Friday, February 03, 2017

Goblin - Drama Review




ဇာတ်ကားအမည် - Goblin (aka) Guardian: The lonely and Great god
Genre - Romance, Fantasy, Drama
Written by - Kim Eun Sook
Directed by - Lee Eung-bok, Kwon Hyuk-chan, Yoon Jong-ho
Starring
Gong Yoo
Kim Go-eun
Lee Dong-wook
Yoo In-na
Yook Sung-jae

Country of origin - South Korea
Original language - Korean
No. of episodes - 16
Distributor - TvN
Original release - December 2, 2016 – January 21, 2017
My Rating: 4/5


ဇာတ်လမ်းအကျဉ်း

အသက် ၉၃၉ နှစ်ရှိပြီဖြစ်တဲ့ တန်ခိုးရှင်(Goblin) ကင်မ်ရှင်း (Gong Yoo) ဟာ တကယ်တော့ သူရဲ့ သတို့သမီးကိုု လိုက်လံရှာဖွေစောင့်စားနေခဲ့တာပါ။ ဘာဖြစ်လိုု့လဲဆိုုတော့ အဲ့ဒိသတိုု့သမီးကိုတွေ့မှ သူ့ရဲ့ ရင်ဘတ်မှာ စိုက်နေတဲ့ ကြိမ်စာသင့်ဓားကို ထုတ်ခိုင်းြပီး သူ့ရဲ့ ပျင်းစရာ အထီးကျန်စရာကောင်းတဲ့ မသေနိုင်တဲ့ ဘဝကြီးကို အဆုံးသတ်နိုင်မှာမို့ပါပဲ။ သူနဲ့အတူနေထိုုင်သူကတော့ လူတွေသေရင် ဝိဉာဉ်ကိုု အတိတ်မေ့ဆေးတိုုက်ပြီး ဘဝတစ်ပါကိုုပြောင်းစေတဲ့ အလုုပ်ကိုုလုုပ်ကိုုင်တဲ့ သေမင်း (Lee Dong Wook) ပဲဖြစ်တယ်။ သူတိုု့ ၂ယောက်လုံုးဟာ ဟိုုးအရင်ဘဝက သူတိုု့ကျူးလွန်ခဲ့တဲ့ ပြုခဲ့တဲ့ ကောင်းမှု ဆိုးမှုတွေကြောင့် ခုလို ဘဝတွေကို မိုုးနတ်မင်းက အပြစ်ပေးတဲ့အနေနဲ့ ပေးထားခြင်းခံရတာဖြစ်တယ်။ အထက်တန်းကျောင်းသူလေး Ji Eun Tak (Kim Go Eun) ဟာ သူ့အမေဆုံုးပြီး ငယ်ငယ်ကတည်းက နှိပ်စက်တဲ့ အဒေါ်မိသားစုုနဲ့ နေရပေမဲ့ သူ့ဘဝကိုု အကောင်းဆုံုးနေထိုုင်တယ်။ သူ့ရဲ့ ထူးခြားချက်က သရဲတွေကိုု မြင်နုုိင်တာပဲ။ သူဟာ Goblin နဲ့ ဆုံုးစည်းပြီးနောက်ပိုုင်း Goblin ကို ချစ်ြမတ်နိုး ခဲ့တယ်။ တကယ်တော့ သူဟာလဲ Goblin လိုက်ရှာနေတဲ့ သတိုု့သမီးပဲဖြစ်တယ်။ Kim Sun (Yoo In Na) ကတော့ ကြက်ကြော်ဆိုင်ပိုင်ရှင်ဖြစ်ပြီး Eun Tak ရဲ့ အလုပ်ရှင်ဖြစ်တယ်။ သူနဲ့ သေမင်းဟာ ကံအကြောင်းဆုံုလိုု့ တွေ့ခဲ့ကြပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။

Goblin ရဲ့ မသေနုုိင်တဲ့ ဘဝကြီးကိုု အဆုံုးသတ်ပေးရမဲ့ သတိုု့သမီးတိုု့ စုံုတွဲ (တနည်းအားဖြင့်) သေကွဲကွဲမဲ့ စုံုတွဲနဲ့ မတူညီတဲ့ ဘဝတွေဖြစ်တဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်မလေးနဲ့ သေမင်းတိုု့ရဲ့ ချစ်ဇာတ်လမ်းက ဘယ်လိုုဇာတ်သိမ်းမလဲ။ ဘယ်လိုု ဘဝ ဘဝက ရှေးရေစက်တွေကြောင့် ခုုလိုုမျိုး စုံုတွေ့ကြရတာလဲ ဆိုုတာစိတ်ဝင်စားရင် ကြည့်လိုုက်နော်။


