲ အတော်ကြာပါပြီ... ခရီးသွားခဲ့တာတောင် ၂ နှစ်ပြည့်ခါနီးပါပြီ... ခုမှ ဘာလို့ ထရေးလဲဆိုရင်တော့ ရေးချင်စိတ်ပေါက်လာလို့ ရေးပါတယ်လို့ပဲ ပြောရတော့မှာပါပဲ... ခရီးသွားပိုစ့်တွေကို ဗွီဒီယိုနှင့်တကွ တင်ချင်လို့ ဗွီဒီယိုပြီးမှ တင်မယ်တင်မယ်နဲ့ အဲဒိ ဗွီဒီယိုမလုပ်ဖြစ်တာနဲ့ပဲ ခရီးသွားပိုစ့်တွေလဲ မရေးဖြစ်တော့တာပါ... မရေးတော့ဘူးဆိုတဲ့ စိတ်ကူးတော့ လုံးဝမရှိပါဘူး... အချိန်တွေကြာပြီး up to date မဖြစ်တော့ရင်တောင်မှ ကိုယ်သွားခဲ့တဲ့ မှတ်တမ်းလေး အနေနဲ့ ရေးမှာပါ... ဗွီဒီယို အပင်ပန်းခံရိုက်ပြီး အက်ဒစ်မလုပ်ရင် ကိုယ်ကိုတိုင်လဲ မကြည့်ဖြစ်ပါဘူး... ဒီတော့ ဘလော့မှာတင်မယ်ဆိုတဲ့ စိတ်လေးနဲ့ဆိုတော့ အက်ဒစ်က လုပ်ဖြစ်သေးတယ်လေ... ဒါတွေထားလိုက်ပါတော့.... ခု ခရီးစဉ်အကြောင်းလေး ပြောရအောင်...

28 OCT 2008 (Day 5)

ကျွန်မ ဂျပန်ကို အလည်အပတ်ရောက်တာ 5 ရက်မြောက်တဲ့နေ့ပါ... သူငယ်ချင်းကလဲ အလုပ်သွားတော့ ဒီနေ့တော့ ကျွန်မတစ်ယောက်တည်း လျှောက်သွားရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေပါတယ်... မနက်အိပ်ရာနိုးတော့ ဘယ်သွားရင်ကောင်းမလဲစဉ်းစားပါတယ်.. အင်တာနက်က ရှာလာတဲ့ နေရာတွေကို ကြည့်ပြီး သွားရလာရ အလွယ်ကူဆုံးဖြစ်မဲ့နေရာကိုရွေးလိုက်ပါတယ်.... ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကျွန်မတစ်ယောက်တည်းအပြင်ထွက်ဖို့ ပထမဆုံးနေ့ပါပဲ... ပျော်လည်းပျော် ကြောက်လဲကြောက်နဲ့ စိတ်လှုပ်ရှားစရာကောင်းပါတယ်...

ကျွန်မရွေးလိုက်တဲ့နေရာကတော့ Sensoji Temple ပါပဲ... မီးပုံးအနီရောင် အကြီးကြီး မုဒ်ဦးမှာချိတ်ထားတဲ့ ဘုရားကျောင်းကို ဂျပန်ကားတွေမှာ မြင်ဖူးသလို... ကိုရီးယားကားတွေ ဂျပန်မှာသွားရိုက်ရင်လဲ အဲဒိနေရာပါတတ်ပါတယ်... ဥပမာ (Time Between Dog and Wolf မှာ နောက်ဆုံးခန်း လီဂျွန်ကီး ဂျပန်ကို ထွက်သွားတဲ့ အခန်းမှာ အဲဒိနေရာပါပါတယ်..) ဂျပန်ကားတော်တော်များများမှာလဲ ပါပါတယ်...

သူက သွားရတာလဲ လွယ်ကူပါတယ်... တိုကျိုမြို့ရဲ့ အဓိက ရထားလိုင်းဖြစ်တဲ့ Yamanote line ပေါ်က Asakusa ဆိုတဲ့ မှတ်တိုင်မှာဆင်ပြီး Exit 3 ကထွက်လိုက်တာနဲ့ သိပ်တောင် မလျှောက်လိုက်ရဘူး ရောက်ပါတယ်... ရထားပေါ်မှာ အရင်က အီးမေးလ်တွေမှာ ရီစရာအဖြစ်တွေ့နေကျ အင်္ဂလိပ်စာ အသုံးအနှုန်းအမှားတွေကို ကပ်ထားတွေ့လို့ ဗွီဒီယိုရိုက်လာဖြစ်ပါသေးတယ်... ရေးထားတဲ့ စာတမ်းလေးကတော့ "Please take care that your hand does not get caught in the door pocket" တဲ့... အဟိ... ဒီစာတမ်းလေးက ဘာကိုဆိုလိုလဲဆိုတာတော့ သဘောပေါက်မယ်ထင်ပါတယ်... ဒါပေမဲ့ အသုံးအနှုန်းကတော့ တက်တက်ဆင်အောင် မှားနေတော့တာပါပဲ... မဗေဒါလဲ မြေပုံအားကိုးနဲ့ပဲ လာလိုက်တာ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ပါတယ်... tourist attraction နေရာမို့ထင်တယ် Tourist တော်တော်များပါတယ်... အင်္ဂလိပ်... တရုတ် စုံလို့ပါပဲ... မုဒ်ဦးက မီးပုံးနီကြီးတွေကတော့ အားလုံးနဲ့ တူတူဓာတ်ပုံအရိုက်ခံနေရတဲ့ မော်ဒယ်ကြီးတွေပေါ့... မဗေဒါမှာတော့ ၁ယောက်တည်းလာတော့ စတန်းထောင်ရိုက်ဖို့ရာ လူတွေက တအားရှုပ်တော့ ဘယ်လိုမှ စတန်းထောင်ရိုက်မရတဲ့အဆုံး အင်္ဂလိပ်အတွဲတစ်တွဲကို အကူအညီတောင်းရိုက်ခိုင်းတော့ လှိုက်လှိုက်လှဲလှဲပဲ ရိုက်ပေးပါတယ်... တစ်ခါတစ်ခါရိုက်ဖို့လဲ လူရှင်းအောင်စောင့်ရတော့ ရိုက်ခိုင်းရတဲ့သူကိုလဲ အားနာပါတယ်... ဒီလိုနဲ့ ရိုက်လိုက်တော့ မဗေဒါလိုချင်သလို အပြည့်မပါပါဘူး.. ဒါပေမဲ့ ကူညီပေးတဲ့သူကို သွားချေးများလို့မရဘူးလေ... ဒီတော့လဲ ကျေးဇူးတင်ပါတယ်ပေါ့ဆိုပြီး အောင့်သက်သက်ပဲဖြစ်ခဲ့ရပါတယ်.... တစ်ယောက်တည်းခရီးသွားရတာ လွတ်လွတ်လပ်လပ်နဲ့ ညှိစရာမလိုလို့ ကောင်းပင်မဲ့ လူရှုပ်တဲ့နေရာ ဓာတ်ပုံရိုက်ဖို့တော့ သိပ်မလွယ်လှဘူး... အိမ်က မိသားစုကို သတိရတယ်... သူတို့ပါရင် အချင်းချင်း အားမနာတမ်း ဓာတ်ပုံရိုက်ဖြစ်မှာ....

အိတ်ကတစ်ဖက် ကင်မရာကတစ်ဖက် စတန်းကတစ်ဖက်နဲ့ ကင်မရာကိုင်ပြီးလဲ ရိုက်သေးတော့ တော်တော်လေးပင်ပန်းတယ်... ဒါတောင် အောက်တိုဘာဆိုတော့ ရာသီဥတုက အေးလို့ သိပ်မပင်ပန်းတာ... တစ်ယောက်တည်းဆိုတော့ တစ်နေရာရောက်ရင် ကျောက်ချထိုင်ပြီး ဟိုငေးဒီငေးလိုက် ကင်မရာနဲ့ စကားပြောလိုက်နဲ့ အချိန်တော်တော်စားတယ်... များများမရောက်ပင်မဲ့ အေးအေးဆေးဆေးရှိလို့ သဘောကျတယ်...

အပြင် မုဒ်ဦးကနေ တကယ့် ဘုရားကျောင်းကို သွားတဲ့ လမ်းတောက်လျှောက်မှာ ဘုရား ပွဲဈေးတန်းလိုမျိုးရှိတယ်... မြန်မာပြည်က ဘုရားစောင်းတန်းတွေလိုပဲ.. ကျိုက်ထီးရိုးကလို လက်ဆောင်ပစ္စည်းလေးတွေလဲရောင်းတယ်... ဟိုကြည့်ဒီကြည့် ဟိုငေးဒီတွေးနဲ့ လျှောက်တော့ ၄၅ မိနစ်လောက်ကြာတယ်... ဂျပန်မှာက ချစ်စရာကောင်းတဲ့ အသည်းယားစရာ လက်ဆောင်ပစ္စည်း သေးသေးကွေးကွေးလေးတွေ သိပ်များတာပဲ... များသာများတာ ဈေးကမပေါဘူး... သူ့နိုင်ငံမှာနေပြီး ရှာနေတဲ့သူဆိုရင်တော့ သုံးနိုင်မှာပေါ့... စင်္ကာပူအနေနဲ့ဆို ဈေးကြီးတယ်.. ဘာမှ မဟုတ်တဲ့ အ၀တ်သော့ချိတ်လေးကို ယမ်း၅၀၀ = စကာင်္ပူဒေါ်လာ ၇ ဒေါ်လာ (အဲဒိအချိန်က ငွေလဲနှုန်း) ရှိတယ်... မဗေဒါကလဲ ကပ်စေးဆိုတော့ ပြန်ရင် အမှိုက်ရှုပ်မဲ့ ပစ္စည်းမျိုးလဲ မ၀ယ်ချင်တော့ဘူးလေ... ဒါပေမဲ့ အဲဒိတုန်းက ဂျပန် ကီမိုနိုမ၀ယ်ခဲ့တာတော့ နောင်တရတယ်.. အဲဒိအချိန်က ငါဝယ်ပြီးလဲ ၀တ်မှာမဟုတ်ပါဘူး... ဈေးကလဲ ကြီးတော့ မ၀ယ်ဖြစ်ခဲ့ဘူး.. ဒါပေမဲ့ ကီမိုနိုလေးတွေလှတော့ လိုတော့ လိုချင်တယ်... ဂျပန်မ ဆံပင်တုကြီးလဲ လိုချင်တယ်... အကျင့်က အဲလို အသုံးမလိုပဲ ဈေးကြီး တာတွေ သိပ်လိုချင်တယ်... ဒါပေမဲ့လဲ ကိုယ့်ဘာကိုယ် သယ်ရတဲ့ ပစ္စည်းတွေ များနေတာနဲ့တင် ဘာမှ ထပ်မ၀ယ်ဖြစ်ခဲ့ဘူး... (အိမ်မှာ တရုတ်မ ပိုင်ဟွေ့အကျီင်္လို တရုတ်ရိုးရာ အင်္ကျီတစ်တည်ဈေးကြီးပေးဝယ်တယ်.. ပြီးတော့ အပြင်ဝတ်ရမှာရှက်လို့မ၀တ်ဘူး.. အိမ်မှာဝတ်လဲ နှမြောလို့ ဒီတိုင်း ဗီဒိုထဲမှာထားတယ်... မုစတာဖာသွားလို့ ကုလားမ ဆာလီလှလှလေးတွေ တွေ့ရင် ၀ယ်ချင်စိတ်ကို မနည်းထိန်းထားရတယ် ပြီးရင် ၀တ်မှာလဲ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိတယ်... ဟိုနေ့ကလဲ ရှာရှည်ပြီး ဆံပင်တုကြီးတစ်ခုဝယ်တယ်... ပြီးတော့ အိုက်လဲအိုက်တယ် ရှက်လဲရှက်လို့ မ၀တ်ဘူး... အဲဒါတွေဝယ်ရင် ပျော်တယ်... အိမ်မှာဝတ်ကြည့်တယ် ဒါပေမဲ့ အပြင်မ၀တ်ရဲဘူး... ဂျပန်ကီမိုနိုလဲ လှတာလေးတွေ အများကြီး... ဒီဇိုင်းလုပ်ချုပ်ချင်တာမဟုတ်ဘူး.. ဂျပန်မတွေဝတ်သလို ခါးမှာ အ၀တ်ကြီးပတ်ပြီးဝတ်ချင်တာ... ဟီး...:D...) ကဲ... ကဲ.. ဆော်ရီး အကျင့်ကောင်းတွေ ပြောတာနဲ့ ခရီးသွားပိုစ့်က လမ်းချော်သွားပြီ... ချောတီး....

