Thursday, May 06, 2010

Jang Keun Suk နဲ့ တစ်ညတာ (၃) (၄)


အပိုင်း (၃)

သူ က တတ်ကြောင်း အနည်းငယ် က ပြအပြီးမှာတော့.. Emcee က...
"သီချင်းဆိုတာ က တာ ထက်စာရင်တော့ မင်းသားက သရုပ်ဆောင်ရတာကို ပိုနှစ်သက်တယ်မှတ်လား..."
"ဟုတ်ပါတယ်.."
"ဒီနေ့ ကျွန်တော်တို့ မင်းသား သရုပ်ဆောင်တာကို ကြည့်ခွင့်ရမလား... You are beautiful ထဲက မင်းသားအကြိုက်ဆုံး ၁ ကွက်ကို သရုပ်ဆောင်ပြပါလား"
"ကျွန်တော် အကြိုက်ဆုံး အကွက်ကို သရုပ်ဆောင်ပြပါမယ်" ဆိုပြီ... ထိုင်ခုံကနေ ထပြီး... အဲဒိ ဇာတ်ဝင်ခန်းထဲက စာသားနဲ့ အိုက်တင်တစ်ခုလုပ်ပြပါတယ်... ဒါပေမဲ့ကျွန်မတို့လဲ ဘယ်အခန်းကိုပြောမှန်း ကိုရီးယားလို့ နားမလည်တော့ သိပ်မသေချာလိုက်ပါဘူး...

ဒါပေမဲ့... Emcee က နောက်တစ်ခေါက်လောက် သေချာထပ် သရုပ်ဆောင်ပြစေချင်သေးလားလို့ ပရိတ်သတ်ကြီးကို မေးတော့... ( ဒီတစ်ခါတော့ အဲဒိကောင်ကို ချီးကျူးရမယ်...) ကျွန်မတို့ကလဲ "YES!!!" ဆိုပြီးဖြေတော့...
မင်းသားက... "ရပါတယ်... " ဆိုပြီး စင်ထောင့်အထိသွားရင်း... Emcee ကို လက်ညှိုးထိုးပြီး... "ခု သူက ဂူမီနမ် (အဲဒိကားထဲက မင်းသမီး) ဇာတ်ကောင်နေရာက သရုပ်ဆောင်ပါမယ်..."

ဒီအခါမှာ အဲဒိကားမကြည့်ရသေးတာ သေချာတဲ့ Emcee က ဘာအိုက်တင်လုပ်ရမှန်းမသိတော့...
"ကျွန်တော်က ဘာလုပ်ရမှာလဲ" လို့ မင်းသားကို မေးတော့...
မင်းသားက... " ဘာမှ မလုပ်နဲ့ ငုတ်တုတ်လေးထိုင်ပြီး ဒီလိုလေး ငိုနေ..." ဆိုပြီး အိုက်တင်လေး လုပ်ပြပါတယ်...
ပြီးတော့ မင်းသားကပြောရင်းနဲ့ သရုပ်ဆောင်ပြပါတယ်... "ကျွန်တော်က အဲဒိ အချိန်မှာ ကားမောင်းပြီးရောက်လာတယ်... ကားကို ထိုးရပ်လိုက်ပြီး ဆင်းလာတယ်... ပြီးတော့ !@##$ (ကိုရီးယားလို အဲဒိ ဇာတ်လမ်းထဲက စာသားကိုပြောပါတယ်...) "...

