Thursday, November 11, 2010

SungKyunKwan Big Man မင်းသမီး Park Min Young နှင့် အင်တာဗျူး...

မင်းသမီးအကြောင်း တောင်းဆိုသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ မင်းသမီး အင်တာဗျူးလေးတစ်ခုကို ပြန်မျှဝေလိုက်ပါတယ်... SungKyunKwan Scandal ထဲက Kim Yoo Hee အဖြစ် သရုပ်ဆောင်သွားတဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Park Min Young ရဲ့ ဇာတ်ကားရိုက်ကူးအပြီး အင်တာဗျူးလေးကို ပြောပြချင်ပါတယ်... ဘယ်လောက်ပဲ ဇာတ်ကားတစ်ကားမှာ မင်းသားချောတွေပါပါ... အဓိက သရုပ်ဆောင် မင်းသမီးကို မကြိုက်ရင် အဲဒိကားကို မကြိုက်ပါဘူး... (ဥပမာ... ကျွန်မအတွက်ဆိုရင် Boy Before Flower ) ... ဒီကားအတွက် သူ့ကို ရွေးလိုက်တယ်ဆိုပြီး စစချင်းသတင်းကြားတုန်းက သူ့အပေါ်မှာ သိပ်ပြီး အထင်မကြီးခဲ့ပါဘူး... သူ့အရင်က ကားတွေလဲ ကိုယ်က မကြည့်ခဲ့ဖူးတော့ သေချာမသိပါဘူး... (နောက်မှ သူက I am Sam ဇာတ်ကားထဲမှာလဲ ပါတယ်... I am Sam ကို ဆရာလုပ်တဲ့ မင်းသားကြီးကို မကြိုက်လို့ ခံစားလို့မရပါဘူး... ခုတော့ TOP ရော Park Min Young ရော ပါတယ်ဆိုတော့ ကြည့်မဲ့ စာရင်းထဲ ထည့်ထားပါတယ်... နောက်ပြီး သူဟာ ကျွန်မသိပ်ကြိုက်တဲ့ Big Bang MV Haru Haru ထဲက သရုပ်ဆောင် ကောင်မလေးမှန်း သိခဲ့ရပါတယ်)...



 
သာမာန်အားဖြင့် ယခုလို မင်းသားတွေအများကြီးနဲ့ မိန်းကလေးက ယောကျာင်္းလေးယောင်ဆောင်တဲ့ ဇာတ်ကားတွေမှာ မင်းသမီးတွေဟာ မိန်းမဆန်ဆန် လှလှလေးတွေ ၀တ်ခွင့်မရှိတဲ့အတွက် သူတို့ရဲ့ သရုပ်ဆောင်မှုဟာ လိုတာထက် အနည်းငယ်ပို Cute အောင် သရုပ်ဆောင်လေ့ရှိပါတယ်... (အဲဒါကို ကျွန်မ သဘောမကျဆုံးပါပဲ... ဥပမာ... You're beautiful ထဲက မင်းသမီး.. Park Shin Hye ဆိုလဲ ကားစပိုင်းမှာ Act cute လုပ်လွန်းတယ်လို့ ထင်မိပါတယ်... နောက်ပိုင်းမှသာ ကြည့်ကောင်းသွားတာပါ... အဲဒိမင်းသမီးကို မမုန်းပါဘူး...) ဒါပေမဲ့.. ခု Park Min Young ယောကျာင်္းလေးယောင်ဆောင်ပြီး သရုပ်ဆောင်တာကို တွေ့ရတော့ ကျွန်မ ထင်ထားတာထက် ကောင်းနေပါတယ်... သူမဟာ တခြားမင်းသမီးတွေလို Act Cute အရမ်းမလုပ်ပဲ ပုံမှန်လေးပဲ သရုပ်ဆောင်သွားတဲ့အတွက် သဘာဝလဲကျတဲ့အပြင် Annoying လဲ လုံးဝမဖြစ်ခဲ့ပါဘူး.. အဲဒိအတွက် သူမကို ပိုလို့တောင် သဘောကျသွားခဲ့ပါတယ်...

