Sunday, June 07, 2009

ဖြစ်ရလေ အာဂျီရှီရယ်…

ဂျဲဂျူးက ကားဒရိုင်ဘာကြီးနဲ့ တစ်ယောက်နဲ့တစ်ယောက် Miscommunication ဖြစ်ကာ အထင်လွဲပုံကတော့ အတော်လေးကို ရီရခဲ့ပါတယ်… ဒါပေမဲ့ မဗေဒါကတော့ အဲဒိအချိန်က အားလဲနာတယ်… အဖြစ်မှန်ကိုသိတော့ တော်တော်လေးလဲ ရီခဲ့ပါတယ်…

အဲဒီ ဦးလေးကြီးက ဗွီဒီယိုထဲမှာ တွေ့ခဲ့တဲ့အတိုင်း ခပ်၀၀ ထိပ်ပြောင်ပြောင်နဲ့ အမြဲ ရွှတ်နောက်နောက်နဲ့ ခပ်ပျော်ပျော်နေတတ်ပါတယ်… သူ့ဘာသာသူ ကိုရီးယားလိုတွေပြောပြီးလဲ နောက်တာပါပဲ… ဒါပေမဲ့ သူ့ကို ကြည့်ပြီးတော့ကို ရီချင်နေတာပါ… ဘာပဲပြောပြော သူ့နဲ့ စကားပြောကြည့်လိုက်ရင် “ငါကိုရီးယား တကယ်ရောက်နေတာပါလား” ဆိုတဲ့ ခံစားချက်မျိုး အမှန်တကယ်ရလို့ ကျမကတော့ ပျော်ပါတယ်… သူကလဲ အလွန်တရာမှ စကားပြောချင်တဲ့သူပါ… သူတတ်သလောက်မှတ်သလောက် အင်္ဂလိပ်စကားရယ် Body Language ရယ်ပေါင်းပြီး လိုက်လိုက်ပြောပါတယ်… အဲဒါမှ မရရင် ကိုရီးယားလိုတွေ ပြောပါတယ်…

သူတတ်တဲ့ အင်္ဂလိပ်စာလုံးကလဲ တော်တော်လေးကို မရှိသလောက်ပါပဲ… ကျမအမေကို လက်ညှိုးထိုးပြီး “မာမား?” ဘာညာမေးပါတယ်… ကျမက My Mother လို့ပြောတော့…. “oh… Mother.. Mother… “ ဆိုပြီး Mother ဆိုတဲ့ စာလုံးကို သူသိတယ်ဆိုတဲ့ ပုံမျိုးနဲ့ နောက်ကလိုက် ထပ်ပြောပါတယ်… ပြီးတော့ ကျမအမေကို လက်ညှိုးထိုးပြီး Mother…. သူ့ကိုသူလက်ညှိုးထိုးပြီး…. အတော်လေး အခက်တွေ့နေပုံရပါတယ်… နှာဖူးကိုရှုံ့ပြီး လေတွေကို စုတ်သွင်းလိုက်နဲ့… နောက်ကလဲ နောက်ချင်သေးတယ်… father ဆိုတဲ့ စကားလုံးကလဲ သူမေ့နေပါတယ်… ဒါနဲ့ကျမကလဲ တတ်သလောက်မှတ်သလောက် ကိုရီးယားကားကြည့်ပြီး သိထားတဲ့ ပညာလေးနဲ့… “အာဘူကြီး? Father?” လို့ ပြောတော့… အရမ်းလဲ အံ့သြ သဘောတွေလဲကျပြီး… Father ကိုလဲ လိုက်ထပ်ဆိုပါတယ်… ပြီးတော့ အာဘူကြီး တစ်လုံးသိတာနဲ့ပဲ သူက ကိုရီးယားလိုတွေလာထပ်ပြောတော့ မဗေဒါလဲ ဒုက္ခနဲ့လှလှနဲ့ကို တွေ့ရော… မတတ်တော့ရင်တော့ ဒီလိုပဲ ရီပြနေလိုက်တော့တယ်… ဘာပဲပြောပြော စကားပြောရတာပျော်တယ်… သူနဲ့ စကားပြောရတာ မေးကြည့်ဖြေကြည့် ပဟေဋ္ဌိ ကစားနေရသလိုပဲ… စာလုံးတစ်လုံး အဓိပ္ပါယ်ရဖို့ကို အိုက်တင်မျိုးစုံ စဉ်းစားနေရတယ်လေ… ကိုယ်ပြောလိုက်လို့ သူသဘောပေါက်သွားရင် အရမ်းပျော်ဖို့ကောင်းတယ်…

