Monday, May 03, 2010

Jang Keun Suk နဲ့ တစ်ညတာ (၂) (သို့) Fan Meeting

သူ ဒီဂျေပုံစံမျိုးနဲ့ ဖျော်ဖြေသလို...

"You guys ready???"
"You guys ready for Jang Keun Suk???"
" Are You Sure??" လို့မေးတော့ ... ပရိတ်သတ်ကောင်မလေးတွေကလဲ "Yes!!!!!" ဆိုပြီး ပြန်အော်ကြတာပေါ့...

ပြီးတော့ သူက "Today I am gonna show you about me.... EVERYTHING" ... ကျမအထင်တော့ အဲဒါ သူတမင် ဒီဂျေကန် ကို ရွဲ့တာထင်ပါတယ်... ပြီးခဲ့တဲ့ရက်တုန်းက သူပြောတဲ့ Everything ကို ဟိုလူက လှောင်သလိုလုပ်လိုက်ပင်မဲ့ သူက မမှုဘူး... ဆက်ပြောတယ်... ဒါပေမဲ့ ဒီတစ်ခါတော့ မှန်သွားပြီ... About Me ဆိုတာပါတယ်...

ခဏနေကျတော့ Orchestra ပုံစံမျိုး ဒုတ်လေးကိုင်ပြီး နောက်ကတီးလုံးရယ် ဖိုတို စလိုက်ရှိုးရယ်နဲ့ အညီ အိုက်တင်လုပ်ပြန်ပါတယ်...

အားလုံးပြီးသွားတော့ သူ စင်နောက်ပြန်ဝင်သွားပါတယ်... ဒီဂျေကန်ထွက်လာပြီး ဟိုပြောဒီပြောပြောပါတယ်... မင်းသားပြန်ထွက်လာတော့ စောစောက အကျီင်္လက်ပြတ်လေးပေါ်မှာ ကုတ်လက်ပြတ် အနက်ရောင်နဲ့ လည်ပတ်က ရွှေရောင်ရယ်... ရွှေဆွဲကြိုး ခပ်ရှည်ရှည် ၂ကုံးကို fancy လေးဆွဲထားပါတယ်... အသားဖြူဖြူပေါ်မှာ အကျီင်္အနက်ဝတ်ပြီး အနက်ပေါ်မှာ ရွှေထပ်ပြီး fancy ဆွဲထားတော့ အားလုံးက ပေါ်လွင်နေပါတယ်... ဒါကြောင့်လဲ Jang Keun Suk ကို ဖက်ရှင်ကောင်းတယ်လို့ နာမည်ကြီးတာလဲ နေမယ်...

မင်းသားထွက်လာပြီးတော့ Emcee DJ Ken နဲ့ ကိုရီးယားလို့ "အညာစေရော..." လို့ နှုတ်ဆက်ပြီး ပရိတ်သတ်တွေဖက်ကိုတော့ "Hi.... Singapore" ဆိုပြီး ထပ်နှုတ်ဆက်ပါတယ်... ပြီးတော့ အမေးအဖြေကဏ္ဍလေးစပါတယ်...

နောက်တော့ ဘာအကြောင်းပြောရင်း သူသွားခဲ့တဲ့ ခရီးအကြောင်းရောက်သွားတော့ သူရောက်ခဲ့တဲ့နိုင်ငံတွေပြောရင်း... China ကို မေ့ကျန်ခဲ့တော့ Emcee က ၀င်ထောက်တော့ China fan တွေက အော်တော့တာပေါ့... ဒါနဲ့ မင်းသားလဲ ရောချပြီး...

"ကျွန်တော် ဒီရောက်တော့ သင်ထားတဲ့ စကားလုံးရှိတယ်ဆိုပြီး.... I love you ကို မလေးဘာသာစကားနဲ့ ပြောပါတယ်" ... မလေး fan တွေက အော်တော့တာပါပဲ...

ဒါနဲ့ Emcee က တရုတ်လိုရော ပြောတတ်လားဆိုတော့ မင်းသားက စဉ်းစားနေတုန်း.. အောက်က ပရိတ်သတ်တွေက "ဝေါ်အိုက်နီ" လို့ ၀ိုင်းအော်တော့... မင်းသားက "သိပြီ... ဝေါ်အိုက်နီ" တဲ့.. မျက်နှာပေးကိုက အတော် ချစ်စရာကောင်းပါတယ်...

