Tuesday, December 21, 2010

Song Joong Ki Fan Sign at Bugis Junction..

Photobucket
နောက်ထပ် ဖော်ရွေတဲ့ ကိုရီးယားမင်းသားတစ်ယောက်ကို တွေ့ခွင့်ရတဲ့အတွက် ဒီနေ့ သွားရကြိုးနပ်သွားပါတယ်... အစကတော့ သွားရကောင်းနိုး မသွားရကောင်းနိုးဖြစ်နေတာ... မေမေက မနက်ဖက် ဘုန်းကြီးကျောင်းသွားချင်တယ်ဆိုတာနဲ့ အဲဒိအတွက် ထွက်ရမှာချင်းတူတူ မထူးတော့ဘူးဆိုပြီး ဟိုပါသွားဖို့ ကြံလိုက်တယ်...

မဗေဒါ Bugis Junction ကိုရောက်တော့ ညနေ ၃နာရီလောက်ရှိပြီ... Fan Sign က ညနေ ၄နာရီမှစမှာဆိုတော့ စောသေးတယ်မှတ်နေတာ... သူက Tony Moly ဆိုင်ထဲမှာတောင် ရောက်နေပြီ... ဆိုင်ရှေ့မှာ လူတွေ အုံးအုံးထနေတာပဲ... တိုးလို့မပေါက်ဘူး... မြင်တောင် မမြင်လိုက်ရဘူး... ပြီးသွားပြီမှတ်ပြီး စိတ်ပျက်သွားတာ...

နောက်မှ ဟိုဘက်ဆက်လျှောက်တော့မှ သူ့နာမည် သူ့ပုံနဲ့ စင်ကြီးတွေ့တော့မှ မပြီးသေးမှန်းသိတယ်... ဒါနဲ့ လူအုပ်ထဲဝင်ရပ်လိုက်တယ်... ညနေ ၄နာရီကျတော့ MC တက်လာပြီး ဘာညာသာရကာ သိပ်မကြာလိုက်ပါဘူး... ရှက်တတ်တဲ့ မင်းသားလေး Song Joong Ki စင်ပေါ်တက်လာတယ်...

MC က သူ့ကို တရုတ်လို နှုတ်ဆက်ခိုင်းတော့ မတောက်တစ်ခေါက် နှုတ်ဆက်တယ်... ပြီးတော့ MC က စကာင်္ပူက ပရိတ်သတ်တွေအပေါ် ဘယ်လိုမြင်လဲမေးတော့...
လေယာဉ်ကွင်းမှာ လူတွေ အများကြီးလာကြိုလို့ အရမ်းကို အံ့သြခဲ့ရကြောင်း... ခုလိုမျိုး နွေးထွေးစွာကြိုဆိုတဲ့အတွက် သူ့စိတ်ထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်ကြောင်းပြောပါတယ်... (အဲဒါ နာတို့ကိုပြောတာ... လေဆိပ်သွားကြိုတယ်.. ခိခိ...)

Photobucket
စကာင်္ပူက မိန်းကလေးတွေကို ဘယ်လိုမြင်လဲမေးတော့....
စကာင်္ပူပရိတ်သတ်တွေက ကိုရီးယားပရိတ်သတ်တွေနဲ့ တူတူပဲဖြစ်ကြောင်း... သူ့ကို ပေးတဲ့လက်ဆောင်တွေအားလုံးက လှလှလေးတွေနဲ့ ချစ်စရာကောင်းကြောင်း... အားလုံးက ရိုးသားတဲ့ပုံရှိပြီး အနေအထိုင်တတ် (Well Behave ကို မြန်မာလိုဘယ်လိုပြန်ရပါ့) ကြောင်း ပြောပါတယ်...

Tony Moly Ambassador အဖြစ်လာရတာ ဘယ်လို ခံစားရကြောင်း မေးတော့...
Tony Moly Ambassador အဖြစ်လာရတာ ၀မ်းသာကြောင်း... ဘာလို့လဲဆိုတော့ မိတ်ကပ် brand ကောင်းတစ်ခုကို ကိုယ်စားပြုရတာဖြစ်တဲ့အတွက် ၀မ်းသာကြောင်း... စကာင်္ပူမှာ tony moly ကို အားပေးကြတဲ့အတွက် ၀မ်းသာကြောင်း... ဆက်ပြီးတော့လဲ အားပေးကြစေချင်ကြောင်း ပြောပါတယ်...