အဲဒိအချိန်မှာတော့ ကျွန်မတို့ သူ ဘယ်အခန်းကို သရုပ်ဆောင်တာလဲ ကောင်းကောင်းသိသွားပါပြီ...
မင်းသားက မင်းသမီး သူ့ကို တိတ်တိတ်လေး ချစ်နေတာကို သိသွားတဲ့ အခါမှာ မင်းသမီးရှိနေတဲ့ နေရာကို ညကြီး မိုးချုပ်ကားမောင်းလာပြီး.... "ဂူမီနမ်... ခုချိန်ကစပြီး မင်းကိုယ့်ကို ချစ်ဖို့ အခွင့်အရေးပေးလိုက်ပြီ..." (မြန်မာလိုပြန်တော့ နဲနဲတော့ အဓိပ္ပါယ်သိပ်မပေါ်ဘူး.. အင်္ဂလိပ်လိုတော့... "Gu Mi Num, from now on, i will give you permission to love me") ဆိုပြီး တင်တင်စီးစီး ချစ်ရေးဆိုတဲ့ အခန်းပါ... အဲဒိကားထဲက မင်းသားရဲ့ ဇာတ်ကောင်က စိတ်ရင်းကောင်းပင်မဲ့ အရမ်း တင်စီးပြီး ကြီးကျယ်ပါတယ်... မိန်းကလေးတစ်ယောက်ကို သူက စပြီး ချစ်တယ်ပြောရမှာ ၀န်လေးတတ်တဲ့ အစားမျိုးပါ... သူကောင်မလေးကို ချစ်နေတာ ကြာပြီ... ဒါပေမဲ့ ကောင်မလေးက ဒုတိယမင်းသားကို ချစ်နေတယ်ထင်လို့ သူက မာန်နဲ့ နေနေတာ... ဒါပေမဲ့ တကယ်တန်းကျတော့ ကောင်မလေးက သူ့ကို ချစ်နေတယ်ဆိုတာသိသွားတော့ မနေနိုင်တော့ပဲ လိုက်လာပြီး တင်တင်စီးစီး ရည်းစားစကားပြောတဲ့ အခန်းပါ... (အမယ်လေး...ပြောရင်းနဲ့တောင် အဲဒိ အခန်းကို ပြန်မြင်ယောင်ပြီး ပြန်ကြည့်ချင်လာပြီ...)

ဒါနဲ့ နေရာပြန်ထိုင်းရင်း... Emcee က ပရိတ်သတ်ကြီးကို " မင်းတို့တွေ ဒီမင်းသားအကြောင်းကို ကောင်းကောင်းသိတယ်ဆိုတာ သိပါတယ်... ကဲ.. မင်းသားရေ... မင်းသားရဲ့ ငယ်ဘ၀လေးတွေကို ငါတို့ ကြည့်လို့မရဘူးလား" ဆိုပြီး သူက နောက်အစီအစဉ်အတွက် စလိုက်ပါတယ်... ဒါပေမဲ့ ရီရတာက... မင်းသားကြည့်ရတာ Emcee ကောင်ဘာပြောလိုက်မှန်း သိပုံမပေါ်ဘူး... နောက်က စကားပြန်ကို ပြန်မေးပါတယ်... စကားပြန်မိန်းမကလဲ အမှန်တော့ ဒီလောက်မကောင်းဘူး.. သူပြောလိုက်ရင် ဘယ်တော့မှ အတိအကျမရှိတာကို သတိထားမိတယ်... ဒါနဲ့ မင်းသားပုံက ကြောင်အမ်းအမ်းနဲ့ စဉ်းစားနေတဲ့ပုံဖြစ်နေရော... ဒီတော့မှ Emcee လဲ သဘောပေါက်ပြီး... "ထားလိုက်ပါတော့.. မင်းငယ်ဘ၀ပုံတွေကို ကြည့်ကြရအောင်" ဆိုပြီး screen ကို ထိုးပြတော့မှ မင်းသားလဲ နောက်အစီအစဉ်ဆိုတာကို သဘောပေါက်ပြီ... "အော်.. အော်" ဆိုပြီး screen ကို လှည့်ကြည်ပါတော့တယ်...

