Thursday, July 01, 2010

Korean Actor Park Yong Ha found dead at home

ကိုရီးယားရဲ့ အနုပညာကြယ်ပွင့်တစ်ပွင့် နောက်ထပ် ကြွေလွင့်သွားပြန်ပါပြီ... သူကတော့ ကျွန်မသိပ်ကြိုက်ခဲ့ရတဲ့ အဆိုတော် မင်းသားချော Park Yong Ha (၃၂ နှစ်) ပဲဖြစ်ပါတယ်... ဒီသတင်းကို ကြားတော့ ကျွန်မယုံတောင် မယုံနိုင်ဘူး... ဒီနေ့ facebook ပေါ်မှာ ဂျန်ဂမ်ဆပ် အကောင့်ကို ၀င်ကြည့်ရင်း Yong Hwa အသုဘသွားတဲ့ပုံကို တွေ့တော့ ဘယ်သူများ သေတာလဲလို့ caption ကို ဖတ်ကြည့်မိတယ်... Park Yong Ha ဆိုတော့... အော်.. ငါကြိုက်တဲ့ မင်းသားမဟုတ်လောက်ပါဘူးလို့ပဲ စိတ်ထဲမှာ ယုံကြည်နေတယ်... ဒါပေမဲ့ သေချာသွားအောင် ရှာကြည့်လိုက်တော့... ကျွန်မသိပ်ကြိုက်တဲ့ မင်းသားထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ သူပါပဲ... ရင်ထဲမှာ စို့နင့်သွားတာပါပဲ... သူ့ကို "Loving You" ကား မြန်မာပြည်မှာ ပြတဲ့နာမည်ကတော့ "ရေသူမလေး ချစ်ပုံပြင်" ထဲမှာကတည်းက စွဲစွဲလန်းလန်းကြိုက်ခဲ့တာပါ... သူ့နောက်ထွက်တဲ့ကားတွေ "On Air" နဲ့ "A Man's Story" အကြောင်းတွေတောင် ကြိုက်လို့ ဘလော့ပေါ်မှာ ရေးခဲ့ဖူးပါသေးတယ်... ခုလဲ သူ နောက်ထပ်ကားသစ်ဖြစ်တဲ့ "Love song" ဆိုတာကို မင်းသမီးချော Yoon Eun Hye နဲ့ ရိုက်ကူးနေပြီဖြစ်ကြောင်း သိရတော့ ကျွန်မ၀မ်းသာစွာနဲ့ စောင့်စားနေခဲ့တာပါ... ဘာကြောင့် သူဒီလိုလုပ်သွားတာလဲ.... ဘာကြောင့် ဒီလိုလုပ်ရက်တာလဲ နားမလည်နိုင်လောက်အောင်ပါပဲ...

