Saturday, May 22, 2010

လတ်တလော လီမင်ဟို...

လတ်တလောမှာတော့ လီမင်ဟိုနဲ့ပတ်သတ်ပြီး ရှာဖွေမိသလောက် ထူးထူးခြားခြား သတင်းမရှိသေးပါဘူး... Personal Taste ဇာတ်ကားကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ရိုက်ကူးပြီးစီးခဲ့ပါတယ်... နောက်ဆုံးအတွဲမှာပါတဲ့ ဇာတ်ဝင်ခန်းကို သူကိုယ်တိုင် ကြော်ငြာခဲ့တဲ့ Bang Bang Brand ဆိုင်မှာ သွားရိုက်တာကို တွေ့ရပါတယ်... အားလုံး ပျော်ပျော်ရွှင်ရွှင်ပဲမို့ ပျော်စရာဇာတ်သိမ်းပဲဖြစ်မှာပါ...

ဖိုရမ်ထဲမှာပြောနေကြတာတော့ မင်းသားက မင်းသမီးကို လက်ထပ်ခွင့်တောင်းတဲ့အခန်းကို အတော်မနာလိုဖြစ်ကြတယ်လို့ပြောပါတယ်... ကျွန်မကတော့ ခုတစ်လော မအားလို့ ကြည့်လက်စ Personal Taste, Cinderella's sister, The Birth of the rich တောင် ရပ်နေပါတယ်...

လီမင်ဟိုကို BOF မှာတုန်းက သာမာန်ပါပဲ... မင်းသမီးကို မကြိုက်လို့ ခံစားလို့မရတာလဲ ပါမယ်ထင်ပါတယ်... နောက်ပြီးတော့ အဲဒိ ဇာတ်လမ်းအရ... အဲဒိ မင်းသား Character နေရာမှာ ဘယ်သူ သရုပ်ဆောင်ဆောင် နာမည်ကြီးပါတယ်... ဒါပေမဲ့ ကျွန်မအမြင်မှာတော့ ထိုင်ဝမ်က မင်းသား Jerry Yan ဟာ အဲဒိ ဇာတ်ကောင် စရိုက်ကို ကျန်တဲ့ နိုင်ငံကမင်းသားတွေ (Japan & Korea) ထက် ပိုပြီး ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သလို... သူနဲ့လဲ အတော်လိုက်ဖက်ပါတယ်... ရုပ်ရည်အရတော့ လီမင်ဟိုက ပိုချောပါတယ်... ဒါပေမဲ့ ဒီ Personal Taste မှာတော့ သူ့ သရုပ်ဆောင်အား အတော်တိုးတက်လာတာ မြင်နိုင်ပါတယ်... အထူးသဖြင့် သူ့မျက်လုံးတွေပါ...

လီမင်ဟိုဟာ ပြီးခဲ့တဲ့ လပိုင်းမှာ Personal Taste အပြင် (ကျွန်မ နားလည်တာ မမှားဘူးဆိုရင်) Bang Bang Brand Summer Collection နဲ့ Binggrae Banana Milk အချိုရည်ကြော်ငြာတွေလဲ ရိုက်ခဲ့ရတဲ့အတွက်... ပြီးခဲ့တဲ့ လပိုင်းမှာ အအိပ်ပျက်... အစားပျက် ပင်ပန်းခဲ့ပါတယ်... ခုတော့ Personal Taste ပြီးသွားပြီ ဖြစ်တဲ့အတွက် အနားယူချိန်ရပါပြီ... June 20, 2010 at 3pm မှာတော့ လီမင်ဟို fan meeting ကို ကိုရီးယားမှာ လုပ်မှာဖြစ်ပါတယ်... fan meeting အချက်အလက်တွေကိုတော့ မပြောတော့ပါဘူး... စကာင်္ပူကနေ ကိုရီးယားအထိ လီမင်ဟို fan meeting သွားကြည့်ရလောက်အောင် ရူးရူးမူးမူး ကြိုက်တဲ့သူ ဒီပိုစ့်ဖတ်တဲ့ သူထဲမှာ မပါဘူးထင်လို့ မလိုအပ်ဘူးထင်လို့ပါ... (သိချင်ရင်တော့ တင်ပေးပါမယ်)...

