Showing posts with label song. Show all posts
Showing posts with label song. Show all posts

Thursday, June 03, 2010

Taiwan ရောက် မြန်မာပြည်က ကြယ်တစ်ပွင့်

လွန်ခဲ့တဲ့ ၂ရက်လောက်ကမှ ဂျန်ဂမ်ဆပ်ရဲ့နောက်ဆုံးဗွီဒီယိုကို Youtube မှာ upload လုပ်ရင်း မတော်တဆတွေ့လိုက်တဲ့ ထိုင်ဝမ် စူပါအိုင်ဒိုးပြိုင်ပွဲက မြန်မာ အဆိုတော်ကို အတော်လေး ကျွန်မသဘောကျနေပါတယ်... အစကတော့ ဒီအကြောင်းကို ဘလော့ပေါ်မရေးတော့ပါဘူးလို့ စိတ်ကူးမိပင်မဲ့... တခြားနိုင်ငံက မင်းသားတွေကို ကိုယ်ကြိုက်ရင် ဝေငှနေသေးတာ... ခုလို ကိုယ့်လူမျိုး အရည်အချင်းရှိ talent ရှိတဲ့သူကိုလဲ လူသိအောင် ဝေမျှ အသိပေးသင့်တယ်လို့ထင်တယ်လေ... တွေ့တွေ့ချင်းကတော့ facebook မှာ လင့်ခ်တင်လိုက်သေးတယ်... ကျွန်မ facebook ထဲမှာ ရှိတဲ့သူတွေတော့ သိပြီးဖြစ်မှာပါ...

သူက ထိုင်ဝမ် စူပါအိုင်ဒိုးကို ၀င်ပြိုင်တာမှာ ထိပ်ဆုံး အဆင့် ၉ယောက်အထိ အောင်မြင်ခဲ့ပါတယ်... ပထမဆုံး audition ၀င်တဲ့ နေ့ကတည်းကလဲ သူဟာ မြန်မာပြည်ကလာတဲ့ မြန်မာလူမျိုးဖြစ်ကြောင်းကို ပြောခဲ့တာ တွေ့ရပါတယ်... မြန်မာသီချင်း "မင်းနဲ့မှ ချစ်တတ်ပြီပေါ့" ကိုတောင် ပထမဆုံး Audition မှာ ဆိုပြခဲ့တာ တွေ့ရပါတယ်... သူတို့ ထိုင်ဝမ် အိုင်ဒိုးက အမေရိကန်အိုင်ဒိုးလို နောက်ပိုင်းမှာ ပရိတ်သတ်မဲနဲ့သွားလား ဒိုင်ဆုံးဖြတ်ချက်နဲ့ပဲ သွားလားတော့ ကျွန်မလဲ သေချာမသိပါဘူး... ဒါပေမဲ့ မြန်မာလူမျိုးဆိုတာနဲ့တင် ထိုင်ဝမ်အိုင်ဒိုး နံပါတ်တစ်ဖြစ်ဖို့ကတော့ သိပ်မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်... ဒါက ကျွန်မရဲ့ အထင်ကို အရိုးသားဆုံး ပြောကြည့်တာပါ... ဒါတောင် သူက Top 9 အထိပါခဲ့တယ်ဆိုတာ သူ့ရဲ့ အရည်အချင်းက အတော်လေး မသေးလို့ပါ...

ကဲဒါဆို သူ့ performance တွေကို ကျွန်မ စိတ်ဝင်စားလာတာနဲ့ ကြည့်လိုက်ပါတယ်... နံပါတ်၉ အထိရောက်တာလဲ ရောက်လောက်ပါတယ်... အတော်လေး အသံကောင်းပါတယ်... ဒါတောင် ကျွန်မနားမလည်တဲ့ တရုတ်သီချင်းဆိုနေတာနော်... သီချင်းဆိုနေတုန်းလုပ်တဲ့ ဟန်ပန် အမူအရာနဲ့ ၀တ်ပုံစားပုံ အပြင်အဆင်လဲ ဘာမှ သိပ်ပြောစရာမရှိပါဘူး... ရုပ်ရည်လဲ မဆိုးပါဘူး ခန္ဓာကိုယ် အရပ်အမောင်းကအစတော့ အာရှက တခြားနိုင်ငံက Celeb တွေနဲ့ အတန်းမှီပါတယ်... ဒါတင်မကပါဘူး သူက တစ်ချို့သီချင်းတွေမှာ က တာလဲ တွေ့ရပါတယ်... က တာလဲ မဆိုးပါဘူး... Moon Walk လျှောက်တာဆိုရင် နောက်က Dancers တွေထက်တောင် သူလျှောက်တာက ပိုလှပါသေးတယ်... ဒါတော့ တကယ်ချီးကျူးပါတယ်...





ကျွန်မရဲ့ Personal Taste အရတော့ တစ်ချို့သီချင်းတွေမှာလုပ်ထားတဲ့ သူ့ ဆံပင်ပုံစံကို သိပ်မကြိုက်ပါဘူး... သူ့ကိုကြည့်ရတာ ဆံပင်ပါးပုံရပါတယ်... သူပထမဆုံး Audit ၀င်တုန်းကပုံမှာ တွေ့နိုင်ပါတယ်... ဒီတော့ ဆံပင်ပုံက ရွေးမှာပါ... အောက်က ဗွီဒီယိုထဲက 0:53 ဂျာ့ကင်အဖြူလေးနဲ့ ဆံပင်အလန်လေးလဲ မဆိုးပါဘူး... အဲဒိဆံပင်နဲ့ သဘောကျတယ်... ငယ်တယ်လဲထင်ရတယ်... (အသက်တော့ ဘယ်လောက်ရှိပြီလဲ မသိပါ)... ဒါကလဲ ဒီလို အနုပညာလိုင်းထဲဝင်ရင် စတိုင်တစ်မျိုးတည်းနေတာထကစာရင် အမျိုးမျိုးပြောင်းနေနိုင်ရမယ်ဆိုတော့ လက်ခံလို့ရပါတယ်... အောက်က ဗွီဒီယိုကတော့ သူ eliminate လုပ်ခံရတဲ့ နေ့မှာ ပြတဲ့ ဗွီဒီယို ဖြစ်မယ်ထင်ပါတယ်...

ဒီမှာ မိတ်ကပ်ဟာ ခုလို show bis က လူတွေအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာကိုလဲ တွေ့နိုင်ပါတယ်... သူ ပထမဆုံး Audit ၀င်တဲ့ ပုံနဲ့ နောက်ပိုင်း စင်ပေါ်မှာ ဆိုတဲ့ ပုံက အကွာကြီးပါ... စင်ပေါ်မှာ သူ့ပုံက တကယ့်ကို star တစ်ယောက်နဲ့ တူပါတယ်... အသားအရေ ဆံပင် မျက်နှာ အနေအထား အားလုံးက နာမည်ကျော်တစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်နေပါတယ်... သူ့ကို ကြည့်လိုက်တာနဲ့ Smart ကျပြီး Cool ဖြစ်နေတယ်လို့ ခံစားရပါတယ်... အဲဒါဟာ မိတ်ကပ် ၀တ်စားပြင်ဆင်ပုံ အားကောင်းလာလို့ပါ... ယောင်္ကျားမို့ မိတ်ကပ်လိမ်းစရာမလိုပါဘူး အခြောက်မှ မဟုတ်တာ ဆိုတဲ့ ခေတ်က ကျန်ခဲ့ပါပြီ... ကျွန်မပြောတာ Show Bis ကို ပြောတာနော်.. အပြင်က သာမာန်လူတွေကို ပြောတာမဟုတ်ဘူး... show bis ထဲ ၀င်ချင်တဲ့ ယောကျာင်္းကိုပြောတာ... ခုအခါမှာ မိတ်ကပ်နည်းပညာတွေ အဆင့်အတန်း အရမ်းမြင့်မားလာတဲ့အတွက်အကြောင့် ယောကျာင်္းလဲ ယောကျာင်္းအလျောက် သင့်တော်တဲ့ မိတ်ကပ်တွေရှိနေပါပြီ....




သူ့ကို တစ်ချို့တွေက မြန်မာသီချင်းဆိုတာ ကြားချင်တယ်... မြန်မာစကားရော ပြောတတ်ရဲ့လားလို့ မေးသူတွေအတွက်ကတော့ ၂၀၁၀ ထိုင်ဝမ်မှာ ကျင်းပတဲ့ မြန်မာ သင်္ကြန်မှာ နွေမ သီချင်းနဲ့ ပါဝင်ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်...




