Monday, February 18, 2013

Eventful February

ဝါးးးးး..... ကိုယ့်ဘလော့ကိုယ်ဝင်ကြည့်ပြီး အတော်တောင်ပျင်းသွားတယ်... ဘာမှကို update မရှိလို့လေ... ဘလော့ပေါ်မှာသာ update မရှိတာ... ကိုယ်ဖြတ်သန်းခဲ့တဲ့ ဒီဇင်ဘာကနေ ဖေဖော်ဝါရီအထိတော့ အဖြစ်အပျက်တွေစုံလို့ပဲ... များလွန်းလို့ ဘလော့ပေါ်တောင် မတင်နိုင်ဖြစ်နေတာ... ဇန်န၀ါရီတုန်းကတော့ Writer blocked ကိုဖြစ်နေတာ... ဘာမှကို ချရေးရဲတဲ့ သတ္တိမရှိဖြစ်နေတာ... ဘာရေးရေးကိုယ့်ဘာကိုယ်စိတ်တိုင်းမကျတာ... (ခုကျတော့ ရေးချင်စိတ်တွေဖြစ်နေတယ်... ငယ်သူငယ်ချင်းတွေအားပေးတယ်ဆိုတာ သိလိုက်ရတာရော... ကျောင်းက Assignment တွေ၊ Exam တွေ နီးလာတာကြောင့်ရောဖြစ်မယ်ထင်တယ်)

မဗေဒါ စာဖတ်သူတွေကို အကြွေးတင်မှာစိုးလို့ မပြောပဲ တိတ်တိတ်လေး လစ်သွားတဲ့ ခရီးရှိတယ်... ဟဲ...ဟဲ... မဗေဒါ Page ကို "Like" လုပ်ထားတဲ့သူတွေကတော့ သတိထားမိရင်သိမှာပါ... အဲလိုပဲ မနေနိုင် မထိုင်နိုင် share ချင်တာ... (ကြွားချင်တာလို့ထင်လဲ ရပါတယ်... :P )... ဒီဇင်ဘာတုန်းက မြန်မာပြည်ပြန်ပြီး မန္တလေး၊ မေမြို့ ခရီးထွက်ဖြစ်လိုက်သေးတယ်... အဲဒါကတော့ FB မှာတောင် ဓာတ်ပုံ မတင်ဖြစ်သေးဘူး... ပြန်ရောက်တော့ အဲဒိအတောအတွင်း အကြွေးကျန်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို အပြတ်ရှင်းရသေးတယ်... (ကျောင်းစာသာ အဲလိုကြိုးစားရင်လေ.... ဟင်းးး (သက်ပျင်းချသံ))... 
Pirate Me... :D

ဇန်န၀ါရီမှာ အလုပ်က Annual Dinner and Dance အတွက် ကိုယ်က Recreation Committee (RC) မှာ ပါနေပြီး အဲဒိ Event အတွက် တာဝန်ယူရတဲ့သူဆိုတော့ ဟိုတယ်ကလူတွေနဲ့ စကားပြောရ၊ Event organizer တွေနဲ့ စကားပြောရ၊ ကိုယ့် RC ကလူတွေနဲ့ meeting သွားရနဲ့ ကိုယ့်သူဋ္ဌေးတောင် ကိုယ့်ကို ဘာအလုပ်မှ သိပ်မခိုင်းရဲလောက်အောင် ဘီးဇီးနေတာ... မဗေဒါတို့ AD&D Theme က "Pirate and the seven seas" လေ... ဒီတော့ မဗေဒါလဲ Pirate လိုဝတ်ရလေရဲ့... အဲလိုမျိုး Cos play လိုဝတ်ရတာ သဘောကျတယ်... ဒါက ခုလို Event ရှိမှ ၀တ်လို့ရတာလေ... တခြားဘယ်အချိန်မှ ၀တ်လို့ရတာဟုတ်ဘူး... ပြီးတော့ RC member တွေအတွက် ၀တ်စုံခကို ကုမ္ဗဏီက ထုတ်ပေးတော့ ကိုယ်တွေက အလကားဝတ်ရတာပေါ့... အလုပ်ကလူတွေက အလုပ်လုပ်ရင်လဲ သေမလောက်လုပ်ကြတယ်... ခုလို ပျော်ပွဲရွှင်ပွဲဆိုလဲ ကဲကြတာ သောက်သောက်လဲ... ဒီနှစ်လဲ မဗေဒါကံ သိပ်မကျသေးဘူး... ကံစမ်းမဲ ထပ်ပေါက်တယ်... မနှစ်ကတော့ နံပါတ် ၄ခုမြောက်ဆုရတာ Ipad2... ဒီနှစ်တော့ နံပါတ် ၁၃ခုမြောက်ဖြစ်သွားတယ်... ဒေါ်လာ ၅၈၈ တန်ဖိုးရှိတဲ့ YAMAHA TSX140 docking system ပေါက်တယ်လေ... သိပ်အကြိုက်ကြီးမဟုတ်ပင်မဲ့ ကိုယ်ကံကောင်းသေးသားပဲဆိုတာကို တွေးပြီး ပျော်တယ်... 