ပြီးတော့ ဒီကားမှာ သရုပ်ဆောင်ပိုင်းအားလုံးကို သေသေချာချာ ဘက်မလိုက်ပဲ ယှဉ်ကြည့်ရင် ခေါင်းဆောင်မင်းသား Micky Yoo Chun ထက် မင်းသမီး Park Min Young က ပိုသရုပ်ဆောင်ကောင်းတာကို တွေ့ရမှာပါ... ကျွန်မအမြင်ပြောရရင် မင်းသား ၃ ယောက်ပါတဲ့အထဲမှာ ခေါင်းဆောင်မင်းသားရဲ့ ခံစားချက်ကို မျက်နှာမှာ ပေါ်လွင်အောင် လုပ်နိုင်အားက နည်းနည်းလိုနေသေးတယ်လို့ ထင်မိပါတယ်... ဒါကလဲ သူ့ကို အပြစ်ပြောလို့ မရသေးပါဘူး... သူဟာ နာမည်ကျော် အဆိုတော်အဖွဲ့ DBSK (ယခု JYJ) နဲ့ နာမည်ကြီးခဲ့ပြီး ဒီဇာတ်ကားဟာ သူ့ရဲ့ပထမဆုံး သရုပ်ဆောင်ဘက်ကို ခြေလှမ်းစခဲ့တာပါ... ဒါတောင် တဖြည်းဖြည်း ယှဉ်ကြည့်မယ်ဆိုရင် သူ့ မျက်နှာအမူအယာဟာ ကားနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ တိုးတက်လာတာ တွေ့ရပါတယ်... (တချို့ကပြောမယ်... သူ့ဇာတ်ကောင်စရိုက်ကိုက ကားစစချင်းမှာ Emotion မရှိတဲ့သူ... အရာရာ စည်းမျဉ်းအတိုင်းသွားတတ်တဲ့သူလို့ ပြန်ပြောစရာရှိပါတယ်... ဒါပေမဲ့ အဲလို ဇာတ်ကောင်မျိုးကို တခြားဝါရင့်မင်းသားတွေ သရုပ်ဆောင်တာ ကြည့်ဖူးပါတယ်... တကယ်တော့ အဲလို ဇာတ်ကောင်မျိုးကမှ တခြား အမူအယာ ထူးထူးခြားခြားမလုပ်ရပဲ သူတို့ရဲ့ မျက်နှာပေးနဲ့တင် ပရိတ်သတ်ကို ဆွဲဆောင်ရလို့ ပညာပေါ်မူတည်ပြီး ပရိတ်သတ်ရဲ့ ရင်ကို ဆွဲလို့ အကောင်းဆုံး ဇာတ်ကောင်လို့ ထင်ပါတယ်... အဲဒါကြောင့် ကျွန်မ အဲဒိကားစစကြည့်ချင်းတုန်းက အဲဒိမင်းသားကို ဒီလောက် မကြိုက်ခဲ့ပါဘူး... နောက်ပိုင်းမှ သူ့ရဲ့ ဇာတ်ကောင်ကို သဘောကျတာရော... သူသရုပ်ဆောင်တာ တိုးတက်လာတာရော... ကြည့်ရင်းကြည့်ရင်းနဲ့ သူက တဖြည်းဖြည်းမှ ချောလာတဲ့ ရုပ်မျိုးမို့ ကြိုက်သွားတာပါ...) ကျန်တဲ့ မင်းသား ၂ ယောက်ကတော့ အစထဲက သရုပ်ဆောင်လိုင်းထဲကပဲဆိုတော့ (သေချာသတိထားပြီးကြည့်ကြည့်ပါ...) သူတို့က ဒုတိယမင်းသားတွေဖြစ်ပင်မဲ့ သူတို့ကို လူတွေဘာလို့ သတိထားမိလဲ... သူတို့ကို ကောင်မလေးတွေဘာလို့ စွဲလန်းလဲ... သူတို့ ၂ယောက်လုံးက သူတို့ ဇာတ်ကောင်ကို အလွန်ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တယ်လို့ ကျွန်မထင်ပါတယ်...

မင်းသမီး အင်တာဗျူးရေးဖို့ စလိုက်ရင်းနဲ့ သူတို့ သရုပ်ဆောင်ပိုင်းလေးတွေကို ကြုံလို့ SungKyunKwan Scandal drama review ဆိုပြီး နောက်တစ်ပိုစ့်ထပ်မရေးတော့ပဲ ကျွန်မမြင်သလောက် တခါတည်းပေါင်းရေးလိုက်တာပါ... ဒီကားရိုက်ပြီး နောက်ရက်မှာ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Park Min Young ရဲ့ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင် Kim Yoo Hee အပေါ် ထင်မြင်ချက်လေးတွေနဲ့ ဇာတ်ကားရိုက်စဉ် ဖြတ်သန်းခဲ့တဲ့ အချိန်လေးတွေကို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်...

အောက်ပါ အင်တာဗျူးဟာ သူမရဲ့ အင်တာဗျူး ၂ခုကို ပေါင်းပြီး ဖော်ပြထားတာပါ... မေးခွန်းတွေကို မဖော်ပြပဲ သူမရဲ့ အဖြေတွေချည်း ဇာတ်တိုက် ရေးထားတာပါ...