2008 တုန်းက မင်းသား Ahn Jae-hwan ကိုယ့်ကိုကိုယ် သတ်သေပြီး မကြာခင်မှာပဲ မင်းသမီး Choi Jin-shil suicide လုပ်တယ်... ဒီကြားထဲမှာလဲ သိပ်နာမည်မကြီးသေးတဲ့ အနုပညာ သမားတွေ suicide လုပ်ကြတယ်... လွန်ခဲ့တဲ့ ၃လလောက်ကမှ Choi Jin-shil ရဲ့ မောင် မင်းသား Choi Jin-young ကိုယ့်ကိုကိုယ် သက်သေပြန်တယ်... ခုလဲ ကျွန်မသိပ်ကြိုက်တဲ့ မင်းသားချော Park Yong Ha က ၃၀ ဇွန်လ ၂၀၁၀ မနက် ၅နာရီ ၄၀ မှာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ပြောကြတယ်... အရင်က မင်းသမီး မင်းသားတွေကို ကိုယ်က ဒီလောက် မသိခဲ့တော့ သူတို့တွေနဲ့ ကျန်ခဲ့တဲ့ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်ရပင်မဲ့... ခု Park Yong Ha ကတော့ ကျွန်မ အလွန်ကြိုက်ရတဲ့ မင်းသား... သူ့ကား အသစ်ကို မျှော်လင့်တကြီး စောင့်စားနေခဲ့ရတဲ့ မင်းသား... ဒီသတင်းကြားရတာ ကျွန်မနဲ့ သိပ်ရင်းနှီးတဲ့ လူတစ်ယောက် ဆုံးသွားတဲ့အတိုင်းပဲ... ဇာတ်လမ်းတွေထဲမှာ သိပ်ပြီး ယောကျာင်္းပီသတဲ့မင်းသား... ဒီလောက်တောင်ပဲ စိတ်ဓာတ်ပျော့ညံ့ပြီး လောကကြီးကို အရှုံးပေးသွားရသလား... သူ့အတွက် စိတ်မကောင်းတာနဲ့ တူတူ သူ့ကို အပြစ်လဲ တင်မိတယ်... ကျန်ခဲ့တဲ့ သူ့မိဘတွေ ဘယ်လိုခံစားရမလဲ... သတ်သေလိုက်တာနဲ့ အားလုံးပြီးသွားရောလား... တစ်ကိုယ်ကောင်းဆန်ဆန် ကျန်တဲ့သူတွေအတွက် မစဉ်းစားပဲလုပ်ရသလား... အဲလို အပြစ်တင်စကားတွေ စိတ်ထဲက ပြောချင်နေပေမဲ့... အော်... သူသေသွားရှာပြီ ဆိုတဲ့ အတွေးရောက်လာတော့လဲ စိတ်ထဲမှာ အသက်တောင် ရှုလို့မ၀ဘူး... သေသွားတဲ့သူကိုလဲ အပြစ်တွေ ထပ်ထပ် မတင်ချင်တော့ဘူး... ဒီအကြောင်းကို ကျွန်မဘလော့ပေါ်မှာ မရေးချင်ခဲ့ပါဘူး... ဒါပေမဲ့ နောက်ဆိုရင် သူ့ ရုပ်ရှင်တွေအကြောင်းရေးဖို့... သူ့အကြောင်းရေးဖို့ အခွင့်အရေးမရှိတော့လို့ အားလုံးသိရအောင် ရေးလိုက်ပါတယ်...

သူ့ suicide case မှာ suicide note မတွေ့ရသလို... သူ့မိသားစုရဲ့ တောင်းဆိုချက်အရ Autospy မလုပ်ပဲ ဗုဒ္ဓဘာသာနည်းအတိုင်း ဇူလိုင် ၂ရက်နေ့မနက် ၈နာရီမှာ အသုဘချမှာဖြစ်ပါတယ်...

My Favorite Scene from "ON AIR"

သူမသေခင် ရက်ပိုင်းက အကြောင်းလေးတွေကို Dramabean မှာဖတ်ရတာကို မြန်မာပြန်လိုက်ပါတယ်..

-သူမဆုံးခင် ၁ရက်အလို ၂၉ရက်နေ့မှာ သူဟာ သူ့ရုပ်ရှင်ကားအသစ်ဖြစ်တဲ့ Love Song အတွက် ထုတ်လုပ်သူတွေနဲ့တွေ့ဆုံရမဲ့ မီတင်းကို မလာခဲ့ပါဘူး... သူ့မန်နေဂျာလဲ သူ့ကို ဆက်သွယ်လို့မရခဲ့ပါဘူး...

-ပရိုဂျူဆာ တစ်ယောက်ကတော့ "သူ့ကို ခုတလော စိတ်ဓာတ်ကျနေတဲ့ပုံစံမျိုးနဲ့ တွေ့မိတယ် ဒါပေမဲ့ သူ့အဖေရဲ့ ကျန်းမာရေးအခြေအနေ ကြောင့် ဒီလိုဖြစ်နေတယ်လို့ပဲ ထင်ခဲ့တယ်... သူ့အဖေက အဆာအိမ်ကင်ဆာ နောက်ဆုံးအဆင့်ရောက်နေလို့ တလောကမှ ဆေးရုံကနေ အိမ်ကို ပြန်ရွေ့ထားတယ်လို့ သိရတယ်..." လို့ ပြောသွားပါတယ်...

