Thursday, December 02, 2010

Kim Hyun Joong Arrival to Singapore (01/12/2010)

ဒီနေ့ 2am ရယ် Kim Hyun Joong ရယ် စကာင်္ပူလေဆိပ်ကို မတိမ်းမယိမ်းရောက်မယ်ဆိုတော့ သွားရတာတန်တယ်လေ... ဒါနဲ့ အလုပ်က DnD ရှိတာတောင် မုန့် ၃ပွဲလာချတဲ့အထိပဲစားပြီး ည ၈နာရီ၄၅မိနစ်ကျတော့ ထွက်လာခဲ့လိုက်တယ်... ကင်(မ်)ဟရွန်ဂျွန်းက ၉နာရီ ၂၀ terminal 2 မှာ လေယာဉ်စိုက်မယ်... 2am က ၉နာရီ၅၀ Terminal 3 မှာ လေယာဉ်စိုက်မယ်ဆိုတော့ Kim Hyun Joong ကြည့်ပြီးရင် 2am ကို မှီသေးတယ်လေ... အားလုံးလဲ ဒီလိုပဲ စီစဉ်ထားကြတာပါ... မဗေဒါအတွက်ကတော့ 2am ကို ပိုကြိုချင်တာ... ဒါပေမဲ့ Kim Hyun Joong အလကားကြည့်ရလဲ မနည်းဘူးဆိုပြီး ကြည့်တာပဲရှိတယ်... ဒါပေမဲ့ ဖြစ်ချင်တော့ ဒင်းက နောက်ကျပြီးမှထွက်လာတယ်... သူ့လေယာဉ်ပေါ်ကလူတွေအားလုံးကုန်တဲ့ထိ စောင့်နေတယ်ထင်တယ်... သူထွက်လာတဲ့အချိန်က ၁၀နာရီ ၁၅မိနစ်လောက်တောင်ရှိနေပြီ... အစက ကျွန်မလဲ တာမီနယ် ၃ကိုပဲ သွားစောင့်တော့မယ်စိတ်ကူးမိသေးတယ်... အဲဒိအချိန်က ၉နာရီ ၁၅မိနစ်... တာမီနယ် ၃ ကို သွားလဲ နောက် ၅မိနစ်နေရင် Kim Hyun Joong လာပါပြီလေဆိုပြီးစောင့်တယ်... ဒါပေမဲ့ မလာမလာနဲ့... ပြီးတော့ အနီးနားက ကောင်မလေးတွေအားလုံးကလဲ Kim Hyun Joongပြီးရင် 2am ကို ပြေးမဲ့သူချည်း... သူတို့တောင် စောင့်နေသေးတာ အဖော်ရှိပါတယ်လေးပေါ့... ကိုယ်ထွက်သွားပြီး မကြာခင် သူရောက်လာရင် လွတ်သွားတာပဲရှိမယ်ဆိုပြီး နေလိုက်တယ်.... နောက်တော့ အနားမှာရှိတဲ့ စလုံးမလေးက တာမီနယ် ၃မှာ သူ့အမေစောင့်နေတော့ ဖုန်းဆက်မေးတယ်... 2am ရောက်ပြီလားဆိုတော့ Kim Hyun Joong ထွက်မလာခင် ၅မိနစ်လောက်လေးမှာတင်ပဲ 2am က ထွက်သွားပြီတဲ့... ကြည့်... နောက်မှ စိုက်တဲ့လေယာဉ်ကလူတောင် ထွက်လာပြီ Kim Hyun Joong ကို တော်တော်လေး တင်းသွားတယ်... (ခုတော့ တော်သေးတယ်... 2am ထဲက ကျွန်မကြိုက်တဲ့ Jo Kwon မပါလာသေးဘူးဆိုတာ ခု သိလိုက်ရတော့ နည်းနည်း စိတ်သက်သာသွားတယ်... ) ဒါပေမဲ့ Kim Hyun Joong က စောင့်ရကြိုးမနပ်ခဲ့ပါဘူး... ထွက်လာတဲ့ သူ့ရဲ့ Attitude ကို ကျွန်မ နည်းနည်းလေးမှ သဘောမကျပါဘူး... ပီကေလိုလို သကြားလုံးလိုလို စားပြီး မထီမဲ့မြင်နဲ့ နားကျပ်ကိုလဲ တပ်ထားသေးတယ်... (ဘာလဲ fan girl တွေအော်တာ နားညည်းတယ် မကြားချင်ဘူးဆိုတဲ့ အဓိပ္ပါယ်လား) နေကာမျက်မှန်ကတော့ ထားပါတော့ ကိုရီးယားမင်းသားတိုင်းတပ်တယ်... လူတွေကို လက်ပြချင်သလို မပြချင်သလိုနဲ့ လမ်းလျှောက်တာကလဲ မြန်သလားမမေးနဲ့.... ဗွီဒီယိုတောင် မနည်းအမှီလိုက်ရိုက်ရတယ်... အစတုန်းက သူ့ကို ချောတယ်ဆိုတာ လက်ခံပင်မဲ့ ကြိုက်တယ်လဲမဟုတ်ဘူး မကြိုက်ဘူးလဲမဟုတ်ဘူး... ဒီနေ့တောင် 2am အတွက်လဲ လေဆိပ်သွားမှာပဲလေဆိုပြီး ကြုံလို့ဝင်ကြည့်တာ... ခုတော့ သူ့ attitude ကို ကြည့်ပြီး သူ့ကို လုံးဝ သဘောမကျတော့ဘူး... မင်းသားဆိုတာ အဓိကက သရုပ်ဆောင်ကောင်းဖို့... အရင်က SS501 အဆိုတော်အဖွဲ့ခေါင်းဆောင်ဖြစ်တာရယ်... Boy over flower ထဲမှာ ပါတာရယ်... ရုပ်ရည်လေးချောတာရယ်ကြောင့် နာမည်ကြီးလာတာပါ... သူ သရုပ်ဆောင်တာလဲ ဒီလောက်ကြီးလဲမဟုတ်သေးဘူး... ဒါပေမဲ့ ပရိတ်သတ်က သူ့ကို ချစ်လို့ ဒီလောက် အပင်ပန်းခံ နာရီတွေ အကြာကြီး မတ်တပ်ရပ်ပြီးလာစောင့်နေတာကို အဲလိုပုံစံမျိုးနဲ့တော့ မတုံ့ပြန်သင့်ဘူးထင်တာပဲ.... (Kim Hyun Joong fan တွေကိုတော့ ကျွန်မတောင်းပန်ပါတယ်... မဗေဒါလဲ ကိုယ့်အမြင်ကို ကိုယ်ရေးတာပါ... ဒီနေ့လူက နည်းနည်းဘုသွားလို့ပါ... ဒါပေမဲ့ နောက်တစ်ခါ အလကားတွေ့ရမယ်ဆိုရင်တောင် အချိန်ကုန်ခံ အပင်ပန်းခံပြီး မသွားတော့မဲ့ မင်းသားစာရင်းထဲ သူ့ကို ထည့်ထားလိုက်ပါပြီ...)သူ့ကို We got married ကြည့်တုန်းကတော့ နည်းနည်း သဘောကျခဲ့ပါသေးတယ်... ပြီးတော့ သူ့ Character က လူစိမ်းတွေနဲ့ သိပ်မနေတတ်တာ ဘာညာကိုလဲ သိပါတယ်... ဒါပေမဲ့ သူလုပ်နေတဲ့ အလုပ်က မင်းသားလေ... ဒါပေမဲ့လဲ ကိုယ်ကသာ လောဘကြီးပြီး သူ့လဲကြည့်ချင် 2am လဲကြည့်ချင်ခဲ့လို့ ခုလို ကျွန်မကြိုက်တဲ့ 2am ကို လွတ်ခဲ့ရတဲ့အတွက်ကြောင့် သူ့အပစ်လုံးလုံးတော့မဟုတ်ပါဘူး... လောဘကြီးခဲ့တဲ့ ကျွန်မကို ကံတရားက ဒဏ်ခတ်တယ်ပဲ သဘောထားလိုက်ပါ့မယ်...