ဝေဖန်ရေး

ဒီဇာတ်ကားကိုု ပါဝင်တဲ့ ဇာတ်ဆောင်တွေနဲ့ သူတိုု့ရဲ့ သရုုပ်ဆောင်မှု၊ ဖက်ရှင် အတွက် ၁ မှတ်။
ဇာတ်ဝင်တေးတွေအတွက် ၁မှတ်။

လှပတဲ့ ရိုုက်ချက်တွေနဲ့ ကာလာ အရည်အသွေးကောင်းတဲ့ တင်ဆက်မှု အတွက် ၁မှတ်။
ရိုုက်ကွင်းနေရာ လှလှလေးတွေအတွက် ၁မှတ်။

ဇာတ်လမ်းက ထုံုးစံအတိုုင်း အစပိုုင်းကောင်းပြီး အလည်ပိုုင်းနည်းနည်းပျင်းလာကာ၊ နောက်ဆုံုးပိုုင်းကိုု ကိုုယ်ကတော့ သိပ်စိတ်တိုုင်းမကျတဲ့အတွက် အမှတ်ပြည့်မပေးပဲ 4/5 rating ပဲ ပေးထားတာပါ။

အပေါ်မှာ ပြောခဲ့သလိုုပဲ ဒီကားကိုု အဆုံုးထိကြည့်ဖြစ်ဖိုု့ စွဲဆောင်ခဲ့တာကတော့ ဇာတ်လမ်းက ဒီလောက်မဟုုတ်ပေမဲ့ ကျန်တာတွေကြောင့် တစ်ပတ်တစ်ပတ် ဆက်ကြည့်ချင်စိတ်ဖြစ်ခဲ့တာပါ။ rating ကိုု ၅မှတ်လုုပ်ထားလိုု့ ဇာတ်လမ်းအတွက် တစ်မှတ်မှ မရသလိုုဖြစ်နေပေမဲ့ ဇာတ်လမ်းထဲက ကောင်းတာလေးတွေလဲရှိပါတယ်။ အပေါ်က အမှတ်က အကြမ်းပျင်း သက်သက်ပါ။ ဥပမာ မင်းသား ၂ယောက်ကြားက Friendship and Bromance, မင်းသမီးနဲ့ သေမင်းကြားက ခင်မင်မှု စသဖြင့်ပေါ့။ဇာတ်လမ်းအလည်ပိုင်းမှာ မင်းသားနဲ့ မင်းသမီး အီစီကလီ ကလူအိသိုု့ မြူအိသိုု့ တွန်းလိုုက် ဆွဲလိုုက်လုုပ်နေကြတာကိုု fancy အချစ်ကားကြိုက်တဲ့သူတွေအတွက်တော့ သဘောကျချင်ကျနုုိင်ပေမဲ့ ကျွန်မကတော့ အဲ့ဒိအခန်းတွေ နည်းနည်လေးလျော့ပြီး (အဓိကက Goblin တဖြည်းဖြည်းနဲ့ ဆယ်ကျော်သက်ကောင်မလေးကိုု ချစ်လာတာကိုု တော်ရုုံပြရင်လုံုလောက်တယ်ထင်တာပဲ) Goblin နဲ့ သူ့တူကြားက သံယောဇဉ် Development နဲ့ Goblin နဲ့ သူ့ညီမကြားက ကြည့်ရှုသူတွေ ဂရုုဏာရသပေးစေမဲ့ မောင်နှမ သံယောဇဉ်ကိုုလဲ နည်းနည်းပိုုတိုုးပြသင့်တယ်လို့ထင်တယ်။ (အောက်ရောက်မှ မကျေနပ်တာအတိအကျ spoiler alert နဲ့ ရေးမယ်နော်)... ယေဘူယျ ဝေဖန်ရေးအရကတော့ များါများစားစားရေးလိုု့မရဘူး။ အပေါ်မှာပြောခဲ့သလိုုပဲ ဇာတ်လမ်းကိုု ကိုုယ့်အတွက် သိပ်သဘောမကျပေမဲ့ (ဆိုုးဆိုုးရွားရွားမဟုုတ် ကြည့်ပျော်ပါသည်) ကျန်တဲ့ အချက်တွေကတော့ ဒီကားမှာ အတော်လေး အားကောင်းတဲ့အတွက် စိတ်ဝင်စားရင်ကြည့်ဖိုု့တိုုက်တွန်းပါတယ်။

Spoiler Alert...
.
.
.
.
.


