Friday, May 28, 2010

Prince of Persia - The sands of Time Movie

ဒီနေ့ မထင်မှတ်ပဲ အဖော်ကောင်းလို့ Prince of Persia ကို ကြည့်ဖြစ်သွားပါတယ်... ဒီကားကို လွန်ခဲ့တဲ့ ၄လ ၅လလောက်ကတည်းက သူငယ်ချင်းတစ်ယောက်က ပြောလို့ကြည့်ချင်ခဲ့တာပါ... ဂိမ်းဝါသနာရှင်တွေကတော့ အဲဒိဂိမ်းက အတော်ကစားလို့ကောင်းတယ်လို့ပြောပါတယ်... သူငယ်ချင်းကတော့ ရုပ်ရှင်ဟာ ဂိမ်းလောက်မှ ကောင်းပါ့မလားလို့ သံသယ၀င်တယ်လို့ပြောပါတယ်... ကျွန်မလဲ အဲဒိဂိမ်းကို မဆော့ဖူးတော့ ဂိမ်းလောက် ကောင်းမကောင်းမသိပါဘူး... ဒါပေမဲ့ ရုပ်ရှင်ကတော့ သင့် ပိုက်ဆံအလကားဖြစ်တယ်လို့ မခံစားစေရပါဘူး...

ဇာတ်လမ်းအကျဉ်း

ပါရှားနိုင်ငံကို အုပ်ချုပ်တဲ့ဘုရင်ဟာ ညီအစ်ကိုတွေရဲ့ စည်းလုံးချစ်ကြည်မှု သစ္စာရှိမှုကို အလေးထားတဲ့သူတစ်ယောက်ပါ... သူ့မှာ ညီတော် ၁ယောက်နဲ့ သားတော် ၂ပါးရှိပါတယ်... ဒါပေမဲ့ တစ်နေ့ သူတိုင်းခန်းလှည့်လည်စဉ်မှာ အားနည်းသူကို သတ္တိရှိရှိ အမှန်တရားဘက်က ရပ်ပြီး ကယ်ခဲ့တဲ့ ဒတ်စ်တန် ဆိုတဲ့ ကလေးလေးကို မွှေးစားခဲ့ပါတယ်... ဒတ်စ်တန်ဟာ သူရသတ္တိနဲ့ ပြည့်စုံပင်မဲ့ သူ့ထီးနန်းကိုယူဖို့ လုံးဝစိတ်မ၀င်စားတဲ့ သားတော်တစ်ပါးဖြစ်လာခဲ့ပါတယ်... သူတို့နဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အလမ်မတ် နိုင်ငံက သူတို့ရန်သူနိုင်ငံကို လက်နက်တွေရောင်းတယ် သတင်းရခဲ့တဲ့အတွက် သူတို့ဟာ အလမ်မတ်ကို ဒတ်စ်တန်ရဲ့ အစွမ်းနဲ့ သိမ်းပိုက်ခဲ့ပါတယ်... အဲဒိနိုင်ငံက မင်းသမီးကိုလဲ ခေါ်ယူခဲ့ပြီး သားတော်တစ်ပါးပါးနဲ့ ထိမ်းမြားပေးဖို့ ကြံရွယ်ခဲ့ပါတယ်... သို့သော် မထင်မှတ်ပဲ ပွဲတော်လုပ်တဲ့နေ့တွင် ဒတ်စ်တန်က ဖခမည်းတော်ကို ဆက်သတဲ့ အကျီင်္ဟာ အဆိပ်ရည်လူးထားတဲ့အကျီင်္ဖြစ်နေပြီး သူ့ဖခမည်းတော် ကွယ်လွန်ခဲ့သလို ဒတ်စ်တန်လဲ ဘုရင်ကို သတ်တဲ့ လူသတ်တရားခံအဖြစ် စွပ်စွဲခံရကာ ၀ရမ်းပြေးဖြစ်ခဲ့ရပါတယ်... မင်းသမီးနဲ့ ဒတ်စတန်တို့ အတူတူ ထွက်ပြေးရင်း ဒတ်စတန် အလမ်မတ်ကို ၀င်တိုက်တုန်းက ကောက်ရခဲ့တဲ့ ထူးဆန်းတဲ့ ဖန်ဓားလေးရဲ့ အစွမ်းနဲ့ လျှို့ဝှက်ချက်ကို သိရှိခဲ့ရပါတယ်... ဒီလို အခက်အခဲတွေကြားမှာ သူအပြစ်မဲ့ကြောင်း ဘယ်လို သက်သေပြမလဲ... အချိန်ကို နောက်ပြန်သွားလို့ရတဲ့ ဖန်ဓားလေးကို သူဘယ်လို အသုံးချမလဲ... ဘုရင်ကြီးကို လုပ်ကြံတဲ့ တရားခံအစစ်က ဘယ်သူလဲ... သူ့ကို မုန်းတဲ့ မင်းသမီးလေး... အမြဲတမ်း ဖန်ဓားလေးကို ပြန်ယူဖို့ ကြံစည်နေတဲ့ မင်းသမီးလေးနဲ့ သူဘယ်လို လက်တွဲပြီး အလုပ်လုပ်ခဲ့သလဲ... ချောမောလှပတဲ့ မင်းသမီးလေးနဲ့ သူနဲ့ ကြားက သံယောဇဉ် ယုံကြည်မှုနဲ့ တည်ဆောက်တဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲ... ဒါတွေအားလုံးကို တော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားတာက မဗေဒါ ပြန်ပြောတာထက် အဆပေါင်းများစွာ ကွာခြားပါလိမ့်မယ်...