MC က သူ့ရဲ့ SungKyunKwan Scandal ထဲက Gu Yong Ha ရဲ့ မျက်လုံးတစ်ဖက်မှိတ်တဲ့ပုံ သရုပ်ဆောင်ခိုင်းတော့ ရှက်ပြုံးလေးနဲ့ ရီပြီး မျက်လုံးတစ်ဖက်မှိတ်ပြပါတယ်...(ကင်မရာထဲမှာ မိလိုက်လို့ ကိုယ့်ကိုကိုယ် ချီးမွှမ်းလိုက်ပါတယ်).... မမြင်လိုက်တဲ့လူတွေအတွက် နောက်တစ်ခေါက်လုပ်ပြအုံးမလားဆိုတော့ မလုပ်တော့ပါဘူး... သူ့ကြည့်ရတာ ပထမတစ်ခေါက်တောင် အတော်လေးရှက်နေတာပါ...

Singapore fan တွေကို ဘာပြောစရာရှိလဲမေးတော့...
သူပါဝင်တဲ့ ဇာတ်ကားကို အားပေးကြတဲ့အတွက် အလွန်ကျေးဇူးတင်ကြောင်း နောက်လဲ အားပေးကြဖို့ပြောပါတယ်...

နောက် Song Joong Ki fan club representative ထဲက ကောင်မလေး ၂ယောက်က သူ့ကို Photobucketလက်ဆောင်တက်ပေးပါတယ်... Travel Book နဲ့ Singapore မုန့်တွေပါ... Travel Book က သူတို့ကိုယ်တိုင် လက်နဲ့ တန်ဆာဆင်ပြီး လုပ်ထားတယ်ထင်ပါတယ်... မင်းသားက လက်ဆောင်တွေကို တလေးတစားယူတဲ့အပြင် သူတန်ဖိုးထားတဲ့ ပုံစံမျိုးလဲ ပြပါတယ်... မုန့်တွေပေးတော့ အိတ်ကို ဖွင့်ကြည့်ပြီး အဲဒိကောင်မလေး ကျောလေးကို ဖက်သလိုလို ပုတ်သလိုလိုလုပ်လိုက်တော့ အောက်က မိန်းကလေးတွေ အော်တော့တာပါ... (Representative ဖြစ်ရတာ ကောင်းတယ်နော်... Fan တွေအားလုံးပိုက်ဆံနဲ့လက်ဆောင်ဝယ်ပေးပြီး သူက မင်းသား အဖက်ခံရတယ်... Sooo Jealous... ဒါပေမဲ့လဲ သူတို့က အချိန်ကုန်ခံပြီး အဲဒိ မင်းသားနဲ့ ပတ်သတ်တာတွေကို လိုက်လုပ်နိုင်တယ်... ကိုယ်ကမှ မလုပ်နိုင်တာ... ဒီတော့လဲ သူတို့ ရသင့်ပါတယ်...)

Photobucketနောက်တော့ Tony Moly ဆိုင်က အမျိုးတွေရဲ့ ကလေးတွေလားသိပါဘူး... မင်းသားရဲ့ Fan ပဲဆိုပြီး ပန်းစည်းတက်ပေးတယ်... ကလေးလေး ၄ယောက်... မင်းသားပရိတ်သတ်သာပြောတယ်... မင်းသားကိုတောင် တစ်ယောက်မှ မကြည့်ကြဘူး... အဟိ... အငယ်ဆုံးကလေးလေးကို မင်းသားက ချီပိုးနေသေးတာ... ကလေးတွေကို MC က နည်းနည်း မေးခွန်းလေးတွေမေးပြီးတော့ လက်မှတ်ထိုးပွဲစတော့တာပါပဲ...