Warning: SPOILERS AHEAD
info source: dramabeans
Translated by MaBayDar


"ကျွန်မ ကျေးဇူးတင်လွန်းလို့ ငိုတောင် ငိုမိတယ်... ပင်ပန်းလွန်းလို့ ကင်မရာရှေ့မှာ မတ်တပ်ရပ်တောင် အိပ်ပျော်တယ်... ဒါပေမဲ့ အဖွဲ့သားတွေအားလုံးက စိတ်နှစ်ပြီး ဒီကားကို သတ်မှတ်ထားတဲ့ အချိန် ပြီးဆုံးအောင် ရိုက်ကူးခဲ့တယ်... ကျွန်မ တစ်ရက်မှာ ၂၃ နာရီ မိတ်ကပ်အပြည့်နဲ့ နေခဲ့ရတဲ့အပြင် ၃ရက်ဆက်တိုက် မအိပ်ခဲ့ရတဲ့ အချိန်တွေလဲ ရှိတယ်... ကျွန်မ မျက်ကွင်းတွေညိုတာ ပါးနားအထိတောင်ရောက်လုတယ်... (သူတင်စားပြီးပြောတာဖြစ်မှာပါ... ကျွန်မတော့ အဲဒိကားမှာ သူ့မျက်နှာ ဖွေးဥနုနေတာပဲ တွေ့ပါတယ်)... ဒါပေမဲ့ ကျွန်မပျော်ပါတယ်... နွေရာသီကြီးမှာ ကျွန်မရင်ဘတ်တွေကို တင်းကျပ်နေအောင် စည်းပြီး သရုပ်ဆောင်ရတာ အသက်ရှုကျပ်လွန်းလို့ ထမင်းတောင် ၂ရက်လောက်မစားနိုင်ပါဘူး... ဒါပေမဲ့လဲ Kim Yoon Hee အဖြစ်သရုပ်ဆောင်ခွင့်ရတာကို ကျွန်မ ၀မ်းသာပါတယ်... ကျွန်မတို့တွေ 6% rating နဲ့ စတင်ခဲ့ပင်မဲ့ ဆက်လက်ကြိုးစားမှုကြောင့် 10% ကျော်ခဲ့တော့ ကျွန်မဖြင့် ပျော်လွန်းလို့ အရူးတစ်ယောက်လိုတောင် ခုန်ပေါက်နေမိတယ်..."

"ကျွန်မသာ အဲဒိထဲကလောက် စာကြိုးစားတဲ့ ကျောင်းသူဆိုရင် ခုချိန်မှာ Seoul University ကို တက်နေလောက်ပြီ... ၆လအတွင်းမှာ ၄ကီလို ကျခဲ့ပင်မဲ့ အံ့သြစရာကောင်းတာက ကျွန်မ မူးမေ့မလဲခဲ့ဘူး... ငါတစ်ရက်မှ ပျက်လို့ မဖြစ်ဖူးလို့ ကိုယ့်ကိုကိုယ်ပြန်ပြောနေခဲ့တယ်... Production company ရဲ့ အကြီးအကဲကတောင် ကျွန်မကို အားဆေးတွေ ယူလာပေးသေးတယ်..."


"ရိုက်ကွင်းထဲမှာ အမြဲတမ်း လုပ်စရာတွေနဲ့ ရှုပ်ရှပ်ခက်နေတယ်... ခုမှပဲ အလုပ်တွေများလွန်းလို့ ဖျားနာချိန်တောင် မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်သွားတယ်... မိုးရေထဲမှာ ရိုက်ရတဲ့ အခန်းတွေ အများကြီးပါပြီး ကျွန်မတို့အားလုံး ရွဲရွဲစိုခဲ့တာတောင် ကျွန်မ မဖျားခဲ့ဘူး... ဒါပေမဲ့ ကားပြီးဖို့ အဆုံးသတ်တော့မှ ကျွန်မရဲ့တင်းထားတဲ့ စိတ်တွေ လျော့ချလိုက်လို့ထင်တယ်... ချက်ချင်းဖျားတော့တာပဲ..."

"Ah-in (Moon Jae Shin Aka Geoh Rol in the drama) နဲ့တောင် ပြောဖြစ်သေးတယ်... အားလုံး... Park YooChu (မင်းသား acted as Lee Song Ju)... Song Joong Ki (acted as Gu Yeon Ha)... Yoo Ah-in ( acted as Moon Jae Shin Aka Geoh Rol) အားလုံးက သရုပ်ဆောင်တာ ဈာန်ဝင်လွန်းလို့ တစ်ယောက်နဲ့ တစ်ယောက်တောင် သရုပ်ဆောင်တဲ့ အထဲ နစ်ဝင်သွားအောင် ဆွဲခေါ်နိုင်ကြတယ်... အဖွဲ့လိုက် သရုပ်ဆောင်ရတာ ကောင်းလွန်းလို့ တစ်ယောက် မျက်နှာကို အဓိကထားရိုက်နေတဲ့ အခန်းတွေတောင်မှ ကျွန်မတို့ကျန်တဲ့သူတွေက စိတ်နှစ်ပြီး သရုပ်ဆောင်နေခဲ့ကြတယ်... ဒါပေမဲ့ ကျွန်မမှာတော့ Complaint လုပ်စရာ တစ်ခုရှိတယ်... သူတို့ ၃ယောက်က ကလေးမျက်နှာလေးတွေ အထူးသဖြင့် Ah-in က ဆံပင်ညှပ်လိုက်ပြီး မုတ်ဆိတ်တွေရိတ်လိုက်ရင် သူ့ရုပ်က လုံးဝကလေးလေလိုပဲ... သူတို့ ၃ယောက်ဘေးမှာနေရတာ ကျွန်မက အိုတယ်လို့ထင်ရတယ်... ဒါ့အပြင်... ရိုက်ကွင်းက စိတ်ဖိစီးမှုတွေကလဲ ကျွန်မကို ရင့်သွားစေတယ်ထင်တယ်..."