Security တွေကလဲ ရိုင်းစိုင်းလိုက်တာမပြောနဲ့... ပရိတ်သတ်ကောင်မလေးတွေကို F နဲ့ကို ဆဲနေတာ... သူတို့အလုပ်က မင်းသားတွေကို အန္တရာယ်ကင်းအောင် fan တွေ တားထားတဲ့လိုင်းကို မကျော်အောင်လုပ်ဖို့ပဲ... အဲဒိအလုပ်ကို နိုင်အောင်လုပ်... ဘာမှလူတွေကို ဆဲစရာမလိုဘူး... Fan တွေအလုပ်ကလဲ မင်းသားလာရင် အော်မယ်... ပြေးမယ်.. တိုးမယ်... အဲဒါတွေအတွက် security တွေကလဲ ပြင်ဆင်ထားပါလား... သူတို့ဖြင့် နိုင်အောင်မလုပ်နိုင်ပဲနဲ့... F ကိုင်တုတ်နေတာကတော့ သူတို့ကိုယ်သူတို့ဘာမှတ်နေလဲမသိဘူး... kya suee security တွေ... သိပ်မုန်းတာပဲ... သူတို့ပြောခံရရင် ကိုယ့်ကိုကိုယ် မခံနိုင်မှန်းသိလို့ မင်းသားမမြင်ရလဲနေ အဝေးကပဲကြည့်တယ်...