အမှန်တော့ Emcee က "Can you speak in Mandarin?" လို့မေးလိုက်တုန်းက မင်းသားက Mandarin ဆိုတဲ့ စကားလုံးကို မသိပါဘူး... ကိုရီးယားကလာတဲ့သူကို ဒီလိုအသုံးအနှုန်းတွေနဲ့ မရင်းနှီးသေးတဲ့သူကို အဲလိုမမေးသင့်ပါဘူး... အမှန်ဆို "Can you speak in Chinese?" လို့ မေးရင် မင်းသားက ချက်ချင်းနားလည်မှာပါ... ဝေါ်အိုက်နီဆိုတာကိုလဲ မင်းသားက အမှန်တော့ ဘေဂျင်း ဖန်းမီတင်း သွားထဲက သိပြီးသားပါ... သူက Mandarin လို့ သုံးလိုက်လို့ မင်းသားက ကြောင်သွားပြီး ပရိတ်သတ်တွေက ၀င်ထောက်လိုက်လို့ မင်းသားသိသွားတာပါ... မင်းသား Mandarin ဆိုတဲ့ အသုံးအနှုန်းကို မသိဘူးဆိုတာ နောက်တစ်ခေါက် အဲဒိ Emcee Mandarin ကို ထပ်ပြောတော့မှ နောက်က စကားပြန်ကို လှမ်းမေးတာ နောက်ပိုင်းကျရင်ပါပါလိမ့်မယ်...

ပြီးတော့မှ မင်းသားက တရုတ်လို့ "ကျွန်တော့ကတော့ ဂျန်ဂမ်ဆွပ်ပါ... မင်္ဂလာပါ" ဆိုပြီး တာ့တာလေးပြပြီးပြောပါတယ်... ကောင်မလေးတွေကတော့ သူဘာလုပ်လုပ်အားပေး အော်ဟစ်နေကြတာပါပဲ.. ကျမကတော့ အော်ချင်တာတောင် အော်လိုက်ရင် ကင်မရာအရမ်းတုန်သွားမှာစိုးလို့ ငြိမ်ငြိမ်ပဲနေရပါတယ်....

Emcee က "စကာင်္ပူကိုလာတာ ဒါပထမဆုံးမှတ်လား... ဘယ်တွေရောက်ပြီးပြီလဲလို့" မေးတော့ ...
သူနားမလည်လို့ စကားပြန်ကို ပြန်မေးရပါတယ်... နောက်တော့ မင်းသားက "U mean what did i do in Singapore?" ဆိုပြီး.. ဆက်ဖြေပါတယ်... စကာင်္ပူက အရမ်းတော့ ပူပင်မဲ့ အရမ်းကို ကောင်းတဲ့ နေရာတစ်ခုပါ... shopping Mall နဲ့ အနီးအနားနိုင်ငံတွေကိုလဲ လည်ပတ်လို့ရပါတယ်... ပြီးတော့ မိန်းမချောလေးတွေလဲ များပါတယ်...

ကျမအထင်တော့ အဲဒါတွေအားလုံးက မင်းသား လောကွတ်နဲ့ ဖြေနေတာပါ.. သူတို့နိုင်ငံလိုရေမြေတောတောင် သဘာဝလဲရှိပြီး လည်ပတ်စရာလဲများတယ်... သူတို့နိုင်ငံမှာလဲ Shopping Mall တွေ အများကြီးရှိနေတာပဲ... ဒါပေမဲ့လဲ စကာင်္ပူလို ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိတဲ့ နိုင်ငံကို ဒါပဲ လောကွတ်ချော်ပြီး ပြောစရာကျန်တော့တာကိုး.... နောက်တစ်ချက် ဖြတ်ထိုးဥာဏ်ကတော့ မိန်းမချောလေးတွေရှိတယ်လို့ပြောပြီး စကားပြောင်းလိုက်တာပါ...ဒီတော့ ကောင်မလေးတွေက အော်ကြတာပေါ့...

ဒီတော့ emcee က မိန်းမချောလေးတွေကို မင်းတွေ့ပြီးပြီလားတဲ့...
သူက... ဒါပေါ့... စကာင်္ပူရဲ့ နေရာတိုင်းမှာ မိန်းမချောလေးတွေချည်းပဲတဲ့...

