Thursday, July 01, 2010

After he's left.... (Park Yong Ha)


ဒါကတော့ 07/06/2010 တုန်းကမှ Park Yong Ha ရဲ့ Volunteer အလုပ်ပါ... ဘယ်နိုင်ငံဖြစ်မလဲတော့ မသိပါဘူး... Haiti ဖြစ်မလားဘာလားတော့ မသိပါဘူး...

ကိုယ်သေသွားတာနဲ့ အရာအားလုံးဖြေရှင်းနိုင်လိုက်ရောလား... တစ်ခါတစ်လေ ကျွန်မ စိတ်ညစ်လို့ သေချင်တယ်ပြောမိရင်တောင် ကျွန်မကို ချစ်တဲ့ ကျန်ခဲ့မဲ့လူတွေအတွက် စဉ်းစားမိပြီး သေလိုက်တာက တစ်ကိုယ်ကောင်းဆန်တဲ့ အလုပ်လို့ တွေးမိတယ်... အမှန်တော့ ခုလို ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ သူတွေလဲ သူတို့ရဲ့ တဒင်္ဂ စိတ်လှုံ့ဆော်မှုလေးကြောင့် လုပ်မိသွားတယ်လို့ထင်တာပဲ... မသေခင်စပ်ကြားမှာလဲ သူတို့ နောင်တရကောင်းရသွားမှာပဲ... ဒါပေမဲ့ အားလုံးလွန်သွားပြီး သူတို့ ပြန်ပြင်လို့မရလိုက်ခင်မှာပဲ သူတို့ အသက်စွန့်သွားရပြီ... ကျွန်မထင်တာကို ပြောတာပါ... တကယ်ဟုတ်မဟုတ် ကျွန်မလဲ suicide မလုပ်ဖူးတော့ မသိပါဘူး... ဒါပေမဲ့လဲ တကယ်သေချင်တယ်ဆိုရင်တောင် ခုလို တန်ဖိုးမရှိ suicide မလုပ်ပဲ တစ်ခုခု တစ်ယောက်ယောက်အတွက်ပဲဖြစ်ဖြစ်... နိုင်ငံအတွက်ပဲဖြစ်ဖြစ် အသက်ပေးပြီး စွမ်းဆောင်သွားလိုက်ပါလား... သေမှာခြင်းအတူတူ နာမည်ကျန်ခဲ့မှာခြင်းကွာတယ်လေ... ကိုယ်သေချင်နေတာပဲ ကိုယ်သေခြင်းဟာ သူများအတွက် အကျိုးရှိအောင် တစ်ခုခုလုပ်သွားပါလား... မကောင်းတဲ့ နိုင်ငံခေါင်းဆောင်ကို အသေခံလုပ်ကြံတာတို့... (ဥပမာပြောတာပါ...) သူတို့ကိုရီးယားဆိုရင် မြောက်ကိုရီးယားနဲ့ တိုက်ဖို့ တစ်ခါတည်း ရှေ့တန်းလိုက်သွားကွာ.. အနည်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ သွားလှူမယ်ကွာ...

ကဲ ဒါတွေထားလိုက်ပါတော့... ခု ပိုစ့်လေးကတော့ သူ့ရဲ့ အလောင်းထားရာ ဆေးရုံကို လာလည်ကြတဲ့ ၀မ်းနည်းပူဆွေးနေတဲ့ သူ့ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင် တွေရဲ့ ပုံလေးတွေကို ဝေမျှလိုက်ပါတယ်.... ဆေးရုံကို ပထမဆုံးရောက်ရှိလာသူကတော့ ကွယ်လွန်သူနဲ့ ရင်းနှီးတဲ့ မင်းသား So Ji Sub ပဲဖြစ်ပါတယ်... သူဟာ ရောက်ကတည်းက ၀မ်းနည်းတကြီးငိုကြွေးနေပြီး ပါးစပ်ကလဲ "ဘယ်လိုဖြစ်ရတာလဲ" ဆိုပြီး စကားတောင် ဆုံးအောင် မပြောနိုင်ပဲ ငိုနေခဲ့ပါတယ်... အောက်မှာ ပါတဲ့ ဓာတ်ပုံတွေကတော့ သူနဲ့ အတူတူ ကားရိုက်ဖူးတဲ့ သရုပ်ဆောင်တွေနဲ့ ကျွန်မသိတဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ချို့ လာတဲ့ပုံပါ... လာတဲ့သူတွေ များလို့ အကုန်မတင်တော့ပါဘူး....

