Tuesday, May 18, 2010

အားလုံး ကြား ကြားသမျှ...

ရေဒုက္ခရောက်နေတဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် တတ်အားသရွေ့ အလှူထည့်လိုက်ပါတယ်... မဗေဒါဘလော့ကို လာဖတ်တဲ့ စာဖတ်သူတွေကိုလဲ တတ်နိုင်သမျှ လှူဖို့ တိုက်တွန်းပါတယ်...
အားလုံးကိုလဲ မဗေဒါရဲ့ ကုသိုလ်လေးတွေ မျှဝေလိုက်ပါတယ်...

ဤပြုရသော ကုသိုလ်ကြောင့် လိုအပ်သော ဆန္ဒအကုန် အဆင်ပြေချောမောစွာ ပြည့်ရပါလို၏... (ဒီလိုဆုတောင်းလိုက်တော့ တစ်ခွန်းထဲနဲ့ အားလုံးပါသွားရော...)

အားလုံး...

အမျှ... အမျှ... အမျှ... ယူတော်မူကြပါကုန်လော့....





11 comments :

ကိုဇော် said...

သာဓု....သာဓု...သာဓု... ညီမရေ...
ရေလို အေးပြီး လိုချင်သမျှ မတောင်းပဲ ပြည့်ပါစေ။

naychi said...

သာဓု သာဓု သာဓု
နေခြည်လည်း လှူထားတယ်။ အမျှပြန်ဝေခဲ့မယ်
အမျှ ... အမျှ ... အမျှ

mabaydar said...

သာဓု... သာဓု... သာဓု...
ကုသိုလ်တွေ double ရကုန်ပြီ... အဟိ...

Yangon Thu said...

သာဓု ပါတော်။....သာဓု ပါ...သာဓု ပါ... ဘုန်း ကြီး လို့ သက် ရှည် ..... လို အင် ဆန္ဒ တ လုံး တ တည်း ပြည့်ဝ ပါ စေ။

ဆောင်းယွန်းလ said...

မွန်မြတ်လှတဲ့ ကုသိုလ်အတွက် သာဓု..သာဓု.. သာဓုပါခင်ဗျာ။

Zay Tar Yar said...

သာဓုပါခင်မျာ

Anonymous said...

သာဓုပါနော်
ဒီကလည်းလှူထားတယ်
ဘာရမလဲ
အားကျမခံကြွားသွားသည်။း)

လင်းထက် said...

သာဓု သာဓု သာဓု

ဟိုနေ့က ရှိုးပွဲသွားတဲ့ ကုန်ကျ စရိတ်တွေပါ ထည့်လှုလိုက်ရင် ပိုကောင်းမယ် :P

mabaydar said...

အင်း...အဲဒိ ရှိုးပွဲသွားတုန်းက မြန်မာပြည်မှာ ခုလို အပူဘေးမဖြစ်သေးဘူးလေ... သိရင်တော့ တစ်မျိုးပေါ့...

may16 said...

မဗေဒါ ရေ အလှူ အတွက် ကုသိုလ်တွေ လာခွဲယူသွားပါတယ် မွေးနေ့ ဆုတောင်းအတွက်ကျေးဇူး အများကြီးပါ..

မေလေး said...

သာဓု သာဓု သာဓုပါ မဗေဒါရေ
မေလေးတို့လဲလှူဖြစ်လိုက်လို့ အမျှ ဝေခဲ့တယ်နော်