အဲဒါကို ဟိုအကောင်က ဘယ်တစ်ယောက်လဲ.. ဘယ်မှာလဲ သေချာကြည့်ပါအုံးတဲ့.. (မင်းသားက အားလုံးချောပါတယ်ပြောနေတာကို)... ဒါတောင် မင်းသားက သူနဲ့ follow လိုက်ပြီး ပရိတ်သတ်ဘက်ကို မျက်လုံးလေး ကျူံ့ပြီး လိုက်ကြည့်ပါတယ်... ကောင်မလေးတွေက လက်တွေပြကြ.. ကိုင်ထားတဲ့ မီးတန်းလေးတွေလှုပ်ပြကြပေါ့... မင်းသားက တစ်ဦးတစ်ယောက်ကို လက်ညှိုးထိုးပြမှာကျနေတာပဲ.... မင်းသားအနေနဲ့ အားလုံးကို တပြေးညီဆက်ဆံပြရမှာပဲ... ကံထူးရှင်ကိုသာ ပိုပြီး ထူးခြားဆက်ဆံပြရမှာလေ...

ဒါနဲ့ ဟိုကောင်က... အားလုံးကိုသာ ခေါ်သွားပါတော့တဲ့...
နောက်တော့.. စကာင်္ပူက fan တွေကို ဘယ်လိုထင်ပါသလဲတဲ့...
မင်းသားက "စကာင်္ပူက Fan တွေက အရမ်းကို Passionate ဖြစ်ပါတယ်... ကျွန်တော့ကို Fan တွေ အများကြီး လေယာဉ်ကွင်းမှာလာကြိုတာကို ခုထက်ထိ မယုံနိုင်သေးပါဘူး"ဆိုတဲ့ စကားကို မနေ့က Press Conference မှာလဲ ပြောခဲ့သလို ပရိတ်သတ်တွေရှေ့မှာလဲ သူထပ်ပြီးပြောပါတယ်...

Emcee က "မင်းသားခုလို Oversea မှာ ဒီလောက် အရမ်းနာမည်ကြီးနေတာ...ဘာလို့လဲ" ဆိုလားမသိဘူး မေးလိုက်တော့...

မင်းသားက အံ့သြတဲ့ အမူအရာလေးနဲ့ " ငါ အဲဒါကို မသိခဲ့ဘူး... I didn't know..." ဆိုပြီးတော့ပြောပါတယ်...
Emcee က " မင်း ဒီလောက် အရမ်းနာမည်ကြီးနေတာကို မသိတာလား" လို့ ၀င်ထောက်လိုက်တော့...
မင်းသားက "Yeah... " လို့ပြန်ဖြေတော့...
Emcee က "ခု မင်းဘယ်လောက်နာမည်ကြီးလဲ မြင်ပြီမှတ်လား" လို့ပြောတော့... Fan တွေကလဲ အော်ပြီး အားပေးကြပါတယ်... ဒီတော့ မင်းသားFan အသံကိုတောင် ပြန်မအုပ်နိုင်လို့... ဟတ်ဟတ်ပက်ပက်လေး ရီလိုက်ပါတော့တယ်... ပြီးတော့မှ

"မင်းတို့က ငါ့ကိုခုလိုဖြစ်အောင် လုပ်ပေးခဲ့တာပါ" ဆိုပြီး ပရိတ်သတ်ကြီးကို သိတတ်စွာပြောပါတယ်...

မင်းသားက ဆက်ပြောပါတယ် " ၂၀၁၀ Asia Tour က ဒီနှစ်မှ စတာဆိုတော့... ကျွန်တော် ဒီလောက် လူသိများနေမှန်း မနှစ်ကအထိ မသိခဲ့ပါဘူး... ခု ဒီနိုင်ငံတွေရောက်မှ အားလုံးက ကျွန်တော့ကို သိနေပြီး အားပေးနေကြတော့... သူတို့ ကျွန်တော့ကို ဘယ်လိုသိနေတာပါလိမ့် ဆိုပြီး အံ့သြခဲ့ရပါတယ်" လို့ မင်းသားက ပြောပါတယ်...