ဂျန်ဂမ်ဆပ်ကတော့ မနေ့ကမှ ဂျပန် fan meeting က ပြန်ရောက်တဲ့အတွက် ခုထိ မလာနိုင်သေးပါဘူး... ဂျန်ဂမ်ဆပ်လဲ အလုပ်များရတဲ့အထဲ လူမှုရေး အသူဘတွေလဲ သွားရတော့ အတော်ပင်ပန်းနေတော့မှာပဲ... ဒါပေမဲ့ ခုလို သေသွားတဲ့သူတွေကို အတုမယူပဲ သင်ခန်းစားယူတတ်ကြရင်ကောင်းမယ်... ကျွန်မကြိုက်တဲ့ မင်းသားထဲက Park Yong Ha က ပထမဆုံး ဒါမျိုးလုပ်သွားတယ်ဆိုတော့ ကျွန်မကြိုက်တဲ့ တခြားမင်းသား... Jung Keun Suk, Lee Min Ki, Lee Jun Ki, Jo In Song, Chun Jung Myung, Yoon Kye Sang စတဲ့ ကျန်တဲ့ မင်းသားတွေ အဲလိုမလုပ်ပါစေနဲ့လို့ ဆုတောင်းမိတယ်... အင်းလေ.. ကျွန်မကြိုက်တဲ့ သရုပ်ဆောင်တွေမှ မဟုတ်ပါဘူး... အားလုံး ဒီလိုမလုပ်ကြပါစေနဲ့...


So Ji Sub


Bay Yong Joon & Choi Ji Won (Winter Sonata co-star)

Park Si Yeon (A Man's Story Co-star)


Eru

Eugene (Co-star and ex-gf of Park Yong Ha, Loving You)

Jung Hyuk (Bright girl success, Chuno)


Kim Bum (Boy over flower, Woman who still want to marry)


Kim Ha Nul (Co-star in "ON AIR")


Kim Ji Hoon (Star falling from the sky)


Kim Min Jeong


Lee Byung Hun (All in, IRIS)


Oh Ji Ho (fantasy Couple, Get Kurl, Oh song Joon)


Park Han Byul (Oh My lady)



SE7EN (K-pop idol and Goong 2 lead actor)

Park Ki Woog (A Man's Story Co-star)



Won Bin (Autumn's tale)

Yoon Eun Hye ( Princess Hour, Coffee Prince, My fair lady, currently co-star with Park in upcoming drama "Love song")


6 comments :

မောင်မျိုး said...

ကျနော် အဲ့ပုံတွေ ကြည့်ချင်လို့ လင့်တစ်ချက်လောက် ပေးပါလား ကျေးဇူး မဗေဒါ .။

Rita said...

သူ့ကို ကောင်းကောင်းသိတယ်။ Winter Sonata ကို ကြည့်ဖူးထားတော့...

fb က သူများ pg မှာ တွေ့တွေ့ချင်း ရေးမိတဲ့ msg ကို နောက်မှ ပြန်ဖျက်လိုက်တယ်။ ရုတ်တရက် သူ့ကို ကိုယ်ချင်းမစာသလို ရေးမိလို့။ နောက်မှ တဖြည်းဖြည်း စိတ်မကောင်းဖြစ်လာတာနဲ့ ဖျက်ပစ်လိုက်တာ။

ကြားဖူးတာတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့သူတွေဟာ ကျန်ရစ်သူတွေကို သူတို့အဖြစ်ကြောင့် နောင်တရပြီး ကျန်ခဲ့စေချင်တာလို့ ဆိုတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုသတင်းတွေ မကြားချင်ဘူး။

mabaydar said...