အော်.. ပြီးတော့ လီမင်ဟိုရဲ့ official fan member ကတော့ လက်ခံနေပါသေးတယ်တဲ့... အဲဒိ fan meeting ticket ဝယ်ရင် အလိုလို official member ဖြစ်တယ်ဆိုလား သိဘူး... ရေးထားတာ တွေ့လိုက်ပါတယ်...

(official member တွေဆိုတာ ပိုက်ဆံပေးပြီး အသင်းဝင်ရတာပါ... မင်းသားရဲ့ official website မှာ အကောင့်တစ်ခုရပါတယ်... မင်းသားက အဲဒိဆိုဒ်ကို အွန်လိုင်းလာတဲ့အချိန်တွေ မင်းသားနဲ့ချက်ခွင့်ရှိပါတယ်... official website တွေက ကိုရီးယားလိုပဲရေးထားတာပါ... official member တွေက အဲဒိ မင်းသားတွေနဲ့ပတ်သတ်တဲ့ ပွဲတွေမှာ အထူးအခွင့်အရေးရပါတယ်... ဥပမာ... ၂၅ဝတန်းဝယ်တာချင်းအတူတူ official members တွေက ရှေ့တန်းထိုင်ရတယ်...



အောက်က ပုံလေးတွေကတော့ သူ့ကြော်ငြာကပုံတချို့ရယ်.... Personal Taste နောက်ဆုံးခန်း ရိုက်တုန်းက ပုံတစ်ချို့ရယ်ဖြစ်ပါတယ်... လီမင်ဟိုကိုချစ်တဲ့ လီမင်ဟို fan တွေကို Minoz လို့ ခေါ်ပါတယ်တဲ့... ကဲ... မဗေဒါဘလော့ကို အားပေးပြီး လီမင်ဟိုကို တောင့်တတဲ့ မြန်မာ Minoz လေးတွေအတွက်... မင်ဟိုလေးကို ရှုစားကြပါကုန်...

P.S ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် ကိုလဲ ဆက်ရေးဖို့ အချိန်တော်တော်များများ စိတ်ကူးတွေ အကြီးအကျယ်ယဉ်နေပါတယ်... ခုတစ်လော အိပ်ရေးမဝလို့ ခေါင်းကမကြည်တော့ သိပ်ထွက်မလာပါဘူး... ဒါပေမဲ့ အဲဒါကို ဦးစားပေးပြီး အရင်ရေးပါ့မယ်...

အရင်ပိုစ့်မှာ မန့်ခဲ့တဲ့ အမည်မသိစာဖတ်သူအတွက် ဘာလီက မနှစ်က ဇွန်လက သွားတုန်းက ဗွီဒီယို ကင်မရာ ကျကွဲပြီး မပြင်ဖြစ်တာ... ဟိုနေ့ကမှ သွားပြင်လိုက်ပါတယ်.. ကံကောင်းထောက်မစွာပဲ ဒေတာတွေပြန်ရပါတယ်... ဒါပေမဲ့ အဲဒိမှာနေတဲ့ နောက်ဆုံးရက်ကတော့ ကင်မရာပျက်သွားလို့ မရိုက်ဖြစ်လို့.. အကုန်တော့ မရှိပါဘူး... အချိန်ရရင် လုပ်ပါအုံးမယ်.. ဒါပေမဲ့ တဝက်တပြတ်ဖြစ်နေတဲ့ ဂျပန် နဲ့ ကို၇ီးယားခရီးစဉ်ကိုပဲ ဦးစားပေး ဆက်ရင်ကောင်းမလားလဲ စဉ်းစားနေပါတယ်... အဆင်ပြေတာ.. အာရုံလာတာကို လုပ်သွားပါမယ်... မာတီပလိုင်းမှာ တင်ထားတဲ့ ပုံတွေက ၂ဝဝ၈ခုနှစ် ဧပြီတုန်းက သူငယ်ချင်းတွေနဲ့သွားထားတဲ့ မလေးရှား Redang resort ပါ... ဘာလီကပုံတွေ ဟုတ်ပါဘူး... မင်းသား အကြောင်းတွေထက် တခြားဟာတွေ ပိုဖတ်ချင်တယ်ဆိုတာကို ကိုယ်ချင်းစာပါတယ်... ဒါပေမဲ့လဲ ခုလောလောဆယ် လွယ်လွယ်တင်ပေးလို့ရနေတာကလဲ မင်းသားအကြောင်းပဲ၇ှိနေလို့ပါ... နောက်လ အလုပ်ကို ရက်လျော့လုပ်ပြီး ဘလော့ကို အချိန်ပေးနိုင်အောင်  ကြိုးစားကြည့်ပါအုံးမယ်..

