Friday, December 17, 2010

Jang Keun Suk ကို စကာင်္ပူထပ်လာစေချင်သေးလား...



Colored Rhythms Events ဆိုတဲ့ အဖွဲ့က ဂျန်ဂမ်ဆပ် fan meeting Singapore မှာ ထပ်လုပ်ဖို့ မဲကောက်နေပါတယ်... သူတို့ဆီကို အီးမေလ်းပေါင်း ၁၀၀၀ ရောက်ရင် မင်းသားကို စကာင်္ပူထပ်ဖိတ်ပါမယ်တဲ့... တွေ့တွေ့ချင်းပဲ သွားတာမသွားတာ အပထားအုံး အနည်းဆုံး လေဆိပ်မှာ အလကားကြည့်လို့ရတယ်လေ... အီးမေလ်းပို့လိုက်တယ်... ဒါပေမဲ့ ၁၀၀၀ ပြည့်ဖို့လိုနေသေးတယ်တဲ့... ၁၉ရက်နေ့နောက်ဆုံးပိတ်မှာ... ကဲ... အရင်တစ်ခေါက်က ဂျန်ဂမ်ဆပ်ကို မတွေ့လိုက်ရတဲ့ ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် အခွင့်ရေးထပ်ရတော့မယ်...
ဂျန်ဂမ်ဆပ်ဟာ အပြင်မှာတွေ့ရတာတန်တဲ့ Fan Service ကောင်းတဲ့ မင်းသားတစ်ယောက်ဆိုတာ မဗေဒါ ကိုယ်တွေ့မို့ တွေဝေမနေကြနဲ့နော်... မေလ်းပို့လိုက်ကြ... အောက်ကစာကတော့ သူတို့ Facebook မှာတင်ထားတာပါ...


Dear Jang Keun Suk, You’re Beautiful & Mary Stayed Out All Night fans,

Would u like to meet Jang KeunSuk up-close in a Singapore fanmeeting next yr? If yes, pls email jksinsingapore@gmail.com with your name & contact number.

Deadline: 19 Dec 2010, 12 midnight.
...
Pls email only if u are truly interested. If we receive more than 1000 responses, we may make this come true!

Mong Mong,
Colored Rhythms Team

1 comment :

KK said...

မလာစေချင်ပေါင်။ နာမတွေ့ရလို့ ခွိခွိ။ မငိုနဲ့နော်.. စတာ။ ခုမှတွေ့လို့ မေးလ်ပို့လို့ရတော့ဘူး။ လာရင် အရင်တစ်ခေါက်လို့ ပို့စ်တင်ပေးနော်။ အရမ်းချစ်တာပဲ သူ့ကို။ မဗေဒါမိတ်ဆက်ပေးလို့ စသိတာ။