ဘယ်ရောက်သွားပြီလဲ ရေးနေတာ... အော်.. သိပြီ.... ဈေးတန်းလေးကို အတော်ကြာလျှောက်ရတယ်.. ဈေးတန်းလေးက လူလဲ အတော်ရှုပ်တယ်... တော်တော်လျှောက်ပြီးရင်တော့ နောက်ထပ် မီးဗုံးအနီကြီးရှိတဲ့ အတွင်းမုဒ်ဦးလို နေရာကိုရောက်တယ်... အဲဒိအ၀မှာ မီးပုံးအဖြူတွေ အများကြီး တန်းစီချိတ်ထားတာ ဗွီဒီယိုထဲမှာလဲ တွေ့လိမ့်မယ်... အဲဒိနေရာမှာတော့ "ငါတကယ် ဂျပန်ရောက်နေတာပါလား" လို့ သိသိသာသာခံစား လိုက်ရတယ်... မုဒ်ဦးထဲဝင်လိုက်တော့ ဘေးဘက်တွေမှာလဲ ကျောင်းဆောင်တွေတော့ အများကြီးရှိတယ်... ဒါပေမဲ့ ပင်မကျောင်းဆောင်ကိုပဲ ဦးတည်လိုက်တယ်... ကျောင်းဆောင်ပေါ်မတက်ခင် အ၀မှာ အမွှေးတိုင်ထွန်းတဲ့နေရာရှိတယ်... အဲဒိမှာ လူတွေအုံပြီး အမွှေးတိုင်ငွေ့တွေကို မျက်နှာဖက်ယူပြီးသပ်နေတော့ ကိုယ်လဲ ဘာမှန်းညာမှန်းမသိ လိုက်လုပ်ချင်တာနဲ့ လိုက်လုပ်ဖြစ်တယ်... မြန်မာပြည်က ဘုရားခြေတော်ရာထဲက ရေကို ခေါင်းမှာ ဆွတ်သလိုမျိုး ကံကောင်းတယ် ဥာဏ်တက်တယ်ဆိုတဲ့ အယူတွေပဲဖြစ်မှာပေါ့... ကိုယ်လဲ ကံလေးဘာလေးတက်အောင် မီးခိုးရိုက်လိုက်တာ လွန်သွားပြီး မွှန်တောင်သွားတယ်...

အဲဒိ အမွှေးတိုင်းထွန်းတဲ့ဘေးမှာ ရေပန်းလေးနဲ့ အုပ်ရေကန်လေးရှိတယ်... ဂျပန်က ဘုရားကျောင်းတိုင်းလိုလိုရဲ့ရှေ့မှာ အုပ်ရေကန်လေးတွေရှိပါတယ်... အဲဒိမှာလဲ ရေကို လက်စွပ်လိုက် ပလုပ်ကျင်းလိုက်နဲ့ ဘာလုပ်နေမှန်းမသိဘူး... တစ်ချို့ကလဲ သောက်တယ်.. တချို့ကလဲ ပြန်ထွေးတယ်... အဲဒိနားက တိုးလ်နဲ့လာတဲ့သူတွေရဲ့ တိုးလ်ဂိုက်ရှင်းပြသွားတာတော့ ရေကို လက်ဖနောင့်ဘက်ကနေလောင်းပြီး လက်ဖ၀ါးကို ဆေး... ပြီးရင် ပလုပ်ကျင်း.. ကျန်တဲ့ရေကို ရိုးရိုးမသွန်ပဲ ရေခွက်ကို ဒေါင်လိုက်ထားပြီးသွန်တဲ့... ဗွီဒီယိုထဲမှာလဲ ပြောထားတယ်...

နောက်တော့ ကျောင်းဆောင်ပေါ်ခုထိမရောက်သေးတာနဲ့ ကျောင်းဆောင်ပေါ်တက်တယ်.. လူတွေအများကြီးပဲ ပိုက်ဆံတွေပစ်ပြီးတော့လဲ ဆုတောင်းနေကြတယ်... အသက်ကြီးတဲ့သူတွေများတယ်.. ဘုရား အာရုံခံအခန်းထဲမှာတော့ ပြည့်ကျပ်နေလို့ မ၀င်တော့ဘူး... လူကလဲ နည်းနည်းပင်ပန်းနေတော့... ဟိုကြည့်ဒီကြည့်နဲ့ သူများတွေစာချနေတာတွေ့တော့ အစကတော့ ဂျပန်လိုပဲ ရေးတယ်မှတ်လို့ ဒါပေမဲ့ နောက်မှ အင်္ဂလိပ်လိုပါမှန်းတွေ့တာနဲ့ သူများဘယ်လိုလုပ်လဲ ခိုးကြည့်ပြီး နောက်လိုက်လုပ်တယ်...

ကံကလဲ အတော်ဆိုးတယ်ထင်ပါ့... အဆိုးက ခက်များများ.. ရောဂါဖြစ်မယ်... အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ်... ကိုယ်လျှောက်တဲ့လမ်းမပေါက်ဘူး... ပျောက်တဲ့ပစ္စည်းပြန်မတွေ့ဘူး... စောင့်တဲ့သူရောက်မလာဘူး... တောင်းတဲ့ဆုနဲ့ မပြည့်ဘူးတဲ့... ကောင်းတာဆိုလို့ အိမ်အပြောင်းအရွေ့နဲ့ ခရီးသွားဖို့ကောင်းတယ်တဲ့... ခရီးသွားလို့ပဲ ဂျပန်ရောက်လာပြီးစာချနေတာပေါ့... အဲဒါကို မှန်တယ်ဆိုရမလား.. ဒါပေမဲ့ အဆိုးကများတော့ မမှန်စေချင်ဘူး...

ဂျပန်ကားထဲမှာကြည့်ဖူးတာတော့ (ဟုတ်မဟုတ်တော့မသေချာဘူး) အဲလို စာချလို့ ဗေဒင်က မကောင်းဘူးဆိုရင် အဲဒိ ရှေ့ကတန်းလေးတွေမှာပဲ ပြန်ချည်ပြီး လှူခဲ့ရတယ်တဲ့... အပျော်စာချတယ်ဆိုပေမဲ့လဲ ဥပါတ်ဒဏ်ကြောင့် ဥပါတ်ရောက် (စာလုံးပေါင်း သည်းခံပါ) တတ်တယ်ဆိုတော့လဲ ချည်ခဲ့လိုက်တယ်... (ဇရပ် ၂ကောင်တွေ့တာ ... ၁ကောင်တွေ့တာကို တချို့မိန်းကလေးတွေ အတိတ်ယူကြသလိုပေါ့)

အဲဒိ ဘုရားကျောင်းပေါ်က ဆင်းလာပြီး ဘေးဘက်က ဈေးတန်းတွေအများကြီးရှိသေးတယ်.. ဘေးမှာလဲ ဘုရားကျောင်းတွေ အများကြီးရှိတယ်.. လျှောက်ကြည့်... နေရာလှရင် ဓာတ်ပုံလေးဘာလေး ကိုယ့်ဘာကိုယ် စတန်းထောင်ပြီးရိုက်... မဗေဒါဓာတ်ပုံရိုက်ခဲ့တဲ့ ဂျပန်စတိုင် တံတားလေးမှာ ခဏနေတော့ မော်ဒယ်ဘွိုင်းလိုလိုဘာလိုတွေ ဓာတ်ပုံလာရိုက်ကြတယ်... ဗွီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲ... ဂျပန်ရိုးရာဝတ်စုံနဲ့ anime ထဲက ဆံပင်စုတ်ဖွား အ၀ါရောင်နဲ့... လူကလဲ ပိန်ညောင်နေတာပဲ... တီဗွီထဲမှာကြည့်ရင်တော့ အဲလိုပုံလေးတွေကို သဘောကျတယ်ထင်ခဲ့တာ... (Nishikido Ryo (One liter of tear) တို့... Ikuta Toma (Hana Kimi) တို့ကလဲ အပြင်မှာ အဲလောက်ပိန်ပိန်လေးတွေပဲ ဖြစ်မယ်ထင်တယ်) သိတဲ့အတိုင်း ဂျပန်မင်းသားတွေက ကိုရီးယားမင်းသားတွေလိုဟုတ်ဘူး.. ပိန်တာ ခေတ်စားတယ်လေ... အဲဒိဆံပင်ပုံလေးတွေကလဲ တီဗွီထဲမှာတော့ လှတယ်... အပြင်မှာကျတော့ အဲဒိလို ရှုပ်ပွနေအောင် သူတို့မှာ ခဏခဏ သ နေရတာ မိန်းကလေးထက်တောင်ဆိုးသေးတယ်... ကိုယ်သာ ဒီလို ယောကျာင်္းရရင် မှန်တင်ခုံလုနေရမဲ့ပုံရှိတယ်... လှတာပဲရှိတယ် အားကိုးလောက်ပါ့မလား... Nishikido Ryo လေးကို အပြင်မှာတွေ့ရမယ်ဆိုရင်ရော... အဲဒိ မော်ဒယ်ဘွိုင်း ခန္ဓာကိုယ်လောက်ပဲ ရှိမှာလားလို့တွေးမိတယ်... ဒါပေမဲ့ Hayami Mokomichi (Absolute Boyfriend) လေးကတော့ ထွားထွားကြိုင်းကြိုင်းရှိပါတယ်... ဟတ်ဟတ်....

