Friday, April 25, 2008

မလေရှားနိုင်ငံ redang beach resort သို့ခရီးတခေါက်

ကျမနဲ့ အလုပ်ကသူငယ်ချင်းတစ်စု မထင်မှတ်ပဲ စကားစပ်မိရာက အားလုံးတစ်ညီတစ်ညာတည်း စီစဉ်ဖြစ်သွားတဲ့ ခရီးလေးပါ...
march လကုန်နဲ့ April လဆန်း၂ရက်ပေါင်းပြီး အလုပ်ခွင့်တင်ကာ မလေးရှားနိုင်ငံရှိ ရန်ဒန်း ကမ်းခြေသို့ သွားရောက်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို နောင်သွားချင်တဲ့သူတွေ လေ့လာလို့ရအောင် ကျမအတွေ့အကြုံကို မှတ်တမ်းနေနဲ့ တင်ဆက်ချင်ပါတယ်...
ကားလက်မှတ်ကို lavender မှာရှိတဲ့ golden mile Complex (အများသိနာမည် ယိုးဒယားပလာဇာ) five star က၀ယ်ပါတယ်.. package ဖြစ်တဲ့အတွက် hotel ကျေးပါအပြီးအငြိမ်းပါ.. ကျမတို့အုပ်စု ၈ယောက်အတွက် villa တစ်လုံးလုံးကို book လုပ်ခဲ့ပါတယ်.. villa က ၂ခန်းပါ bangalo ဖြစ်ပြီး.. ၁ခန်းမှာ ၂ယောက် အိပ်ကုတင် ၄လုံးပါပါတယ်.. မိန်းကလေးယောက်ကျားလေးခွဲနေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ.. မိသားစုသွားရင် ဒီလောက်ကြီးကြီးတိတ်မလိုပါ...
၂ညအိပ် ခရီးကို ၁ယောက် S$၂၅၅ ကျပါတယ်.. ထမင်းဟင်းနဲ့ activities တချို့အပါအ၀င်ပါ... ဟိုရောက်တော့ villa က seaside view မှာ မဟုတ်လို့ seaside ဖက်ကို ပြောင်းတော့ .. မလေးရှား RM 400 ထပ်ပေးရပါတယ်... ကျမတို့တည်းတဲ့ villa က holiday villa ပါ..
စင်္ကာပူ golden mile ကနေ ည ၁၁နာရီ ကားထွက်ပြီး ဇာတ်ဆိပ်ကို မနက် ၉နာရီလောက်ရောက်ပါတယ်.. အဲဒိမှာ ကိုယ်တည်းတဲ့ hotel, villa အလျှောက် boat လေးတွေနဲ့လာကြိုပါတယ်.. အဲဒိ ပင်လယ်ဝဇာတ်ဆိပ်လေးကနေ resort ကိုရောက်ဖို့ ၁နာရီလောက် boat စီးရပါတယ်.. ရေတိမ်မှာမောင်းရင် boat မညိမ်တဲ့အတွက် အထဲက passenger တွေက balance ညီအောင်လိုက်ထိုင်ပေးရပါတယ်.. life jacket တွေကိုလဲလူစေ့ပေးထားပါတယ်.. ၀တ်ချင်ဝတ်လို့ရပါတယ်.. ပင်လယ်ထဲ boat ရောက်ရင်တော့ အရှိန်တင်မောင်းလို့ရပြီး balance ညှိထိုင်စရာမလိုတော့ပါဘူး.. ၁၅မိနစ်လောက်စီးပြီးရင် ပင်လယ်ကြီးထဲကိုရောက်ပြီဆိုရင်ပဲ.. အလွန်ပဲ ကြည်လင်ပြာလဲ့နေတဲ့ရေပြင်ကြီးကတော့ မြန်မာပြည်က beach တွေထက်ရေအရောင်ကတော်တော်လှပါတယ်... ရေအတိမ်အနက်ကို ရေကြည်လွန်း၍ ဝေခွဲရန်ခက်ခဲပါတယ်.. ဒီရှုခင်းကို အောက်က photo slide show မှာရှုစားပါ...



resort ကိုရောက်တော့ အခန်းယူနေရာချနဲ့ ၁၁နာရီထိုးသွားပါတယ်.. အဲဒီထဲက hotel ၀န်ထမ်းတွေထဲမှာ မြန်မာတော်တော်များပါတယ်.. မသိရင်မြန်မာပြည်က beach ရောက်နေပြီး.. ဘေးကလူတွေက မြန်မာပြည်လာလည်တဲ့ ဧည့်သည်တွေလိုတောင်ဖြစ်နေပါတယ်..
ပြီးနောက် ၁၁နာရီခွဲမှ ၂နာရီလောက်ထိမှာ hotel က lunch ကျွေးပါတယ်.. lunch စားပြီးတော့ hotel ကအစီအစဉ် ပြတဲ့ board အတိုင်း snorkeling သွားပါတယ်.. snorkeling ဆိုတာ ရေကူးမျက်မှန်ရယ်.. အသက်ရှုတန်ရယ်.. life jacket ရယ်နဲ့ ရေအောက်က ငါးတွေ ကျောက်ခတ်တွေကိုကြည့်တာပါ.. ရေကူးတတ်တဲ့လူတွေကတော့ life jacket မ၀တ်လဲရပါတယ်.. ဒါပေမဲ့ မ၀တ်ထားလို့ တခုခုဖြစ်ရင် hotel ကတာဝန်မယူပါ.. ပစ္စည်းတွေကို hotel မှာ ငှားလို့ရပါတယ်.. ဈေးတော့မမှတ်မိတော့ပါ..
snorkeling လုပ်ဖို့ ရေအောက်ကျောက်တွေ ငါးတွေ ငါးရံ့တွေရှိတဲ့ နေရာ ကို boat နဲ့ ၁၅မိနစ်ခန့်သွားရပါတယ်.. တော်ကိုလှပါတယ်.. ငါးတွေကလဲ လူတွေနဲ့ ယဉ်ပါးပြီး လက်နဲ့တင် အစားကျွေးလို့ရပါတယ်.. (မဗေဒါတောင် အစာကျွေးကောင်တာ လက်သန်းလေးကို ငါးတွတ်ခံလိုက်ရပါသေးတယ်.. အဟင့် .. နာလိုက်တာ) ...
လေကို ပိုက်ကနေတဆင့်ရှုတတ်အောင်ကလဲ ၁၀မိနစ်လောက်လေ့ကျင့်ယူလိုက်ရပါတယ်.. Life jacket ၀တ်ထားပေမဲ့.. ခြေထောက်နဲ့ မြေကြီးလွတ်သွားရင် မသွားရဲတော့တဲ့ မဗေဒါတို့လို ကြောက်တတ်တဲ့ သူတွေအတွက် resort stuff တယောက်က ဘောကွင်းကို သူကရှေ့ကဆွဲ ခရီးသည် ၃ ၄ယောက်က တစ်ဖက်ဆွဲပြီး ရေနက်ထိလိုက်ပြပါတယ်.. (ဒါတောင် မနဲအားမွေးပြီး ရောက်ပြီးမတန်မှာစိုးလို့လိုက်သွားတာ)... တော်တော်လှပါတယ်.. ကျမကိုယ်ကျမတောင် ကာတွန်းကားထဲက ရေသူမလေးဖြစ်သွားသလားထင်ယောင်မိတယ်.. ဟိုးပင်လယ်ရေအောက်က ကျောက်ခတ်တွေကို မျက်လုံးနဲ့ အပြင်မှာမြင်ရတော့ ကြတ်သီးပင်ထပါတယ်.. ဒါတောင် ကျမတို့က အချိန်မရ၍ diving လုပ်ပြီး တကယ့်ရေနက်ထိမသွားခဲ့ရပါ.. ၀တ်စုံပြည့် (အောက်ဆီဂျင်ဘူး.. ရေကူးတန်ဆာပလာ အပြည့်စုံ) ဖြင့် ရေအောက်ထိ diving လုပ်ချင်ရင်တော့ အဲဒိမှာ ၃ ရက် သင်တန်းတတ်ပြီး certificate ရမှသာ ခွင့်ပြုပါတယ်.. ရေအောက်ရိုက် ကင်မင်ရာ အငှားဆိုင်မှ ပုံ ၁၀၀ရိုက် ကင်မရာကို RM 40 နဲ့ ငှားလို့ရပါတယ်.. ကျမတို့ရိုက်လာတဲ့ပုံလေးတွေကို ဝေငှလိုက်ပါတယ်..



snorkeling ကပြန်ရောက်တော့ ခရီးပန်းတာရော.. ရေကူးလိုက်တာရောကြောင့် အားလုံးပင်ပန်းပြီး ညနေ dinner ချိန်ကျမှ နိုးပါတယ်.. ရေမိုးချိုး နေရှိတုံး မိန်ကလေးထုံးစံအတိုင်း ဓာတ်ပုံလေးဘာလေးရိုက်ပြီး ညစာစားပါတယ်.. ပြီးနောက် ကမ်းခြေတစ်လျှောက် လျှောက်ကြည့်ပါတယ်.. အဲဒီမှာဆိုးတာက ကျမတို့ villa အနားမှား စားသောက်ဆိုင် မရှိတာပါ.. မြန်မာမိန်းကလေးပီပီ ဗိုက်မ၀တဲ့ ပေါက်ပေါက်ဝါးနေလို့ရတဲ့ အရာလေးတောင် မရှပါဘူး.. နောက်ဆုံး villa က ညဘက်ဆို club လိုလုပ်ပေးထားတဲ့ ဘားမှာ အာလူးချောင်းကြော်လေး ပိုက်ဆံပေးစားပါမယ်ဆိုတာတောင် မရောင်းပါဘူး.. အတော်လေးကို ဒုက္ခရောက်ပါတယ်.. အမှန်တော့ လက်ဘက်သုတ်လေး ဂျင်းသုတ်လေး.. ဆိတ်သားချောက်လေး စကားပြောရင်းစားချင်တာပါ.. ကျမတို့ resort နဲ့ ခပ်လှမ်းလှမ်းနေရာမှာတော့. စားသောက်ဆိုင်လေးတွေရှိပါတယ်.. ဒါပေမဲ့ western food လိုမျိုးတွေဆိုတော့ စားချင်တာနဲ့ အာမတွေ့ပါဘူး.. ဗိုက်ဝတဲ့ အစာကြီးတွေပါ.. ဒါတောင် hotel စားဖိုမှုးမြန်မာအစ်ကိုကြီးက ခင်မင်၍ ဒုတိယနေ့ lunch ပြည်ကြီးငါးသုတ်.. dinner ကြက်သားသုတ် (စပ်စပ်လေး ရှယ်ကောင်း ဗေဒါ့အကြိုက်) .. ပြန်မည့်မနက် ဆီချက်ခေါက်ဆွဲလုပ်ကျွေး၍သာ ဗေဒါ တစ်ယောက် ၀မ်းတွင်း အာသာပြေခဲ့ရတော့သည်.... အဲဒါကြောင့် မိတ်ဆွေသွားမယ်ဆိုလျှင် ညဖတ်သရေစာစားတတ်ပါက ကြိုတင်ပြင်ဆင်ယူဆောင်သွားသင့်ကြောင်း သတိပေးပါရစေ...
shopping ထွက်စရာလဲ ဘာဆိုင်မှ ရေရေရာရာမရှိုပါဘူး.. ဘာမှလဲ ၀ယ်စရာမရှိပါဘူး.. T-shirt ဦးထုပ် ဆွဲကြိုး စတဲ့ သိတ်မဆန်းတဲ့ အရာတွေပဲ ရှိပါတယ်.. အဲဒါကြောင့် အဲဒိကျွန်းပေါ်မှာ ဘာမှကုန်စရာသိတ်မရှိလှပါဘူး.. ထမင်းကလဲ အထက်မှာပြောခဲ့တဲ့အတိုင်း package မှာပါပြီးသားဖြစ်၍ hotel က breakfast, lunch and dinner buffet ကျွေးပါတယ်.. ပြောချင်တာကတော့ သိတ်ကုန်စရာမရှိတဲ့အတွက် မလေးရှားပိုက်ဆံများများလဲလာစရာမလိုကြောင်း..

နောက်နေ့မနက် တောထဲသွားမယ်ပြင်ဆင်ပြီးထွက်လာပေမဲ့ မိုးရွာလို့ မသွားဖြစ်ပဲ ရေပဲကူးဖြစ်ခဲ့ပါတယ်.. hotel ကမ်းဆပ်မှာလဲ ငါးလေးတွေကို လက်နဲ့အစာကျွေးလို့ရပါတယ်.. baby shark ရှိတဲ့နေရာသွားကြည့်တာ မတွေ့ခဲ့ပါဘူး.. အော်..နောက်ပြီး ငါးစာများများ ကိုယ့်အစီစဉ်နဲ့ ကျွေးချင်ရင်လဲ အစထဲကယူခဲ့ရပါမယ်.. အဲဒီမှာ ပေါင်မုန့်ရောင်းတဲ့နေရာရှိပေမဲ့.. ကမ်းစပ်နားမှာ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ ဆိုင်မရှိပါဘူး..
ပြီးတော့ lunch စားပြီး ပြန်အိပ်ပျော်ကြပြန်ပါတယ်.. ညနေနိုးတော့ banana boat စီးရန်သွားပေမဲ့ အိပ်ရာထနောက်ကျပြီး ကျမတို့ရောက်ချိန်မှာ ပိတ်သွားပါပြီ... ဒါနဲ့ပဲ ဓာတ်ပုံလေးတွေရိုက်ပြီးပဲ ပြန်လာရပါတယ်.. ၂ညအိပ် ခရီးဆိုပေမဲ့ ကားပေါ်မှာကုန်တဲ့ အချိန်က ၁ညပါ.. စုစုပေါင်း ၃ညအိပ် ၄ရက်ခရီးလိုပါပဲ.. ဘာမှလဲ စုံအောင်သိတ်မလုပ်ဖြစ်လိုက်ပါဘူး.. အလုပ်ကခွင့်များများမရလို့ ရသလောက်လေးနဲ့ ပျော်ခဲ့ရပါတယ်.. နောက်ထပ်လဲ ထပ်သွားပါအုံးမယ်.. resort က June, July, Aug and Sep လမိုးတွင်းကာလ ပိတ်ပြီး oct မှာပြန်ဖွင့်မှာဖြစ်ပါတယ်..


Tuesday, April 15, 2008

အိပ်မက် သင်္ကြန်...

အခန်း(၁)

ဒီနှစ်သင်္ကြန် သူနဲ့တူတူပျော်ဖို့အတွက် count down လုပ်ခဲ့ရတဲ့ရက်ရောက်ပြီ.. မနှစ်က အိပ်မက်ဆိုးတွေကိုဆေးကြောဖို့ အတွက် အားဆေးတစ်ခွက် သူဆီကတောင်းဖို့ မျှော်လင့်ချက်တွေနဲ့ ၁ကပြန်စဖို့ ကျမစောင့်စားခဲ့ရတဲ့အချိန်ရောက်ပြီ... ဒီနေ့မှ စက္ကန့်လက်တန်တွေသွားတာနှေးလိုက်တာ.. သူ ၉နာရီလာခေါ်မယ်လို့ချိန်းထားပေမဲ့ ကျမ မနက်၆နာရီထဲကနိုးနေပြီ.. ၇နာရီခွဲလောက်ထဲက ကျမပြင်ဆင်ပြီးနေပြီ..


"ကလင်..."
ဖုန်းသံ၁ချက်မည်လိုက်တာနဲ့ ချက်ချင်းကောက်ကိုင်လိုက်မိတယ်...
"သဲရေ... ကိုအောက်မှာရောက်နေပြီ.." သူ့ရဲ့ သာမန်ပြောလိုက်သော စကားသံ ၁ခုသည်.. ကျမရင်ထဲက သောကအားလုံးကို တစ်စက်မကျန် လွှင့်စင်ပပျောက်သွားနိုင်စွမ်းရှိတယ်ဆိုတာ သူသိနိုင်ပါ့မလား...
ကျမနာရီကိုလှမ်းကြည့်လိုက်သည်.. ၉နာရီ တိတိ..

စိတ်ထဲကကြိတ်၍ချီးကျူးမိသည်.. သူ့ရှေ့တွင်အမြဲ ဆရာကြီးလုပ်ကာ သူ့ကိုနှုတ်ကထုတ်၍ ချီးကျူးခဲသောကျမ ထုံးစံအတိုင်း .. ခပ်ရွဲ့ရွဲ့ပြောလိုက်သည်...
"အံမယ်... ဒီနေ့တော့အချိန်မှန်သားပဲ"...

သူက "မှန်ရမယ်လေ.. ချစ်က ကို့အတွက် စင်ကာပူကတောင်ပြန်လာရတာ.."..

"တော်ပါ.. ဝတ္ဘုထဲကစကားမျိုးနဲ့ မချွဲနဲ့.." ကျမကျေနပ်စွာပြုံး၍ပြောလိုက်သည်...

အိမ်အောက်ရောက်တော့ ကားပေါ်တွင် သူ့ဖေဖေနဲ့မေမေ ပါလာ၍ စောစောက သူပြောသောစကားများအတွက် ကျမအနည်းငယ် ရှက်မိသည်.. သူ့ဖေဖေ ကျမကို အေးချမ်းတည်ကြည်စွာ ပြုံးပြနှုတ်ဆက်သည်.. သူ့မေမေကတော့ "သမီးရေ မတွေ့တဲ့၁နှစ် အတွင်း ဝလာပြီး ပိုချစ်ဖို့ကောင်းလာလိုက်တာ" ... လို့ ဟတ်ဟတ်ပတ်ပတ်နှုတ်ဆက်သည်..

ဒီလိုနဲ့ကျမတို့ကို အင်းလျားလမ်းမပို့ခင် ရေကျော်၌ ဓာတ်ဆီဝင်ထည့်ကာ မနက်စာကို ၄၆လမ်းထိပ်က ရှမ်းခေါက်ဆွဲစားဖြစ်သည်..

စားရင်းလည်း သူ့မေမေမှ အပျော်မလွန်ရန် အရက်မသောက်ရန် စသည်ဖြင့် ဆုံးမသည်..
"သမီး.. သူ့ကို သိပ်မကဲစေနဲ့နော်"

"ဟုတ်ကဲ့ပါ.. သူကအစထဲက မသောက်တတ်တာ အန်တီလဲသိတာပဲ"

"အင်းပါ.. စိတ်ပူလို့ပြောတာပါ.. ညနေကျရင် အဲဒိမှာပဲစောင့်နေ ပြန်လာကြိုမယ်"

"ဟုတ်ကဲ့" ၂ရောက်လုံးပြိုင်တူဖြေမိသည်.. သူ့မေမေကို ကျမက ရေထည့်ပေးတော့ သူက ကျမကြားရုံလောက်လေသံဖြင့် "ဖားနေတယ်.. ဖားထား" ဟု လှမ်းနောက်သည်.. ရှက်ရှက်ဖြင့် သူ့ကို "ဘာဖြစ်လဲ" ဟုပြန်ပြောလိုက်သည်.. စိတ်ထဲမှာတော့ ပျော်ရွှင်မှုတွေနဲ့.... မျှော်လင့်ခဲ့ရတဲ့ အိပ်မက်လေး.. မက်ခွင့်ရတော့မည်.. သူရဲ့ဟန်ဆောင်မှုမရှိတဲ့ အပြုံး တစ်ချက်နဲ့တင် ကျမအတွက် အရာရာပြည့်စုံနေခဲ့သည်..

