Sunday, April 15, 2012

Toa Payoh Thingyan 2012


စကာင်္ပူနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ဘုန်းကြီးရဲ့ ကြီးကြပ်မှုနဲ့ အတူ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားတဲ့စိတ်၊ အမျိုးဂုဏ်ကို စောင့်ချင်သောစိတ်၊ အထူးသဖြင့် စကာင်္ပူသတင်းဋ္ဌာနမှ သတင်းလာရိုက်မည်ဆို၍ သရုပ်ပျက်များကို အထူးရှောင်ကြဉ်ကာ အစဉ်အလာကောင်းစွာ နှစ်စဉ်ကျင်းပခဲ့တဲ့ မြန်မာသင်္ကြန်ကို ယဉ်ယဉ်ကျေးကျေး ပျော်ပျော်ပါးပါး ၁၅ရက် ၄လ ၂၀၁၂၊ တနင်္ဂနွေနေ့ (မဟာသင်္ကြန် အကျက်နေ့) မှာ စည်စည်ကားကားကျင်းပဖြစ်ခဲ့ကြပါတယ်...

ကျွန်မလဲ မနက် ၆နာရီခွဲ မေမေလာနှိုးလို့ထပြီး တိုက်စီနဲ့သွားလိုက်တာ... မနက် ၇နာရီကျော်ကျော်မှာ ဟိုရောက်သွားတယ်... လူသိပ်မများသေးဘူး... ဒါတောင် ကိုယ်စောလှပြီမှတ်တာ ဒီလောက်လူတွေရောက်နေလို့ အံ့သြသွားတယ်...