My Prize



February လမှာတော့ မဗေဒါ မွေးနေ့၊ တရုတ်နှစ်သစ်ကူးပွဲ၊ (နောက်ထပ် မဗေဒါအတွက် အမှတ်တရနေ့တစ်နေ့လဲရှိတယ်... ဘာလဲမေးနဲ့ ပြောပြ၀ူး...) ပြီးတော့ မဗေဒါ သြစတေးလျ (Gold Coast နဲ့ Sydney ) ကို အလည်ခရီးသွားတဲ့နေ့တွေ၊ ၁၂ကျော်ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့နေ့၊ ညလုံးပေါက် မအိပ်ပဲ သူငယ်ချင်းတွေနဲ့ ပျော်တဲ့နေ့... တစ်လလုံးနီးပါး နှားစေးချောင်းဆိုး ဖျားချင်သလိုလို ဖြစ်တဲ့နေ့တွေ... 

နောက်လာမှာကတော့ ခရီးကပြန်အလာ ကိုက်ခဲတဲ့ ခန္ဓာကိုယ်၊ နာနေတဲ့ ခါး၊ ဆက်ဆိုးနေတဲ့ ချောင်း၊ အလုပ်ကို ပြန်ရောက်ခါစ Holiday mood မပြေသေးလို့ အပျင်းကြီးတဲ့နေ့တွေရယ်... ကျောင်းက Assignment တွေ Project တွေ သေမလောက် Dead line ရောက်နေတာကို အနားကပ်မှ လုပ်မဲ့နေ့တွေ၊ ဖေ့ဘွတ်ပေါ်ရိုက်လာတဲ့ ဓာတ်ပုံတွေတင်ပြီး ဘယ်နှစ်ယောက် လာ Like ပြီလဲ... ဘယ်သူ Comment ပေးပြီလဲ စောင့်ကြည့်ရမဲ့နေ့တွေကို ဆက်လက်ဖြတ်သန်းရအုံးမယ်... ဒါပေမဲ့လည်း နိစ္စဓူဝ အလုပ်တွေသာ အမြဲပျော်ဖို့ကောင်းနေရင်၊ အားလပ်ရက်ခရီးတွေက ဘယ် special ဖြစ်တော့မှာလဲနော်... "If daily routines are full of fun, Holidays would not be special anymore" -- By MaBayDar.

Anyway, ခုလောလောဆယ်ထိတော့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရပြီး မြူးနေတဲ့ အူက အရှိန်မပြေသေးတော့ Mood က ကောင်းနေသေးတယ်... ဒီနှစ် ဖေဖော်ဝါရီလက မဗေဒါအတွက်တော့ Eventful ဖြစ်တဲ့ လတစ်ခုဖြစ်ခဲ့ပင်မဲ့ ဘလော့ပေါ်မှာတော့ ခြောက်ကပ်နေခဲ့တယ်... အဲဒိအတွက် ဘလော့ကို စောင့်ဖတ်နေတဲ့ သူတွေအားလုံးကို မှားတာရှိရင် တောင်းပန်တယ်နော်.... :D ... နောက်မှပဲ မဗေဒါကိုယ်တိုင်ရိုက် အစားအသောက်ပုံတွေနဲ့ Post Birthday ဘလော့ပိုစ့်လေးတစ်ခု ရေးဖြစ်နိုင်အောင် လုပ်အုံးမယ်... ဓာတ်ပုံတွေနဲ့ ဒုက္ခပေးအုံးမှာ.... ဟိဟိ...


Childhood friends are like STARS


ဒီနေ့တော့ ဒီလောက်ပဲ... သူဋ္ဌေး weather သိပ်မကောင်းလို့... အလုပ်ကနေ ရိုက်နေတာဆိုတော့ လေသိပ်မရှည်တော့ဘူး... (ခုတောင် တော်တော်ရှည်ပြီးနေဘီ)... သွားဘီ.... Ciao!!!....