ပြည်လမ်းတွင်ကားကိုရပ်ကာ အင်းယားလမ်းအတွင်းသို့ ဝင်ခဲ့ကြသည်.. သင်္ကြန်တွင်းအင်းယားလမ်းကို တစ်ခါမှမရောက်ဖူးတဲ့ကျမ အရမ်းအံ့အားသင့်သွားသည်..လူတွေကများလွန်း၍ ခပ်ရွေ့ရွေ့သာသွားနိုင်သည်.. အရက်သမားနဲ့ ခါးပိုက်နှိုက်များကိုလဲသတိထားရသည်.. သူ့ဖေဖေကရှေ့ဆုံးမှဖောက်သည် သူ့မေမေက ကျမဘယ်ဘက်လက်ကိုကျစ်ကျစ်ပါအောင်ဆွဲထားသည်.. ကျမနောက်လက်တစ်ဘက်ကိုသူကိုင်ထားသည်... အဲဒိတွဲလက်တွေက ကျမကိုဘယ်အရာမှမကြောက်အောင်အားတွေပေးခဲ့သည်.. သူ့မေမေနဲ့ကျမလက်တွဲ ကို ကျမခိုးခိုးကြည့်မိတိုင်းပီတိဖြစ်ရသည်... ကျမညာလက်မှသူရဲ့ နွေးထွေးတဲ့ အချစ်တွေကို ကျမခံစားလို့ရသည်.. ကျမနားကပ်လာတဲ့ အမူးသမားတွေကို ကာလိုက် တွန်းလိုက်လုပ်ကာ ကျမကို ကာကွယ်နေတဲ့ သူ့ကို သူရဲကောင်းတစ်ယောက်လို့ထင်မိသည်... ထိုခဏအချိန်အတွင်းမှာ သူက ကျမကိုမင်းသမီးတစ်ပါးကဲ့သို့ ခံစားရအောင်လုပ်ပေးနိုင်ခဲ့သည်.. ကျေနပ်လိုက်သည့်ဖြစ်ခြင်း...

ထိုအချိန်တွင် မဏ္တွပ်ပေါ်မှ မီးသတ်ပိုက်က ကျမကို အငြိုးကြီးစွာမဲ၍ထိုးသည်.. ဝတ်လာမိသည့်အင်္ကျီက ဆွဲသား.. သာမာန်ဆိုလျှင်ရင်သိပ်မဟိုက်.. ရေစိုသောအခါ အင်္ကျီသားက ပျော့တွဲ၍ လေးကျလာသည်.. မီးသတ်ပိုက်ကလဲ တမင်ကျောအဟိုက် မဖြစ်ဖြစ်အောင်ထိုးသည်.. ကျမလက် ၂ဖက်လုံးကမအား.. သူ့မေမေကလဲ ကျမလက်ကိုဆွဲကာ ရှေ့ကိုသာတိုးနေသည်.. သူကလဲ ဘေးကလူတွေကိုသတိထားနေရသည်.. ကျမ မျက်နှာမော့၍စကားပြောလို့မရ.. ရေမွန်းလှသည်.. ကျမအင်္ကျီကလဲ မီးသတ်ပိုက်အရှိန်ဖြင့် လျှောသထက်လျှောလာသည်.. ကျမစိတ်ထဲမှ သူ့ကို အားကိုးတကြီးကျယ်လောင်စွာ အော်ခေါ်နေမိသည်..

ခဏတွင်းမှာပင် ရုတ်တစ်ရက် ကျမနောက်မှ သူနွေးထွေးစွာအုပ်၍ကာလိုက်သည်.. လျောနေသော ကျမအင်္ကျီကိုလဲ ပြန်ဆွဲတင်ပေးသည်.. ကျမသူကို လှည့်ကြည့်ခွင့်မရ.. ဒါပေမဲ့ ကျမအတွက်တော့ သူဟာ ထိုအချိန်တွင် စစ်ပွဲပေါင်းများစွာတိုက်လာသည့် နပိုလီယန်ထက်ခန့်ညားသည်.. အလောင်းမင်းတရားထက် သူရဲကောင်းပိုဆန်သည်..

ထိုအခိုက်အတန့်လေးသည် ကျမအတွက်တော့...
ရိုမီရို ဂျုးလီးယက်ဇာတ်လမ်းထက် ပို romantic ဖြစ်သည်.. ရှင်မွေးနွမ်း မင်းနန္ဒာထက် ပိုရင်ခုန်ဖို့ကောင်းသည်...
ခွန်ဆန်လော နန်းဦးပြင် ထက်စိတ်ဝင်စားဖို့ကောင်းသည်..

ဒီလောက် ရင်ခုန်ကြည်နူးမှုမျိုး ရှိတ်စပီးယားဝတ္တုထဲမှာပင် မဖတ်ဖူး..
ကိုရီးယားဇာတ်လမ်းကြည့်၍မခံစားဖူးဖူး...

အကယ်၍ ဒီအခိုက်အတန့်လေးဟာ သူနဲ့ကျမ သရုပ်ဆောင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုဖြစ်ခဲ့မယ်ဆိုလျှင်.. ကျမထို အခန်းကို ခဏခဏပြန်ရစ်ကြည့်မည်.. pause ၍ထားမိမည်.. ကျမဘဝမှာ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ဟု တစ်ခါမှမထင်မိ.. ဒါပေမဲ့ သူနဲ့ချစ်သူဖြစ်ရခြင်းသည် ကျမအတွက်ကံအကောင်းဆုံးဟု ထင်မိသည်..

အခန်း(၂)

ကျမအတွေးများဖြင့် ကြည်နူးမဆုံးဖြစ်နေချိန်မှာပင်.. ရုတ်တရက်ကျမ သတိထားမိလိုက်ချိန်တွင်.. ကျမညာဘက်၌ဆုတ်ထားသော သူ့ရဲ့လက်တွေသည်အေးဆက်၍မာကြောနေသော သံမဏိလက်တုကြီးတစ်ခုဖြစ်နေသည်ကို သတိထားလိုက်မိသည်.. အဲဒိ လက်တွေမှတဆင့် တဖြည်းဖြည်း သူ့ကို မော့ကြည့်မိသည်.. သူ့မျက်နှာက ခက်ထန်မာကျောနေသည်...

"ကို.. ဘာဖြစ်လို့လဲဟင်?".....ကျမအားငယ်စွာမေးလိုက်သည်..

ဒါပေမဲ့သူပြန်မဖြေ.. တစ်ဖက်သို့မျက်နှာလှည့်သွားသည်.. သူ့ အသွင်အပြင်က သောနတ္တရမုဆိုးထက် ခက်ထန်လွန်းလှသည်...

ကျမလက်တွဲကိုဖြုတ်ရန်သူကြိုးစားနေသည်..

"ကို.. ဘာဖြစ်လို့လဲ.. ချမ်းလို့လား?" သူ့လက်ကို ကျမလွှတ်မပေး.. ပြောနေရင်းပင်.. ကျမလက်၂ဖက်ဖြင့် အေးစက်တဲ့ သူ့ရဲ့လက်တွေကို နွေးအောင် ပွတ်ပေးလိုက် အာငွေ့ပေးလိုက်ဖြင့်.. နွေးထွေး နူးညံ့တဲ့ လက်လေးပြန်ဖြစ်အောင် ကျမအစွမ်းကုန်ကြိုးစားနေသည်.. ဒါပေမဲ့ ဘယ်လိုမှမရ...

"မင်းလိုချင်တဲ့ နွေးထွေးနူးညံ့တဲ့ လက်တွေပြန်ရမှာမဟုတ်ဘူးကွ.. " ...အေးစက်စက် စိတ္တဇ လူသတ်သမားလေးသံမျိုးဖြင့်သူပြောသည်..

" ဘာလို့လဲဆိုတော့ အစထဲက ငါမင်းကိုကမ်းခဲ့တဲ့လက်က အစစ်မှမဟုတ်တာ..."

"ဟင့်အင်း.. မယုံဘူး.. မယုံဘူး.. အရင်က ကို့လက်တွေက နွေးထွေးတာပဲ... " ကျမပြောပြောဆိုဆို သူ့လက်တွေကို ဒိထက်မြန်မြန်ဆက်ပွတ်သည်..

"အဲဒါ.. မင်းရဲ့နှလုံးသွေး တစ်ခုထဲနဲ့ နွေးထွေးနေခဲ့တာကွ.. မင်းမယုံချင်ရင်တော့ ငါ့ရဲ့ သံမဏိလက်ကိုဆက်တွဲချင်တွဲပေါ့.. ငါဘက်ကရတယ်.. ဒါပေမဲ့ ငါ့လက်အစစ်ကတော့ မအားဘူး.. ဒီမှာကြည့်...." သူ့စကားအဆုံးတွင် သူလက်အစစ်ကိုမြှောက်ပြသည်.. ဒါပေမဲ့ သူ့လက်အဆုံးတွင် သူနဲ့လက်တွဲထားသောမိန်းကလေးတစ်ယောက်.......

"တွေ့လား... ဒီမှာ.. ငါ့လက်အစစ်ကမအားဘူးဟ.. သူနဲ့လက်တွဲထားတာ ၃နှစ်ရှိပြီ...မင်းကမင်းကိုမင်း သိပ်အထင်ကြီးလွန်းတာကိုး..."

သူ၏ အကြင်နာမဲ့ အေးစက်စက်စကားလုံးများက ကျမနှလုံးသားကို ထုံဆေးမပေးပဲ ဆေးမှင်စုတ်ထိုးနေသလိုနာကျင်လှသည်... စောစောကကဲ့သို့ရေမွန်း မနေပင်မဲ့ ကျမအသက်ရှူရကျပ်လာသည်... အိပ်မက်သာဆိုရင် ခုချက်ချင်းနိုးရပါလို၏...

"ဒါ... ဒါဆို.. ဘာလို့....?" ကျမ စကားလုံးတွေ လည်ချောင်းဝမှာတစ်နေ၏.. ရင်ထဲရှိသမျှ.. ခံစားရသမျှ.. သိလိုသမျှကို စကား ၁ခွန်း ၂ခွန်းထဲနှင့်ပြည့်စုံအောင်ပြောရန် ကျမအတွက်စကားလုံးတွေ မရှိ... ကျမအားအင်တွေချိနဲ့လာပြီး မတ်မတ်ရပ်ဖို့ပင်အားမရှိတော့....

ကျမစိတ်ထဲမှ မေးခွန်းပေါင်းများစွာ မေးနေမိရင်း လက်တုကြီးကိုဆွဲထားတဲ့လက်တွေကို သေချာကြည့်မိတော့.. ဟုတ်သည်.. သူနဲ့ချစ်သက်တန်းတစ်လျှောက် ကျမကသာ ဒီလက်ကို ဘာတွေပဲဖြစ်ဖြစ်ကြိုးစားဆုတ်ကိုင်နေခဲ့သူဖြစ်သည်.. ကျမတို့၂ယောက်၏တွဲလက်သည် ကျမနှလုံးသွေးတစ်ခုထဲနှင့်သာ နွေးထွေးနေခဲ့သည်.. အနာကျင်ဆုံးအရာကတော့ စိတ်ဆိုးစိတ်ကောက်၍ သူ့ကိုကျမထားသွားတော့မည်ဟု ပြောမိတိုင်း သူကျမကိုမတားခဲ့ခြင်းပင်...

အတွေးများနှင့်နယ်လွန်နေသော ကျမ လက်တုကြီးကိုကျစ်ကျစ်ဆက်ကိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိကာ.. အနည်းငယ်အားရော့သွားချိန်မှာပင်... သူကျမကို ကျောခိုင်း၍ သူ့ချစ်သူဟူသောကောင်မလေးနှင့် ထွက်ခွာသွားပြီ..

ကျမအသံကုန်အော်ခေါ်သည်... သူမကြားနိုင်တော့...
ကျမရဲ့မျက်ရေတွေက သူ့အတွက်တော့ တန်ဖိုးမဲ့လွန်းသွားပြီ..

ကျမသူ့နောက်ကိုပြေးလိုက်သွားမည်လုပ်လိုက်တော့ ကျမဘယ်ဘက်လက်ကို သူ့မေမေကဆွဲထားသည်..

"ဟာ.. အန်တီ.. လွှတ်ပါ.. သူထွက်သွားပြီ.. သမီးလိုက်ခေါ်မလို့" ကျမ အလျှင်စလိုပြောလိုက်သည်..

"အို... မလွှတ်ပါဘူး.. ငါ့သားအတွဲကို ညဉ်းနှောက်ယှက်မှာစိုးလို့ တမင်ဆွဲထားတာ.. ဟိုမိန်းကလေးက ချမ်းသာတယ်.. မိဘတွေလဲမရှိတော့ဘူး.. ညဉ်းနေခဲ့တော့ဟယ်.." ပြောပြောဆိုဆို ကျမကိုတွန်း၍ ထွက်သွားသည်...

ကျမရဲ့ အတိတ်တွေကိုသူစိုးမိုးခဲ့သည်..
ကျမရဲ့ အနာဂတ်စီမံကိန်းတွေထဲသူပါသည်..
ဒါပေမဲ့ ကျမရဲ့ ပစ္စုပန်မှာ သူကျမကိုကျောခိုင်းသွားပြီ...

သူဖြေးဖြေးချင်းလျှောက်နေသောခြေလှမ်းတွေကို.. ကျမ အားကုန်ပြေးလိုက်သော်လည်း ဘယ်လိုမှမမှီနိုင်တော့ပါ..

တဖြေးဖြေး... ဝေး၍.. ဝေး၍....


အခန်း(၃)

"သမီး.. သမီး... ထတော့လေ.. ဘာဖြစ်နေတာလဲ.. ရော့ရေသောက်လိုက်" ကျမ မေမေအသံ ကြားတော့မှ ကျမ အသိဝင်လာသည်.... မျက်လုံးဖွင့်ကြည့်လိုက်တော့ စင်္ကာပူ တိုက်ခန်းအိပ်ယာပေါ်တွင်...

"ရေသောက်ပြီး အိပ်ရာထတော့.. ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ ဘုရားရေသပ္မါယ် အိမ်ရှင်း ဘုန်းကြီးကျောင်းလဲလိုက်ပို့ပေးအုံး.."
ပြောပြောဆိုဆို မေမေအခန်းပြင်ပြန်ထွက်သွားသည်...

အခန်းပြင်၌ ဖေဖေဖွင့်ထားသော "ချမ်းမြေ့ပါစေ" သီချင်းကိုခပ်သဲ့သဲ့ကြားနေရသည်..

ဒီနှစ်သင်္ကြန် ၅ရက်ကို ကျမ စင်္ကာပူမှာ ကြိုးစားပြီးမသိချင်ယောင်ဆောင်နေလို့ရပေမဲ့.. ကျမ မသိစိတ်ကဒဏ်ရာက အိပ်မက်ထဲထိ ခြောက်လှန့်နေခဲ့သည်..

ချစ်သူ ဖြစ်ခါစက သူပြောခဲ့သော စကားလေးကို ရေရွတ်မိသည်... "ပျော်အောင်ထားပါ့မယ်... တဲ့လား ကိုရယ်..."

ကျမကိုနားအလည်ဆုံး နဲ့ အချစ်ဆုံး ဖေဖေနဲ့မေမေက ဒီသင်္ကြန်တတွင်းလုံး မအားရလေအောင် ကျမအတွက်စီစဉ်ပေးခဲ့သည်.. ကျမကိုဂရုစိုက်တဲ့.. ကျမကိုလိုအပ်တဲ့.. ကျမ မိသားစုအတွက် ကျမဆက်၍အသက်ရှင်သန်ရအုံးမည်.. ကျမကြောင့် ကျမ မိသားစု စိတ်မဆင်းရဲစေရ.. ကျမ အိပ်မက်ဆိုးက နိုးထခဲ့သလို.. အတိတ်ဆိုးက လွတ်မြောက်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်...

နှစ်သစ်အတွက် ကျမ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ချင်တာကတော့.....

"လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ...."

အချစ် နှင့် အိမ်ထောင်ရေး

အချစ်ဆိုတာ ဘာလဲ။

ဆရာက ပြောတယ်။
မင်းရဲ့ မေးခွန်းကို ဖြေဖို့အတွက် မင်း စပါးခင်းထဲကို သွားပါ။
အကြီးဆုံး စပါးနှံ (စပါးစေ့ ဆိုရင်လည်း ရမှာပါ။ မြင်သာအောင် စပါးနှံလို့ ပြောတာ) ရွေးယူပြီး ပြန်လာခဲ့လို့ မှာလိုက်တယ်။
ဒါပေမယ့် စည်းကမ်းက စပါးစိုက်ခင်းတန်းတစ်ခုကို တစ်ခါပဲ ဖြတ်ရမယ်။ ပြန်လှည့်ပြီး ကောက်ခွင့် မရှိဘူးတဲ့။
ဒါနဲ့ ကျောင်းသားက လယ်ကွင်းထဲ သွားတယ်။ ပထမတန်းကို ဖြတ်တဲ့အခါ စပါးနှံကြီး တစ်ခုကို မြင်တယ်။
ဒါပေမယ့် သူ ထင်တာ နောက်တစ်တန်းမှာ ဒီထက်ကြီးတာ တွေ့နိုင်သေးတယ်ပေါ့။
နောက်တော့ စပါးခင်း တစ်ဝက်လောက်မှာ သူ တွေ့သမျှ စပါးနှံတွေက ပထမ သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့အခါ သူ နောင်တ ရခဲ့တယ်။
နောက်ဆုံးမှာ လက်ဗလာနဲ့ ဆရာ့ဆီ ပြန်ခဲ့တယ်။
ဆရာ သူ့ကို ပြောတာက
အဲဒါ အချစ်ပဲ။ မင်းက နောက်ထပ် ဒီထက် ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ်။ ဒါပေမယ့် ကောင်းတဲ့တစ်ယောက်ကို မင်း ဆုံးရှုံးခဲ့ပြီဆိုတာ နောက်တော့မှ မင်းသိလာမယ် တဲ့။

လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲ။

ကျောင်းသားက ထပ်မေးပြန်တယ်။ ဒါဆို လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲတဲ့။
ဒီတော့ ဆရာက ပြောတယ်။
ဒီတစ်ခါ ပြောင်းဖူးခင်းထဲ သွားပါ။
အကြီးဆုံး ပြောင်းဖူးယူပြီး ပြန်လာပါလို့ ဆိုသတဲ့။ စည်းကမ်းကတော့ ပထမ စည်းကမ်းအတိုင်းပဲပေါ့။
ဒီတစ်ခါတော့ ကျောင်းသားက နပ်သွားပြီဆိုတော့ စောစောကလို မမှားဖို့ သေချာ ဂရုစိုက်ပြီပေါ့။
ပြောင်းခင်းအလယ်လောက်မှာတော့ အလယ်အလတ် ပြောင်းဖူးတစ်ဖူးကို သူ ကျေနပ်စွာ ကောက်ယူပြီး ဆရာ့ဆီ ပြန်လာခဲ့တယ်။
ဆရာ ပြောတာက
ဒီတစ်ခါတော့ မင်းပြောင်းဖူး တစ်ဖူး ယူလာနိုင်ပြီ။ မင်း စိတ်ထဲမှာ မင်းကောင်းတာ ရှာတွေ့တယ်၊ မင်း အကောင်းဆုံး ရခဲ့တယ် ဆိုတဲ့ ယုံကြည်စိတ်ချမှု ရှိနေတယ်။ တကယ်တော့ ဟုတ်ချင်မှ ဟုတ်မယ်။
လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာ အဲဒီလိုပါပဲ တဲ့။

P.S ကိုပီကေ blog မှတိုက်ရိုက်ကူးယူဖော်ပြထားသည်..