-Park ကို ကြိုးဆွဲချ သေဆုံးတယ်လို့ ယူဆပါတယ်... သူ့ အလောင်းကိုတော့ သူ့အမေက သူ့အခန်းထဲမှာ ဖုန်းကြိုးတွေ လည်ပင်းမှာ ပတ်ပြီးတွေ့ရှိခဲ့ပါတယ်...

-၁၂နာရီ၄၀ အချိန်လောက်က သူ့အဖေခြေထောက်ကို သူ နှိပ်ပေးနေရင်း "I'm Sorry" လို့ သူ အထပ်ထပ်အခါခါ ပြောနေခဲ့ပါတယ်... အဲဒိနောက်မှာ သူ့အခန်းထဲကို သူဝင်သွားပါတယ်... မနက်ကျတော့ အခန်းထဲမှာ သူ့ အလောင်းကို တွေ့ခဲ့တာပါပဲ...

-Love Song ဇာတ်လမ်းတွဲအတွက် ပရိုဂျူဆာတွေကတော့ ဆောက်တည်ရမရပါပဲ... ဘာလို့လဲဆိုတော့ Park ဆုံးသွားခြင်းဟာ သူတို့ ရုပ်ရှင်ကားအတွက် ခေါင်းဆောင်မင်းသား မရှိစေတော့လို့ပါပဲ...

-အရင်က သူ့အင်တာဗျူးတွေမှာ သူဟာ သူ့ CD album အတွက် ပရိုမိုးရှင်းအနေနဲ့ တခြားနိုင်ငံတွေမှာ အကြာကြီးနေရတာကလဲ သူ့ စိတ်ကျရောဂါကို ပိုပြီး ခံစားစေတယ်လို့ ပြောကြားခဲ့ပါတယ်...

-သူ့သူငယ်ချင်းတစ်ယောက်ကတော့ "သူခုလိုလုပ်သွားတဲ့ အကြောင်းပြချက်ကို ကျွန်တော်တို့ ဘယ်လိုမှ သိနိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ ကျွန်တော် သူနဲ့ လွန်ခဲ့တဲ့ လအနည်းက တွေ့တုန်းကတော့ သူ့ပုံက စိတ်ဓာတ်ကျနေတယ်... သူ့အဖေရဲ့ ကျန်မာရေးက သူ့စိတ်ဓာတ်ကို ပိုကျစေတယ်"...

-Park နဲ့ အတူ A Man Story မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Shi-yeon (ယခု ပြနေသော Coffee Houseက မင်းသမီး) လဲ သူ့သတင်းကို ကြားတော့ အရမ်း အံ့သြသွားပြီး အတော်လေး စိတ်မကောင်းဖြစ်သွားတဲ့အတွက် လက်တလော ဇာတ်ကားတွေတောင် ဆက်မရိုက်နိုင်သေးဘူးလို့ သိရပါတယ်...

-Park Shi-yeon ဟာ သူနဲ့ မဆုံးခင် ရှေ့ညကမှ ဖုန်းပြောနေပြီး ဖုန်းထဲမှာ သူ့ရဲ့အသံက ပုံမှန်ပဲလို့ ယူဆခဲ့ပါတယ်...

-သူသေဆုံးတာကို အားလုံးအတွက် ပိုပြီးနားမလည်နိုင်ဖြစ်စေတာကတော့ သူဟာ သူ့သူငယ်ချင်းတွေနဲ့ အဲဒိ ညနေမှာတွေ့ဖို့တောင် အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်...

-သူနဲ့ နောက်ဆုံး ဖုန်းပြောဖြစ်ခဲ့တဲ့ သူကတော့ သူနဲ့ အလွန်ရင်းနှီးပြီး သီချင်းကိစ္စ အဆိုတော်တစ်ယောက်အတွက် ဂျပန် ဈေးကွက်ကို ဘယ်လို ဖောက်သင့်တယ်ဆိုတာကို သူအကြံပေးနေကျဖြစ်တဲ့ DBSK အဖွဲ့ထဲက JaeJoong ပဲ ဖြစ်ပါတယ်... Jae Joong ဟာ လောလောဆယ် U.S မှာပါ Jae Joong ပြောပြချက်အရ "ကျွန်တော် သူနဲ့ မနေ့ညက ဖုန်းပြောဖြစ်တယ်... သူ့အသံက ကြည်ကြည်လင်လင်ပဲ... သူ့ကို ခါတိုင်းလို ပုံမှန်မဟုတ်ဘူးလို့ ကျွန်တော်လုံးဝမခံစားမိဘူး... ကျွန်တော်ပြန်လာရင် အတူတူ သွားသောက်ဖို့တောင် သဘောတူ ပြောဖြစ်သေးတယ်... ခု ကျွန်တော် အရမ်း အံ့သြမိတယ်"...

