Thursday, December 23, 2010

Even Korean Celeb obsess with "Secret Garden"

Korea Drama Secret Garden ဟာ အွန်လိုင်းပေါ်မှာတင် နိုင်ငံတကာမှာ လူကြိုက်များရုံမကပဲ ကိုရီးယား နိုင်ငံတွင်းမှာလဲ လူကြိုက်များတယ်ဆိုတာကို သိရပါတယ်... ဒီဇာတ်ကားရဲ့ ကရက်ရိုက်ခက်မှုဟာ သာမာန်ပရိတ်သတ်တွေတင်မကပဲ ကိုရီးယား အနုပညာလောကသားအချင်းချင်းကိုတောင် ရူးသွပ်စေတယ်ဆိုတာကို Celebrities တွေရဲ့ twitter တွေကနေ သိနိုင်ပါတယ်... အောက်ပါ Twitter massage တွေဟာ နောက်ဆုံးတင်ထားတဲ့ Massage ကနေ အရင်အဟောင်းတွေအထိ အစဉ်လိုက်ရေးထားတာပါ...

အပိုင်း ၁၂ နဲ့ ပတ်သတ်ပြီး ဒီစာရေးဆရာရဲ့ ဇာတ်လမ်းတွေမှာ အရင်ကလဲ သရုပ်ဆောင်ဖူးတဲ့ မင်းသမီး Kim Jung Eun (ခုစာရေးဆရာရဲ့ အရင်ဇာတ်ကား Lovers in Paris နဲ့ Lovers) က ၂၀ရက် ၁၂လ ၂၀၁၀ မနက်မှာ သူမ Twitter ပေါ်မှာ ခုလိုရေးခဲ့ပါတယ်တဲ့...



"ဒီနေ့ .... SG အဆုံးသတ်တာ.... အရမ်း အရမ်း အရမ်း ကောင်းတယ်!!!!! !! .. အစ်မ Kim Eun Sook (စာရေးဆရာမ) နဲ့ ဒါရိုက်တာ Shin Woo Chul ကို ချစ်တယ်.... ㅠ ㅜ"
(အင်္ဂလိပ်လိုဖတ်ရင် ပိုဆီလျော်မှာမို့ အင်္ဂလိပ်လိုကိုလဲ ဖော်ပြပေးလိုက်ပါတယ်...)

"Today...SG's ending...is really the best best best!!!!! I! Love! You! Kim Eun Sook unni! Shin Woo Chul PD-nim!!! ㅠ ㅜ"


နောက်တစ်ယောက်ကတော့ အဲဒိ စာရေးဆရာမရဲ့ ခင်ပွန်းကိုယ်တိုင်က Joo Won ကို ဇာတ်လမ်းထဲမှာ သတ်ပစ်ရင် သူ့မိန်းမကို ကွဲမယ်လို့ရေးခဲ့ပါတယ်... အပိုင်း ၁၂ ပြသ အပြီးမှာ သူက သူ့ဇနီးအတွက် tweet ခဲ့တာကတော့...

"Joo Won သေမှာလား? အဲလိုမျိုး ရေးရဲလား? ... မင်းကို ကွာပြစ်မယ်" တဲ့...

"Will Joo Won die? You'd dare try that? I'll divorce you!" ㅋㅋ

ဟား... ဟား... တနည်းအားဖြင့်တော့ သူ့ဇနီးရေးတဲ့ ၀တ္တုကို သူဘယ်လောက် စိတ်ဝင်စားကြောင်း ပြသလိုက်တယ်လို့ ကျွန်မကတော့ထင်ပါတယ်...

နောက်တစ်ခါ Park Han Byul (Oh! My lady ဇာတ်ကားမှ ဒုတိယမင်းသမီး) ကလဲ SG ကို အလွန်မှ စွဲလန်းနေပါတယ်... သူမှမဟုတ်ဘူး ကိုရီးယားတစ်နိုင်ငံလုံးကလဲ သဘောကျကြပါတယ်.. SG ရောဂါတက်နေတဲ့ အနုပညာကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ သူမကလည်း ၁၈ရက်နေ့က ဟောဒီလို Tweet ခဲ့ပါတယ်...