Saturday, April 05, 2008

Some of the songs that i can only listen currently



I am still collecting these songs in mp3 format and when i have them all, i will make a song track at the side bar. These songs dedicated for those who has been heart broken. For those who met with betrayer. For those who chose the wrong person in the past. So don't worry coz every one has encounter the feeling called heart broken. You are not alone. What you need to do is forgive, forget and keep moving on the right track. You know what, you still can continues to love someone even he/she is not yours now or you can find new one and others can't call you are betrayer or You will find your success awaiting you to get it. You have many more choices to do now. I am neither conforting nor giving excuses for being left behid or cheated by your loved one.
Well, anyway..... I am also still struggling those feeling though but i am sure i will handle it someday. Somehow... I think i've changed a little bit for the good. I admit that i still love him. I still dream about him but i was crying in the dream whenever he is in my dream. How wonderful the power of mind. huh...

I would like to appoligize for all the friends who has been reading my myanmar blog for not able to write with myanmar font. But i have good reasons.

1. My computer at home got formatted and can't see myanmar font in Internet explore even though i have instralled the font.All i can see are the square.

2. From these days onward, I want to study proper English for my future plan and want to practise some of the writing skill. So you are welcomed to correct me any grammer mistakes,spelling mistakes and so on.

3. Due to my current conditions, I have not enought strength to write down all those feeling in myanmar. If not one post will cost my one litre of tear.

I think you all would understand me and forgive me for not writing in myanmar. Don't be disappointed coz i will write with myanmar when i feel like writing. Ok?

All the best and Enjoy the music. Make sure you listen to the song and understand the meaning. You are welcome to give a suggestion or idea for more song with these kind of meaning and If you have with mp3 format Pls email to mabaydar@gmail.com.
"Too little too late" by JoJo with lyric



"What goes around comes around" by Justin Timberlake with lyric



"Stranger" by Hilary Duff with lyric



"So Yesterday" by Hilary Duff with lyric

Sunday, March 30, 2008

အချစ်ဟောင်း.... သို့


ဒီ music video လေးနဲ့ ဒီသီချင်းလေးက ကျမကို ရှေ့ဆက်ဖို့အားပေးနေတယ်... လွန်ခဲ့တဲ့ ၁ပတ်လောက်က သူ့ကိုပြောချင်ခဲ့တဲ့ (တချို့စကားတွေလဲပြောဖြစ်ခဲ့တဲ့) ဗေဒါဘလောက်မှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကရေးချင်ခဲ့ပေမဲ့ ရေးဖို့အားမရှိခဲ့တဲ့အတွက် မရေးဖြစ်ခဲ့တဲ့စကားလုံးတွေ အစား... ခု recovery ပြန်ဖြစ်တဲ့အချိန်စကားလုံးတွေကို ခံစားပေးပါ.. နောင်တချိန် fully recover ဖြစ်သွားရင်.. လွန်ခဲ့တဲ့ ၁ပတ်က ခံစားချက်ကို ရင်တွင်းဖြစ် စကားလုံးစစ်စစ်တွေနဲ့ ဖော်ပြပေးပါ့မယ်...

MV လုပ်ထားတဲ့ မိန်းကလေးရဲ့ ခံစားချက်နဲ့ ခုကျမရဲ့ခံစားချက် တထပ်ထဲကျတဲ့အတွက် သီချင်း အဓိပ္မါယ်ကို သေချာနာလည်ပြီး.. MV ထဲကစာတန်းလေးတွေကိုလဲ ဂရုတစိုက်ဖတ်သွားစေချင်တယ်....

ချစ်သူတဖြစ်လဲ လတ်လတ်ဆတ်ဆတ် အချစ်ဟောင်းရေ...../

ဒုတိယနေရာကို ရောက်မှန်းမသိရောက်ခဲ့ရတဲ့ ငါ့အဖြစ်ကို ခုချိန်ကစပြီးမသနားတော့ဘူး... သင်ခန်းစာပဲယူတော့မယ်... နင့်ချစ်သူအပေါ် သစ္စာရှိနိုင်ပါစေ.... နောက်ထပ် မိန်းကလေးတွေကို ငါ့လိုမခံစားရပါစေနဲ့ဟာ...

ိငါကတော့ နင့်ကို ချစ်ခဲ့တဲ့ စစ်မှန် သစ္စာရှိတဲ့ ငါ့အချစ် အတွက်အမြဲ ခေါင်းမော်နိုင်ပါတယ်... ငါ့အချစ်တွေနဲ့ ထိုက်တန်တဲ့ နောက်လူတွေ့ရင်လဲ ငါ ဒီလိုပဲ ယုံကြည်ချစ်အုံးမှာပဲ.... ငါ့ကို တုံးတယ်ပဲပြောပြော အရူးပဲဆိုဆို အချစ်စစ်ဆိုတာ ရှိတယ်ဆိုတာကိုငါ ယုံကြည်ထားတုံးပဲ... ဘာလို့လဲဆိုတော့ လူထဲကလူတစ်ယောက်ဖြစ်တဲ့ ငါ့မှာတောင် ဒီလိုအချစ်မျိုးရှိသေးတာ... ငါ့လိုလူမျိုးနဲု့ ငါမတွေ့သေးလို့ပါ... ဒါပေမဲ့ ငါလိုက်တော့ရှာနေမှာမဟုတ်ဘူး...

အချစ်စစ်ဆိုတာ back up မရှိဘူး.. နီးတာဝေးတာမရှိဘူး.... တွေဝေမှုမရှိဘူး... နင်အဲဒိလို အချစ်မျိုးမခံစားဖူးမှန်း သိရတော့ ငါနင့်ကိုသနားတယ်.. နင့်နေရာမှာ တစ်ခြားအရာတွေကိုအစားထိုးပျော်တတ်တဲ့ နင့်ရဲ့ချစ်သူကို နင်မခံချင်လို့ပဲဖြစ်စေ... ငါ့ကိုအစားထိုးပြီးပဲ ဖြစ်စေ.. ငါနင့်ကိုချစ်ခဲ့တဲ့အချစ်အတွက် ငါကျေနပ်တယ်.. အချစ်ဆိုတဲ့ ခံစားချက်ကို ငါခံစားပြီးမှတော့... အသဲကွဲတယ်ဆိုတာကြီးကိုလဲ ငါခံစားရတာမဆန်းပါဘူး... ငါဟာ နင့်အတွက် ဒုတိယနေရာကဖြစ်ခဲ့ပေမဲ့ နင့်ကိုချစ်တဲ့နေရာမှာတော့ ငါ့ကိုဘယ်သူ့မှနိုင်မယ်မထင်ဘူး... အဲဒိအတွက်ငါက ဒုတိယနေရာက ပထမလူအဖြစ် ငါ့ကိုယ်ငါခံယူတယ်... ရည်းစား၂ယောက် ၁ပြိုင်ထဲထားပြီး နောက်ဆုံးအချိန်ထိ ငါ့ကိုချစ်တယ်လို့ နှစ်သိမ့်တဲ့စကားအတွက်ကျေးဇူးပဲ.. ဒါပေမဲ့ ငါ့အတွက်တော့ မလိုအပ်တော့ပါဘူး.... သားရဲ့ရည်းစား ၂ယောက်လုံးကို ဘာမှမဖြစ်သလို ဆက်ဆံခဲ့တဲ့ နင့်မိဘတွေလိုမိဘမျိုးရှိတယ်ဆိုတာလဲ ခုမှပဲကြုံဖူးတော့တယ်.. နားလည်မလားတော့မသိဘူး ပြောပြချင်တယ်.. နားမလည်လဲ မှတ်ထားလိုက်.. "ကိုယ့်သားသမီးမှ သားမဟုတ်ဘူး... သူများလဲ သွေးနဲ့မွေးထားတဲ့ သားသမီးပဲ.. ကိုယ်ချင်းစာတယ်ဆိုတဲ့စကားလုံးကိုနားမလည်ရင်တောင် သုံးဖူးကြားဖူးမှာပါ"... အပြစ်ပြောတာမဟုတ်ပါဘူး... မသိသေးဘူးထင်လို့ပြောပြတာပါ.. ငါကတော့ အသဲကွဲရုံအပြင် သင်ခန်းစာတွေအများကြီးရသွားတဲ့အတွက်... ဒီ relationship ကတန်ပါတယ်.. ငါခံစားလိုက်ရပေမဲ့ "အချစ်စစ်"ကိုလဲမယုံဘူး..ငါလဲကြုံရာကိုအစားထိုးလိုက်မယ်တော့မထင်နဲ့.. ဒီသင်ခန်းစာအတွက် "အချစ် သစ္စာနဲ့ ယုံကြည်နားလည်မှု ကတိ မျှော်လင့်ချက် သတ္တိ စွန့်လွှတ်ခြင်း" စတာတွေကို ငါပိုတန်ဖိုးထားလာတယ်.. ငါ့မှာရှိနေတဲ့ အဲဒါတွေကိုလဲ တန်ဖိုးပိုမြှင့်ပြီး ထိမ်းသိမ်းသွားမယ်...

တချိန်တနေ့ ဆုံတွေ့ခဲ့ရင်တောင် ငါနင့်ကို ခေါင်းမော်ပြီး ရင်ဆိုင်နိုင်မယ်လို့ ငါယုံတယ်... အဆိုး၁ခုထဲက အကောင်းတွေအများကြီး ငါရခဲ့တဲ့အတွက် မဗေဒါတို့ကတော့ ပန်းပန်လျက်ပဲလို့............


OVER YOU


Now that it's all said and done,
I can't believe you were the one
To build me up and tear me down,
Like an old abandoned house.
What you said when you left
Just left me cold and out of breath.
I fell too far, was in way too deep.
Guess I let you get the best of me.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.
I'm slowly getting closure.
I guess it's really over.
I'm finally getting better.
And now I'm picking up the pieces.
I'm spending all of these years
Putting my heart back together.
'Cause the day I thought I'd never get through,
I got over you.

You took a hammer to these walls,
Dragged the memories down the hall,
Packed your bags and walked away.
There was nothing I could say.
And when you slammed the front door shut,
A lot of others opened up,
So did my eyes so I could see
That you never were the best for me.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.
I'm slowly getting closure.
I guess it's really over.
I'm finally getting better.
And now I'm picking up the pieces.
I'm spending all of these years
Putting my heart back together.
'Cause the day I thought I'd never get through,
I got over you.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.

Well, I never saw it coming.
I should've started running
A long, long time ago.
And I never thought I'd doubt you,
I'm better off without you
More than you, more than you know.
I'm slowly getting closure.
I guess it's really over.
I'm finally getting better.
And now I'm picking up the pieces.
I'm spending all of these years
Putting my heart back together.
Well I'm putting my heart back together,
'Cause I got over you.
Well I got over you.
I got over you.
'Cause the day I thought I'd never get through,
I got over you.

Thursday, March 20, 2008

1 litre of Tears (J-drama review)

လွမ်းရ ဆွေးရ ငိုရတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကို ကြိုက်ကြလားဟင်? ဗေဒါကတော့ လုံးဝမကြည့်ချင်ဘူး.. ရုပ်ရှင်ကြည့်တယ်ဆိုတာ အပန်းဖြေဖို့... စိတ်ညစ်စရာတွေရှိရင်တောင် ရုပ်ရှင်ကြည့်နေတုံးတော့ ခဏမေ့နေချင်လို့... ဒီတော့ ငိုရတဲ့ကားတွေ အဆွေးကားတွေ အတတ်နိုင်ဆုံးရှောင်ကြည့်တယ်...
ရုပ်ရှင်သဘောအရ တခါတလေငိုရတာကို ဆိုလိုတာဟုတ်ဖူးနော်.. ဇာတ်လမ်းကိုက အဆွေးဇာတ်ဖြစ်နေတာမျိုးတွေကိုပြောတာ...

အဲဒါကြောင့်မို့လဲ ဒီ" 1 LITER OF TEARS"ဇာတ်လမ်းကို သိတာကြာပင်မဲ့ ဗေဒါမကြည့်ခဲ့ပါဘူး.. ဒါပေမဲ့ ဘယ်နေရာ(forum)သွားသွား ဒီရုပ်ရှင်ကိုတော်တော်များများက ကောင်းတယ်လို့ ချီးမွမ်းကြတယ်.. rating ကလည်းကောင်းတယ်... ဒါနဲ့ပဲ တခြားကားတွေလဲ ကြည့်စရာကုန်နေတာနဲ့ ဒီ "1 litre of Tears" ဆိုတဲ့ကားလေးကို ငိုရမှာသိပေမဲ့ ရုပ်ရှင်ပဲလေဆိုပြီး စိတ်ပြင်ဆင်ပြီးကြည့်ဖြစ်ခဲ့တယ်...

ဒီကားလေးက Spinocerebellar ataxia လို့ခေါ်တဲ့ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါခံစားခဲ့ရတဲ့ ရောဂါသည်တစ်ဦးရဲ့ ဖြစ်ရပ်မှန်မှတ်တမ်းတစ်ခုကို အခြေခံဇာတ်လမ်းစဉ်ပြီး လွမ်းဆွေးစရာ ကျန်းမာခြင်းဆိုတာ တန်ဖိုးထားစရာ သင်ခန်းစာရစရာအဖြစ်တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ...

ဇာတ်လမ်းလေးအကြောင်းနဲနဲတော့ပြောပြမယ်နော်... SPOILER လို့တော့မထင်ပါနဲ့.. ဒီဇာတ်လမ်းကို နာမည်ရော ရောဂါသည်ဆိုတာရောသိပြီးမှတော့ နောက်ဆုံးဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရမှာပါ.. ဒါပေမဲ့ သူဘယ်လောက် နောက်ဆုံးအချိန်ထိစိတ်ဓာတ်ကြံ့ခိုင်လဲ?သူဘယ်သူတွေကို အကျိုးပြုခဲ့လ?ဲ သူ့မိသားစုက သူမနဲ့အတူ ဘယ်လိုရင်ဆိုင်ခဲ့ရလဲ? သူမရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လောက်ကြေကွဲဖို့ကောင်းသလဲ? စသည်ဖြင့် ပြောပြရင်တောင်မမှီပဲ ကြည့်မှ ရသပိုမြောက်မှာမို့ ပြောပါရစေ...

အထက်တန်းဝင်ခွင့်စာမေးပွဲဖြေမဲ့နေ့မှာ Aya တစ်ယောက် ဘတ်စ်ကားပေါ်အိပ်ပျော်ပြီး မှတ်တိုင်ကျော်သွားလို့ ပြန်ပြေးအလာ စာမေးပွဲမဖြေဘူးဟုဆုံးဖြတ်ထားတဲ့ Azou Haruto ဆိုတဲ့ကောင်လေးနဲ့စတင်ဆုံခဲ့တယ်.. Aya ချော်လဲပြီး ဒူးပွန်းသွားလို့ Azou ကစက်ဘီးနဲ့လိုက်ပို့ရင်း ၂ယောက်လုံး စာမေးပွဲဖြေဖြစ်ခဲ့ကြတယ်..

Aya Ikeuchi အကြောင်းပြောရရင်တော့ သူမမှာ ပျော်တတ်ပြီး သမီးတွေကိုသဝင်တိုတတ်တဲ့ အဖေရယ်.. စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမေရယ်.. မုန့်ဖိုးနဲနဲပဲရလို့အမြဲ complaint ပြီး အဖေနဲ့ရန်အမြဲဖြစ်တတ်တဲ့ညီမတစ်ယောက်ရယ်.. လိမ္မာပြီး Aya စကားနားထောင်တတ်တဲ့မောင်တစ်ယောက်ရယ်.. ကျောင်းမနေသေးတဲ့ ချစ်စရာ ညီမသေးသေးလေးတစ်ယောက်ရယ်ရှိတယ်.. Aya က စာတော်ပြီး Basketball ကစားလဲတော်တယ်.. သူမက သူမsenoir Basketball player ၁ယောက်ကို အရင်ထဲက crush ဖြစ်နေခဲ့တယ်... senior senpie ကလဲ သူမကို သဘောကျတယ်..

Asou Haruto ဆိုတာကတော့ ဆေးရုံအုပ်ကြီးရဲ့သား.. လူတွေကိုကူညီတတ်တဲ့ စိတ်ကောင်းရှိ အရည်ချင်းရှိတဲ့ သူ့အစ်ကို ရေနစ်သေပြီးထဲက "လူဆိုတာ ဘယ်လောက်ကြိုးစားကြိုးစားသေရမှာပဲ" ဆိုပြီး မှုန်ကုတ်ကုတ်နဲ့ လောကကြီးကိုစိတ်ကုန်ပြီး ရည်မှန်းချက်ပျောက်နေတဲ့ ကောင်လေးပေါ့.. အားလုံးကသူ့ကိုဆရာဝန်ဖြစ်စေချင်ပေမဲ့ သူ့ကိုသူဘာလုပ်ရမှန်းမသိဖြစ်နေသူ.. ဒါပေမဲ့ သူလဲစာတော်တယ်.. အမြဲဘုပြောတတ်ပေမဲ့ သနားကြင်နာတတ်တယ်..

ဒီလိုနဲ့ ၂ယောက်လုံး အထက်တန်းတတ်ဖြစ်တော့ တစ်တန်းထဲကျတယ်.. အထက်တန်းကျောင်းစတဲ့ နေ့မှာပဲ Aya တစ်ယောက် အိမ်ကပြေးထွက်လိုက်တာ သူ body က control လုပ်လို့မရပဲ ချော်လဲပြီး မေးစေ့ကွဲသွားရော.. ဒီလိုနဲ့ဆေးရုံသွားရင်း ကျန်းမာရေး အသိရှိပြီး သားသမီးတွေကို ဂရုစိုက်တတ်တဲ့ အမေက သူ့သမီး ချော်လဲတာ လက်နဲ့ မထောက်ပဲ မေးနဲ့ကျတာကို သံသယရှိလို့ body check up ပါလုပ်ခိုင်းခဲ့တယ်.. အဲဒိနောက် တုန်လှုပ်စရာကောင်းတဲ့ ဆေးစစ်ချက်ကို Aya အမေတစ်ယောက်ပဲ ကျိတ်မှိတ်ခံစားခဲ့တယ်.. တခြားဆရာဝန်တွေကိုလဲ လိုက်တိုင်ပင်တယ် internet မှာလဲ research တွေရှာတယ်…
အဲဒိရောဂါက ဦးနှောက်နဲ့တော့ပတ်သတ်တယ်.. ဘာဖြစ်တာလဲတော့သေချာမသိဘူး… အဲဒိရောဂါဖြစ်ရင် ပထမ အနီးအဝေးမချိန်တတ်တော့ဘူး.. ခန္ဒာကိုယ်ထိမ်းချုပ်လှုပ်ရှားမှု တစ်စတစ်စလျှော့နည်းလာပြီး.. လမ်းမလျှောက်နိုင်ဖြစ်ပြီး wheelchair နဲ့နေရမယ်.. နောက်ဆုံး စကားမပြောနိုင် အစားစားရင် နင်မယ်..ကောင်ကောင်းမမြိုနိုင်တော့ဘူး.. နောက်ဆုံး အိပ်ရာပေါ်လဲမယ်… စတဲ့နာတာရှည်အသက်ဆုံးနိုင်တဲ့ရောဂါပေါ့…. ကိုယ်အင်္ဂါထိမ်းချုပ်မှုမရတော့ပေမဲ့… အသိစိတ်ကတော့ အပြည့်ရှိနေပါတယ်.. ကုသဖို့နည်းလဲခုထိမတွေ့သေးပါဘူး...