အဲဒိနောက်မှာတော့ မင်းသား ကလေးဘ၀ကစတဲ့ ဓာတ်ပုံစလိုက်ရှိုးကနေပြီး...
ရိုက်ခဲ့တဲ့ ကားတွေ ကို တစ်ခုပြီး တစ်ခုပြပါတယ်... Hwan Jin Yi (Drama) (အဲကားအကြောင်းကို ဘလော့ ဒီနေရာမှာရေးဖူးတယ်... အဲကားကြည့်ထဲက JKS လေးကို ကြိုက်တာ... သူသေသွားတော့ ငိုလိုက်ရတာ မပြောနဲ့), Happy life (movie), Hong Gal Dong (အဲဒိကားကို ကြည့်တုန်းကလဲ ဘုရားစူး.. သူပါလို့ကြည့်တာ... ဒါပေမဲ့ သူနဲ့ မညားတော့ သိပ်မကြိုက်ဘူး), Beethavon Virus (Drama) (နောက်ပိုင်း သူနဲ့ မညားတဲ့ကားတွေ မကြည့်ချင်လို့ အဲကားလဲ သူက ဒုတိယမင်းသားပဲမို့ လုံးဝမကြည့်ဘူး.. သူခံစားရရင် ကိုယ်လဲ ခံစားရတယ်... ပြီးတော့ ပထမမင်းသားကြီးက အဖိုးကြီး.. ဟွန့်), နောက်ဆုံးမှာတော့ မနှစ်ကမှ ထွက်ထားပြီး အဲဒိကားနဲ့ Popular actor ဆုရခဲ့တဲ့ Itaewon Murder Case ဆိုတဲ့ကားကိုပြပါတယ်... (အဲဒိကားမှာ သူက အမေရိကန်မှာ ကြီးတဲ့ ကိုရီးယားအဖြစ်သရုပ်ဆောင်ပြီး တစ်ကားလုံး အင်္ဂလိပ်လိုပြောရပါတယ်...)...

အားလုံးပြလို့ အပြီးမှာတော့... Emcee က
"သတိထားမိသလောက် မင်းသားက ဆံပင်ပုံစံမျိုးစုံထားတာတွေ့ရတယ်နော်... ဘယ်ဆံပင်ပုံစံကို မင်းသားအကြိုက်ဆုံးလဲ"...
" ကျွန်တော်ကတော့ ဆံပင်တိုကို အကြိုက်ဆုံးပါ... "
Emcee က " ဒါပေမဲ့ မင်းသားကြည့်ရတာ ခုတစ်လော ဆံပင်ရှည်ကို ကြိုက်နေသလိုပဲ" (မမေးသင့်တဲ့ မေးခွန်းကို လျှာရှည်ပြန်ပါပြီ... မင်းသားပဲ ဆံပင်တိုကြိုက်တယ်ဆိုပေမဲ့... ဆံပင်ပုံကတော့ ပြောင်းနေရမှာပေါ့.. ပြီးတော့ သူဆံပင်ရှည်ထားနေတာ မဗေဒါမှန်းတာ မမှားရင် နောက်ရိုက်မဲ့ ကားအတွက်ဖြစ်မယ်ထင်ပါတယ်)
ဒီတော့ မင်းသားက... "ခု ဆံပင်ရှည်နေပင်မဲ့.. ကျွန်တော်ကြိုက်တာကတော့ ဆံပင်တိုပါပဲ... Beethavon Virus ထဲက ဆံပင်ပုံမျိုးပါ..."

Emcee က.. " မင်းသားရဲ့ နောက်ဆုံးပြသွားတဲ့ Video (Itaewon Murder Case) မှာ ဆိုးတဲ့ ကောင်လေးပုံပေါက်ပါတယ်... အဲဒိအိုက်တင်လေး ပြန်သရုပ်ဆောင်ပြနိုင်မလား.." (အဲဒိကားမှာ သူက လူသတ်တရားခံ suspect အနေနဲ့ သရုပ်ဆောင်ရတာပါ)
မင်းသားက သရုပ်ဆောင်ပြပါတယ်.. ဒါပေမဲ့ ပြောင်စပ်စပ်မျက်နှာပေးနဲ့ပါ.. "It will be f*cking funny to see that... huh"... ဆိုပြီး မျက်ခုံးလေးပင့်ပြတော့ ကောင်မလေးတွေက အော်ပါတယ်.. မင်းသားက လက်လေးကာပြပြီး... ဒါက ဘာမှ မဟုတ်ပါဘူး ဆိုတဲ့ ပုံစံမျိုးလေးနဲ့ ရီနေပါတယ်...