"တကယ်တော့ ကျွန်မ မင်းသမီးလုပ်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပါဘူး... ဒါပေမဲ့ ကျွန်မ ကောလိပ်လျှောက်နေတဲ့ အချိန်မှာပဲ... အမေက ဘယ်လို ဘယ်လိုမှန်းမသိ ကျွန်မကို Theater Program ကို လျှောက်ကြည့်ဖို့ ပြောခဲ့လို့...ကျွန်မကလဲ "အင်းလေး.. လုပ်ကြည့်ရင် ကောင်မလား" ဆိုပြီး လျှောက်ဖြစ်သွားတာပါ... နောက်မှ ပြန်သိတာက မေမေက ဗေဒင်ဆရာ ၅ယောက်လောက်ဆီသွားမေးတော့ အားလုံးက ကျွန်မကို မင်းသမီးဖြစ်မယ်ဟောခဲ့တာကို သိတော့တယ်... (ရီလျှက်) ... ခုတော့ ကျွန်မသာ သရုပ်ဆောင်မလုပ်ခဲ့ရင် ကျွန်မဘာဖြစ်မလဲလို့ တွေးမိတယ်... ကျွန်မ သရုပ်ဆောင်နေတဲ့အချိန်တွေက အပျော်ဆုံးအချိန်တွေပဲ..."


" ကျွန်မက စစချင်း စင်တင်လိုက်ရုံနဲ့ပဲ အောင်မြင်ခဲ့တယ်... ဒီတော့ ကံကောင်းတယ်လို့ ပြောလို့ရတယ်... အဲလိုတွေဖြစ်ခဲ့တော့ အားလုံးဟာ လွယ်လွယ်လေးပဲလို့ ထင်ခဲ့မိတယ်... ဒါပေမဲ့ လုပ်ငန်းခွင်ကို တစ်ကယ်စ၀င်တော့မှ အရာတွေက ပိုခက်ခဲလာခဲ့တော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတောင် ပျောက်သွားခဲ့တယ်... ပြီးခဲ့တဲ့ တစ်နှစ်လုံး ကျွန်မ စိတ်ဓာတ်တွေ ကျနေခဲ့တယ်... အတိုက်အခိုက် အခက်အခဲတွေအများကြီးနဲ့လဲ ရင်ဆိုင်ခဲ့ရတယ်... ကျွန်မ လုပ်ငန်းပြောင်းလိုက်ဖို့တောင် စိတ်ကူးမိတယ်... အဲဒိအချိန်မှာမှ ဒီ SungKyunKwan Scandal ဇာတ်ကားကို ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်... ကျွန်မ မင်းသမီးတစ်ယောက်အနေနဲ့ အောင်မြင်ဖို့ ကြိုးစားနေတာထက်... ဒီကားရဲ့ တစ်စိတ်တဒေသအဖြစ် ပါဝင်ခွင့်ရတာကိုပဲ ကျေးဇူးလဲတင်တယ်.. အရမ်းလဲ ၀မ်းသာတယ်..."


" ကျွန်မကို အရင်က ခပ်တုံးတုံး (သူများညာတာ ခံရတဲ့) မိန်းကလေးဇာတ်ကောင်အနေနဲ့ပဲ သရုပ်ဆောင်ခဲ့ဖူးတယ်.. ဒါပေမဲ့ ကျွန်မရဲ့ အပြင်က Personality က Yoon-Hee နဲ့တောင် တူသေးတယ်... ကျွန်မက စိတ်ထဲရှိတဲ့အတိုင်းပဲ စကားပြောလဲ တဲ့ထိုးပဲပြောတတ်တယ်... ဒီကားကို ရိုက်ရတဲ့အချိန် ကျွန်မ (လုပ်ငန်း)အခြေအနေက သိပ်အားမကောင်းခဲ့တော့ ဒီဇာတ်ကောင်နေရာမှာ ကျွန်မလုံးဝ နစ်မြုပ်သွားပြီး ကိုယ့်ကိုကိုယ်တောင် မေ့သွားတယ်... Yoon-Hee က စာပေလေ့လာတဲ့နေရာမှာ စေ့စပ်တယ်... ကျွန်မကလဲ သရုပ်ဆောင်တဲ့နေရာမှာ စေ့စပ်တယ်... ဒီတော့ ကျွန်မတို့ ၂ယောက်က အဲဒိနေရာမှာ သွားတူတယ်... Yoon-Hee အဆိုးဆုံးအခြေအနေတွေကို ကြုံတဲ့အခါ သူမရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ လမ်းကြောင်းကို ရှာတွေ့ခဲ့သလို သူမနေရာမှာ သရုပ်ဆောင်တဲ့ ကျွန်မအပေါ်လဲ သူမက တဖြည်းဖြည်း စိုးမိုးလာတယ်... "ငါဟာ ယောကျာင်္းလေးလို ၀တ်ပြီး သရုပ်ဆောင်နိုင်ပါလားဆိုတဲ့ ယုံကြည်မှုထက်.. ငါဟာ Yoon-Hee နေရာကို တကယ်သရုပ်ဆောင်နိုင်ပါလားလို့ ထင်လာခဲ့တယ်""


