မေမေကသနားလို့ဆိုပြီး သူ စင်ကာပူရောက်ရင်ချက်ချက်ကျွေးနေကျပဲ.. ဗေဒါမွေးနေ့ ရောက်တိုင်း ဗေဒါ ကလုပ်ချင်တယ်ပြောတိုင်း.. ပွစိပွစိပြောတတ်ပေမဲ့ အမြဲ ကိုယ်ရောစိတ်ရော အပင်ပန်းခံပြီးလုပ်ပေးတတ်တဲ့ ဗေဒါ အစ်မ အကြီးဆုံးကိုရော.. ဧည့်သည်တွေလာတိုင်း သီးခံပြီး ဧည့်ခံပေးတတ်တဲ့ အစ်မ အလတ်ရော.. အမြဲမီးဖိုချောင်ကမထွက်ရပဲ.. ပြင်ဆင်ပေးနေရတဲ့… ဖေဖေနဲ့မေမေရော.. အားလုံးကို ဖွင့်မပြောပေမဲ့.. စိတ်ထဲကကျေးဇူးသိပ်တင်တယ်.. တကယ်တော့ ဗေဒါမွေးနေ့မှာ.. ချစ်သူရှိနေဖို့မလိုပါဘူး… ဗေဒါကို ချစ်သူထက်ပိုချစ်တဲ့ ဗေဒါ မိသားစုရှိတယ်… သူတို့ ပဲ ဆူဆူဆဲဆဲ ဆိုပေမဲ့ ဗေဒါကို စိတ်ချမ်းသာအောင် အမြဲထားတတ်တယ်.. သူတို့စိတ်ထဲဘာရှိလဲ ဗေဒါ သိတာပဲလေ… ဗေဒါကိုယ်တိုင်လဲ.. ကျေးဇူးတင်ပေမဲ့ ဘယ်တော့မှ ဖွင့်ပြောတာမှမဟုတ်တာ..
ဗေဒါ ဘလော့ကို လာလည်တဲ့ သူငယ်ချင်းတွေအတွက်တော့.. အ၀စားအစီစဉ်ရှိတယ်.. စိတ်ရှည်ရှည်သာ scroll down လုပ်သွားပေတော့…
မနက်စာကတော့ ဟောဒီမှာ….
ပဲကျွတ်ကြော်

ပဲပြုတ်နံပြား

မုန့်ဟင်းခါး

ဘဲသွေးနဲ့ အုန်းနို့ခေါက်ဆွဲ


ပြီးတော့ အသုတ်ဆုံ… ဘာအသုတ်စားချင်လဲ.. ချက်ချင်းသုတ်ပေးမယ်..

မနက်စာ manu ကတော့ ဒီမှာအဆုံးသတ်လိုက်မယ်…
နေ့လည်စာရော စားနိုင်သေးရဲ့လား? ဟဲ ဟဲ..
Afternoon manu....
မြန်မာထမင်းဟင်း ကြိုက်တတ်ရင် ဒီမှာရှိတယ်..
ပုဇွန်ထုတ်ဟင်း

ငါးဖယ်ဆီပြန်ဟင်း

မြင်းခွာရွက်သုတ်

ဗေဒါ့ အကြိုက်ချဉ်ပေါင်ကြော်လဲ ရှိတယ်..

စားမယ်ဆို ဒီကိုကြွပါ.. ထမင်းဝိုင်း ပြင်ပြီးပါပြီ.. လုံးဝအားမနာနဲ့နော်….

မြန်မာပြည်မှာပဲ ရှိတဲ့တရုတ်စာ ကြိုက်တဲ့ သူတွေအတွက်လဲ စီစဉ်ထားသေးတယ်..
Chinese Manu ကဟောဒီမှာ..
ဘဲကင်

ဆီချက်ခေါက်ဆွဲ

ကြေးအိုးကို လွမ်းနေသူတွေအတွက်..

စားပြီးရင်တော့ ဒုတ်လေးတွေကိုင်ထားနော်.. မဗေဒါက ပိုက်ဆံရှင်းပေးမလို့ပါ..