-Park ရဲ့ နောက်ဆုံး twitter message ကတော့ ၂၆ရက်နေ (စနေနေ့)ကတင်ခဲ့တာဖြစ်ပြီး World Cup အကြောင်းရေးထားတာ ဖြစ်ပါတယ်... "We lost. But they did well. clap clap clap~ Everyone, let’s clap with warm hears for our national soccer team, who return with heavy steps. Good job!!"

-Park ဟာ ခုတလောမှ ဂျပန်က ပြန်လာခဲ့တာဖြစ်ပြီး ၂၅ရက်နေ့က သူ့ twitter message မှာတော့ “How could they know to come to the airport and see me, and at such a late hour? ^^ I didn’t tell anyone but how could they know? keke. Impressive~ Anyway, thank you for coming to see me!! Tomorrow at the concert I’ll have to ask, ‘Who came to the airport yesterday?~~’ keke See you tomorrow ^^”

-ပြီးခဲ့တဲ့ နှစ်က သူ့ရုပ်ရှင် The Scam ပရိုမိုရှင်း အင်တာဗျူးမှာ သူပြောခဲ့တာကတော့ "ကျွန်တော် ညဘက်အိပ်မရတဲ့ ရောဂါ "insomnia" ဖြစ်နေတာ ၁၀ နှစ်ကျော်ပြီ... ညည ကောင်းကောင်း အိပ်ပျော်တဲ့ လူတွေကို ကျွန်တော်အားကျတယ်... အိပ်ရေး၀၀ အိပ်တာဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေတယ်လို့ ကျွန်တော်ထင်တယ်" လို့ ပြောခဲ့ပါတယ်...

Don't pretend to smile when inside is having hard time

မိမိကိုယ်ကို လုပ်ကြံတယ်ဆိုတာ ကျွန်မတို့ ဗုဒ္ဓဘာသာအရလဲ အလွန်မှ အပြစ်ကြီးပါတယ်... သူခုလိုလုပ်သွားတာ ကျန်ခဲ့တဲ့ သူ့မိဘတွေအတွက် နည်းနည်းမှ မစဉ်စားတော့ဘူးလား... သူ့ ရဲ့ ကျန်းမာရေးမကောင်းတဲ့ ဖခင်ကြီးတောင် မဆုံးပါးခင် ကိုယ့်သားအဖြစ်ကို သိပြီး စိတ်ဆင်းရဲသွားရအောင် ဘာလို့ လုပ်ရတာလဲ... သူ့အဖေဆုံးပြီးမှ ဒီလိုလုပ်ပါလားလို့ပြောရအောင်လဲ သူ့အမေခဗျာ ယောကျာင်္းလဲဆုံး သားလဲဆုံးဖြစ်အုံးမယ်... ကိုယ်ဘယ်လောက်ပဲ ဒုက္ခရောက်နေနေ သေတာထက်ဆိုးတာ ဘာရှိသေးလဲ... ကိုယ်နေချင်စိတ်မရှိဘူးဆိုရင်တောင် ကိုယ့်မိဘ ဆွေမျိုးနဲ့ ကိုယ့်ကို တန်ဖိုးထား ချစ်ခင်တဲ့ သူတွေကို ငှဲ့သင့်တယ်... သူဆိုရင် အဆိုပိုင်းမှာလဲ အောင်မြင်တယ်... သရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်တဲ့ မင်းသားတစ်ယောက် ရုပ်ရည်လဲရှိ... တကယ်ကိုပဲ နှမြောမိပါတယ်...

Park Young Ha ဘာကြောင့် ကိုယ့်ကိုကိုယ်သတ်သေလဲဆိုတာရဲ့ ဖြစ်နိုင်ခြေတွေကိုတော့ allkpop.com က ခုလို မှန်းပြထားပါတယ်....