အဲဒိ မော်ဒယ်ဘွိုင်းကတော့ ဘယ်သူလဲမသိဘူး.. ဒါပေမဲ့ နာမည်တော့ သိပ်မကြီးဘူးထင်တာပဲ... ဘယ်သူမှတောင် အုံမနေဘူး... သနားပါတယ်... ဒါပေမဲ့ ပဲကများတော့ ကိုယ်တောင် မကြည့်ချင်တော့ဘူး.. နောက်တစ်ယောက်လဲပါသေးတယ်... လယ်သာ ကုတ်အကျီင်္အနက်နဲ့ အဲလို ထိုးထိုးထောင်ထောင်ဆံပင်ပဲ... ဟိုလျှောက်ဒီလျှောက်ဟန်ရေးပြနေတယ်... သူ့ကို ဗွီဒီယိုရိုက်တာ သိရင် အရမ်း မြောက်သွားမှာစိုးလို့ တိုက်ရိုက်တော့ မရိုက်ခဲ့ဘူး...

ညနေ ၄နာရီခွဲလောက်ရှိပြီ... မနက်စာစားပြီးထဲက ဘာမှ မစားရသေးပင်မဲ့ ထူးထူးဆန်းဆန်းဗိုက်ကမဆာဘူး... စိတ်လှုပ်ရှားနေလို့ ဗိုက်မဆာတာလားတော့ မသိဘူး... ဒါပေမဲ့ အဲဒိ အနီးနားက ဈေးတန်းလေးတွေ ထပ်လျှောက်တော့ လက်မှုပစ္စည်းမျိုးစုံဆိုင်တွေတွေ့တယ်... လက်နဲ့ သွေးတဲ့ ဖန်ခွက်လေးတွေက တော်တော်လှတယ်... ဒါပေမဲ့ ဈေးကလဲ အတော်ကြီးတယ်... လက်မှုမို့ထင်တယ်... အဲဒိ ဈေးတန်းမှာကျတော့ မုန့်ဆိုင်လေးတွေပါ တွေ့လာတယ်... Banto Set လေးတွေချထားပြီး ဈေးကပ်ထားတာလဲ ကပ်ထားတယ်.. မဗေဒါက ငါးဆို အကျက်ချက်ရင်တောင် သိပ်မကြိုက်တော့ ဂျပန်စာမှာ ငါးအစိမ်းဆို ပိုဆိုမှာစိုးလို့ Menu တွေကို သေချာလိုက်ကြည့်ရတယ်... အားလုံးကလဲ ဂျပန်လိုချည်းပဲ... ငါးတော့ လုံးဝမစားနိုင်ဘူးလေ.. တခြားဟာဆိုရင်တော့ စားကြည့်ချင်တယ်...

နောက်မှ သတိရသွားတယ်... လေဆိပ်ကနေ တောင်းလာတဲ့ Booklet လေးတွေထဲမှာ အသုံးဝင်မဲ့ စာလုံးလေးတွေ စကားပြောလေးတွေကို လက်ထောက်ပြီး ပြောလို့ရတဲ့ စာမျက်နှာလေးပါတယ်... အဲဒိမှာ ဒီမုန့်က ဘာနဲ့လုပ်တာလဲ... ငါး... ပုဇွန်.. ၀က်... အမဲ... ကြက်.. စသည်ဖြင့် လက်ထောက်ပြလို့ရတယ်... အဲဒါသတိရပြီးမှ သုံးချင်စိတ်ပေါ်လာတာနဲ့... ငါးမဟုတ်လောက်ဘူးထင်တဲ့ ဆိုင်ကိုဝင်ပြီး အဲဒါ Beef လားလို့လက်ထောက်ပြတော့... ဆိုင်က ကောင်မလေးက ခေါင်းညိတ်ပြတယ်... ဘယ်လောက်လဲမေးတော့... ၀မ်း တူး သရီးတောင် မရဘူးထင်တယ်... ichi zero go zero တဲ့.. တော်သေးတယ်... ဂျပန်လို ၁ ၂ ၃ ၄ တော့ ကိုယ်ကနည်းနည်းတတ်လို့... အလုပ်ဖြစ်တယ်... ပိုက်ဆံကြိုရှင်းရတယ်... ဆိုင်လေးက မြန်မာပြည်က ဘူးသီးကြော်ဆိုင်လေးလိုပဲ.. ရာသီဥတုလေးက အေးအေး... ဆိုင်ရှင်ကောင်မလေးကလဲ ဂျပန်ဝတ်စုံနဲ့ ကပိုကယိုလေးချစ်ဖို့ကောင်းတယ်... တစ်ယောက်တည်းပင်မဲ့ စိတ်ထဲ ကြည်လင်ပြီးနေလို့ကောင်းတယ်...

မှာထားတဲ့ Set ရောက်လာတော့ ဂျပန် ထမင်းဘူးပုံလေးနဲ့ စားချင်စရာလေးပါ... သူတို့ အစားအစာတွေက ချိုတိုတိုနဲ့... မဗေဒါက ချဉ်ငံစပ်ကြိုက်တာ... ဂျပန် ဆန် စေးကပ်ကပ်ကိုလဲ စားရတာတော့ အသားမကျသေးဘူး... ဒါပေမဲ့ စားလို့တော့ကောင်းပါတယ်... အတော် တော့ အီတယ်...
လေဆိပ်ကယူလာတဲ့ Booklet တွေမှာ Tourist တွေအတွက် Tips and trick , Japan culture and habit Tips လေးတွေရေးထားတဲ့အထဲမှာ... ဂျပန်စားသောက်ဆိုင်တွေက သူတို့ အစားအစာကို ကုန်အောင်စားမှကြိုက်တယ်တဲ့.. မကုန်ရင် သူတို့အစားအစာကို စော်ကားတယ်လို့ ခံယူတတ်ကြတယ်တဲ့... တနည်းအားဖြင့်တော့ ရိုင်းတယ်ပေါ့.. အစထဲက မစားနိုင်ရင် နည်းနည်းပဲပေးဖို့ ပြောရမယ်တဲ့... ဒါပေမဲ့ မဗေဒါလဲ တ၀က်လောက်ပဲကုန်တယ်.. နောက်တော့ အီလို့ မစားနိုင်တော့ဘူး... ဆိုင်ရှင်ကို အားလဲနား ကြောက်လဲကြောက် ထမင်းကလဲ မကုန်... နောက်တော့ ဘာမှ မဟုတ်ပဲ ဆိုင်ရှင်အလစ်မှာမှ ထမင်းဘူးလေးကို ပြန်အုပ်ထားပြီး ခပ်သုတ်သုတ်ထွက်လာရတယ်... ဟီး... ဟီး.. ဘာမှမဟုတ်တာကျတော့ ကြောက်တတ်တာ...

မဗေဒါသူငယ်ချင်းက ညနေ ၆နာရီလောက်ဆို အလုပ်ဆင်းတော့ အဲဒိအချိန်လောက်မှန်းပြီး မဗေဒါက အိမ်ပြန်တယ်.. ညကျလို့ သူအပြင်ထွက်ချင်သေးရင် တူတူသွားရအောင်လို့ပေါ့... ဒီလိုနဲ့ ပြန်လာလိုက်တယ်... ဂျပန်မှာ ညမိုးချုပ်တာ သိပ်မြန်တာပဲ...ညနေ ၅ နာရီခွဲလောက်ပဲ ရှိသေးတယ် မှောင်သွားပြီ.. ဆောင်းရာသီရောက်ခါနီးမို့လားတော့ မသိဘူး... ပြီးတော့ သူ့ Night life ကလဲ စကာင်္ပူလောက်မကြာဘူး... ကိုယ်ပဲ မရောက်ခဲ့တာလားတော့မသိဘူး.. ည ၈နာရီ ၉နာရီလောက်ဆိုရင်တောင် အရက်ဆိုင်ကလွဲလို့ တခြားဆိုင်တွေက ပိတ်ကုန်ပြီ... shopping mall တွေ ပိတ်တာလဲ စောသလိုပဲ...သိဘူး... ကိုယ်က လာလည်တုန်းမို့လို့ စိတ်ထင်တာလားတော့မသိဘူး... အဲဒိညကတော့ မဗေဒါလဲ တစ်နေကုန်ပင်ပန်းလာတာရော... ညစာစားအပြီး အချိန်လဲ နှောင်းသွားတာရော... ရာသီဥတုအေးအေးနဲ့ စောင်ထူထူချုံရင်း အိပ်ယာထဲမှာ သူငယ်ချင်း ၂ယောက် စကားများရတာလဲ အရသာတစ်မျိုးကောင်းတော့ ... စကားတစ်ပြောပြောနဲ့ နောက်ဆုံး အိပ်ပျော်သွားလိုက်တာ... တုတ်တုတ်တောင် မလှုပ်ဘူး... နောက်နေ့ မနက်မိုးလင်းတဲ့ အထိပဲ...

ဗွီဒီယိုနှင့် ပတ်သတ်၍

ဗွီဒီယိုထဲမှာ ပါဝင်တဲ့ အချက်အလက်တွေနဲ့ သုံးသပ်ချက်တွေက အဲဒိအချိန်တုန်းက အခြေအနေပေါ်မူတည်ပြီး... မဗေဒါတစ်ဦးတစ်ယောက်တည်းရဲ့ အမြင် အကြိုက်ပေါ်မှာမူတည်ပါတယ်... ဒီအတွက် ကွဲလွဲနေတာလေးတွေရှိရင် နားလည်ပေးကြပါ... ဘုရားကျောင်းသမိုင်းတွေပြောထားတာလဲ.. အနားယူရင်း ပျင်းပျင်းရှိလို့ အင်တာနက်ပေါ်မှာ ရှာတွေ့တာကို ပြန်ပြောတာပဲရှိပါတယ်... အင်ဖို မှန်မမှန်တော့ အာမ မခံပါ... ဒီတော့ ချင့်ယုံ လို့ပဲ ပြောချင်ပါတယ်..