"သူက ရိုးသားဖြူစင်တဲ့ မိန်းကလေးတစ်ယောက်ပဲ... သူက သူ့မိသားစုအတွက် အများကြီး စတေးခဲ့တယ်... သူ Sungkyunkwan ကို ပထမဆုံးအကြိမ် စတင် ၀င်ရောက်ခဲ့ချိန်မှာပဲ သူငယ်ချင်းတွေနဲ့ ဆုံတယ်... အတန်းတွေတက်တယ်... အဲဒိမှာ သူ့ဘ၀သစ်အတွက် တံခါးဖွင့်ပေးခဲ့သလိုဖြစ်ခဲ့တယ်... ဒါတွေဟာ သူ့ဘ၀အတွက် သွယ်တန်းထားတဲ့ မီးလုံးတွေ တစ်လုံးပြီး တစ်လုံးပွင့်လာတဲ့ ခံစားချက်မျိုးပဲ... အသေးအဖွဲအချိန်လေးတွေမှာအစ ဒီနေရာမှာဆို Yoon-Hee ဒီလိုပျော်မှာပဲလို့ တွေးမိတဲ့အချိန်မှာ ကျွန်မမျက်နှာပေါ်က အမူအရာတွေက သူ့အလိုလို ပေါ်လာတော့တာပဲ... အမှန်အတိုင်း ၀န်ခံရရင် ဒီဇာတ်ကောင်ဟာ ကျွန်မ သရုပ်ဆောင်ဖူးတဲ့အထဲမှာ ကျွန်မကိုယ်ကျွန်မတောင် မေ့သွားတဲ့ ဇာတ်ကောင်ပါပဲ... ဒီဇာတ်ကောင်ဟာ ကျွန်မအလိုချင်ခဲ့ဆုံး ဇာတ်ကောင်ဖြစ်ပြီး ၅လ လုံးလုံးမှာ ကျွန်မတို့တွေ ၃ရက်ပဲ နားနေခဲ့ရတယ်... ကျွန်မမှာ တခြားအရာတွေတွေးဖို့ အချိန်မရှိဘူး... ကျွန်မဇာတ်ကောင်ပေါ်ကိုပဲ စူးစိုက်ထားလိုက်တဲ့ အချိန်မှာပဲ ကျွန်မကိုယ်တိုင်လဲ Yoon-Hee ဖြစ်သွားတယ်..."


"ပန်းလေးတွေလိုလှတဲ့ ကောင်လေးတွေနဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ ကျွန်မကို မုန်းတဲ့ anti-fan တွေတိုးလာမယ်လို့ ထင်ထားခဲ့တာ... ဒါပေမဲ့ ပရိတ်သတ်ကြီးက အရမ်းသဘောထားကြီးပြီး နားလည်မှုရှိတယ်... ဒီဇာတ်ကားကို မစခင်တင်မှာပဲ ကျွန်မရဲ့ anti fans အရေအတွက် လျော့ကျသွားတယ်... (ရီလျှက်)... ပရိတ်သတ်က Yoon-hee ကို မမုန်းကြပဲ Yoon-hee လို ဖြစ်ချင်လိုက်တာလို့ ပြောင်းလဲတွေးလာကြတာကို ကျေးဇူးတင်ရမယ်... ပရိတ်သတ်တွေ Yoon-Hee ကို ချစ်ကြတဲ့အတွက် ကျွန်မ ကျေးဇူးတင်ပါတယ်..."

" အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ကျရှုံးမှုဆိုတာကို အရင်တုန်းက တွေ့ကြုံခဲ့ဖူးတော့... ဒီဇာတ်ကား အောင်မြင်ခဲ့ရင်တောင်မှ ကျွန်မရဲ့ ပျော်ရွှင်မှုက အဲဒိမှာ မတည်ပါဘူး... ဒီဇာတ်ကားအောင်မြင်မှုကြောင့် ကျွန်မ အောက်ခြေလွတ်မသွားပါဘူး... ကျွန်မ လုပ်တဲ့ အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ခဲ့တယ်ဆိုတာကိုပဲ ဂုဏ်ယူနေချင်တာပါ..."


