
ကြွားစရာတွေထဲက တစ်ခုကို ကြွားလိုက်ပါအုံးမယ်.. ဘာရယ်တော့မဟုတ်ပါဘူး.. ကျွန်မ ပထမဆုံးလုပ်ထားတဲ့ fan made mv ပါ...
ဝါသနာမပါ.. စိတ်မဝင်စားတဲ့သူအတွက်ကတော့ ဘာမှကြွားစရာလဲ မဟုတ်ဘူးလို့ထင်ချင်ထင်မှာပါ..
ထားပါတော့.. ဒီ Music ဗွီဒီယိုလေးကို လုပ်ဖို့.. ပထမဆုံး ကျွန်မ ထည့်ချင်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ Episode တွေကို ပြန်လိုက်ရှာရပါတယ်..
ဆိုလိုတာကတော့ အပိုင်း ၁၁ပိုင်းလုံး အကုန်ပြန်ကြည့်ရပါတယ်.. ပြီးမှ ကိုယ်ကြိုက်တဲ့အခန်းအများဆုံးပါတဲ့ အပိုင်းကို ဒေါင်းလုပ်ဆွဲရပါတယ်...
စုစုပေါင်း ၅ ပိုင်းလောက် ကျွန်မဒေါင်းလုပ် လုပ်ခဲ့ရပါတယ်.. ဒါတောင်တချို့ အခန်းတွေ ထည့်ချင်ရက်နဲ့ ဒေါင်းလုပ် လုပ်ရမှာ မတန်လို့ မထည့်ဖြစ်ခဲ့ဘူး..
နောက်ပြီး ကိုယ်လိုချင်တဲ့ အခန်းလေးတွေရအောင်.. မူလရုပ်ရှင်ထဲက ဖြတ်ထုတ်ရပါတယ်... ဒါလဲတော်တော် ခေါင်းစားပါတယ်.. အချိန်ကုန်ပါတယ်
ပြီးတော့ သီချင်းနဲ့လိုက်ဖက်အောင်.. ဘယ်အခန်းကို ဘယ်မှာထည့်မယ်.. ထည့်ချင်တဲ့ အခန်းကများပြီး သီချင်းက ၆ မိနစ်ပဲရှိလို့ ထပ်တလဲလဲ ကြည့်ပြီး ပြန်စီစစ်ရပါတယ်..
ဒါတောင် သီချင်းကို အဆုံးမှာ ၂ကြော့ပြန်ထားရပါတယ်...
သူများတွေရော ဘယ်လိုလုပ်ကြလဲဆိုပြီး.. Youtube မှာ ကျွန်မလို ဝါသနာအရလုပ်ထားတဲ့ ဗွီဒီယိုတွေကို လိုက်ကြည့်ပါတယ်...
တကယ်လုပ်ကြည့်မှ မလွယ်မှန်းသိပါတယ်... တော်တော်လေး ဆုံးဖြတ်ရခက်တဲ့ အပိုင်းတွေလဲရှိပါတယ်..
Window Movie maker တချို့ effect တွေကို ကောင်းကောင်းမသုံးတတ်သေးတော့... အလုပ်ရောက်ရင် အဲဒိ ဆော့ဝဲလ်နဲ့ ပတ်သတ်ပြီး..
ကိုယ်လိုချင်တဲ့ သင်ကြားမှုတွေကို research လိုက်ရှာပြီးဖတ်ရပါတယ်... ဥပမာ.. နောက်ခံတေးပဲပါပြီး.. မူလ အသံတွေကို ဖျောက်ချင်တာမျိုး..
နောက်ခံတေးကကျယ်ပြီး.. မူလအသံသဲ့သဲ့လဲ ပါချင်တာမျိုးပါ.. ဒါကဒီဗွီဒီယိုလုပ်မှ မဗေဒါသိသွားတဲ့ function ပါ.. မသိခင်တော့ တော်တော်ရှာရပေမဲ့..
သိပြီးသွားတော့လဲ လွယ်လွယ်လေးပါလားဖြစ်ခဲ့ရပါတယ်..
သီချင်းကိုအလည်မှာ ခဏရပ်ပြီး.. စကားပြောခန်းထည့်တာ.. နောက်အဲဒိသီချင်းကို ပြန်ဆက်ရတာ.. ဖြတ်ညှပ်ကပ်လုပ်ရတာ.. ကြည့်ရင်မသိသာပင်မဲ့..