ကျွန်မအနေနဲ့ ပြောရရင်တော့ သူ့အသံက နဂိုကောင်းပါ... ဘာဆိုဆိုကောင်းတယ်ဆိုပေမဲ့ မြန်မာသီချင်းထက် တရုတ်သီချင်းဆိုတာ ပိုကောင်းတယ်လို့ ထင်ပါတယ်... သူ့အသံနဲ့လဲ ပိုလိုက်တယ်လို့ထင်ပါတယ်... သူ့အသံနဲ့လိုက်တဲ့ မြန်မာသီချင်းတွေလဲ ရှိမှာပါ... မြန်မာပြည်မှာ စီးရီး ၂ခွေထုတ်ပြီးပြီလို့ အဲဒိဗွီဒီယိုကို Youtube မှာတင်ထားတဲ့သူက ပြောပါတယ်... ဒါဆိုရင် ဘာနာမည်နဲ့လဲ စီးရီးနာမည်ကရောဘာလဲ... ကျွန်မ မူရင်းကို တန်ရာတန်ကြေးပေးပြီး ၀ယ်ယူအားပေးချင်ပါတယ်...

တကယ်လို့များ ကျွန်မဘလော့ကို ထိုင်ဝမ်က သူနဲ့ သိတဲ့သူတစ်ယောက်ယောက်ပဲ လာဖတ်သည်ဖြစ်စေ... သူကိုယ်တိုင်ပဲ မျက်စိလည်လမ်းမှားပြီးဖတ်မိသည်ဖြစ်စေ ဖတ်ခဲ့မယ်ဆိုရင်တော့ သူ့ကို အကြံပေးလိုတာလေး တစ်ခုရှိပါတယ်... မြန်မာပြည်ရဲ့ ယခုလို အနုပညာ အဆင့်အတန်း တစ်ဖြည်းဖြည်းယုတ်လျော့လာနေတဲ့ နိုင်ငံမှာ အရင်ခြေလှမ်းစမဲ့အစား... ခု ထိုင်ဝမ်မှာ အဆင့်အတန်းနေရာ တစ်နေရာရနေပြီဖြစ်တဲ့အတွက် အဲဒိမှာပဲ တေးရေးကောင်းကောင်းနဲ့ ကိုယ်ပိုင်တရုတ်သီချင်းခွေထုတ်ပြီး အဲဒိက ဈေးကွက်ကို အရင်တိုးစေချင်တယ်... အဲဒိမှာ နာမည်ကြီးရင် အလိုလိုနေရင်း Asia က တရုတ်စကားပြောနိုင်ငံတော်တော်များများမှာ နာမည်ကြီးတာနဲ့ အတူတူပဲဖြစ်မှာပါ... ဥပမာ စကာင်္ပူက Stephine Sun တို့ဘာတို့ဆို စကာင်္ပူလို အနုပညာ သိပ်မထွန်းပေါက်တဲ့ နိုင်ငံကမတိုးပဲ ထိုင်ဝမ်တို့ ဟောင်ကောင်တို့ ဈေးကွက်ကို တိုးပေါက်သွားတဲ့အတွက် စကာင်္ပူရဲ့ ဖူးဖူးမှုတ် celebrities တစ်ယောက်ဖြစ်နေတာပါပဲ... နောက်တစ်ယောက်က မလေးရှားက Michelle Yeoh (Crouching Tiger hidden dragon, Geisha) ဆိုရင်လဲ သူ့နိုင်ငံ မလေးရှားကနေ စမဖောက်ပဲ ဟောင်ကောင်ဈေးကွက်မှာ နာမည်ကျော်ပြီး ခုဆို ကမ္ဘာကျော် အက်ရှင် အမျိုးသမီး သရုပ်ဆောင် တစ်ယောက်တောင် ဖြစ်နေပါပြီ... ကျွန်မအခုလို အကြံပေးတာတောင် နောက်ကျရင် နောက်ကျနေမှာပါ... ခုလောက်ဆိုရင်တောင် လုပ်ရင်လုပ်နေလောက်ပါပြီ... တကယ်လို့ ခွေထွက်လာခဲ့မယ်ဆိုရင်လဲ အားပေးဖို့အဆင်သင့်ပါပဲ... အင်ဖိုလေးသာ သိရဖို့ မျှော်လင့်ပါတယ်... လောလောဆယ်ထိတော့ ဂူဂဲလ်မှာ Tai-Shan Zhoug လို့ ရှာရှာ ကျော်ထိုက်စံလိုရှာရှာ ဘာ အင်ဖိုမှ ဖြစ်ဖြစ်မြောက်မြောက် မတွေ့သေးပါဘူး... facebook မှာလဲ မတွေ့ပါဘူး... အဲဒိအတွက် စိတ်မကောင်းဖြစ်ရပါတယ်... အဲဒါကြောင့်လဲ ဒီပိုစ့်ကို ရေးဖို့ ဆုံးဖြတ်လိုက်တာပါ...

မြန်မာလို့ပြောလိုက်ရင် တချို့က သနားတဲ့ အကြည့်တွေနဲ့ တချို့က ကြောက်တဲ့ အကြည့်တွေနဲ့ တချို့က နှိမ်ချင်တဲ့ လေသံတွေနဲ့ ပြန်လည်တုန့်ပြန်တတ်ကြတဲ့ တခြားနိုင်ငံသားတွေ အလယ်မှာ သူမြန်မာပြည်ကလာတယ်ဆိုတာကို ဂုဏ်ယူစွာပြောခဲ့တဲ့ ကျော်ထိုက်စံဆိုတဲ့ ကြယ်တစ်ပွင့်ကတော့ ထိုင်ဝမ်မှာ လင်းလက်ခဲ့ပါပြီ... ဒီတော့ ကျွန်မတို့ အနေနဲ့ကလဲ အရည်အချင်းရှိတဲ့ မြန်မာပြည်က ဒီကြယ်ပွင့်လေး ဆက်လက် တောက်ပနိုင်အောင် ၀ိုင်းဝန်းကူလို့ အားပေးသင့်တယ်လို့ထင်ပါတယ်... ဘယ်သူ အားပေးပေး မပေးပေး ကျွန်မကတော့ သူ့ကို စတွေ့တဲ့နေကစပြီး အားပေးဖို့ဆုံးဖြတ်ထားပါတယ်...

(တကယ်လို့များ သူသိနိုင်မယ်ဆိုရင် သူ့ ဓာတ်ပုံနဲ့ သူ့ Autograph ကိုယ်တိုင်ထိုးထားတဲ့ သူ့ CD ကို သူ့ဆီကနေ တိုက်ရိုက် Purchase လုပ်ချင်ပါတယ်)

P.S ကျွန်မရဲ့ ဘာမှ မရှိတဲ့ အတွေ့အကြုံနဲ့ ထင်ရာများကိုသာ သုံးသပ်အကြံပေးထားတဲ့အတွက် ကြိုက်သလို သဘောထားကွဲလွဲနိုင်ကြပါတယ်....

Tuesday, September 22, 2009

Koko ni iru yo / I'll be right here/ ငါဒီမှာ ရှိနေမယ်...

(ကောင်မလေး)
ကောင်လေးရေ… ငါဒီမှာရှိနေမယ်…
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်မယ်..
ငါနင့်ကိုချစ်တာ နင်သိတယ်မှတ်လား…
အဲဒါကြောင့် နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘာလို့လဲဆိုတော့ နင်ဘယ်လောက်ပဲ ဝေးတဲ့နေရာကိုပဲ ရောက်နေနေ… ငါ့ နှလုံးသားက ပြောင်းလဲမှာ မဟုတ်လို့ပဲ…
ငါပြောချင်တာကို နင် သဘောပေါက်တယ်မှတ်လား…
ငါ နင့်ကို (အမြဲ) စောင့်နေမယ်…

(ကောင်လေး)
ငါက ငတုံးတစ်ယောက်ဖြစ်ခဲ့တယ်… ခုတော့ နင်နဲ့ အဝေးကြီးမှာ ရောက်နေပြီ…
ငါ့ရင်ထဲက ခံစားချက်တွေ မပြောင်းလဲဘူးဆိုတာကို ငါပြောချင်ခဲ့ပင်မဲ့… (အဲဒိအချိန်တုန်းက)နင် ထွက်သွားခဲ့တယ်…
ခုတော့ Album စာအုပ်ထဲက နင့်ပုံလေးတွေပဲ ငါ့မှာရှိတော့တယ်…
ခုဆိုရင်.. နင်နဲ့ ငါ ရေဒီယိုလှိုင်းတွေနဲ့ပဲ တွေ့ဆုံနိုင်တယ်နော်…
ဒါပေမဲ့ ဒီနည်းနဲ့က နင့် အပြုံးတွေကို ငါမမြင်ရဘူးလေ…
နင်ရဲ့ နွေးထွေးမှု… နင့်ဆံပင်လေးတွေရဲ့ သင်းရနံ့လေးတွေ(ကို မခံစားရတော့)…
ငါ့စိတ်ထဲက နင့်ကို တောင့်တနေတဲ့ ခံစားချက်ကို မဖြေသိမ့်နိုင်ပါဘူးဟာ..


