Friday, December 03, 2010

IMM mall တော့ ဒီနေ့ လူတော်တော် စည်မယ်...

ဒီနေ့တော့ IMM မှာ တစ်နေ့လုံး လူရှုပ်မယ်ထင်တယ်... Kim Hyun Joong က IMM က The face shop ကို လည်မယ်.. ပြီးတော့ Garden Plaza မှာ လက်မှတ်ထိုးပွဲရယ်... သူ့ မူလအတိုင်းအတာအတိုင်းလုပ်ထားတဲ့ သူ့ပုံတူ ပိုစတာ၂ခုကို လေလံတင်ပွဲလုပ်မယ်... အဲဒိက ရတဲ့ပိုက်ဆံကို AIDS ဝေဒနာရှင်တွေအတွက်လှူမယ်လို့ ကြားရတယ်... အချိန်တော့ သေချာမသိဘူး... မနက်ပိုင်းပဲဖြစ်မယ်ထင်တယ်... သူ ဒီနေ့ ညပြန်မယ်... CIP လမ်းက ပြန်မှာဖြစ်လို့ Fans တွေ ကြည့်လို့ရမှာမဟုတ်.... သူ့ပွဲတော့ သွားတော့ဘူး... အရမ်းပင်ပန်းနေပြီ... ဒါပေမဲ့ ညနေကျရင် 2pm ပွဲတော့သွားမယ်... ကိုယ့်မှာလက်မှတ်ဝယ်ထားတယ်လေ...

အစက အဲဒိလက်မှတ်က သူတို့ Fan meet ကို သွားလို့ရမှန်းမသိဘူး... ခုတော့ 2pm နဲ့ Miss A fan meet ကို သွားလို့ရတယ်... သူတို့ CD ၀ယ်ထားတဲ့ ပထမ အယောက် ၁၅၀ ကို 2pm က လက်မှတ်ထိုးပေးပွဲလုပ်မယ်... ကျွန်မတို့လို show လက်မှတ်ဝယ်ထားတဲ့သူတွေကတော့ လက်မှတ်ထိုးပွဲနဲ့ 2pm ကို ကြည့်ဖို့ ၀င်ခွင့်ရမှာဖြစ်တယ်... တကယ့် show ပွဲနေ့ကျရင် ဘယ်နေရာလောက်ဝေးဝေးရပြီး နေမယ်မသိတာရယ်... ဗွီဒီယိုကင်မရာ... ဓာတ်ပုံကင်မရာ မယူရဘူးလို့ ကြေငြာထားတာရောမို့လို့ ဒီနေ့ 2pm ကို မဗေဒါဘလော့က kpop fan တွေအတွက် ဗွီဒီယိုသွားရိုက်ပေးဖို့ စဉ်းစားထားတယ်... မြင်ရမလား မရဘူးလားတော့ မသေချာပါ... တကယ်လို့ လက်မှတ်ဝယ်ထားတဲ့သူတွေရှိရင် fan meet လာချင်လာလို့ရအောင် ရေးပေးလိုက်တာပါ....

Artist: 2PM
Date: 3rd December 2010
Time: 7:30 PM – 8:30 PM
Venue: IMM Garden Plaza

First 150 fans to produce 2PM’s “Still 2:00pm Singapore Version Mini Album” and a paid/valued Mnet Sistic Ticket will be allowed to meet 2PM for autographs.

IMM will allow queuing at the pathway from 2pm onwards.
We will open the venue at 5pm.
No entry via the Mall.
All Mnet tickets holders will be allowed into the Sky Garden only (tickets with 0.00 value or valued).

Sony Music will be giving out 150 posters for the lucky fans for autograph.

2PM will be donating an Autograph Poster to the Disabled People’s Association for an auction at a later date.

No comments :