လုပ်ရတဲ့သူအတွက် စိုက်ထုတ်ရတဲ့ အားနဲ့.. ပေးရတဲ့ အချိန်မနည်းပါဘူး..
ဒီရုပ်ရှင်ကိုမှလုပ်ဖြစ်သွားတာကတော့.. အဲဒိထဲက ဇာတ်ဝင်သီချင်းကို မထင်မှတ်ပဲ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီက ရလိုက်လို့ပါ..
နောက်ပြီး.. ဒီ ရုပ်ရှင်မှာပါတဲ့... လူဆိုးမင်းသား Sousuke အဖြစ်သရုပ်ဆောင်သွားတဲ့ Nishikido Ryo ကို ကြိုက်လို့ပါ..
သူ့ကို ကျွန်မ အရင်ကပိုစ့်တင်ဖူးတဲ့... One liter of Tear ရုပ်ရှင်ကားမှာ အလွန်စိတ်ထားကောင်းတဲ့ မင်းသားတစ်ယောက်အနေနဲ့ သဘောကျခဲ့ပါတယ်..
ခုဒီကားကြည့်ပြီးတော့ သူဟာ လူဆိုးလုပ်လုပ် လူကောင်းလုပ်လုပ် သူလုပ်ရတဲ့ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တယ်ဆိုတာ သတိထားမိသွားလို့ပါ..
နောက်တစ်ခုအနေနဲ့ကတော့ အဲဒိကားထဲက သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင် စရိုက်ကို တော်တော်မျာများကမုန်းကြပါတယ်...
ဒါပေမဲ့ မဗေဒါကတော့ သူ့ကို အနည်းနဲ့အများနားလည်ပေးလို့ရပါတယ်.. သနားစရာလဲကောင်းပါတယ်..
သူ့ကို သူ့ဘက်ကနေ ပရိတ်သတ်ကြီးကို နားလည်ပေးစေချင်လို့ ဒီ ဗွီဒီယိုလေးကိုလုပ်လိုက်တာပါ... ရုပ်ရှင်ကားနာမည်က Last Friends ပါ...
သူဟာ Child Welfare Division အစိုးရအလုပ်မှာ အလုပ်လုပ်နေတဲ့ စိတ်ထားကောင်းကောင်းလူတစ်ယောက်ပါ..
သာမာန်အချိန်မှာ စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့... သူ့ချစ်သူ Michiru နဲ့ ပတ်သတ်ရင်တော့ အလွန်တရာမှ အူတိုတတ်တဲ့သူမျိုးပါ..
ဘယ်လောက်တောင်လဲဆိုရင် သူ့ချစ်သူကိုလဲဒေါသအလျှောက် ရိုက်နှက်တတ်သလို.. သူ့ကိုသူလဲ အပြစ်ပေးတတ်ပါတယ်..
ဥပမာ.. သူ့ချစ်သူက ပြန်ရောက်သင့်တဲ့အချိန်မရောက်လို့ နောက်ကျရင် အိမ်ထဲပေးမဝင်ပဲ အိမ်ပြင်မှာ ၃နာရီလောက်နေခိုင်းပြီး.. သူကိုယ်တိုင်လဲ သူ့ကိုယ်သူ ၁နာရီတစ်ခါ
ဆေးလိပ်မီးနဲ့ထိုးပြီး အပြစ်ပေးတတ်ပါတယ်...
သူ့ချစ်သူမှာ ငယ်ငယ်ထဲက ခင်တဲ့ TomBoy သူငယ်ချင်းတစ်ယောက် ရှိပါတယ်.. အဲဒိ TomBoy ကို သူ့ချစ်သူက မိန်းကလေးအချင်းချင်းပဲ ဆိုပြီး ရိုးရိုးခင်ပေမဲ့..
Sousuke တစ်ယောက်ကတော့ သဝန်တိုမြဲပါပဲ.. သူသဝန်တိုမယ်ဆိုလဲ တိုလောက်ပါတယ်.. တကယ်လဲ အဲဒိ TomBoy ကမိန်းကလေးစိတ်လုံးဝမရှိပဲ.. သူ့ချစ်သူ Michiru ကို တိတ်တခိုးချစ်နေတာပါ...
ဒီဘဝမှာ သူသည်မိန်းကလေးဖြစ်နေလို့ Michiru ကသူ့ကိုလုံးဝလက်ခံမှာမဟုတ်ဘူးဆိုတာသိလို့ ဖွင့်မပြောပဲ.. ကျိတ်ခံစားနေရတဲ့သူပေါ့..