အဲဒိအချိန်မှာ Emcee က... " ငယ်ငယ်က မင်းသားက ဆိုးလား?" လို့ မေးတော့... သူ ဘေးက စကားပြန်ကို ပြန်မေးရပါတယ်... မင်းသားက "နည်းနည်းတော့ ဆိုးပါတယ်... (A little)" လို့ ပြန်ဖြေပါတယ်...

Emcee က "So which part is that little part?" လို့မေးလိုက်တော့ မင်းသား စကားပြန်ကို ထပ်မေးရပြန်ပါတယ်... ဒါပေမဲ့ ဘေးကစကားပြန်ကလဲ အိပ်ငိုက်နေလားမသိပါဘူး... မင်းသားကို ဘာတွေရှင်းလိုက်လဲမသိဘူး... မင်းသားပုံစံက ဘာကို မေးမှန်း သေချာမသိသေးတဲ့ပုံဖြစ်နေပါတယ်... ဒါနဲ့ Emcee က "How naughty you are?... Like.....?" ဆိုပြီး ထောက်လိုက်တော့... မင်းသားက ချော်လဲရောထိုင်လုပ်လိုက်တာ သိသာပါတယ်... သူ့မျက်လုံးတွေက ကြောင်တောင်တောင်ဖြစ်နေပြီးတော့မှ... " Like You....." ဆိုပြီး ပရိတ်သတ်ကြီးဘက်ကို လက်ညှိုးထိုးပြပါတယ်... အဲဒိအချိန်မှာပဲ သူ့ခေါင်းထဲမှာ မေးခွန်းရဲ့ အဓိပ္ပါယ်ကို စဉ်းစားလို့ ရသွားပုံပေါ်ပါတယ်... ဒါပေမဲ့လဲ ဆက်ပြီးတော့ပဲ မင်သေသေနဲ့ ဖြီးပါတော့တယ်...
"ဟုတ်ပါတယ်.. ကျွန်တော်ငယ်ငယ်က ဂျီကျတယ်.. အော်တယ်.. ကိုယ်လိုချင်တာမရရင် အော်တာပါပဲ... ခု မင်းသားဖြစ်တော့လဲ ကျွန်တော်သွားချင်တဲ့နေရာသွားတာပါပဲ... မန်နေဂျာတွေဆို ကျွန်တော့ကို အတော်မုန်းကြလိမ့်မယ် ထင်တယ်... စကာင်္ပူကို ရောက်တော့လဲ "ဟေ့... လာ ရေသွားကူးမယ်... အပြင်ထွက်ရအောင်"ဆိုပြီး ကျွန်တော့ကို အမြဲထိမ်းရခက်ပါတယ်... သူတို့က ပင်ပန်းနေတော့ တခါတလေ မလိုက်နိုင်ပါဘူး... " ဆိုပြီး ရယ်မောပြီးပြောပါတယ်...

Emcee က သူရိုက်ခဲ့တဲ့ ကားတွေ အကြောင်းမေးတဲ့အခါမှာတော့...
"ဟွမ်ဂျင်းရီကိုရိုက်တုန်းက ကျွန်တော့ အသက် ၂၀ပဲရှိသေးတော့... ကားထဲမှာပါသမျှလူတွေက ကျွန်တော့ထက် ၀ါရင့်သရုပ်ဆောင်တွေချည်းပါပဲ... သူတို့တွေဆီက ပညာတော်တော်ရခဲ့ပါတယ်... အဲဒိကားမှာလဲ ကျွန်တော် အတော်လေးကို ပါဝင်ခွင့်ရခဲ့ချင်တာပါ..."
Beethavon Virus ဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီးတော့ မင်းသားပြောပြတာကတော့...
"အဲဒိကားရိုက်တုန်းက အရမ်းပင်ပန်းပါတယ်... အဲဒိကားက Orchestra ကားဆိုတော့ သီချင်းတွေကို Conduct လုပ်ဖို့ လေ့ကျင့်ရတာ အတော်လေး ပင်ပန်းပါတယ်... "

Emcee က "မင်းသားက ဇာတ်ကောင်တော်တော်များများကို သရုပ်ဆောင်ပြီးပြီဆိုတော့ နောက်ထပ်ဘာသရုပ်ဆောင်ဖို့ရှိပါသေးလဲ"...

