Wednesday, November 24, 2010

SungKyunKwan Rich boy, Song Joong Ki is coming to SG

Photobucket


Song Joon Ki will arrive on the 18th of December, 9:55pm via SQ609. Terminal 3. Let's show our support for this adorable actor.

Departure Flight Detail of Song Joong Ki from Singapore...
Song Joong Ki Flight departure from Sg to south korea details >>Departure: 21st DEC 0805 SQ608 cr.SongJoongKiSG


SungKyunKwan Scandal ထဲက သူဋ္ဌေးသား Gu Yong Ha အဖြစ် သရုပ်ဆောင်သွားတဲ့ မင်းသားချော Song Joong Ki ရဲ့ စကာင်္ပူမှာရှိတဲ့ ပရိတ်သတ်တွေအတွက် သတင်းကောင်းလေးတစ်ခုဝေမျှချင်တာကတော့.... မင်းသားဟာ Bugis နဲ့ Marina Square မှာအသစ်ဖွင့်လိုက်တဲ့ Tony Moly ကိုရီးယားမိတ်ကပ်ဆိုင် ပရိုမိုးရှင်းအတွက် စကာင်္ပူကို ခန့်မှန်းခြေ ဒီဇင်ဘာ ၁၈ မှ ၂၁ရက် အတွင်း ၁ရက်ရက်(အတိအကျရက် မသိရှိရသေးပါ) လာမယ်လို့ သိရှိရပါတယ်... အတိအကျသိရရင် ဒီပိုစ့်မှာ လာ အက်ဒစ် update လုပ်ပါမယ်...

ခန့်မှန်းခြေ မင်းသားဟာ ၁၈ရက် ဒီဇင်ဘာ ၂၀၁၀ မှာ စကာင်္ပူကို ရောက်ရှိမှာ ဖြစ်ပြီး Bugis Junction မှာရှိတဲ့ Tony Moly ဆိုင်မှာ လက်မှတ်ထိုးပွဲလုပ်မှာဖြစ်ပါတယ်... (အချိန်အတိအကျ မထွက်သေးပါ...)

ဒါဆိုရင်... သူ့ရဲ့လက်မှတ်ထိုးထားတဲ့ ပိုစတာနဲ့ သူနဲ့ တစ်ဦးချင်း ဓာတ်ပုံတွဲရိုက်ခွင့်ကို ဘယ်လိုရယူနိုင်လဲ သိဖို့လိုအပ်လာပါပြီ...

အသေးစိတ်ကတော့...
Photobucket
၁။ ကြိုက်တဲ့ Tony Moly ဆိုင်မှာ S$80 ဖိုးဝယ်ရင် သူလက်မှတ်ထိုးထားတဲ့ ပိုစတာအတွက် ကံစမ်းဖို့ အခွင့်အရေးရရှိမှာပါ... (ခုလို ကံစမ်းမဲကိုတောင်မှ Customers အယောက် ၉၀ ကိုပဲ အခွင့်ရေးပေးမှာပါ... ) (ဆိုင်က ၁၈ ရက်နေ့မှာစဖွင့်တယ်... ဒီနေ့ ၂၄ ရက်ရှိပြီဆိုတော့ အဲဒိ ကံထူးရှင်ဖြစ်ဖို့မပြောနဲ့ ပိုက်ဆံ ၈၀ အကုန်ခံပြီး ကံစမ်းဖို့တောင် အခွင့်ရှိချင်မှ ရှိတော့မယ်.. ပြောတတ်ဘူး... စိတ်ဝင်စားရင်တော့ ဆိုင်ကို သွားမေးကြည့်ပေါ့နော်...)