ပရိတ်သတ်တော်တော်များများက သူ့အတွက် လက်ဆောင်ပစ္စည်းလေးတွေ ယူလာကြပါတယ်... အားလုံးကိုလဲ သူက လိုလိုချင်ချင် တန်ဖိုးထားတဲ့ ပုံမျိုးနဲ့ လက်ခံပါတယ်... တက်လာတဲ့ ပရိတ်သတ်တိုင်းနဲ့လဲ စကားတွေအကြာကြီးပြောပါတယ်... ဘယ်ဘာသာစကားနဲ့ ပြောနေကြလဲတော့ မသိပါဘူး... အစက MC က အချိန်မလောက်လို့ မင်းသားနဲ့ လက်ဆွဲနှုတ်ဆက်ခွင့် ဖက်ခွင့် ဓာတ်ပုံရိုက်ခွင့်မရှိပါဘူးဆိုပင်မဲ့... ကောင်မလေးတစ်ယောက်ကိုတော့ လက်ဆွဲနှုတ်ဆက်လိုက်တာတွေ့ပါတယ်... ကောင်မလေးဘာတွေ အပြောကောင်းသွားလဲတော့ မသိဘူး မင်းသားက ဟတ်ဟတ်ပတ်ပတ်ကိုရီနေတာပါ... နောက် ခပ်၀၀မိန်းမတစ်ယောက်ကလဲ သူ့ကို ရုပ်ရှင်ထဲက Gu Yong Ha ပုံစံနဲ့ နှုတ်ဆက်လိုက်လို့ထင်တယ်.. မင်းသားက မျက်လုံးတွေ တောက်ပြီးတော့ သဘောကျလို့ရီလိုက်တာ ပြောမနေနဲ့... (ဗွီဒီယိုထဲမှာ မပါဘူး... အဲဒိတုန်းက လက်ညောင်းတာရော... ပြီးတော့ ကိုယ့်မျက်လုံးနဲ့ပဲ အားရပါးရကြည့်နေလို့ မရိုက်ဖြစ်ဘူး...)

ရာသီဥတုက ပူတော့ မင်းသားက ရေပဲ ခဏခဏသောက်နေတယ်.. ပြီးတော့ နာရီပတ်ထားတာ အိုက်လို့လားသိဘူး... ဆိုင်းထိုးနေရင်းနဲ့ နာရီချွတ်ပြီး သူ့ဘေးက မန်နေဂျာလားဘာလားကို ပေးလိုက်တယ်...

နောက်ပြီး ချစ်ဖို့ကောင်းတာလေးတစ်ခုက သူက အောက်ကပရိတ်သတ်ကိုလဲ လက်လှမ်းလှမ်းပြတယ်... စင်ရဲ့ ညာဘက်ချမ်းက ကောင်မလေးတွေက အသံကုန် Song Joong Ki ... Song Joong Ki လို့အော်တော့ သူက အဲဒိဘက်ကိုလှည့်ပြီး... " ၀ယ်.... ၀ယ်... ၀ယ်...." (အဲဒါ ကိုရီးယားလို... ဘာလဲ... ဘာလဲ... ဘာလဲ..) လို့ မျက်ခုံးလေးပင့်ပြုံးပြီး လှမ်းမေးတဲ့ပုံမျိုးလုပ်တယ်... ပရိတ်သတ်ကို အလေးထားတယ်... (ခေါင်းဆောင်မင်းသား မဖြစ်သေးလို့လာတော့ မသိ... ဒါပေမဲ့ အလေးထားတဲ့ အရင်းခံရှိလို့ အလိုလျောက်ဖြစ်နေတယ်လို့ပဲထင်တာပဲ...) လေဆိပ်မှာတုန်းကလဲ သူ့ပုံက ဟိတ်ဟန်သိပ်မရှိဘူး... လူတွေများလို့ ရှိန်လဲရှိန်... ကြောက်လဲကြောက် သဘောလဲကျ... အံ့လဲသြနေတဲ့ပုံလေး... မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့... လက်ပြတာတောင် မပြရဲပြရဲ တ၀က်ပဲပြတယ်... ဒီနေ့လဲ အဲလိုပဲ... လက်ပြရင် ရဲရဲ မပြဘူး... တ၀က်ပဲ... ဟား.. ဟား... ဒီနေ့တော့ လေဆိပ်တုန်းကနဲ့ ယှဉ်ရင် သူနဲနဲ ရင့်သွားတယ်လို့ ခံစားရတယ်... ဒီနေ့ဝတ်လာတာက Formal လိုမျိုးဆိုတော့ လူကြီးနည်းနည်းဆန်တော့ သူ့ကို ကလေးလို့ မမြင်တော့ဘူး... လေဆိပ်တုန်းကတော့ ကိုယ်နဲ့ ရွယ်တူဆိုတာ သိနေပင်မဲ့... ကလေးတစ်ယောက်ကို ကြည့်နေရသလိုပဲခံစားနေရတယ်...