"နောက်တစ်ကြိမ်ဆိုရင်တော့ ကျွန်တော် Pet ဖြစ်ချင်ပါတယ်..." (သူ့နောက်ကားကို ကြော်ငြာဝင်ပါပြီ...)

သီချင်းဆိုဖို့ရောရှိသေးလားမေးတော့... မင်းသားက ပရိတ်သတ်က အားပေးတယ်ဆိုရင်တော့ မကြာခင် ကျွန်တော့ Album ထွက်လာမယ်လို့ ထင်ပါတယ်... မသေချာသေးပါဘူး... အဲဒိမှာ အမှန်တော့ Emcee က နောက်အစီအစဉ်ဖြစ်တဲ့ မင်းသား သီချင်းဆိုဖို့ကို ကြေငြာပါတယ်... မင်းသားကဟိုလူဘာဆိုလိုမှန်း နားလည်ပုံမရဘူး... သူထင်နေတာက မထွက်သေးတဲ့ Album အကြောင်းပြောနေတယ်ထင်နေတာ... (အဲဒိ ဗွီဒီယိုကို ခဏခဏပြန်ကြည့်တော့မှာ Mis-communication ဖြစ်နေတာကို သတိထားမိတော့တယ်...)...

အပိုင်း(၄)

ဒီလိုနဲ့ နောက်တော့ မင်းသားက Beethavon Virus ဇာတ်လမ်းတွဲထဲက Can you hear me? သီချင်းနဲ့ ဖျော်ဖြေပါတယ်...အောက်က ဗွီဒီယိုကို ပိုမိုပြည့်စုံကောင်းမွန်အောင်ကြည့်နိုင်ရန်အတွက် တခြား fan cam က ဗွီဒီယိုကိုလဲ ခွင့်ပြုချက်ယူပြီး မဗေဒါရိုက်လာတာနဲ့ ပေါင်းပြီး အက်ဒစ်လုပ်ထားပါတယ်...

(Photo Credits: 1003 FM)
နောက်သီချင်းဆိုပြီးတော့... ပရိတ်သတ်က ပွဲမ၀င်ခင်မေးထားတဲ့ မေးခွန်းစာရွက်လေးတွေကို ဖြေပါတယ်...
စစချင်း Emcee ကတွေ့လိုက်လို့ Hong Ki အတွက် မေးခွန်းကို မင်းသားက ဘယ်မှာလဲလို့မေးပါတယ်... တွေ့တော့... မင်းသားက မေးခွန်းကို အော်ဖတ်ပါတယ်... Hong Ki ကို ပြန်ပြောပေးဖို့ အမှာစာလေးပါ... အားလုံးက ရီကြပြီးတော့ မင်းသားကလဲ ရွှတ်နောက်နောက်ပုံနဲ့... "ဟုတ်ပါပြီ... ဒီစာလေးကို သယ်သွားပြီး Hong Ki ကိုပြလိုက်ပါ့မယ်" ဆိုပြီး ဘောင်းဘီထဲထည့်သွားပါတယ်...

နောက်မေးခွန်းတွေကတော့ စုံလို့ပါပဲ... "Will you marry me?" တဲ့ ယိုးဒယား fan တွေ မေးထားတာပါ... မင်းသားက ပြီးတော့ ဆက်ဖတ်ပါတယ်... "There still some left... hahaha... Just kidding" ဆိုပြီး မင်းသားက စိတ်ပျက်သွားတဲ့ ပုံစံလေးလုပ်ပြပါတယ်... သူ့မျက်နှာ အမူအယာလေးက အတော်ရီရပါတယ်... သူ့ကို လက်ထပ်မလားမေးပြီး... အောက်ကနေ နောက်တာလို့ ဆက်ရေးထားတော့ စိတ်ပျက်သွားတဲ့ ပုံလေးပါ... ပြီးတော့ သူက ယိုးဒယာလို သူတတ်တာတွေ ပြောပြီး ခါးလေးကုန်းပြီး အလေးပြုပါတယ်... သူလုပ်နေတာ cute ဖြစ်သလို အတော်လဲ ရီရပါတယ်...

