Thursday, December 16, 2010

2PM fan sign at IMM (3rd dec 2010)

ဒီဇင်ဘာ ၃ရက်နေ့ကပိုစ့်တင်ပြီးတော့ မဗေဒါ ၂ ပတ်လောက် ဘလော့ပေါ်က ပျောက်သွားတာ သတိထားမိတဲ့သူလဲ ရှိမှာပါ... မဗေဒါ အဲဒိရက်ပိုင်းမှာ အလုပ်တွေ အရမ်းရှုပ်ပြီး အရမ်းလဲ ပင်ပန်းသွားတယ်... ဒီဇင်ဘာ ၁ရက်နေ့ညက Kim Hyung Joon ရယ်.. 2AM ရယ်လာကတည်းက စပြီး အလုပ်တွေများသွားတာ... (ဟဲ.. ဟဲ.. အလုပ်ကြီး အကိုင်ကြီးလိုက်လုပ်နေတာ... သတင်းထောက်လုပ်စားရင်ကောင်းမလား စဉ်းစားနေတယ်..) ဒီဇင်ဘာ ၂ရက်နေ့ကျတော့လဲ လမ်းကြုံတာနဲ့ အမေ့ကိုပါ ဆွဲသွားပြီး Tampines Mall မှာ Kim Hyun Joon ကို သွားကြည့်လိုက်သေးတယ်... (လေဆိပ်မှာတုန်းက သူ့ကိုနည်းနည်းတင်းထားပြီး နောက်ဆို သွားမကြည့်ဘူးလို့ပြောခဲ့ပေမဲ့လဲ... မမယ်ကိုးပြောသလို သူ့ရဲ့ လူကြောက်တတ်တဲ့ အကျင့်ကို သိထားတော့ နားလည်ပေးပြီး နောက်ထပ် အခွင့်ရေးပေးလိုက်တာ.. ဟဲ.. ဟဲ.. ဆင်ခြေပေးတာ.. ကြည့်ချင်လို့သွားတာ အမှန်တော့..) မဗေဒါက လမ်းကြုံလို့ အဲဒိ အချိန် အနီးနားရောက်နေတာနဲ့ ၀င်ကြည့်ဖြစ်တာလဲပါတယ်.. စောတော့မသွားပါဘူး.. ဒီတော့ လူတွေအများကြီးက ရောက်နေပြီ... မဗေဒါရောက်သွားချိန်က ညနေ၂နာရီခွဲလောက်ဖြစ်မယ်... သူက ၃နာရီ Tampines Mall က The face shop ကို လာမယ်လို့ကြေငြာထားတာလေ... ၃နာရီလောက်ကျတော့ မိုးတွေက သဲကြီးမဲကြီးရွာတာ...တော်သေးတယ် အမိုးရှိလို့... ဒါတောင် နေရာပျောက်မှာစိုးလို့ မိုးရေထဲမှာ ရပ်စောင့်နေတဲ့ အလယ်တန်းကျောင်းသူလေးတွေရှိတယ်... ကိုယ်တော်က ၃နာရီလဲ ပေါ်မလာဘူး... လေဆိပ်ကအတိုင်းပဲ.. စောင့်ရင်း စောင့်ရင်း ၅ နာရီမှပေါ်လာတယ်... လူတွေများလွန်းတာရော ကိုယ်ရောက်တာ နောက်ကျတော့ နေရာမရတာရော သူကလဲ အရပ်ပုတော့ လူအုပ်ကြားမှာပျောက်နေတာရော.. (အစက သူ့ကို အရပ်တော်တော်ရှည်မယ်ထင်တာ... အပြင်မှာ အရပ်သိပ်မရှည်ဘူး... တွေ့ခဲ့ဖူးသမျှမင်းသားတွေ အားလုံးနီးပါး အဝေးကကြည့်ရင်တောင် သူတို့ခေါင်းကို မြင်ရတယ်... သူ့ကိုတော့ မမြင်ရဘူး)... ဒါပေမဲ့ ၂စက္ကန့်လောက်တော့ သူဖြတ်လျှောက်သွားတော့ မှန်အကာကနေတွေ့လိုက်တယ်... suit အဖြူရောင်ဝမ်းဆက် ၀တ်ထားတယ်... ဒီတစ်ခါတော့ ရီရီပြုံးပြုံးပဲ... ရီပြုံးဖို့ Face shop က ငှားထားတာကိုး... ထားပါတော့.. ဒီလိုနဲ့ ၂ရက်နေ့မှာလဲ မဗေဒါတစ်ယောက် မနားဖြစ်လိုက်ဖူး...