အ၀င်ဝ... မဏ္ဍပ် (မနက် ၇နာရီကျော်ကျော်)
လူနည်းသေးတော့ မုန့်တွေကို အတင်းကို ပေးကြတာ... အမှန်တော့ ရှက်လို့မယူရဲမှာစိုးလို့ ပေးတာလောက်ပဲ လုပ်သင့်တယ်... မုန့်တွေက များတော့ ကိုယ်စားချင်တဲ့မုန့်ကိုပဲ ဦးစားပေးစားချင်တယ်လေ... စေတနာနဲ့ အလှူဒါနကို လေးစားမြတ်နိုးပါတယ်... ဒါပေမဲ့ ဗိုက်မဆံ့လို့ပါ... (စာကြွင်း... ပုံထဲက ဝေနေတဲ့သူကို ဆိုလိုတာမဟုတ်ဘူးနော်... အဲဒိကိုသွားတော့ တွေ့ကြုံခဲ့ရတာကို ခြုံငုံပြောတာ)
ရွှေရင်အေး၊ ကြာဇံချက်၊ မုန့်ဟင်းခါး စုံလို့ရှင့်...
လာသမျှလူ အကုန်ကြွေးမယ်...
မုန့်တွေများလွန်းတော့ ကျွန်မလဲ ကင်မရာတစ်ဖက်နဲ့ ခုလို ပန်းကန်း၂ခုဆင့်ကိုင်ရမလိုဖြစ်ခဲ့တယ်...
စားရလွယ်ကူအောင် အအေးလေးပါမှ....
အသပြာမဟုတ်ဘူးနော် စေတနာ ကြာဇံကြော်... မောနိုင်ဘူးဗျ ပေးရတာ...
မစားရသူ မရှိစေရ....
ကျောင်းဝန်းထဲလဲ ဘုရားဝတ်ပြုလို့ရသေးတာ...
ပျော်ပျော်ပါးပါး ပြည့်ပြည့်၀၀ အနှစ်သာရ...
လူတွေ တဖြည်းဖြည်းများလာဘီ...
မုန့်လုံးရေပေါ်ဆိုတာ သင်္ကြန်ရဲ့ သင်္ကေတ တစ်ခု... (အရှေ့ဘက်က မုန့်လုံးရေပေါ်စားပွဲ)
သူတို့ကိုလဲ ရိုက်ပါအုံးတဲ့လေ... (အနောက်ဘက်ဆုံးက မုန့်လုံးရေပေါ်အဖွဲ့)
အကြော်စုံပူပူလေး....
ရိုးရိုးကြာဇံကြော်စားပြီးပြီ နောက်ကြာဇံကြော်လာပေးတော့ ငြင်းတော့မလို့... ကြည့်လိုက်တော့ ပဲကြာဇံကြော်ဆိုတော့ အမျိုးမတူလို့ ထပ်စားခဲ့တယ်... အဟီး....
ကျောင်းဝင်းအပြင် စစချင်းမှာတော့ အအေးကို ဟောဒီလို ကားကြီးလိုက်ဝေနေတာ...
မြန်မာကလေးက စလုံးမှာမွေးလဲ မြန်မာပါပဲ... သူတို့လေးတွေ ရေတိုက်စစ်ဆင်ဖို့ တိုင်ပင်နေကြတယ်...
ကိုယ်ကတော့ တစ်ကိုယ်တည်း မကြောက်ဖူးဟေ့... သင်္ကြန်ပဲဟာ... သင်္ကြန်သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်ရတာ မဟုတ်ဘူး... တည့်တည့်ပစ်ရတာ...
လူကြီးတွေကတော့ စားတဲ့သူကစား... ရိုက်တဲ့သူတွေကလဲ အပြန်အလှန်ရိုက်နေကြတာပေါ့.... ဟဲ.. ဟဲ...
ကျည်ကုန်နေပြီ... အမြန်ထည့်မှ...
ဒီ မော်လမြိုင် မီးဖိုချောင်က ကာတွန်းပန်းချီကားလေး သဘောကျတယ်...
ဒီနှစ်ရွှေရင်အေး၁ပွဲစားခဲ့ရတယ်...  ရွှေရင်အေးအလှူရှင်တွေလဲ ၁ဦးထက်မကရှိတယ်... တော်သေးတယ် စားခဲ့တဲ့နေရာက ဒူးရင်းသီးမပါလို့...
စားစရာ သောက်စရာ တောင်လိုပုံ.... သဒ္ဒါတရားတွေ ပြည့်လျံနေပေါ့..
တိုက်ပွဲစပြီ....
ဒီကောင်လေးကို ကလိစားချေဖို့ များများလောင်းပေးပါ... ဓာတ်ပုံရိုက်နေတာကို ဒီဘက်လှည့် ပြွတ်နဲ့ဆော်တယ်... တော်သေးတယ် ရှေ့မှာတစ်ယောက်ခံသွားလို့.. နောက်မို့ဆို မဗေဒါတော့ ကင်မရာရေစိုပြီး ရေစုံမျောရလိမ့်မယ်...
တိုပါရိုး မဟာသင်္ကြန် ရေကစား မဏ္ဍပ်... (အကြီးဆုံး မဏ္ဍပ်)
ရေခြောက်အောင် ပန်းခြံမှာ ခဏထိုင်ပြီးမှာတော့... ~ပြန်ပါအုံးမယ်... ပြန်အုံးမယ်... နှုတ်ခွန်းဆက်ပါတယ်~...

အော်.... ဒါနဲ့... တိုပါးရိုးအ၀င်ဝမှာ မမျှော်လင့်ပဲ တီပီက ကိုယ့်ဂျူနီယာလေးတွေ တီပီသင်္ကြန်လက်မှတ်ရောင်းနေကြတာတွေ့တယ်... တီပီသင်္ကြန်ရှိရင် ခါတိုင်းဆို ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ ကြိုကြားနေကျ... ခုတော့ မရှိဘူးထင်တာ... အရင့်အရင် ကိုယ်တို့မတိုင်မှီနဲ့ ကိုယ်တို့ခေတ်အထိ အစဉ်အလာကောင်းတဲ့ တီပီသင်္ကြန်ကို ကိုယ့်ဂျူနီယာလေးတွေ အစဉ်အလာထိန်းသိမ်းနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်... ဒါပေမဲ့ တီပီကျောင်းသားတွေဆိုတာလဲ အစဉ်အလာနဲ့ အနုပညာပိုးပါကြတော့ ကျွန်မကတော့ ဒီနှစ်လဲ ကောင်းအုံးမှာပဲလို့ ယုံကြည်ထားတယ်... ဘာပဲပြောပြော အားပေးသင့်တယ်လေ... ကျောင်းက ဟိုစည်းကမ်းထုတ် ဒီစည်းကမ်းသတ်မှတ်နဲ့ ဘောင်ခတ်လို့ထင်တယ်.. ဒီနှစ်လဲ ကျောင်းမှာ မလုပ်ဖြစ်ဘူးတဲ့... ကျောင်းမှာဆိုရင်တော့ ကျောင်းဖီလင်လေးနဲ့ဆိုတော့ ပိုပြီးကောင်းတယ်...