အဲဒိမှာ ကျမ မေးချင်တဲ့ မေးခွန်းလေးတစ်ခုကို မေးထားတာတွေ့ရပါတယ်.. အဲဒါကတော့..
"ခုလို Celebrity ဖြစ်ပြီး ကျော်ကြားမှုကြောင့် မင်းသားရဲ့ Personal life ကို ထိခိုက်မှုရှိပါသလား"တဲ့...
အဲဒိ အခါမှာတော့ မင်းသားက "လုံးဝမရှိပါဘူး.. ကျွန်တော့်မှာ အဲဒိပြဿနာလုံးဝမရှိပါဘူး... ဘာလို့လဲဆိုတော့ ကျွန်တော့အတွက် fan club တွေရှိနေတာ ကျွန်တော့်ကို ပိုပျော်စေပါတယ်... အမှန်တကယ်ပြောတာပါ... ပရိတ်သတ်တွေရဲ့ အော်ဟစ်အားပေးသံက ကျွန်တော့်ကို အားမာန်အပြည့်ပေးပါတယ်... "

ဒီတော့ Emcee က " ဒါကလဲ အားပေးတဲ့ အသံ level ပေါ်မူတည်တယ်မှတ်လား... Have you ever feel......." သူမေးချင်တာက တစ်ကြိမ်လေးတောင် အနှောင့်အယှက်မဖြစ်ခဲ့ဖူးဘူးလားလို့ပြောမလို့ထင်ပါတယ်... မင်းသားက အားပေးသံက သူ့အတွက် အားမာန်ပါလို့ ပြောပြီးတာကို နားမလည်သေးဘူးလားမသိပါဘူး... ဒါပေမဲ့ သူ့ စကားတောင် မဆုံးလိုက်ပါဘူး... မင်းသားက ပရိတ်သတ်တွေကို... " Can you Scream louder!!!.... " ဆိုပြီးပြောပြီး... Emcee ဘက်လှည့်ပြီး "ဒါ ကျွန်တော့ရဲ့ အားတွေပါပဲ" လို့ထပ်ရှင်းအောင်ပြောလိုက်ပါတယ်...

နောက် "စကာင်္ပူကို ဘယ်လိုထင်လဲ" မေးခွန်းထပ်လာတော့...
မင်းသားက စကာင်္ပူက အလွန်ပူတဲ့ နိုင်ငံဖြစ်ပင်မဲ့... shopping mall တွေ brand တွေ များလို့ သဘောကျကြောင်း... မနက်ဖြန် သူ shopping ထွက်မယ်ဖြစ်ကြောင်း ပြောတော့

Emcee က ဒါဆို မနက်ဖြန် Orchard Road ကို သွားမှာပေါ့လို့ Fan တွေကို သတင်းပေးတဲ့ အနေနဲ့ ပြောတော့.. မင်းသားက Orchard Road ဆိုတာကို ဘာမှန်းမသိလို့ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြစ်နေပါသေးတယ်... Emcee က Orchard Road က စကာင်္ပူမှာ shopping mall အများဆုံးနေရာ... အထူးသဖြင့် ION ဆိုပြီး ပရိတ်သတ်ဘက်ကိုလှည့်ပြောပါတယ်... ကောင်မလေးတွေလဲ အော်ကြတာပေါ့... နောက်နေ့ orchard ION မှာ JKS Stalker တွေ သွားစောင့်နေလို့ ရပြီလေ.. မင်းသားလာမှာသေချာနေတာကိုး....