နေ့တွေ ဖြတ်သန်းလာတာနဲ့ အမျှ… နင့် အရိပ်တွေကို ငါ မက်မက်မောမော ရှာဖွေနေမိတယ်…
ခုဆိုရင် နင်နဲ့ လျှောက်နေကျ လမ်းလေးမှာလဲ.. ငါ့ခြေသံလေးတွေရဲ့ ပဲ့တင်သံလေးတွေပဲ ကျန်တော့မှာပေါ့နော်…
ဒါနဲ့ နေပါအုံး… နင်ရော နေကောင်းရဲ့လား… ထမင်းမှ မှန်မှန်စားရဲ့လား…
အာ… Damn.. ခုထက်ထိ ငါဘာပြောရင် ကောင်းမယ်ဆိုတာ ခေါင်းထဲပေါ်မလာသေးဘူးဟာ…
ကြည့်ရတာ… ဒီစာကို ငါ နောက်မှပဲ ပို့ဖြစ်တော့မယ်ထင်ပါတယ်…



(ကောင်မလေး)
ကောင်လေးရေ… ငါဒီမှာရှိနေမယ်…
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်မယ်..
ငါနင့်ကိုချစ်တာ နင်သိတယ်မှတ်လား…
အဲဒါကြောင့် နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘာလို့လဲဆိုတော့ နင်ဘယ်လောက်ပဲ ဝေးတဲ့နေရာကိုပဲ ရောက်နေနေ… ငါ့ နှလုံးသားက ပြောင်းလဲမှာ မဟုတ်လို့ပဲ…
ငါပြောချင်တာကို နင် သဘောပေါက်တယ်မှတ်လား…
ငါ နင့်ကို (အမြဲ) စောင့်နေမယ်…

(ကောင်လေး)
ကမကုရာမှာ ကမ်းခြေကို နင်လှမ်းကြည့်နေတုံးက…
အဲဒိလှိုင်းလုံးတွေက ငါပြောချင်ခဲ့တဲ့ စကားတွေကို ၀ါးမြိုသွားခဲ့တယ် ဆိုတာ နင်သိရဲ့လား…
ငါအရမ်း ခံစားရတယ်…
ငါက ယောကျာင်္းတစ်ယောက်ပါ… ဒါပေမဲ့ ဘာလို့ ဒီ စကားလုံးတွေ ငါ့ပါးစပ်က ပြောမထွက်ခဲ့တာလဲ…

နင်မှတ်မိသေးလား… ငါတို့တွေ အတူတူ ကာရာအိုကေ သွားဆိုတုန်းကလေ…
တီဗွီ(မော်နီတာ) ပေါ်မှာ ပေါ်လာတဲ့ ငါရွေးခဲ့တဲ့ သီချင်းစာသားတွေက…
တကယ်တော့… ငါနင့်ကို အရိုးသားဆုံး ၀န်ခံချင်ခဲ့တဲ့ စကားတွေပေါ့ဟာ…

ငါတို့ ၂ယောက်ထဲ ပထမဦးဆုံးတွေ့တဲ့နေ့ကလေ…
ငါတို့ တနေကုန်ပျော်ခဲ့ကြတယ်… မသိရင်တော့ မတော်တဆ နင်နဲ့ ဆုံခဲ့ သလိုလို ငါဖန်တီးခဲ့တာ…
အဲဒိနေ့က နင့်အပြုံးတွေကို ငါဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး…
ကဲပါလေ… ငါလဲ မဆိုင်တာတွေ ပြောနေမိပြန်ပြီ…
ဒါပေမဲ့ ငါဘာပြောဖို့ကြိုးစားနေတယ်ဆိုတာ နင်သိတယ်မှတ်လား….

Shit… (စာရေးနေရင်းနဲ့…) ရေးစရာ နေရာတောင် မကျန်တော့ဘူး…
ဆော်ရီးဟာ… နောက်တစ်ခေါက်ကျရင်တော့ ငါဒီစာကို ဆက်ဆက် ပို့ပါ့မယ်…

(ကောင်မလေး)
ကောင်လေးရေ… ငါဒီမှာရှိနေမယ်…
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်မယ်..
ငါနင့်ကိုချစ်တာ နင်သိတယ်မှတ်လား…
နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘာလို့လဲဆိုတော့ နင်ဘယ်လောက်ပဲ ဝေးတဲ့နေရာကိုပဲ ရောက်နေနေ…

ငါ့ နှလုံးသားက ပြောင်းလဲမှာ မဟုတ်လို့ပဲ…
ငါပြောချင်တာကို နင် သဘောပေါက်တယ်မှတ်လား…
ငါ နင့်ကို (အမြဲ) စောင့်နေမယ်…


(ကောင်လေး)
ငါ နင့်အတွက် အရာရာတိုင်းကို စွန့်လွှတ်ရပါစေ… ငါလုပ်နိုင်ပါတယ်…
တကယ်လို့ ငါ့မှာသာ ဒီထက် ပိုက်ဆံပိုရှိခဲ့ရင်… ငါ့မှာသာ အလုပ် အတည်တကျရှိခဲ့ရင်ကွာ…
အဲဒါကြောင့် ငါ့ကို နင်အထင်မလွဲပါနဲ့… နင် အထီးကျန်အောင် လုပ်မိတဲ့ ငါ့ကိုယ်ငါလဲ မုန်းမိပါတယ်… ဒါပေမဲ့ဟာ….
ငါအခု အလုပ်တွေ များနေတော့ နင်နဲ့ စကားကြာကြာ မပြောနိုင်ဘူး..
ဒါတွေ အားလုံးကလဲ ငါတို့ ၂ယောက် အနာဂတ်ကောင်းဖို့လုပ်နေတယ် ဆိုတာကိုတော့ ယုံပေးပါနော်…

ငါအမှန်အတိုင်း ၀န်ခံရရင်… ခု ချက်ချင်းပဲ နင့်ကို တွေ့ချင်နေတယ်… ငါ့ရင်ခွင်ထဲမှာ နင့်ကို တင်းကျပ်နေအောင် ဖက်ထားချင်တယ်…
နင်ထိုင်နေကျ ငါ့ဘေးကထိုင်ခုံလေးက ခုထက်ထိ လစ်လပ်နေဆဲပါဟာ…


ကဲပါလေ… ဒါတွေက အရေးမကြီးပါဘူး…
ငါပြောချင်နေတာလဲ အဲဒါမဟုတ်ပါဘူး…
ခုချိန်မှ ပြောလဲ နောက်ကျကောင်း နောက်ကျနေလိမ့်မယ်ဆိုပေမဲ့…
ငါတစ်ချိန်လုံး ပြောချင်နေခဲ့တဲ့ စကားတွေပါတဲ့ ငါ့ရဲ့ မပို့ဖြစ်ခဲ့တဲ့ စာကို ဒီတစ်ခေါက်တော့ ပို့လိုက်ပါ့မယ်….

ကောင်မလေးရေ… ငါ ဒီမှာရှိနေတယ်နော်….
ငါဘယ်မှ မသွားပဲ နင့်ကို စောင့်နေတယ်နော်…
ငါနင့်ကို ချစ်တာ နင်သိပါတယ်…
အဲဒါကြောင့် နင်ဘာမှ စိတ်မပူနဲ့…
ဘယ်လောက်ပဲ ဝေးကွာနေပေမဲ့… ငါ့နှလုံးသားက ပြောင်းလဲမှာ မဟုတ်ပါဘူး…
ငါဘာဆိုလိုတယ်ဆိုတာ နင်သိတယ်ဟုတ်?...
ငါနင့်ကို စောင့်နေမယ်...

(စုံတွဲ)
အချစ်ရေ… ငါ ဒီမှာ ရှိနေတယ်နော်…ငါလဲ နင့်ကို ဘယ်မှ မသွားပဲ စောင့်နေတယ်…
ငါချစ်တယ်ဆိုတာ နင်သိတယ်မှတ်လား…
ဒါကြောင့် နင်ဘာမှ မစိုးရိမ်နဲ့နော်…
ဘယ်လောက်ပဲ ဝေးဝေး ငါ့နှလုံးသားက မပြောင်းလဲသွားပါဘူး..

(ကောင်လေး)
ခုတော့ ငါပြောချင်တာတွေ နင့်ကို ငါပြောနိုင်ပြီ...
I don't ever wanna let you go...
(ငါနင့်ကို ဘယ်တော့မှ မခွဲချင်တော့ဘူးဟာ...)