ဒီဇင်ဘာ ၃ရက်နေ့ရောက်တော့ 2PM Fan Sign IMM Mall Jurong East မှာလုပ်မယ်ဆိုတော့.. အစကတော့ မသွားတော့မလို့ပဲ.. ဒါပေမဲ့ ultimate Mnet show ပွဲ လက်မှတ်ဝယ်ထားတဲ့သူတွေက လက်မှတ်ထိုးခွင့်မရပင်မဲ့ ၀င်ခွင့်ရှိတယ်ဆိုတော့ ကိုယ်လဲ ၀ယ်ထားတဲ့ လက်မှတ်တန်အောင် သွားစပ်စုချင်ပြန်ရော.. (မှန်တာပြောရရင်... 2PM ထဲမှာ Tecyeon နဲ့ Nickum ကလွဲရင် ကျန်တဲ့သူတွေတောင် မသိဘူး... အဲဒိ ၂ယောက်ကလဲ ၁ယောက်က Cinderella's Sister မှာပါလို့.. နောက်တစ်ယောက်ကတော့ We Got married မှာပါတာ နည်းနည်းကြည့်ဖူးတာရော.. လူပြောများလွန်းတာရောကြောင့်သိတာ... 2PM MV နဲ့ သီချင်းတွေကြည့်ဖူးပင်မဲ့ ၁ကြိမ် ၂ကြိမ်လောက်နဲ့ ရုပ်တွေကို မမှတ်မိသေးဘူးလေ..) ပွဲက ည၇နာရီခွဲမှ စမယ်ဆိုတော့ ညနေ ၅နာရီလောက် ဟိုအရောက်သွားမယ်ကြံနေတာ... အွန်လိုင်းပေါ်မှာ မနက်ကတည်းက တန်းစီနေကြပြီကြားတော့ ကိုယ်လဲ နောက်ကျလို့မဖြစ်ဘူး.. မဗေဒါဘလော့ကိုဖတ်တဲ့ 2PM ပရိတ်သတ်တွေအတွက် သူတို့ကို ဗွီဒီယိုရိုက်ပေးချင်တယ်... ဒါနဲ့ပဲ ညနေ ၃နာရီလောက်မှာ ဟိုရောက်သွားတယ်... နေပူလိုက် မိုးရွာလိုက်နဲ့ ကားလမ်းဘေးမှာ ရပ်စောင့်ရတယ်...(တော်သေးတယ် ထီးပါသွားလို့)... အဲဒိမှာစောင့်ရင်းနဲ့ သူငယ်ချင်း အသစ်တွေ ထပ်ရတယ်... ကောင်မလေးတစ်ယောက်ဆိုရင် အင်ဒိုနီးရှားကနေတောင် ဒီပွဲကြည့်ဖို့ လာတာ... ကိုယ့်ထက် ပိုးကြီးတယ်... ဘရုနိုင်းကနေ မိဘတွေကို အသိမပေးပဲ လာကြည့်တဲ့ကောင်မလေးနဲ့လဲတွေ့ခဲ့တယ်...