တီပီသင်္ကြန် ၂၀၁၂နဲ့ ပတ်သတ်တဲ့ သတင်းကတော့...

နေ့ရက်က ၁၉ရက် မေလ (စနေနေ့)
နေရာက Paya Lebar Methodist Girls' school (SEC)
အချိန်က နေ့လည် ၁၁နာရီစမယ်
တန်ဖိုးက တစ်ယောက်ကို ဒေါ်လာ ၂၀ (ညနေစာထမင်းနဲ့လဲ ဧည့်ခံမယ်)...

ကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... မြန်မာအသိုင်းအ၀ိုင်းကြားမှာ ကမ္ဘာကျော်ခဲ့တဲ့ တီပီသင်္ကြန်ဟာ ဒီနှစ်လဲ ပရိတ်သတ်ကြီးရဲ့ ရင်ကို ဘယ်လိုဆွဲဆောင်ဦးမလဲဆိုတာ မဗေဒါတော့ စိတ်ဝင်စားတယ်...





7 comments :

PhyoPhyo said...

နှစ်သစ်မင်္ဂလာပါ။ တီပီသင်္ကြန်လည်းစောင့်ကြည့်ဦးမယ်။ ပုံတွေကောင်းလိုက်တာ။

Candy said...

ညီမ Toa payoh မရောက်ဘူး.. မမဓာတ်ပုံလေးတွေပဲ ကြည့်သွားတယ်.. Quality အရမ်းကောင်းတယ် :D

8Yar said...

အဲဒီနေ့က မအားလို့ မလာလိုက်ရဘူး။ ပုံလေးတွေကြည့်ပြီး သာဓုခေါ်ရင်း သရေကျသွားပါတယ်ဗျာ။ :P TP သင်္ကြန်ကို မြန်မာပြည်တုန်းက ကြည့်ပြီး အရမ်းကြိုက်ခဲ့တယ်။ SG လာတုန်းကလည်း SG ရောက်ရင် TP သင်္ကြန်ကို ကြည့်မယ်လို့ ကြုံးဝါးလာတာ။ ဒါပေမယ့် 4 နှစ်ရှိပြီ တစ်ခါမှမကြည့်ရသေးဘူး။ :(

Anonymous said...

လက်ကလေး၂ချောင်းထောင်နေတာ ဘူလေးလဲဝေး...တပီသင်္ကြန်က ပျက်လုံးတွေတော့ အခွေကြည့်ဖူးတယ်ဗျာ..မဗေဒါရဲ့ တပင်တိုင်ယိမ်း ပါရင် လာကြည့်မယ်ဗျို့ ..ခိခိ

mabaydar said...

လက် ၂ချောင်းထောင်နေတာ တီပီက လက်ရှိကျောင်းသူလေးဖြစ်မယ်ထင်တယ်... မဗေဒါရဲ့ ဂျူနီယာလေးတွေပေါ့...
မောင်(စွယ်စုံကျမ်း)အတွက် မဗေဒါ သီးသန့်တပင်တိုင်ယိမ်းကပြမယ်... လက်မှတ် အဆောင် ၂၀၀ယ်မယ်ဆိုရင်...

စံပယ်ချို said...

သေသေ ချာချာနဲ့ဝေေ၀ဖြာဖြာ
ရေးပြရိုက်ပြထားတော့ ပုံတွေကြည့်ပြီးစာဖတ်ရတာနဲ့တင် ပီတိတွေဖြစ်ရတယ် အတော်စည်ကားတယ်နော်
ရွှေရင်အေးကိုမြင်ရတော့ စားချင်လိုက်တာ

ဝိ၀ိ said...

မုန့် လုံးရေပေါ် ကြီးမြင်ပြီး စားချင်လိုက်တာ..