မဗေဒါကိုယ်တိုင်ရိုက်လာတဲ့ Kim Hyun Joong arrival video



တွေ့ဖူးခဲ့သမျှ မင်းသားတွေအားလုံးထဲမှာ ဂျန်ဂမ်ဆပ်လောက် သဘောကောင်းပြီး ပရိတ်သတ်ကို အလေးထား ဖော်ရွေတာ တစ်ယောက်မှ မရှိဘူး... မင်းသားဆိုတာ public figure... လူတွေဝိုင်းတာ ဒီလိုပဲ ခံရမှာပဲ... မင်းသားလုပ်ပြီဆိုရင် ဒါကတော့ စိတ်ပြင်ဆင်ထားရမှာပဲ... အမှန်တော့ ကျွန်မ ဂျန်ဂမ်ဆပ်ကို သွားကြိုတုန်းက သူ့ကို ဒီလောက် အရမ်းမကြိုက်သေးပါဘူး... နိုင်ငံတကာမင်းသားတွေကို အပြင်မှာ မြင်ဖူးချင်တဲ့ စိတ်ကြောင့် အားလဲအားလို့ ကျွန်မသွားခဲ့တာပါ... ဒါပေမဲ့ သူ့ရဲ့ ဖော်ရွေပြီး ပရိတ်သတ်နဲ့တွေ့ရတာ ၀မ်းသာနေတဲ့ပုံကိုမြင်အပြီးမှာ ကျွန်မစိတ်ထဲက သူ့ကို လှိုက်လှိုက်လှဲလှဲ ခင်မင်သဘောကျသွားတာ... လေးစားသွားတာ... ဂျန်ဂမ်ဆပ်တုန်းကဆိုရင် ဘေးက ရဲတွေက သူ့ကို ဒီလမ်းသွားပါလို့ပြောနေတာတောင် မှန်နောက်ကနေ ရဲကို လက်ပြပြီး ပရိတ်သတ်နားကပ်လာပြီး တတ်တာပြတယ်... ပရိတ်သတ်ကိုလဲ ဗွီဒီယိုနဲ့ရိုက်တယ်...(သူ့ပရိတ်သတ်တွေကို အချိန်ယူပြီး ပြန်ကြည့်ချင်လို့တဲ့)... လမ်းကိုလဲ ဖြည်းဖြည်းချင်းလျှောက်ပြီး ရီပြုံးပြီး တတ်တာပြတယ်... နောက်ရက် IMM မှာ ဆိုင်းထိုးပွဲလုပ်တော့လဲ နေမကောင်းတဲ့အထဲ မိုးရွာနေတဲ့ ကြားက ထီးဆောင်းပြီး သူ့ပရိတ်သတ်တွေတောင် သူ့ကို မိုးရေထဲစောင့်နေတာ သူလာမယ်ဆိုပြီး လာဖြစ်အောင်လာတယ်... ဟန်ဆောင်တာပဲဖြစ်ဖြစ်... တကယ်ပဲဖြစ်ဖြစ်.... ဟန်ဆောင်တယ်ဆိုရင်တောင် ပရိတ်သတ်ကို သူအလေးထားလို့ ပြုံးပြနှုတ်ဆက်တာ... အဲလိုပဲ ဖြစ်နေရမယ်... ကျွန်မရဲ့ ပထမဆုံး မင်းသားကို သွားကြိုတဲ့ အတွေ့အကြုံမှာ အဖော်ရွေဆုံးမင်းသားနဲ့ တွေ့ခဲ့ရလို့လားမသိဘူး... နောက်တွေ့တဲ့မင်းသားတွေ တစ်ယောက်မှ မစွံဘူး... လီမင်ဟိုကို ဆိုးလှပြီမှတ်နေတာ... Kim Hyun Joong က ပိုဆိုးနေသေး...