တခြား အရင် ဗွီဒီယိုတွေထက် အသစ်တစ်ခု သုံးထားတာကတော့ စစချင်းက intro background ကမ္ဘာလုံးလေး လည်နေတာကိုပါ... အစီအစဉ်တစ်ခု အစမှာ Intro လုပ်သလို လိုက်လုပ်ကြည့်ထားတာပါ... MV ပုံစံမျိုးမဟုတ်ပဲ ... ကျမစကားပြောတာတွေ ထည့်ထည့်ထားတော့ ပျင်းစရာများ ကောင်းနေမလားတော့ မသိပါဘူး... ဒါပေမဲ့ ခု အချိန်ကြာလာတာနဲ့ အမျှ အဲဒိအချိန်က ဖြစ်ပျက်ခဲ့တာလေးတွေကို မှတ်တမ်းလေး အနေနဲ့ထားချင်တာကြောင့် သီချင်းချည်းပဲ မထည့်ပဲ စကားပြောလေးတွေကိုပါ မဖျက်ပဲ ထည့်ထားဖြစ်ခဲ့တာပါ...

သီချင်းရွေးချယ်ရာမှာ အစက Cranberrie ရဲ့ Dream သီချင်းကို သုံးထားပြီးမှ Youtube ပေါ်လဲ တင်ရော Copyright ကြောင့် audio disable လုပ်ခံရလို့ သီချင်းပြောင်းပြီး ပြန်အက်ဒစ်လုပ်ရတော့ အတော်လေးကို အချိန်ပုတ်ပြီး ပင်ပန်းလှပါတယ်... ရှိတဲ့ မြန်မာ သီချင်းတစ်ပုဒ်ကောက်ထည့်လိုက်မိတာက တင်ဇာမော်ရဲ့ "ပထမခြေလှမ်း" သီချင်းပါ... သီချင်း အဓိပ္ပါယ်လေးကို သဘောကျလို့ တချိန်ချိန်သုံးမယ်လို့ စိတ်ကူးခဲ့ပင်မဲ့ ဒီဗွီဒီယိုမှာသုံးဖို့တော့ အစီအစဉ်မရှိခဲ့ပါဘူး... အစက Dream သီချင်းပေါ်မူတည်ပြီး အက်ဒစ်လုပ်ထားတော့ ဗွီဒီယို ပြကွက်တွေနဲ့ ပထမခြေလှမ်းသီချင်းနဲ့က သိပ်တော့ မလိုက်ဖက်သလိုဖြစ်နေပါတယ်.. ကျွန်မလဲ အစအဆုံးတော့ အသေးစိတ်ပြန်လိုက်မလုပ်နိုင်တော့တာနဲ့ တတ်နိုင်သလောက်ပဲ လိုက်ပြင်ခဲ့တော့ စိတ်တိုင်းသိပ်မကျပါဘူး... ဒီတော့ Youtube ပေါ်က ဗွီဒီယိုမှာ တင်ဇာမော်သီချင်း "ပထမခြေလှမ်း" နဲ့ တင်ဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ မြန်မာသီချင်းက တီးလုံးတွေ အသံသွင်းတွေညံ့တော့ သိပ်နားထောင်မကောင်းလို့ စိတ်တိုင်းမကျတာနဲ့ Dailymotion မှာ Dream သီချင်းနဲ့ ထပ်ပြီး တင်နေလို့ ပိုစ့်တက်ဖို့ ၁ရက်နောက်ကျသွားတာပါ... Version ၂ခုကို ယှဉ်ကြည့်ချင်ရင်တော့ အောက်က ဗွီဒီယို ၂ခုလုံးကို ကြည့်သွားပါ... content က တူတူပါပဲ.. သီချင်းပဲ ကွဲသွားတာပါ.. အချိန်မရှိဘူး ၁ ခုပဲ ကြည့်မယ်ဆိုရင်တော့ အပေါ်က Dailymotion မှာတင်တဲ့ ဗွီဒီယိုကို ကြည့်ပါ...

Dailymotion Song with Dream


Trip to Sensoji Temple
Uploaded by mabaydar. - Discover new destinations and travel videos.


Youtube with တင်ဇာမော် - ပထမခြေလှမ်း

Wednesday, August 11, 2010

My video of Lee Min Ho departure at Changi Airport

လီမင်ဟို လေဆိပ်တုန်းက မဗေဒါရိုက်ထားတဲ့ ဗွီဒီယို အက်ဒစ်လုပ်ပြီး တင်ချင်လွန်းလို့ ကွန်ပြူတာ ပျက်နေတာကို မနေနိုင်ပဲ တစ်လုံးအသစ်သွားဝယ်လိုက်တယ်... ခုမှပဲ တင်ရတော့တယ်... မဗေဒါက ရိုက်တဲ့သူဆိုတော့ မပါဘူးပေါ့နော်... ဟဲ.. ဟဲ... အဲဒိမှာ သီချင်းလေးတွေရွေးထည့်ထားတယ်... အဲဒိအချိန်က ခံစားချက်လေးတွေနဲ့ အနီးစပ်ဆုံးကိုက်ညီမဲ့ စားသားလေးတွေကို ရွေးထည့်ထားတယ်...
ပထမဆုံးတစ်ပုဒ်ကတော့ လီမင်ဟို နောက်ဆုံးထွက်ထားတဲ့ကား personal taste ထဲက ဇာတ်ဝင်တေးဖြစ်တဲ့ "My Heart is touched"
ဒုတိယတစ်ပုဒ်ကတော့ "Perfect Moment"
တတိယတစ်ပုဒ်က Oh My Lady ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ "I must be bad" ဆိုတဲ့ သီချင်လေး... အဲဒိ သီချင်းလေးတွေသုံးပြီး ဂျန်ဂမ်ဆပ်ပြန်တုန်းက ဗွီဒီယို အက်ဒစ်လုပ်ချင်တာ ဒါပေမဲ့ အဲဒိနေ့က အလုပ်ရှိတော့ မသွားဖြစ်လိုက်တော့ ခုလီမင်ဟိုနဲ့ ကျမှပဲ သုံးဖြစ်တော့တယ်... သီချင်း စာသားအဓိပ္ပါယ်လေးတွေကိုလဲ အားလုံး နားလည်ရအောင် အောက်မှာ subtitle ထိုးထားတယ်... ကြည့်လိုက်အုံးနော်...

My Perfect moment with Him By Mabaydar




သူများရိုက်ထားတဲ့ ဗွီဒီယိုမှာတော့ နဲနဲဆို နဲနဲလေး ဖြတ်ပြေးရုံလေး ၁ စက္ကန့်လောက်ပါလိုက်တယ်... ကိုယ်တောင် ကိုယ်အဲဒိနေ့က ဘာလုပ်တယ်ဆိုတာ သိလို့ ရှာတွေ့တာ... ဒါပေမဲ့ အလုပ်တူတူလုပ်တဲ့ တရုတ်ကိုပြတော့ မျက်စိလျှင်တယ်ရှင် ၂ခါပြတော့ တွေ့တယ်... နင်ဆံပင်ရှည်နဲ့ပြေးသွားတာ တွေ့လိုက်တယ်တဲ့... 0:33 sec မှာ တစ်ခါ 0:35 မှာ ကျောလေးပါတယ်... ဒါပေမဲ့ ရိုက်တဲ့ ကောင်မလေးက လက်အရမ်းတုန်တော့ ဘာမှတောင် မမြင်ရပါဘူး... မဗေဒါကတော့ အတတ်နိုင်ဆုံးလက်ကို ငြိမ်အောင်ရိုက်တယ်... လက်ငြိမ်ချင်လို့ အသံတောင် တစ်ချက်မထွက်ဘူး.. အော်လိုက်တာနဲ့ ကင်မရာတုန်မှာစိုးလို့... ကဲ အောက်က သူများရိုက်တဲ့ ဗီဒီယိုမှာ မဗေဒါပြောထားတဲ့ အချိန်လေးတွေမှာ တွေ့အောင် ရှာနိုင်ရင် မဗေဒါ ဘာဝတ်ထားလဲ ပြောပါ.. တစ်ချို့သူတွေကတော့ အဖြေသိပြီးသားဖြစ်မှာပါ... (မေးခွန်းက အောက်ပြီးသား)

ဒါသူများရိုက်ထားတဲ့ ဗွီဒီယိုပါ...

Sunday, August 08, 2010

Lee Min Ho at Maldives

မဗေဒါလဲ ကိုရီးယားမင်းသားအကြောင်းတွေချည်းပဲရေးလို့ အရည်အသွေးမရှိတဲ့ ပိုစ့်တွေချည်းပဲ တင်တယ်လို့ပဲ ပြောပြော... ကိုရီးယားရူး ရူးနေတယ်လို့ပဲ ဆိုဆို... မရင့်ကျပ်ဘူးလို့ပဲ ခေါ်ခေါ်... လူဆိုတာလဲ ကိုယ့်အကြိုက်နဲ့ကိုယ့်အတွေးနဲ့ကိုယ် ဆိုတော့ကာ... ကိုယ်ကြိုက်တာတွေကို ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့သူတွေကို မျှဝေချင်တဲ့ ဆန္ဒလေးကိုတော့ အပြစ်မဆိုစေချင်ဘူးလေ.... မဗေဒါရဲ့ တခြားရသ ဟာသ သုတပေးတဲ့ ပိုစ့်လေးတွေဖတ်ချင်တဲ့ စာဖတ်သူတွေကလဲ ကိုရီးယားမင်းသားအကြောင်းချည်းရေးနေလို့ စိတ်ပျက်နေကြမယ်ဆိုတာလဲ နားလည်လို့ရပါတယ်... ဒါပေမဲ့ တချို့စာတွေကျတော့ ခံစားချက်ရှိမှ ရင်ထဲကလာမှ အထူးသဖြင့် စာရေးချင်စိတ်ရှိမှ ရေးလို့ထွက်တယ်လေ... ဒါပေမဲ့ ကိုရီးယားမင်းသားတွေအကြောင်း... နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွဲတွေအကြောင်းကျတော့ မဗေဒါက အမြဲတမ်းဖတ်လိုက် ကြည့်လိုက်လုပ်နေတဲ့သူဆိုတော့ အမြဲတွေ့နေတတ်တယ်... ဒီတော့ တချို့တွေကို မဗေဒါနဲ့ ၀ါသနာတူ ဖြစ်တဲ့ မဗေဒါဘလော့စာဖတ်သူတွေကိုလဲ သိချင်မှာပဲဆိုပြီး ပြောပြဖြစ်တာရှိတယ်... ဒါတောင် မဗေဒါ သိသမျှ တွေ့သမျှ ရေးချင်သမျှ ကိုရီးယားမင်းသားတွေအကြောင်းကို ရေးတာမဟုတ်ဘူးနော်... ကြုံတဲ့သူ မဗေဒါ ကြိုက်တဲ့သူတွေအကြောင်းပဲ ရေးသေးတာ...