"ဒီနေ့ SG ပြမဲ့နေ!.. Aigoo! လူတစ်ယောက်ကို လုံးဝစိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့ အမြှုပ်....!~"

"Today is SG's broadcast day! Aigoo! Foam that makes one completely excited!~"

ပြီးတော့ သူမတင်လိုက်တဲ့ ဓာတ်ပုံကတော့ Ra Im ရဲ့ အမြှုပ်နဲ့ နှုတ်ခမ်းပုံမျိုး လိုက်လုပ်ထားတဲ့ သူမပုံပါပဲ...


Via Twitter (chinese translations by Baidu's Secret Garden)
English translation by hellochloe
Burmese translation by Mabaydar


------------------------------ ။ -----------------------------------------
ခုအတောအတွင်း idol girl groups အဆိုတော်မလေးတွေအတွက် အလွန်မှ အလုပ်များနေသော်လည်း... သူတို့ရဲ့ အချိန်တစ်ချို့ကို ခြစ်ကုတ်ပြီး ဒီဇာတ်လမ်းတွဲ စွဲလန်းမှုကို ဖြေသိမ့်နေရပါတယ်...


Rainbow မိန်းကလေးအဆိုတော်အဖွဲ့က သူတို့ စီးရီးအသစ်အတွက် ပြင်ဆင်နေရတဲ့အထဲ (၂၀၁၁နှစ်ဆန်း ကျရင်ထွက်မဲ့ ခွေအသစ်) သူတို့ရဲ့ Secret Garden drama စွဲလန်းမှုဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်... သူတို့က "Secret Garden ရဲ့ အပိုင်းတိုင်းကို ကျွန်မတို့ကြည့်တယ်... ကျွန်မတို့အားလုံး weekend ဆိုရင် တူတူစုပြီးကြည့်ကြတယ်.. ကြည့်နေတဲ့အချိန်မှာ မအော်ကြဖို့ စည်းကမ်းသတ်မှတ်ထားပင်မဲ့ (တချို့အခန်းတွေဆို) သူ့အလိုလို အော်မိကြတယ်... Hyun Bin နဲ့ Ha Ji Won အမြှုတ်နမ်းတဲ့ အခန်းမှာ ကျွန်မတို့တွေအားလုံး လက်တွဲထားကြပြီး အော်မိကြတယ်.. သူတို့ ၂ယောက်လုံးက သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့အပြင် ချောလဲချောကြတယ်.."


SISTAR အဖွဲ့ထဲက Bora ကလဲ သူမဟာ ဒီဇာတ်လမ်းကို စွဲလန်းနေကြောင်း ၀န်ခံခဲ့တယ်... "ပထမတစ်ပိုင်းကို ကြည့်ပြီးကတည်းက ဒီဇာတ်ကားကို ကျွန်မချစ်ခဲ့တာ... ရုပ်မြင်သံကြားမှာပြနေတဲ့အချိန်တွေမှာ ကျွန်မပုံမှန်မကြည့်ဖြစ်ဘူး... ဘာလို့လဲဆိုတော့ ကျွန်မက အဲဒိအချိန်တွေ အလုပ်လုပ်နေရတာများတယ်... ဒါပေမဲ့ ကျွန်မ အွန်လိုင်း ဒါမှမဟုတ် ဒေါင်းလုပ်ဆွဲပြီး ကြည့်ရတယ်... Hyun Bin ကို ကြိုက်တယ်... Ha Ji Won ကိုလဲ အရမ်းကြိုက်တယ်... အဲလို မျိုး သရုပ်ဆောင်ဖို့က ခက်တယ်... ဒါပေမဲ့ သူမ အရမ်းသရုပ်ဆောင်ကောင်းတယ်... သူမ နဲ့ အပြင်မှာတွေ့ချင်တယ်.."


ကြည့်ရတာ ဒီ အချစ်ဟာသ ဇာတ်လမ်းတွဲလေးက သာမာန်ပရိတ်သတ်တွေတင်မကပဲ Celebrities တွေကိုပါ စွဲလန်းအောင် ဆွဲဆောင်နိုင်နေတယ်.... သင်တို့ရော ကြည့်နေကြရဲ့လား...?