Jang Keun Suk ရဲကို လက်ကာပြီး ပရိတ်သတ်နားတိုးပြီး လက်ပြတဲ့ဗွီဒီယို...


ဒါက မဗေဒါရိုက်ထားတဲ့ ဗွီဒီယိုကို ပြန်တင်ပေးတာ... အရင်ဟာက မရှိတော့လို့...


2am ဘက်က ဗွီဒီယိုတွေလဲ ခု တင်ထားတာတွေ့တယ်... အောက်မှကြည့်ကြည့်လိုက်... သူတို့လဲ လမ်းလျှောက်တာမြန်တယ်... ဒါပေမဲ့ သူတို့ကမှ Kim Hyun Joong ထက်စာရင် ပိုပြီး ပြုံးပြ နှုတ်ဆက်သေးတယ်... Jo Kwon ပါလာရင်ရော ဘယ်လိုနေမလဲ... Jo Kwon ကို အသံကောင်းတာရယ်... သူ့ရဲ့ရီရတဲ့ character ကြောင့် ကြိုက်တာ... အပြင်မှာတွေ့ရင်လဲ ပရိတ်သတ်ကို ဖော်ရွေမယ်လို့ ကျွန်မမျှော်လင့်ထားလို့ ဒီနေ့ သိချင်ခဲ့တာ... သူပါရင် ဘယ်လိုနေမလဲဆိုတာ ခုထိ တွေးကြည့်မိနေတုန်းပဲ... ဇူလိုင်တုန်းက လာတုန်းက ဗွီဒီယိုထဲမှာတော့ ရှေ့က ကျန်တဲ့ ၃ယောက်က မြန်မြန်လျှောက်သွားပင်မဲ့ Jo kwon ပရိတ်သတ်ကို တတ်တာ ပြသွားတာတော့တွေ့တယ်... ဒါနဲ့ ပြောရအုံးမယ်... ကျွန်မနောက်မှာ ရပ်နေတဲ့ စလုံးမလေးကို မေးကြည့်တယ်... နင်တို့တွေ Mnet show သွားမှာလား.. ဘယ်အချိန်သွားမှာလဲဆိုတော့ သူ့သူငယ်ချင်းတွေက အဲဒိမှာ တန်းတောင်စီနေပြီတဲ့... ကျွန်မနားတောင် ကျွန်မ မယုံလို့ သေချာအောင်ထပ်မေးတယ်... ဒီဇင်ဘာ ၄ရက်နေ့ ည၇နာရီမှ လုပ်မဲ့ ပွဲကိုပြောတာနော် လို့ပြောတော့... သူက ဟုတ်တယ်တဲ့... သူ့သူငယ်ချင်းတွေ အလှည့်ကျ အဲဒိနေရာမှာ ညအိပ်ပြီး တန်းစီနေကြပြီတဲ့.... မလွန်လွန်းဘူးလား... သူ့တို့မှာ သူတို့ ကိုယ်ပိုင်ဘ၀မရှိကြတော့ဘူးလား... ကျွန်မဘယ်လောက်ကြိုက်ကြိုက် တော်ရုံတန်ရုံပဲကောင်းတယ်... အဲလောက်တော့ မရူးဘူး... အစက ကျွန်မက အဲဒိနေ့ နေ့လည် ၁၂နာရီလောက်သွားမလို့... ကဲခုတော့ ဘယ်လိုလုပ်ရမတုန်း... အဲဒိအချိန်သွားလဲ နောက်ဘက်ပဲ ရောက်မဲ့တူတူ ပုံမှန်ပဲသွားတော့မယ်... ဘာပဲပြောပြော မြင်ရမှာပါ... တင်းတယ် တင်းတယ်... စကာင်္ပူကဟာတွေ တစ်ခုခုဆို သိပ် kya sueee (ပိုသဲကဲလွန်းတာ) ဖြစ်ကြတယ်... အေးပေါ့လေ... ခု concert လုပ်မဲ့ထဲမှာ ဟိုတလောကမှ Mnet Asia music award မှာ ဆုတွေ တစ်သီကြီးရသွားတဲ့ ကောင်လေးချောချောလေးတွေ အများကြီးပါတဲ့ 2pm လဲ လာမှာဆိုတော့ သူတို့တွေ ပိုသဲကဲပြီပေါ့... ဒါပေမဲ့ ကျွန်မလို 2am fan အတွက်က နာတယ်လို့ထင်တယ်... နောက်ဆို တစ်ကြိမ်တည်း ပြုံလာမဲ့အစား... သက်သက်ဆီလာကြတာပဲကောင်းမယ်... ဒါမှ မလိုအပ်တဲ့ ပြိုင်ဘက်တွေ မရှိမှာ...