၂။ ကြိုက်တဲ့ Tony Moly ဆိုင်မှာ S$150 ဖိုး ၀ယ်ရင်တော့ လက်မှတ်ထိုးထားတဲ့ ပိုစတာအပြင်... မင်းသားချော Song Joong Ki နဲ့ တစ်ယောက်ချင်း ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့အတွက် ကံစမ်းဖို့ အခွင့်အရေးရမှာဖြစ်တယ်... (ဒီအခွင့်အရေးကိုလဲ ၁၅၀ဖိုးလဲဝယ် ကံလဲထူး စောစောလဲလာဝယ်တဲ့ Customers ၁၀ ယောက်ကိုပဲ ပေးမှာဖြစ်တယ်).. (စည်းကမ်းချက်တွေကလဲ လွန်လွန်းတယ်.... ဘယ်တော့မှ ကံစမ်းမဲနဲ့ အကျိုးမပေးတဲ့ကျွန်မတော့ ၀င်ကို စမ်းချင်စိတ်မရှိတော့ဘူး... စိတ်ဝင်စားရင်တော့ ဆိုင်သွားမေးကြည့်နော်... အဟိ)

ဒီပရိုမိုးရှင်းကတော့ နိုဝင်ဘာ ၁၇ မှာစပြီး ဒီဇင်ဘာ ၁၅ မှာ ဆုံးမှာဖြစ်ပါတယ်... ကံစမ်းမဲကိုတော့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကြေငြာမှာဖြစ်ပြီး မဲပေါက်သူများကို အသိပေးမှာဖြစ်ပါတယ်...

ကဲ Song Joong Ki ရဲ့ Singapore က မြန်မာ ပရိတ်သတ်လေးတွေလဲ မိတ်ကပ်လေးတွေနဲ့ လှလှပြင်ရင် ကံစမ်းဖို့ စိတ်ကူးရှိကြလား... မင်းသားနဲ့ ၁ယောက်ချင်း ဓာတ်ပုံတွဲရိုက်ခွင့်ရမှာနော်... အားလုံးပဲ ကံကောင်းကြပါစေ...

မဗေဒါကတော့ တချို့ မင်းသမီးတွေထက်တောင် ချောတဲ့ Song Joong Ki နဲ့ ယှဉ်ရပ်ပြီး ဓာတ်ပုံတွဲရိုက်ရင် ကိုယ်ရုပ်ဆိုးလွန်းတာမို့ အခွင့်ရှိရင် အဝေးကပဲ ကြည့်နေပါရစေကွယ်...


ဒါနဲ့ Song Joong Ki အကြောင်း သိကောင်းစရာ အနည်းငယ်ကိုလဲ မျှဝေထားတာတွေ့လို့ တစ်ခါတည်းရေးလိုက်အုံးမယ်... တစ်ခါတစ်လေ သူနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ မေးပြီး ဆုချတာမျိုးလုပ်တတ်တယ်...

Photobucket

1. သူ့မွေးနေ့က စက်တင်ဘာလ ၁၉ ရက် ၁၉၈၅ ဖြစ်တယ်...

2. သူနောက်ဆုံးရိုက်ထားတဲ့ ဇာတ်လမ်းတွဲက JYJ/DBSK အဖွဲ့ထဲက Micky Yoonchun ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့.. SungKyunKwan Scandal ဖြစ်တယ်...

3. သူဟာ KBS World မှာ သောကြာင်္နေ့တိုင်းအစီအစဉ်အဖြစ် ၂၀၀၉ ခုနှစ် သြဂုတ်လ ၇ ရက်ထဲကစပြတဲ့ KBS's Music Bank ရဲ့ ပင်တိုင်စံ Host အဖြစ် ပါဝင်ခဲ့တယ်... (ဟိုနေ့က ၀က်ဆိုဒ်တစ်ခုမှာဖတ်လိုက်ရတာတော့ ပြီးခဲ့တဲ့ အပတ်လောက်ကမှ သူ ထွက်လိုက်ပြီလို့ ကြားတယ်..)

4. သူဟာ SBS's Good Sunday line up မှာ ပြသတဲ့ urban-action variety show, Running Man မှာလဲ ပင်တိုင်စံ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်တယ်...

