Wednesday, July 28, 2010

Lee Min Ho flight detail to Singapore

မင်းသား လီမင်ဟို စကာင်္ပူကို LG promotion နဲ့ လာဖို့ ရှိတာ အရင်ပိုစ့်မှာ ပြောခဲ့ဖူးတဲ့အတိုင်း လေယာဉ်အချိန်ပေးမယ်လို့ ပြောခဲ့တဲ့အတွက် ခု သိရလို့ ဝေမျှလိုက်ပါတယ်... သတင်းမှန်မမှန်တော့ အာမ မခံနိုင်ပါဘူး... စောစော သွားကြဖို့တော့ လိုပါမယ်... အစကတော့ အလကားလဲ မြင်ရ နီးနီးလဲ တွေ့ရမဲ့ လေယာဉ်ကွင်းကို သွားဖြစ်အောင် သွားမလို့ပါပဲ... ဒါပေမဲ့ weekend ဖြစ်နေတော့ အလုပ်ရှိဖို့က များနေလို့ အလုပ်ဖျက်ပြီးသွားရမှာတော့ သိပ်လဲ အားမရှိတာနဲ့ မသွားဖြစ်ဖို့ များပါတယ်... weekend ဆိုတော့ လူလဲ ပိုများမယ်လို့ ခန့်မှန်းရပါတယ်... ပြီးတော့ လီမင်ဟိုက boy over flower ကားကြောင့် လူသိအတော်များပါတယ်... လူများမှာ ကြိမ်းသေပါတယ်... အပြန်လေယာဉ်ချိန်တော့ အတိအကျမသိပါဘူး... သြဂုတ်လ ၂ရက်နေ့လို့တော့ ပြောသံကြားပါတယ်... တနလာင်္နေ့ပါ...

arrival flight info ကတော့ အောက်ပါအတိုင်းပါပဲ... I hope it helps for Myanmar fans... Gook luck Myanmar Minoz.

Date of Arrival: 30th July (Friday)
Time: 9.25pm
Flight: OZ751 (Terminal 2)

P.S တကယ်လို့များ လီမင်ဟို event အတွက် LG ph ၀ယ်ထားသူများရှိရင် autograph session အတွက် ကံထူးရှင်တွေကို အီးမေးလ်ပို့ အကြောင်းကြားနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်... ဒီ တစ်ရက် ၂ရက်အတွင်းရောက်မှာပါ... ရောက်တဲ့ သူဆီတော့ ရောက်နေပါပြီ... မဗေဒါဘလော့ကို ဖတ်တဲ့ မင်ဟို fan တွေထဲကရော ကံထူးရှင်ပါရင် ကွန်မန့်မှာ ပြောပြသွားအုံးနော်



Photos credit to Minozthailand Club's facebook

3 comments :

ကိုဇော် said...

အဟီး. . .သူဝတ်ထားသလို အင်္ကျီလေး လက်ဆောင်တော့ ရထားတယ် ညီမရေ။
ဒါပေမဲ့ ကိုယ်က သူမှ မဟုတ်တာလေ။ ဗိုက်က ထွက်နေတော့ အင်္ကျီလေးက ဒီအတိုင်းပဲ အိပ်လျှက်. .

နွေးနေခြည် said...

Thanks for sharing, sis.
But I don't think I can go there !_!

Ingyin said...

အရမ်းသဘောကျပါတယ်လီမင်ဟိုကို