မဗေဒါရဲ့ မင်းသားတွေနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို ကိုယ်မကြိုက် ကိုယ်ဝါသနာမပါလို့ ကိုယ်နဲ့ အမြင်မတူလို့ပဲဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင်လဲ နားလည်ပေးစေလိုပါတယ်... လောကမှာ လူတိုင်းက ဆရာဝန်ကောင်းတယ် ဆရာဝန်ဖြစ်ချင်နေတယ်ဆိုရင် နေထိုင်ဖို့ လျှပ်စစ်ပစ္စည်းတွေတီထွင်ဖို့ အင်ဂျင်နီယာတွေရှိလာမှာ မဟုတ်တော့တဲ့အတွက် တဲပုတ်နဲ့ မီးပုံနဲ့ နေနေရမှာပါ... ဒီတော့ သိစိတ်ထဲကဖြစ်စေ မသိစိတ်ကပဲဖြစ်စေ မင်းသားတွေကို မနာလိုစိတ် အားကျစိတ်နဲ့ မဗေဒါကို မရည်ရွယ်ပဲ မုန်းတီးနေတယ်လို့လဲ မဗေဒါမစွပ်စွဲလိုပါဘူး... ဒါပေမဲ့ သေချာတာတစ်ခုကတော့ မဗေဒါရဲ့ ပိုစ့်လေးတွေမှာ တပါးသူကို ထိခိုက်စော်ကားထားတာ မရှိပါဘူး... ကိုရီးယားမင်းသားတွေကို စိတ်ဝင်စားမဲ့ မြန်မာပရိတ်သတ်တွေအတွက် ကိုယ်တွေ့တဲ့ သတင်းလေးတွေ ကိုယ်စိတ်ဝင်စားတဲ့ အရာလေးတွေကို ဝေမျှတယ်... ကိုယ်ပျော်တာလေးကို ကိုယ့်ဘလော့ပေါ်စာလာဖတ်တဲ့ ၀ါသနာတူတွေကို ပျော်စေချင်တယ်... ဒီသဘောလေးပါပဲ... မဗေဒါရဲ့ မင်းသားနဲ့ ပတ်သတ်တဲ့ ပိုစ့်တွေကို အားပေးနေတဲ့ သူတွေလဲ ရှိပါတယ်... ခုဆို မရည်ရွယ်ပဲ ကိုယ်ဝါသနာအရရေးတဲ့ လီမင်ဟိုပိုစ့်တွေကြောင့် မဗေဒါဘလော့မှာ စာဖတ်သူ အသစ်တွေတောင် ရနေပါပြီ... ကဲပါလေ.... ထားလိုက်ပါတော့ ခုလဲ လီမင်ဟို Meldives မှာ ပျော်နေတဲ့ ဓာတ်ပုံလေးတွေတွေ့လို့ မနေနိုင် မထိုင်နိုင် ဝေမျှချင်စိတ်ဖြစ်လာပြန်ပါတယ်... စိတ်မရှိနဲ့နော်... (မုဒိတာပွားနိုင်ပါစေလို့.. ဟဲ.. ဟဲ.. စတာနော်.. ကိုယ်မဟုတ်ရင် မနာရဘူး... :P)

လီမင်ဟို စကာင်္ပူ fan meeting အပြီးမှာ မိသားစုအပန်ဖြေခရီးအနေနဲ့ India Ocean ထဲက Maldives ဆိုတဲ့ Resort ကို ထွက်သွားပါတယ်... (စိတ်ထင်တော့ Boy over flower ရိုက်တဲ့ ကမ်းခြေပဲလားတော့ မသိဘူး... သိတဲ့သူရှိရင် ကွန်မန့်မှာပြောပြသွားပါနော်)... ကမ်းခြေက တော်တော်လှတယ်... လီမင်ဟိုရဲ့ကျေးဇူးကြောင့် ကမ္ဘာမှာ ကိုယ်မသိတဲ့နေရာတွေတောင် အတော်သိသွားတယ်.... ဒါလဲ ဗဟုသုတ အမြတ်ပဲ... တစ်နေ့နေ့တော့ ပိုက်ဆံစုပြီး အဲဒိနေရာကို အရောက်သွားအုံးမယ်... ဟဲ.. ဟဲ...

သူလဲ အလုပ်တွေ fan တွေနဲ့ အတော်ပင်ပန်းသွားပင်မဲ့ Maldives မှာတော့ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ ပုံလေးတွေတွေ့ရတော့ သူ့အတွက် ၀မ်းသာမိတယ်... လီမင်ဟိုရဲ့ မြန်မာ Minoz တွေလဲ မဗေဒါလိုပဲ ၀မ်းသာရအောင် ဓာတ်ပုံလေးတွေ မျှဝေလိုက်ပါတယ်.... သူကတော့ သောကြာင်္နေ့က ကိုရီးယားကို ပြန်ရောက်သွားပြီလို့ သတင်းကြားသိရပါတယ်...



Photo Credit to Minoz Thailand facebook

Wednesday, August 04, 2010

လီမင်ဟိုနဲ့ ခဏတာ

လီမင်ဟို ပြန်မဲ့၂ရက် နေ့မှာ ကျွန်မ အားတာသိရတော့ စဉ်းစားနေစရာတောင် မလိုတော့ပါဘူး မဗေဒါ လေဆိပ်ကို ရောက်တော့မှာပါ.. ဒါပေမဲ့ လီမင်ဟိုရဲ့ flight info က တော်တော်နဲ့ ရှာလို့မတွေ့ပါဘူး... ကိုရီးယားကားကြည့်ရင်းနဲ့ ၅ မိနစ်ခြားတစ်ခါလောက် ဖွင့်ထားသမျှ လီမင်ဟို သတင်းရနိုင်တဲ့ ဆိုဒ်တွေကို refresh ထိုင်လုပ်နေခဲ့ရပါတယ်... ခက်တာက ဂျန်ဂမ်ဆပ်တုန်းကဆိုရင် သတင်းတွေက ချက်ချင်းတက်ပါတယ်... ခုချိန် အော့ချက်မှာ... ခုတော့ east coast မှာ စသည်ဖြင့် အင်တာနက်ပေါ်ကနေ stalker လုပ်နေလို့ရပါတယ်... လီမင်ဟိုကျတော့ သူ့ fan meeting နေ့က ပုံတွေနဲ့ အကြောင်းတွေပဲ တက်လာပါတယ်...

fan meeting အကျဉ်း

သူ့ fan meeting မှာ သူကိုယ်တိုင်ဆွဲတဲ့ ကာတွန်းပန်းချီ အခု ၂၀ ကို ကံထူးရှင်တွေကို လက်ဆောင်ပေးတယ်လို့လဲသိရပါတယ်... အချိန်မလောက်လို့ ၁၀ ခုပဲ ဆွဲပြီး ကျန်တာတွေကတော့ သူ့လက်ပုံ... နောက်ဆုံးသူ့ fan တွေ အလိုချင်ဆုံးပုံကတော့ သူနှုတ်ခမ်းအရာပါတဲ့ ကားချပ်ပါပဲ... ပုံလေးတွေမှာ ကြည့်နိုင်ပါတယ်... သူ့ စိတ်ကူးထဲက မိန်းကလေးပုံရယ်.... သူစားခဲ့တဲ့ ညစာပုံရယ်... သူ့ခွေးပုံလဲ ဆွဲတယ်လို့တော့ ပြောပါတယ်... မင်းသားဆွဲတဲ့ပုံဆိုတော့လဲ ဘယ်လိုပုံပဲဖြစ်ဖြစ် အားလုံးက လိုချင်နေကြတာပဲ...




His dream girl


အဲဒါ လီမင်ဟိုဆွဲတဲ့ Chili Crab ပုံ...


လီမင်ဟို နှုတ်ခမ်းရာလေး ဘယ်သူရမလဲ...



နောက်တော့ အမေးအဖြေကဏ္ဍ ပြီးတော့ .. ကံစမ်းမဲပေါက်တဲ့ မိန်းကလေးတွေနဲ့ group photo ရိုက်ပါတယ်... လက်မှတ်ထိုးပွဲ... ပရိတ်သတ်ကို ဖုန်းခေါ်ပြီးစကားပြောတာတို့... ကံထူးသူတချို့ကိုလဲ ပန်းပေးတာတို့ဘာတို့လုပ်တယ်ပြောပါတယ်... ကိုယ်ကိုတိုင်မသွားတော့ အသေးစိပ်တော့မသိပါဘူး... အွန်လိုင်းမှာတွေ့တာကို ပြောတာပါ... ဓာတ်ပုံတွေ ကြည့်ကြည့်လိုက်ပါ...


သူ့ ၂၄ နှစ်ပြည့်အတွက် fan တွေပေးတဲ့ လက်ဆောင်ကို မှတ်မှတ်ရရ ၀တ်ထားလေရဲ့...


သူ့ ရဲ့ LG Event က fan cam video လေးပဲ ရှိတုန်းကြည့်ထားပါ.. ပြီးရင် ဖျက်ချင် ဖျက်ခံရမှာမို့ပါ... ကျွန်မရိုက်ထားတာတော့ မဟုတ်ပါဘူး...youtube ပေါ်ကတွေ့လို့ပါ... သူက အင်္ဂလိပ်လိုသိပ်မပြောတတ်တော့ ကျွန်မအနေနဲ့တော့ အားမရပါဘူး... ဒါပေမဲ့လဲ သူ့ fan တွေကတော့ သူဘာပြောပြော သူ့ကို အားပေးချစ်ခင်မြဲပါပဲ...





လီမင်ဟိုနှင့် ကျွန်မ တွေ့ဆုံခြင်း... (အဟိ)...