အပေါ်မှာ ရေးသွားတဲ့ စာသားပုံစံတွေကို ဖတ်ကြည့်တာနဲ့ ဒီဟာက ကဗျာမဟုတ်ဘူး... ၀တ္တုတိုလဲမဟုတ်ဘူး... သီချင်းစာသားဆိုတာ ခန့်မှန်းလို့ရမှာပါ... ဂျပန်သီချင်း KoKo Ni Iru Yo (ကိုကိုနီအီရူယို) အင်္ဂလိပ်လိုဆိုရင် (I'll be right here)လို့ အဓိပ္ပါယ်ရတဲ့ သီချင်းက စာသားလေးတွေကို အတတ်နိုင်ဆုံး အနီးစပ်ဆုံးနဲ့ ဖတ်ရအဆင်ပြေအောင် ဘာသာပြန်ထားတာပါ... (အင်္ဂလိပ်လိုဆိုရင်တော့ ပိုဖတ်ရ အဆင်ပြေပါတယ်... မြန်မာလို တတ်နိုင်သလောက်ဘာသာပြန်လိုက်လို့ သီချင်းအဓိပ္ပါယ်ပေါ့သွားခဲ့ရင် စိတ်မကောင်းပါဘူး... ဒါပေမဲ့ အားလုံးအတွက် အဆင်ပြေအောင် ပြန်ပေးလိုက်တာပါ...)
စာသားလေးတွေက အရမ်းကို romantic ဆန်သလို သံစဉ်နဲ့ သရုပ်ဆောင် MTV လေးကလဲ အလွန်မှ ကောင်းပါတယ်... Rap အဆိုတော် Soulja ရဲ့ သီချင်းပါ... အောက်က Youtube ဗွီဒီယိုမှာ ခံစားကြည့်ပါ...



MTVအပေါ် ကျမအမြင်

ဒီ MTV လေးကို စကြည့်ချိန်က အစပ်ဆက်မရှိဘူးလို့ခံစားရတယ်... ကောင်မလေးက လုပ်ချင်တာတွေလုပ်နေတယ်... အဖွားကြီးကို ပြုစုတယ်... စားပွဲထိုးတယ်... တစ်ယောက်ထဲ ဘတ်စ်ကားစီးတယ်... ကောင်လေးကကျတော့ စတီဒီယိုထဲမှာ သီချင်းဆိုနေတယ်... နောက်ဆုံးလေးကျမှ ကောင်လေးစာကို ကောင်မလေးဖတ်ရပြီး ဖုန်းပြောတဲ့အခန်းမှ ၂ယောက်ဆက်သွားတယ်လို့ ထင်နေတာ... ဒါပေမဲ့ ဒီ MTV လေးကိုကြည့်နေတဲ့ အချိန်မှာ တမျိုးလေးခံစားရတယ်... သီချင်းစာသားလေးတွေနဲ့ ပေါင်းလိုက်တဲ့အချိန်မှာ စို့စို့နစ်နစ် ခံစားရတယ်... အဲဒါဘာကြောင့်လဲ... သူတို့ရဲ့ တင်ပြပုံက ဘာလို့ ပရိတ်သတ်ကို ခံစားချက်တစ်ခုပေးနေတာလဲလို့ သေချာစဉ်းစားလေ့လာကြည့်မိတယ်... တကယ်တော့...

သီချင်းရဲ့အစပိုင်းမှာ ဖုန်းလေးစမြည်နေတဲ့ အချိန်မှာ ကောင်လေးက စတီဒီယိုအခန်းထဲ ၀င်သွားလို့ မသိလိုက်ဘူး... အဲဒိအခါမှာ ကောင်မလေးက စိတ်ပျက်သွားတယ်... ဒါပေမဲ့ သူမလုပ်နေကျ နေ့စဉ်အလုပ်လေးတွေကို ဆက်လုပ်နေခဲ့တယ်... ကောင်လေးကို သတိရနေတယ်... တစ်ခါတစ်ခါ သူမအားရင် ကြိုးစားပြီးဖုန်းခေါ်ကြည့်တယ်... ဒါပေမဲ့ ကောင်လေးက စတီဒီယိုထဲမှာပဲ ရှိလို့ မကိုင်ဖြစ်ဘူး... ကောင်မလေးက စိတ်မကောင်းဖြစ်နေတယ်... နောက်ဆုံးခန်းကျမှ ကောင်လေးက စတီဒီယိုထဲက ထွက်လာပြီး ကောင်မလေးကိုဖုန်းခေါ်လိုက်တယ်... တချိန်တည်းမှာပဲ ကောင်မလေးကလဲ ကောင်လေးစာကို ဖောက်ဖတ်နေတဲ့ အချိန်ဖြစ်နေတယ်... နောက်ဆုံးကောင်မလေးက ကြည်နူးပြီး ငိုတယ်... ဒီကြားထဲမှာလဲ ကောင်လေး Rap ဆိုနေတဲ့ အချိန်မှာလဲ သူတို့ ၂ယောက်ရဲ့ အတိတ်က အရိပ်လေးတွေနဲ့ ဖြည့်စွက်ထားတယ်...

တချို့ ဗွီစီဒီတွေလို သီချင်းနဲ့ သရုပ်ဆောင် စပ်ဆက်မှုမရှိပဲ... သရုပ်ဆောင်မင်းသမီးတွေ လျှောက်ပြေးပြ... လှုပ်ပြ.. မင်းသားနဲ့ လမ်းလျှောက်ပြနေတာမဟုတ်ပဲ... သီချင်းနဲ့ စပ်ဆက်မှုရှိအောင် သူတို့ တင်ပြခဲ့တယ်... ဥပမာ... နောက်ဆုံးမှာ ကောင်မလေးရတဲ့စာက သီချင်းစာသားထဲက ကောင်လေးရဲ့ မပို့ဖြစ်ခဲ့တဲ့ သူ့ခံစားချက်တွေပါတဲ့ အချစ်ဝန်ခံစာလေးဖြစ်နေတယ်... ကောင်မလေးက တစ်ချိန်လုံးကြီး ပိုသဲကဲလွမ်းပြဆွေးပြနေစရာမလိုပဲ ပုံမှန် ဘ၀ယန္တယားထဲမှာ ကောင်လေးကို ဆွေးမြေ့မြေ့လေး စောင့်နေတယ်ဆိုတာကိုလဲ အနုညံ့ဆုံး ဖော်ပြသွားတယ်... ဒီသီချင်းတိုတိုလေးထဲမှာပဲ ကောင်မလေးရဲ့ စရိုက်ကို ကြိုးစားပြီး လူကြီးသူမ ရိုသေတတ်တဲ့ မိန်းမကောင်းလေးဆိုတာကို ပေါ်လွင်အောင်... အဖွားကြီးကို ပြုစုတာကို ပြတယ်... စားပွဲထိုးလုပ်တာကို ပြတယ်...

သူတို့ ၂ယောက်တူတူရှိနေတဲ့ အချိန်မှာလဲ တစ်ချိန်လုံးကြီး ဖက်ပြနေစရာဘာညာမလိုပဲ... အိမ်မှာတူတူ တီဗွီကြည့်တာ... ဈေးတူတူသွားဝယ်တာ... ရထားဘူတာရုံလေးမှာ တူတူထိုင်နေတာ... ထမင်းတူတူစားတာ... အိမ်နားပတ်ဝန်းကျင်က လမ်းလေးတွေ ကုန်းကျော်တံတားလေးတွေပေါ်မှာ လမ်းလျှောက်နေတာလေးတွေကို အဖြူစင်ဆုံးပြထားတယ်... ဒီမှာ အတုယူသင့်တာက... စုံတွဲတစ်တွဲ ချစ်တယ်ဆိုတာကို ဖော်ပြတဲ့နေရာမှာ... ပန်းခြံထဲမှာ ဖက်လိုက်.. ကလူအိသို့ မြူအိသို့လုပ်လိုက်... လက်တွဲပြီး ပြေးကြ... အအေးသောက်ရင်း ကြာကြည့်နဲ့ကြည့်ကြ... အတင်းကို ပြုံးဖြီးပြီး ရီပြကြ... အဲလိုမျိုးတွေ ရိုက်ပြနေမှ မဟုတ်ပါဘူး... (ဘယ်အတွဲမှလဲ အပြင်မှာ ဒီအရွယ်ကြီးတွေရောက်မှ လက်တွဲပြီး ပန်းခြံထဲမှာ မပြေးတော့ပါဘူး... ရုပ်ရှင်သဘောအရ တခါတရံလိုအပ်လို့ ရိုက်တာကိုတော့ နားလည်လို့ရပါတယ်... )