အဲဒိ ပထမနေ့ ညမှာ… စလုံးတချို့က Casino သွားချင်တယ်ဆိုလို့ တခြားဟိုတယ်ကို သွားအပို့… Guide မိန်းမ Cathy ကလဲ သူတို့ကို အထဲထိလိုက်ပို့ပေးနေပါတယ်… ကားပေါ်မှာတော့ ကျမတို့ ၃ယောက်ရယ်… နောက် ခပ်လောင်လောင်ပြောင်ပြောင်နေတတ်တဲ့ တခြားအဖွဲ့က အဖွားကြီးရယ် နောက် ချစ်တတ်တဲ့ အဖိုးကြီး အဖွားကြီး လင်မယားရယ် (အဟီး… သူတို့တွေကို ကိုယ့်ဘာသာကိုယ် နစ်Name တွေ ပေးထားတာရှိသေးတယ်… ခုတော့ ဒီလောက်ပဲပေါ့…)… ကျန်ခဲ့တယ်လေ…

ဒီလိုနဲ့ ဒရိုင်ဘာ အာဂျီရှီ (ဦးလေးကြီး) က ကျမတို့ ထိုင်နေတဲ့နောက်ကိုလာပြီး… စကားတွေပြောပါလေရော… ဒါနဲ့ ကျမလဲ အလာဘ သလာဘ (စာလုံးပေါင်းမှားလျှင် သည်းခံပါ) ပြောရင်း…. သူ့အသက်ဘယ်လောက်ရှိပြီလဲမေးတော့… သူက ၅၆ဆိုလား ဘာလား ဖြေပါတယ်… အဲဒါတော့ သူနားလည်ပုံရပါတယ်… နောက်ပြီး ကျမက သားသမီးဘယ်နှယောက်ရှိလဲလို့မေးတော့… သူ သိပ်နားမလည်ပါဘူး… ဒါနဲ့ ကျမလဲ ကလေးချီတဲ့ ပုံလုပ်ပြ… ပြီးတော့ ကိုရီးယားလို ကလေးကို “အဲဂ” ဆိုလား.. “အဲဂိ” ဆိုလားသိဘူး ခေါ်တာတော့ ကျမသိပါတယ်… ဒါနဲ့ပဲ ကျမလဲ ထင်တဲ့ အသံထွက်တွေ တစ်မျိုးပြီး တစ်မျိုးထွက်ပြတော့ သူသဘောပေါက်သွားတယ်… “ how many? 1 2 3 ? ”လို့ ကျမက မေးတော့ ၃ဆိုပြီး လက်သုံးချောင်းထောင်ပြတယ်… ဒါနဲ့ ကျမကဆက်ပြီး ယောကျာင်္းလေးတွေလား မိန်းကလေးတွေလားလို့ ဆက်မေးတယ်… “boy? Or girl?” ဆိုတော့ သူသိတော့ပုံမပေါ်ဘူး… ကျမလဲ ဘယ်လိုလုပ်ပြရမှန်းမသိဘူး… သူ့ကို လက်ညှိုးထိုးပြီး “boy?” နောက်… ကျမကိုယ် ကျမ လက်ညှိုးထိုးပြီး “Girl?” လို့ လုပ်ပြတယ်… အဲဒါလဲ သူမသိဘူး… ကားပေါ်မှာလဲ ပြစရာ ကောင်လေးအရွယ်တစ်ယောက်မှ မရှိဘူး… ဒါနဲ့ ကျမလဲ အကြံအိုက်နေပါလေရော…

