Wednesday, July 14, 2010

ဝမ်းနည်း ဝမ်းသာ internet user မဗေဒါ



"ဝမ်းနည်း ဝမ်းသာ" ဆိုလို့ ဝမ်းနှုတ်ဆေး ကြော်ငြာမလို့ မဟုတ်ပါဘူး... ခုတစ်လော မဗေဒါရဲ့ Intellectual Properties တွေနဲ့ ပတ်သတ်ပြီး ဝမ်းနည်း ဝမ်းသာစရာတွေဖြစ်နေရတော့... ဝမ်းနည်းတဲ့ စိတ်နဲ့ ဝမ်းသာတဲ့ စိတ် ၂ခု စကားပြောနေတဲ့ ကြားမှာ မဗေဒါလဲ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့ ဘာမှလဲ မတတ်နိုင်တော့ ဒီလိုပဲ ငုတ်တုတ်ထိုင်နေရပါတယ်...

ပထမဆုံး တစ်ခုကတော့ မဗေဒါရဲ့ Youtube channel ပါ... အားလုံးသိကြမလားတော့ မသိပါဘူး... မဗေဒါကို facebook မှာ အက်ထားတဲ့သူတွေတော့ သိမှာပါ... မဗေဒါရဲ့ Youtube Channel အဘန်းခံလိုက်ရတဲ့ ကိစ္စပါ... ဘလော့မှာ မဗေဒါ တင်ထားတဲ့ ဗွီဒီယိုကို လာကြည့်တဲ့သူတွေလဲ သတိထားမိမှာပါ... ဖွင့်လိုက်ရင် "This video has been removed due to terms of use violation" လို့ ပေါ်မှာပါ... Youtube ရဲ့ ရက်စက်ချက်တွေပါ... ဂျန်ဂမ်ဆပ် fan meeting video တွေကို သူ့ ကုမ္ပဏီဖြစ်တဲ့ TreeJ က copyright claim လို့ Youtube က ဖြတ်လိုက်တာပါ... ဒီဗွီဒီယိုတွေက ကျွန်မကိုယ်တိုင်ရိုက်ထားတာပါ... ဒါပေမဲ့ ကြည့်ရတာ သူတို့ပိုင်တဲ့ သီချင်း... သူတို့ ပိုင်တဲ့ မင်းသားရဲ့ performance မို့လို့ သူတို့မှာ copyright own တယ်ထင်ပါတယ်... ပွဲလက်မှတ်မှာကတည်းက ဗွီဒီယို ကင်မရာ မယူရဘူးလို့ သူတို့က ရေးထားခဲ့ပါတယ်... ဒါပေမဲ့ တကယ့်ပွဲနေ့မှာတော့ အထဲကို ယူဆောင်ခွင့်လဲပြုတဲ့အပြင် ရိုက်ကူးခွင့်ကိုလဲ တချို့အချိန်တွေမှလွဲပြီး မတားမြစ်ခဲ့ပါဘူး... တားလို့လဲ ရမယ်မထင်ပါဘူး.. ကင်မရာတွေ သိမ်းလို့လဲ မဖြစ်နိုင်ပါဘူး... လူပေါင်း ၁၂၀၀ ကျော်က တစ်ယောက်ကို ကင်မရာ ၁လုံးယူလာတယ်ထားအုံး... ကင်မရာ အလုံး ၁၂၀၀ သိမ်းအုံး ဟမ်းဖုန်းတွေနဲ့ ရိုက်လို့ရပါသေးတယ်... ဒီတော့လဲ မသိမ်းတာဖြစ်မှာပါ... ကဲပါ... ဒါတွေထားလိုက်ပါတော့... ခုပြောချင်တာက ဝမ်းနှုတ်ဆေးကြော်ငြာ... အဲလေ... ဝမ်းနည်း ဝမ်းသာအကြောင်း (ကိုယ့်ဘာသာကိုယ်တောင် မှားကုန်ပြီ... ဒွတ်ခ)...

