Friday, June 05, 2009

ကြော်ငြာဝင်ခြင်း...

မိတ်ဆွေတွေက ကြော်ငြာပေးဖို့ပြောလာတာနဲ့ ကြော်ငြာလေး ၂ခုလောက်ဝင်ပါရစေ... အားလုံးအတွက်လဲ သတင်းအချက်အလက်လေး ဝေမျှရင်းနဲ့ဆိုတော့ ၂ဦးနှစ်ဖက်အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်...

ပထမတစ်ခုကတော့ ဆန်ဘာဝမ်း ဘုန်းကြီးကျောင်းရဲ့ နောက်ဆုံးသတင်းနဲ့ အစီအစဉ်များကို ရေးသားပြီး မှန်မှန် update လုပ်နေတဲ့ဘလော့လေးပါ... ဗုဒွဘာသာဝင် သူငယ်ချင်းအပေါင်းအသင်းများအတွက် ဘုန်းကြီးကျောင်းမှာ ဘာပွဲတွေလုပ်မယ်... တရားပွဲ... ရိုးရာပွဲ... စသည်ဖြင့် ဆန်ဘာဝမ်း ဘုန်းကြီးကျောင်းနဲ့ သက်ဆိုင်တဲ့ သတင်းမှန်သမျှကို တင်ပြသွားမှာဖြစ်ပါတယ်.. ဘလော့လေးရဲ့ လိပ်စာကတော့ http://dhammagardenbuddhistsociety.blogspot.com/ ဖြစ်ပါတယ်... ကိုယ်ကိုတိုင်ဝေးလို့ မသွားနိုင်ပေမဲ့ ခုလို ဝေမျှပေးရတဲ့ အကျိုးကြောင့် ဤဘလော့မှတဆင့် သိရှိပြီး ဘာသာ သာသနာရေးအတွက် ပြုလုပ်နိုင်သူရဲ့ ကုသိုလ်ကို ၁၀% အကျိုးဆောင်ခ ရမယ်ထင်ပါတယ်... (သိတယ်ဟုတ်.. ကိုယ်က မြန်မာနိုင်ငံသားဆိုတော့ ၁၀% ကောက်ရတာ အရမ်းကြိုက်တယ်.. အဟီး.. ဟီး... မှားသောရှိ မှန်သောရှိ ဗွေမယူကြေးနော်).. အော် အမှန်တော့ ကုသိုလ်ဆိုတာ ဖယောင်းတိုင်မီးလိုပါပဲ... ဘယ်လောက်ပဲပွားပွား နဂိုရှိရင်းစွဲက လျော့မသွားပါဘူး.. ဒီတော့ ၁၀% လောက်တော့ သဒ္ဒါမယ်ထင်ပါတယ်...

ဒုတိယ ကြော်ငြာကတော့ အားလုံးသိကြတဲ့ ကျမတို့ရဲ့ ဘလော့ဂါ ပေါက်ဖော်ကြီး ရိုင်ရယ် မြန်မာဟာဆိုရင် ဘလော့ရေးရာကနေ ရပ်မရတော့ပဲ အလွန်တရာမှ ပိုးပြန်နှံ့သွားပြီး http://www.royal-myanmar.net/ ဆိုတဲ့ portal ကို စတင်ဖွင့်လှစ်လိုက်ပြီဆိုတာလဲ သိပြီးသူများလဲရှိမှာပါ... မသိသေးသူများလဲ ခုပြောလိုက်တော့ သိလောက်ရောပေါ့...
အဲဒါတင်မကသေးဘူး... ပိုးက ကြီးသထက် ကြီးလာပြီး ရပ်မရတဲ့အဆုံး royal-myanmar ရေဒီယိုဆိုပြီးပါ ကိုယ်ပိုင်ရေဒီယိုလိုင်းလေး ဖွင့်လှစ်ပါတော့မယ်...



သူ့ ရေဒီယိုလိုင်းလေးမှာ အတွေးအမြင် စကားဝိုင်းဆိုပြီး လူတွေနဲ့ အမေးအဖြေကဏ္ဍလေးကို ထည့်ပေးမှာဖြစ်ပါတယ်...
သူ့ပြောပြချက်အရ သူ့ရည်ရွယ်ချက်ကတော့...
၁) လူတွေ ပြောရဲဆိုရဲရှိလာအောင်
၂) အထီးကျန်ဖြစ်နေတဲ့ အချိန်မှာ ရင်ဖွင့်နိုင်အောင်
၃) အမိမြေနဲ့ ဝေးပြီး မြန်မာစကားနဲ့ ဝေးနေသူတွေအတွက်လဲ အလွမ်းပြေ စကားပြောလို့ရအောင်
၎) ဗဟုသုတ ဖလှယ်လို့ရအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ပါ...