ဒီလိုနဲ့ ကျမတို့ စကားဝိုင်းကို လောင်တတ်တဲ့ ဖွားဖွားပါ ၀င်ပါလာပြီး… သူက ကျမကို အကြံပေးတယ်… ဆံပင်ကိုပြကြည့်တဲ့… ယောကျာင်္းလေးက ဆံပင်တိုတယ်… မိန်းကလေးက ဆံပင်ရှည်တယ်တဲ့… အဲဒိ အကြံက သိပ်မကောင်းဘူးဆိုတာတော့ သိပေမဲ့ အဖွားကြီး စိတ်ဆိုးမှာကလဲ ကြောက်ရသေးတယ်လေ… ပြီးတော့ ကြိုးစားကြည့်တာလဲ မှားမယ်မထင်တာနဲ့… ကားသမား ဦးလေးကြီးကို သူပြောသလိုပဲ ဆံပင်ကို လုပ်ပြတာပေါ့…
သူ့ခေါင်းကိုထိုးပြပြီး ဆံပင်တိုတယ်ပေါ့.. ယောကျာင်္းလေးပေါ့… ကိုယ့်ဆံပင်ကိုယ်ကိုင်ပြပြီး Girl လို့ပြောတာပေါ့…

အဲလိုလဲ ပြောလိုက်ရော… ဦးလေးကြီးက ခေါင်းလေး ခါခါ ခါခါနဲ့ ကိုရီးယားလိုတွေပြောပြီး… မျက်နှာလေးကလဲ ပျက်တပ်တပ်နဲ့ … ထွက်သွားပါလေရော… ကျမလဲ သူစကားပြောလာရတာ ပင်ပန်းလာလို့ မပြောချင်လို့ထွက်သွားတာပဲဖြစ်မှာပါလို့ပဲ တွေးလိုက်တာပေါ့… ဒါပေမဲ့ သူမျက်နှာလေး ငယ်ငယ်နဲ့ဆိုတော့လဲ ငါပြောတာ ဘာအမှားပါလို့လဲပေါ့…

ခဏနေတော့ guide ကတ်သီပြန်လာပါတယ်… ဒါနဲ့ ကျမလဲ စိတ်ထဲမှာ သိပ်မရှင်းတာနဲ့ စောစောက Driver ကြီးနဲ့စကားပြောကြတဲ့အကြောင်းကို လှမ်းပြောလိုက်ပါတယ်… Driver အာဂျီရှီကလဲ သူ့ကို ကိုရီးယားလိုတွေ ပလုံပလုံ ပလန်ပလန်နဲ့ ပြောပါတယ်… Guide လဲတော်တော်လေး ခေါင်းစားသွားပုံရတယ်…
ကတ်သီက ခဏနေတော့ ကျမတို့ဘက်လှည့်ပြီး “နင်တို့ သူ့ကို ထိပ်ပြောင်တယ်လို့ ပြောလိုက်လား” တဲ့…
ကျမလဲ လန့်ဖြန့်သွားတာပေါ့… “မပြောမိပါဘူး… သူ့မှာ သားသမီးဘယ်နှယောက်ရှိလဲ … ယောကျာင်္းလေးလား မိန်းကလေးလားလို့ပဲ မေးမိတာပါ “ လို့ ပြန်ပြောတော့… ကတ်သီက အဲဒိလူကြီးကို ပြန်ပြောပါတယ်… နောက် အဲ ဦးလေးကြီးက ဘာပြန်ပြောလဲမသိဘူး… ကတ်သီလဲ ကြောင်တောင်တောင်တွေဖြစ်ကုန်တာပေါ့… ဘာလို့လဲဆိုတော့ အဲလူကြီးပြောတဲ့ တော့ပစ်နဲ့ ကျမတို့ ပြောတာနဲ့က ဆက်စပ်မှုမှ မရှိတာ…
ကတ်သီက “ နင်တို့က သူ့ကို ထိပ်ပြောင်လို့ နင်တို့ ဆံပင်တွေ ပေးမယ် အဲဒိ ပြောင်နေတဲ့ ထိပ်ကို အုပ်ဖို့လို့ ပြောလိုက်တာဆို” တဲ့…
ကျမလဲ ဒီတော့မှ သဘောပေါက်ပြီး ပြောတဲ့ စကားများပါမကပဲ ဖြစ်စဉ်တစ်ခုလုံးနဲ့ Body language တွေကိုပါ တစ်ခုချင်းရှင်းပြလိုက်တော့မှ ဇာတ်ရည်လည်ပြီး အားလုံး ၀ိုင်းရယ်ရပါတော့တယ်…