ခုလို မဗေဒါ ပင်ပင်ပန်းပန်းရိုက်လာတာ အချိန်ကုန်ခံတည်းဖြတ်ထားတာကို သူတို့ စကားလေးတစ်ခွန်းနဲ့ ပတ်သတ်တဲ့ ဗွီဒီယိုတွေ အဖြတ်ခံလိုက်ရတာက ဖြေသာပါသေးတယ်... ခုတော့ Youtube ရဲ့ စည်းမျဉ်းအရ ၃ခါ complain ခံရရင် channel အဘမ်းခံရတယ်ဆိုတော့... မဗေဒါ အနှစ်နှစ် အလလ စုဆောင်းထားတဲ့ ဗွီဒီယိုလေးတွေ... subscriber လေးတွေ... friend list လေးတွေ... Favorite list လေးတွေ... Play list လေးတွေ... အကုန်ပါသွားတာပါပဲ... တော်တော်လေးကို နှမြောမိပါတယ်... fan camera shoot မို့လို့ တင်လို့ရလောက်မယ်ထင်ခဲ့တာပါ... copyright ရှိတဲ့ဟာကို တင်သလိုဖြစ်မှာစိုးလို့တောင် မူရင်း DVD ထွက်ရင် ဝယ်ယူအားပေးကြပါလို့ ထည့်ရေးထားခဲ့ပါသေးတယ်... ကိုယ်တင်တာက fan camera version လေး... ကိုယ်တိုင်စျေးကြီးပေးပြီး ဝယ်ခဲ့ရတဲ့ လက်မှတ်... ကိုယ်ကိုတိုင် ပင်ပန်းခံပြီး ရိုက်ခဲ့တဲ့ fan camera... သူတို့ မူရင်းခွေလောက်တောင် ကောင်းမှာမဟုတ်တဲ့ version... မဗေဒါရဲ့စိတ်ထဲမှာ မသွားလိုက်နိုင်တဲ့ ၀ါသနာတူတွေကို ပြန်မျှဝေချင်ယုံသက်သက်ပဲ... ဒီဗွီဒီယိုတွေကို ကြည့်ချင်သေးတယ်လို့ တောင်းဆိုလာတဲ့သူတွေအတွက်တော့ မဗေဒါ Private ဗွီဒီယိုလုပ်ပြီး ပြန်တင်ကြည့်ပါအုံးမယ်... ရမရတော့ မသိပါဘူး... အဲဒိ function ကိုတော့ သေချာမသုံးဖူးလို့ မသိသေးတာပါ... အကြောင်းထူးရင် အသိပေးပါမယ်...


အရင်တစ်ခါက Japan drama "Last Friend" ကို fan made MV လုပ်တုန်းကလဲ Fuji production က ဆိုလား complain သေးတယ်... အဲဒိတုန်းက complain တာက နားလည်နိုင်ပါသေးတယ်... သူတို့ သီချင်း... သူတို့ ဗွီဒီယိုနဲ့ fan made လုပ်တာ... သူများတွေလဲ fan made MV တွေ အများကြီး Youtube ပေါ်မှာ ရှိပင်မဲ့ ကိုယ့် ဗွီဒီယိုက spoiler ပါသလိုဖြစ်နေပါတယ်... ဘာလို့လဲဆိုတော့ မဗေဒါက ဗွီဒီယိုကြည့်တဲ့သူတွေကို အားလုံးပြချင်တယ်လေ... ဒီတော့ မဗေဒါတည်းဖြတ်ထားတဲ့ ၁၀ မိနစ်စာ ဗွီဒီယိုကို ကြည့်လိုက်တာနဲ့ သူတို့ ၁၀ ပိုင်းရိုက်ထားတဲ့ ဇာတ်လမ်းတွဲရဲ့ အကျဉ်းချုပ် စ လယ် ဆုံး အကုန်နားလည်သွားလို့ပါပဲ... ဒီတော့လဲ သူတို့ ထမင်းအိုးကို ရိုက်ခွဲသလိုဖြစ်နေလို့ complain တာကို လက်ခံပါတယ်... ကိုယ့်ဗွီဒီယိုတွေ ဖြတ်ခံလိုက်ရတာက တော်ပါသေးတယ်... ခုတော့ ကိုယ့် Channel ကြီးပါ အဘမ်းခံလိုက်ရလို့ ဝမ်းနည်းမဆုံးဖြစ်ရပါတယ်...

