Friday, July 02, 2010

Park Yong Ha ရဲ့ နောက်ဆုံး ခရီး...

စိတ်မကောင်းစရာတွေ ဝေမျှရတာ မကောင်းပါဘူး... ဒါပေမဲ့ မဝေမျှပဲလဲ မနေနိုင်ဘူး... ဒီနေ့ပဲ Park Yong Ha ကို အသုဘချပါတယ်... သူ့ ဓာတ်ပုံကို ကိုင်ပြီး လမ်းလျှောက်သူကတော့ မင်းသား So Ji Sub ပဲဖြစ်ပါတယ်... သူငိုနေတာ ကြည့်ပြီး သူ့ရဲ့ စိတ်ထဲက ၀မ်းနည်းမှုကို ထပ်တူထပ်မျှ ခံစားမိတယ်... ဒီနေ့တော့ အဲဒိပုံတွေ ကြည့်ပြီး ကျွန်မ ပထမဆုံးအကြိမ် မျက်ရည်ကျဖြစ်တယ်... ကျန်တဲ့ မင်းသမီး မင်းသားတွေလဲ လိုက်ပို့တယ်... သူ့ရဲ့ နောက်ဆုံးခရီးကတော့ စည်ကားပါတယ်... သူ့ ရဲ့ အိုမင်းနေပြီဖြစ်တဲ့ မိဘနှစ်ပါးကိုတော့ အသနားဆုံးပဲ... လူကြီးတွေခမျာ လက်တွန်းလှည်းပေါ်ကနေ ကိုယ့်သားရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ရရှာတယ်... ဒီနေ့ ကျွန်မကျတဲ့မျက်ရည်က သေသွားတဲ့သူအတွက် မဟုတ်ဘူး... ကျန်ခဲ့တဲ့ သူတွေကို သနားလို့ ကျတဲ့မျက်ရည်... သေသွားတဲ့သူကို အပြစ်တွေ တင်နေလဲ အပိုပဲဆိုပင်မဲ့ အဲလို လမ်းမျိုး ရွေးသွားတဲ့ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်မျိုးကိုတော့ တကယ် ရှုံ့ချတယ်... အဲလိုလုပ်ဖို့ စိတ်ကူးရှိနေတဲ့ နောက်လူတွေကိုလဲ သင်ခန်းစာယူစေချင်တယ်... သူ့အဖေ ခွဲခွာမှာကို မခံစားနိုင်တာနဲ့ ခုတော့ အိုကြီးအိုမ မိဘတွေက သူအရင်သွားတာကို လိုက်ပို့ရတယ်... ဒါဖြစ်သင့်သလား... ကျွန်မခုလိုပြောနေတာတွေက သူတို့တွေရဲ့အတွင်းစိတ်ကို ပြည့်ပြည့်၀၀နားမလည်လို့ ပြောနေတာလဲဖြစ်နိုင်တယ်... ဖိုရမ်တွေပေါ်မှာ ရေးကြသလို သူ့အပြုံးနောက်ကွယ်မှာ ဒီလောက် စိတ်ထိခိုက်စရာတွေကို ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရပဲ မျိုသိပ်ထားရတာ သူ့အတွက် ဘယ်လောက်ဆိုးနေမလဲတဲ့... ဒါပေမဲ့ ဒါတွေအားလုံးဟာလဲ သူ့ရွေးချယ်မှုပဲ... လောကကြီးမှာ လူတွေအားလုံးက မကောင်းတဲ့သူတွေမဟုတ်ပါဘူး... တစ်ယောက်ယောက်ကို ယုံကြည်ပြီး ဖွင့်ဟတိုင်ပင်ကြည့်မယ်... နည်းလမ်းတွေ အများကြီးရှိမှာပါ... ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ယုံကြည်မှုမရှိတာလဲ စိတ်ရောဂါတစ်မျိုးဖြစ်မယ်ထင်တယ်...

သတင်းတွေဖတ်ကြည့်ပုံအရတော့ သူဟာ ကိုယ်ပိုင်စီးပွားရေး Yona Entertainment Agency ကို စတင်တည်ထောင်ပြီးနောက်မှာ မအောင်မြင်ခဲ့ဘူး... စီးပွားကျတယ်... လူလိမ်ခံရတယ်... တချို့ပြောတော့လဲ အရင်းနှီးဆုံ လူယုံလိမ်တာ ခံခဲ့ရတယ်... သူ့အဖေက အရင်က အောင်မြင်တဲ့ Producer... သူ့အဖေတင်ပေးခဲ့တဲ့ အဆိုတော်တွေ အများကြီးရှိတယ်... ဒါပေမဲ့ သူ့အလှည့် စီးပွားလုပ်မှ မအောင်မြင်ဖြစ်ရတဲ့အထဲ သူသိပ်အားကိုး လေးစားတဲ့ အဖေရဲ့ ကျန်းမာရေး အခြေအနေကိုလဲ သူ လက်မခံနိုင်ခဲ့ဘူး... အစထဲက စိတ်ဓာတ်ပျော့ညံ့ပြီး ပင်ကိုယ် စိတ်ကျရောဂါရှိတဲ့သူဆိုတော့ အဲဒိမှာတင် သူ တဒင်္ဂလေး မခံနိုင်ဖြစ်ပြီး ဆင်ချင်တုံတရား ကင်းမဲ့သွားတယ်ထင်ပါတယ်... သူ့ကိုယ်ပိုင်စီးပွားရေးကျပင်မဲ့ သူ့ရဲ့ အောင်မြင်မှုက ကျသေးတာမှမဟုတ်တာ... တင်နေတဲ့ အကြွေးကရော သူ ဆက်ပြီး ကြိုးစားလိုက်မယ်... Concert တွေလုပ်လိုက်မယ်ဆိုရင် ပြန်ရှာလို့ရတာပဲ... လူမသေ ငွေမရှားပါ... အော်... လောကမှာ အရာအားလုံးထက် ကြောက်ဖို့ အကောင်းဆုံးက ကိုယ့်စိတ်ပဲ... အဲဒါကြောင့်လဲ ကျွန်မတို့ ဗုဒ္ဓဘုရားက စိတ်အတွက် ကောင်းကောင်း သင်ခန်းစာတွေ ပေးခဲ့တာ...







Park Yong Ha နောက်ဆုံးခရီးကို လိုက်ပို့ကြသော ပရိတ်သတ်များ...

3 comments :

ပန်းနုနှင်းဆီ said...

ဖတ်ရတာရော ပုံတွေကြည့်ရတာရော
စိတ်မကောင်းစရာ
ကိုးရီးယားလူမျိုးတွေမှာ ကိုယ့်ကိုယ်ကို သတ်သေတာ တော်တော် များနေတယ်နော်...
ဘ၀ရဲ့အခက်အခဲကို အလွယ်ဆုံး ရှောင်တိမ်းနည်းလို့များ ယူဆကြသလား မသိပါဘူး...
ဒီလိုယူဆသူတွေ များလာရင်တော့ ဒုက္ခပါဘဲ..

Rita said...

တကယ်ပဲ မခံစားနိုင်ဘူး။
ကိုယ် စာတောင်ရေးမိသေးတယ်။

Rita said...

အေးလေ လူကြီးတွေမှာ ဘယ်လောက် ဒုက္ခများလိုက်မလဲ။ ကြည့်တောင်မကြည့်ရက်ဘူး။
ငါ့နှယ်နော်