" ကျွန်မကို လက်ဆောင်အကြီးကြီး ပေးခံလိုက်ရ သလိုပါပဲ... အမှန်တိုင်း ပြောရရင် ဒီကားကို မရိုက်ခင်မှာ ထင်သလို မဖြစ်ခဲ့တဲ့ Projects တွေ အများကြီးပါပဲ... အခက်အခဲတွေအများကြီးနဲ့လဲ ကျွန်မရင်ဆိုင်ခဲ့ရလို့ ရုပ်ရှင်မင်းသမီးအလုပ်ကိုတောင် ရပ်လိုက်ဖို့ စဉ်းစားခဲ့ပါတယ်... Yoon-hee ဟာ ကျွန်မရဲ့ အနုပညာနဲ့ သရုပ်ဆောင်မှုပေါ်ထားတဲ့ စိတ်ကို တနည်းနည်းနဲ့ ပြန်နိုးကြားအောင်လုပ်ခဲ့တဲ့အတွက် ဒီ Project ကို အရမ်းကျေးဇူးတင်ပါတယ်..."


"Park Min-Young ကို Kim Yoon-Hee ရဲ့ ဘ၀နဲ့ နှိုင်းယှဉ်ရရင်တော့... ကျွန်မဟာ Sungkyunkwan က ကျောင်းသားသစ်ဘ၀ကို လွန်ခဲ့လို့... ခုဆိုရင် အိမ်စာတွေ မှန်မှန်လုပ်ပြီး ကျောင်းပြီးတဲ့အထိ ကြံ့ကြံ့ခိုင်နေသွားဖို့ပါပဲ... ကျွန်မရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Yoon-Hee လိုပြောရမယ်ဆိုရင် သူက Professor ဖြစ်သွားတယ်... ကိုယ့်ကိုကိုယ်တော့ သရုပ်ဆောင်ပိုင်းမှာ Professor ဖြစ်တဲ့ အဆင့်ရောက်မယ်လို့ ပြောတာတော့ မဟုတ်ဘူးနော်... (ရီလျှက်).. အားလုံးထက် ပိုပြီး ကျွန်မကျေနပ်မိတာကတော့ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်အနေနဲ့ ကျွန်မပါဝင်ခဲ့တယ်လို့ ပြောနိုင်တာကိုပါပဲ... ရုပ်ရှင်ရိုက်နေတဲ့ တလျှောက် ကျွန်မအရမ်းကို ပျော်နေခဲ့တာ... ခုဆိုရင် ကျွန်မ ဂုဏ်ယူနိုင်လောက်တဲ့ ကျွန်မရဲ့ အလုပ်ကို တချိန်ကျရင် ကျွန်မ သားသမီးတွေကိုပြစရာရှိသွားပြီပေါ့..."


သူမဟာ Plastic Surgery လုပ်ထားတယ်လို့ သိရပါတယ်... သူ့ရဲ့ မလုပ်ခင်နဲ့ လုပ်အပြီးပုံတွေ ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ သူမက ယခုလို ၀န်ခံခဲ့ပါတယ်... 

(info source... http://popseoul.com/2010/11/03/plastic-fantastic-park-min-young-dishes-on-her-plastic-face/)

" အလယ်တန်း ကျောင်းသူဘ၀တုန်းက Double eyelid Surgery ကို လုပ်ခဲ့ပါတယ်... အမေက ကျွန်မပိုလှသွားအောင်လို့ သူ့ပိုက်ဆံနဲ့ပဲလုပ်ပေးခဲ့တာပါ..." လို့ ပြောအပြီး ယခုလို ဆက်ပြီး ၀န်ခံပါတယ်... "ကျွန်မ နှာခေါင်း surgery လဲ လုပ်ခဲ့ပါတယ်.. ကျွန်မ နှာခေါင်းက နဲနဲလေး ကောက်ချင်လာတာကြောင့် ကျွန်မ Debut ဖြစ်ခါနီး အချိန်မှာပဲ နှာခေါင်း surgery လဲ လုပ်ခဲ့ပါတယ်" ... ကိုရီးယားမှာ အရမ်းခေတ်စားတဲ့ မျက်ခွံနဲ့ နှာတံ surgery ကို သူမလုပ်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်... (ကျွန်မစိတ်ထင်တော့ သူမ မေးရိုးပါ ပြင်ပုံရပါတယ်... အောက်က သူမရဲ့ မလုပ်ခင်နဲ့ လုပ်ပြီး ပုံကို ကြည့်ရင် မျက်လုံးနဲ့ နှာခေါင်းအပြင် မျက်နှာလေးပါ သွယ်သွယ်ချွန်ချွန်ဖြစ်အောင် ပြင်လိုက်ပုံရပါတယ်... ကြားဖူးတာတော့ မေးရိုးပြင်တာဟာ Major Surgery ပါ... ဒါက ကျွန်မထင်တာပြောတာပါ... မှန်မမှန်တော့ ကိုယ့်ဘာသာကိုယ်ပုံကြည့်ပြီး ဆုံးဖြတ်ပါ)....