5. သူ့ကို အဆိုတော်အဖွဲ့ SHINee ထဲက Onew နဲ့တူတယ်လို့ လူတွေကပြောကြတယ်... (ဘာသာပြန်ပေးတာနော်... Onew fan တွေက မတူဘူးထင်လဲ မတူဘူးပေါ့နော်... မဗေဒါလဲ မတူဘူးလို့ထင်တာပဲ...)

6. သူဟာ တာတို အရှိန် ရေခဲပြင် စကိတ်စီးတဲ့သူ (short track speed ice-skater) အဖြစ် ၈နှစ် နေခဲ့တယ်... (မထင်ထားမိဘူးနော်... ဒါပေမဲ့ အမှန်ပဲတဲ့)

7. သူဟာ အရက်အများကြီး မသောက်နိုင်ဘူး... ဆိုဂျူး ၁ပုလင်းဟာ သူအတွက် အများဆုံး သောက်နိုင်တဲ့ limit ပဲတဲ့... ဒါတောင် အဲဒိ ၁ပုလင်းလောက် ကုန်ပြီးရင် သူအရမ်းသတိထားရတယ်တဲ့... ဘာလို့လဲဆိုတော့ အိမ်တောင် ဖြောင့်အောင် မပြန်နိုင်တော့ဘူးတဲ့... သူမူးရင် အရမ်းငိုတတ်တယ်လို့လဲ သိရတယ်... (အရက်မူးပြီး ထိုင်ငိုနေတဲ့ မင်းသား Song Joong Ki ကို မျက်လုံးထဲဖော်ကြည့်တော့ အတော် ရီရမှာပဲနော်... )

Photobucket

သူများနိုင်ငံက မင်းသားတွေနဲ့ တွေ့ဖို့များ စီးပွားရေးသမားတွေ အတော်ဥာဏ်ကောင်းတယ်... မင်းသားတစ်ယောက်နဲ့ ကြော်ငြာလိုက်တာနဲ့ သူတို့ မိတ်ကပ်တွေ ဘယ်လောက် အရောင်းထွက်သွားမလဲစဉ်းစားနေမိတယ်... မဗေဒါဘလော့ပေါ်မှာ မင်းသားအကြောင်းများတယ်ထင်မယ်... ဒါပေမဲ့ စဉ်းစားကြည့်... မိတ်ကပ်ကအစ မင်းသားတွေနဲ့ပဲ ကြေငြာနေပြီး မင်းသားတွေပဲ စကာင်္ပူလာနေတော့ ဘယ်လိုလုပ်မလဲ...

ဒါနဲ့ ရွှေပြည်နန်း အသားဖြူသနပ်ခါး ပရိုမိုရှင်းအတွက် S$10 ဖိုးဝယ်ယူတဲ့သူတွေအတွက် မင်းသားလွင်မိုးကို ရွံ့နဲ့ ပိတ်ပေါက်ဖို့ အခွင့်အရေးအတွက် ကံစမ်းခွင့်ရမှာဖြစ်တယ်.... (ဒီလိုမျိုး ပရိုမိုးရှင်းလုပ်ရင် အပေါ်ကလိုပဲ အောင်မြင်မယ်လို့ ကျွန်မထင်တာပဲ... ဟိဟိဟိ... စတာနော်... ချိတ်ချိုးနဲ့... ဘာမှ မရည်ရွယ်ပါဘူး...)

12 comments :

shin said...

သူ့ကိုကြိုက်တယ်။ ဒါပေမဲ့ ကံစမ်းမဲဆိုရင် ဘယ်တုံးကမှမပေါက်ခဲ့ဖူးတဲ့ ကိုယ့်အတွက်တော့ ပေါက်မယ်မထင်ပါ။

mabaydar said...

လေဆိပ်မှာ သွားကြည့်လေ... အလကားပဲဟာ... အဟိ... အားရင်တော့ သွားကြည့်မလားလို့....