ဟိုလူက မင်းကို ကောင်မလေးတွေဘာလို့ ဒီလောက်ကြိုက်တာလဲ သိလားလို့မေးတော့..
မင်းသားက " သိတယ်.. ရင်းဝေ့ ဝေါ်စွိုင့်" လို့ တရုတ်လိုပြောပါတယ်.. အဓိပ္ပါယ်ကတော့ သူချောလို့ ကောင်မလေးတွေက ကြိုက်တာနေမယ်တဲ့... ပြီးတော့မှ ရှက်သွားတဲ့ ပုံစံနဲ့ ရီပြီး စတာပါ .. စတာပါဆိုပြီး.... တအားရီပြီးပြောပါတယ်...

ကောင်မလေးတွေက တအားအော်တော့မှ... သူက "ဝေါ်စွိုင့်မား?" ဆိုပြီး (Am I handsome?) ဆိုပြီး ပရိတ်သတ်ကြီးကို လှမ်းမေးပါတယ်... လူမျိုးပေါင်းစုံပါနေတဲ့ ပရိတ်သတ်ကလဲ တထပ်တည်း တသံတည်း... "စွိုင့်"... ဆိုပြီးထောက်ခံတော့... သူက လက်အုပ်လေးချီပြီး... " Thank you" တဲ့...

အဲဒိအချိန်မှာ ဖားတုလို့ ခရုခုန်ချင်တဲ့ Emcee က "ဝေါ် စွိုင့်မား?" ဆိုပြီးမေးတော့... ပရိတ်သတ်ကြီးက ပြန်တောင် မဖြေပါဘူး.. ဖြေတဲ့သူတွေကလဲ "ပုစွိုင့်" တဲ့... အဲဒိအချိန်လေးမှာတော့ သူ့ကို သနားတော့သနားသွားပါတယ်... သူကလဲ သူကိုယ်သူ နှိမ်ချပြီး အဖြေကို သိရက်နဲ့ ဟာသဆန်ဆန်ပြောလို့ တကယ်လဲ ဟာသမြောက်ခဲ့ပါတယ်... ဒါကလဲ သူမနေ့က မင်းသားကို လှောင်ထားတဲ့အတွက် ဒီလောက်တော့ ရှိသင့်ပါတယ်... မင်းသားကတော့ ရီပဲ ရီနေပါတယ်...

ဒီတော့မှ Emcee က ခုတစ်လောမှ ပြသသွားတဲ့ ဇာတ်လမ်းတွဲကားဖြစ်တဲ့ "You are beautiful" ကို ကြည့်ကြရအောင်ဆိုပြီးပြောပြီး... Projector Screen ပေါ်မှာပြပါတယ်... ပြီးတော့ ဇာတ်ဝင်တေးဖြစ်တဲ့ "Promise" သီချင်းနဲ့ အဲဒိကားထဲက ထင်ရှားတဲ့ ဇာတ်ကွက်တွေကိုလဲ ပြပါတယ်...(မနေနိုင်လို့ သီချင်းကို အော်ဆိုမိခဲ့လို့ ဗွီဒီယိုထဲ ကိုယ့်အသံတွေအရမ်းကျယ်နေတဲ့ နေရာတွေကိုတော့ ဖြတ်ထုတ်လိုက်တယ်ကွယ်.. ဒါတောင် လိုက်ဆိုထားတဲ့ အသံလေးနဲနဲတိုးတာတော့ ထည့်ထားတယ်)...

ပြပြီးသွားတော့... စကားစမြည်နည်းနည်းပြောပြီး... emcee က
"အဲဒိကားထဲမှာပါတဲ့ ကျန်တဲ့ သရုပ်ဆောင်တွေနဲ့ အတော်ရင်းနှီးလား"လို့မေးတော့...
" ဟုတ်ကဲ့.. ကျွန်တော်တို့ အတော်လေးရင်းနှီးပါတယ်... Yong Hwa (ဒုတိယမင်းသား) ကတော့ သီချင်းကိစ္စတွေနဲ့ ကိုရီးယားမှာ အလုပ်များနေပါတယ်... တကယ်တော့ Lee Hong Ki (အဲဒိကားမှာပါတဲ့ ဆံပင်အ၀ါနဲ့ တတိယမင်းသား) နဲ့ ကျွန်တော် လွန်ခဲ့တဲ့ ၂ပတ်က ဂျပန်မှာအတူရှိနေတာပါ... သူကတော့ ဂျပန်မှာကျန်ခဲ့ပါတယ်... သူက အရမ်းကို ဖော်ရွေပြီးတော့ ကျွန်တော့ကိုလဲ အတော်ခင်ပါတယ်... အမြဲတမ်း ကျွန်တော့ကိုဆို "Hyun... Hyun" လို့ခေါ်နေတာပါ.. Hyun ဆိုတာ အကိုကြီးဆိုတဲ့ အဓိပ္ပါယ်ပါ... အမြဲတမ်းသူ့ကို အရက်တိုက်ဖို့ ပြောပါတယ်... ကျွန်တော်ကလဲ သူ့ကို တိုက်နေကျပါပဲ... "