ဒါပေမဲ့ အကောင်းဘက်က ပြန်စဉ်းစားကြည့်မယ်ဆိုရင်လဲ မဗေဒါရဲ့ ဗွီဒီယိုတွေဟာ သူတို့ သတိထားမိလောက်အောင် ကောင်းလို့ သူတို့သိပြီး Complain လုပ်ခြင်းခံရတာပါ... တကယ်လို့ ကြည့်တဲ့သူလဲ နည်းမယ်... ကောင်းလဲ မကောင်းဘူးဆိုရင် သူတို့ကလဲ မျက်လုံးထဲတောင် ထားမှာ မဟုတ်ပါဘူးလို့ မဗေဒါ ကိုယ့်ကိုကိုယ် စိတ်ဖြေရင်း ခုလိုပဲ ယုံကြည်ထားပါတယ်... မပြောနိုင်ဘူး... မဗေဒါ ဗွီဒီယိုတွေကို ဂျန်ဂမ်ဆပ်တို့ Nishikido Ryo တို့တောင် ကြည့်ဖူးချင် ကြည့်ဖူးမှာ... မဗေဒါဗွီဒီယို Description မှာ သူတို့အတွက် massage လေးတွေတောင် ရေးထားသေးတယ်... ဟဲ... ဟဲ... ကိုယ့် channel ကြီး ဘမ်းခံရတာက အတော်ဆိုးဝါးပါတယ်... ဒီတော့လဲ ရှာကြံပြီး ဒီလိုပဲ စိတ်ဖြေနေရတော့တာပါပဲ... ခု မဗေဒါရဲ့ Youtube channel အသစ်ကို သိချင်တဲ့သူများအတွက်ကတော့ www.youtube.com/user/mabaydar007 ပါ... မဗေဒါတင်တဲ့ ဗွီဒီယိုတွေကို တင်တင်ပြီးချင်း အရင်ဆုံးကြည့်ချင်ရင်တော့ subscribe လုပ်နိုင်ပါတယ်...

နောက်တစ်ခု မဗေဒါရဲ့ Intellectual Property နဲ့ ပတ်သတ်တာကတော့လဲ Youtube ပါပဲ... ခုဆိုရင် မဗေဒါဟာ အကောင့်အသစ်မှာ မဗေဒါရဲ့ ဗွီဒီယိုတွေကို ပြန်တင်နေပါတယ်... တတ်နိုင်သမျှ မှတ်မိသလောက် အစဉ်အတိုင်းပြန်တင်ပါတယ်... မဗေဒါရဲ့ ပထမဆုံး Youtube video ကတော့ YUFL တက်တုန်းက သူငယ်ချင်းတွေနဲ့ ဓာတ်ပုံကို တက္ကသိုလ်မြင်ကွင်းတွေနဲ့ photo slideshow သဘောမျိုးကို "သတိရေနမွာပါ" 
သီချင်းနဲ့တင်ခဲ့တာပါ... အဲဒိ ဗွီဒီယိုကို ခု ဒုတိယအကြိမ် ထပ်တင်ပြီးတော့ မဗေဒါရဲ့ အကျင့်အတိုင်း ကိုယ်တင်တဲ့ ဗွီဒီယိုကို keyword နဲ့ youtube Search မှာရှာကြည့်တော့ result က ၂ ခုထွက်လာပါတယ်...



ပထမတစ်ခုကတော့ kyawhtetk ဆိုတဲ့သူ တင်ထားတာပါ... မဗေဒါရဲ့ ဗွီဒီယိုကိုပဲ သူ download လုပ်ပြီး သူ့ channel မှာ ပြန်တင်ထားတယ်ထင်ပါတယ်... အဲဒိလို လုပ်တာကို ကျွန်မကို အသိပေးခြင်း မဗေဒါ channel ကို credit ပေးခြင်းလဲ မရှိပါဘူး... ခုလိုမျိုး အားစိုက်ထုတ်မှု တစ်ခုလုပ်ပြီး download လုပ်ရတာ... ကိုယ့် channel မှာ ပြန်တင်ရတယ်ဆိုကတည်းက သူ ဒီ ကျွန်မ ဗွီဒီယိုကို သဘောကျလို့ဆိုတာ သိသာပါတယ်... ဒီတော့လဲ စိတ်ဆိုးရအခက်ပါ... ဒါပေမဲ့ မဗေဒါရဲ့ မူလ channel က ဘမ်းခံလိုက်ရတော့ သူကပဲ ဒီဗွီဒီယိုကို အရင်တင်ထားသလိုဖြစ်နေပါတယ်... view အရေအတွက်လဲ ပိုများပါတယ်... မသိရင်တော့ မဗေဒါက နောက်မှ တင်တဲ့သူလို ဖြစ်နေပါတယ်... အဲဒိလူတင်ထားတဲ့ မဗေဒါရဲ့ ဗွီဒီယိုအောက်မှာတော့ ကွန်မန့်သွားပေးထားပါတယ်... ဒါပေမဲ့လဲ ပြန်စာတော့မလာပါဘူး... သူငယ်ချင်းတွေကတော့ ပြောပါတယ်... youtube ကို complain လုပ်လိုက်ပေါ့တဲ့... ဒါပေမဲ့ မဗေဒါ မလုပ်ချင်တော့ပါဘူး... သူက ကိုယ့်အလုပ်ကို ကြိုက်လို့ ပြန်မျှဝေချင်တဲ့သူ... ကိုယ် complain လုပ်လို့လဲ ကိုယ့်အတွက် ဘာမှ အကျိုးမရှိပါဘူး... copyright တွေ Credit တွေကို သူနားမလည်ဘူးလို့ပဲ သဘောထားပါတယ်... ဒါပေမဲ့ ပြန်စာလေးတောင် မလာတော့လဲ ပိုင်ရှင်ကို စိတ်ထဲတောင် မထားဘူး... ကိုယ်မှားမှန်းသိတာကို ရဲရဲဝံ့ဝံ့ ဝန်မခံပဲ မသိချင်ယောင်ဆောင်နေတဲ့အတွက်တော့ "ငါ့ ဗွီဒီယိုကို သဘောကျတဲ့လူက ဒီလိုလူစားမျိုးလား" လို့ တွေးမိပါတယ်... အင်တာနက်မှာ လူကို မမြင်ရပင်မဲ့ အပြုအမူကို မူတည်ပြီး ကွန်ပြူတာနောက်ကလူကို ခန့်မှန်းရတာလဲ စိတ်ဝင်စားစရာတစ်ခုပါပဲ...