လီမင်ဟိုရဲ့ Departure flight info ကို သိရတော့ ၂ရက်နေ့ ည ၁၀နာရီခွဲ လေယာဉ်လို့ စသိရပါတယ်... ဆိုးလ်ကို ပြန်မှာပါ... ဒီတော့ ကျွန်မက ၇နာရီလောက်အရောက် လေဆိပ်ကို သွားဖို့စိတ်ကူးထားပါတယ်... ကျွန်မလဲ အေးဆေး ကိုရီးယားကားတွေဘာတွေထိုင်ကြည့်နေရင်း... ညနေလောက်ရောက်တော့ တစ်ခါ page ကို refresh လုပ်လိုက်တော့ သူလေယာဉ်အချိန်စောဖို့ သတင်းထွက်ထားကြောင်း အားလုံးစောစောသွားကြဖို့ ပြောထားတာတွေ့ပါတယ်... ဒါပေမဲ့ ဘယ်အချိန်လဲ မသိပါဘူး... နောက် မိနစ် ၂၀လောက်နေတော့မှ တစ်ယောက် လေယာဉ်နံပါတ်ရယ် အချိန်ရယ်ပြောတော့မှ ည ၈နာရီခွဲ လေယာဉ်ဖြစ်သွားကြောင်းပြောပါတယ်.. ကျွန်မသိတဲ့အချိန်မှာ ညနေ ၅နာရီထိုးနေပါပြီ... ကျွန်မလဲ အဲလို မင်းသားတွေကို လေယာဉ်ကွင်းလိုက်ပို့တဲ့ အတွေ့အကြုံမရှိတော့ ဘယ်နှနာရီစောထွက်ရမယ်... ဘယ်နားမှာ သွားစောင့်နေရမယ်ဆိုတာ မသိပါဘူး... ဒါနဲ့ ဖိုရမ်ထဲမှာပဲ မေးလိုက်ပါတယ်... မင်းသားတွေက ကိုယ်တိုင်ချက်အင်ဝင်စရာမလိုဘူးတဲ့... အဲဒိအတွက်ကြောင့် ချက်အင် roll နားမှာပဲ စောင့်မနေနဲ့တဲ့... သူတို့ ချက်အင်လုပ်မဲ့ roll နဲ့ နီးတဲ့ ၀င်ပေါက် ၃ ပေါက်လောက်မှာ ယောင်ပေယောင်ပေလုပ်နေတဲ့.. မင်းသားလာရင် ကျန်တဲ့ ကောင်မလေးတွေ ပြေးတဲ့နောက်လိုက်ပြေးတဲ့.... လေဆိပ်ကို လေယာဉ်ချိန်ရဲ့ ၁နာရီ... ၁နာရီခွဲလောက် ကြိုရောက်နေရင် ရပြီတဲ့... ဒါနဲ့ပဲ လေယာဉ်ချိန် ၈နာရီခွဲ (Destination ကို ဆိုလ်း ကိုရီယားလို့ပဲထင်နေတော့ ) လေယာဉ်နံပါတ်ကို ကောင်းကောင်းမမှတ်ပဲ ကျွန်မလဲ နောက်ကျမှာစိုးလို့ ထွက်လာခဲ့လိုက်တယ်...

၁ယောက်ထည်းဖြစ်နေလို့ မေမေ့ကိုလဲ လိုက်ခဲ့ပေးဖို့ အဖော်စပ်လိုက်တယ်... မုန့်ကျွေးမယ်လဲ ပြောလိုက်တာပေါ့... ဟဲ.. ဟဲ... လေဆိပ်ကို ညနေ ၅နာရီခွဲလောက် ရောက်သွားတယ်... လေဆိပ်ရောက်တော့ ဆိုးလ်ဆိုတာကိုပဲ ကြည့်ပြီး row 1 မှာ သွားစောင့်နေဖြစ်သေးတယ်... တော်တော်လေး ထိုင်တဲ့အထိ တခြား fan girls တွေကို မတွေ့တာနဲ့ မဟုတ်သေးပါဘူးဆိုပြီး လေယာဉ်ချိန်တွေ ထပ်စစ်တော့ ၈နာရီခွဲလေယာဉ်က MALE ဆိုတဲ့ နိုင်ငံကို သွားမှာ... ဆိုးလ်ကို သွားမဲ့လေယာဉ်က ၁၀နာရီခွဲမှာပဲရှိတယ်... ဒါနဲ့ လေယာဉ်နံပါတ်ကလဲ ကောင်းကောင်းမမှတ်မိတော့ ပိုက်ပိုက်အကုန်ခံပြီး ဖုန်းနဲ့ အင်တာနက်သုံးလိုက်ရသေးတယ်... အဲဒိတော့မှာ ငါ အိုင်ဖုန်းလေး ၀ယ်ထားရင်ကောင်းသားလို့ တွေးမိတယ်... လေယာဉ်နံပါတ်သိရတော့ အဲဒိ MALE ဆိုတဲ့ နိုင်ငံကို သွားမဲ့လေယာဉ်ပဲ... Row 8 မှာ ချက်အင်ဝင်ရမှာ... တစ်ချိန်တည်းမှာပဲ ကောင်မလေးတစ်အုပ် ကိုယ့်ရှေ့က ဖြတ်ပြီး Row 8 ဘက်ကို လျှောက်သွားတာတွေ့တော့မှ ကိုယ်လဲ Row 8 ဘက်ကို လိုက်သွားဖြစ်တယ်.. တော်သေးတယ်... Row 1 မှာ ထိုင်စောင့်နေရင် သူလာရင် ဘယ်လိုပြေးပြေး မှီမှာမဟုတ်ဘူး...

ကျွန်မတို့သားအမိ ခုံလေးမှာ ထိုင်စောင့်နေတုန်း ဟိုဘက်ခုံတန်းမှာ တစ်ယောက်တည်းထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်... နောက် အရှေ့ ဘယ်ဘက်မှာ မတ်တပ်ရပ်နေတဲ့ ၅ယောက်လောက်ရှိတဲ့ အုပ်စုရယ်... Row 8 ရဲ့ တည့်တည့် ၀င်ပေါက်မှာ ရပ်နေတဲ့ ပြည်ကြီးတရုပ်မပုံစံ ၃ယောက်ရယ်ပဲ ရှိသေးတယ်... ညနေ ၆နာရီခွဲလောက်ရှိသွားပြီ.... မေမေကတောင်ပြောနေသေးတယ်... ဟိုကောင်မလေးတစ်ယောက်တည်း ကြောင်နေတယ်တဲ့... ကျွန်မ ဂျန်ဂမ်ဆပ်ကို လေဆိပ်သွားကြိုတဲ့နေ့ကလဲ တစ်ယောက်တဲ့ အဲလိုပဲ ကြောင်နေတာပဲ... ခု မေမေလိုက်မလာပေးရင်လဲ ကျွန်မတစ်ယောက်တည်း ကြောင်နေမှာပဲ... ခဏနေတော့ အဲဒိတစ်ယောက်တည်းဖြစ်နေတဲ့ကောင်မလေးက ကျွန်မကို စပြီးစကားလာပြောရင်း မိတ်ဖွဲ့တယ်... ၀ါသနာတူတွေဆိုတော့ ချက်ချင်း ခင်သွားပါတယ်... သူကတော့ လီမင်ဟိုကို အတော်လေးကြိုက်တာ... Nanyang Poly က စလုံးမလေး... သူနဲ့ စကားပြောရင်း security နဲ့ ရဲတွေက မယုံရကြောင်း သူဟိုတစ်ခေါက်လီမင်ဟို Saint James မှာ တွေ့ဆုံပွဲတုန်းက အပြင်မှာစောင့်နေတာ ရဲတွေက ဒီကထွက်မှာသေချာတယ်ဆိုပြီး တကယ်တမ်းကျတော့ တခြားအပေါက်က ထွက်သွားကြောင်း ပြောဖြစ်ကြတယ်...

၇နာရီလောက်ထိုးတော့ ကျွန်မတို့တွေ အတော်လေးကို သတိနဲ့နေနေရပါပြီ... ဘယ်အချိန်ဘယ်အပေါက်က ၀င်လာတော့မလဲကို စောင့်ကြည့်နေရပါတယ်... တခြား fan တွေလဲ တော်တော်များများရောက်လာပါတယ်... ဓာတ်ပုံရိုက်တဲ့ ပရိုကင်မရာပြောင်းကြီးတွေက မင်းသားမပြောနဲ့ ကျွန်မတောင် လန့်ပါတယ်... ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးဆိုရင် နောက်ကနေ လူဖြတ်ပြေးရင်တောင် သူရင်တွေခုန်ပြီး ဒူးတွေတုန်နေလို့ လူတွေ ဖြတ်မပြေးကြရင်ကောင်းမယ်လို့ ကျွန်မကို ပြောပါတယ်... ၇နာရီ ၁၅မိနစ်လောက်မှာတော့ ရဲတွေနဲ့ အစောင့်တွေကို ကျွန်မတို့ရပ်နေတဲ့ ၀င်ပေါက်မှာမဟုတ်ပဲ နောက်ဝင်ပေါက်တစ်ခုမှာ သွားစောင့်နေကြတာတွေ့ပါတယ်... ကင်မရာ ပြောင်းကြီးတွေနဲ့ ကောင်မလေးတွေကတော့ ရဲတွေ security တွေသွားရာနောက်ကို တစ်ကောက်ကောက်လိုက်နေကြပါတယ်....

ဒါပေမဲ့ ကျွန်မစဉ်းစားကြည့်တယ်... ခု သူတို့စောင့်နေတဲ့ အပေါက်နဲ့ immigration ကို ၀င်ဖို့ အပေါက်က တည့်တည့်မရှိပါဘူး... အဲဒိအပေါက်က၀င်ရင် မင်းသားအတွက် လမ်းက ပိုရှည်ပါတယ်... ကျွန်မတို့စောင့်နေတဲ့ အပေါက်က၀င်မှ immigration မှန်ပေါက်နဲ့ တန်းနေလို့ လမ်းအတိုဆုံးပါပဲ... ဒါနဲ့ ကျွန်မလဲ ဟိုစလုံးမလေးကို ရဲတွေကို မယုံနဲ့ ဘယ်သူတွေဘယ်သွားသွား ငါတို့ ဒီအပေါက်ကပဲ စောင့်မယ်လို့ ပြောလိုက်ပါတယ်.. တကယ်လို့ဟိုအပေါက်က ၀င်လဲ ပြေးသွားရင် မှီတာပဲ ဘာမှ ဝေးတာမဟုတ်ပါဘူးလို့... အဲဒိ cisco က security ၀တ်စုံဝတ်ထားတဲ့ မဗေဒါရဲ့ ကမ္ဘာ့ရန်သူကြီတစ်ယောက်ကိုလဲ ပြန်တွေ့ပါရဲ့... (ဂျန်ဂမ်ဆပ် ဆိုင်းထိုးပွဲတုန်းက သူ့ဖင်ကြီးနဲ့ မင်းသားကို ကာရပ်နေလို့ အတော်လေးကို မေတ္တာပို့သခဲ့ရတဲ့ လူ)... ခုလဲ မြောက်ကြွ မြောက်ကြွနဲ့ ဟိုလျှောက်ဒီလျှောက် ဟန်ရေးပြနေလို့လဲ သူတို့နောက်လျှောက်မလိုက်ချင်တာ.... ကိုယ်ယုံကြည်တဲ့နေရာမှာပဲ ကျွန်မကတော့ ရပ်နေတယ်.... စလုံးမလေးကတော့ လီမင်ဟိုကို အတော်ကြိုက်တော့ တော်တော်လေး စိတ်လှုပ်ရှားနေတယ်... သူများတွေက ဟိုဘက်အပေါက်ကနေ ပြန်မလာပဲ ကျွန်မတို့ ၂ယောက်ပဲ ဒီမှာကျန်ခဲ့တော့ သူဝေခွဲမရဖြစ်နေတယ်... ကျွန်မလဲ သူ့ကို သွားချင်သွား... ငါကတော့ ဒီမှာပဲ စောင့်မယ်... ဒီလမ်းက immigration နဲ့ အနီးဆုံး... သူဒီကပဲ ဖြတ်မှာလို့... ပြောတော့ ကျွန်မကို သူယုံတယ်... ခုမှ တွေ့တဲ့လူပင်မဲ့ ကျွန်မပြောတဲ့စကားကို သူယုံတော့ သူ့ကိုတော့ ကျွန်မစိတ်ထဲ ခင်သွားပါတယ်...