သေချာတဲ့အနာဂတ်မရှိပေမဲ့ သူမရဲ့ COURAGE နဲ့ POSITIVE ATTITUDE အရကျောင်းဆက်တက်မြဲ.. သူငယ်ချင်းများနဲ့တူတူ ပညာသင်ခဲ့ပါတယ်... သူမအချစ်ဦး Yuji စွန့်ခွာသွားပြီးနောက် သူမပေါ်မှာအေးစက်စက် ဆက်ဆံတတ်ပေမဲ့ အမြဲအားပေးဂရုစိုက်တတ်တဲ့ Asou Haruto နဲ့မေတ္တာမျှခဲ့ပါတယ်... နောက်ဆုံးသူမအသက်၂၅နှစ်မှာငြိမ်းချမ်းစွာ စွန့်ခွာသွားပေမဲ့ အသက်ရှင်ကျန်ခဲ့တဲ့သူတွေကို အကောင်းဘက်ပြောင်းလဲအောင် လမ်းပြပေးခဲ့တယ်... Aya ဆုံးပြီး Asou တစ်ယောက်ဆရာဝန်ဖြစ်ခဲ့ပုံ.. Aya ကိုလဲမမေ့ခဲ့ပုံ.. Aya ညီမလေးလဲ အရင်ကစာမကြိုးစားပေမဲ့ နောက်ဆုံး ကြိုးစားပြီး Nurse ဖြစ်ခဲ့ပုံကို Special Episode မှာပြသခဲ့ပါတယ်...

ဒီလိုရောဂါဆိုးကြီးကို Aya နဲ့အတူ သူမ မိသားစုဘယ်လိုရင်ဆိုင်ခဲ့ကြပုံ.. ရောဂါဆိုးလာတာနဲ့အမျှ တဖြည်းဖြည်းဘာတွေ စွန့်လွှတ်ခဲ့ရပုံ.. ရောဂါသည်မှန်းသိတော့ အချစ်တုကစွန့်ခွာသွားပြီး အချစ်စစ်နဲ့ ဘယ်လိုသံယောဇဉ်ဖြစ်ခဲ့ပုံ ... အကောင်းကနေ handicapped ဘဝမှာလူတွေရဲ့အကြည့်ကို ရင်ဆိုင်ရပုံ.. ဘဝကိုအရှုံးမပေးပဲ တတ်နိုင်သလောက်လူတွေကို ဒုက္ခိတဘဝနဲ့တင်အလင်းပြကူညီခဲ့ပုံ.. စတဲ့ အလွမ်း အဆွေး သင်ခန်းစာယူစရာ တွေကို.. အချစ်ဇာတ်လမ်းလေးရောပြီး မပျင်းရအောင် မင်းသမီးချော Erika Sawajiri နဲ့ မင်းသားချော Ryo Nishikido တို့ကပိုင်ပိုင်နိုင်နိုင်ရသမြောက်အောင် သရုပ်ဆောင်သွားကြပါတယ်..

အထူးသဖြင့်တော့ အဓိကသရုပ်ဆောင် Erika ပါ.. 2005 မှာထုတ်လုပ်ခဲ့ချိန်မှာ Erika ရဲ့အသက် ၁၉နှစ်ပဲရှိပါအုံးမယ်.. မင်းသား Ryo ကတော့ ၂၁နှစ်ပေါ့.. ဒါပေမဲ့ Episode ၁ခုမှာ ပရိတ်သတ်ကို တကယ် " 1 litre of Tears" ကျလောက်အောင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြသွားပါတယ်..ပုတ်ခပ်တယ်လို့တော့မထင်စေချင်ပါ.. မြင်တာလေးပြောချင်တာပါ.. မြန်မာပြည်က နာမည်ရ သရုပ်ဆောင်တွေရဲ့အသက်အရဆို အဖေ အမေခန်း တောင်ရိုက်ခိုင်းလို့ရပါတယ်.. (ထားလိုက်ပါတော့ သူတို့အကြောင်းနောက်မှပဲပြောမယ်..)

ခုတော့ အောက်မှာပြထားတဲ့ Fun make MV လေးတွေကို ကြည့်စေချင်ပါတယ်.. သီချင်း ၃ပုဒ်လုံးက အဲဒိထဲက ဇာတ်ဝင်သီချင်းတွေပါ.. ဒီဇာတ်လမ်း ၁၁ ပိုင်းလုံးကြည့်ဖို့အချိန်မရသူများအတွက် ဒီ MV လေးတွေကြည့်ရင် အချိန်တိုအတွင်း တစ်ကားလုံး အနှစ်လေးတွေ အမြည်းခံစားလို့ရမယ်ထင်ပါတယ်...


ဒီသီချင်းကတော့ opening song ပါ.. ဇာတ်လမ်းထဲမှာလဲသုံးပါတယ်.. K ရဲ့ Only Human လို့အမည်ရပါတယ်.. သီချင်းအဆုံးမှာ Aya, Disable ကျောင်းကိုပြောင်းသွားတဲ့နေ့မှာ သူမ Classmate တွေ ကျောင်းကပွဲမှာ သူမခေါင်းဆောင်ဆိုခဲ့တဲ့ သီချင်းနဲ့နှုတ်ဆက်ကြတဲ့ အခန်းပါ.. အဲဒိနောက်ကတော့Haruto နဲ့ Aya Memory sence လေးတွေပါ...



ဒီ Video လေးကတော့ ကျမဘယ်တော့လာမလဲ လာမလဲနဲ့ စောင့်ခဲ့ရတဲ့ အခန်းလေးပါ.. Haruto ရဲ့ ချစ်ရေးဆိုတဲ့ အခန်းပါ.. သူ ရည်းစားစကားပြောချိန်မှာ Aya တစ်ယောက် စကားတောင်ကောင်းကောင်း မပြောနိုင်တော့ပါဘူး.... Aya နဲ့ တတွဲတွဲလုပ်နေထဲက Haruto အဖေ ဆေးရုံအုပ်က Haruto ကို ဒီကောင်မလေးကို မင်းချစ်မယ်ဆိုရင် Mentally prepare လုပ်ထားဖို့.. သူ့အနေနဲ့တော့ မဖြစ်စေချင်ကြောင်း ကြိုသတိပေးခဲ့တဲ့ကြားက ချစ်မိသွားတာပါ.. Aya နဲ့ ချစ်ပြီး သူဆရာဝန်ဖြစ်အောင် ကြိုးစားနေတဲ့သားကို သူ့အဖေလဲ အဆိုးထဲက အကောင်းအနေနဲ့နောက်ပိုင်း ဘာမှ မပြောတော့ပါဘူး... သူချစ်ရေးဆိုတဲ့ ဇာတ်ကွက်လေးက တကယ့်ကို Bitter Sweet ပါပဲ.. စိတ်ထဲမှာ maricle happen ပြီး ချစ်သူ ၂ယောက်ကို ပေါင်းစေချင်လိုက်တာ.. Haruto လိုချစ်သူမျိုးလဲ လိုချင်လိုက်တာ.. (ဟီး.. ကြော်ငြာဝင်တာ).. video clip လေးက 5 mins ပဲ ကြည့်သွားပါ.. ခံစားသွားပါ...


ကျမရဲ့ ရုပ်ရှင်ရူးသွပ်မှုကို အဆုံးထိ လာရောက်မျှဝေခံစားပေးတဲ့ စာဖတ် သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့....

Sunday, March 16, 2008

မှတ်ကရော မဗေဒါ

မြန်မာဇာတ်လမ်းတွေခိုးချတာနဲ့ပတ်သတ်ပြီး ကျမကြုံဖူးတဲ့အဖြစ်ပျက်လေးကို ရယ်စရာအနေနဲ့ပြောပြချင်ပါသေးတယ်...

အဲဒိတုန်းက မြဝတီမှာ "ဆောင်းဦးရွက်ကြွေချစ်သက်သေ"ပြပြီးတော့.. ဒွေး ခန့်စည်သူ ထက်ထက်မိုးဦး မြတ်ကေသီအောင် တို့ပြန်ရိုက်တဲ့အချိန်ပေါ့.. သိကြတဲ့အတိုင်းပဲ မဗေဒါတို့ကလဲ မမှီပဲခိုးချတဲ့ကားဆိုရင် အပြင်းအထန်ကို ဆန့်ကျင်တတ်တော့ ကိုယ်တိုင်လဲသွားမကြည့်ဘူး.. မဗေဒါနဲ့သိတဲ့သူတွေဆိုလဲ စပ်စုချင်တဲ့စိတ်လေးနဲ့တောင်သွားမကြည့်ဖို့တိုက်တွန်းတယ်..

တနေ့ ကျမနဲ့ ကျမမောင်တဝမ်းခွဲ လှည်းတန်းသွားစရာရှိလို့သွားရင်း... စံပြရုပ်ရှင်ရုံရောက်တော့ အဲဒိကားတင်ထားတာကိုတွေ့တော့.. copy နဲ့ပတ်သတ်ပြီး sensative ဖြစ်တတ်တဲ့ကျမက ဓာတ်ပြားဟောင်းထပ်ဖွင့်ပြီး အပြတ်ကိုရှုတ်ချတော့တာပါပဲ...

"ဟဲ့.. အဲဒိကားက ဟိုကားကိုခိုးချထားတာမှတ်လား.. သူတို့မို့အရှက်မရှိဘူး.. မင်းသမီး မင်းသားက သူ့ဟာနဲ့သူဆို ကြိုက်တယ်.. ဒါပေမဲ့ ကိုရီးယား ဂျွန်စော အွန်စော က အဖေ အမေ ခေါ်လို့ရတယ်.. ထယ်ဆောက်သရုပ်ဆောင်တာများ သူမျက်ရည်ဝိုင်းနေတာကြည့်တာနဲ့ ဒီမှာတရွှဲရွှဲဖြစ်နေပြီ.. ခန့်စည်သူက.............................. မြတ်ကေသီအောင်ကရော......................"


bus car ကလဲသိတဲ့အတိုင်း ငပိသိတ် ငချဉ်သိတ် လူတင်ဖို့စောင့်နေတာတော်တော်နဲ့မထွက်ဘူး...

ကျမကလဲထုံးစံအတိုင်းပေါ့.. အဆက်မပြတ်ကိုပြောတာ....
".....မြဝတီမှာလဲပြပြီးသားကြီး အားလုံးကြည့်ဖူးနေတာ.. ဘယ်သူကထပ်ကြည့်မှာလဲ...ကြည့်တဲ့သူတောင်ရှိမှာမဟုတ်ဘူး....ကြည့်ချင်တဲ့သူရှိရင် ငါအိမ်ခေါ်ပြီး ORIGINAL ကားကိုပြလိုက်မယ်"

အဲဒီအချိန်မှာ bus ပေါ်ကို ငါးဗန်းတွေ ဈေးဗန်းတွေနဲ့ ဈေးသယ် အဒေါ်ကြီး ၃ယောက်တက်လာပါတယ်.. သူတို့နေရာတကျဖြစ်ပြီဆိုတာနဲ့ ခပ်ဝဝဈေးသည်အဒေါ်ကြီးက ကျန်တဲ့အဖော်၂ယောက်ကိုအားရပါးရ ပြောလိုက်တဲ့စကားကြောင့် မဗေဒါတစ်ယောက် ဘာဆက်ပြောရမှန်းမသိအောင်ကို ကလိကလိနဲ့အူယားခဲ့ရပါတယ်..

သူဝမ်းသာအားရပြောနေတာကတော့..........

"ဟယ်.. ညည်းတို့အဲကားကြည့်ပြီးပြီလား? အရမ်းကောင်းတာပဲတော်.. သနားစရာကောင်းလိုက်တာမပြောနဲ့.. ထက်ထက်မိုးဦးက ကလေးချင်းမှားပြီး ဒွေးတို့အိမ်ရောက်သွားတာ.....Blur blur blur.. ခန့်စည်သူလေးကတော်.... blur blur... သူတို့မောင်နှမ မဟုတ်တာသိပြီး ချစ်ကြတာ.. ကျုပ်မှာ ငိုလိုက်ရတာတော်........blur blur blur blur......."

ပြောနေတဲ့အဒေါ်ကြီးကလဲ ကျမနိုင်ငံခြားဇာတ်လမ်းတွေကြည့်ပြီးပြန်ပြောပြရင် ဖြစ်တဲ့ မျက်လုံးမျိုးနဲ့တောက်ပနေတာပဲ.. ကျန်တဲ့၂ယောက်ကလဲ အရမ်းကိုပဲ ထမင်းမစားရနေပါစေ ခုပဲဆင်းကြည့်ချင်နေတဲ့ပုံမျိုး.. အားကျတဲ့ မျက်လုံးတွေနဲ့...

အဲဒိအချိန် ကျမမောင်လေးစပ်ဖြီးဖြီးပြောလိုက်ပုံက "သူတို့ကိုနင့်အိမ်ခေါ်သွားပါလား" တဲ့..

ကဲ.... မှတ်ကရော.. မဗေဒါရေ.. ကျမဘာမှပြန်မပြောနိုင်ပဲ.. ကိုရီးယားကားထဲမှာ စိတ်ပုတ်မ ချောက်ချခံလိုက်လို့ ပါးစပ်အဟောင်းသားဖြစ်နေတဲ့မင်းသမီးလို ဖြစ်သွားပါတော့တယ်.. (ဟီး.. အမှန်တော့ ကိုရီးယားသရုပ်ဆောင်တော်တော်များများလုပ်တာ ကားတိုင်းလိုလိုမှာ တွေ့ရတယ်.. ဒါပေမဲ့ ကိုယ့်ကိုကိုယ်မင်းသမီးနဲ့ လျှော့လျှော့ပေါ့ပေါ့ နှိုင်းလိုက်တာ... ချိတ်ချိုးနဲ့.... ဟတ်.. ဟတ်..)
Type the rest of your post here.

Monday, March 03, 2008

ရှက်တတ်ရင်လဲသေဖို့ကောင်းတဲ့ ခိုးချထားသော မြန်မာဇာတ်လမ်းများ (၁)

မပြောချင်လို့ ငြိမ်နေတာကြာပါပြီ... မြင်မိတိုင်း ကြည့်မိတိုင်း သိမိလိုက်တိုင်းလဲ ဒေါသစိတ် ရှက်စိတ် အားမလိုအားမရစိတ် သနားစိတ် မခံချင်စိတ် ဝေဖန်ချင်စိတ်တွေ တဖွားဖွားပေါ်လာအောင်လဲ သူတို့လုပ်နိုင်တယ်.. သူတို့ဆိုတာ ဘယ်သူရှိမလဲ မြန်မာပြည်က ရုပ်ရှင်လောက ကလူတွေပေါ့..
ဒီလောက်ရသစုံပေးနိုင်လို့ သူတို့ရဲ့ဖန်တီးမှုတွေ သိပ်ကောင်းလို့နေမှာလို့ မထင်လိုက်နဲ့နော်.. တကယ်တန်းတော့ သူတို့ရဲ့ တီထွင်ဆန်းသစ်မှုမရှိတဲ့ အနုပညာနဲ့ နိုင်ငံတကာရဲ့ ရုပ်ရှင်ကားကောင်းတွေကို မမှီပဲခိုးချပြီး ပရိတ်သတ်တွေကို စော်ကားနေတာ အဆိုတော်ကြက်ဖ ဆိုတဲ့သီချင်းလို "ရှက်တတ်ရင်လဲသေဖို့တောင်ကောင်းပါတယ်"

စာရေးဖို့ပျင်းနေတဲ့ကျမကို ဝေဖန်ရေးတွေ ရေးချင်စိတ်ပေါ်လာအောင် တွန်းအားပေးလိုက်ပုံကတော့ ဒီလိုပေါ့...

ရုပ်ရှင်ဆိုရင် ဘယ်နိုင်ငံက ကားပဲဖြစ်ဖြစ် ကောင်းရင် ကျမကြိုက်တယ်.. ဒီတော့ ကိုရီးယား ဂျပန် တရုတ် အန္ဒိယ အင်္ဂလိပ် စသည်ဖြင့် လက်လှမ်းမှီသလိုကျမကြည့်တယ်.. ကောင်းတာလေးတွေဆိုရင်လဲ ဝေမျှချင်တယ်.. အရင်ကတော့ မြန်မာကားတွေလဲကြည့်တယ်.. တခါတလေ panesula plaza ကနေကို $3 ပေးပြီးကြည့်ခဲ့ဖူးတယ်.. ဒါပေမဲ့ ကျမရဲ့ $3 နဲ့ cityhall အသွားအပြန်လမ်းစရိတ်သာကုန်တယ်.. နောက်ဆုံး ရလိုက်တဲ့ ရသကတော့ ဒေါသ နဲ့ နောင်တပါပဲ..

ဒီလိုနဲ့မြန်မာကားတွေနဲ့ကျမ အဆက်ပျက်နေခဲ့တယ်.. burmeseclassic မှာ free ကြည့်လို့ရတာတောင် ပေးရမဲ့အချိန်ရယ် ကြည့်ပြီးရမဲ့ အကုသိုလ်ရယ်နဲ့ မတန်လို့ မကြည့်ဖြစ်တာကြာပါပြီ..

ဒါပေမဲ့ တစ်ရက် အလုပ်မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတစ်ယောက် ဘေးမှာ burmeseclassic ကနေ ရုပ်ရှင်ဖွင့်ကြည့်တော့ ကြုံလို့တစ်ချက်တစ်ချက်လှမ်းကြည့်ဖြစ်တယ်..

ကြည့်နေတဲ့ကားက "မာယာသော့ချက်"တဲ့.. သူထူးစံ နဲ့ မယ်လိုဒီ(တုံးတယ်ပဲပြောပြော တစ်ခါမှမကြားဘူးသော မင်းသမီးသစ်) .. ကားစလာထဲက လူကြမ်းသရုပ်ဆောင်တွေရော နေဆန်းရော သူထူးစံရော naturalမဟုတ် သရုပ်ဆောင်နေမှန်းသိသာတဲ့ အမူအရာ တွေနဲ့ဘာတွေပြောနေကြမှန်းတော့မသိ.. နောက်တော့ စားသောက်ဆိုင်တစ်ခုမှာ မယ်လိုဒီ က သီချင်းတွေအကြာကြီးဆိုနေတာကို သူထူးစံကထိုင်ကြည့်တာတွေ့တယ်.. အဲ... ခဏလဲနေရော ဘယ်သူတွေနဲ့မှန်းမသိ ပြစ်ကြခက်ကြရော.. နောက်တော့ သူထူးစံ အောက်စိုက်ပြစ်လိုက်တဲ့ ကျည်က ဘယ်လိုကဘယ်လို မယ်လိုဒီ မျက်လုံးကို ရှက်ထိသွားလဲတော့ ကျမလဲမသိတော့.. မယ်လိုဒီမျက်စိကန်းရော.................. ကဲ...... ဒီဇာတ်လမ်းက ရုပ်ရှင်အစပိုင်း 5 mins လောက်ပဲရှိပါသေးတယ်.. ဒါပေမဲ့ ကျမသိလိုက်ပါပြီ.. အထင်လဲသေးတယ်.. ရှက်လဲရှက်တယ်.. စာဖတ်ပရိတ်သတ်ထဲမှာလဲ မူရင်းရုပ်ရှင်ကိုကြည့်ဖူးတယ်ဆို ဒီလောက်ဇာတ်လမ်းသိရင် original ဘယ်ကားလဲ ခန့်မှန်းလို့ရမှာပါ...

ဟောင်ကောင် ကနေ hollywood မင်းသားဖြစ်သွားတဲ့ မင်းသားကြီး "Chow Yun-Fat" (starred in Curse of golden flower, The bullet Proof monk, etc.) ရဲ့ "The Killer" ဆိုတဲ့ကားကို တိုက်ရိုက်ခိုးချထားတာပါ... စိတ်ပျက်လွန်းလို့ ထအော်မိတယ်.. "ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံသာရှိတော့မပေါ့" ... ဟင်း.. ဒီလိုပြောရအောင်လဲ သူတို့တုလို့မရဘူးဆိုတာလဲသိပြီးသားဖြစ်မှာပါ... လုံးဝ အသစ်အဆန်းကို ထွင်နိုင်တဲ့ idea မရှိတော့ လွယ်လွယ်ပဲ အာဒ္နိနဒါနာကံကို ကျူးလွန်ကြတယ်ထင်ပါ့....