ဒါနဲ့ Emcee က ပရိတ်သတ်ကြီးမသိသေးတဲ့ လူပြောလို့ သိပ်မကောင်းတဲ့ လျှို့ဝှက်ချက်တွေဘာတွေများရှိသလားလို့ မေးတော့...

သူက "Alright... ရှိပါတယ်.. တကယ်တော့ အစက အဲဒိကားဇာတ်လမ်းအရ A.N.Jell အဖွဲ့ဟာ.. အကကောင်းလို့ နာမည်ကြီးတာပါ... ဒါပေမဲ့ Lee Hong Ki ကတော့ လုံးဝ အက မကောင်းပါဘူး... အဲဒိကားမစခင် ၁လမှာ ကျွန်တော်တို့အားလုံး အကကျင့်ကြတော့မှ Lee Hong Ki မက တတ်ဘူးဆိုတာ သိသွားလို့... ဇာတ်လမ်းကို အနည်းငယ်ပြောင်းပြီး Band အဖြစ်နဲ့ လုပ်လိုက်ရတာပါ... "

ဒီတော့ မင်းသားအကြောင်းကို နကန်းတလုံးမှ မလေ့လာထားတဲ့ Emcee က ... " ဒါဆို မင်းကတော့ သူ့ထက် က တတ်တယ်ပေါ့" လို့ မေးတော့...
သူက... "က တတ်ပါတယ်" ဆိုပြီး ထိုင်ခုန်ပေါ်က ဆင်းပြီး အနည်းငယ် က ပြလိုက်ပါသေးတယ်...

Jang Keun Suk ကတတ်တယ်ဆိုတာလေးတောင် မသိပဲ သူဘယ်လိုများ ဒီရှိုးကို Emcee လုပ်လဲမသိတော့ပါဘူး.... အပိုင်း ၃ မျှော်...

P.S မဗေဒါက မင်းသားကို ကြိုက်တဲ့သူဆိုတော့ အရေးအသားက မင်းသားဘက် bias ဖြစ်ချင်ဖြစ်နေမယ်... ဒါပေမဲ့ မဗေဒါမျက်လုံးထဲတော့ တကယ်ဒီလိုပဲ မြင်လို့ ဒီလိုပဲရေလိုက်ပါတယ်.. နားလည်ပေးနိုင်ကြမယ်ထင်ပါတယ်.. မဗေဒါ မြင်သလို တကယ်ဟုတ်မဟုတ်ကတော့ ကိုယ်တိုင် ဗွီဒီယိုကြည့်ရင် သိနိုင်ပါတယ်...

3 comments :

Rita said...

အင်း...
ကြိုက်ချင်လာပြီ။
စိတ်တွေ မခိုင်တော့... ဘူး။

ကိုဇော် said...

အပေါ်ကလူ . . ငါ့ကို ပြောနေတာလား. . .ဟိ။
ငါလောက်တောင်မှ မကတတ်ဘူး. .
ငါဆို ချိုမိုင်မိုင် ကို ကမ္ဘာ့အဆင့်တစ်ပဲ။

Unknown said...

မဗေဒါရဲ့ ဆိုဒ်ကိုအခုမှတွေ့တာ အရမ်းနောက်ကျနေသလို ခံစားရတယ်၊ ညီမကလဲ Jang Keun Suk ကိုချစ်တဲ့ပရိတ်သတ်တစ်ယောက်ပါ၊

နောက်လဲ သု့အကြောင်းများများ မြန်မာလိုရေးပေးပါနော်