သူက မင်းသားကို ကြိုက်လွန်းတော့ စိတ်လှုပ်ရှားပြီး ကျိုးကြောင်းသင့်အောင် မတွေးတတ်တော့ဘူး... ကျွန်မကတော့ အဲဒိမင်းသားကို အပြင်မှာ မြင်ဖူးချင်လို့ သွားတာပဲရှိတယ်... မကြိုက်ဘူးတော့မဟုတ်ဘူး... ဒါပေမဲ့ အရူးအမူးအကြိုက်ကြီးမဟုတ်တော့ risk ယူရဲတယ်... ကျွန်မထင်ထားတဲ့အတိုင်းပါပဲ... ၇နာရီ ၄၀လောက်ကျတော့ ရဲတွေ security တွေ ကျွန်မတို့စောင့်နေတဲ့ အပေါက်ဘက်ကိုပဲ ရောက်လာတာပါပဲ... တခြား fan girls တွေလဲ ရောက်လာတော့တာပါပဲ... လူလဲ တော်တော်လေးကို များနေပါပြီ... ၀င်ပေါက်ရှေ့မှာလဲ sticker တွေကပ်ထားတဲ့ ကားတစ်စီရပ်နေပါပြီ... အဲဒိထဲမှာ မင်းသားပါလား မပါဘူးလားဆိုတာတော့ ကျွန်မတို့အားလုံး ဇဝေဇ၀ါပါပဲ...

လီမင်ဟိုလာရင် ရိုက်ပစ်မယ် (ကင်မရာနဲ့) .. အသင့်ပြင်...


ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးက ၇နာရီ၁၅လောက်ကတည်းက အပေါ့သွားချင်နေတာကို မသွားပဲတောင့်ခံပြီးစောင့်နေတာ.. မင်းသားကလဲ ထွက်မလာနိုင်ဘူး... ကျွန်မပြောတယ်... ၇နာရီခွဲလောက်တုန်းက အပေါ့သွားချင် သွားလိုက် လာအုံးမှာ မဟုတ်သေးပါဘူးဆိုတော့.... သူ့အခွင့်အရေးတွေ လက်လွတ်မခံနိုင်ဘူးတဲ့ ရတယ် စောင့်မယ်ဆိုပြီးစောင့်တာ.. လက်လန်တယ်... ကျွန်မကတော့ ဗိုက်အတော်ဆာနေပြီ... သွားစားရင်တော့ တကယ်မှီမှာမဟုတ်ဘူး...

အဲလို ရင်ခုန်နေတုန်းအချိန်ကျမှပဲ အရေးထဲ မိန်းမကြီးတစ်ယောက်က "ဘယ်သူလာမှာလဲ... ကိုရီးယားမင်းသားလို့တော့ပြောတယ်... ငါကတော့ ကိုရီးယားမင်သားဆို Rain ပဲသိတယ်" ဆိုပြီး စကားစမြည်လာပြောနေသေးတယ်... အဲဒိမိန်းမကြီးက ဘရူနိုင်းက... ဘရူနိုင်းကို ပြန်ဖို့လေဆိပ်ရောက်နေတာ... ကျွန်မလဲ ဒီတစ်ယောက်က Rain ထက်ငယ်တယ်... Young and fresh လို့ ပြောလိုက်တယ်... သူက ဒါဆို ထွက်လာရင် ငါ့ကို ဘယ်တစ်ယောက်လဲပြနော်တဲ့.... ကျွန်မလဲ ပြစရာတောင်မလိုဘူး... လူအုပ်ထဲမှာ အချောဆုံးနဲ့ အထင်းဆုံးဖြစ်နေတဲ့ သူက မင်းသားပဲလို့ ပြောလိုက်တယ်... နောက်တော့သူက သူ့မှာလဲ Model boy တူတစ်ယောက်ရှိကြောင်း သူတို့နိုင်ငံမှာတော့ အတန်အသင့်နာမည်ကြီးကြောင်း... သူ့တူကလဲ လူအုပ်ထဲမှာ ထင်းကြောင်းလာပြောတော့ ကျွန်မနဲ့ခင်နေတဲ့ စလုံးမလေး သည်းခံနိုင်ပုံမပေါ်တော့ဘူး... လှည့်ကို မကြည့်တော့ဘူး... ကျွန်မကတော့ ဒီလောက်လဲ စိတ်လှုပ်ရှားမနေတော့... ပြုံးပြပြီး ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်နေလိုက်တယ်...

ကားက ရပ်ထားတာကြာပြီး လီမင်ဟိုက ထွက်မလာသေးပါဘူး... ၇နာရီ၅၀လောက်ကျတော့ ကားထဲက ၃ယောက်လောက်ထွက်လာတယ်... အဲဒိထဲမှာ ကိုရီးယား ကောင်မလေးတစ်ယောက် ရေရှားဂါဝန်နဲ့ ဆံပင်ကိုလဲ အမြင့်ဆံထုံး ထုံးထားတယ်... အသားကလဲ ဖွေးပြီး ညက်နေတာပဲ... အစက မင်းသမီးလားလို့တောင်ထင်တာ... ဒါပေမဲ့ မင်းသမီးဆိုရင်တော့ သတင်းရမှာပါ... မဟုတ်လောက်ဘူး... ဒါပေမဲ့ ချောတာတော့ ကိုရီးယားမင်းသမီးအတိုင်းပဲ... သူတို့ ဖြတ်သွားတယ်... အိမ်ရောက်မှ အွန်လိုင်းမှာ ဖတ်ကြည့်တော့ လီမင်ဟို အစ်မလား ညီမလားတော့ သိဘူး... sister လို့ရေးထားတယ်... ကောင်မလေး အရမ်းချောတယ်... ကိုယ့်ကိုကိုယ်တောင် သိမ်ငယ်တယ်.... (ခံစားရတယ်.. တကယ်ပဲ)...

၈နာရီထိုးတော့မှာ ရွှေမင်းသားက ကားထဲက ထွက်လာတယ်... ကားထဲကလူတွေထွက်လာတာတော့သိတယ်... glass slide door တွေကကာနေတော့လဲ အမြင်ကမရှင်းဘူး... မင်းသားပါလား... မပါဘူးလား မသေချာဘူး... ဒါပေမဲ့ ကျွန်မ မင်းသားရဲ့ မန်နေဂျာ ကုတ်အကျီင်္မီးခိုးရောင်ကို လှမ်းမြင်လိုက်တော့ လာပြီ လာပြီလို့ ဟိုစလုံးမလေးကို ပြောလိုက်တယ်... နောက်က သူ့တူကို ချီမွမ်းခန်းထုတ်နေတဲ့ မိန်းမကြီးကိုလဲ သိပ်နားလည်မပေးနိုင်တော့ဘူး... ကျွန်မလဲ ကင်မရာကို အဆင်သင့်လုပ် ရိုက်မယ်ချည်း အားခဲနေတော့တာ...



လီမင်ဟိုက V neck အကျီင်္အနက်ရောင်... ဘောင်းဘီအနက်ရောင်နဲ့ ညဘက်ကြီးကို နေကာမျက်မှန် အနက်ရောင်တပ်ထားတယ်... (သူလဲ မျက်လုံးဘယ်နားထားရမှန်းမသိလို့ တပ်ထားတာဖြစ်နိုင်ပါတယ်... ကိုရီးယားမင်းသားတွေ လေယာဉ်ကွင်းဆင်းတဲ့ စတိုင်ပဲလေ)... သူဝင်လာတော့ ဘေးရယ်နောက်ရယ် အားလုံးပေါင်း security က ၆ယောက်... သူ့ဘေးကပ်ရပ် ဘယ်ညာမှာက မန်နေဂျာ၂ယောက်... အနားအရမ်းကပ်လို့မရဘူး... ကမ္ဘာ့ရန် cisco က security တွေကလဲ သိပ်တာဝန်ကျေချင်တာလား... မင်းသားကို ကျိတ်မနာလိုဖြစ်ပြီး ကောင်မလေးတွေကို မကပ်စေချင်တာလားတော့ မသိဘူး... ကျွန်မဒီလောက် လမ်းပေးလိုက်တာတောင် သူ့လက်က တွန်းချင်သေးတယ်... ဒါပေမဲ့ ကျွန်မက အသိသာကြီးလမ်းပေးထားတော့ သူတွန်းတာ မထိလိုက်ပါဘူး... အဲဒိအချိန်မှာတော့ တကယ် ဘယ်သူမှ မမြင်တော့ဘူး... လီမင်ဟိုပဲ မြင်တယ်.... ကျွန်မအတွက် ဇောအကြီးဆုံးကတော့ သူ့ကို ဗွီဒီယိုရိုက်ဖို့ပဲ... ကျွန်မကို ကျော်သွားပြီးတော့ နောက်ထပ် လူအုပ်တွေကြားပြေးပြီး ကျော်တက်ပြီး ထပ်ရိုက် ထပ်ရိုက်နဲ့ Immigration ပေါက်ဝနားရောက်လာရော... သူဝင်ဝင်လာချင်း ၀င်ပေါက်မှာစောင့်နေတဲ့ ကျွန်မတို့ အပါအ၀င်တော်တော်များများက သိပ်မအော်ကြဘူး... အသံသိပ်မထွက်ဘူး... Immigration ပေါက်နားမှာစောင့်နေတဲ့ ကောင်မလေးတွေ (အာဂျူမာတွေလဲ ပါတယ်) က မင်းသားကိုတွေ့တော့ အော်သံတွေထွက်လာတယ်... Min Ho.... အိုပါး... စုံနေတာပဲ... နောက်တော့ လီမင်ဟိုတစ်ယောက်ပဲ Immigration ကို ပတ်စပိုစ့်လေးကိုင်ပြီးဝင်သွားတယ်....