သရုပ်ဆောင်တွေရဲ့ အပိုင်းကိုကြည့်မယ်ဆိုရင်လဲ... ကောင်မလေးရဲ့ ၀တ်ပုံစားပုံကလိုတာထက်မပိုဘူး... မိတ်ကပ်အပြင်အဆင်ကလဲ ဘာမှမရှိတဲ့အတိုင်းပဲ... ဒါကလဲ သူတို့ နိုင်ငံရဲ့ မိတ်ကပ်အဆင့်အတန်းနဲ့ ရိုက်တဲ့ စက်ပစ္စည်းကြီးတွေ... အက်ဒီတာရဲ့ Effect တွေနဲ့ ဆိုင်မယ်ထင်ပါတယ်...
ကောင်လေးကလဲ စွတ်ကျယ်အနက်ရောင်နဲ့ Rapper ပုံစံလေးဝတ်ထားပါတယ်... သူက အဲဒိသီချင်းရဲ့ တကယ့်အဆိုတော် အစစ်ပါ... အဆိုတော်ဆိုတော့ သိပ်ပြီး သရုပ်ဆောင်ပြနေစရာတော့ မလိုအပ်ပါဘူး... သာမာန်လေးပဲ သီချင်းဆိုပြနေပါတယ်... ဒါပေမဲ့ သူသီချင်းဆိုနေတဲ့ပုံလေးက မာန်ပါတယ်... ဈာန်ဝင်နေတဲ့အတွက်ကြောင့်... ၂ယောက်ကို ဆက်စပ်ပြလိုက်တော့... ကောင်လေးကလဲ ကောင်မလေးကို တကယ်ပဲလွမ်းနေတယ်ဆိုတဲ့ ခံစားချက်မျိုးလေးပေးပါတယ်...
နောက်ဆုံးခန်းလေးမှာ ဖုန်းပြောတဲ့ အခန်းလေးတစ်ကွက်ပြလိုက်တဲ့အချိန်မှာ နံရံလေးကိုမှီပြီးပြောနေတဲ့ပုံက Cool ဖြစ်ပါတယ်... Cool ဖြစ်အောင်လဲ သရုပ်ဆောင်ထားတာပါ... လူကမလှရင်တော့ ဘယ် Cool ဖြစ်မလဲနော်... Body ကလဲ မိုက်... အရပ်ကလဲမိုက်ဆိုတော့ Cool ဖြစ်တာပေါ့... ဆိုလိုတာက အဆိုတော်ဆိုပြီး ခန္ဒာကိုယ်နဲ့ ရုပ်ရည်ကို ဂရုမစိုက်လို့ မရပါဘူး... အဆိုတော်လဲ Celebrity ပါပဲ... ကိုယ့်လုပ်ငန်းပိုပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ထိန်းလို့ရတဲ့ body ကိုထိန်းသင့်ပါတယ်...

ကင်မရာ အယူအဆလေးတစ်ခုကို သဘောကျတာကတော့... ကောင်လေးသီချင်းဆိုနေတဲ့အချိန်မှာ ဘေးတိုက်လေးတွေပဲ ရိုက်ထားပါတယ်... အတော်ကြည့်ကောင်းပါတယ်... ဒါနဲ့ အဲဒိ အဆိုတော်ရဲ့ တကယ့်ရှေ့က မျက်နှာကို သိချင်လွန်းလို့ တခြား MTV တွေမှာရှာကြည့်တော့... သူက ဘေးတိုက်ကြည့်လေ ပိုကြည့်ကောင်းလေပါပဲ... တည့်တည့်ကြည့်တော့ ဘေးတိုက်မြင်ထားတုန်းကလောက် ကြည့်မကောင်းပါဘူး... ကင်မရာမန်းရဲ့ သရုပ်ဆောင်အပေါ် ဘယ်ကရိုက်ရင် လှတယ်ဆိုတဲ့ ပညာပါ...

အက်ဒီတင်းပိုင်းမှာတော့ သီချင်းလေးက အေးအေးလေးဆိုတော့... ကောင်မလေးအခန်းလေးတွေပြရင် Slow Motion လေး နည်းနည်းထည့်ထားတဲ့အတွက် စိတ်ထဲမှာ ညိမ့်ညိမ့်လေးလို့ ခံစားရပါတယ်... Youtube ကပဲ Quality မကောင်းလို့လား... သူတို့ပဲ Effect ထည့်ထားလို့လားတော့ မသိပါဘူး... ခပ်မှုန်မှုန်လေးဖြစ်နေပါတယ်... ကောင်လေးကို ပြရင် ဒီလောက်မမှုန်ဘူးလို့ ခံစားရပါတယ်... ဒါကတော့ ကျမရဲ့ အထင်ပါ.. မသေချာပါဘူး... သုံးတဲ့ ဖလင် Quality နဲ့ ဆိုင်မလားတော့ မသိပါဘူး... ကျမကလဲ အဲဒိလောက်ထိတော့ Technology မှာ Knowledge မရှိတော့ မသေချာပါဘူး... ဘာပဲပြောပြော ဒီ MTV လေးက အတုယူသင့်တဲ့ တင်ဆက်မှုလေးတစ်ခုလို့ ကျမတော့ ထင်မြင်မိပါတယ်...


Wednesday, June 10, 2009

သိရင် ပြောကြပါရှင်...



ဒီသီချင်းကို ကျမနဲ့ Youtube မှာ ခင်တဲ့သူငယ်ချင်းတစ်ယောက်က ဘာသာပြန်ပေးဖို့ကို အကူအညီတောင်းလာပါတယ်... အစကတော့ သူက ပါဋ္ဌိလိုမဖတ်တတ်ဘူးဆိုလို့... ကျမက သူ့ထက်စာရင်တော့ နည်းနည်းပိုဖတ်တတ်မယ်ထင်လို့.. ကူညီမယ်ပြောလိုက်မိကာမှပဲ... အကြောင်းရင်းမှန်ကတော့.. သူက ဒီသီချင်းကို အင်္ဂလိပ်လို ဘာသာပြန်မလို့... မြန်မာလို အဓိပ္ပါယ်တောင် ကောင်းကောင်းမသိဖြစ်နေလို့ အကူအညီတောင်းတာပါ... ဖြစ်နိုင်ရင်တော့ သူ့ကို အင်္ဂလိပ်လို တစ်ခါတည်းဘာသာပြန်ပေးရင် ပိုကောင်းတာပေါ့နော်... အဲလိုမှ မဟုတ်လဲ မြန်မာလို အဓိပ္ပါယ်ကိုပဲ သူ့ကိုပြောပြလဲရပါတယ်...

ဒီသီချင်းကို ငယ်ငယ်ထဲက ကျမကြားဖူးခဲ့တာကြာပါပြီ... Chorus အပိုဒ်ဆိုရင် အလွတ်တောင်ရပါတယ်... ဒါပေမဲ့ သီချင်းတစ်ပုဒ်လုံးကို ခရေစိတွင်းကျ ဘာသာပြန်ဆိုတော့.. ကျမအတွက်လဲ အတော်လေးအခက်တွေ့နေရပါတယ်...

ဥပမာဆိုရရင်.. ပထမဆုံးလာတဲ့စာကြောင်းမှာ..."နတ်စည်ငယ်လေ ပုဇွန်လက်ရိုးအာလမ္ဗသာ.. ကျော်ဝန်းသံသာ.. ဆော်ရွန်းညံစာစာ" ဆိုတဲ့ အဓိပ္ပါယ်ကို သိပ်မသိပါဘူး... ပုဇွန်လက်ရိုးအာလမ္ဗသာဆိုတာ ဘာကို ပြောချင်တာပါလိမ့်... နောက်ကစာသားဆက်နားထောင်ရင် နားလည်မလားဆိုတော့ "တိမ်ယံအာကာ နီလာပြင်ဆိုင်း ထင်တိုင်းခြုံလွှာ" ဆိုတော့... အရှေ့က စာသားက ကောင်းကင်အရောင်နဲ့ ပတ်သတ်တာကို ပြောတာလား.. မိုးခြိမ်းသံတို့ဘာတို့ကို ဆိုလိုချင်တာလား... မသိတော့ပါဘူး...

နောက်ပြီး "မိုးထက်ကယ်ဝဋ္ဌာ ကိုးချက်နယ်မှာ" ဆိုတဲ့ ကိုးချက်နယ်ဆိုတာ ဘယ်နေရာကို ဆိုလိုချင်တာပါလိမ့်...

နောက် Chorus အပိုဒ်မှာ သခွပ်ပန်းပွင့်ချိန်မှာ အသူရာက စစ်ထွက်တဲ့အခါမှာ နတ်ပြည်မှာ တိုက်ပွဲဖြစ်လို့... လူ့ပြည်မှာ မိုးတွေရွာ မိုးတွေခြိမ်းတယ်လို့ ဆိုလိုတယ်လို့ထင်တယ်... အဲဒါဟုတ်ပါသလား...