2AM Arrival at Singapore (01/12/2010)

9 comments :

shin said...

Kim Hyun Joong ကို ရုပ်ပဲကြိုက်တာ။ တခြားဟာမကြိုက်ဘူး။

KK said...

ဟုတ်ပါ့။ဒို့လဲ မဗေဒါပို့စ်တွေဖတ်ပြီးမှ ဂျန်ဂမ်ဆပ်ကို ပိုကြိုက်သွားတာ။ ဟီးဟီး။

မယ့်ကိုး said...

Kim Hyun Joong ကားတွေကို ကြည့်ခဲ့ဖူးပါတယ် ... ညီမလေးပြောသလို သူဟာ ဘဝင်မြင့်တဲ့သူ ၊ မထီလေးစားနိုင်တဲ့သူလို့ မမတော့ မထင်မိတာ အမှန်ပါကွယ်။

သူဟာ သရုပ်ဆောင်မကောင်းတာ အမှန်ပါဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဟန်မဆောင်တတ်လို့ပါ။

ညီမလေး we got married ကို ကြည့်ဖူးမှာပေါ့နော်။ အဲဒီအထဲမှာ သူလူကြောက်တာ။ လူစိမ်းတွေကို မဆက်ဆံတတ်တာ၊ လူကြီးတွေကို ကြောက်တာ၊ လူတွေနဲ့ လိုက်လျောညီထွေ မနေတတ်တဲ့ သူ့စရိုက်လေးကို သိခွင့်ရလိုက်တယ်။

မမကတော့ အပေါ်ဆီးက မောက်မာတယ်လို့ မထင်ပါဘူး။ ချစ်သောမျက်စိနဲ့မို့ ပြောတာ မဟုတ်ပါဘူး ညီမလေးရယ်။ မမက we got married က သူတို့အတွဲကို Hwang Bo ကြောင့် အားပေးခဲ့တာပါ။

ဒါပေမယ့် သူ့ရဲ့ ဖြူစင်မှု၊ ကလေးဆန်မှု၊ ဂီတပါရမီရှိမှုတွေရော နောက် ဟန်မဆောင်တတ် ၊ အားမနာတတ်တာတွေကော သိခွင့်ရခဲ့တယ်။

ဒီလို လုပ်တာ အပြစ်မကင်းဘူးဆိုပေမယ့် အဲဒါ သူ့အားနည်းချက်ဆိုပြီး ခွင့်လွှတ်ပေးလိုက်ပါ ညီမလေးရယ်း)

mabaydar said...

ခုတော့ စိတ်နည်းနည်းပြေသွားတာရယ် သူ့ရဲ့ အကျင့်ရယ်ကိုလဲ We got married ကြည့်ကတည်းက သိထားတာရယ်ကြောင့် ခွင့်လွှတ်လို့တော့ရပါတယ်... ဒီနေ့လဲ Tampines Mall ကို ၃နာရီခွဲလာမယ်ဆိုပြီး ၅နာရီမှရောက်လာခဲ့ပါတယ်... ထားပါတော့.. နောက်ကျတာဘာညာက သူ့ကို စီစဉ်ကြီးကျပ်သူတွေရဲ့တာဝန်နဲ့လဲဆိုင်တဲ့အတွက် သူ့အပြစ်ကြီးပဲလဲ မပြောလိုပါ... ဒါပေမဲ့ သူကလဲ သူ့ကိုချစ်တဲ့ ပရိတ်သတ် မိုးရေထဲမှာစောင့်နေတာကိုထောက်ပြီး မြန်မြန်လေးရောက်လာနိုင်အောင် လုပ်မယ်ဆိုရင်တော့ ပိုကောင်းသွားမှာပါ... သူလုပ်ရမယ်လို့ မဆိုလိုပါဘူး... သူ့ ပရိတ်သတ်အပေါ်ထားတဲ့ စိတ်ပြင်းထန်ရင်တော့ သူလုပ်မှာပါ...