Anonymous said...

http://www.facebook.com/pages/THEFACESHOP-SG/103802769660846?v=wall

TFS အတွက် ဒီဇင်ဘာ (1 to 3) မှာလာမဲ့ KHJ အစီအစဉ်က ကံစမ်းမဲမဟုတ်ဘူး (တော်သေးတယ်)... သတ်မှတ်ထားတဲ့ တန်ဖိုး products ဝယ်ရင် ရပြီ...

mabaydar said...

အင်း... ဟုတ်တယ်... ဒါပေမဲ့ အဲဒါက ခုချိန်လောက်ဆို ကုန်လောက်ပြီ... အသိနောက်ကျသွားတယ်... ရေးရင်ကောင်းမလားတောင် စဉ်းစားနေတာ... အားရင်တော့ လေယာဉ်ကွင်းသွားချောင်းရင်ကောင်းမလားလို့... အဟိ... (အလကားပဲ စိတ်ဝင်စားတယ်...)

Anonymous said...

A:အပြင်မှာတော့ မြင်ဘူးချင်တယ်.လေဆိပ်က လည်းအိမ်နဲ့ဝေးတော..................

KK said...

ဟေးလွင်မိုးကို ရွံ့နဲ့ပေါက်ဖို့ကံစမ်းရမယ်ဆို စည်းစိမ်ပြုတ်သွားအောင်ကို ၀ယ်ပြီး ဒင်းရဲ့ မလှမပတော့တဲ့ ကျက်သရေမရှိသော မျက်ခွက်ပြဲပြဲကြီးကို အားရပါးရ ပေါက်ပစ်လိုက်မယ်။ စိတ်ကြီးတယ်မှတ်ထား။

mabaydar said...

HAHA... KK အဲလောက်တောင်ပဲ ချစ်တယ်လား... တိုတိုလွင်မိုးကို... အဲဒိပရိုမိုးရှင်းလုပ်ဖို့ စလုံးက အော်ကာနှိုက်စားတွေကို အကြံပေးလိုက်မယ်လေ... ရဲလေးတို့... နေတိုးတို့... ဘာမှ မတတ်တဲ့ စန္ဒီမြင့်လွင်တို့ကို ခေါ်နေမဲ့အစား.. လွင်မိုးကို ရွှေပြည်နန်းပရိုမိုးရှင်းခေါ်လိုက်ရင် မြတ်မှာသေချာပေါက်... ဟိဟိ...

Anonymous said...

မဗေဒါ...TFS ရဲ့ tier 2 ticket က နက်ဖန် (25/11) မှ စရောင်းမှာ... အဲဒါက S$100 ဖိုး products or cash voucher (6mth validity) နဲ့ ဝယ်ရမှာ... tier 2 ကတော့ entry ticket နဲ့ goodies သက်သက်ဘဲ... tier 1 လို fan sign မပါဘူး...

KHJ's flight details are as follows:
Arrival flight KE641 arriving 1 Dec ETA 9.20pm
He will be departing via the CIP terminal on 3rd Dec and not the main terminal.

ကိုယ်လည်း လေဆိပ်ဘဲသွားမယ်...(FM မဟုတ်လို့)...

mabaydar said...

if he go by CIP terminal, we don't have a chance to see him already.
yeah.. it's not for FM, so i am not really anticipate it. Plus I spent nearly S$200 for I <3 Asia Pop concert on 4th Dec. I couldn't spent more for the actor who I am not crazy about. I accept KHJ is handsome and likable but I am not crazy about him. I wanted to take video and share on my blog only.

If he go through CIP then I won't go already. :(

shin said...

အင်း။ တခါမှလဲလေဆိပ်ကိုမသွားဖူးဘူး။ နောက်ပြီး အိမ်နဲ့လဲဝေးတော့သွားရမှာအားမရှိလှဘူးကွယ်

Anonymous said...

Ma bay dar, why u so kpo?

Anonymous said...

ငယ်ငယ်တုန်းက အတော်ချစ်ဖို့ကောင်းတာပဲ
sungkyunkwan ထဲမှာလည်း သူ့ကို အကြိုက်ဆုံး..။