အဲဒိအချိန်မှာ အောက်က ပရိတ်သတ်တွေ Video recording လုပ်နေတာတွေကို Security တွေက လိုက်တားပါတော့တယ်... Q & A session ကို record လုပ်ခွင့်မပေးပါဘူး... ကျွန်မကိုဆို အစောကြီးထဲကလာတားလို့ အစပိုင်းပဲ မှီလိုက်ပါတယ်... ဒီတော့ Youtube ပေါ်က နောက်ပိုင်းလေး နည်းနည်း မှီလိုက်တဲ့ သူဆီက ဗွီဒီယိုလေးကို ခွင့်ပြုချက်တောင်းပြီး ပေါင်းထားပါတယ်.. ဒါတောင် အပြည့်မဟုတ်ပါဘူး...

ဗွီဒီယိုထဲမှာ မပါလိုက်ပဲ စိတ်မကောင်းစရာ မေးခုတစ်ခုအကြောင်းပြောပြချင်ပါတယ်...

Emcee က ကိုရီးယားလို ရေးထားတဲ့ မေးခွန်းတစ်ခုလောက်ဖြေပါလားဆိုတော့ ...
မင်းသားက မေးခွန်းတစ်ခုကို ယူလိုက်ပြီး... ဖတ်ပါတယ်.. ပြီးတော့ စကားပြန်ကို လှည့်မေးပါတယ်... ပြီးတော့ ကိုရီးယားလို ဆက်ဖတ်ပြီး...

JKS။ ။ “မတ်စေ့ထဲမှာပြောထားတာကတော့ ထိုင်ဝမ် FM မှာတုန်းက ကျွန်တော် အချိန်မှီ မရောက်လာပါဘူး.. ကျွန်တော် ဂတိပေးပြီး ဂတိမတည်ပါဘူး..?? ဒီ မေးခွန်းကို ဘယ်သူရေးတာပါလဲ??? ကျွန်တော် ဒီမေးခွန်းက ဘာကိုဆိုလိုလဲဆိုတာကို နားလည်ချင်ပါတယ်... Who wrote this?” ဆိုပြီး စိတ်လှုပ်ရှားနေတဲ့ ပုံမျိုး နားမလည်နိုင်တဲ့ ပုံမျိုးနဲ့ မေးပါတယ်... အဲဒိအချိန်မှာ မင်းသား မျက်နှာက စိုးရိမ်စိတ်ဖြစ်နေပြီး အဲဒိ မေးခွန်းက ဘာကိုဆိုလိုမှန်း အတော်ကို သိချင်နေပုံရပါတယ်... ဖြေရှင်းချက်ကိုလဲ လိုချင်ပုံရပါတယ်... ဒါပေမဲ့ ပရိတ်သတ်ထဲက ဘယ်သူမှ ထွက်မလာပါဘူး...
နောက်တော့ မင်းသားက မေးခွန်းကို ထပ်ဖတ်ကြည့်ပြီး...
"ဒီစာက ကိုရီးယားလိုရေးထားတာ မှားနေပါတယ်... " အဲဒါကြောင့် သေချာနားမလည်ပါဘူး.. အဲဒိအချိန်မှာ ပရိတ်သတ်ထဲမှာလဲ တိုးတိုးတိုးတိုးနဲ့ အဲဒါဘယ်သူရေးတာလဲ အဲလိုမျိုးတော့ မရေးသင့်ပါဘူး.. ဘာညာပြောနေကြပါတယ်...

အဲဒိအချိန်မှာပဲ မင်းသားက အလွန် တည်ပြီး ဒီလိုပြောခံရလို့ သူတော်တော်လေး ခံစားရပုံရပါတယ်.. သူဆက်ပြောပါတယ် "ကျွန်တော် ဘယ်တုန်းကမှ နောက်မကျခဲ့ပါဘူး... အမြဲ အချိန်မှန်ပါတယ်... ထိုင်ဝမ်မှာတုန်းကလဲ ကျွန်တော် ထိုင်ဝမ် fan တွေနဲ့ အမြဲအတူရှိနေခဲ့တာပဲ...” ဆိုပြီး ခပ်တည်တည်နဲ့ အလေးအနက်ထား စိတ်မကောင်းဖြစ်စွာပြောပါတယ်... ပွဲတစ်လျှောက်လုံး ဘာဖြစ်ဖြစ်... သူ့ကို ဘယ် Emcee ကပဲ ချိုးချိုး... ရီပြုံးနေတတ်တဲ့ မင်းသားလေးက... သူ့ကို အားပေးတဲ့ သူအလေးထားတဲ့ ပရိတ်သတ်ရဲ့ စွပ်စွဲမှုကြောင့် အတော်လေး စိတ်မကောင်းဖြစ်သွားပုံရပါတယ်...