ဒါပေမဲ့ ပရိတ်သတ်တွေက သူမကို အပြစ်မပြောတဲ့အပြင်... ဘယ် ဆရာဝန်နဲ့ လုပ်တာလဲ... လုပ်ထားတာ သပ်ရပ်ပြီး လှလွန်းလို့ ဆရာဝန်ကို ချီးကျူးကြောင်းနဲ့... မင်းသမီးရဲ့ သတ္တိကိုလဲ အားလုံး ချီးကျူးနေကြတာ တွေ့ရပါတယ်...

ဟုတ်ပါတယ်... ကျွန်မအနေနဲ့လဲ သူတို့လို သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိပြီး ရုပ်ရည်ကို perfect ဖြစ်ဖို့အတွက် Plastic Surgery လုပ်သင့် လုပ်ရမှာပါပဲ လို့ ထင်မိပါတယ်... ဘာလို့လဲဆိုတော့ သူတို့အလုပ်က ရုပ်လှမှဖြစ်တာကိုး.... ဒါကို Professional ကျတယ်လို့ ခေါ်နိုင်မလား...?

Boy before flower ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးက သူ့သူငယ်ချင်းကို ကာကွယ်ပေးတုန်းက ပြောခဲ့သလိုမျိုးပဲ... သူ့မှာ ပိုက်ဆံရှိတယ်... သူဖြစ်ချင်တာကို သူ့မှာရှိတဲ့ဟာနဲ့ လဲယူတယ်... အဲဒါဘယ်သူ့ကို ထိခိုက်လဲ.... ဟုတ်တော့ ဟုတ်တယ်... သူတို့လဲ သူတို့ Choice နဲ့ သူတို့ ခန္ဓာကိုယ်ကို လုပ်တယ်... အဲဒိအတွက် သူတို့ ပေးဆပ်ရတာတွေလဲ ရှိတာပဲ...(အင်းပေါ့လေ... Plastic surgery လုပ်ထားပြီးတော့တော့ သူ့ကိုယ်သူ ချောတယ်ဆိုပြီး မမောက်မာနဲ့ပေါ့နော်... ) သူတို့တွေမှာ အမြဲတမ်း ပြုပြင်ထားတဲ့နေရာကို ဂရုတစိုက်နေနေရမှာ... တသက်လုံးပဲ... ဒီလို Plastic Surgery ခံရဲတဲ့ သတ္တိကလဲ သူမှာ ဖြစ်ချင်တဲ့ ဆန္ဒတော်တော် ပြင်းပြမှ ရမယ်ထင်တယ်... လုပ်တဲ့သူကိုလဲ အပြစ်မပြောစေချင်ဘူး ဘာလို့လဲဆိုတော့ ခုလို ချောသွားတော့လဲ သဘောကျကြတာပဲ မဟုတ်လား (မဗေဒါဆို လှချင်ပင်မဲ့လဲ ဆေးထိုးရမှာတောင် ကြောက်တဲ့သူဆိုတော့ Plastic Surgery ကတော့ ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ဘူး....) ဘယ်လိုပဲဖြစ်ဖြစ်... ခုလို လှလဲလှ... သရုပ်ဆောင်လဲကောင်း... ချစ်ဖို့လဲကောင်းတဲ့ မင်းသမီး Park Min Young ကိုတော့ သူ့ အင်တာဗျူး ဖတ်အပြီးမှာ ပိုပြီး သဘောကျနှစ်သက်သွားပါတယ်... သူ့ကားတွေနောက်ထွက်ရင်လဲ ကြည့်ဖြစ်တော့မှာပါ... (တကယ်လို့ မင်းသားက ကိုယ်မုန်းတဲ့ မင်းသား မဟုတ်ရင်ပေါ့)....

P.S ကျွန်မ အမြင်နဲ့ ယုံကြည်မှုပေါ် မူတည်ရေးသားတဲ့အတွက် ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...

10 comments :

SZA said...

i think i should do double eyelid surgery too..haha..my mom wanted me to do it..not sure she jokes about it or not :D

နွေးနေခြည် said...

ခေါင်းဆောင်မင်းသားထက် ဒုတိယမင်းသား ၂ယောက်ကိုတော့ ပိုကြိုက်တယ်။
သူတို့တွေ အတော်ပင်ပန်းကြရတယ်နော်... ဘယ်အလုပ်မဆို ပင်ပန်းတာပါပဲလေ...
ဒီကားမှာတော့ ဘယ်သူကမှ ကိုယ့်ကို Annoying မဖြစ်စေခဲ့တဲ့အတွက် ကြည့်လို့ကောင်းတဲ့ ကားတကားပါ။

ShwunMi- said...

sis. eye lid surgery is very minor. I heard it is not much painful. that person said it was just like ears pierced.

ပိုလှအောင် ပြုပြင်ယူတာကို အပြစ်လို့ မထင်ပါဘူး။ တခါတလေ အားတောင်ကျမိတယ်။ ဒါပေမဲ့ အသားနာမှာရယ် ပိုက်ဆံကုန်မှာကြောက်တာရယ်..
ဒီတိုင်းလည်း နေလို့ရနေတာမို့...

cosmetic surgery က လွယ်ကူလာတော့ တော်တော်များများ လုပ်လာကြပါတယ်..
မဗေဒါ ပြောသလိုပဲ..မာနကြီးသွားရင်တော့ မကောင်းဘူးပေါ့..။

mabaydar said...