ပြီးတော့ သကြားမင်းနဲ့ အသူရာနဲ့ ဇာတ်လမ်းကလဲ သိတော့သိတယ်.. ဒါပေမဲ့ ရေးရေးပဲ မှတ်မိတော့တယ်... အသူရာက သူစစ်ရှုံးတာကို သခွပ်ပန်းပွင့်မှ သိသလား... စစ်ရှုံးတာနဲ့ နိုင်တာက အသိသာကြီးပဲဟာ... အဲဒါလေးကတော့ ကျမရဲ့ သိချင်စိတ်သက်သက်ပါ... အကြောင်းရင်းတစ်ခုရှိတယ်ဆိုတာတော့ သိပါတယ်... ကျမ မေ့နေလို့ပါ... ဒီတော့ သကြားမင်းနဲ့ အသူရာဇာတ်လမ်းကို ကောင်းကောင်းသိတဲ့ စာပေမိတ်ဆွေများရှိရင် ပြောပြစေချင်ပါတယ်... ကျမသူငယ်ချင်းကိုလဲ ပြန်ပြောပြချင်လို့ပါ... သူက ကျမထက်ပိုဆိုးပါတယ်.. အဲဒိ သီချင်းကို ဘာသာပြန်ချင်ပင်မဲ့ အသူရာကို ဘယ်သူမှန်းတောင်မသိပါဘူး... ဒီတော့ သူ့ကိုလဲ ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်... ဒါပေမဲ့ သေချာမှ ပြောပြချင်ပါတယ်..

ပြီးတော့ သီချင်းအလယ်လောက်မှာ
"နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ
ရန်ဖန်မာန်တင်းတာက ဆင်တော် သုမိတ္တာ..
ရဲတံခွန်လွှား ၃၃ပါး သကြားနယ်ပါ...
နေလနတ်သား လေးပါးစစ်အင်္ဂါ...
ပင်လုံးညွတ် သခွပ်ပွင့်ချိန်ခါ..." လို့ဆိုထားပါတယ်.... အဲဒါတွေက သကြားမင်းပိုင်တဲ့ စစ်အုပ်စုကို ဆိုလိုတာပါလား.. အဲဒါတွေကို အင်္ဂလိပ်လို ဘာသာပြန်မယ်ဆိုဘယ်လို ပြန်မလဲ... ခေါင်းအတော်လေးစားနေပါပြီ...

ကူညီပေးမယ်ဆိုပြီး ရဲရဲကြီး ပြောပြီးတော့မှ ခုတော့ အရှက်ကွဲကိန်းဆိုက်နေပါပြီ... ကယ်ကြပါအုံးဗျို့....

(P.S သိချင်လွန်းလို့ anonymous comment ကိုပါ ပြန်ပြီး allow လုပ်ထားပါတယ်.. စာဖတ်သူများလဲ သိရင် ကူညီကြပါနော်... )

Saturday, January 10, 2009

ဖြေရှင်းပေးကြစေလို....

"နေမင်းရဲ့ အလင်းရောင်ခြည်လဲ မနေ့ကနဲ့ မတူ .. မနေ့ကလို မပူတော့ပြီ..
အားသစ်အင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...

ငှက်ကျေးရဲ့ သီချင်းသံသည်လည်း မနေ့ကနဲ့ မတူ.. မနေ့ကလို မဆူတော့ပြီ..
အတွေးသစ် အမြင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ... "

ဒီသီချင်းလေးကို တော်တော်များများကြားဖူးကြမှာပါ... အဆိုတော် စိုင်းထီးဆိုင်ရဲ့ အချစ်အတွက်တဖန်မွေးဖွာခြင်း ဆိုတဲ့ သီချင်းလေးပါ...

ခုဒီသီချင်းစာသားလေးနဲ့ ပတ်သတ်ပြီး ကျမ သူငယ်ချင်းတစ်ယောက်နဲ့ အညင်းပွားစရာလေး ဖြစ်လာပါတယ်...

အဲဒါကတော့... "ငှက်ကျေးရဲ့ သီချင်းသံသည်လည်း... " ဆိုတဲ့ စာသားမှာ..
ကျမသူငယ်ချင်းက "ငှက်ကြီးရဲ့ သီချင်းသံသည်လည်း.... " လို့ပြောပါတယ်.. ဒီနေရာမှာ သူက ထပ်ရှင်းပြလိုက်ပါသေးတယ်.. ငှက်ကြီးဆိုတာ ထူးအိမ်သင်ကိုပြောတာပါတဲ့.. ထူးအိမ်သင်ရဲ့ သီချင်းတွေက အရင်ကလို မဆူတော့ဘူးလို့ ဆိုလိုတာပါတဲ့....

ကျမကပြောပါတယ်.. ဒီသီချင်းက ထူးအိမ်သင်အဆိုတော်မဖြစ်ခင်ကတည်းက ပေါ်နေတာ.. ဘယ်လိုလုပ်ပြီး ထူးအိမ်သင်ကိုပြောတာဖြစ်မလဲဆိုတော့.. သူမက ခုခေတ်ပြန်ဆိုထားတဲ့သူတွေက ငှက်ကြီးလို့ဆိုတယ်လို့ ပြောပါတယ်...

ကျမကလဲ ခုခေတ်ပြန်ဆိုထားတဲ့ သီချင်းကို နားမထောင်ဖူးတော့ တအုံးနွေးနွေးနဲ့ ဒီအငြင်းပွားမှုက ပြီးဆုံးခဲ့ပါတယ်... ဒါပေမဲ့ ၂ယောက်လုံးကတော့ ကိုယ်မှန်တယ်ပဲထင်နေပါတယ်.. ကျမကလဲ ကျမမှန်တယ်ထင်သလို.. သူမကလဲ သူမမှန်တယ်လို့ထင်နေမှာ သေချာပါတယ်..
ကျမအထင်တော့.. အနုပညာသမားအချင်းချင်း ထူးအိမ်သင်လို နာမည်ရှိအဆိုတော်ကို ပုတ်ခတ်ပြီး ဆိုမယ်တော့မထင်ပါဘူး.. ပြီးတော့ ထူးအိမ်သင်သီချင်းတွေက ဒီခေတ် တချို့သီချင်းတွေလောက်တောင် မဆူပါဘူး...

အဲဒါလေးကို တအုံ့နွေးနွေးဖြစ်နေလို့.. ဖြေရှင်းပေးကြပါလို့ တောင်းဆိုပါရစေ... အဖြေမှန်အတွက် ကွန်မန့်များကို စောင့်မျှော်လျက်...... ကျေးဇူး အထူးတင်ရှိပါကြောင်း....

Tuesday, October 14, 2008

Mamma Mia - The Movie Review

မနေ့ညက အလုပ်ကအပြန် အိမ်ကမိသားစုနဲ့ Mamma Mia (The Movie) ဆိုတဲ့ကားလေးကို ၉နာရီ ၄၀မိနစ်ပွဲ သွားကြည့်ဖြစ်ပါတယ်..
အဲဒိကားရုံတင်တာ ၁လလောက်တောင်ရှိနေပါပြီ.. မဗေဒါလဲ ခုတလောရုပ်ရှင်ကြည့်ခြင်ပင်မဲ့ ဘာကားမှလဲ မယ်မယ်ရရကောင်းတယ်လို့ မကြားတာကတစ်ကြောင်း.. အဖော်လိုက်ပေးမဲ့သူမရှိတာကတစ်ကြောင်းဆိုတော့ မကြည့်ဖြစ်ဘူးလေ.. ဒါပေမဲ့ ကြည့်ဖြစ်သွားပုံကတော့.. အလုပ်က လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်က သူ့မိသားစုနဲ့ ဟိုတစ်လောကသွားကြည့်တာ အရမ်းကောင်းကြောင်း.. ကြည့်ပြီးရင်စိတ်ထဲမှာ ပျော်ပြီးကျန်ခဲ့ကြောင်း.. ကြည်နူးဖို့ကောင်းပြီး သီချင်းတွေကလဲ အရင်ခေတ်က နာမည်ကြီးဘန်း ABBA ရဲ့သီချင်းတွေဖြစ်ကြောင်း အရမ်းညွှန်းပါတယ်.. မိသားစုလိုက်သွားကြည့်ဖို့တောင် တိုက်တွန်းခဲ့ပါတယ်..
ပြီးတော့ ကျမစိတ်မပါပါအောင် youtube ကနေ သီချင်းတွေဖွင့်ပြပါတယ်.. သူတင်မကဘူး နောက်အစ်မကြီးတစ်ယောက်ကလဲ ထောက်ခံတိုက်တွန်းပါတယ်.. Mamma Mia ပိုးကိုကျမထဲကိုသွင်းပေးလိုက်ကြပါတယ်...