သူတို့အပြစ်ကြီးပဲတော့ လုံးလုံးမပြောလိုပါဘူး... မြန်မာ့ရုပ်ရှင်အစည်းအရုံးအဖွဲ့ချုပ်က တစ်လမှာ မြန်မာကား ဘယ်နှစ်ခွေ မရိုက်မနေရ ရိုက်ရမယ်.. ဒါ့အပြင် censor ခွင့်ပြုချက်မှာကျ ဟိုဇာတ်လမ်းမရ ဒီလို မပြောရ ဟိုလိုမလုပ်ရ .. မြန်မာပြည်မှာဆင်းရဲသားမရှိလို့ အရမ်းမွဲတေနေတဲ့ ဆင်းရဲသားကားမရိုက်ရဆိုပဲ(ကြားတာပဲ ဟုတ်မဟုတ် အာမ မခံ).. ဒါပေမဲ့ ခိုးကူးခွေကျတော့ ထိထိရောက်ရောက်အရေးမယူပေး... COPY RIGHT RULE ဆိုတာကမရှိ.. သူတို့လဲ ဘယ်ကြိုးစားချင်မလဲ.. ဒါကသူတို့ဖက်က စဉ်းစားကြည့်ပေးတာ...

အဲ.... ခိုးကူးဆိုလို့ ကျမကိုယ်တိုင်လဲ ကြုံရင်တော့ ခိုးကူးပဲဝယ်တာပဲ.... ဒါကလဲ customer right ပဲ.. ဈေးပေါတာပဲဝယ်မှာ.. သူတို့ ကြိုးစားမှုကလဲ ဒီလောက်ပဲတန်တာ.. ခိုးကူးခွေကြောင့်သာဆိုရင် နိုင်ငံခြားရုပ်ရှင်တွေလဲ အသစ်ထွက်ပြီဆိုတာနဲ့ internet မှာ download လုပ်လို့ရပြီ.. streaming website တွေမှာ free ကြည့်လို့ရတယ်.. ဒါဆို သူတို့ဘာလို့ မြတ်နေသေးတာလဲ? ဒီနေရာမှာ QUALITY စကားပြောပြီ.. အနုပညာကိုပြောင်မြောက်အောင်တင်ဆပ်နိုင်ရင် ပရိတ်သတ်ကလဲ တန်ရာတန်ကျေးပေးကြည့်မယ်လို့ ကျမယုံကြည်တယ်

ခုလိုရေးရတာ ကိုယ့်နိုင်ငံကိုအထင်သေးပြီး သူများနိုင်ငံကိုအထင်ကြီးနေတာလဲမဟုတ်ပါဘူး... ဖြစ်စေချင်တဲ့ဆန္ဒပါ.. လူ လူချင်းတူတူ သူတို့တွေးနိုင်လုပ်နိုင်ရင် ကိုယ်လဲလုပ်နိုင်ရမယ်... copy ကူးမယ်ဆိုလဲ သူတို့ထက်မကောင်းတောင် သူတို့လောက်တော့မှီအောင်လုပ်ပေါ့.. ကိုယ်ကနောက်မှလုပ်တဲ့သူပဲ ဒိထက်ကောင်းအောင်လုပ်ဖို့အခွင့်ရေးရှိတယ်.. ထွက်ပြီးသားမူရင်းက ပြန်ပြင်ဖို့ အခွင့်ရေးမရှိတော့ဘူး... ကူးချရင်လဲ ကူးချတဲ့အလျှောက်မာန်လေးတော့ရှိကြစမ်းပါ...

ငါတို့နိုင်ငံကတော့ သူတို့ကိုဘယ်ယှဉ်လို့ရပါ့မလဲဆိုတဲ့ အကြောင်းပြချက်တွေကမခိုင်လုံဘူး... ခုဆို ASIA က သရဲကားတော်တော်များများကို HOLLYWOOD ကပြန်ကူးချပြီးတောင်ရိုက်နေရပြီ...
The ring(japan), One miss called(japan), the eye(HK),Shutter(Thailand)... ကားတွေကို US ကတောင် remake ပြန်လုပ်နေရပြီ.. Thailand ဆိုတာလဲ မြန်မာပြည်နဲ့ မတိမ်းမယိမ်းနိုင်ငံပါ.. သူတို့တွေလုပ်နိုင်နေတဲ့ အချိန်မှာ မြန်မာက Chow Yun-Fat ရဲ့ ရှေးပဝေသဏီက ကားကိုကူးချတာမမှီဘူးဆိုတော့... တကယ်ပါ... မြန်မာ့အနုပညာကို ဒီလိုဖြစ်အောင်လုပ်တဲ့သူ... ခင်ဗျားတို့အားလုံး.. ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်လို့ပဲ ပြောချင်ပါတော့တယ်....

တိုက်ရိုက်ခိုးချထားသော မြန်မာ ဗွီဒီယိုများကို ထပ်၍ ရှာဖွေတွေ့ရှိထားပါသည်.. နောက်ပိုစ့်များတွင်တစ်ခုချင်းဝေဖန်သွားပါမည်.. စာဖတ်သူများ ကြုံကြိုက်၍တွေ့ရှိသော ဇာတ်လမ်းများနာမည်နဲ့ မူရင်းဇာတ်လမ်းနာမည်/နိုင်ငံ ကိုလဲ comment မှာဝေငှသွားနိုင်ပါတယ်.. ကျမကမြန်မာကားသိတ်မကြည့်ဖြစ်လို့ပါ..
လောလောဆယ်ကျမသိသလောက်မြန်မာကားခေါင်းစဉ်လေးတွေအောက်မှာဖော်ပြလိုက်ပါ့မယ်.. original ဘယ်ကားတွေဖြစ်မလဲဆိုတာ ကြည့်ပြီးတဲ့သူတွေသိရင် comment လေးမှာဖြေခဲ့နော်.. နောက်ပိုစ့်တွေကျရင်အဖြေပြောပြမယ်..

တစ္ဆေတစ်ကောင်၏အငြိုး.. ဝေလုကျော် + သဇင်
အချစ်မှာအပြစ်မရှိပါ........ လွင်မိုး + ထွန်းအိန္ဒြာဗို
ဝိဥာဏ်လိပ်ပြာ ....... လူမင်း + အိန္ဒြာကျော်ဇင်
ဆယ်လူလာ …............ လူမင်း + မို့မို့မြင့်အောင်
နေကြတ်ချိန်............... နေတိုး + စိုးပြည့်သဇင်

(မှတ်ချက်.. ဤပိုစ့်ကို မည်သူ့ကိုမှထိခိုက်စေလို၍ရေးခြင်းမဟုတ်.. ကျမ၏ထင်မြင်ချက်ကို ဥာဏ်မှီသလောက်ဖွင့်ဟထားသောကြောင့် လွတ်လပ်စွာသဘောထားကွဲလွဲနိုင်သည်)

Monday, February 18, 2008

သူငယ်ချင်းသို့… ကျေးဇူးတင်လွှာ..

ဒီနှစ်မွေးနေ့မှာ ကျမတခါမှ မရဘူးတဲ့ ထူးခြားတဲ့ လက်ဆောင်တခုကို မမျှော်လင့်ပဲ ခင်ခဲ့တဲ့ သူငယ်ချင်းတယောက်ဆီက မမျှော်လင့်ပဲ ရခဲ့တယ်..
တကယ်တော့ ဒီနှစ်မွေးနေ့ မှာ ကျမ ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ရတယ်.. ယုံကြည်မှုတွေ အရည်ပျော်ခဲ့တယ်… ခွန်အားတွေ အငွေ့ပြန်ခဲ့တယ်… အိမ်မက်တွေ ပျက်စီးခဲ့ရတယ်.. တသက်လုံး ယုံကြည်အားကိုးချင်ခဲ့တဲ့ သူတယောက်လက်အောက်မှာ ကျမရဲ့မျှော်လင့်ချက်တွေဖျက်စီးခံခဲ့ရတယ်…
အသဲကွဲလို့ မျက်ရည်တရွှဲရွှဲဖြစ်နေ ရမယ့်အရွယ်လဲ မဟုတ်တော့ပါဘူး.. ပြီးသွားရင် ဘာမှမဟုတ်တော့ဘူးဆိုတာကိုလဲ နားလည်ပါတယ်.. ဒါပေမဲ့ ခံစားရတာတော့ ရင်နဲ့အမျှပါ..
ဒါပေမဲ့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံးပျော်အောင်နေတယ်.. ကျမကို ဂရုစိုက်တဲ့… ကျမကို ချစ်တဲ့ မိသားစုကို ကျမကိုယ့်ဘာသာကိုယ် ရှာလာတဲ့အပူမပေးချင်ဘူး..
အဲဒီအချိန်မှာပဲ ကျမ ဘလော့ရေးရင်း မထင်မှတ်ပဲ ခင်စရာကောင်းတဲ့ သူငယ်ချင်းတယောက်ရလာတယ်..
သူက ကျမ ဘလော့ရေးချင်စိတ်မရှိတာကို ပြန်ရေးချင်အောင်တိုက်တွန်းပေးခဲ့တယ်..
သူက ကျမ စကားပြောဖော်လိုနေတဲ့ အချိန် အဖော်လုပ်ပေးခဲ့တယ်..
သူက new year ညမှာ ကျမကို အားပေးခဲ့တယ်…
သူက ကျမ အထီးကျန်နေချိန်မှာ ကျမ တယောက်ထဲ မဟုတ်ဘူးဆိုတာကို အလင်းပြခဲ့တယ်..
ခုလဲ သူက ကျမ အတွက် အရမ်းကို အမှတ်တရဖြစ်စေမဲ့ မွေးနေ့လက်ဆောင် ပေးပြန်ပြီ…
သူက ကျမ နဲ့ ရွယ်တူ ...
သူက ကျမ နဲ့ ပြိုင်ဘက်အထက်ကျောင်းက….
သူက တော့ အားလုံးသိတဲ့ ဘလော့ဂါ Blackdream ပေါ့…
သူပေးတဲ့ လက်ဆောင် လေးကို သူ့ရဲ့ ခွင့်ပြုတောင်းဆိုမှုအရ ကျမရဲ့ဘလော့မှာ ဖော်ပြလိုက်ပါတယ်….
ဒီပိုစ့်လေးဟာ ကျမ ဘ၀အတွက် ဘာအခက်ခဲတွေရှိရှိ ရှေ့ဆက်ဖို့အတွက် အားဆေးတစ်ခွက်ပါပဲ…
တကယ်ကို တန်ဖိုးကြီးပြီး အမှတ်တရ နဲ့ တဘ၀လုံးအတွက် ဖူလုံစေတဲ့ လက်ဆောင်ကောင်းလေးပါ….
သူငယ်ချင်းရေ … နင်နဲ့ခင်ရတာ ငါဝမ်းသာတယ်ဟာ..

--------------------------------။-----------------------------------

သို့….

သူငယ်ချင်း

မနေ့က ငါတို့ စိုက်ပျိုးခဲ့တဲ့ အိပ်မက်တစ်ခုဟာ ဒီနေ့မှာ ငါတို့ ဘ၀တွေ အဖြစ်ရှင်သန်လာခဲ့ပြီ…။ တစ်ချို့က ပြောတယ် အိပ်မက်ဆိုတာ အိပ်ယာကနိုးရင် ပျက်ဆီးသွား ကြတယ်တဲ့…။ မဟုတ်ဘူး….။ အဲဒီ့စကားကို ငါငြင်းတယ်…။ တကယ်တော့ အိပ်မက်ဆိုတာ မျှော်လင့် ချက်တစ်ခုရဲ့ ရေသောက်မြစ်ပဲ…။ အိပ်မက်ဆိုတာ ခံစားချက်တစ်ခုရဲ့ မှန်တစ်ချပ်ပဲ…။ အိပ်မက်ဆိုးတွေ အ ကြောင်းတော့မပြောပါနဲ့ ငါတို့ ညတွေ ခါးကုန်လိမ့်မယ်…။ အမှန်တော့ အိပ်မက်တွေဆိုးတာဟာ ငါတို့ရဲ့ ခံစားချက်တွေ ကိုယ်တိုင်က ဆိုးနေကြလို့ပါ…။

လူတစ်ယောက်ရဲ့ ဘ၀မှာ အခက်အခဲဆုံး အချိန်ကိုပြပါဆိုရင်…။ ငါကတော့ ဖြစ်သင့်တာ နဲ့ ဖြစ်ခြင်တာ စစ်ခင်းတဲ့ အချိန်ကိုပဲ ပြရလိမ့်မယ်…။ ဦးနှောက်နဲ့ နှလုံးသား စစ်တုရင် ကစားရင် ဘယ်သူနိုင်မယ် ထင်လဲ? ငါကတော့ ဦးနှောက်ဘက်က ငါ့ဘ၀ကို ထပ်တယ်..။ အပ်ကြောင်းထပ်နေတဲ့ ဘ၀ရဲ့ အစီအစဉ် မကျနမှုတွေနဲ့ အဆင်မပြေမှုတွေဟာ တကယ်တော့ စိတ်ဓာတ်ရင့်ကျက်သူ တွေ အတွက် အကောင်းဆုံး ဟာသတွေပါပဲ…။ တကယ်တမ်းက လူတွေရူးနေကြတာပါ…။ နှလုံးသားဆိုတာ အစကတည်းက စဉ်းစားဖို့မှ မဟုတ်ဘဲ…။ ခံစားတတ်ရင် လုံလောက်ပြီ…။ သူ့တာဝန်ကျေပြီ....။

မသေချာမှုတွေ ခြေချင်းလိမ်နေကြတဲ့ ဒီလောကကြီးထဲမှာ တစ်ခုခုကို သေချာဖို့ကြိုးစား မိတဲ့ ငါတို့ကိုယ်တိုင်ကသာ အဓိက တရားခံတွေပါ…။ မပူပါနဲ့…။ ကံကြမ္မာ တရားသူကြီးက ဘ၀ခုံရုံးမှာ ငါတို့ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုကို သတ်မှတ်ပေးပါလိမ့်မယ်…။ ငါတို့ဘက်က ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ပဲ လိုအပ်တာပါ…။ ကောင်းတာဘဲ ဖြစ်ဖြစ်…။ ဆိုးတာဘဲ ဖြစ်ဖြစ် ငါတို့ လက်တော့ခံကြရ လိမ့်မယ်…။ ဘာလို့လဲဆိုတော့ သူရဲ့ဆုံးဖြတ်ချက်ဟာ ငါတို့လုပ်ရပ်တွေရဲ့ အရိပ် တစ်ခုဖြစ်နေလို့ပဲ သူငယ်ချင်း.....။ ငါတို့သတ္တိ ရှိဖို့တော့လိုမယ်နော်…..။

လိုအပ်တာနဲ့ လိုချင်တာ ဆိုပြီးနှစ်မျိုးသာ ရှိတဲ့ ငါတို့ဘတွေတွေထဲမှာ ဦးစားပေးတော့ မှန်ဖို့ လိုတယ်…။ လိုချင်တာတွေနောက်ကိုချည်း လိုက်နေကြမယ်ဆိုရင်တော့ ငါတို့ဘ၀တွေ အတွက် တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေကနေ ပိုပြီးဝေးသွားနိုင်တယ်…။ လိုချင်တာတွေရရင် ပျော်ရွှင် ပြုံးပျော်တတ်ကြတဲ့ ငါတို့တွေ… အရာရာကို ဆုံးရှုံးလိုက်ရပြီဆိုရင်လည်း အဓိပ္ပါယ်ရှိရှိ မျက်ရည်ကျတတ် ကြရမယ်လေ…။ ဘ၀တွေ အထပ်ထပ်ဖူးပွင့်နေတဲ့ လောကသစ်ပင်ကြီးထဲမှာ ငါတို့ဟာလဲ ဝေချိန် တန်ဝေပြီး ကြွေချိန်တန် ကြွေရမယ့် ပန်းတစ်ပွင့်ပါဘဲ…။

နောက်ဆုံးအနေနဲ့ ငါလက်ဆောင်တစ်ခုလောက် ပေးခဲ့ချင်တယ်…။ ဒီလက်ဆောင်ဟာ ငါတို့ရဲ့ ဒီလောကမှာ အမြင့်မြတ်ဆုံး လူသားတစ်ယောက်က ပထမဆုံး စပြီးပေးခဲ့တဲ့ လက်ဆောင်ပေါ့…။ အချိန်တွေ ဘယ်လိုဘဲ ပြောင်းပြောင်း…။ နေရာတွေ ဘယ်လိုပဲ ပြောင်းပြောင်း…။ အမြဲတန်း တန်ဖိုးရှိ ပြီး ထာဝရလှပနေ..တန်ဖိုးရှိနေမယ့် လက်ဆောင်တစ်ခုပေါ့…။ ဖြစ်နိုင်ရင် တခြားသူငယ်ချင်းတွေကိုလည်း ဒီလက်ဆောင်လေးကို အလျင်းသင့်ရင် သင့်သလို ပေးလိုက်ပါ…။ သူတို့အတွက်လည်း အဖိုးတန်ပါလိမ့်မယ်...။

ငါပေးမယ့်လက်ဆောင်က တစ်ခြားမဟုတ်ပါဘူး…။ စကားလုံးလေး တစ်လုံးပါဘဲ…။ ဥာဏ်ရှိသလို အသုံးတည့်ရင် တည့်သလို သုံးလို့ရပါတယ်…။ ဒီလောကကြီးကနေ ငါတို့ အပြီးအပိုင် မထွက်ခွာသ၍ပေါ့….။

“ ယောနိသော မနသိကာရ”…… သင့်တင့် လျောက်ပတ်စွာ နှလုံးသွင်းနိုင်ပါစေ။


Type the rest of your post here.

Wednesday, February 06, 2008

ဘလော့ပေါ်က မဗေဒါ့ မွေးနေ့.. အားမနာနဲ့နော်..

ဒီနေ့ မဗေဒါ မွေးနေ့လေ.. လာလည်တဲ့ blogger သူငယ်ချင်းတွေကို ကျွေးဖို့ ချက်နေတယ်.. ခါတိုင်းဆိုရင်တော့ ခင်တဲ့အပြင်သူငယ်ချင်းတွေကို ဖိတ်ပြီး အိမ်မှာ အုန်းနို့ခေါက်ဆွဲ ကျွေးလေ့ရှိတယ်.. မဗေဒါက အုန်းနို့ခေါက်ဆွဲကြိုက်လို့လေ.. ဗေဒါ အစ်မကလဲ အုန်းနို့ခေါက်ဆွဲ specialist လေ… သူကလိုက်လုပ်ပေးတာလဲပါတာပေါ့နော်.. ပြီးတော့ အိမ်ကမိသားစုအားလုံးကလဲ အိမ်မှာချက်ပြီး အလှူလုပ်ရတာ ကြိုက်တယ်.. အထူးသဖြင့်.. အမိမြေနဲ့ဝေးပြီး မြန်မာအစားအစာနဲ့ဝေးနေရတဲ့ မဗေဒါ သူငယ်ချင်းတွေကို မဗေဒါ
မေမေကသနားလို့ဆိုပြီး သူ စင်ကာပူရောက်ရင်ချက်ချက်ကျွေးနေကျပဲ.. ဗေဒါမွေးနေ့ ရောက်တိုင်း ဗေဒါ ကလုပ်ချင်တယ်ပြောတိုင်း.. ပွစိပွစိပြောတတ်ပေမဲ့ အမြဲ ကိုယ်ရောစိတ်ရော အပင်ပန်းခံပြီးလုပ်ပေးတတ်တဲ့ ဗေဒါ အစ်မ အကြီးဆုံးကိုရော.. ဧည့်သည်တွေလာတိုင်း သီးခံပြီး ဧည့်ခံပေးတတ်တဲ့ အစ်မ အလတ်ရော.. အမြဲမီးဖိုချောင်ကမထွက်ရပဲ.. ပြင်ဆင်ပေးနေရတဲ့… ဖေဖေနဲ့မေမေရော.. အားလုံးကို ဖွင့်မပြောပေမဲ့.. စိတ်ထဲကကျေးဇူးသိပ်တင်တယ်.. တကယ်တော့ ဗေဒါမွေးနေ့မှာ.. ချစ်သူရှိနေဖို့မလိုပါဘူး… ဗေဒါကို ချစ်သူထက်ပိုချစ်တဲ့ ဗေဒါ မိသားစုရှိတယ်… သူတို့ ပဲ ဆူဆူဆဲဆဲ ဆိုပေမဲ့ ဗေဒါကို စိတ်ချမ်းသာအောင် အမြဲထားတတ်တယ်.. သူတို့စိတ်ထဲဘာရှိလဲ ဗေဒါ သိတာပဲလေ… ဗေဒါကိုယ်တိုင်လဲ.. ကျေးဇူးတင်ပေမဲ့ ဘယ်တော့မှ ဖွင့်ပြောတာမှမဟုတ်တာ..