Fan Sign က လူအယောက် ၁၀၀ ကို လက်မှတ်ထိုးတာလားတော့မသိဘူး... အိုက်ကလဲ အိုက် ချွေးကလဲပြန်... မေမေလဲ ဘယ်နားသွားထိုင်နေမှန်းမသိ... မေမေက စောစောထဲက ဗိုက်ဆာတယ်ပြောနေတော့ သူ့ကို KFC ကျွေးမယ်ပြောထားတာ... ဒါနဲ့ပဲ တ၀က်လောက်ရောက်တော့ ထွက်လာလိုက်တယ်... KFC စားပြီးရင် ပြန်လာကြည့်မယ် မှီရင်လဲ မှီ... မမှီတော့လဲ နေပါစေ ကိုယ့်မျက်လုံးနဲ့လဲ အ၀ကြည့်ခဲ့တယ်ဆိုတော့ ကျေနပ်တယ်လေ... ဒါနဲ့ အဲဒိ မှာ စားပြီး ပြန်လာတော့ သူ့ပွဲက ပြီးသွားပြီရှိတော့ဘူး.... ဒါပေမဲ့ သူ့ကိုတော့ သဘောကောင်း ရှက်တတ်ပြီး ဟိတ်ဟန်ကင်းတဲ့ ပရိတ်သတ်ကို အလေးထားတဲ့ မင်းသားတစ်ယောက်အနေနဲ့ ကျွန်မ နောက်ဆို သူ့ကို ဒိထက်ပိုပြီး အားပေးတော့မှာပါ... ခုပဲ သူ host လုပ်တဲ့ Running Man ဆိုတဲ့ အစီအစဉ်ကို ကြည့်ဖို့ အင်တာနက်မှာ လိုက်မွှေနေပါတယ်... ရိုက်ခဲ့သလောက်ဗွီဒီယိုကို မျှဝေလိုက်ပါတယ်...


6 comments :

SZA said...

thanks for sharing..i feel like im at that event aft reading ur post..haha
running man is really good and so funny..i can't stop smiling and laughing
u will see a lot of guest stars also..eg nickhun in ep4.. :D but dun hav ep4 in isub forum

Anonymous said...

အော်လိုက်ကြတာ ကောင်မလေးတွေ..
း)
မင်းသားက တော်တော်ရှက်တတ်တာပဲ။ ဒါပေမယ့် ချစ်ဖို့အလွန်ကောင်းတယ်။
နောက်ခံသီချင်းကို Sunkyunkwan ost ထည့်ထားတာလေး သဘောကျတယ်။
ကျေးဇူးပါ အစ်မ။

Anonymous said...

လက်ဆောင်တွေနင့်နေမှာပဲ။ J လိုက်တာ...။
btw.., well-behaved (အပြုအမူအနေအထိုင် ကောင်းမွန်ကျစ်လစ်တယ် လို့ ချောအောင်ပြန်ရမလားပဲ)
=D

နွေးနေခြည် said...

(အဲဒါ နာတို့ကိုပြောတာ... လေဆိပ်သွားကြိုတယ်.. ခိခိ...)
ဟိ.. ဟုတ်ပါ့.. နာတို့ကွး)))))
ဗွီဒီယိုမကြည့်ရသေးဘူး။ နောက်မှလာကြည့်မယ်

shin said...

ရုံးမှာ videoကြည့်လို့အဆင်မပြေလို့ အိမ်ပြန်ရောက်မှကြည့်တော့မယ်။ မဗေဒါရေးထားတာဖတ်ရတာ ကိုယ်တိုင်သွားကြည့်ရသလိုပါပဲ။

AMK said...

မဗေဒါကို လေဆိပ်မှာ အကြည့်လေး ပေးသွားတဲ့  တယောက်လား