သိတဲ့အတိုင်း မဗေဒါတို့ကလဲ ဒီလို ရုပ်ရှင်ကြည့်ဖို့ဆို ၂ခါမခေါ်ရဘူးလေ.. သီချင်းတွေကလဲ ကိုယ်ငယ်ငယ်တုန်းထဲက သိနေတဲ့ ခပ်မြူးမြူးသီချင်းလေးတွေဆိုတော့ ကြည့်မယ်ဆုံးဖြတ်လိုက်တာပေါ့.. ပြီးတော့ သီတင်းကျွတ်လပြည့်နေ့လေး မိသားစု စုစုစည်းစည်းအပြင်ထွက်ဖို့ ဖုန်းဆက်ပြီးအားလုံးကိုမေးတော့.. (သိတဲ့အတိုင်း အိမ်မှာက သူ မအား ကိုယ် မအားနဲ့ မျက်နှာချင်းဆိုင်မေးဖို့အချိန်မရဘူး..) အားလုံးက သဘောတူကြတယ်..

ဖေဖေကတော့ ကျမတို့ ငယ်ငယ်ထဲကရုံမှာ ရုပ်ရှင်သွားကြည့်ရင် အရမ်းဆူတတ်တယ်.. အိမ်မှာလဲ တီဗွီရှိနေတာ ပိုက်ဆံအပိုကုန်ခံပြီး သွားကြည့်တယ်ဆိုပြီး သူကတော့ ဘယ်တော့မှမလိုက်ဘူး.. ပိုဆိုးတာက အိမ်မှာ ဟိုတစ်လောက IT Show ကနေ Home Theater system ရော Plasma TV ရော ၀ယ်ထားမိတာရော.. SVC Cable TV ရှိတာရောဆိုတော့.. (ဟဲ..ဟဲ.. ကြုံတုန်းလေး.. ကြွားတာ..) ဖေဖေက ဘယ်လိုမှတိုက်တွန်းလို့မရတော့.. အိမ်မှာရှိတဲ့ မိန်းမသားတွေပဲ အလုပ်ဆင်းတော့ သွားကြည့်ဖြစ်ပါတယ်..
ဒီကားလေးဟာ DVD ထွက်တဲ့အထိ ကျမစောင့်ဝယ်ဖြစ်မဲ့ကားလေးတစ်ကားဖြစ်ခဲ့ပါတယ်..


ဇာတ်လမ်းအကျည်း


ဂရိကျွှန်းလေးတစ်ကျွန်းပေါ်မှာ ကိုယ်ပိုင်ဟော်တယ် အသေးစားလေးပိုင်တဲ့ Single Mother Donna (Meryl Streep) ဟာ သူမသမီးလေး Sophie (Amanda Seyfried)ကို လက်ထက်ပေးဖို့ အချိန်ရောက်လာပါပြီ.. အဲဒိမင်္ဂလာပွဲအတွက် သူ့ငယ်သူငယ်ချင်း (ငယ်ငယ်က ကဲဖော်ကဲဖက်တွေပေါ့နော်) Rosie (Julie Walters) Tanya (Christine Baranski) တို့ကိုဖိတ်ခေါ်ခဲ့ပါတယ်.. ဒါပေမဲ့ သူ့သမီး Shopie ကတော့ သူ့အမေ မသိအောင် အထူးဧည့်သည် ၃ယောက်ကိုဖိတ်ခေါ်ထားခဲ့ပါတယ်...

သူမ မင်္ဂလာဆောင်မှာ သူမရဲ့အဖေကို သူမနဲ့တူတူ လမ်းတွဲလျှောက်စေချင်ခဲ့လို့ပါ.. ဒါပေမဲ့ သူမ အမေက အဖေဘယ်သူလဲမပြောပြတဲ့အတွက် သူမ အမေ ဒိုင်ယာရီထဲက ဖြစ်နိုင်ဖွယ်ရှိတဲ့ ယောင်္ကျားသုံးယောက်ကို ဖိတ်လိုက်ခြင်းဖြစ်ပါတယ်.. ဤသို့ဖြင့် ထိုကျွန်းငယ်လေးပေါ်တွင် အချစ်ဟောင်းများပြန်လည်ဖူးပွင့်ပြီး.. အချစ်သစ်များလည်းမွေးဖွားခဲ့ကြပါတယ်.. အဖေအရင်း ဘယ်သူဖြစ်မလဲဆိုတာတော့ ဖန်သားပြင်ပေါ်မှာ ကြည့်ရှူဖော်ထုတ်ကြပါလို့....


ရုပ်ရှင် review..


ဒီကားလေးဟာ အမေနဲ့သမီးချစ်.. သူငယ်ချင်းတွေရဲ့နွေးထွေးမှု.. မိသာစုရဲ့ပြည့်စုံမှုကို သီချင်းလေးတွေနဲ့ ကောင်းကောင်းဖော်ပြသွာနိုင်ပါတယ်..

အစက အသက် ၅၉နှစ်ရှိပြီဖြစ်တဲ့ Meryl Streep ကို ဒီလောက်သွက်သွက်လက်လက် ကခုံပြီး ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်လိမ့်မယ်လို့တောင် မထင်မိပါဘူး..
သူမရဲ့ အချစ်ဟောင်းကို တွေ့တဲ့အချိန်မှာ သူမကိုပြစ်သွားပြီး တစ်ခြားမိန်းမတစ်ယောက်ကိုလက်ထက်သွားတဲ့အတွက် စိတ်လဲနာတယ်.. ငယ်ကချစ် နှစ်၁၀၀ မမေ့သာဆိုသလို ရင်တွေလဲခုန်တယ်.. တွေ့လဲတွေ့ချင်တယ်.. မတွေ့လဲမတွေ့ရဲတဲ့ အချိန်မှာ Mamma Mia သီချင်းကို ဆိုပြီး သွက်သွက်လက်လက်လေး သရုပ်ဆောင်သွားတာဖြင့် သူမအသက် ၅၉ နှစ်ဆိုတာကိုမေ့ပြီး .. ကောင်မလေးတစ်ယောက်သရုပ်ဆောင်နေတဲ့အတိုင်းပါပဲ.. အချစ်က သူမကိုနုပျိုစေခဲ့တာပါ.. သီချင်းလဲဆိုရင်း မျက်နှာအမူအယာကလဲ emotion အပြည့်နဲ့သရုပ်ဆောင်နိုင်တဲ့အတွက် ကျမတကယ်ကို လေးစားအားကျခဲ့ရပါတယ်... ရုပ်ရှင်ထဲ စီးမျောသွားတဲ့ အချိန်မှာတော့ သူမနဲ့အတူလိုက်ဆိုလိုက်က ချင်စိတ်တောင်ပေါက်ပါတယ်.. ကျမအနေနဲ့ သူဟာသရုပ်ဆောင်နေတာပါလားလို့ တွေးမိတိုင်း အရမ်းကို ချီးကျူးမိပါတယ်.. ဘာလို့လဲဆိုတော့ သူသရုပ်ဆောင်နေတာကို ကျမသိနေရက်နဲ့ သူမကို အသက်ကြီးကြီးအဖွားကြီးတစ်ယောက်လို့ပြောင်းမြင်ပေးလို့မရဘူး... ဇာတ်လမ်းအရ အချစ်ကြောင့်နုပျိုသွားပင်မဲ့.. သူမဟာ သူမအနုပညာကြောင့် ပရိတ်သတ်မျက်လုံးထဲမှာ နုပျိုခဲ့ပါတယ်... စုစုပေါင်း သီချင်း ၂၄ ပုဒ်ပါတဲ့ အထဲမှာ အဲဒိသီချင်းလေးဟာ ကျမအကြိုက်ဆုံးထဲမှာပါဝင်ခဲ့ပါတယ်..
ခံစားကြည့်ကြပါ..

Mamma Mia


နောက်တစ်ခုက ဂျိမ်းစဘွန်း မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Pierce Brosnan ကို အရင်က ကျွန်မဒီလိုပဲ ကြည့်ခဲ့ပါတယ်. ကြိုက်တယ်မကြိုက်ဘူး မရှိခဲ့ပါဘူး.. ဒီကားမှာ ကျမသူ့ကို ကြိုက်သွားအောင် ဆွဲဆောင်နိုင်ခဲ့တာကတော့.. သူ့ငယ်ချစ်ကို လိုက်ရှင်းပြရင်း ဆိုတဲ့ SOS ဆိုတဲ့ သီချင်းမှာပါ.. သူ့ကို action မင်းသားကြီးတစ်ယောက်အနေနဲ့ပဲ ကြည့်ဖူးခဲ့ပြီး.. မျက်လုံးထဲမှာ အဖိုးကြီးလို့ပဲ သတ်မှတ်ခဲ့မိပင်မဲ့ ခုတော့ မဗေဒါ ရူးသွပ်ရတဲ့ မင်းသားစာရင်းထဲ မင်းသားငယ်တွေနဲ့ ယှဉ်ပြီးနေရာယူနိုင်ခဲ့ပါတယ်..