ဗေဒါ ဘလော့ကို လာလည်တဲ့ သူငယ်ချင်းတွေအတွက်တော့.. အ၀စားအစီစဉ်ရှိတယ်.. စိတ်ရှည်ရှည်သာ scroll down လုပ်သွားပေတော့…

မနက်စာကတော့ ဟောဒီမှာ….

ပဲကျွတ်ကြော်


ပဲပြုတ်နံပြား


မုန့်ဟင်းခါး



ဘဲသွေးနဲ့ အုန်းနို့ခေါက်ဆွဲ
ကြိုက်တဲ့အကြော်ထည့်စား..
ပြီးတော့ အသုတ်ဆုံ… ဘာအသုတ်စားချင်လဲ.. ချက်ချင်းသုတ်ပေးမယ်..

မနက်စာ manu ကတော့ ဒီမှာအဆုံးသတ်လိုက်မယ်…
နေ့လည်စာရော စားနိုင်သေးရဲ့လား? ဟဲ ဟဲ..

Afternoon manu....
မြန်မာထမင်းဟင်း ကြိုက်တတ်ရင် ဒီမှာရှိတယ်..
ပုဇွန်ထုတ်ဟင်း

ငါးဖယ်ဆီပြန်ဟင်း

မြင်းခွာရွက်သုတ်

ဗေဒါ့ အကြိုက်ချဉ်ပေါင်ကြော်လဲ ရှိတယ်..

စားမယ်ဆို ဒီကိုကြွပါ.. ထမင်းဝိုင်း ပြင်ပြီးပါပြီ.. လုံးဝအားမနာနဲ့နော်….


မြန်မာပြည်မှာပဲ ရှိတဲ့တရုတ်စာ ကြိုက်တဲ့ သူတွေအတွက်လဲ စီစဉ်ထားသေးတယ်..
Chinese Manu ကဟောဒီမှာ..
ဘဲကင်

ဆီချက်ခေါက်ဆွဲ

ကြေးအိုးကို လွမ်းနေသူတွေအတွက်..

စားပြီးရင်တော့ ဒုတ်လေးတွေကိုင်ထားနော်.. မဗေဒါက ပိုက်ဆံရှင်းပေးမလို့ပါ..

ဟောဒါကတော့.. ဗေဒါ့ မိသားစုရဲ့ homemade food… တရုတ်စာစားဖို့ ဒီဖက်ကိုကြွပါ…


ဝိုင်းမအားလို့ မစားရသေးတဲ့ ဧည့်သည်တွေရယ်.. စားပြီးတဲ့ဧည့်သည်တွေရယ် စကားစမြည်ပြောရင်း စားရအောင် .. မြန်မာတိုင်းကြိုက်တဲ့ မြန်မာ့ရိုးရာ လက်ဖက်သုတ်…

ဒီမှာ အချိုပွဲတွေလဲ ကျန်သေးတယ်.. ဘာစားချင်လဲပြော..
အုန်းနို့ကျောက်ကျော


ကောက်ညှင်းရွှေခြည်

ရွှေရင်အေး


ဖာလူဒါ

ကူလ်ဖီလ်မလိုင်

ice-cream Cake

အားလုံးဗိုက်တင်းတဲ့ အထိစားကြနော်.. လုံးဝအားမနာနဲ့.. ဗေဒါမွေးနေ့ကို ခုလိုကြွရောက်အားပေးကြတာ ကျေးဇူး…

Wednesday, January 30, 2008

အတွေးသစ် အရေးသစ်နဲ့ ဗေဒါ ပြန်လာပြီ...

မဗေဒါ ဘယ်ပျောက်နေလဲဆိုတာတော့ စိတ်ဆင်းရဲခံပြီးထပ်မရှင်းပြချင်တော့ပါဘူး.. နာမည်ပဲ စီးပြီး "မဗေဒါ"ရုပ်ရှင်ထဲက ဒေါ်ကြည်ကြည်ဋ္ဌေးလို အချစ်ရေးကံမကောင်းဖြစ်နေတာများလားတော့မသိ.. အမှန်တော့ မဗေဒါဆိုတဲ့နာမည်ကိုရွေးခဲ့တာက ဆရာဇော်ဂျီရဲ့ကဗျာထဲက အဓိပ္မါယ်လေးကိုသဘောကျမိလို့.. အဲဒိကဗျာထဲက ဗေဒါပန်းလေးရဲ့ ခွန်အားနဲ့မာန်လေး ကိုယ့်ဆီမှာရှိနေအောင်လို့.. ဒါပေမဲ့ ကျမရည်ရွယ်ချက်ကို cupid ကအဓိပ္မါယ်ကောက်လွဲသွားတယ်ထင်ပါ့.. ဟဲ ဟဲ.. "မဗေဒါ" ရုပ်ရှင်ထဲက ဒေါ်ကြည်ကြည်ဋ္ဌေးလို ကံမျိုးဖြစ်သွားတယ်.. ကွာတာဆိုလို့ ဒီဗေဒါကတော့ အငြိမ့်မင်းသမီးမဟုတ်တာရယ်.. ကောလိပ်ဂျင်နေဝင်းလို မိန်းမ မယူသွားတာရယ် ပဲရှိတယ်.. concept ကတော့ဆင်တယ်.. အကြောင်းအရာလေးပဲနဲနဲကွဲတာ.. အဲဒိရုပ်ရှင်ကြည့်ဖူးရင်တော့ မဗေဒါဒီရက်ပိုင်းဘာတွေဖြစ်နေလဲ ခန့်မှန်းလို့ရမှာပေါ့..

ကဲပါ.. ဒါတွေထားလိုက်ပါတော့... အစကတော့ ခံစားချက်တွေကို ဖွင့်ဟမလို့ပါပဲ.. ဒါပေမဲ့ စာဖတ်သူတွေ HEART ထိဖို့ဆိုတာက စာရေးသူရဲ့ ခံစားမှုအပြည့်နဲ့ရေးရမယ်ဆိုတော့ကာ... ခံစားချက်တွေရေးနေတုံး စင်ကာပူကြီး မဗေဒါ့ မျက်ရည်ဖုံးသွားမှာဆိုးလို့ အများပြည်သူဘေးကင်းဖို့ရာ မျှော်ရည်ပြီး အချစ်တွေခဏဘေးချိတ်ထားလိုက်တော့မယ်..

သေချာစဉ်းစားကြည့်မိပြန်တော့လဲ NEW YEAR POST လို အလွမ်း အဆွေး ပိုစ့် တွေရေးပြီး စာဖတ်သူတွေစိတ်မကောင်းဖြစ်အောင် လုပ်မိလို့လားတော့မသိ.. အဲဒိပိုစ့်ရေးပြီးထဲက တစ်ရက်မှကို စိတ်မချမ်းသာရတာ.. ဒီတော့ မဗေဒါလဲ စာပြန်ရေးမယ်ဆိုရင်တော့ စိတ်ချမ်းသာစရာကိစ္စလေးတွေ ရီစရာလေးတွေ ကြုံခဲ့ လုပ်ခဲ့ဘူးသမျှပေါက်ကရလေးတွေ ပဲရေးတော့မယ်.. စာဖတ်သူတစ်ယောက် တစ်ချက်ပြုံးအောင် မဗေဒါပိုစ့်ကလုပ်ပေးနိုင်မယ် ဆိုရင်တောင် ရွေးစိလောက်ပဲဖြစ်ဖြစ် ပျော်ရွင်မှု ကုသိုလ်လေးပြန်ရပါစေလို့ မဗေဒါ ဆုတောင်းလိုက်ပါတယ်...

မဗေဒါ ဘလော့ကို ပြစ်ထားမိတဲ့အချိန်မှာ လာရောက်လည်ပတ်အားပေးကြတဲ့ စာဖတ်သူ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့.. နောက်ကို ဒီလိုမဖြစ်ရအောင်လဲ ကြိုးစားပြီး UPDATE လုပ်သွားပါ့မယ်...

အမှန်တော့ မဗေဒါရဲ့ ဘလော့ရေးဖို့ အားမရှိနေတဲ့ စိတ်ကို ရေးခြင်စိတ်တွေပြန်ပေါ်လာအောင် တွန်းအားပေးလိုက်တာကတော့ ရမ်ဘို ၄ ပါပဲ.. ကိုမင်းတစေက CBOX မှာ ရမ်ဘိုတင်နေပြီဆိုတာကို သတိပေးသွားတာရော.. ကိုရန်ကြီးက COMMENT မှာ MOVIE REVIEW လေးတွေရေးဖို့အားပေးတာရော.. အမြဲတန်း ကျမကို ဘလော့ပြန်ရေးဖို့တိုက်တွန်းနေတဲ့ blackdream21 ကြောင့်ရောပေါ့..

ကဲ ကဲ.. ဗေဒါ လေရှည်မနေတော့ပါဘူး.. ရေးစရာ movie review တွေရော ဗေဒါ့ကိုယ်တွေ့ပေါက်ကရတွေရော ရေးလက်စ သူငယ်ချင်းများအကြောင်းလဲဆက်ရအုံးမယ်.. ဒီတော့ အမြန်မနှေး ထမီစွန်တောင်ဆွဲပြီပြေးလိုက်မယ်... အဲ မှားလို့.. အမြန်မနှေး ကလောင်သွားသွေးလိုက်မယ်.. လာလေရော့ rambo 4 review...........

Saturday, January 05, 2008

Some of the Love Quotes


"Just because her eyes don't tear, doesn't mean her heart doesn't cry. And just because she comes off strong, doesn't mean there's nothing wrong."

"Never talk about feelings if you really don't care...
Never say I love you if it isn't really there.

Never say you're gonna if you don't plan to start...
Never hold my hand if you're gonna break my heart.

Never look into my eyes if all you do is lie...
Never say hello if you really mean goodbye.

If you really mean forever then please say you'll try...
Never say forever 'cause forever makes me cry."

"The hardest part about walking away from you is knowing that you won't come after me."

"Letting go of someone you love is hard, but holding on to someone who doesn't even feel the same is much harder. Remember that giving up doesn't mean you are weak. It only means that you are strong eonugh to let go of something that was never really yours in the first place."

"Nothing is more painful than to realize he meant everything to you, but you meant nothing to him."

"The worst way to miss someone is to be standing next to them, knowing that you can never have them."

"It breaks your heart to see the one you love is happy with someone else, but it's more painful to know that the one you love is unhappy with you."

there's only one rain cloud in the entire sky & it's raining on me.
somehow i'm not surprised.


"Sometimes, loving someone means giving him the freedom to choose who and where he wants to be. This may be painful, but still be thankful, because the heartaches, the tears, the gloomy days and even the fruitless years helped you grow into a strong and wonderful person, not a bitter one."



"Tell me! what am I supposed to do?
When I count my thoughts, they're mostly you."

"Don't ever give up if you still want to try, don't ever wipe your tears if you still want to cry. Don't ever settle for an answer if you still want to know. Don't ever say you don't love him if you can't let him go."

"A silent hug means a thousands words to the unhappy heart."

"There's always going to be that one person, where no matter what he does, what he says, how many times he hurts you, you just can't let him go because he means that much to you."

"I never want to wake from this dream. In my dream, I'm with you. In reality, I'm not."

"I don't miss you and you alone; I miss you and me together."

"I heard someone whisper your name, but when I turned around to see who it was, I was alone. Then I realized that it was my heart telling me that I miss you."

"If you want to see the rainbow, you have to live through rain. If you want to feel true love, you have to feel the pain."

Wednesday, January 02, 2008

အထီးကျန်သမားတစ်ယောက်ရဲ့ NEW YEAR NIGHTMARE

New Year မရောက်ခင်........
New Year ရောက်ရင် ငါဘာလုပ်ရမလဲ? going out? count down? ဘယ်အရာကိုမှ သူမပါပဲတစ်ယောက်ထဲ မသွားချင်ဘူး.. အရင်ကတော့ သူနဲ့ ညလုံးပေါက်ချက်မယ်လို့ စိတ်ကူးထားတယ်.. ဒါပေမဲ့ချစ်သူက New Year မှာ ငါနဲ့အဝေးတကာ့အဝေးဆုံးကို ငါတားတဲ့ကြားက ထွက်သွားတယ်.. ငါ့မျက်ရည်နဲ့ သူ့ပျော်ရွှင်မှူကို လဲသွားတယ်..

အို.... တော်ပါပြီ.. ငါ့လိုပျော်ရွှင်ခွင့်မရှိတဲ့ သူတစ်ယောက်ကဘာလို့ ပျော်ရွှင်ခွင့်ကို မျှော်လင့်နေသေးတာလဲ? မျှော်လင့်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်ပေးလိုက်မယ်.. New year မှာ အလုပ်ကို overtimeဆင်းမယ်..

Dec 31 Evening...........
အလုပ်သွားဖို့ထွက်လာတယ်.. အနဲဆုံးတော့အလုပ်ကNight Shift ဆိုတော့ New Year Night မှာ အိပ်နေတာထက်ဆိုင်ရင် အဓိပ္ပာယ်ရှိအုံးမယ်.. အို.. New Year နဲ့ မဆိုင်ပါဘူး.. ငါ့ဘာသာငါ အလုပ်လုပ်ချင်လို့လုပ်တာ...

ဘာလို့ဒီလောက်အတွဲတွေများနေတာလဲ.. New Year ရောက်မှ ရည်းစားနဲ့အပြင်ထွက်ရ မှာလား? လူတွေဘာလို့ လှတပတ တွေပြင်ပြီး အပြင်ထွက်ကြ ပျော်ကြပါးကြတာလဲ?New year Night ဆိုတာကရော ဘာထူးခြားလို့လဲ? နှစ်တိုင်းရောက်နေတာပဲ.. တကယ်တော့ လူတွေအတွက် မှတ်ရလွယ်အောင် သတ်မှတ်ထားတဲ့ စာအုပ်တစ်အုပ် ကုန်လို့ နောက် တစ်အုပ် လဲတဲ့နေ့ပဲ.. ခပ်မဲ့မဲ့ အပြုံးတစ်ခုပြုံးမိတယ်.. ဒါပေမဲ့ ရင်ထဲမှာဆိုနင့်နေတယ်.. အားကျသလိုလို မနာလိုသလိုလို ...
အလုပ်မှာခါတိုင်းနေ့တွေထက် ခြောက်ကပ်နေတယ်.. Leave ယူတဲ့သူတွေ အများကြီးရှိပေမဲ့ OT လာတဲ့သူတော်တော်နဲတယ်.. Morning shift ကလူတွေကတော့ count down party အမှီသွားချင်ကြလို့ Night Shift သမားတွေအမြန်လာဖို့မျှော်နေကြတယ်.. သူတို့မျက်လုံးတွေမှာ အလုပ်ပြီးရင်ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့တောက်နေတယ်.. OT လာတဲ့ငါ့ကိုလဲ အံ့သြတဲ့ပုံတွေနဲ့ အကဲခပ်ကြတယ်.. တချို့ကလဲဘာလို့ OT လာတာလဲလို့ မေးကြတယ်..
လူမှုရေးနားမလည်တာလား.. ဘဝပေးဥာဏ်တိန်ကြတာလား..
"To Celebrate New year" လို့ အတတ်နိုင်ဆုံး ပြုံးပြီးဖြေလိုက်တယ်.. ရင်ထဲကလှိုက်လှိုက်လှဲလှဲ ပြုံးပြီး မဖြေနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ် အရှုံးသမားလို့ခံစားရတယ်... ငါ့စိတ်ထဲက ငါနောက်တယောက်ရဲ့ ဟတ်ဟတ်ပတ်ပတ် လှောင်ပြောင်ရယ်သံကို ကြားလိုက်ရတယ်..

Dinnerချိန် အလုပ်ကလူတွေနဲ့ အနီးဆုံး shopping mall တခုသွားဖြစ်တယ်.. လူတွေများကြီး ရှုပ်ရှက်ခပ်နေတယ်.. ပျော်နေကြပုံပဲ.. "What's a big deal about new year?" လို့ရေရွတ်မိတယ်.. ချစ်သူလဲဒီအချိန် သူ့သူငယ်ချင်းတွေနဲ့ပျော်နေရောပေါ့.. ဘာလို့ငါကြတော့ ငါ့သူငယ်ချင်းတွေနဲ့မပျော်တာလဲ? တော်ပြီကွာ.. မေ့ထားချင်တဲ့အကြောင်းတွေက ဘာလို့ငါ့ခေါင်းထဲရောက်ရောက်လာတာလဲ..

ငါပေးဆပ်သလောက် အမြဲငါ့ကို တန်ရာတန်ကျေးပြန်ပေးဆပ်တတ်တဲ့ ငါရှာထားတဲ့ ပိုက်ဆံတောင်ဒီနေ့ငါ့ကိုသစ္စာဖောက်ပြီး အလုပ်က locker ထဲမှာကျန်ခဲ့တယ်.. ဒါပေမဲ့ သူကချစ်သူလိုမဟုတ်ဘူး.. ကြိုက်တဲ့သူဆီကနေအစားထိုးလို့ရတယ်.. အတူထွက်လာတဲ့ လုပ်ဖော်ကိုင်ဖက်ဆီက ယူပြီးသုံးလိုက်တယ်.. ဘာမှသိတ်မစဉ်းစားဘဲ သူများကောင်းတယ်ပြောတာ ဝယ်ပြစ်လိုက်တယ်.. အနဲဆုံးတော့ ပတ်ဝန်းကျင်ကိုခဏမေ့နေနိုင်တယ်လေ..

အလုပ်ကိုပြန်ရောက်တော့ 12နာရီထိုးပြီ.. ph ထဲကို New Year msg တွေသူငယ်ချင်းတွေဆီက ခဏ ခဏရောက်တယ်.. Happy New year လို့ wish ပေးနေလိုက်ကြတာ.. သူတို့ wishes တွေကငါ့အသဲကို blade ဓားလေးနဲ့ပါးပါး မွှမ်းနေသလိုဆိုတာ သူတို့သာ သိနိုင်မယ်ဆိုရင်လေ.....