မောက်မာတယ်လို့ ညီမ မသုံးနှုန်းခဲ့ပါဘူး.. မထီမဲ့မြင်လုပ်တယ်လို့ ခံစားရတာပါ... ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုင်းကို လုပ်နေတဲ့ အနုပညာသမားတစ်ယောက်က အများကြီး အပြုအမူကို ဆင်ခြင်သင့်တယ်လို့ သူ့ကိုကြည့်ပြီး သင်ခန်းစာရတာပါ... သူ့ကို ခုထိ မမုန်းသေးပါဘူး.. အစ်မပြောသလိုပဲ သူ့ character ကိုလဲ ညီမသိထားလို့ ခွင့်လွှတ်နေနိုင်သေးတာပါ... အစ်မက သူ့ ပရိတ်သတ်မို့ အားတော့နာပါတယ်... မနေ့ကတော့ 2am မကြည့်လိုက်ရတာကို စိတ်တိုသွားပြီးရေးလိုက်မိတာလဲပါပါတယ်...

SZA said...

i think wearing sunglasses at indoor make them look like 'we are celebrities, look at us' :D
i should wear sunglasses next time when i come out from airport too..lol

Anonymous said...

အမ. စာလုံးပေါင်းနဲနဲ မှားနေသလိုပဲနော်. :)
*သူ့အပစ်လုံးလုံးတော့မဟုတ်ပါဘူး...
*တတ်တာပြတယ်

Kim Hyun Joong ကိုကြိုက်ဦးမှာပဲ :P Jan Keun Suk လဲကြိုက်သေးတယ်. hehehehe

with best regards

Anonymous said...

မဗဒါရေ
Kim Hyun Joong စလုံးခရီးစဉ်လေးဆက်တော့ရေးပေးပါနော်
google လိုက်ရင်ရပေမယ့်မဗေဒါရေးတာကိုဖတ်ရတာမှပိုကြိုက်လို့ပါ
ကျေးဇူးနော်

mabaydar said...

တခြားသူတွေအကြောင်း ရေးစရာများနေလို့... သူ့ စလုံးက အစီအစဉ်ဒီနေ့အတွက်ကတော့.... သူ ဒီနေ့ညပဲပြန်လိမ့်မယ်...

3/12

In the morning of 3/12, he will be visiting our IMM outlet before proceeding for fansign event on roof garden. To prevent event from being cancelled, please do not block entrances or push against glass doors for your own safety.

For the Fan Signing Event, there will be a charity auction to auction off 2 life sized KHJ standees. All proceeds of the auction will be donated via World Vision to the One Life Fund that helps local children who inherited AIDS. Successful bidders will be invited on stage to have a photo taken with KHJ. Kindly donate for a good cause. God Bless!

This auction is open to all at the Fan Signing Event. 1st tier and 2nd tier ticket holders.

မယ့်ကိုး said...

မမက မမအမြင်ကို ရေးတာပါ။ ညီမလေးရဲ့ စကားလုံးအသုံးအနှုန်းကို ဝေဖန်တာ မဟုတ်ပါဘူးကွယ်း)

ပြီးတော့ မမက သူ့ပရိသတ်မဟုတ်တော့ဘူးလို့တောင် ပြောလို့ရပါတယ်။
we got married မှာ hwang bo နဲ့ ကြိုက်မလို ဖြစ်ပြီး အခု ဘာမှလည်း မဟုတ် ပြီးသွားကြတော့ ကြားထဲက သူ့ကို စိတ်နာနေတဲ့သူပါ :P

ဒါပေမယ့် သူ့စရိုက်လေးတွေကို အမှတ်ရနေမိတော့ မဆီမဆိုင်ဆင်ခြေပေးမိတာပါ ညီမလေးရယ်း)