ကွန်ပြူတာကလဲ ဗိုင်း၇ပ်ကိုက်နေလားမသိပါဘူး.. မနှေးသင့်ပဲ အလွန်တရာမှ နှေးနေပါတယ်... အိမ်အသစ်ပြောင်းထားပြီး ကွန်ပြူတာရှေ့ထိုင်တဲ့ ခုံ ဝယ်စရာ ပိုက်ပိုက်ပျက်နေသေးတဲ့အတွက် ထိုင်ရတာ အဆင်မပြေပဲ ခါးနာသောကြောင့် အက်ဒစ်တင်း အလုပ်ကို မလုပ်နိုင်ဖြစ်နေတာပါ...မဗေဒါ အက်ဒစ်တင်း တစ်ခါ တစ်ခါလုပ်ရင် အိမ်ကလူတွေ နှာရှူဗူးတွေ... စားစရာတွေ အသင့်နဲ့စောင့်နေရပါတယ်... ကွန်ပြူတာကို အာရုံစိုက်ပြီး... ကိုယ်ရိုက်လာတာတွေကို အကြိမ်ကြိမ်ပြန်ကြည့်ရင်း ခေါင်းမူးပြီး လဲလဲသွားတတ်လို့ပါ... :)
PS ကလဲ တော်တော်ရှည်သွားတယ်... လီမင်ဟို အကြောင်းပြပြီး ကိုယ့်အကြောင်းတွေရေးနေတဲ့ အတွက် မြန်မာ Minoz လေးတွေ သည်းခံကြပါရှင်...
ဟောဒီမှာ မင်ဟိုလာပါပြီ.... 


Personal Taste ဇာတ်သိမ်းပိုက် ရိုက်ကွင်းပေါ်မှ ပုံတွေပါ...

Personal Taste ဇာတ်သိမ်းပိုက် အပြီး ညစာစားပွဲ တက်ရောက်ခဲ့တဲ့ လီမင်ဟို...


လီမင်ဟိုရဲ့ Banana Milk ကြော်ငြာပုံပါ...

Bang Bang ကြော်ငြာပုံပါ...



အရင်က Beer ကြော်ငြာက ပုံပါ...

Photo Cr. As in label and Soompi forum... (I don't own any of above photos)

10 comments :

Anonymous said...

မိုက်တယ်ကွာ.. မင်ဟိုလေး...။
BOF ပဲကြည့်ဖူးလို့ အညွှန်း၃ခု ထပ်ရလိုက်ပါတယ်။ အခုပဲရှာကြည့်လိုက်တော့မယ်။ အဟက်။ ပိုးထချက်!

မဗေဒါ နှစ်ခုတော့လွန်တယ်ကွာ။
စလုံးပရိတ်သတ်ကို ဦးစားပေးစွာ ပို့စ်ထဲမှာ
အရိပ်အမြွက်ထည့်ရေးထားတာရယ်..
နောက်တစ်ခုက Minoz တွေလို့ပဲ ရည်ညွှန်းလိုက်တာအတွက်ပါ။
ချိတ်ချိုးတွားဘီ။ ထော်ဒေါ့ဝူး။

mabaydar said...