ဒါပေမဲ့ ခုတစ်လောလဲ အင်တာနက်ပေါ်ကနေ မဗေဒါရင်ဆိုင်ခဲ့ရတဲ့ လူတွေထဲမှာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အပြောနဲ့ အလုပ်မညီ မျက်နှာပြောင်တိုက်နေတဲ့သူတွေလဲ သူ့ ယုံကြည်ချက်နဲ့ သူ ဆက်လက်ရှင်သန်နေတာပဲလေ... ဒီတော့ ဘယ်သူ့ကိုမှ ဘာမှတော့ သိပ်မပြောချင်တော့ဘူး... ကိုယ့်အလုပ်ကို ကြိုက်လို့ သူတို့ ယူသုံးကြတယ် လို့ပဲ သဘောထားတယ်... ဘာပဲဖြစ်ဖြစ်တော့ ကိုယ်က မူရင်းက မူရင်းပဲလေ... ဒီဗွီဒီယိုထဲမှာ မဗေဒါနဲ့ သူငယ်ချင်းတွေရဲ့့ ဓာတ်ပုံတွေက ဘယ်သူပိုင်ရှင်လဲဆိုတာ သက်သေပဲ...  ပြီးတော့ ခု မဗေဒါပြန်ပြီး upload လုပ်ထားတဲ့ ဗွီဒီယိုက original file ဆိုတော့ သူ့ထက် quality ကောင်းတယ်လေ... ဒါကလဲ သက်သေတစ်ခုပေါ့... ဘာရယ်တော့မဟုတ်ပါဘူး... စိတ်ထဲရှိတာကို ခုလို ဘလော့ပေါ်မှာရေးလိုက်ရတော့ ပေါ့သွားတာပေါ့... ခုလိုရေးပြီးရင်တော့ ခုကိစ္စကို စိတ်ထဲက လုံးလုံးထုတ်လိုက်နိုင်သွားပြီပေါ့...

နောက်ဆုံးတစ်ခုကတော့... မဗေဒါ မြန်မာပြည်ပြန်တုန်းက ရိုက်လာတဲ့ ဘုရားပုံတွေကို facebook ပေါ်မှာ တင်ထားတယ်... ကိုယ့် friend list ထဲကလူတွေလဲ ဖူးမျှော်လို့ရအောင်လို့ပါ... ဟိုနေ့က မဗေဒါဆီကို Private Massage တစ်ခုလာတယ်... အဲဒိလူက မဗေဒါ friend list ထဲက မဟုတ်ဘူး... ဒါပေမဲ့ သူက မဗေဒါရဲ့ ဘုရားပုံတွေကို ကူးယူပြီး သူ့ ပရိုဖိုင်မှာ ပြန်ဝေငှထားတဲ့အကြောင်း အသိလာပေးတယ်... မဗေဒါကို ကျေးဇူးတင်စကားလဲပြောပါတယ်... မဗေဒါ အတော် အံ့သြသွားတယ်... မဗေဒါရဲ့ Photo က သူငယ်ချင်း စာရင်းထဲကလူတွေပဲ မြင်ရအောင်လုပ်ထားတယ်... ဒီလူက ဘယ်လိုမြင်ရလဲ... အဲဒါက အရင်ဆုံးခေါင်းထဲရောက်လာတယ်... နောက်တော့ သူက လာ add တော့ လက်ခံပြီး ချက်ဖြစ်တော့... သူက မဗေဒါ friend list ထဲမှာရှိတဲ့ လူတစ်ယောက်ရဲ့ password ကို သိလို့ ဝင်ကြည့်လို့ရတာပါတဲ့... စိတ်ထဲတော့ တမျိုးကြီးဖြစ်သွားတယ်... privacy ဆိုတာ သူတို့ အချင်းချင်းမှာ မထားရလောက်အောင် ရင်းနှီးတာ ထားပါတော့... ခုတော့ သူများ privacy ပါ နည်းနည်းလာထိခိုက်သလိုဖြစ်လာတယ်... သူတို့ကို စိတ်ဆိုးလို့ပြောတာမဟုတ်ပါဘူး... သူတို့ကလဲ မဗေဒါ စိတ်ဆိုးရလောက်အောင် ဘာမှ ကြီးကြီးမားမားမလုပ်ခဲ့ပါဘူး... ဒါပေမဲ့ အဲလိုမျိုး သူများ အကောင့် password နဲ့ အမည်မဖော်ပဲ တခြားသူရဲ့အကောင့်တွေကို လိုက်ကြည့်နေတဲ့သူ ဘယ်နှယောက်ရှိမလဲ... ဒီလူကတော့ ရိုးသားလို့ ဘုရားပုံယူပြီး ယူပြီးတဲ့အကြောင်းကိုလဲ ကိုယ့်ကိုလာပြောတယ်... အဲဒိအတွက်ဝမ်းသာတယ်...