သူက အဲ လိုသဝန်တိုတိုင်း သူ့ချစ်သူကို ရိုက်နှက်နှိပ်စက်တော့ ကြာတော့ Michiru လဲ သူ့ဆီကထွက်ပြေးတော့တာပေါ့..
သူ့သူငယ်ချင်း TomBoy ကခေါ်ယူစောင့်ရှောက်ထားပါတယ်..
အဲလိုကျပြန်တော့လဲ သူက အတင်း ပြန်လိုက်ခေါ်ပါတယ်... ပြန်ရောက်လာရင် ပြန်နှိပ်စက်ပါတယ်..
နောက်ဆုံးတော့ သူ့ချစ်သူကို အကြီးအကျယ်စိတ်ထိခိုက်နာကျည်းအောင်လုပ်မိသွားတဲ့ အချိန်မှာတော့..
နောင်တရပြီး.. သူ့ချစ်သူအတွက် အကောင်းဆုံးဖြစ်မဲ့လမ်းကို သူရွေးချယ်သွားပါတော့တယ်..
ဒီလိုနဲ့ပဲ သူက ဒီဇာတ်လမ်းမှာ Psycho ချစ်သူတစ်ယောက်အနေနဲ့ အဓိကနေရာက ပါဝင်ခဲ့ရပါတယ်..
အမှန်တော့ ဒီကားက Friendship, love and relationship, Life, Personality disorder, Attitude to the happy life စတဲ့ အချက်လေးတွေကိုလဲ..ထိထိမိမိ ပညာပေးသဘောမျိုးရိုက်သွားတဲ့အတွက်.. ယူတတ်ရင်ရပါတယ်...
ကျွန်မအနေနဲ့ကတော့ သူ့ချစ်သူကို ကိစ္စသေးသေးလေးတွေက အစလိုက်သဝန်တိုပြီး ရိုက်တာ နှက်တာမကောင်းဘူးဆိုပေမဲ့...
သူ့ကောင်းကွက်လေးတစ်ခုကို ကျွန်မရေရေလည်လည်သဘောကျတာကတော့... အချစ်ကြီးတာပါ...
တစ်ယောက်ထဲကိုပဲ စွဲစွဲမြဲမြဲ သစ္စာရှိတာပါ... ချစ်သူဘာလုပ်လဲဆိုတာကို အချိန်တိုင်းစောင့်ကြည့်နေပြီး ဂရုစိုက်နေတာပါ..
ဂရုစိုက်ကြည့်လေ စိတ်တိုင်းမကျတာတွေ တွေ့လေပါပဲ..
ဒါပေမဲ့ အလွန်အကျွံဆိုတော့လဲ ခံရတဲ့သူက စိတ်ကျဉ်းကျပ်လာတာပေါ့နော်.. တချို့ကိစ္စလေးတွေကျတော့လဲ မသိချင်ယောင်ဆောင်ပြီး နားလည်ပေးသင့်တာပေါ့လေ..
မဗေဒါလဲ သူ့လိုပါပဲ.. သူ့လိုတော့ မရိုက်နှက်ပါဘူး.. ကိုယ်ချစ်တဲ့သူကို အမြဲဂရုစိုက်ပြီးကြည့်နေတတ်တယ်.. ကြည့်လေ အမှားတွေ့လေပါပဲ...
အမှားတွေ့တော့ ပြော.. ပြောတော့ ကိုယ့်ဆီက နောက်ဆုံးထွက်ပြေးတာပေါ့... သူတို့အနေမှန်နေရင် ဒါကဘာပြဿနာမှ ဖြစ်လာစရာမရှိပါဘူး..
ဒီကားကြည့်ပြီးတော့လဲ အဲလိုဖြစ်စဉ်ကိုသတိထားပြီး သင်ခန်းစာတော်တော်ရပါတယ်..
Sousuke ရဲ့ခံစားချက်ကိုလဲနားလည်ပြီး သူ့ကို အရမ်းသနားမိတယ်..
သရုပ်ဆောင်တဲ့သူက Nishikido Ryo ဖြစ်လို့လဲ ပါမှာပေါ့နော်...
အောက်ကမဗေဒါလုပ်ထားတဲ့ ဗွီဒီယိုလေးကိုကြည့်ပြီးမြည်းစမ်းကြည့်ကြပါ... ဇာတ်လမ်းကိုပဲကြည့်ကြည့်.. မဗေဒါကြိုးစားထားတဲ့ မဗေဒါရဲ့ Effort ကိုပဲကြည့်ကြည့်..