ဒါပေမဲ့ နောက်ပိုင်း အွန်လိုင်းက forum တွေမှာ အဲဒိ မတ်စေ့ကို ရေးတဲ့သူက ဖြေရှင်းချက်ထုတ်ပါတယ်.. သူတို့က ထိုင်ဝမ်ကဆိုတော့ ကိုရီးယားလိုမတတ်ပဲ translation service ကိုပြန်ခိုင်းခဲ့လို့ အဓိပ္ပါယ်လွဲနေတာ မသိခဲ့ကြောင်း... သူတို့ မင်းသားကို နောက်ကျလို့ အပြစ်တင်တာ တစ်ခုမှ မပါကြောင်း ကို ဖြေရှင်းသွားပါတယ်...


အပိုင်း (၃)


အပိုင်း (၄)

6 comments :

ကိုဇော် said...

အင်း . .ငါ့အလှည့်ကျရင် ဒီလိုလုပ်မှပဲ :P

အားပေးတယ်. .ဆက်လုပ်. .။

နွေးနေခြည် said...

Hwan Jin Yi ကြည့်တုန်းက မင်းသားသေတော့ ငိုလိုက်ရတာတော့ အမှန်ပဲ။ ဒါပေမယ့် မင်းသားနဲ့တွေ့တဲ့အချိန်မှာ မင်းသမီးကို ၁၉ နှစ်လို့ ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ မင်းသားနဲ့ မင်းသမီး အသက်အရမ်းကွာနေတယ်လို့ပဲ ခံစားရတယ်။ ကြည့်ရတာ မလိုက်ဖက်ဘူး။
သူငယ်ငယ်က ကားတွေထဲမှာဆိုရင် Lovers in Prague လိုမျိုး ကိုကြိုက်တယ်။

mabaydar said...

တကယ်လဲ မင်းသားနဲ့ မင်းသမီးက အပြင်မှာ အသက်ကွာနေတာပဲဟာ.. ဟွမ်ဂျင်းရီရိုက်တုန်းက မင်းသားက အသက် ၂၀ပဲ ရှိသေးတာ.. မင်းသမီးက မရှိဘူးဆို ၂၆ လောက်ရှိမယ်ထင်တယ်... ဒါပေမဲ့ ဇာတ်လမ်းအရ ငယ်ချစ်နေရာက သရုပ်ဆောင်ရတော့ မင်းသမီးကို အတင်းငယ်ထားတာ.. နောက်ပိုင်းမင်းသမီးက ဆက်ပြီး ကြီးရအုံးမှာကိုး...

Anonymous said...

I only know JKS when I read your blog coz I didn't use to watch Korean movie and when I watched "You're beautiful" series as you said, I didn't like him . I think he is overacting. But I like him very much in your videos, he is so cute and so sweet. Thanks a lot Ma Bay Dar for your posts.

Anonymous said...

I only know JKS when I read your blog coz I didn't use to watch Korean movie and when I watched "You're beautiful" series as you said, I didn't like him . I think he is overacting. But I like him very much in your videos, he is so cute and so sweet. Thanks a lot Ma Bay Dar for your posts.

mabaydar said...

Yeah... He was not my favorite in "You are beautiful".. I started to like him since Hwan Jin Yi. After that "Do re mi fa so la" which is movie. He was so young and cute there. 3rd is Baby and me. 4th i watched Hong Gal dong. I have liked him so long.
So when "you are beautiful" is out,he has already my favorite. If I have to say where i like him most, it must be "Hwan Jin Yi" and "Do re mi fa so la".