ဒါနဲ့ပဲ ကျွန်မလဲ "အော်... သူဒီလိုခွင့်တောင်းဖို့တောင် သိတတ်သေးတာ... ဓာတ်ပုံ original ကို credit ပေးဖို့လဲ ပြောလို့တော့ ရလောက်မှာပါ"လို့ ထင်မိတယ်... ဒါနဲ့ အစ်ကို ယူထားတဲ့ပုံလေးတွေ အောက်မှာ credit to mabaydar လို့ ရေးပေးပါလားလို့ ခွင့်တောင်းမိတယ်... ဒါပေမဲ့ အဲဒိလူကြည့်ရတာလဲ credit ပေးတာကိုတော့ သိပ်နားလည်သေးပုံမပေါ်ဘူး... ကျွန်မပြောတာကို သူနားမလည်ဘူးဆိုတာ ကျွန်မဘက်က သိတယ်... ဒါနဲ့ ထပ်ရှင်းပြတယ်... ဒါလဲ သဘောမပေါက်ဘူး... နောက်တော့ သူက မေးတယ်... "ပုံတိုင်းမှာ လိုက်ပြီး ရေးပေးရမှာလား" တဲ့... (သူ့အယ်လ်ဘမ်က ကျွန်မရိုက်ခဲ့တဲ့ ဘုရားပုံတွေချည်းပဲဆိုရင်တော့ album description မှာ တစ်ခါရေးရင်ရပါတယ်... ဒါပေမဲ့ တစ်ခြားပုံတွေလဲ ပါနေတော့ တစ်ပုံချင်းစီလိုက်ရေးမှ ရတော့မလိုဖြစ်နေတယ်)... ဒါနဲ့ ကျွန်မလဲ သူနားလည်သွားပြီထင်တော့ ... ဝမ်းသာအားရနဲ့... "ဟုတ်ကဲ့... ကျွန်မဆီက ယူထားတဲ့ပုံတိုင်းကို လိုက်တပ်ပေးပါ" လို့ပြောလိုက်တယ်... ဒါပေမဲ့ သူ့ကြည့်ရတာ ကျွန်မကို စိတ်ဆိုးသွားသလား... ဒါမှမဟုတ် "သူ့ပုံလေး ယူမိတာများ... ဖြစ်နေလိုက်တာ... ကပ်စေးနဲလိုက်တာ" ဘယ်လိုစွဲချက်တွေ တင်မလဲတော့ မသေချာပါဘူး... ဒါပေမဲ့ သူ ကျွန်မကို စိတ်တော့ မြက်သွားသလိုပါပဲ... နောက်နေ့ကြည့်လိုက်တော့ ကျွန်မဆီက ယူထားတဲ့ပုံတွေကို မရှိတော့ပါဘူး... (ကျွန်မကိုပဲ access restrict လုပ်လိုက်လား.. ပုံတွေကိုပဲ delete လုပ်လိုက်လားဆိုတာတော့ မသိပါဘူး)...