ဟုတ်ပါဘူး ★Craton ရယ်... ★Craton က ဘယ်ကလဲတော့မသိဘူး... ဘယ်ကပဲဖြစ်ဖြစ်.... လီမင်ဟို ဖန်းမီတင်းကိုတော့ ကိုရီးယားအထိသွားကြည့်မယ်မထင်ဘူး... အဲလောက် ကြှိုက်တဲ့သူကလဲ မဗေဒါဆီက သတင်းကိုတောင် မစောင့်ဘူး.. သိပြီးလောက်ပြီ.. တကယ်လို့ ကိုရီးယားက ဆိုရင်လဲ အဲဒိမှာ သီတင်းရတာတောင် ပိုလွယ်အုံးမယ်... အားလုံးအတွက်ရေးပေးတာပါ... ဒါပေမဲ့ တောင်းဆိုတဲ့သူတွေက စလုံးက များလို့ပါ.. လီမင်ဟိုကို ကြှိုက်တဲ့သူတိုင်းက Minoz တွေပဲလေ... ★Craton ကြှိုက်ရင် ★Craton လဲ Minoz ပဲပေါ့...

ဝေလငါး said...

ငါးဖယ်ချစ်တဲ့ လီမင်ဟိုဆိုတာ သူကိုး...ငါ့နှယ့် တုံးချက်နော်..အော် ငါကလည်း ဝေလငါးဆိုတော့ ရေအောက်မှာနေတာများတာကိုး ငါးသလဲထိုးရေ ဒီတခါလီမင်ဟို စလုံးလာရင် ငါးကမ္ဘာကိုအလည်လွှတ်လိုက်ပါဦးနော်...ဟိ

ပျော်ရွှင်ပါစေ ငါးသလဲထိုးရေ....

သူကြီးမင်း (တုံးဖလား) said...

မင်ဟိုတဲ့လား။ ဟဲ ဟဲ။ ကြားတောင် မကြားဖူးဘူး။ မကြားဖူးဘူးဆို ကိုရီးယားကားကို မကြည့်ဖြစ်တာ မြန်မာက ထွက်လာကထဲကပါ။

ဘာဘဲဖြစ်ဖြစ် အခုလိုတင်ပေးတော့လဲ ဗဟုသုတဖြစ်ကြည့်လို့ရတာပေါ့လေ။

ပျော်ရွှင်ပါစေ ဗေဒါရီလေးရေ...

M .K said...

ဟယ်... ချစ်ဖို့ကောင်းလိုက်တာာာာာာာာာာ......ဗေဒါလေးကို ပြောတာနော်.:D..။ ဒို့တော့ Personal Taste ကို ကြည့်ပြီးပြီး ဗေဒါရေ..။ ဒါပေမဲ့ ဗေဒါရဲ့ Personal Taste's review လေးကိုလဲ ဖတ်ချင်နေမိတယ်..။ ဒါရိုက်တာဖြစ်ဖို့ အလားအလား အားကောင်းနေတဲ့ ဗေဒါရဲ့ review တွေကိုလဲ စောင့်နေတယ်နော် ။ မင်ဟို အကြောင်းလေးတွေနဲ့ ဓါတ်ပုံတွေကို တင်ထားပေးတဲ့အတွက် ကျေးဇူးးးးးးးပါ..။ နောက်လဲ ထပ်တင်ပေးဦးးးးးး :)

naychi said...

Personal Taste ပြီးသွားတာတော့ နှမြောတယ်.. ကြည့်လို့တောင် မဝ သေးဘူး ...း(

ညအလုပ်လုပ်ရရင် အအိမ်နဲ့ အစားကို ပုံမှန်လူတွေထက် ပိုဂရုစိုက်ပါ မ.. နေခြည့်သူငယ်ချင်းတယောက်ဆို ခေါင်းကိုက်ရောဂါတောင် ရတယ်။

စာဖတ်သူ ပရိတ်သတ်ကို ဂရုစိုက်မှုရှိတာကို ပိုပိုခံစားမိလာတယ်။

မြတ်မွန် said...

အရမ်း အရမ်းကို ကြိုက်တယ်..

မေလေး said...

မဗေဒါရေ ကျမ်းမာရေးဂရုစိုက်အုန်းနော်
ပျော်ရွှင်ပါစေ

Anonymous said...

မင်ဟိုအကြောင်းတွေသိရလို့ မဗေဒါကိုကျေးဇူးတင်ပါတယ်

Anonymous said...

အရမ်းကြိုက်တယ်