ကြည့်ပြီးသူတွေပဲ ဒီအပိုုင်းကိုု ဆက်ဖတ်မယ်ယူဆတဲ့အတွက် မေးလိုုက်မယ်နော်။ အဆုံုးသတ်ကိုု ဘယ်လိုုထင်သလဲ? မဗေဒါရဲ့ ပေချ့်ပေါ်မှာ မေးလိုုက်တော့ တော်တော်များများရဲ့ ကွန်မန့်တွေက ကိုုယ်နဲ့ တူတူပါပဲ။ ကိုုယ်တစ်ယောက်တည်းမဟုုတ်တာသိရတော့ တော်ပါသေးရဲ့ဆိုုပြီး ကျေနပ်မိတယ်။ Goblin က မသေမရှင်နဲ့ ၉ နှစ်လောက် သဲဂန္တာရထဲ ဒုုက္ဖခံပြီး ဒီလူ့ဘုံုကိုု အုုံုုးဆိုု ကိုုယ်ထင်ပြ ပြန်ရောက်လာတော့ သူ့ရဲ့ ဇာတ်သိမ်းကဘာလဲ? ကောင်မလေးက အချိ်န်တန် အသက်ကြီးပြီး သေသွားမှာ။ သူကတော့ တစ်ယောက်တည်း မသေနုုိင်ပဲ ဘယ်အချိန်ထိ ဆက်ကျန်နေရမှာလဲ? အဲ့ဒါက သူ့အတွက် ပျော်စရာ အဆုံုးသတ်လိုု့ မဗေဒါကတော့ မမြင်ဘူး။ သံသရာ ဝတ်ဆင်းရဲကြီးကနေ ဘယ်တော့မှ မလွတ်ကျွတ်တော့ဘူးပေါ့။ လူတစ်ယောက်သက်တမ်း ၁၀၀ မှာ အရွယ်ရောက်ဖိုု့ ၁၈နှစ် နှုတ်ရင် အလွန်ဆုံုး ၈၂ နှစ်ပေါင်းရရင်တောင်။ သူလိုု့ နှစ်ပေါင်း ၉၀၀ ကျော်နေပြီး ကိုုယ်ချစ်တဲ့သူတွေ သေတာကိုု အကြိမ်ကြိမ်ကြည့်နေရမဲ့ ဒုုက္ခအတွက် ကိုုယ်ကတော့ သူသေသွားတာကမှ တော်သေးတယ်လိုု့ ထင်အုံုးမယ်။ ဒါမှမဟုုတ်လဲ သူပြန်ပေါ်လာတယ်လိုု့ ဇွတ်အတင်းကြီး လုပ်ပြီးမှတော့ သူ့ကိုု Goblin အနေနဲ့ မဟုုတ်ပဲ ရိုုးရိုုးလူသာမာန်အနေနဲ့ပေါ်လာတယ်လိုု့ပဲ လုုပ်လိုုက်ပါတော့လား။ ဒါဆိုု သူတိုု့့၂ယောက်လဲ သေတပန် သက်တဆုံုးပေါင်းရလေသတည်းပေါ့။

ဒီလိုမှ မဟုုတ်လဲ မင်းသမီးကိုုပေးမသေပဲ သူအိုတော့မှပဲ Goblin ရဲ့ ဓားကိုု ဖြုတ်ပြီး အဲ့အချိန်ထိပေါင်းကြပေါ့လိုု့အစကတွေးမိတယ်။ ဒါကိုုတော့ စာရေးဆရာမက မင်းသားဓားကိုု မနှုတ်ရင် မင်းသမီးက သေဘေးနဲ့ အမြဲတွေ့မယ်လိုု့ ပြန်ပိတ်ထားတော့ ထားပါတော့လိုု့ပဲ ပြောတော့မယ်။