ရွှန်းမီရေ...
eyelid surgery က minor မှန်း မဗေဒါ သိပါတယ်... မဗေဒါပြောတာက မေးရိုး မျက်နှာကျ ပြင်တာကိုပြောတာပါ... မျက်နှာလေး သွယ်သွယ် ချွန်ချွန်ကျနေဖို့အတွက် ရှိတဲ့ မေးရိုးတွေကို ကော်ပတ်စားသလို စားပြီး ပြင်တဲ့ မေးရိုး surgery (ဘယ်လိုခေါ်လဲတော့ အတိအကျမသိ) ကတော့ Major surgery လို့ ပြောတာပါ... သူ့ကြည့်ရတာ အဲဒိ ဟာပါ လုပ်ထားသလိုပဲလို့ မဗေဒါ ထင်တာကိုပြောတာပါ... သူကတော့ မျက်ခွံနဲ့ နှာတံ minor surgery ၂ ခုပဲ လုပ်ထားတယ်လို့ ဆိုပါတယ်... Anyway, I still love her for being a good actress.

Anonymous said...

She is also from "Unstoppable high kick"right.I like it very funny.

shin said...

အတူတူပဲ။ ခေါင်းဆောင်မင်းသား Micky ကို စစ ကြည့်ခါစက မကြိုက်ဘူး။ playboy လုပ်တဲ့ မင်းသား Song Joong Ki ကို အရမ်းသဘောကျတာပဲ။ I'm Goo Yong Ha lay...Goo Yong Ha လို့ပြောတဲ့ ပုံစံလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ။ I'm Sam ဇတ်လမ်းကို မကြိုက်ပေမဲ့ အဲဒီကားကြည့်တုံးက မင်းသမီးကတော်တော်ချစ်ဖို့ကောင်းတာ သတိထားမိတယ်။ ဆရာလုပ်တဲ့မင်းသားကတော့ လုံးဝကိုမကြိုက်ပါ။

:P said...

လောလောဆယ် ဒီကားရယ် Fugitive ရယ် ၂ ကားကြည့်ဖြစ်နေတယ်...
ကြည့်သာကြည့်နေတာ သရုပ်ဆောင်တွေ ဘယ်တုံးက ဘယ်ကားထဲပါခဲ့မှန်းမသိဘူး...
ခုမှ နည်းနည်း ဗဟုသုတ ရသွားတော့တယ်..။

:P said...

မင်းသမီးလေးက မိန်းကလေးလို ဝတ်တဲ့တစ်ခန်းကျမှ တော်တော်ချစ်စရာကောင်းမှန်းသိရတယ်...

Unknown said...

မဗေဒါ ဘလောက် ထဲ ကိုဝင်ကြည့်မိတယ်။ခရီးသွားတာ
ကိုဝါသနာပါလို့ ပါ။နောက်ပြီးသဘာဝရှုခင်းတွေကိုကြည့်
ရတာ၊သွားလည်ရတာ အရမ်းကို ၀ါသနာပါတယ်။ဒါပေ
မယ့် သွားလည်ဖို့ အခွင့်အရေးသိပ်မရှိဘူး။ဓါတ်ပုံရှုခင်း
လေးတွေတင်ထားပေးတာအရမ်းကျေးဇူးတင်ပါတယ်။
ဘန်ကောက်မှာရှိနေပြီးမရောက်ဖြစ်သေးဘူး။နောက်
တော့ ရောက်ဖြစ်ရင် မဗေဒါလိုပဲ ဓါတ်ပုံလေးတွေဖေါ်ပြ
ပေးပါ့မယ်။....(အရမ်းလှပါတယ်.......လူပုံတွေကလွဲရင်)

Unknown said...

အဝေးရောက်နေတဲ့မြန်မာတွေအတွက် မြန်မာရှုခင်း
လေးတွေလဲတင်ပေးစေခြင်ပါတယ် မြန်မာပြည်ရဲ့ ရှုခင်း
တွေဟာလဲ လှပသာယာတယ်ဆိုတာ။ အမိမြေကိုလွမ်း
လို့ ပါ။မြန်မာပြည်ရဲ့ ဒေသတော်တော်များများကိုရောက်
ဘူးပါတယ်။ထိုင်းမိုင်ငံရဲ့ ဒေသတော်တော်များများကိုလဲ
ရောက်ဘူးပါတယ်။ဒါပေမဲ့ မတူဘူးပေါ့နော်။နောက်ပြီး
ကိုယ့်မြန်မာပြည် ရှုခင်းတွေက ပိုလှသလားလို့ ပါ။
ဘန်ကောက်ရောက်နေတာ 16-နှစ်ရှိပါပြီ။