Tuesday, July 06, 2010

Skypark နဲ့ ဆားချက်မယ်...

အီးမေလ်းထဲရောက်လာတဲ့ skypark အကြောင်း ပုံတွေနဲ့ ဆားချက်ပါရစေ... (ချက်ခွင့်ပြုတယ်မှတ်လားဟင်)... (ပြုပြု မပြုပြု ချက်ပြီ)...

Marina Bay Sands နဲ့ skypark ကို ၂၀၀၉ မှာ ဖွင့်ဖို့ နေ့ရက်သတ်မှတ်ခဲ့ပင်မဲ့... လုပ်အား၊ ပစ္စည်းပြက်လပ်မှု နဲ့ ကမ္ဘာ့စီးပွားကျဆင်းမှုပြဿနာ ကြောင့် ခု ၂၀၁၀ ဇွန်လ ၂၅ ရက်နေ့က အများပြည်သူအတွက် ဖွင့်လှစ်နိုင်ခဲ့ပါပြီ...

သူ့ရဲ့ ထင်ရှားတဲ့ အဆောက်အဦးပုံစံကတော့ သဘောင်္ပုံသဏ္ဌာန် Skypark က အောက်အခံ အဆောက်အဦး ၃ခုပေါ်မှာ ဆက်လျက်တည်ရှိနေပါတယ်... ကုန်ကျစရိတ်
£၄ ဘီလီယံဖြစ်ပြီး ကမ္ဘာပေါ်မှာ ဆောက်လုပ်မှု ကုန်ကျစရိတ်အများဆုံး ဟိုတယ်ဖြစ်နေပါတယ်...

အဓိက စိတ်ဝင်စားစရာအကောင်းဆုံးက အဲဒိ ၅၅ထပ် အဆောက်အဦးအပေါ်ဆုံး Skypark မှာရှိနေတဲ့ infinity pool ပါပဲ... အိုလံပစ်ရေကူးကန်ထက် ၃ဆရှည်ပြီး အရှည် ၆၅၀ပေရှိတဲ့ အတွက် ကမ္ဘာပေါ်မှာ အကြီးဆုံး outdoor ရေကူးကန်အဖြစ် သတ်မှတ်ခံလိုက်ရပါပြီ...

၅၅ထပ် ကနေ ရေကူးရင်း စကာင်္ပူရဲ့ မြို့ပြအလှကိုလဲ ခံစားလို့ရပါတယ်တဲ့... ပုံကြည့်ရင်တော့ အသဲယားချင်စရာ အောက်ပါအတိုင်း မြင်တွေ့ရမယ်ဆိုပင်မဲ့ ထင်သလောက်တော့ အန္တရာယ်မများပါဘူးတဲ့... (ပြောတာပါပဲ...)... ရေကန်ထဲက လျှံကျတဲ့ ရေကို ဟိုဘက်မှာ catchment area နေပြန်ခံထားပြီး ရေကန်ထဲကို ပြန်သွင်းပေးတဲ့ system လုပ်ထားပါတယ်တဲ့...

ဟိုတယ် အခန်းပေါင်း ၂၅၆၀ ပါဝင်ပြီး တစ်ညကို £350 မှ စတင်ပြီး တည်းခိုစရိတ်ရှိပါတယ်တဲ့... အဆောက်အဦးအတွင်းမှာ အလှ လှေငယ်လေးတွေစီးနိုင်ပြီး... နာမည်ကျော်အနုပညာသမားတွေရဲ့လက်ယာတွေလဲ ရှိပါတယ်တဲ့... ကက်စီနို... outdoor plaza, convention centre, ပြဇာတ်ရုံ, crystal pavilion, ကြာပွင့်ပုံ ပြတိုက်တို့ထပ်မံပေါင်းစပ်လိုက်တော့ the Marina Bay Sands ဟာ အားလုံးထဲမှာ သရဖူဆောင်းနိုင်နေပါပြီတဲ့...

အဲဒိ သဘောင်္ပုံစံ အဆောက်အဦး ၃ခုကို ဆက်ထားတဲ့ အရှည်က Eiffel tower ကို အလျားလိုက်ချပြီး တိုင်းတဲ့ အရှည်ထပ်တောင် ရှည်ပါတယ်တဲ့... (ဟုတ်မဟုတ်မသိ.. မေလ်းထဲမှာရေးထားတာကို နားလည်တဲ့အတိုင်းရေးတာ... အမှားပါရင် ခွေးလွှတ်နော်)...

ဒီ resort က အလုပ်သမားပေါင်း ၁သိန်းကို ခန့်အပ်မှာဖြစ်ပြီး တစ်နှစ်ကို ခန့်မှန်းခြေ £48 မီလီယံနဲ့ လည်ပတ်မှာဖြစ်ပါတယ်တဲ့... ကပ်စီနိုရဲ့ ၀င်ကြေးတင် ၁ယောက်ကို £50 နီးပါးရှိပြီး လွန်ခဲ့တဲ့ ၂လက (ကပ်စီနိုကို အရင်ဖွင့်ထားတယ်) စစဖွင့်ချင်းနေ့ကနေ ယခုထိ ပျမ်းမျှ လည်ပတ်သူ ၁ရက်လျှင် ၂သောင်း ၅ထောင် ရှိတယ်လို့ ရေးထားပါတယ်...

resort ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Thomas Arasi က အားလုံး ပြည့်ပြည့်၀၀ဖွင့်ပြီးချိန်မှာ ၁ရက်ကို လာလည်သူ ၇သိန်းအထိ ရှိဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်... အောက်က ဓာတ်ပုံလေးတွေ ခံစားကြည့်ကြပါ...

Source from forward mail...





လက်ထပ်စ ဇနီးမောင်နှံစုံတွဲ resort's shopping centre ထဲမှာ canal ride စီးနေတဲ့ပုံပါ...