ခါတိုင်းနှောက်ယှက်နေကျ ph သရဲကလဲ ဇွဲကြီးပါ့.. ဒီလောက်အချိန်ကြာကြီး ph မကိုင် msg မပြန်ပဲနေတာတောင်.. ဒင်းက အငိုက်ဖမ်း ပြီး pfingo နဲ့ခေါ်တယ်.. ဒီလောက် ဥာဏ်မှီမယ်လို့ တွက်မထားမိဘူး.. ထင်မိတာက ချစ်သူများ သူရောက်နေတဲ့နေရာမှာ internet ဆိုင်ရှိလို့ ph ခေါ်တာလား.. ငါကန့်ကွက်တဲ့ ခရီးကို ထွက်သွားတဲ့ ချစ်သူကို အနဲဆုံး ၁ပတ်လောက်တော့ မခေါ်ပဲနေမယ်လို့ စိတ်ကူးထားတဲ့ငါ.. pfingo no. နဲ့ ph မည်တော့ မစဉ်းစားပဲကိုင်မိတယ်..

ကျိုက်ထီးရိုးမှာ မနှစ်ကရောက်တဲ့ထိတော့ INTERNET ဆိုင်မရှိဘူး.. ဒီနှစ်များရှိမလားဆိုတဲ့ ရူးနှမ်းတဲ့အတွေးကြောင့် ဘယ်သူမှ မသိပေမဲ့ တစ်ယောက်ထဲ အရှက်ကွဲခဲ့တယ်..

အလုပ် လာတဲ့သူတွေလဲ အလုပ်လုပ်ရင်း ငိုက်တဲ့သူငိုက် GAME နှိပ်တဲ့သူနှိပ် INTERNET SURF တဲ့သူ SURF နဲ့ တိတ်ဆိတ်နေတယ်.. ဘေးမှာလူတွေရှိနေရက်နဲ့ ဘာလို့ငါတစ်ယောက်ထဲလို့ ခံစားနေရတာလဲ?

ငါ့ကိုအမြဲအဖော်လုပ်ပေးနေကြ online ကရုပ်ရှင်တွေလဲ ကြည့်လွန်းလို့ ခေါင်းတောင်မူးနေပြီ.. English sub တွေတောင် အရင်လို ဦးနှောက်က အလျှင်မီဘာသာမပြန်နိုင်တော့ဘူး...

ONLINE တက်ကြည့်တယ် စကားပြောစရာအဖော်ရှိမလားလို့.... တစ်ယောက်မှ မရှိဘူး.. ရှိတဲ့ 2 ယောက်ကလဲ STATUS က "Fucking new year.." ဆိုတာတွေ.. သူတို့တွေရောဘာလို့ new year ကိုမုန်းတာလဲ.. အကြောင်းတခုခုတော့ ရှိမှာပေါ့.. ဒါပေမဲ့ စကားပြောဖို့ ကောင်းမဲ့ပုံတော့ မပေါ်.. online လာပြီး သူငယ်ချင်းတယောက်ယောက်နဲ့ စကားပြောဖို့ စဉ်းစားမိတဲ့ ကိုယ့်ကိုကိုယ် သတိပေး status လေး တခုရေးလိုက်မိတယ်..

"New Year တွင် စိတ်ညစ်သူများသာ online ရောက်ကြသည်"

ခဏနေတော့ သူငယ်ချင်းတယောက် online ရောက်လာတယ်.. သူလဲဘယ်မှသွားစရာမရှိဘူးတဲ့ တယောက်ထဲပဲတဲ့.. ဒီလိုနဲ့ သူနဲ့ချက်ဖြစ်တယ်.. စိတ်ညစ်စရာတွေ တိုင်ပင်လိုက် ဆွေးနွေးလိုက် အလုပ်လုပ်လိုက် အချိန်ကုန်မြန်သွားတယ်.. သူငယ်ချင်းရေ ကျေးဇူးပဲနော်..

Jan 1st 2008 morning 7:30am..........
မိုးလဲလင်းပြီ အလုပ်လဲဆင်းပြီ.. အလုပ်ပြီးရင်သွားစရာ လူမှုရေးကိစ္စတခုရှိတယ်.. အရင်အလုပ်က ကိုယ့်အပေါ်ကောင်းခဲ့တဲ့ အင်ဂျင်နီယာမ ကလေးမွေးလို့ သူ့အိမ်က အလုပ်နဲ့နီးလို့ တခါထဲဝင်မယ်စိတ်ကူးတယ်.. ဒါပေမဲ့ သူက 10amမှလာပါတဲ့.. ဒီကြားထဲ ငါဘယ်မှာသွားနေရမလဲ.. ညကဝယ်ထားတဲ့ အထုတ်တွေရော လက်ဆောင်ပေးဖို့ ယူလာတာတွေရော သယ်လိုက်ရတာ အများကြီး.. အလုပ်နားမှာနေတဲ့ သူငယ်ချင်းတယောက် ရှိတယ်.. သူနဲ့မတွေ့တာလဲကြာပြီ.. သူ့အိမ်သွားမယ်.. ph ခေါ်ကြည့်တော့.. အိပ်ချင်မူးတူးအသံနဲ့ သူမနေ့က 4am မှအိပ်တာတဲ့.. လာချင်ရင်တော့လာပေါ့ ဒါပေမဲ့ သူ့ကိုနှောက်ယှက်သလို ဖြစ်မှာစိုးလို့ ညကသွားတဲ့ shopping mall ပဲထပ်ပတ်နေတော့မယ် စိတ်ကူးနဲ့ သွားတော့ shopping mall ကလဲမဖွင့်သေး.. အော်.. ငါ့ဘ၀ ပိုက်ဆံသုံးချင်တာတောင် သုံးလို့မရပါလားနော်..

နောက်ဆုံး breakfast စားနေကြမဟုတ်ပေမဲ့ ထိုင်စရာရအောင် အနားမှာရှိတဲ့ Burger King ထဲဝင်ပြီး breakfast စားပစ်လိုက်တယ်.. တစတစနဲ့ 8နာရီလောက်ကျတော့ လူသွားလူလာ အတော်လေးများလာသည်.. အသက် ၁၄ ၁၅ နှစ်လေးတွေကလဲ အတွဲလေးတွေနဲ့ သူတို့ကိုယ်သူတို့ လူကြီးဂိုက်ဖမ်းပြီး ဖြတ်လျှောက်သွားတတ်တယ်.. ဘေးစားပွဲက အတွဲက ယောကျာင်္းကလဲ သူ့ကောင်မလေးကိုအလွန်ဂရုစိုက်ပုံရတယ်.. ခပ်လှမ်းလှမ်းက အဖိုးကြီးတွေကလဲ ဘော်ဒါတွေစုပြီးဘာတွေပြောနေကြမှန်းမသိ.. တယောက်ထဲလျှောက်လာတဲ့ လူတယောက်တွေ့တော့.. ငါ့လိုပဲတစ်ဃောက်ထဲသမားရှိပါသေးလားဆိုပြီး အားတက်မယ်ကျန်တုန်း ခပ်လှမ်းလှမ်းကလူကို လက်ပြပြီးတူတူထွက်သွားကြသည်.. ဒီတော့မှသေချာ သတိထားမိလိုက်တော့ တစ်ယောက်ထဲရှိတာငါတစ်ယောက်ထဲပါလား.. ပတ်ဝန်းကျင်ကလူတွေကို ခံပြင်းတယ်.. ကိုယ့်ကိုကိုယ် ဝိဥာဏ်တစ်ကောင်လိုခံစားရသည်.. ငါရှိနေတာရောဒီလောကမှာ သတိထားမိတဲ့သူရှိရဲ့လား? ခါတိုင်း new year တွေ ဒီလိုမခံစားရဘူး ဒီနှစ်မှဘာလို့ခံစားရတာလဲ? ချစ်သူကတော့ငါမပါလဲပျော်နေနိုင်မှာပါ..

ဖြတ်လျှောက်သွားတဲ့ သူတချို့မှာ ချစ်သူနဲ့တူတဲ့သူတွေတော်တော်များသလိုပဲ.. ချစ်သူမျက်နှာကိုပဲ သေချာမမှတ်မိတော့လို့လား.. ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို မျက်စိကပဲလှည့်စားပြီး ကြည့်လိုက်တိုင်းသူ့ကိုမြင်နေတာလား? ကိုယ့်ကိုကိုယ် မညှာတမ်း ခပ်ရိုင်းရိုင်းပြောရရင် ဟိုအရူးတမျိုးများဖြစ်နေပြီလား.. ကဗျာဆန်ဆန်ပြောရရင်တော့ အချစ်ရူးလို့ခေါ်မယ်ထင်တယ်...

"အို.. တစ်ယောက်ထဲဆိုတော့ရောဘာဖြစ်လဲ.. ပိုတောင်လွတ်လပ်သေး.. စားချင်တာလဲ သူများနဲ့ညှိစရာမလို ဝယ်ချင်တာဝယ် အကုန်ကိုယ့်အတွက်ပဲစဉ်းစားစရာလိုတယ်.. မွေးကထဲကလည်း တစ်ယောက်ထဲပဲ.. ဘာလို့အသက်ကြီးမှ မွေးခါစကလေးလောက်တောင် သတ္တိမရှိတာလဲ.. " အိတ်ထဲမှာပါတဲ့ မိတ်ကပ်တွေ lipstick တွေထုတ်လိမ်းမိတယ်.. အဲလိုဆို confident လေးများပိုရလာမလားလို့.. လိမ်းနေရင်း ဘယ်ကမှန်းမသိ ဘာကြောင့်မှန်းမသိ မျက်ရည်တွေဝိုင်းလာတယ်.. ဪ.. ငါဟာ သနားစရာ သတ္တဝါ တစ်ကောင်ပါလား..

မိတ်ဆွေအိမ်ကလည်းလမ်းမှား လျှောက်ပြီးရှာမတွေ့တော့ ပတ်ဝန်းကျင်ကလူတစ်ယောက်မေးကြည့်မှ တော်တော်ဝေးနေမှန်းသိရတယ်.. taxi တွေကလဲ ဟိုတလောကမှ rule ပြောင်းပြီးဈေးတက်တာရော Jan 1 public holiday ဖြစ်နေတော့ ဈေးပိုပေးရမှာရောဆိုတော့ မစီးချင်ပေမဲ့ စီးလိုက်ပါတယ်.. taxi စီးတာ တောင် ဒီ new year ကြောင့် ပိုက်ဆံပိုပေးရတယ် တကယ်ဆိုးတဲ့ new year... သတင်းလေးဘာလေးမေးပြီးပြန်တော့ အပြန် bus ကဂိတ်စ ဂိတ်ဆုံး ၁နာရီလောက်အကြာကြီးစီးရတာ.. high way လမ်းကသွားတဲ့ကားဆိုတော့ တကယ့်ကို မြန်မာပြည်မှာ ခရီးထွက်နေရသလို ခံစားရလို့ အဲဒိကားစီးရတာကို အရင်က နှစ်သက်တယ်.. အမြဲထိုင်နေကျ driver နောက်တည့်တည့်က သီးသန့်အကန့်လေးလိုဖြစ်နေတဲ့၂ယောက် ခုံမှာ ၁ခုံပစ္စည်းတင် ၁ခုံမှာဝင်ထိုင်လိုက်တယ်.. လျှောက်စဉ်းစားမိမှာစိုးလို့ ph ထုတ်ပြီး သီချင်းနားထောင်မိလိုက်တယ်.. ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတာလား အဆွေးဓာတ်ခံရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား.. ဟိုနေ့ကမှ ph ထဲက သီချင်းတွေ ramdomly အသစ်ထည့်ထားမိသမျှက ကိုယ့်ကိုစောင်းဆိုနေသလိုလို..

Lဆိုင်းဇီက "အရှုံးနဲ့အမုန်းငါ့အတွက်ပဲလား? အချစ်တွက် ကံမကောင်းတဲ့သူပါ"တဲ့

မျိုးကြီးက "နင်ရယ်ငါရယ်ခုတလောထဲ အဆင်မပြေတာတွေသိပ်များတယ်.."တဲ့

ဧကရီကလဲ "မင်းနဲ့ဝေးနေတဲ့အချိန်ငါ့မှာ တစ်ယောက်ထဲ လွမ်းဆွတ်လို့ကျေကွဲ" တဲ့

Aero smithကလဲ "I don't wanna miss a thing" တဲ့

Lလွန်းဝါကလဲ "ခွင့်လွှတ်ရင်းအမြဲ ဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ.."တဲ့ ဒီသီချင်းကကောင်းပါတယ် အဲဒိသီချင်းထဲကကောင်မလေးလိုလဲ ချစ်သူကိုချစ်ချင်တယ်.. ဒါပေမဲ့ သူ့ကို ခွင့်မလွှတ်ပေးနိုင်သေးဘူး..

မှတ်ထားတဲ့သူနဲ့ အမှတ်ခံရတဲ့သူမှာ မှတ်ထားတဲ့သူက ပိုပင်ပန်းပါတယ်.. အမှန်တော့မှတ်ထားတဲ့သူက သူကိုယ်သူ အရှုံးသမားလို့ မသိစိတ်ကခံစားရလို့ မှတ်မိနေတဲ့ အရှုံးသမားအစစ်တွေပါ.. ကျမအမြင်တော့ ခွင့်လွှတ်ပေးတယ်ဆိုတာ ချစ်သူကိုအရမ်းချစ်လို့လဲဖြစ်နိုင်သလို .. ကိုယ့်ကိုကိုယ်ပိုချစ်လို့ သူ့အတွက် သိပ်မခံစားပေးလို့လဲဖြစ်နိုင်ပါတယ်.. ဆိုလိုတာကတော့ "he means nothing to me" or "he doesn't mean much to me" ပေါ့..

စိတ်ထဲမှာ အားမလိုအားမရဖြစ်မှုနဲ့သိမ်ငယ်မှု ခံစားရတိုင်း သူ့ကိုခွင့်မလွှတ်ဘူးလို့ ကျမပြောမိတယ်.. တကယ်တမ်းတော့ ခွင့်မလွှတ်နိုင်သေးတာလဲ "he means everything to me" မို့ပါ..

ချစ်သူကပြောဖူးတယ်.. ဘလော့ထဲမှာရေးမဲ့အစား သူနဲ့ chat ရင်ပြောပါလားတဲ့..
chat မှာစိတ်ထဲရှိသမျှ မကျေနပ်ချက်တွေထုတ်ပြောရင် ချစ်သူမုန်းသွားမှာကြောက်တယ်.. မပြောပဲ ကိုယ့်စိတ်ထဲမှာပဲထားပြီး မွန်းကျပ်လာရင် ချစ်သူကိုမုန်းမိသွားမှာစိုးတယ်.. သူ့ကိုမမုန်းချင်ဘူး.. ကိုယ့် blogမှာရေးချင်တာရေးချလိုက်ရတော့ စိတ်ပေါ့သွားတယ်..

နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့မှာ ဖြစ်ပျက်တဲ့အရာတွေကတနှစ်လုံး အဲလိုမျိုးတွေဖြစ်နေတတ်တယ်လို့ ကြားဖူးတယ်.. အဲဒါကြောင့် ဒီလိုနေ့မျိုးမှာ ချစ်သူနဲ့ အတူမရှိတောင် online လေးတော့တွေ့ချင်ခဲ့တာ.. ဘာလို့ နှစ်သစ်ကူးတိုင်း ချစ်သူနဲ့အတူမရှိရတာလဲ.. မြန်မာနှစ်ကူးပဲ ဖြစ်ဖြစ် New Year ပဲဖြစ်ဖြစ်.. ဘာလို့ချစ်သူနဲ့အတူတူ happy memory မရှိတာလဲ?

သင်္ကြန်တုန်းကလဲ သင်္ကြန်အလျှောက် ရေစိုစိုမှာ ချစ်သူကိုစောင့်ရင်း ငိုခဲ့ရဖူးတယ်.. ခုလဲ ပါးပြင်ပေါ်ကိုမျက်ရည်တွေပူကနဲ စီးကျလာမှ ဒီရောက်တတ်ရာရာအတွေးစတွေကို ဖြတ်ပြစ်ဖို့ကြိုးစားတယ်..

New Year မှာမငိုချင်ဘူး.. မြန်မာနှစ်ဆန်း၁ရက်နေ့က လည်းငိုခဲ့ရပြီးပြီ..အဲဒါကြောင့်များ ခုငိုနေရတာလား? တနှစ်လုံးငိုနေရမှာစိုးတယ်.. ကြေကွဲမျက်ရည်တွေက သုတ်လေထွက်လေပဲ.. အဲဒါကြောင့် နှစ်သစ် 2008 ကြီးကို ကြည်နူးမျက်ရည်လိုလိုအထင်လွဲအောင်.. မျက်နှာကိုအတတ်နိုင်ဆုံးပြုံးပြီး ရေရွက်မိလိုက်တယ်
"HAPPY NEW YEAR 2008".............................

Thursday, December 13, 2007

Enchanted preview - WaltDisney Production

သူငယ်ချင်းတစ်ယောက်က ကောင်းတယ်လို့ပြောလို့ မနေ့က “Enchanted” ဆိုတဲ့ WaltDisney ကထုတ်လုပ်ဖြန့်ချိတဲ့ ရုပ်ရှင်သွားကြည့်ဖြစ်တယ်.. ဗေဒါတို့ကတော့ ရုပ်ရှင်ကြည့်ဖို့ဆို ၂ခါမခေါ်ရဘူးလေ.. ဇာတ်လမ်းလေးကတော့ စိတ်ကူးရင်ဇာတ်လမ်းလေးပါပဲ.. ပြောပြအုံးမယ်နော်..