ဒီလိုနဲ့ ၄နာရီခွဲလောက်ကျတော့ IMM garden plaza ကို တက်ခွင့်ပေးတယ်... အဲဒိမှာပဲ MacDonald က မုန့်တွေ သူတို့က ၀ယ်စားကြတယ်.. ကျွန်မကတော့ အိမ်က ထမင်းစားပြီးမှထွက်လာတော့ သိပ်ဗိုက်မစာဘူး... အဲဒိမှာ သူငယ်ချင်း ဖြစ်သွားတဲ့ ကောင်မလေးတွေအားလုံးက 2PM အရုးအမူးတွေ... အထူးသဖြင့် Nickhun ကို အသည်းစွဲကြိုက်ကြတဲ့ သူတွေများတယ်... ကျန်တဲ့ member တွေကိုတောင် ကျွန်မသနားတယ်... အဆိုတော်တွေက ၇နာရီခွဲမှလာတယ်... ကျန်တာတော့ ဗွီဒီယိုထဲမှာကြည့်လိုက်တော့နော်... Tecyeon က တော်တော်လေး သဘောကောင်းတယ်.. အားလုံးနဲ့ယှဉ်ရင် ရွှင်ရွှင်ပြပြလဲရှိတယ်... အဲဒါကြောင့် သူ့ကိုတောင် သဘောကျသွားတယ်... စောင့်လိုက်ရတာ ၄နာရီ တကယ်တမ်းလက်မှတ်ထိုးပွဲက ၁နာရီကြာမယ်ဆိုပြီး နာရီဝက်နဲ့ ပြီးသွားတယ်... ပြီးတော့ ပြန်သွားကြရော... (မပါမဖြစ်တာ ပြောလိုက်အုံးမယ်... ဂျန်ဂမ်ဆပ်တုန်းကဆိုရင် စကားတွေလဲ အကြာကြီးပြောတယ်... သိပ်လဲ မစောင့်လိုက်ရဘူး... သူ့တုန်းကတော့ ၁ယောက်တည်းလာလို့ သူ့ပရိတ်သတ်ပဲရှိတာကိုတော့ နားလည်ပါတယ်... 2PM ကတော့ ၆ယောက်ဆိုတော့ လူအုပ်ပိုများတာပေါ့နော်...) ဒီလိုနဲ့ နောက်နေ့ရှိုးပွဲအတွက် သူငယ်ချင်းတွေရသွားတော့ နောက်နေ့အတွက် အချိန်တွေချိန်းပြီး ပြန်လာလိုက်တယ်... နောက်နေ့တစ်နေ့လုံး တိုက်ပွဲတိုက်သလို ပင်ပန်းတော့မယ်ဆိုတာတော့ အဲဒိအချိန်ထိ ကျွန်မ မသိခဲ့မိဘူး... အဲဒိ ရှိုးပွဲပြီးကတည်းကလဲ မသွားတာ ၁ပတ်နီးပါးရှိနေတဲ့ ကျွန်မအလုပ်ကို ဆက်တိုက်လုပ်နေရလို့ ပိုစ့်မတင်ဖြစ်တာ... ဟိုတစ်လောကမှ secret garden ကို ကြိုက်လွန်းလို့ ဘလော့ ပြန်ရေးဖြစ်တာ... ခု ဒီပိုစ့်တင်ဖြစ်တာကတော့ Korean drama တွေတင်မကဘူး K-pop crazy တွေအတွက် မဗေဒါက မျှဝေလိုက်တာပါ... ပြီးတော့ သူများနိုင်ငံအနုပညာသမားတွေကို ပရိတ်သတ်တွေဘယ်လို ဒုက္ခခံပြီး သူတို့ချစ်တဲ့ အနုပညာသမားကို လာတွေ့ကြတယ်ဆိုတာ သိစေချင်လို့ မျှဝေလိုက်တာပါ... အဲဒိနေ့က တွေ့တဲ့ ကောင်မလေးတွေက ကျွန်မ 2PM ကို သိပ်မသိပဲနဲ့ အပင်ပန်းခံလာလို့ အံ့သြနေကြတယ်... အမှန်တော့ ကျွန်မက ဗွီဒီယိုရိုက်ပြီး ဘလော့ပေါ်ပြန်မျှချင်လို့လာတာ... ဒါပေမဲ့ သူတို့ကိုတော့ ကျွန်မက 2PM ကို အရင်က သိကိုးမသိတာလို့ပြောရင် ၀ိုင်းရိုက်ခံရမှာစိုးလို့... 2PM Fan ယောင်ဟန်ဆောင်နေခဲ့ရတယ်.. ဟိဟိ...

3 comments :

Anonymous said...

သီချင်းတွေတော့ တော်တော်များများ နားထောင်ဖူးပြီးသား။ လူမျက်နှာတွေကို မရင်းနှီးဘူး mtv သိပ်မကြည့်လို့။
ခုမှတစ်ယောက်ချင်း သေချာပြန်ကြည့်ဖြစ်တယ်။
အရင်က ၇ယောက်။ ခုမှ ဂျေးပါ့ခ် ထွက်သွားလို့ ၆ယောက်ပဲကျန်ခဲ့တာ။ Taecyeon က သိပ်မချောဘူး။ ခုလိုဖော်ရွေတော့ လူပိုချစ်တာပေါ့။ ထွက်သွားတဲ့ ခေါင်းဆောင်ကိုပဲကြိုက်တယ်။ ကျန်တဲ့လူတွေလည်းမဆိုးပါဘူး။ ဒါပေမယ့် သူတို့က သိပ်နာမည်မရကြဘူး။

Anonymous said...

ကိုယ့်အစ်မကို သေချာမြင်ဖူးသွားပြီ။း))

ဧပရယ်လ်ပူး@ပူးတေ said...

ရှိုးပွဲနေ့အကြောင်း ရေးပါဦး.. တိုက်ပွဲတိုက်သလို ပင်ပန်းတယ်ဆိုလို့ အရမ်း စိတ်ဝင်စားသွားတယ်...

ဓါတ်ပုံတွေ ဗီဒီယိုတွေထဲမှာ ကြည့်ရတာ မဗေဒါက ချစ်ဖို့လဲကောင်းတယ် ခင်ဖို့လဲ ကောင်းတယ်.. အပြင်မှာလဲ ဒီလိုပဲထင်တယ်...

မဗေဒါရေ ပူးတေတော့ ပြန်လာတဲ့အထိမစောင့်နိုင်တော့လို့ ပြန်ဖို့ ပစ္စည်းတွေ မသိမ်းဆည်းပဲ secret garden ကြည့်တာ episode 2 ပြီးသွားပြီ... ကြိုက်တယ်... မင်းသမီးကို ပိုကြိုက်တယ်... အော်စကာခြေအိတ်ကို မင်းသမီးဝတ်ထားတာကို မင်းသားက J ဝင်ပြီးချွတ်တဲ့ အခန်းလေး သဘောကျမိတယ်....