မင်းသားသေဆုံးပြီး အချိန်အတော်ကြာအထိ သူဘာကြောင့် ခုလိုလုပ်သွားတယ်ဆိုတာကို ဘယ်သူမှ စဉ်းစားမရဖြစ်ရပါတယ်... ဘာတွေက သူ့ကို ဒီလိုလုပ်အောင် တွန်းပို့လိုက်တာလဲ ?

သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေကလဲ သူဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ ဘယ်သူမှ မသိပါဘူး... ဘာလို့လဲဆိုတော့ သူဟာ ဒီရက်ပိုင်းအတွင်း ပုံမှန်ပဲ ပြုမူဆက်ဆံခဲ့တာပါ... ဒါပေမဲ့ သူ့စိတ်ထဲကတော့ အားလုံးထင်နေသလို ဟုတ်ချင်မှ ဟုတ်ခဲ့မှာပါ...

နောက်ထပ်အတွင်းကျကျ လေ့လာပြီးနောက်မှာတော့ Park ဟာ သူ့ဖခင် ရဲ့ ရောဂါအခြေအနေကြောင့် အတော်လေး စိတ်ထိခိုက်နေတယ်လို့ သိရပါတယ်... သူ့အဖေဟာ အဆာအိမ်ကင်ဆာဖြစ်နေပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်... သူ့ သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်အရ "သူ့အဖေရဲ့ အခြေအနေ မရနိုင်လောက်တော့ဘူးဆိုတာ သိရတော့ သူ့အဖေကို ဆေးရုံကနေ အိမ်ကို ပြန်ခေါ်လာပြီး သူကိုယ်တိုင် သူ့အဖေကို ပြုစုစောင့်ရှောက်ခဲ့တယ်... သူ့အဖေအတွက် သူအရမ်းစိုးရိမ်တယ်... သူခုနောက်ပိုင်းတော့ အဖေ့ကိုပဲ ဦးစားပေး စောင့်ရှောက်မယ်လို့တောင် ပြောနေသေးတယ်"

သူ့အတွက် suicide လုပ်ဖို့ နောက်ထပ် အကြောင်းတစ်ခုကတော့ သူ့ စီးပွားရေးကျဆုံးမှု အခြေအနေပါပဲ... သူဟာ On Air ဇာတ်လမ်းတွဲ ပြီးစီးပြီးနောက်ပိုင်းမှာ သူ့အရင် Agent နဲ့ contract ပြည့်သွားတဲ့အတွက် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို သူ့အဖေနာမည် President နေရာထားပြီး တည်ထောင်ခဲ့ပါတယ်... သူတို့အတွက် ကိုယ်ပိုင် business ကို ထူထောင်ရတာ မလွယ်ကူခဲ့ပါဘူး...
(ဘယ်သူ့အပြစ်... ဘယ်သူ့အပြစ်လို့ ကျွန်မမရေးချင်တော့ပါဘူး... သေတဲ့လူလဲ သေပြီးပြီ ကျန်ခဲ့တဲ့သူတွေကို အပြစ်လိုက်ပြောနေလဲ အပိုပဲမို့ မရေးတော့ပါဘူး... ဖတ်ချင်ရင်တော့ အပေါ်က allkpop.com လင့်ခ်ကို နှိပ်ပြီးသွားဖတ်လိုက်ပါ)

Park Yong Ha ဟာ စိတ်ကျရောဂါကြောင့် insomnia ရောဂါကို ၁၄နှစ်ကျော် ခံစားနေရသူဖြစ်တယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြောခဲ့ပါတယ်... သူ့ twitter အကောင့်မှာ အရင်ကရေးခဲ့ဖူးတဲ့ သူဟာ အိပ်ဆေးကို အားကိုးပြီးနေရတာ အတော်ကြာပြီဆိုတုန်းကတောင် သူ့ ပရိတ်သတ်တွေက သူ့ကျန်းမာရေးအတွက် စိုးရိမ်နေခဲ့ပါတယ်... သူဟာ program တစ်ခုမှာလဲ သူစတင် အောင်မြင်ခဲ့တဲ့ Winter Sonata ထဲက Hallyu star ဖြစ်ခဲ့တာကလဲ သူ့အတွက် အရှက်ရမှုကနေ စိတ်ကျရောဂါကို ဆက်ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်... (အောင်မြင်နာမည်ကြီးလာတာ ရှက်စရာလား... ဒီစာကြောင်းကတော့ ကျွန်မဘာသာပြန်များ မှားသလားမသိပါဘူး... မူရင်းက ဒီမှာပါ The actor also shared on a program that his rising fame as a Hallyu star caused him to undergo depression from a sense of shame.)