ဒါပေမဲ့ ကျွန်မစိတ်ထဲတော့ မကောင်းဖြစ်ရပါတယ်... ကိုယ်ပြောမိတဲ့ စကားတွေကို ပြန်ဆင်ခြင်မိတယ်... "ငါများ သိပ် စိတ်ထားသေးသိမ်သလို ဖြစ်သွားလား... ဒါဟာ ငါမပြောသင့်ဘူးလား..." လို့တွေးမိတယ်... ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားတော့လဲ... "ဒီလိုမျိုး copyright တို့.. credit တို့ မသိတဲ့ internet user တွေကို ကြုံသလို တစ်ဖက်တစ်လမ်းက သိသွားအောင်... credit ပေးတတ်တဲ့ အကျင့်လေးရှိသွားအောင် ပြောပြသင့်တယ်" လို့ထင်တယ်... သူ ကျွန်မဆီကို massage ပို့တုန်းကလဲ ဒီလူကတော့ နားလည်လောက်တယ် ထင်လို့ ကျွန်မပြောလိုက်မိတာ... ဒါပေမဲ့ ခုလို ဖြစ်သွားတော့ စိတ်ထဲ မကောင်းဘူး... ကိုယ့်ဓာတ်ပုံတွေကို သူငယ်ချင်းတွေကို ပြချင်ဇောနဲ့ water mark မလုပ်ပဲ တင်လိုက်မိတာက ကိုယ့်အမှားပဲ... ပုံပေါင်း ရာကျော်ကို water mark လုပ်ဖို့ ပျင်းမိတဲ့ ကိုယ့်ကိုကိုယ်ပဲ သင်ခန်းစာယူလိုက်တယ်... အဲဒိပုံတွေတင်ထဲက မင်းယွန်းသစ်ကတော့ comment မှာ "ဗေဒါရေ...နင်ရိုက်ထားတဲ့ ပုံတွေက လှတယ်ဟ..။ စာတန်းလေး ဘာလေး ထိုးထားအုံး.. တခြားသူတွေ ယူသုံးနေအုံးမယ်။" လို့ပြောသွားတာကို သွားသတိရတယ်...

နောက် မဗေဒါ Home ထဲမှာ ဓာတ်ပုံဆရာတစ်ယောက်တင်ထားတဲ့ status လေးတစ်ခုကို သူငယ်ချင်းထဲက လူတွေ ကွန်မန့်ပေးတာ တွေ့တော့လဲ ဒါမျိုးတွေက မသိတဲ့သူတွေကို သိအောင်တတ်နိုင်သလောက် ပြောပြသင့်ပြီလို့ထင်တယ်လေ... status massage လေးကတော့ ဒီလိုပါ... "FB ပေါ်မှာ ဓာတ်ပုံတွေကို လာကြည့်တယ်. ပြီးတော့ Save လုပ်သွားပြီး တခြားမသင့်တော်တဲ့ site တွေမှာ တင်လိုက်ကြတယ်.. အထူးသဖြင့် ခပ်ဟော့ဟော့ကောင်မလေးတွေပုံတွေပေါ့..photographers တွေကလဲ ပေါလာတော့ ဓာတ်ပုံမျိုးစုံကလဲ ဖောချင်းသောချင်းကိုး ( အံမာ အောက်မှာတော့ရေးပေးထားပါတယ် Credit to original photographers တဲ့ ) ကဲ ကိုယ့်ဓာတ်ပုံတွေ ဂရုစိုက်ကြပါဗျိုး..ခံရတဲ့သူတွေ များလာပြီတဲ့!!

ကဲ... ဒီပိုစ့်လေးကို မတော်တဆပဲဖြစ်ဖြစ် မဗေဒါဘလော့ကို ဘာရေးရေး အားပေးနေကြတဲ့ စာဖတ်သူတွေပဲဖြစ်ဖြစ် ဖတ်ဖြစ်မယ်ဆိုရင်... အနီးအနားက မသိသေးတဲ့ အပေါင်းအသင်းတွေကို ဒါမျိုးလေးတွေက ဒီလိုရှိတယ်လို့ ပြန်ပြောပေးကြရင် အားလုံး မသိလိုက်ပဲ... အဒိန္နဒါနာကံကို မကျူးလွန်မိတော့ဘူးပေါ့...

1st Photo credit to http://www.zazzle.com/riminal_tshirt-235535107148960827
2nd photo credit to http://blawgit.com/2008/09/03/state-turns-blind-eye-to-identity-theft/

11 comments :

ကိုဇော် said...