ပြီးတော့ အဆုံးမှာ မင်းသမီးကိုု ဇွတ်သေခိုုင်းပြီး နောက်ဘဝမှာပြန်ဆုံုးမယ်ဘာညာဆိုုတဲ့ Concept ကြီးကိုု ကိုုယ်တော့ လက်မခံချင်တာ။ သူတိုု် ့ပြောသလိုု Eun Tak က နောက်ထပ် ၃ ဘဝကျန်သေးတယ်ဆိုုရင် အလွန်ဆုံုးထပ်ပေါင်းရ ၂၄၆နှစ်ပေါ့။ အဲ့၃ဘဝလုံုးလဲကုုန်ရော Goblin ကြီးက တစ်သက်လုံုးအထီးကျန်ပြီပေါ့။ ပြီးတော့ ၃ ဘဝလုံုး မိန်းမအဖြစ်ဝင်စားအုံးမှ။ ယောကျင်္ားအဖြစ်ဝင်စားရင် Brokebark mountain (Gay) ဇာတ်လမ်းတွေ ဆက်ရိုုက်နေရတော့မပေါ့။ အဆုံုးကြီးက ဇွတ်အတင်းပေါင်းပေးပေမဲ့ ရေရှည်အတွက် ဆက် စဉ်းစားတဲ့ ပရိတ်သတ်တွေအတွက်ကတော့ ဘာလားပေါ့။ (Mr.Right ကတောင်ပြောနေသေးတယ် Goblin ၉ နှစ်နေတော့့ ပြန်ပေါ်လာတယ် မင်းသမီးက မမှတ်မိဘူး။ တဖြည်းဖြည်းပြန်မှတ်မိလာတာကိုု နည်းနည်းရှည်ရှည်ပြပြီး ဖြတ်လိုုက်ရင်တောင် တော်အုံုးမယ်တဲ့)။ ခုုဟာက မင်းသမီးက မှတ်မိချင်တော့လဲ ချက်ချင်းကြီးဆိုုတော့ ကိုုယ်က ကြည့်နေရင်းနဲ့တောင် နောက်နေတာလားလိုု့ မေးချင်တယ်။ ကနေဒါက သရဲကလဲ မကျွတ်လွတ်တဲ့အပြင် မင်းသမီးကိုု မှတ်တောင် မှတ်မိနေသေး။

မင်းသမီးကိုု ဇွတ်အတင်း သေခိုုင်းတာနဲ့ ပတ်သတ်ပြီး ကြည့်ရတာ စာရေးဆရာက ပေးချင်တဲ့ မတ်စေ့တွေ အပေးလွန်သွားတယ်ထင်ပါ့။ သူပြချင်တာက တချို့အရာတွေဟာလဲ မိုုးနတ်မင်းရဲ့ ဆန္ဒကုုိ လွန်ဆန်နုုိင်တယ်ဆိုုတဲ့ သဘောမျိုး၊ လူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့စတေးတာဟာ မိုုးနတ်မင်းကြိုတင် တွက်ချက်လိုု့မရတဲ့ အရာဆိုုတာကိုု ပြောချင်တာများလား။ (ဒါပေမဲ့လဲ မင်းသမီး အသက် ၆၀၊ ရ၀ လောက်ကျမှ စတေးလိုု့ ရဘူးလားဟင်။ ပြောပြတာပါ)

ဘာပဲပြောပြော သေမင်းနဲ့ သူ့ကောင်မလေးဇာတ်သိမ်းကိုုမှ ကျေနပ်သေးတယ်။ သူတိုု့ ၂ယောက်က နောင်ဘဝမှာ စိတ်သစ်နဲ့ တစ်ယောက်ကိုု တစ်ယောက် မမှတ်မိကြတာကိုုလဲ သဘောကျတယ်။ သူတိုု့က တစ်ယောက်နဲ့ တစ်ယောက်မှတ်မိရင် ဘယ်လုုိမှ မပေါင်းဖတ်နိုုင်တဲ့ စုံုတွဲကိုုး။ သူတိုု့အတွဲကိုုကြည့်ပြီးတော့ ရှေးရေစက် ကြောင်းကံကြောင့် မြင်မြင်ချင်းပင် ဘာ့ကြောင့်များ ချစ်ချင်တယ်ဆိုုတဲ့ သီချင်းသွားသတိရမိတယ်။ ဒါနဲ့ Lee Dong Wook ဆံပင်ပုံုလေး ပြောင်းသွားပေမဲ့ တစ်မျိုးလေး ချောနေသေးတဲ့ အာဂျီရှီပဲနော်... ခွိ။ ဒီ အာဂျီရှီတွေ ဘာမှ မလုုပ်ပဲ လမ်းလျှောက်တာကိုု slow motion နဲ့ ပြရင်တောင် ကြည့်ကောင်းနေတာ ပြော မပြောချင်ဘူး။