ခံစားပေးသွားကြပါ... အော်.. ဒါပေမဲ့.. ဒီဗွီဒီယိုမှာ ဇာတ်သိမ်းပိုင်းအခန်းကို ထည့်ထားတဲ့အတွက်.. Spoiler လိုဖြစ်နေပါတယ်..
အဲဒိအတွက် Spoiler မကြိုက်တဲ့သူတွေကို စိတ်မကောင်းပါဘူးလို့ပြောရင်း................................
Sousuke ရဲ့ ခံစားချက်လေးကို ထိထိမိမိလေး လုပ်ထားတဲ့ သီချင်းလေးနဲ့ ဗွီဒီယိုလေးတစ်ခုလဲ တွေ့လို့ ဝေငှလိုက်ပါတယ်..
အဲဒိသီချင်းလေးရဲ့ အဓိပ္ပါယ်ကလဲ မဗေဒါ ခံစားချက်နဲ့တူလို့ နားထောင်တိုင်း မျက်ရည်ကျရပါတယ်... ခံစားကြည့်ပါ..
7 comments :
အဲဒီလောက် လက်ဝင်ရင် သေချာတယ်။
video editing ကို ၀ါသနာမပါတော့ဘူး။
ဟီးးးးးးး ဟီးးးးးးးး
ဒါပေမဲ့ ကိုယ်လုပ်ထားတဲ့ ဗွီဒီယိုလေးကို ကြည့်ပြီး ပီတိဖြစ်ရတာ.. ကောင်းတယ်လို့ YouTube မှာ သူများတွေက ကွန်မန့်တွေပေးကြတာ.. တချို့ဆို သူတို့ ဘလော့တွေမှာ ကူးယူဖော်ပြကြတော့ ကျေနပ်ရပြန်တယ်..ကိုဟတ်ရေ.. ဘလော့ရေးသလိုပါပဲ.. ကိုယ်ရေးတာလေး လူကြိုက်တယ်.. ကွန်မန့်ပေးတယ်ဆို ကျေနပ်သလိုပေါ့.. များများ အားစိုက်ထုတ်လေ.. များများကြည်နူးရလေပါပဲ...
မဗေဒါ ရဲ့ ဖန်တီးမှုလေးက လှပါတယ်။ ကောင်းလဲကောင်းပါတယ်။ window movie maker သုံးထားတာလား။ အဲဒါထက် adobe premier pro က effect လေးတွေ ပိုထည့်လို့ ရမယ်ထင်ပါတယ်။ ကျတော့ ဆီမှာတော့ software နဲ့ learing cd အခွေရှိတယ်။ လိုအပ်ရင်ပြောလေ
ပုလုကွေးရေ...တကယ်လား.. လိုချင်တယ်.. လိုချင်တာကြာပေါ့.. ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့..
ဘယ်လိုဆက်သွယ်ရမလဲ...
ခဏဆိုပြီး ကြည့်လိုက်မိတာ ရပ်လို့မရတောတာနဲ့ ပြီးတဲ့အထိကြည်လိုက်ရတယ်။ နောင်အနာဂတ်မြန်မာရုပ်ရှင်လောကအတွက် အားကိုးရမဲ့သူတယောက်ကို တွေ့လိုက်ရသလိုပါဘဲ။
ခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်.. နောင်တစ်ချိန်မှာ ကြိုးစားပြီး Vlogging (video blogging) လုပ်ဖို့လဲ စဉ်းစားထားပါတယ်.. လေ့လာနေစဲမို့ မလုပ်ဖြစ်သေးတာပါ... ဆက်လက်အားပေးပါလို့ပြောချင်ပါတယ်..
အချစ်ကြီ: တယ်လို့ပြေါနိုင်ပေမယ့် အနေရခက်ပီ: စိတ်ကျင်းကျတ် ပါတယ်
မရိုက်မနက် တာတောင် နေရာတကာ သူလိုက်ပို့ ရမှ
သူသိရမှ စိတ်တိုင်းကျသူတယောက်နဲ့ ရီးစား ဖြစ်နေရသူအနေနဲ့ပြေါရရင် ကိုယ့်ကိုမယုံကြည် သလိုလဲ ခံစားရပါတယ်
သူငယ်ချင်းတွေနဲ့ သွားတဲ့အခါ ဟိုဘက်လဲ စိတ်ဆိုးမာ စိုးရ ဒီဘက်လဲ လာမခေါ်နဲ့ပြေါမရနဲ့ အရမ်: stress များရတယ်
Post a Comment