Credit အကြောင်းကတော့ ပြောလိုက်ရတာ အာတွေပေါက်ပြီး ဟိုဟာတောင်မှ ထွက်တော့မယ် ညီမရေ ( အသက်ပြောပါတယ်။ ) ဒါပေမဲ့လည်း မရပါဘူး။ ကြားထဲက မနေနိုင်တဲ့ သူငယ်ချင်းတွေက ဝင်ဖိုက်ကြကုန်ရော ၊ ဒီတော့ ကိုယ်ကပဲ ကြားက လိုက်တားရပြန်တယ်။ ဒီလိုပါပဲ သူများဟာတွေကို ခိုးယူ သုံးစွဲနေကြတာနဲ့ ကိုယ်တိုင် မဖန်တီးချင်ကြတော့ဘူးလို့ ထင်ပါတယ်။ ဒါကြောင့်လည်း တဖြေးဖြေး ကျလာတာ။
youtube မှာက ကိုယ်ပိုင် ဟာတွေ ဆိုရင် အကောင့်တစ်ခုနဲ့ ထား။ အခုလို Fan meeting တွေဆို အကောင့်တစ်ခုနဲ့ ထား ညီမရဲ့။ ဒါမှ ကိုယ့်အရေးကြီးတာတွေ ကျန်ခဲ့မှာ။
ကိုယ်တိုင်ရိုက်တဲ့ ရှုခင်းပုံတွေမှာတော့ ဘလော့လိပ်စာလေး ရေစာ သဘောနဲ့ ထည့်ထားလိုက်တာ အကောင်းဆုံးပါပဲ။
လူတွေက သူတို့ပဲ ဖန်တီးသလိုနဲ့ လုပ်ချင်တတ်ကြတယ်။ အခုတော့ kyawhtetk ဆိုတာကတော့ အဲဒီဗီဒီယိုလေးကို Remove လုပ်သွားပြီ။ တကယ်တော့လည်း မလိုပါဘူး။ Credit လေးပေးလိုက်ယုံပဲလေ။ ဒါပေမဲ့ ခက်တယ်။

ဧပရယ်လ်ပူး@ပူးတေ said...

မဗေဒါ subscribe တော့ လုပ်ထားတယ်... သေချာတော့ နားမလည်ဘူး။ youtube account လဲ မရှိပဲနဲ့ ဘယ်လိုရသွားလဲတော့မသိဘူး...နောက်မှစမ်းကြည့်ဦးမယ် Youtube ကို.. မဗေဒါရဲ့ Korea fun တွေ ကြည့်ခဲ့ဖူးတယ်...

mabaydar said...

ကိုဇော်ရေ... kyawhtetk က အဲဒိ ဗွီဒီယိုကို remove မလုပ်ပါဘူး... ရှိပါသေးတယ်... မဗေဒါက ယူမသုံးနဲ့လို့ မပြောပါဘူး... ခွင့်တောင်းဖို့ရယ် credit ပေးဖို့ရယ်ပါပဲ... ခိုးတယ်လို့လဲ မစွပ်စွဲချင်ပါဘူး... သူလဲ မသိလို့ မရည်ရွယ်ပဲ လုပ်မိတာဖြစ်ကောင်းဖြစ်မှာပါ... ကိုယ့်အလုပ်ကို ကြိုက်လို့ဝေငှတာ ကျေးဇူးတောင်တင်ပါသေးတယ်... နည်းလမ်းတကျ ဝေငှဖို့သာ ဖြစ်စေချင်တာပါ...

ဖပရယ်ပူး@ပူးတေ ရေ... youtube မှာ subscribe လုပ်ဖို့က youtube account ရှိမှရတာပါ... google အကောင့်လိုပဲ free ပါပဲ... ဘာပဲပြောပြော လုပ်ပေးလို့ ကျေးဇူးနော်...

ShwunMi- said...

google က youtube ကို ဝယ်ပြီးသားမို့ youtube ကို blogspot မှာ လိုပဲ google account name နဲ့ပဲ ဝင်လို့ရပါတယ်။
အကောင့်အသစ်ဖွင့်နေစရာ မလိုတော့ပါဘူး မဗေဒါ။

ဓာတ်ပုံခရက်ဒစ် ကိစ္စကိုတော့ ညီမလည်း သိပ်စိတ်ကုန်တယ်။ facebook က ပုံတစ်ခါ တင်လိုက်မိရင် ကိုယ့်ဘာသာ ပြန်ဖျက်ထားတာတောင် သူ့ဆာဗာထဲမှာ ကျန်နေတုန်းပဲမို့ ကြည့်လို့ရတဲ့သူ ရနိုင်သေးတယ်။
ပြီးတော့ photo privacy setting က ဓာတ်ပုံအယ်ဘမ် အားလုံးကို ကာဗာမလုပ်ဘူး.. အယ်ဘမ်တစ်ခုချင်းစီ လိုက်ပြီး ဆက်တင်ပြောင်းရပါတယ်။