မောင်မျိုးရေ... ပုံတွေကတော့ ဟို တစ်စ ဒီတစ်စယူထားတာပဲ... www.allkpop.com မှာလဲ ရှိမယ်... နောက် www.soompi.com မှာလဲ ရှိတယ်...

mabaydar said...

မရီတာရေ...

ကျန်ရစ်သူတွေရဲ့ စိတ်ထားကို သူတို့ သေဆုံးမှုက ဆုံးဖြတ်ပေးလို့မရဘူးဆိုတာ သူတို့နားမလည်ဘူးထင်ပါတယ်... သူတို့သေသွားလို့ နောင်တရမယ် မရမယ်ဆိုတာ မသေချာဘူး... ဒါပေမဲ့ သူတို့ကတော့ သေသွားရပြီ... suicide ဆိုတာ အဓိပ္ပါယ်ကို မရှိပါဘူး... ကိုယ်သေချင်ရင်တောင် ကျန်ခဲ့မဲ့သူတွေနေရာက ခံစားပြီး စဉ်းစားပေးသင့်တယ်... ခုတော့ ကြည့်လေ အားလုံးစိတ်မကောင်းဖြစ်ရတယ်...

ကျွန်မလဲ ခုထိ အိပ်ရာက နိုးလာရင်တောင် စိတ်ထဲမှာ အောင့်နေတယ်... ပထမတော့ ကိုယ့်ကိုကိုယ် ဘာလို့မှန်းမသိဘူး... နောက်မှ အော် Park Yong Ha ကြောင့်လို့ သတိဝင်မှာ တော်သွားတယ်... သူတို့က ကိုယ်အမြဲကြည့်နေတော့ ကိုယ့် အမျိုးလို စိတ်ထဲမှာ ရင်းနှီးနေတာကိုး... ဂျပန်က သူ့ concert တွေကို သွားဖူးတဲ့ ကောင်မလေးတွေဆိုလဲ ဘယ်လောက်တောင် ခံစားနေရမလဲ မသိဘူးနော်..

စာတွေဖတ်ကြည့်ပုံအရတော့ သူကိုယ်တိုင်ကိုက အရမ်းခံစားလွယ်တယ်... ဘာမဟုတ်တဲ့ တခြားမင်းသားတွေ ခံနိုင်တဲ့ အရာလေးတောင် သူ့စိတ်ထဲ အလကား စိတ်ဓာတ်ကျနေတတ်သေးတယ်... စိတ်ကျရောဂါက ဆိုးတယ်... လူတွေ အချင်းချင်း ဟန်ဆောင်ကင်းပြီး စိတိရင်းနဲ့ ပေါင်းနိုင်ကြရင်ကောင်းမယ်... ယုံကြည်ရတဲ့ သူငယ်ချင်းက စိတ်ကျရောဂါကို ထိထိရောက်ရောက် ပျောက်စေနိုင်တယ် ထင်တာပဲ...

Rita said...

(ယုံကြည်ရတဲ့ သူငယ်ချင်းက စိတ်ကျရောဂါကို ထိထိရောက်ရောက် ပျောက်စေနိုင်တယ် ထင်တာပဲ)

ဟုတ်တယ်။
အဲဒါကို ကိုယ်လည်း ယုံကြည်တယ်။
သူတို့ အဲလို ဖြစ်ခါနီးမှာ နွေးထွေးမှု တခုခု ယုံကြည်မှီခိုရာ တခုခုကို ရလိုက်ရင် သူတို့ အဲဒီလမ်းကြောင်းကနေ လွဲသွားမယ် လို့ ယူဆမိတယ်။

phyu said...

Loving You ထဲမှာ သူ့ကို တော်တော်ကြိုက်ခဲ့ဖူးတယ်..