ကျမ အမြင်မှာဖြင့် ဒီလိုမျိုး ပုဂ္ဂလိက အပျော်တမ်း အသံလွှင့် ရေဒီယိုမျိုးတွေထဲမှာဖြင့် ခုလို အတွေးအမြင်တွေ ဖလှယ်လို့ ရပြီး ကိုယ်ကိုတိုင် ကိုယ့်အသံနဲ့ ၀င်ရောက်ဆွေးနွေးလို့ရတာ ဒီရေဒီယိုလိုင်းက ပထမဆုံးပါပဲ... သူ့အစီအစဉ်ကို နားရှင်းအောင် ဆက်ပြောရရင်တော့ သူ့ဝက်ဆိုဒ်မှာ တစ်ပတ်တစ်ခါဖြစ်ဖြစ်ပေါ့နော်.. တော့ပစ်တင်ထားမယ်.. အဲဒိတစ်ပတ်အတွင်း သူပေးထားတဲ့ ဟောဒီ voice@royal-myanmar.com မေးလ်လေးကို ဂျီတော့မှာ အက်လိုက်ပြီး တော့ပစ်နဲ့ ပတ်သတ်တဲ့ အတွေးအမြင်တွေကို လာပြော ဆွေးနွေးကြမယ်... တော့ပစ် ခေါင်းစဉ်နဲ့ အတူ Host က မေးချင်တဲ့ မေးခွန်းလေးတွေကိုလဲ တပါတည်း ၀က်ဆိုဒ်မှာ တင်ပြထားပါ့မယ်... သတ်မှတ်တဲ့ အချိန်ရောက်ပြီဆိုရင်တော့ အဲဒိ ဆွေးနွေးထားတဲ့ အတွေးအမြင်တွေ အတွေ့အကြုံတွေကို On air ထုတ်လွှင့်ပါမယ်... ဒီတော့ ကိုယ်ကိုတိုင်လဲ ပါဝင်ဆင်နွှဲလို့ရမယ်... ကိုယ့်အမြင်တွေလဲ ပြောနိုင်မယ်ဆိုတဲ့အတွက် အလွန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်လေးလို့ ထင်မြင်မိပါတယ်... နောက်ပိုင်းတွေမှာလဲ ဒီအစီအစဉ်အပြင် ကောင်းနိုးရာရာ အစီအစဉ်တွေကိုလဲ ထပ်မံတိုးချဲ့ကောင်း တိုးချဲ့သွားပါလိမ့်မယ်... Royal-Myanmar radio က မိတ်ဆွေအားလုံးကို အထူးကြိုဆိုလျက်ရှိပါတယ်...

ခေါ်ဆိုလို့ရမဲ့ အချိန်... စည်းကမ်းချက်နဲ့ ပတ်သတ်တာတွေကိုတော့ ဒီနေရာမှာ အသေးစိတ်သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်...

ခု ပထမဆုံး တော့ပစ်လေးကတော့ သင်နေခဲ့တဲ့ ဇာတိမြို့ အကြောင်းတဲ့.... တော့ပစ်တစ်ခုကို ပထမဆုံး ၁၀ယောက်ကိုပဲ ထုတ်လွှင့်မှာဖြစ်တဲ့အတွက် နောက်မကျရလေအောင် Royal-Myanmar က အတွေးအမြင် ကဏ္ဍလေးမှာ ကိုယ့်ဇာတိမြေကို လွမ်းရင်း ကိုယ့် ဇာတိမြို့လေးအကြောင်း အများသိအောင် သွားရောက် ဆွေးနွေး စကားပြောလိုက်ကြရအောင်လား....

6 comments :

မိုးခါး said...

ကြော်ငြာလာဖတ်ပါတယ် ..း)

Unknown said...

ရော့ ၁၀ ပြား...။ ကြော်ငြာခ :P

မယ့်ကိုး said...

ညီမလေးက ကြော်ငြာဆိုလို့  အပြေးအလွှားလာဖတ်တာ။ မင်္ဂလာသတင်းလားလို့ ... :D

Unknown said...

စပြီလား...ကိုစိုင်းထွန်းက

Unknown said...

ကိုစိုင်းထွန်းက ခြေလှမ်းတွေ ကျဲလှချေလား။ မိုက်တယ်ကွာ။
ဒါမှ မန္တလေးသားကွ........ :D
ဘာမှလဲမဆိုင်ဘူးနော်..... ဟီးးးးးးးး

မဆုမွန် said...

မဗေဒါရေ ဆန်ဘာဝမ်းဘုန်းကြီးကျောင်းလင့်ကို ချက်ခြင်းသွားပါတယ်
ဘုရားပန်းအဖြူလေးတွေနဲ့ ရောင်ခြည်တော်ကွန့်မြူးနေတဲ့ မီးရောင်စုံနဲ့ ဘုရားပုံတော်က သပ္ပယ်လိုက်တာ စိတ်က ရည်စူး ဦးချသွားပါတယ် လင့်ပေးတဲ့ မဗေဒါကို ကျေးဇူးပါ လို့ရေးချင်ပေမယ့် ကော်မန့်ကို မန်ဘာအတွက်ပါပဲတဲ့ စည်းကမ်း တင်းကျပ်ထားတယ်တဲ့ရှင် ၀င်မန့်လို့မရဘူး

အမြဲ လာအားပေးနေပါတယ် ကျန်တဲ့ ဘလောခ့်ကို လည်ကြည့်မယ် မန့်မရလည်း လှည့်ပြန်ရုံပေါ့ရှင်