ဟောဒါကတော့.. ဗေဒါ့ မိသားစုရဲ့ homemade food… တရုတ်စာစားဖို့ ဒီဖက်ကိုကြွပါ…

ဝိုင်းမအားလို့ မစားရသေးတဲ့ ဧည့်သည်တွေရယ်.. စားပြီးတဲ့ဧည့်သည်တွေရယ် စကားစမြည်ပြောရင်း စားရအောင် .. မြန်မာတိုင်းကြိုက်တဲ့ မြန်မာ့ရိုးရာ လက်ဖက်သုတ်…

ဒီမှာ အချိုပွဲတွေလဲ ကျန်သေးတယ်.. ဘာစားချင်လဲပြော..
အုန်းနို့ကျောက်ကျော

ကောက်ညှင်းရွှေခြည်

ရွှေရင်အေး

ဖာလူဒါ

ကူလ်ဖီလ်မလိုင်

ice-cream Cake

အားလုံးဗိုက်တင်းတဲ့ အထိစားကြနော်.. လုံးဝအားမနာနဲ့.. ဗေဒါမွေးနေ့ကို ခုလိုကြွရောက်အားပေးကြတာ ကျေးဇူး…
23 comments :
happy birthday နော် ။ မီးလေးဆီမှာတွေ့ လို့ 
လိုက်လာတာ။ ပျော်စရာကောင်းသော ဘ၀လေးကိုပိုင်ဆိုင် သူဖြစ်ပါစေလို့ 
Happy Birthday ပါအစ်မရေ။ ကောင်းလိုက်တာ။ ဒီလထဲမှာ မွေးနေ့ရှင်တွေတပုံကြီးပဲ။ တစ်ယောက်ပြီးတစ်ယောက်။ လိုအင်ဆန္ဒများပြည့်ဝပါစေ အစ်မရေ။
Happy Birthday ပါ မဗေဒါ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေနော်
မဗေဒါရေ မွေးနေ့လက်ဆောင်မပေးပဲ လာဝါးလိုက်တာ စုံလို့ စုံလို့ပဲ။ ကျနော်သိသလောက် ဘလော့ဂါမွေးနေ့ထဲမှာ မဗေဒါကျွေးပဲက အများဆုံးထင်ပ။ အဲ .. စားပြီးမှ ဆုတောင်းဖို့ သတိရပြီ။ ဘယ်လောက်မြောက် မွေးနေ့ဆိုတာတော့ မေ၇းထားလို့ မသိရပေမယ့် ခုမွေးနေ့မှသည် နောင် မွေးနေ့မှသည် နောင်မွေးနေ့တိုင်း ပျော်ရွှင်နိုင်ပါစေဗျာ။ ချစ်သောသူနဲ့လည်း ပေါင်းဖက်ရပါစေ... :)
Happy birthday to you, Ma Bay Dar!
All the best,
Pan
မွေးနေ့မှသည် နောင်နှစ်များစွတိုင် ပျော်ရွှင်ပါစေ အဆင်ပြေပါစေ မဗေဒါရေ ...။
Happy birthday Ma Bay Dar :)
HAPPY BIRTHDAY...! အိပ်မက်တွေထဲမှ အမြန်ဆုံးနိုးထ နိုင်ပါစေ... hope you will know what i mean... :) ..... လူကိုသက်သက် စိတ်ဆင်းရဲအောင် လုပ်တယ်... ကျွေးထားတာတွေကြည့်ပြီး ဗိုက်စာလို့ ထမင်းအိုးကိုဖွင့်...စားစရာဘာဟင်းရှိလဲ ကြည့်လိုက်တော့်.......... :( ..... Lol... အလကားစတာ ကြုံမှပဲ မွေးနေ့လက်ဆောင်ပေးတော့မယ်... See yA!
happy birthday, I love kulfi icecream the best.
နစ်ကူးအပြီးမှာ မွေးတာ ကောင်းတာပေါ့။ ဆုတောင်းပေး မယ် မွေးနေ့ မှသည် မင်္ဂလာရှိသော နေ့ လေးများကို မင်္ဂလာရှိသူများနှင့်သာ တွေ့ ဆုံရပြီး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံသော စိတ်ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်း။ လိုအင်ဆန်ဒ များရရှိနိုင်ပါစေ။
Happy Birthday ပါ မဗေဒါရေ ...
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာ ပျော်ရွှင် အဆင်ပြေသော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ ... ပြီးတော့ ... အချစ်ရေး ကံကောင်းပြီး အမြန်ဆုံးနီးစပ်နိုင်ပါစေ ဗျို့ :P