Are those eyes saying goodbye?? RIP... Park Yong Ha... Your art will always live on even though u gone.


အဖန် ၅၀၅ ကမ္ဘာ ၀ဋ်ကြွေးရှိခဲ့မယ်ဆိုရင် ဒီဘ၀ဟာ သူ့အတွက် နောက်ဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် Park Yong Ha... RIP


ဒါကတော့ A Man's Story ထဲက မင်းသား Park Yong Ha နဲ့ မင်းသမီး Park Shi-yeon ပျော်နေတဲ့ အခန်းလေးတစ်ချို့ပါ...


ဒါကတော့ ON Air ဇာတ်ကားထဲက မင်းသမီး Song Yoon Ah နဲ့ဖြစ်ပါတယ်... အဲဒိကားမှာ သူတို့အတွဲကို အရမ်းသဘောကျခဲ့တာပါ...


ဒါကတော့ ကျွန်မသူ့ကို စကြိုက်ခဲ့ရတဲ့ Loving You (ရေသူမလေး ချစ်ပုံပြင်) ဇာတ်ကားထဲက မင်းသမီး Eugene နဲ့ပါ.. အဲကား ရိုက်အပြီးမှာ သူတို့ ၂ယောက် အပြင်မှာပဲ အတွဲတွေဖြစ်သွားတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်... မကြည့်ရသေးရင် ကြည့်လိုက်ပါ... အဲမင်းသားကို အဲဒိကားမှာ ကြိုက်သွားကြမှာပါ...

5 comments :

ကိုဇော် said...

ဖြစ်မှ ဖြစ်ရလေ. .
စိတ်ကျ ဝေဒနာက အတော် ဆိုးတာ. .
ဒါက ခံစားရဖူးမှ. . .

ဆန်းဝင်း said...

အရာရာ ပြည့်စုံတဲ့ ဘ၀က လူတစ်ယောက်က ဒီလို အဖြစ်မျိုးနဲ့ ဘ၀နိဂုံး ချုပ်ရတယ် ဆိုတာ မယုံနိုင် စရာပါပဲဗျာ..
မြန်မာပြည်က ဒွေးက သူ့ထက် သာသွားတယ် ထင်ပါ့.

ပစ္စည်းဥစ္စာက စိတ်ကို မထိန်းကွပ်နိုင်ပါဘူး
ဇာတ်လမ်းလေးတွေလဲ ကြည့်သွားပါတယ်..
ကျေးဇူးပါ..

မောင်မျိုး said...

စိတ်မကောင်းစရာပဲ ကျနော်လည်း သူ့ကား ရေသူမလေးရဲ့ ချစ်ပြုံပင်ကလွဲပြီး ကျန်တဲ့ ၂ ကားလုံးကြည့်ဖူးတယ် ကြိုက်လည်းကြိုက်တယ် ။ ထူးဆန်းပါ့ အောင်မြင်တဲ့သူတွေရဲ့ ဘ၀မှာလည်း လောကကိုအရှုံးပေးချင်လောက်အောင် နာကျင်စရာတွေရှိနေမယ်ဆိုတာ မစဉ်းစားမိဘူး ဘာလိုပဲဖြစ်ဖြစ် ဒီသတင်းအတွက် တကယ့်ကိုစိတ်မကောင်းဖြစ်မိပါတယ်း(


ကျေးဇူး မဗေဒါ ခုလိုဝေမျှပေးတာ ။

Racheal said...

I am extremely sad .... I really really like him :'(

SZA said...

when i read about his blog post on ur blog, it made me really sad and i cried