အပေါ်က ဇာတ်ကောင်ပတ်သတ်မှုတွေအကြောင်းနဲ့ပတ်သတ်လိုု့ လိုုတယ်ထင်တာလေးတွေ မမေ့ခင်ရေးရရင်ဖြင့် အဆုံးမှာ Goblin က ကျန်ခဲ့ပြီး သူ့ပတ်ဝန်းကျင်ကလူတွေက အသက်တွေကြီးကုုန်တာကိုု ပြရာမှာ ကိုုယ်ကြည့်ချင်ဆုံုးက Doek Hwa ပဲ။ Doek Hwa နေရာမှာ သူ့အဖိုုးအနေနဲ့ သရုုပ်ဆောင်ခဲ့တဲ့ အဖိုုးကြီးကိုု ပြန်ထည့်ပြီး သူ့ရဲ့မျိုးဆက် နောက်ထပ် မြေးလေး (Doek Hwa နောက်တစ်ယောက်ထပ်ရောက်နေတာမျိုး) လေး ကြည့်ချင်မိတယ်။ ခုုဟာက CEO ကမှ ပြန်ပါသေးတယ်။ နောက်ပြီး Goblin နဲ့ သူ့ညီမရဲ့ သံယောဇဉ်နဲ့ပတ်သတ်မှုကိုု ပြတာတော့ သိပ်ပေါ့လွန်းတယ်ကိုုထင်တယ်။ ၉ နှစ်နေပြီး ပြန်လာတော့လဲ ဆိုင်ရှေ့ကနေ မမြင့်တမြင်ပဲ လာကြည့်တယ်ပြတာ။ အဆိုုးဆုံုးကတော့ ဇာတ်မြုပ်သွားတဲ့ ညီမ နှစ်ပေါင်းများစွာကြာလိုု့ သေတော့ သေမင်းဆီမှာ ရေနွေးကြမ်းသောက်အပြီး ဘဝတစ်ပါးမကူးခင် အစ်ကိုုနဲ့ နည်းနည်းပါးပါး စကားစမြည်ပြော အဆုံုးသတ်နှုတ်ဆက်တာလေးများ လုုပ်ပါတော့လား။ ခုုတော့ ညီမကိုု သိပ်ချစ်ပါတယ်ဆိုုပြီး ပြတင်းပေါက်ကနေပဲ လှမ်းနှုတ်ဆက်စရာလား။ အဲ့ဒိနေရာတွေမှာ Emotional scene stealer တွေ ထည့်လိုု့ရသေးတယ်လိုု့ ထင်တာပဲ။ (ကိုုယ်ပိုုကြည့်ချင်မိတာကိုု ပြောပါတယ်)။

ပြီးတော့ အဆုံုးသတ်ထိ အကျီင်္အနီနဲ့ Sexy lady ကြီးက ဘာနတ်မှန်း သေချာကိုု မသိတာ။ သူကလဲ Goblin လိုု Guardian ပဲလား။ သူကရောဘာလိုု့ လူတွေကိုု ရွေးပြီး လိုက်စောင့်ရှောက်နေတာလဲ။ သူ့ ဇာတ်ကောင်က မင်းသမီးလုုိအပ်ရင် ကူဖိုု့ထည့်ထားတာက လွဲလိုု့ ဘာမှ ရေရေရာရာ ပတ်သတ်ဆက်နွယ်မှု မရှိသလိုုပဲ။

အဲ့တော့ ဒီဇာတ်လမ်းမှာ အကောင်းဆုံုးပြနုုိင်တာဆိုုရင်တော့ အာဂျီရှီ ၂ယောက်ကြားက Bromance နဲ့ သူတိုု့ရဲ့ အလုုပ်အကိုုင်။ အထူးသဖြင့် Goblin စောင့်ရှောက်ကူညီလိုုက်တဲ့ လူတွေရဲ့ဇာတ်လမ်းနဲ့ ရန်ဖန်ရန်ခါ Grim reaper ရေနွေးကြမ်းတိုုက်တဲ့သူတွေနဲ့သူ့အလုုပ် nature ပေါ့။ နောက်ပြီး မင်းသားတွေရဲ့ စျေးအလွန်ကြီးတဲ့ ဖက်ရှင်စတိုုင် ဂျက်ကက်ကြီးတွေလဲ သဘောကျတယ်။ ဒီလိုု ဂျက်ကက်ကြီးတွေကိုု ဒီလိုု အာဂျီရှီအလန်းဇယားတွေ ဝတ်တော့မှ ဂျက်ကက်တန်ဖိုုးလဲ ပေးရတာ တန်သွားတာပေါ့။ လှတပတ မျက်စိပသာဓရှိ။

ကဲကဲ... ပြောတာတွေလဲ မှတ်မိသလောက်တော့ရေးထားတယ် အချိန်လဲ သိပ်မရှိတော့လိုု့ တော်သေးပြီ။ ပြောချင်တာထပ်ဖြည့်ချင်ရင် ထုံုးစံအတိုုင်း ကွန်မန့်မှာ လာပွားကြနော်။