အော်… ဖြစ်မှ ဖြစ်ရလေ အာဂျီရှီ ရယ်… သူ့ခမြာ ထိပ်ပြောင်တာကို အတော်လေး အားငယ်နေပုံရှိတယ်… ဒါပေမဲ့ ကျမအမြင်မှာတော့ ထိပ်ပြောင်ပြောင်နဲ့ ခန့်တောင် ခန့်ပါသေးတယ်… :)

12 comments :

Ree Noe Mann said...

ဖြစ်ရမယ် အမရယ်။

သူများကိုသွားနောက်တယ်ပေါ့လေ။

ရီနိုမာန်

သီဟသစ် said...

မဗေဒါရေ..

Body Language တွေနဲ့ နားလည်မှုလွဲကုန်တာကိုး..

သီဟသစ် said...

မဗေဒါရေ..

Body Language တွေနဲ့ နားလည်မှုလွဲကုန်တာကိုး..

Unknown said...

ကံကောင်းလို့......
ဟိုကနရင်းအုပ်မသွားတာ....... :D

SZA said...

haha..so funny

tz said...

မဗေဒါရယ် တော်သေးလို့ ပြန်ရှင်းမိလို့ပေါ့
တော်ကြာ အာဂျီရှိကြီး စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့နေမှာ :)

အော်… ဖြစ်မှ ဖြစ်ရလေ အာဂျီရှီ ရယ်
အော်… ဖြစ်မှ ဖြစ်ရလေ မဗေဒါ ရယ် :D

ခင်မင်စွာဖြင့်
တင်ဇာ

မိုးခါး said...

အားငယ်သွားရှာမယ်ထင်တယ်
သနားပါတယ်
ရှင်းပြခဲ့ရဲ့လား :D

တောင်ပေါ်သား said...

အေးလေ ထိပ်ပြောင်ကြီးနဲ့ ခပ်နေတာကြီးကို မိုက်တယ်နော့် ဒရိုင်ဘာတဲ့ မထင်ရဘူး သူဌေးသားလား မှတ်ရတယ်။ ပြန်တွေးတိုင်း ရီနေရမဲ့ အဖြစ်လေးတွေပဲ မဗေဒါရေ.. (အဟဲ မ ထည့်ခေါ်တာ စိတ်မဆိုးနဲ့နော် ဒေါသလဲ ဖြစ်မနေနဲ့ ဖြစ်နေရင် မုန့်လိုက်ဝယ်ကျွေး )


လေးစားလျက်
တောင်ပေါ်သား

nyimuyar said...

wow, nice and fantastic trip. still waiting post from Korea Trip.
Cheers

မယ့်ကိုး said...

နည်းနည်းလေးပဲ လွဲသွားတာပါ ... :D အာဂျီရှီက ခင်စရာကောင်းတဲ့ပုံပဲနော်။

ညီမလေးခရီးစဉ်တွေ ဖတ်ရတာ သဘောကျနေတာ စောင့်ဖတ်နေမယ်နော်။..

သူကြီးမင်း (တုံးဖလား) said...

မဗေဒါတို့လုပ်လိုက်ရင်... သဘောကောင်းပြီး ပျော်ရွှင်တတ်တဲ့လူတောင် မျက်နှာညိုးသွားစေရမယ်။ ဟဲ ဟဲ။ စတာနော်။

ဇော်ထက် said...

အစ်မတို့ကတော့ ဘောဒီ Language ကိုတော်တော်
ကျွမ်းပုံရတယ်။ တော်ရုံတန်ရုံလူဆို လိုက်ရိုက်လိမ့်မယ်
နော်။.နောက်တစ်ခါသတိထား။ စတာနော်....