အွန်လိုင်းက တစ်ချို့ review တွေဖတ်ကြည့်တာတော့ ဂိမ်းထဲက အကောင်နဲ့တူအောင်တော့ တစ်နေရာက တစ်နေရာခုန်တာတွေ ခိုတာတွေကတော့ အတော်လေး တူအောင်ရိုက်ထားတယ်လို့သိရပါတယ်... မင်းသားနဲ့ မင်းသမီး ၂ယောက်လုံးက ချောလို့လဲ ကြည့်ရတာ မပျင်းသွားပါဘူး... Action, Adventure, Fantasy, Romance အကုန်အစုံပါတဲ့ ကားကောင်းတစ်ခုပါပဲ... မဗေဒါအတွက်တော့ ဒီလိုကားမျိုးကို အွန်လိုင်းကနေ quality ညံ့ညံ့နဲ့ ကြည့်မဲ့အစား အရည်အသွေးကောင်းကောင်း အဆင့်အတန်းမှီမှီနဲ့ ရုံမှာ သွားကြည့်တာက ပိုတန်ပါတယ်... ဒီလိုမျိုး Graphic တွေ effect တွေ sound system တွေသုံးထားတဲ့ ကားကောင်းတစ်ကားကို အလကားရတဲ့ အွန်လိုင်းကနေ ကွန်ပြူတာ screen သေးသေးလေးနဲ့ ကြည့်မဲ့အစား ရုံမှာ အရသာခံပြီး သွားကြည့်တာ အကောင်းဆုံးပါ... အရသာရှိတဲ့ မုန့်တစ်ခုကို အရသာမခံပဲ တစ်ခါတည်းမျိုချရင် တန်ဖိုးမရှိတော့ပါဘူး... အရသာရှိတဲ့ မုန့်ကို အရသာခံပြီးစားမှသာ တန်ဖိုးရှိမှာပါ... နောက်ပြီး ရုပ်ရှင်ပြုလုပ်သူတွေ စိုက်ထုတ်ထားတဲ့ ကြိုးစားအားထုတ်မှုကိုလဲ အလေးထားတဲ့အနေနဲ့ ရုံမှာ ကြည့်ပြီး အားပေးကြပါလို့...

7 comments :

ကိုဇော် said...

ဒီလိုကားမျိုးကို ကြိုက်တယ်။
အဲဒီလို ဇာတ်လမ်းမျိုးပဲ အဓိက ထား ကြည့်ဖြစ်တယ်။
ကိုယ်တိုင်တောင်မှ သရုပ်ဆောင်လို့ ရရင် ချချင်သေးတာ :P

Anonymous said...

ဒီကားကို ကြည့်ချင်နေတာကြာပါပြီ
သူငယ်ချင်းတွေမလိုက်လို့ ခုထိ မသွားရသေးဘူး
အခုလိုဆိုရင်တော့ သူတို့မပါလည်း ၁ယောက်ထည်း သွားကြည့်တော့မယ်... =)

Zay Tar Yar said...

ဟုတ်ကဲ့ သွားကြည့်မယ်

naychi said...

ကြည့်ဦးမယ်
စိတ်ဝင်စားစရာပဲ

sosegado said...

နမူနာကြည့်ရကတည်းက ကြည့်မလို့စိတ်ကူးတယ်၊ ရုံမှာကြည့်တာပိုကောင်းတယ်ဆိုတာဟုတ်တယ်၊

တလနွန် said...

နမူနာနဲ့ အားမရလို့  ရုံမှာ ကြည့်လိုက်အုံးမယ်။။။ :)

Racheal said...

I don't really like him in "The day after tomorrow". But he is so cool in this movie. :D