ဘဲသွေးနဲ့ အုန်းနို့ခေါက်ဆွဲ နှစ်ပွဲတိတိစားပြီး ရွှေရင်အေးထဲက ကျောက်ကျောတွေချည်း ရွေးစားသွားတယ်.... ရှယ်ပဲ.....
thank you thank you...
thanks a million, billion, trillion, zillion....
ဟတ်ဟတ်ဟတ်..
ခင်မင်လေးစားလျက်
ရန်အောင်
မွေးနေ့မှသည် နောင်နှစ်ပေါင်းတစ်ရာတိုင် ပျော်ရွှင်ချမ်းမြေ့သောဘ၀နှင့် အောင်မြင်မှုများစွာကို ထပ်တူရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ချစ်သောသူနှင့် ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အစားအသောက်တွေက များလိုက်တာ မဗေဒါရေ။ ဘာယူစားသွားရမှန်းတောင်မသိဘူး။ လင်းလက်အကြိုက်ဆုံး ပဲပြုတ်နံပြားကိုပဲ အရင်ယူစားလိုက်ပါတယ်။ ဆီပြန်ဟင်းတွေတော့ အီနေလို့ အချိုပွဲနဲ့ ဖာလူဒါပဲ သောက်သွားတော့တယ်။
ရောက်တာ နောက်ကျသွားတယ်.. ကုန်ပြီထင်တယ်.. ။ နောက်နှစ်မှ စောစောလာစားတော့မယ်....
မွေးနေ့မင်္ဂလာပါ....
်မွေးနေ့ကိုဖိတ်တဲ့အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်
လာပါတယ်နော်၊သက်ထက်ဆုံးချမ်းမြေ့တဲ့ဘ၀ပိုင်ရှင်ဖြစ်ပါစေ
လို့လေးလေးနက်နက်ဆန္ဒပြုဆုတောင်းပါတယ်ဗျာ။
ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေ
ဘ၀ကို အခက်အခဲမရှိ အောင်မြင်စွာ ကျော်လွှားနိုင်ပါစေ
မွေးနေ့မှစပြီး နောက်နှစ်များစွာတိုင် ပျော်ရွှင်ငြိမ်းချမ်းပါစေ....
ဆီချက်ခေါက်ဆွဲကလွဲရင် ကျန်တာ အကုန်ကြိုက်တယ်။ ပုဇွန်ထုပ်လဲ ဖွက်ယူသွားသေး... ဟိ...
ကျေးဇူးးအထူးပါ
ဝက်သားတုတ်ထိုး အရမ်းကြိုက်လို့ ထမင်းလွတ် တွယ်သွားတယ်။ ပုဇွန်ဟင်းတော့ မကြိုက်ဖူးဗျ။
ကူဖီးလ်လဲကြိုက်တယ်။
အဲ...ခုမှသတိရတယ်..
ကျွန်တော်နဲ့လဲ မခင်ဘူး။
မသိဘူးဗျာ...တုတ်ထိုးမြင်ရင်မနေနိုင်လို့ ခပ်တည်တည်နဲ့ ၀င်စားသွားတယ်။ မခင်သေးလဲ အခုခင်လိုက်တော့နော်။
မွေးနေ့ရှင်က သဘောကောင်းပါတယ်။ဟီး....ဟီး...
ပျော်စရာ မွေးနေ့လေးပါ ဗေဒါရေ စားစရာတွေကလဲ အစုံပဲ ဗေဒါ့ဖေဖေရဲ့ အုန်းနို့ခေါက်ဆွဲကို ဆွဲပြီးသကာလ မွန်တော့ လက်ဖက်ဝိုင်းကမထတော့ဘူး အဲဒါနှစ်မျိုးကို မွန်အသဲစွဲပဲ သိလား
လာလည်တယ် အမရေ
Sorry for My late birthday wish
Happy Birthday to you
စားစရာတွေ ကျနော့်ဖို့မကျန်တော့ဝူး
နေကောင်းတယ်ဟုတ်..
လာလည်တယ် အမရေ
Sorry for My late birthday wish
Happy Birthday to you
စားစရာတွေ ကျနော့်ဖို့မကျန်တော့ဝူး
နေကောင်းတယ်ဟုတ်..
လာလည်တယ် အမရေ
Sorry for My late birthday wish
Happy Birthday to you
စားစရာတွေ ကျနော့်ဖို့မကျန်တော့ဝူး
နေကောင်းတယ်ဟုတ်..
လာလည်တယ် အမရေ
Sorry for My late birthday wish
Happy Birthday to you
စားစရာတွေ ကျနော့်ဖို့မကျန်တော့ဝူး
နေကောင်းတယ်ဟုတ်..
Blazing inferno
Post a Comment