သူ အင်မီဂရေးရှင်း အစစ်ခံနေတုန်း အပြင်က fan girls တွေကလဲ "1 2 3... LEE MIN HO" ဆိုပြီး အော်ကြတာ ရီနေရတယ်... ကျွန်မသတိထားလိုက်မိတဲ့ တစ်ချို့ယောကျာင်္းတွေရဲ့ အကြည့်တွေကတော့ လီမင်ဟို အင်မီဂရေးရှင်း ကောင်တာမှာရပ်နေတာကို ကြည့်ရင်း အားကျနေကြသလို... မနာလိုဖြစ်နေကြတာလဲပါတယ်... ဒီကောင်များ ဘယ်လောက်ချောလို့လဲဆိုတဲ့ မျက်လုံးမျိုးတွေ... ဒီကောင်ကိုများ ဖြစ်နေလိုက်ကြတာဆိုတဲ့ မချိပြုံးတွေနဲ့ ကြည့်နေကြလေရဲ့... ကျွန်မမေမေပြောပြတာတော့ သန့်ရှင်းရေးအဖိုးကြီးတွေဆိုရင် fan girls တွေကို အမြင်ကပ်လို့ မျက်နှာတွေမဲ့ပြီး မျက်စောင်းတွေခုတ်နေတယ်ဆိုပဲ....

လီမင်ဟိုတစ်ယောက်တည်းထွက်သွားတော့ သူမှ အဆင်ပြေပါ့မလား ဘာလို့ သူ့မန်နေဂျာတွေ ဘော်ဒီဂပ်တွေ လိုက်မသွားတာလဲလို့တွေးမိတယ်... လီမင်ဟို မျက်လုံးအောက်က ပျောက်သွားတာနဲ့ fan girls တွေရဲ့ attention က လီမင်ဟို မန်နေဂျာပေါ်ကို ရောက်သွားတော့တာပါပဲ... အလာတုန်းက ဓာတ်ပုံတွေကြည့်ရတည်းက သူ့မန်နေဂျာချောမှန်းသတိထားမိပါတယ်... လီမင်ဟိုထပ်လဲ အရပ်ရှည်တယ်... လီမင်ဟိုရှိစဉ်ကတော့ တကမ္ဘာလုံးမှာ သူ့တစ်ယောက်ပဲ မြင်ကြတာကိုး... ခုကျတော့ fan girls တွေက လီမင်ဟို့ မန်နေဂျာကို အုံပြီး ဓာတ်ပုံတွေရိုက်ကြပါလေရော... မန်နေဂျာလဲ ရီကျဲရီကျဲနဲ့ ခေါင်းကုတ်လိုက်... နှာဖူးသက်လိုက်နဲ့ ရှက်နေပုံတော့ရတယ်... သူသွားတဲ့နောက်ကို fan girls တွေ တပြုံကြီးက တကောက်ကောက်လိုက်နေကြတာ... အတော်လေးရီရပါတယ်... သူတို့အချင်းချင်းတောင် နောက်နေကြလေရဲ့... fan girls တွေကလဲ အဲဒိမန်နေဂျာ ရှက်နေမှန်းသိလို့ တမင်နောက်ပြီး သူ့ကို ဓာတ်ပုံတွေရိုက်ကြ သူ့နောက်တစ်ကောက်ကောက်လိုက်ကြလုပ်ကြတယ်... သူကလဲ အချောပဲကိုး... ရှက်ပြီး ပြုံးနေတဲ့ပုံဆို ပိုတောင် ကြည့်ကောင်းသေးတယ်... လီမင်ဟိုရှိတုန်းကတော့ သူက မျက်နှာထန်နေတာပဲ... သူလဲ သူ့မင်းသားရှိတော့ သူ့ဇောနဲ့ သူဖြစ်နေတာ နေမှာ...

ကျွန်မတို့ ပြန်တော့ မန်နေဂျာနဲ့ တကွ ကျန်ခဲ့တဲ့ အဖွဲ့သားတွေကတော့ ၁၀နာရီခွဲလေယာဉ် ဆိုးလ်ကို သွားဖို့ ချက်အင်ကောင်တာ နံပါတ ၁မှာ ချက်အင်ဝင်နေကြတယ်... fan girls ကောင်မလေးတော်တော်များများတောင် ကျန်နေတုန်းပဲ အဲဒိ မန်နေဂျာကို ဓာတ်ပုံရိုက်မဆုံးဖြစ်နေကြတာ.. ကျွန်မကတော့ အားလုံးကိုပြရအောင် အမြန် ၂ပုံလောက်ရိုက်လာပြီး ပြန်လာလိုက်တယ်... ဒါပေမဲ့ သူက လှုပ်နေတော့ ပုံက ၀ါးနေတယ်... သူများတွေရိုက်ထားတဲ့ Pro camera ကြီးနဲ့ ပုံတွေမှာလဲ ကြည့်လိုက်နော်...


ကျွန်မ မေမေကို ဓာတ်ပုံရိုက်ဖို့ တာဝန်ပေးထားတာ မိမိရရရိုက်လိုက်တယ်... လီမင်ဟိုရဲ့ နောက်ကျော...


လီမင်ဟိုက ဂျန်ဂမ်ဆပ်လောက် friendly မဖြစ်ဘူး.. လူအုပ်ကိုလဲ ကြောက်သလိုပဲလို့ခံစားရတယ်... လမ်းလျှောက်တာလဲ ခပ်သွက်သွက်လျှောက်ပြီး သူ့ကြည့်ရတာ အားမပါဘူး... အဲဒါကို အိမ်ပြန်ရောက်တော့ ဖိုရမ်တွေပေါ်မှာဖတ်ကြည့်တော့ ကျန်တဲ့ သူ့ fan တွေကိုယ်တိုင်လဲ အဲလိုခံစားရတယ်... ကျွန်မနဲ့ ခင်သွားတဲ့ ကောင်မလေးကတော့ လီမင်ဟို fan ဆိုတော့ သူအရင်အခေါက်တွေတုန်းက အဲလိုမဟုတ်ဘူး မျက်နှာရွှင်ရွှင်လန်းလန်းပဲတဲ့... ဒီနေ့တော့ သူ့ကြည့်ရတာ စိတ်သိပ်မကြည့်ဘူးထင်တယ်တဲ့... နေမကောင်းဘူးလား မသိဘူးတဲ့... ပြောတာပဲ... တစ်ခါတစ်လေကျတော့လဲ လူဆိုတာ ဒီလိုပဲပေါ့.. ဖြစ်တတ်ပါတယ်... ဒါပေမဲ့ မင်းသားဆိုတာတော့ fan ဒဏ် အနည်းနဲ့ အများခံရမှာပဲပေါ့... အမှန်ဆို လူအုပ်များလေ သူအောင်မြင်လေပဲ... ဂျန်ဂမ်ဆပ်ပြန်တုန်းကဆို အနီးကပ်လို့ရတာ တစ်ချို့ဆို လှမ်းတောင် ဆွဲလို့ရတယ်ဆိုပဲ... ဒါပေမဲ့ ဂျန်ဂမ်ဆပ်ကတော့ မညှိုးလုံးပဲ... သူ့ အိုင်ဖုန်းမှာ "Bye Cri" လို့ရေးပြီးတော့တောင် သူ့ fan တွေကို သံယောဇဉ်မပြတ်နိုင်စွာ နှုတ်ဆက်သွားသေးတယ်...

မနေ့က လေဆိပ်သွားလိုက်တာ မဗေဒါကိုယ့်ကိုကိုယ် မသေချာတာတစ်ခု သေချာသိသွားတယ်... အဲဒါကတော့ မဗေဒါ ဂျန်ဂမ်ဆပ်ကို တွေ့တုန်းက ဒူးတွေတုန် ရင်တွေခုန်က သူ့ကို တကယ်ကြိုက်လို့... မင်းသားတွေ့လို့ရင်ခုန်တာမဟုတ်ဘူး.. ဘာလို့လဲဆိုတော့ လီမင်ဟိုကိုတွေ့တော့ မဗေဒါ ဒူးတွေလဲ မတုန်ဘူး... ရင်ထဲမှာလဲ မွမ်းကျပ်ပြီး မောဟိုက်မလာဘူး... ဗွီဒီယိုမမှီလိုက်မှာ စိုးရိမ်တာပဲရှိတယ်... မဗေဒါ ဘလော့ကို လာဖတ်တဲ့အထဲမှာ လီမင်ဟို fan တွေများမှန်း ခန့်မှန်းလို့ရပါတယ်... မဗေဒါလဲ လီမင်ဟိုကို လောလောဆယ်ကြည့်သမျှကားတွေမှာ အကြိုက်ကြီး မဟုတ်သေးပင်မဲ့... နည်းနည်းတော့ ကြိုက်ပါတယ်... နောင်အသစ်ထွက်မဲ့ကားတွေမှာတော့ သူ့ Performance ကိုကြည့်ပြီး ကြိုက်ရင်လဲ ကြိုက်လာမှာပါ.... ဒါပေမဲ့ သူချောတယ်ဆိုတာကိုတော့ လက်ခံပါတယ်.... မဗေဒါ မေမေကတောင် ပြောတယ်... မင်းသားက ချောတာမှ သူ့မျက်နှာက အားလုံးထဲမှာ လပြည့်ဝန်းကြီးအတိုင်းပဲ ထင်းနေတာပဲတဲ့.... ဒီလိုနဲ့ သားအမိ ၂ယောက် မုန့်လဲ မစားဖြစ်တော့ပဲ အိမ်ရောက်မှ ထမင်းအ၀တုတ်ရင်း ဖြစ်ပျက်လေးတွေပြောပြီးရီကြ... ကျွန်မရိုက်လာတဲ့ ဗွီဒီယိုကို ဖွင့်ကြည့်ကြနဲ့ လီမင်ဟိုကတော့ Maldives ဆိုတဲ့ ကျွန်းလေးပေါ်မှာ သူ့မိသားစုနဲ့ အပန်းဖြေနေလောက်ရောပေါ့...

ဟောဒီမှာ အပိုဆု... handsome manager or bodyguard??

PS.. လီမင်ဟိုရဲ့ twitter account ကတော့ http://twitter.com/ActorLeeMinHo ပါ.. အဲဒိမှာ လီမင်ဟို ကိုယ်တိုင် မတ်စေ့လေးတွေရိုက်လေ့ရှိတယ် (ပြောတာပါပဲ... မသေချာပါ.. အနည်းဆုံး သူ့ agent က ကွန်ထရိုးလုပ်တယ်ဆိုရင်တောင် သူကတော့ ၀င်ဝင်ကြည့်တာ သေချာပါတယ်...) သူ့ရဲ့ normal life activities ပုံလေးတွေလဲ တင်လေ့ရှိပါတယ်... 
(လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်..)
Above photos credit as tag.