အလုပ်ရှုပ်ပြီး စိတ်ညစ်ဖို့ကောင်းပေမယ့် ဆက်တင်မလုပ်ထားရင်.. ခရက်ဒစ်ပေးပါ မပြောထားရင် လူတွေက အားနည်းချက်ကို နင်းတတ်ကြပါတယ်။ မြန်မာလို ပြောထားမိရင် မြန်မာဖောင့် မမြင်ရဘူး.. အင်္ဂလိပ်လို သိပ်နားမလည်လို့ ဆိုပြီး ပေါ်တင်ကြီး လူပါးဝတာတွေလည်း ရှိပါတယ်။

အင်တာနက်ကို လူတွေအသုံးများလာတဲ့အခါ ရိုးသားတတ်ဖို့ သူ့စည်းကိုယ့်စည်း သိတတ်ဖို့ တကယ်မျှော်လင့်မိပါတယ်။

mabaydar said...

ရွှန်းမီရေ...

Youtube ကို google က ၀ယ်လိုက်လို့ google ကို log in ၀င်ရင် youtube auto log in ဖြစ်နေတတ်ပါတယ်...

ဒါပေမဲ့ youtube မှာ တစ်ခါမှ register မလုပ်ရသေးတဲ့ gmail account နဲ့ log in သွားဝင်ရင် သူက Sign up လုပ်ခိုင်းပါတယ်...

ဒီလိုမေးပါတယ်... ရှိပြီးသား google account ကို youtube မှာ အက်ခိုင်းပါတယ်...
Do you already have a YouTube Account?

Yes. Add YouTube to my Google Account.

Enter your YouTube username and password to add YouTube to your Google Account.

Minn Yoon Thit said...

ဗေဒါရေ ကော်ပီရိုက်နားမလည်တဲ့ ကိစ္စမှာ ငါတို့လူမျိုးတွေ (အထူးသဖြင့် အင်တာနက်သုံးတဲ့လူတွေမှာ) တော်တော် အားနည်းတယ် ငါဒီအကြောင်းကိုလဲ ဆက်စပ်ပြီး ရေးဖူးတယ် ဒီလိုသာမန်အသုံးပြုသူတွေတင် မကပဲ ပြည်တွင်းက အထင်ကရ ဂျာနယ်တိုက်ကြီးတွေကပါ အွန်လိုင်းပေါ်က ပုံတွေ စာတွေကို ခရက်ဒစ်ပေးခြင်းလဲ မရှိပဲ ခပ်ပြောင်ပြောင်ယူသုံးတာတွေ ဒုနဲ့ဒေးပဲ။ ကော်ပီရိုက်ရှိတဲ့ တခြားနိုင်ငံတွေမှာတောင် လက်တစ်လုံးခြား လုပ်နေတာတွေ အများကြီးပဲ ဆိုတော့ ကော်ပီရိုက် မရှိတဲ့ ငါတို့ဆီမှာ ပိုဆိုးတယ်။ ဒါတွေကို ကာကွယ်ရှောင်ကြဉ်ဖို့က ကိုယ်တိုင်လဲ စံပြဖြစ်အောင် လိုက်နာဖို့ လိုသလို အင်တာနက်အသုံးပြုသူတွေ လဲ သိလာအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးသင့်တယ် ထင်တာပဲ။

FFOX said...

About your photo in FB, below is the possibility I can think of.
1. You tag one of his/her friend. then in that person wall, he/she can see "xxx has been tag in xxx album photo.". He/she can continue click on that image and see that particular album.
2. Comment on a photo can also happen like above.
3. May be your "wall" tab is still there when anonymous user browse the FB. In this "Wall" tab, he/she can search for above No.1,2 to get into your photo album.
4. He/she has friend's account password and use it (this is something ugly)

One of my friends use below text in his album.
"Usage of my photos on any media w/o my acknowledgment is restricted."

Good luck in your privacy issue.

mabaydar said...

Yeah... I know these and he already told me that he knew his friend password who is in my friend list to view my photos.
k lah... now he already angry with me and remove my photos. let it be.

Min said...

Myanmar Cupid တို့ တခြားမသင့်တော်တဲ့ site တွေမှာ ...Please do not insult...

mabaydar said...

I think what he meant is Myanmar Cupid and others inappropriate site. He didn't mean Myanmar Cupid is Inappropriate site. Pls be clear of what others write. We do not have any conflict. In case, you feel insulted i just deleted Myanmar cupid name.

Mrs. Bagel said...

Baydar, I also had a similar problem with my blog posts. FIrstly, I felt a bit annoyed when i found my posts on other sites, posting as if they have written the whole article.
Until now, even though i requested to inform me which is totally obvious to see on the blog, they barely do. At last, it was me who gave up. :)