သွားတော့လဲ သွားချင်ပါတယ်... အများပြည်သူအတွက် အဲဒိ လှေပုံစံထိပ်ဆုံးကို တက်ဖို့လက်မှတ်က S$၂၀ ရှိတယ်လို့ ကြားပါတယ်... ဈေးကကြီးတော့ သွားဖြစ်မယ်တော့မထင်ပါဘူး... ရေပဲ မိုးပေါ်တက်ကူးလဲ ရေကူးတာပဲ... ရိုးရိုး ရေကန်ထဲကူးလဲ ရေကူးတာပါပဲ... ဘယ်လောက်ပဲ စိတ်ချရတယ်ပြောပြော ပုံစံကြီးကြည့်ရတာ ကြောက်စရာကြီးပါ... (အဟဲ... အမှန်တော့ ဈေးကြီးလို့ မသွားချင်လို့ ကိုယ့်ကိုကိုယ် ဖြေပြောနေတာပါ ဒါပေမဲ့ သေချာတာတော့ စိတ်ထဲမှာလဲ သိပ်တော့ မသွားချင်ပါဘူး) ရေကူးတာလဲ ၀ါသနာမပါသလို အမြင့်ကြီးတက်ပြီးနေရမှာလဲ ကြောက်ပါတယ်... ခေတ်နောက်မကျအောင် ၁ခေါက်လောက် ရောက်ဖူးအောင်တော့ သွားလိုက်အုံးမှ ထင်တယ်... ၁ခေါက်ပါပဲ... ဟုတ်ပါတယ်...

ဤတွင် မဗေဒါ၏ ဆားချက်ခြင်း ပြီးဆုံးပါပြီ.... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ... ဒုံ... တုန်.... တုန်...

11 comments :

သူကြီးမင်း (တုံးဖလား) said...

အသဲယားချင်စရာကြီးပါလား။ ဒါပေမဲ့ မိုက်တော့ အမိုက်သားကလား။
ဒါနဲ့ ကုန်ကျစရိတ် ၄ ဘီလီယံက စတာလင်ပေါင်ငွေလား ဒါမှမဟုတ် တစ်ခြားငွေကြေးနဲ့လား။

mabaydar said...

စတာလင်ပေါင်ပါ အစ်ကို... ကျန်ခဲ့လို့... ခု ပြန်ထည့်လိုက်ပြီ...

သူကြီးမင်း (တုံးဖလား) said...

အော်.. စတာလင်ပေါင်လား။ ထင်တော့ ထင်သား။
အောက်မှာတွက်ပြထားတာက စတာလင်ပေါင်တွေနဲ့ဆိုတော့လေ။

စတာလင်ပေါင်နဲ့ တွက်ပုံထောက်တော့ ပိုင်ရှင်က ဗြိတိန်ကများလား ဒါမှ မဟုတ် ရှယ်ရာလားမသိဘူးနော်။ များသောအားဖြင့် အမေရိကန်ငွေကြေးနဲ့ တွက်တတ်ကြလို့။

mabaydar said...

resort's president Thomas Arasi ဆိုတာကြီးကို Google ကြည့်လိုက်လေ... သိရင် သိရမယ်ထင်တယ်...

ဧပရယ်လ်ပူး@ပူးတေ said...

မဗေဒါ အောက်ဆုံးပိုဒ်လေး ၂ ပိုဒ် ရေးထားတာ ရီရတယ်... စာရေးကောင်တယ်...မဗေဒါဘလော့ကို ဖတ်နေတာကြာပြီ။ ဗေဒါ ၂ ဗေဒါ မပေါ်ခင်ကတည်းကမမရဲ့...ကွန်မန့်မပေးဖြစ်တာ..
မဗေဒါ ဘာရေးရေး ဖတ်လို့ကောင်းတယ်...ကိုရီးယားမင်းသားတွေအကြောင်းရော.. အက်ဂါအကြောင်းရော... မဗေဒါ ဘလော့ကို ဖတ်ပြီးမှပဲ ကိုရီးယားကားတွေကို စကြည့်တတ်သွားတာ.. ရန်ကုန်မှာ အချိန်တွေ အရမ်းပိုနေတာတောင် တခါမှ ကိုရီးယားကားတွေ မကြည့်ခဲ့ဘူး...ဒီရောက်မှ ကြည့်လို့ အိမ်က မိသားစုတွေကတောင် ထူးဆန်းနေတယ်...:)


ခင်မင်စွာဖြင့်
ပူးတေ

နေ၀သန် said...

လှတယ်.. ဆောက်လက်စကိုပဲမြင်ဖူးသေးတာ.. ဒီလိုပုံစံဆောက်လိုက်တယ်တဲ့လား......


ခင်မင်တဲ့
နေ၀သန်

Anonymous said...

I heard,even if u pay 20$, cant do swimming. Swimming pool is for those who stays at hotel onli..

min that thant said...

လူတွေ လူတွေ ထွင်တတ်ပါ့

mabaydar said...

yes.. I forget to say that. 20 is just to visit there. We can't swim there. I wrote 2 separate things together. It makes readers confused. Thanks anyway.

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားဖို့ကောင်းတယ်
ရိုးရိုးရေကန်မှာ ကူးတာလဲ ကူးတာပေါ့
ဒါပေမဲ့ ဖီလင်ချင်းတော့ကွာလိမ့်မယ် ထင်ပါတယ်.. ပုံတွေကြည့်ရတာ စိတ်ဝင်စားမိတယ်..

ပေါ့ဆိမ့် said...

ဒီလို မိုးပေါ်နားက ကန်ကြီး မှာ ကူး လိုက်ရရင်တော့။ အဟား .. အူယားစရာကြီး ...