Tuesday, November 23, 2010

ကိုရီးယား စစ်ဖြစ်နေပြီတဲ့...

စစ်ရေး... နိုင်ငံရေးလဲ သိပ်သိ သိပ်တတ်လှတယ်တော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဖြစ်နေပြီဆိုတာကြားရင်တော့ စိတ်ထဲ စိုးရိမ်တယ်... ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်... သတင်းတွေက ဖတ်စရာများလွန်းလို့ ဘာရေးရမှန်းလဲမသိဘူး... ကိုယ်လဲ ဘာမှ မတတ်တော့ ရမ်းသန်းမရေးချင်ဘူး... ရမ်းသန်း မဝေဖန်ချင်ဘူး... သိတာကတော့ အဲဒိ တရုတ်အစိုးရ လူမိုက်အားပေးလုပ်နေတယ်ဆိုတာပဲ... ဘာတွေပဲဖြစ်ဖြစ်... (ကျွန်မကို ရူးတယ်ပဲပြောပြော... အရေမရ အဖတ်မရပြောတယ်ပဲပြောပြော... အမေကျော်ဒွေးတော်လွမ်းတာလဲ မဟုတ်ပါဘူး... ) ကိုယ့်မင်းသားတွေနဲ့ တောင်ကိုရီးယားတွေအတွက်တော့ စိတ်ပူတာပဲ... ကိုရီးယားကို ခရီးသွားဖို့ စီစဉ်ထားသူများ Refund ပြန်တောင်းလို့ရရင် တောင်းထားတော့.. မရရင်လဲ တန်အောင်တော့ မသွားလေနဲ့နော်... သတိပေးတာ... လူကောင်းတွေ အန္တရာယ်ကင်းဘေးရှင်းပြီး လူဆိုးတွေ တထိုင်တည်း ကျသွားလဲ အေးတာပဲ... ဒါပဲနော်... ဓာတ်ပုံတော့ ၁ပုံတင်ပေးလိုက်တယ်... လူသားတွေအားလုံး ငြိမ်းချမ်းကြပါစေ...


Smoke billows from Yeonpyeong island near the border against North Korea, in South Korea, Tuesday. North Korea shot dozens of rounds of artillery onto the populated S Korean island near their disputed western border Tuesday, military officials said.


Tuesday, Nov. 23, 2010. North Korea shot dozens of rounds of artillery onto the populated South Korean island near their disputed western border Tuesday, military officials said, setting buildings on fire and prompting South Korea to return fire and scramble fighter jets. (AP Photo/Yonhap) KOREA OUT

10 comments :

Anonymous said...

ကိုးရီးယားတန်ဆောင်တိုင်ပါ မြောက်ကတောင်ကိုချစ်လို့စတာနေမှာ

KK said...

တော်တော်ဟုတ်တဲ့မဗေဒါ။ ပို့စ်တင်တာမြန်ပါ့။ မနက်က သတင်းမှာ တောင်မြောက်သတင်းကြည့်ပြီး တောင်ကိုရီးယားက (၂)ယောက်သေတယ်ဆိုတော့ အရင်ဆုံးသတိရတာ မဗေဒါကိုပဲ။ အရင်တခေါက် စစ်ထဲဝင်တဲ့မင်းသားတွေ အကြောင်းရေးတော့ ဆုတောင်းထားသေးတယ်ဟုတ်။ မဟုတ်မှလွဲရော မဗေဒါဆုတောင်းတာကြားပြီး ဟိုဂျပုက လှမ်းဆော်တာနေမှာလို့ မဗေဒါကို စမလို့ဟာ လာကြည့်တော့ သူကပို့စ်တောင်တင်ထားပြီးပြီ။

sosegado said...

ပစ်ရင်တည့်တည့်ပစ်တယ်ဆိုတဲ့စကားမှတ်မိသွားတယ်၊ မြောက်ကပြောတယ် ပစ်မကစားဘူးတဲ့။

shin said...

ဒီနေ့ SKKS drama ကိုစောင့်ကြည့်ရင်းနဲ့ SBS breaking news မှာတောက်လျှောက်ပြနေတဲ့ စစ်သတင်းကိုသတိထားမိတယ်။ drama ကြည့်ပြီးရင် မဗေဒါကို လာပြောအုံးမယ်လို့ စဉ်းစားထားတာ သူကဦးနေပြီ။ မြန်ပါ့။

မိုးခါး said...

ဘေးအန္တာရယ်ကင်းကြပါစေ .. စစ်သတင်းတွေ မကြားချင်ဘူး ..း(

Anonymous said...

Cycle-es

အမှန် အမှား ကိစ္စ ကို ဖယ်ပြီး ပြောရရင် မြောက်ကိုရီးယား ကပစ် တယ် (တစ်နာရီ လောက်)။ တောင်ကပြန် ပစ်တယ်။ တောင်ဖက်က စစ်သားသေတယ်။ မြောက် ဖက်က ဘယ်လောက်သေသလဲ မသိဘူး။ တောင်ဖက်က စစ်ဖြစ် ချင်ရင် မြောက်စစ်စခန်း ကိုပြစ်မှာပေါ့။ လူဦးရေ 1600 ပဲရှိတဲ ကျွန်းကို ပစ်တာ ချောက်ရုံသက်သက် ပါ။ စစ်မဖြစ်ပါဘူး။ world စီးပွါး ပျက်ကပ် တောင် recover မဖြစ်သေးဘူး။ စစ်ပွဲ ကြီးဖြစ်ဖို့ ရာနှုန်းနဲတယ်။

Anonymous said...

Cycle-es
Sorry, wrong comment on previous one.