Source: Sports Chosun via Nate
Burmese translation by Mabaydar


------------------------------------။---------------------------------------

2010 Melon Music Awards မှာလဲ DJ DOC အဆိုတော်အဖွဲ့က သူတို့ရရှိတဲ့ ဆုကို Secret Garden ထဲက Hyun Bin ရဲ့ လူသိများလှတဲ့ အပြာရောင်ဘော်ကျယ်ထိုး အားကစားအကျီင်္နဲ့ တက်ရောက်ယူခဲ့တယ်....


ဒီအကျီင်္ဒီဇိုင်းဟာ Secret Garden ဇာတ်လမ်းတွဲစတဲ့အချိန်ကစတင် နာမည်ကြီးခဲ့ပြီး... အဲဒိဇာတ်လမ်းတွဲမှာ မင်းသားဟာ သူ့ရုံးသွားတဲ့ အချိန်မဟုတ်တဲ့ သာမာန်အချိန်တွေမှာ ခုရေပန်းစားနေတဲ့ အကျီင်္ကိုဝတ်ဆင်ခဲ့တယ်...


DJ DOC အဖွဲ့ရဲ့ကိုယ်စားလှယ်က "အဖွဲ့ထဲက Lee Ha Neul က ဒီဇာတ်ကားကို ခုတစ်လော ကြည့်တယ်.... သူတို့ရဲ့ Stylist က Hyun Bin ရဲ့ အ၀တ်အစားကိုတွေ့တော့ အားလုံး စိတ်လှုပ်ရှားကြပြီး စင်ပေါ်မှာ ပျော်ပျော်ကြီးဝတ်ကြတော့တာပဲ" ဆိုပြီး ပြောကြားခဲ့ပါတယ်...

DJ DOC ဟာ အဲဒိပွဲမှာ SNSD, 2AM နဲ့ တခြား နာမည်ကြီး idols အဖွဲ့တွေနဲ့ အတူ Top 10 ဆုကို ရရှိခဲ့ပါတယ်...

Source: OSEN via Nate
Burmese translation by MaBayDar

7 comments :

Anonymous said...

^_^
Proud to be a fan of SG.......!!!
I am into SG-addiction, too!!!

Nyquist said...

Bravo!!! So happy to know that my oppa's drama is having that much influence on other celebrities... Fighting Hyun Bin~~~

Anonymous said...

မဗေဒါ
ဒီအပေါစား ကိုရီးယား အကြောင်းတွေနဲ့ပဲ အချိန်ကုန်တော့မှာလား။
တစ်ခြား ဗဟုသုတရမဲ့ဟာလေးတင်ပါဦး။
ကိုရီးယား ရုပ်ရှင်တွေပဲတွေ့လို့လှည့်ပြန်ရပေါင်းလဲများနေပြီ။


သက်ဦး

Anonymous said...

refering to the last comment:

excuse me, she can write whatever she wish to. don't you know what blog means? this is not encyclopaedia nor wiki. YOU HAVE NO RIGHT to tell her this way. you just wasted your time by a few minutes writing that kind of comment. YOU SHOULD BE ASHAMED OF YOURSELF.

Anonymous said...

Refering to the last comment:

Excuse me,do you know what have you just commented? Do you really know WHAT BLOG MEANS? She can write whatever she wish here. This is not an encyclopaedia nor wiki. if you want something knowledgeable, go ahead and google it or go to bookstore and grab a book to read on instead of wasting your time commenting such a comment. you should be ashamed of yourself. YOU HAVE NO RIGHT TO SAY WHETHER SHE IS WASTING HER TIME OR NOT. SHE CAN DO WHATEVER SHE WANTS. THAT'S NONE OF YOUR BUSINESS.

Alex said...

?????????????????
got a big query when i saw the 3rd comment ! :D

wat's wrong wit writing the things of own taste ?

the reason of writing blogs is writing and sharing the things the owner want ..
ur words are kinda gross ...

မောင်မျိုး said...

မဗေဒါရေ ထိုင်းသတင်းမှာ ဒါလေးကြည့်လိုက်ရလို့ အစ်မရှာဖတ်ပြီး ဘာသာပြန်ပေးပါအုံး http://entertain.teenee.com/kpop/65332.html ဒီက မင်းသားက ဆုံးသွားတာလား ???