ကာတွန်းကမ္ဘာက အချစ်စစ်ကို ယုံတဲ့ မင်းသမီးလေး “Giselle” နဲ့ မင်းသားလေး “Edward” လက်ထက်မဲ့နေ့မှာ.. မင်းသားလေးရဲ့ မိထွေးစုန်းမကြီးက မင်းသမီးလေးကို wishing well ထဲတွန်းချလိုက်ရာက လူ့ပြည်ခုခေတ် New york ကို ရောက်သွားတာက စတာပေါ့..
လူ့ပြည်အကြောင်း မသိနားမလည်တဲ့ စိတ်ကူးရင်ကမ္ဘာက Giselle ဟာ.. ဒုက္ခတွေတွေ့ပြီးနောက်ဆုံး စိတ်ကောင်းရှိတဲ့ Robert နဲ့ဆုံပြီး သူ့ apartment မှာ ၁ညနေခွင့်ပေးခဲ့တယ်.. ဘာလို့ လဲဆိုတော့ Robert ကသူ့ကို စိတ်မနှံ့တဲ့ မိန်းကလေးလို့ထင်နေလို့လေ.. နောက်ပြီး fairy tale တွေကို ကြိုက်တဲ့ သူ့သမီးလေးရဲ့ ပူဆာမှုကြောင့်လဲ ပါတာပေါ့… Robert အကြောင်းပြောရမယ်ဆိုရင်တော့.. divorce lawyer အဖြစ် အလုပ်လုပ်နေတဲ့ မုဆိုးဖို ကလေး၁ယောက် အဖေပေါ့.. fairy tale တွေ.. True love’s first kiss တွေကို အယုံကြည်မရှိတဲ့ သူပေါ့.. အဲ.. ပြီးတော့ သူက Nancy ဆိုတဲ့ မိန်းကလေးနဲ့ လက်ထက်ခါနီးပြီ။
Giselle ရဲ့ ကာတွန်းတိုင်းပြည်က မင်းသားလေးကလည်း မင်းသမီးလေးကို ကယ်ဖို့ လူ့ပြည်ကိုလိုက်လာလေရဲ့.. စုန်းမကြီးကလည်း သူ့လူယုံကို လွှတ်ပြီး မင်းသမီးလေးကို အဆိပ်ပန်းသီး ကျွေးခိုင်းလိုက်သတဲ့..
ဒီလိုနဲ့ နောက်ဆုံးတော့ အတိုချုံးပြောရရင် စုန်းမကြီးရဲ့ အကြံအောင်ပြီး မင်းသမီးလေး အဆိပ်ပန်းသီးကိုစားလိုက်ပါလေရော.. မင်းသမီးလေးကို ပြန်သတိရစေချင်ရင် ထုံးစံအတိုင်း အချစ်စစ်က နမ်းရမယ်ပေါ့.. ဒါပေမဲ့ ကာတွန်းကမ္ဘာက မင်းသားလေးနမ်းတဲ့ အခါ Giselle တယောက် သတိပြန်မရခဲ့ပါဘူး.. ဘာလို့လဲဆိုတော့ အတူနေခဲ့ရတဲ့ အချိန်တွင်းမှာ သံယောဇဉ်ဖြစ်ခဲ့တဲ့.. Giselle မသိတဲ့ လူ့လောကအကြောင်းတချို့ကို သင်ပေးခဲ့တဲ့ Robert က သူမ မသိလိုက်ချိန်မှာ ချစ်မိလိုက်တဲ့ မင်းသားလေးအစစ်ဖြစ်နေလို့ပါပဲ…

ဒီကားရဲ့ဇာတ်လမ်းကတော့ ဘာဖြစ်မယ်ဆိုတာ အားလုံးခန့်မှန်းထားလို့ရမှာပါ.. ဒါပေမဲ့ ကာတွန်းတိုင်းပြည်နဲ့ လူ့ပြည်ရဲ့ကွာခြားချက်တွေ… မင်းသမီးရဲ့ မသိပဲ လုပ်တဲ့ အရာတွေ.. လူ့ပြည်မှာလဲ တခုခုဖြစ်ရင် ကာတွန်းပြည်လိုပဲထင်ပြီး သီချင်း ထထဆိုလို့ အရှက်ကွဲရတာတွေ.. လိုက်ကာတွေကို ဖြဲပြီး အင်္ကျိချုပ်ချုပ်ဝတ်တာတွေ စသည်ဖြင့် ပျော်စရာကောင်းအောင်ရိုက်ထားတဲ့ စိတ်ချမ်းသာစရာ ဇာတ်လမ်းလေးပါ..
မင်းသမီးလူဖြစ်ခါစ စ စတွေ့ချင်းတော့ နဲ နဲ အသက်ကြီးသလိုထင်ရပြီး.. မှန်းထားသလောက်မချောသလိုပဲ ထင်ရပေမဲ့.. သူ့ရဲ့ ကာတွန်းထဲက ဟန် အတိုင်းသရုပ်ဆောင်တတ်မှုဟာလဲ ချီးကျုးစရာပါပဲ.. နောက်ကြည့်ရင်းနဲ့ မင်းသမီးနဲ့ ခုခေတ်မင်းသားနဲ့ ဟာ အလွန်လိုက်ဖတ်ပြီး ကြည့်ကောင်းလာပါတယ်..
အကြိုက်ဆုံးကတော့.. ကာတွန်းထဲကအတိုင်း ဆိုကြ ကကြနဲ့.. တိရိစ္ဆာန်လေးတွေနဲ့ စကားပြောကြ.. ရိုက်ထားတဲ့ အချက်ကိုပါ.. ပါဝင်တဲ့ သီချင်းအားလုံးလိုလိုလဲ တော်တော်ကောင်းပါတယ်.. လူတွေနဲ့ သရုပ်ဆောင်ပြီး ကာတွန်းပုံအတိုင်း ရိုက်နိုင်ခဲ့ပါတယ်.. အောက်က vedio clip လေးကတော့ မင်းသမီးပန်းခြံထဲမှာ သီချင်းဆိုတာလေးပါ.. “That’s how you know” လို့အမည်ရပါတယ်.. သီချင်းလေးကကောင်းပြီး ပျော်စရာလေးပါ.. မဗေဒါနဲ့ အတူ ဒီသီချင်းလေးကြည့်ရင်း ခဏတာအမောတွေဖြေနိုင်ကြပါစေ…

စာကြွင်း- မင်းသားလေးအတွက်လဲ စိတ်မကောင်းမဖြစ်ကြပါနဲ့.. Robert ရဲ့ဇနီးလောင်း Nancy နဲ့ မေတ္တာမျှပြီး ကာတွန်းကမ္ဘာမှာ လက်ထက်လိုက်ကြပါတယ်..









Sunday, December 09, 2007

မဗေဒါတစ်ယောက် ဘယ်ပျောက် (သို့) ရင်ကိုစွဲညှိ စေတဲ့ K-drama

မဗေဒါတစ်ယောက် ပိုစ့်အသစ်မတင်ပဲပျောက်နေလို့ စိတ်မရှိကြပါနဲ့နော်.. ပျောက်တာလဲမပြောနဲ့ ခုတလောအလုပ်နဲ့အိမ် အိမ်နဲ့အလုပ် တစ်ရက်တစ်လေအားပြန်တော့ ဖေဖေ မေမေတို့အတွက် အချိန်ပေးပြီးအပြင်ထွက်ရ.. တချို့လူမှုရေးကိစ္စတွေကရှိသေး..

ရန်ကုန်မှာအားရှိ အိမ်မကပ်ချင်လို့ အပြင်သွားဖို့ အမြဲအကြံထုတ်နေတတ်တဲ့ဗေဒါတစ်ယောက် စလုံးယောက်မှ အိမ်မှာနေချင်လှပါချီရဲ့ဆိုတာတောင် နေဖို့အချိန်မပေးနိုင်ဘူးဖြစ်နေတယ်.. တရုတ်ကားထဲကစကားသုံးပြောရရင် မိုးနတ်မင်းကအမြင်ကပ်ကပ်နဲ့အပြစ်ပေးတယ်ထင်ပါ့.. ဟတ်... ဟတ်...

အရင်ပိုစ့်တွေတုန်းက တခါတလေ အလုပ်ကနေ WEB TEXT EDITOR သုံးပြီးရေးရတာ.. အိမ်မှာကျတော့ mood ကမရဘူး.. 


ခုတလောအလုပ်ကနေပိုစ့်ရေးဖို့ကလဲ သူဌေးမလစ်ဘူးဖြစ်နေတယ်.. လစ်ပြန်တော့လဲ အလုပ်ကများလို့မရေးဖြစ်.. ခုတောင် SUNDAY သူဌေးမလာလို့.. အဟိ....

ဘလော့ကို အမြဲ UPDATE လုပ်နိုင်တဲ့ ဘလော့ဂါတွေကို လေးစားတယ်ရှင်.. မဗေဒါတော့ အဲလိုမလုပ်နိုင်သေးဝူး... လိုသေးတယ်...

မအားဆိုဗေဒါ့ ဝါသနာ ရုပ်ရှင် ဗီဒီယိုနဲ့ ဇတ်လမ်းတွဲတွေဖတ်တောင် မလှည့်ဖြစ်ဖူး..

အဲ...ဒါပေမဲ့ ဟိုနေ့က ကြည့်ဖြစ်လိုက်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲတစ်ခုကတော့ ဆွဲသွားပြန်ပြီ.. အဲဒိကားကြည့်ပြီး အငိုကောင်းတာ နောက်နေ့အလုပ်သွားတော့ ဗေဒါ့မျက်လုံးတွေမို့လို့.. အားလုံးကဝိုင်းမေးကြတော့.. ရှက်လိုက်တာ.. နောက်မှဗေဒါရှင်းပြလိုက်တော့ "အော်.. ဖြစ်ရလေ.." ပေါ့.. ဟဲ.. ဟဲ.. ပုံမှန်အားဖြင့်တော့ ငိုရတဲ့ကားတွေကို သိတ်မကြုက်ပါဘူး.. စိတ်အပန်းဖြေချင်လို့ ရုပ်ရှင်ကြည့်တာ အဲဒိအတွက် ထပ်စိတ်မဆင်းရဲချင်ဘူးလို့ ယူဆတယ်လေ.. (ရုပ်ရှင်သဘော ရသမြောက်အောင် ပါသင့်သလောက်ပါတာကိုတော့ လက်ခံပါတယ်.. ၁ကားလုံး တရွဲရွဲငိုရတဲ့ ရုပ်ရှင်တွေကို ဆိုလိုတာပါ).. ဒါပေမဲ့ ဗေဒါခုကြည့်လိုက်မိတဲ့ ကားက တစ်ကားလုံးငိုစရာချည်းပါပဲ.. ဟင်း.. မင်းသား မင်းသမီးသာမချောရင် ဆက်ကြည့်ဖြစ်ပါ့မလား မသိဘူး.. ဇာတ်လမ်းမကောင်းလို့တော့ ဟုတ်ဖူး.. ကိုယ့်အကြောင်းကိုယ်သိလို့..

ရုပ်ရှင်ကြည့်ပြီး အဲဒိဇတ်လမ်းကို ပြန်ပြန်ဝေငှတတ်တာလဲ ဗေဒါ့ဝါသနာပေါ့.. တချို့တွေကလဲ နားထောင်ရတာ သိပ်စိတ်မဝင်စားကြပါဘူး.. တချို့ကျတော့လဲ ဇတ်လမ်းကြိုမသိချင်ကြဘူးလေ.. အရသာပျက်တယ်လို့ထင်ကြတယ်.. ဒါပေမဲ့ ဗေဒါကတော့ ကြည့်ပြီးတဲ့သူ ပြန်ပြောပြတာကို နားထောင်ရတာလဲ ကြိုက်တယ်.. ဗေဒါကြည့်ပြီးရင်လဲ ပြန်ပြောပြချင်တယ်..

ဒီတော့ ဗေဒါ့ ဘလော့မှာ ရေးပြီးတော့ပဲ ပြန်ပြောပြတော့မယ်.. စိတ်ဝင်စားရင်လဲ ဆက်ဖတ်.. မဝင်စားတဲ့သူလဲ ဖတ်နဲ့တော့.. ဗေဒါတော့ အားမနာတမ်းပြောပြီ... ဟီး.. ဟီး
..





ဇာတ်လမ်းနာမည်က "HWANG JIN YI" တဲ့.. ၁၆ရာစုနှစ်လောက်က နာမည်ကြီး gisaeng ၁ယောက်ရဲ့အကြောင်းပေါ့.. gisaeng ဆိုတာ ဂျပန်က ဂေးရှာတွေလိုပဲပေါ့.. အဲဒိမိန်းကလေးတွေက ငယ်ငယ်ထဲက အဆို အက အတီး နဲ့ တခြားမိန်းမတို့တတ်အပ်တဲ့ပညာတွေကို ကောင်းစွာသင်ကြားခဲ့ရပေမဲ့ အရွယ်ရောက်တဲ့အခါကျရင်တော့ အရာရှိအရာခံတွေရဲ့ ဖျော်ဖြေရေးနဲ့ အသုံးတော်ခံတွေပေါ့.. (အသုံးတော်ခံဆိုတာ ဘာကိုဆိုလိုလဲ စာဖတ်သူ ကိုယ့်ဘာကိုယ်ပဲ သဘောပေါက်လိုက်နော်.. ဗေဒါလဲပြောပြတတ်ဝူး...)

အဲဒိခေတ်က လူတန်းစားခွဲခြားတဲ့ အချိန်တွင်းမှာ ဆင်းရဲတဲ့တချို့မိန်းကလေးတွေက အဲဒိအလုပ်ကိုဝင်လုပ်ကြတယ်.. ဒါတောင် လုပ်ချင်တိုင်းလုပ်လို့ရဝူး. ရုပ်ရည်ရှိရတယ်.. talent ရှိရတယ်..
gisaeng ကမွေးတဲ့ကလေးကလဲ gisaeng ပဲလုပ်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်.. ပြီးတော့ gisaeng တွေကိုတရားဝင် လက်ထပ်လို့မရဘူး (stupid law).. အဲဒါကြောင့် ဟွမ်ဂျင်းရိ ရဲ့အမေက သူ့သမီးကို မြို့စွန်ကဖုန်းကြီးကျောင်းမှာ ခဏအပ်ထားခဲ့တယ်..

ဒါပေမဲ့ဖြစ်ချင်တော့ သူအမေကိုတွေ့ချင်လို့လိုက်ရှာရင်း ဟွမ်ဂျင်းရိတယောက် gisaeng တွေရဲ့ ဖျော်ဖြေရေးအကကို တွေ့ပြီး အရမ်းသဘောကျပြီး သင်ယူချင်လာတယ်.. အဲဒိအချိန်မှာလဲ gisaeng အဖွဲ့ခေါင်းဆောင်ဟာ သူ့အဖွဲ့မှာ သူ့ကိုဆက်ခံနိုင်မဲ့ talent ရှိတဲ့ တပည့်တစ်ယောက် လိုချင်နေခဲ့တယ်.. ဒီလိုနဲ့ သူ့အမေတားတဲ့ကြားက ဟွမ်ဂျင်းရိ အဖွဲ့ထဲဝင်ဖို့လက်ခံခဲ့တယ်.. သူ့အမေနဲ့လဲ အဲဒိမှာပြန်တွေ့တယ်.. သူအမေက ဒီအလုပ်ရဲ့အကျိုးဆက်ကိုသိတယ်လေ.. အရွယ်ရောက်လို့ချစ်တဲ့သူနဲ့ လက်ထပ်လို့မရပဲ စိတ်ဆင်းရဲရမှာကိုလဲ မလိုလားဘူး.. သူကကိုယ်တွေ့ကိုး.....

သူ့အမေပြောတိုင်း သူယောကျာင်္းမယူဘူး.. စိတ်လဲမဝင်စားဘူး လို့ပြောခဲ့တဲ့ ဟွမ်ဂျင်းရိ ၁ယောက် အသက်၁၉နှစ်မှာ အချစ်ဦးနဲ့ စတင်တွေ့ခဲ့ရပြီ...

မြို့စားကြီးရဲ့သား ကင်အွန်ဟိုဆိုတဲ့ ကောင်လေးက ဟွမ်ဂျင်းရိ ကိုမြင်မြင်ချင်းချစ်မိသွားပြီး မရမကကျိုးစားပြီးလိုက်ခဲ့တယ်.. သူ့ရဲ့စစ်မှန်တဲ့အချစ်ကြောင့် ဟွမ်ဂျင်းရိ နဲ့မေတ္တာမျှခဲ့ကြတယ်.. သိတဲ့အတိုင်းပဲလေ GISAENG ကယောကျာင်္းယူလို့မရတဲ့အထဲ NOBLEMAN နဲ့ဆိုတော့ ချစ်ခရီးကြမ်းပြီပေါ့.. ဒါပေမဲ့ ဟွမ်ဂျင်းရိ ခေါင်းမာထက်မြက်ပြီး အချစ်အတွက်အရာရာကို စိန်ခေါ်စွန့်လွှတ်ရဲခဲ့ပေမဲ့.. သူတို့၂ယောက် တူတူထွက်ပြေးမဲ့နေ့မှာ ဟွမ်ဂျင်းရိ ဆရာမရဲ့သတင်းပေးမှုကြောင့်အွန်ဟိုကို သူ့အမေမိသွားပြီး သူသေမှသွားရမည်ဆို၍ မိုးရေထဲဒူးထောက်တောင်းပန်းရင်း မနက်ရောက်တော့ အွန်ဟို၁ယောက် အသည်းအသန်ဖျားကာ အိပ်ရာထဲ ဘုန်းဘုန်းလဲတော့သည်.. ဟွမ်ဂျင်းရိ ဘက်မှာလည်းပြန်ဖမ်းမိ၍ အပြစ်ကိုခံယူနေရသည်.. ခြိမ်းထားပြီးရောက်မလာသည့် ချစ်သူကိုလည်း စိတ်ဆိုးနေခဲ့သည်.. အွန်ဟိုသတိပြန်ရတော့ နေမကောင်းသည့်ကြားမှ ချစ်သူဆီအရောက်သွားခဲ့သော်လည်း.. အထင်လွဲကာနေသော ချစ်သူ၏ဖြတ်ခြင်းကိုခံလိုက်ရသည်.. ဤသို့ဖြင့် မိဘအသိုင်းဝိုင်းကိုလည်းမလွန်ဆန်နိုင် ချစ်သူကိုလည်းအလွန်မြတ်နိုးတဲ့ အွန်ဟိုခမျာ စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး နောက်ဆုံးအသက်ဆုံးတဲ့အထိပါပဲ (ငိုလိုက်ရတာ မပြောနဲ့ မျက်လုံးမို့တာ အဲဒါကြောင့် ပြောရင်း ငိုချင်လာပြီ..မယုံရင် ကြည့်ကြည့် ဗေဒါမပြောလိုက်ရတဲ့ အခန်းတွေများကြီး ကျန်သေးတယ်.. ဒါတောင် အတိုချုံး ပြောလို့)..


ချစ်သူနဲ့သေခွဲခွဲခဲ့ရအောင်လုပ်တဲ့ အထက်တန်းစားတွေနဲ့ သူ့ဆရာမကို ဟွမ်ဂျင်းရိ အမုန်းကြီးမုန်းပြီးကလဲ့စားခြေမယ်လို့ ကြွေးကြော်ခဲ့ပါတယ်.. သူမဘယ်လိုကလဲ့စားခြေမလဲ? ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရအုန်းမလဲ? သူမရဲ့ချစ်ဇာတ်လမ်းဒီမှာပဲဆုံးပြီလား? အချစ်သစ်နဲ့တွေ့အုန်းမလား? နောက်တစ်ကြိမ် အချစ်ရေးကံခေအုန်းမှာလား? ဆိုတာတွေကိုတော့ စိတ်ဝင်စားရင် ကြည့်ကြည့်ပေါ့ကွယ်.. ဗေဒါကြည့်တာလဲ အပိုင်း၁၄ထိပဲရှိသေးတယ်.. ပြီးသေးဝူး.. ၂၄ပိုင်းရှိတယ်..

CASTING:
ဟွမ်ဂျင်းရိ အဖြစ် Ha Ji Won (100 days with mr.arrogant)
ကင်အွန်ဟို အဖြစ် Jang Geun Suk (one miss call)
Kim Jung Han(HJY's 2nd love) အဖြစ် Kim Jae Won(100days with mr.arrogant,wonderful life, my love pazzi)
and many more handsome man and pretty girls....










ကဲ..... ဒါဆိုရင်တော့ဗေဒါ ပိုစ့်အသစ်မရေးဖြစ်ပဲ ဘာတွေလုပ်နေလဲ သိပြီပေါ့နော်.... ဒီနေ့တော့ဒီလောက်ပါပဲ..

နားမယ်ကွယ်.......


Saturday, December 01, 2007

Beautiful Poems

မနေ့ကအလုပ်မှာ အလုပ်များတဲ့ကြားက internet surf ရင်း ကောင်မလေးတစ်ယောက်pageမှာ မဗေဒါသဘောကျတဲ့ ကဗျာလေးတွေတွေ့လို့copyလုပ်ဖြစ်သေးတယ်.. မဗေဒါက ကိုယ်တိုင်ကဗျာမရေးတတ်ပေမဲ့ ဗေဒါ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့ ကဗျာလေးတွေတွေ့ရင်တော့ အရမ်းကြိုက်တယ်.. ပြီးတော့ သူ့ကဗျာလေးတွေမှာ backgroundပုံလေးတွေပါတာကိုလဲသဘောကျတယ်.. စိတ်ထဲကလဲ သူ့စိတ်ကူးနဲ့ အနုပညာကို လေးစားအားကျမိတယ်.. ကဗျာရေးသူက ကြယ်စင်လေးတဲ့.. သိပြီးသား လူတွေလဲရှိမှာပါ.. ဒီကဗျာလေးတွေကို မဗေဒါနဲ့အတူ လာလည်တဲ့သူတွေ ခံစားလို့ရအောင် တင်ပေးလိုက်တယ်နော်..