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ Pierce Brosnan ဟာ action တင်မက romance ရော Musical ရောကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့ပုံကလဲ လူငယ်လေး လူပျိုလှည့်နေတဲ့အတိုင်းပါပဲ.. ဟော.. သူ့ရဲ့ မင်းသားတစ်ယောက်အနေနဲ့ အရည်အချင်းကိုပြောရမယ်ဆိုရင်လဲ.. သူ့ ခန္ဓာကိုယ် အချိုးအစားက မြန်မာပြည်က ပရိတ်သတ်ထမင်းစားပြီး ကြီးကျယ်ပြနေတဲ့ ဗိုက်တရွှဲရွှဲမင်းသားငယ်တွေထက် အများကြီးသာပါတယ်.. ပရိတ်သတ်ကျွေးတဲ့ ထမင်းစားပြီး show bussiness အလုပ်ကိုလုပ်တဲ့သူတစ်ယောက် ဟာ သူ့ရဲ့ figure ကိုထိမ်းခြင်းသည်လဲ ပရိတ်သတ်ကို လေးစားခြင်းတစ်ခုပဲလို့ ကျမမြင်ပါတယ်... ဒါတွေထားပါတော့.. အဲဒိကိစ္စ နောက်မှပဲ ပိုစ့်သက်သက်တင်တော့မယ်.. ခုတော့ အောက်က SOS သီချင်းလေးကို ခံစားသွားကြပါအုံး...

SOS


သီချင်းအားလုံကြိုက်တယ်ဆိုပေမဲ့ ကျမအကြိုက်ဆုံးတွေထဲမှာပါတာကတော့... Donna (Meryl Streep) ဟာ.. သူ့ကို ပြစ်သွားတဲ့ သူ့ချစ်သူကို ရုတ်တရက်ပြန်တွေ့လိုက်ရတော့.. စိတ်မကောင်းဖြစ်ပြီးငိုတဲ့အခန်းမှာ သူ့သူငယ်ချင်း ၂ယောက်က သူ့ကို စိတ်ပျော်အောင်လုပ်ပြီးချော့တဲ့အခန်းပါ.. အဲဒိမှာ ၂ပုဒ်ပါပါတယ်.. ၁ပုဒ်က
"Chiquitita" လို့ခေါ်ပြီး နောက်တစ်ပုဒ်ကတော့ "Dancing Queen" ပါ.. ၂ပုဒ်လုံးဖော်ပြချင်ပေမဲ့ ပိုစ့်အရမ်းရှည်သွားမှာစိုးလို့ Dancing Queen ကိုပဲ ဖော်ပြလိုက်ပါတယ်.. အဲဒိ ကားမှာ Donna ရဲ့ သူငယ်ချင်းအဖြစ်သရုပ်ဆောင်တဲ့ အဖွားကြီး ၂ယောက်က အရမ်းရီရပါတယ်.. လူဆိုတာ ဘယ်လောက် အသက်ကြီးကြီး သူငယ်ချင်းတွေနဲ့ပြန်တွေ့ရင် အားလုံးနုပျို ပျော်ရွှင်သွားကြတာပါပဲ...

Dancing Queen


မဗေဒါကို မျက်ရည်တရွှဲရွှဲ ဖြစ်အောင်လုပ်တဲ့ သီချင်းတစ်ပုဒ်ရှိပါသေးတယ်.. ကျမအကြိုက်ဆုံးသီချင်းလို့ပြောလို့ရပါတယ်... သီချင်းနားထောင်ရင် စာသားရော တီးလုံးပါ သေချာခံစားပြီးနားထောင်တတ်တဲ့ ကျမရဲ့ အကျင့်ကို သရုပ်ဆောင်နဲ့ ကောင်းကောင်းဖမ်းစားသွားတော့ မျက်ရည်လည်ရွဲခဲ့ရပါတယ်.. အဲဒါကတော့ သူမသမီးမင်္ဂလာဆောင်နေ့မှာ သူမချစ်သူက သတို့သမီးအဖေ အဖြစ်တွဲလျှောက်ပေးခွင့်ကိုလာပြောတဲ့အခါမှာ.. သူမ တစ်သက်လုံး နာကျည်းခဲ့ရတာတွေ.. သူမချစ်သူကို ပြောချင်ခဲ့တာတွေ.. သူမရဲ့မာန်.. သူမရဲ့အချစ်နဲ့အမုန်းကို သီချင်းစာသားထိထိမိမိနဲ့သရုပ်ဆောင်နိုင်ခဲ့ပါတယ်..
The winner Takes It All လို့ အမည်ရပါတယ်... ခံစားသွားကြပါအုံး...

The Winner Takes It All


ကျမကြိုက်တဲ့သီချင်းတွေအများကြီးပါပဲ.. စိတ်ဝင်စားရင်သွားကြည့်ကြပါ.. အားလုံးဖော်ပြဖို့အဆင်မပြေလို့ သိသလောက် လင်ခ့်လေးတွေ အောက်မှာပေးလိုက်ပါတယ်...

ဇာတ်ဝင်တေးများ

Honey Honey
(Reading Her mom diary)

Super Truper (Before the wedding Night)

Does Your Mother Know (Very Funny)

Money Money Money
(Nice Acting and Amusing)

Chiquitita
(When Her friends comfort her, Heartwarming)

Take A Chance On Me (Funny, old and fat but sexy, Sing when nearly Movie ending)

Lay All Your Love For Me
(Young and Energetic)

Our Last Summer (Three Dads and their Daughter)

Slipping Through My Fingers
( Mother's love for her daughter [Sop.. Sop.. i cried] )

When All is Said And Done
(Oldies love but sweet )

I Do I Do I Do I Do I Do ( Charming [my heart pound and i would say I DO too] )

Gimme! Gimme! Gimme!
(Music Video)

Monday, July 07, 2008

Guiter Hero commercial with Sexy, Hottie & Cutie



I found these Commercials of Guitar Hero in Youtube. Three different celebrities perform with same song, same posts & same clothing. They are David Cook (American
Idol Season 7 Winner), David Archuleta(American Idol Season 7 runner up), & Tom Cruise.

It was really enjoyable and I can’t stop laughing whenever I watch these video
clips.


Of course ...... Tom Cruise was hotttttttttttttt … & Sexyyyyyy … look so confident &
professional.


Yo …man ….David cook was as hot as TC & pretty cool…….. Since the song is Rock, It really suits him. He did a great job … hooray ……. David Cook (***Applause***).

Last but not least David Archuleta…. He is really really
cute kid. And he looks so shy. Although he tried his best to act, it is obvious
that he is so shy. But it makes him adorable.


No offend to David Archuleta’s fans. Personally I prefer that David Cook was the best in my eyes … ha ha ha ha :P …….. He is a greatsinger … He deserved to win American Idol & he did. He was really awesome ….I do like Archuleta. His voice is pretty clear & he has nice personalities but he still need to go long way to adapt the celebrities’ life.

Since I love Rock Genre …. David Cook is Always Be My Idol ….Enjoy below video clips & have fun.




Saturday, April 05, 2008

Some of the songs that i can only listen currently



I am still collecting these songs in mp3 format and when i have them all, i will make a song track at the side bar. These songs dedicated for those who has been heart broken. For those who met with betrayer. For those who chose the wrong person in the past. So don't worry coz every one has encounter the feeling called heart broken. You are not alone. What you need to do is forgive, forget and keep moving on the right track. You know what, you still can continues to love someone even he/she is not yours now or you can find new one and others can't call you are betrayer or You will find your success awaiting you to get it. You have many more choices to do now. I am neither conforting nor giving excuses for being left behid or cheated by your loved one.
Well, anyway..... I am also still struggling those feeling though but i am sure i will handle it someday. Somehow... I think i've changed a little bit for the good. I admit that i still love him. I still dream about him but i was crying in the dream whenever he is in my dream. How wonderful the power of mind. huh...

I would like to appoligize for all the friends who has been reading my myanmar blog for not able to write with myanmar font. But i have good reasons.

1. My computer at home got formatted and can't see myanmar font in Internet explore even though i have instralled the font.All i can see are the square.

2. From these days onward, I want to study proper English for my future plan and want to practise some of the writing skill. So you are welcomed to correct me any grammer mistakes,spelling mistakes and so on.

3. Due to my current conditions, I have not enought strength to write down all those feeling in myanmar. If not one post will cost my one litre of tear.

I think you all would understand me and forgive me for not writing in myanmar. Don't be disappointed coz i will write with myanmar when i feel like writing. Ok?

All the best and Enjoy the music. Make sure you listen to the song and understand the meaning. You are welcome to give a suggestion or idea for more song with these kind of meaning and If you have with mp3 format Pls email to mabaydar@gmail.com.
"Too little too late" by JoJo with lyric



"What goes around comes around" by Justin Timberlake with lyric



"Stranger" by Hilary Duff with lyric



"So Yesterday" by Hilary Duff with lyric