အမှန် အမှား ကိစ္စ ကို ဖယ်ပြီး ပြောရရင် မြောက်ကိုရီးယား ကပစ် တယ် (တစ်နာရီ လောက်)။ တောင်ကပြန် ပစ်တယ်။ တောင်ဖက်က စစ်သားသေတယ်။ မြောက် ဖက်က ဘယ်လောက်သေသလဲ မသိဘူး။ မြောက်ဖက်က စစ်ဖြစ် ချင်ရင် တောင်စစ်စခန်း ကိုပစ်မှာပေါ့။ လူဦးရေ 1600 ပဲရှိတဲ ကျွန်းကို ပစ်တာ ချောက်ရုံသက်သက် ပါ။ စစ်မဖြစ်ပါဘူး။ world စီးပွါး ပျက်ကပ် တောင် recover မဖြစ်သေးဘူး။ စစ်ပွဲ ကြီးဖြစ်ဖို့ ရာနှုန်းနဲတယ်။

mabaydar said...

အော်... အမြှောက်တွေနဲ့လဲပစ်တယ်... လူတွေလဲသေတယ်... နယ်ခံတွေလဲ ထွက်ပြေးရတယ်... အဲဒါ စစ်ဖြစ်တာမဟုတ်ဘူးဆိုတော့... ရေဗူးပေါင်းနဲ့ ဆော့နေကြတာဖြစ်မယ်နော်... အမျှော်မြင်ကြီးပါပေတယ်.... ကျွန်မသာ မြောက်ကိုရီးယားခေါင်းဆောင်လိုလူမျိုးဆိုရင် ကမ္ဘာ့စီးပွားပျက်ကပ်မို့ အမေရိကန် နလန်မထူနိုင်သေးခင် သူတို့လှုပ်ရှားမှ သူတို့ အောင်မြင်ဖို့ အခွင့်လန်းများတဲ့အတွက် ဒီအချိန်က သူတို့အတွက် အကောင်းဆုံးအချိန်လို့ထင်တာပဲ... ဒါပေမဲ့ နိုင်ငံရေး စစ်ရေးနဲ့ပတ်သတ်ပြီး ကိုယ်လဲ ဘာမှ မသိတော့ ဘာမှ comment မပေးချင်ဘူး... ဒါပေမဲ့ အမြှောက်တွေနဲ့ ပစ်နေကြတာကို မြန်မာစကားမှာ စစ်ဖြစ်တယ်လို့ သုံးနှုန်းတယ်ဆိုတာတော့ သေချာသိတယ်...
ကျေးဇူးပါပဲနော်... သူ့အမြင်ကိုယ့်အမြင် ဖလှယ်ခွင့်ပေးသွားတဲ့အတွက်...

Anonymous said...

Cycle-es

အဲဒါ ဆိုရင်မဗေဒါ စိတ်ပူတာ နောက်ကျသွားပြီ။ May 20 မှာ တောင်ကိုရီးယား စစ်သဘော မြှုပ်သွားတာ ကြားလား မသိဘူး။ တော်ပီဒို ကြောင့်။ လူတွေ သေတယ် (more than now ;46 sailors) ။ စစ်ဖြစ် တယ်လေ။ ကျနော် ပြောတဲ့ စစ်က တဖက်နဲ့ တဖက် ရေရှည် တိုက်ခိုက် ကြတာ ကို ပြောတာပါ။ world စီးပွါး ပျက်ကပ်ကြောင့် အမေရိကန် အထိနာ နေတုံး တိုက်မယ်ဆိုရင် stock market တောင်မရှိ တဲ့ north korea ကပိုပြီး မနစ်နာဘူးလား။ ဥပမာ။ တောင်က မြောက် ကို စစ်နိုင်လို့ ရှိရင် အမေရိကန် စစ်စခန်း တွေ တရုတ် နဲ့ ပိုနီး လာမယ်ဆို တာ သတိထားမိလား မသိ။ တရုတ်အစိုးရ လူမိုက်အားပေးလုပ်နေတယ် ဆိုတဲ့ အချက်သဘော မတူပါ။ တောင်၊ မြောက် နှစ် နိုင်ငံ စစ်ဖြစ် ရင် တရုတ် နဲ့ အမေရိကန် ပါ ပါလာမှာ ဖြစ်တဲ့ စစ်မြေပြင် ဖြစ်တဲ့ ကိုရီးယားမှာ ပိုတိုးတက် တဲ့ တောင်ကိုရီးယား ကပိုပြီး နစ်နာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် စစ်ပွဲ ကြီးဖြစ်ဖို့ ရာနှုန်းနဲတယ် လို့ပြောတာပါ။ မြောက်ကိုရီးယား က တောင် ကိုတကယ် နစ်နာ အောင်လုပ်မယ်ဆိုရင် အဲ့ဒိ အချိန်မှာ တောင်ကိုရီးယားရဲ့ စစ်စခန်း တွေကို ပစ်မှာဖြစ်ပါ တယ်။ အဲဒါကြောင့် မြောက်ဖက်ကလဲ စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ကျနော်က ယူဆ ပါတယ်။

My comments are not meant to be hurt.If u don't like them, pls delete all.

Regards

mabaydar said...

I won't delete your comment.. You can think what u like and I will believe what I think is right. Anyway, most people know who are bad and who are good. Which country citizen are poor and which country are developed. And we do know China is supporting bad countries or good countries. As I already mention above that I am not expert in politics and war, I will not say anything about it anymore. But i knew the news of May 20 incident.
Only a group of people think China is not လူမိုက်အားပေး. Can you pls stop commenting about war and politics on my blog? I write what i believe and you don't really need to agree with me.