Wednesday, May 26, 2010

It's Time for JKS's sexy back (or) fan meeting 6

ကိုရီးယား မင်းသားတွေအကြောင်းချည်းရေးနေလို့ ကိုရီးယားမင်းသားကို စိတ်မဝင်စားတဲ့သူတွေအတွက် အားနာမိပါတယ်... ဒါပေမဲ့ စပြီးသားဖြစ်နေတဲ့ ဂျန်ဂမ်ဆပ် စကာင်္ပူကအကြောင်းလေးကိုတော့ ပြီးဆုံးအောင် ရေးသင့်တယ်ထင်လို့ ဆက်ပါရစေ... ၃ပုဒ် ၄ပုဒ်လောက်ပဲကျန်မှာပါ... ပြီးရင် မဗေဒါမြန်မာပြည်မှာတုန်းက မိဘမဲ့ဂေဟာကို အလှူလုပ်တုန်းက ဗွီဒီယိုဖြစ်ဖြစ်... မဗေဒါရဲ့ ခရီးသွားမှတ်တမ်းဗွီဒီယိုဖြစ်ဖြစ်... ဒီတစ်ပတ် အလုပ်ပိတ်ရက်အတွင်း ၁ခုခုထွက်အောင်တော့ ကြိုးစားပါ့မယ်... အိပ်ရေးက ခုတစ်လောမဝတော့ စိတ်ကမကြည်ပဲ ဗွီဒီယိုအက်ဒစ်ဘက် မလှည့်နိုင်ဖြစ်နေတာပါ... ဂျန်ဂမ်ဆပ် fan meeting video ကျတော့ သိပ်အက်ဒစ်စရာမလိုပဲ ရိုက်လာတာလေးကို ဖြတ်လိုက်ရုံပဲဆိုတော့ လွယ်ကူတယ်လေ...

ရှေ့အပိုင်းမှာ သူလေးအကျီင်္ဝင်လဲနေတုန်း ဆိုလ်းက fan meeting video ကို ပြတာအထိပြီးသွားပါပြီ... ခုတော့ သူလေးထွက်လာပါပြီ... အကျီင်္လဲလိုက်ပါပြီ... ရှပ်အကျီင်္အဖြူလက်ရှည်ပေါ်မှာ စတိုင်ကုတ်အနက်ရောင်လက်ပြတ်လေးနဲ့ သန့်ုပြန့်ခန့်ညား ဆွဲဆောင်မှုအားကောင်းနေပါတယ်... နောက်တော့ သူကရင်းနဲ့ Justin Timberlake ရဲ့ Sexy Back သီချင်းကို ဆိုပြီး ဖျော်ဖြေပါတယ်... အဆိုတော်မဟုတ်တာလဲ တစ်ကြောင်း က ရင်းနဲ့လဲ ဆို ရတော့ အသံကတော့ သိပ်မညိမ်ပါဘူး... ဒါပေမဲ့လဲ ပရိတ်သတ်အတွက်က ကိစ္စတော့ မရှိပါဘူး... သူဘာလုပ်လုပ် သူ့ကိုချစ်လို့ ဒီပွဲလာတဲ့သူတွေချည်းပဲကိုး...

သူက သီချင်းဆိုရင်း Sexy အက Sexy ဟန်အမူအရာလေးတွေ လုပ်ပါတယ်... အဲလိုဆိုတော့ ကျွန်မစိတ်ထဲ သူ့အတွက် စိတ်မကောင်းသလိုလို... သဝန်တိုသလိုလိုဖြစ်မိပါတယ်... သိနေတယ်.. သူက မင်းသား.. သူက ကိုယ့်ကိုတောင် မသိဘူး... မင်းသားတစ်ယောက် အနုပညာသမားတစ်ယောက်အနေနဲ့ ပရိတ်သတ်အကြိုက် အမျိုးမျိုးလုပ်ပြတတ်ရမယ်... လုပ်လဲ လုပ်ပြရမယ်... ဒါတွေအားလုံးကို သိနေရက်နဲ့ ကျွန်မစိတ်ထဲမှာ သဝန်တိုပါတယ်... သူ့ကို ခုလို တခြားမိန်းမတွေ အများကြီးရှေ့မှာ အဲလို အကမျိုးတွေ မကစေချင်ပါ... ( ဟီး.. ဟီး.. ပိုင်စိုးပိုင်နက်နော်... ) စိတ်မကောင်းတာကတော့... သူအဲလိုတွေ ကပြရင် အောက်က မိန်းကလေးတွေက တအားအားနဲ့ အော်ဟစ်အားပေးနေကြတော့... အော် သူက ငါတို့ပေးတဲ့ ပိုက်ဆံနဲ့တန်အောင် ဖျော်ဖြေနေတာပဲ... ဒါသူ့ တာဝန်ပဲ... ငါတို့ပိုက်ဆံယူထားတော့လဲ ငါတို့ကို သူ့ခမျာ ဒီလိုမျိုးတွေ ဖျော်ဖြေနေရတယ်... ဒါမျိုးသူ့ကို တခြားအချိန်ကခိုင်းရင် သူလဲရှက်မှာပဲလို့... ဒါပေမဲ့ ခေါင်းထဲမှာတော့ နောက်အတွေးတစ်ခုဝင်လာတာက ပိုက်ဆံပေးတိုင်းတော့ သူကမှာမဟုတ်ပါဘူး... ကျောတောတောနဲ့ ဟေ့ ဂျန်ဂမ်ဆပ်.. ဒီမှာ ပိုက်ဆံ.. ကပြစမ်းဆိုရင်.. သူဘယ်ကမလဲနော်... ခုသူက သူ့ပရိတ်သတ်ကို ချစ်လို့ အထူးဖျော်ဖြေတာပဲ.... ပိုက်ဆံယူထားလို့တန်အောင် ကပြနေရရှာတယ်ဆိုတဲ့ အတွေးကို မတွေးသင့်ပါဘူး... ဘာပဲပြောပြော သဝန်တိုတာတော့ အမှန်ပဲ... တကယ်လို့ ဂျန်ဂမ်ဆပ်သာ ကျွန်မကို ချစ်ရေးဆိုခဲ့ရင် လုံးဝ လက်မခံဘူး... ကျွန်မလို စိတ်မျိုးနဲ့ ရင်မောရတာပဲ အဖတ်တင်မယ်... သူလဲ စိတ်ညစ်ရလိမ့်မယ်... သူ့ကို ချစ်လွန်းလို့ကို လက်မခံနိုင်တာ... (ဟဲ.. ဟဲ... အသားယူမိပြန်ပြီ... မေတ္တာပို့သခြင်းများကို အပြည့်အဝလက်ခံပါသည်... ဟိဟိ )...

အဲဒိလို သူကနေတုန်းက ကျွန်မ အော်ပြီးတော့တောင် အားမပေးမိဘူး... စိတ်မကောင်းလို့... သဝန်တိုလို့... ဒါပေမဲ့ သီချင်းတစ်နေရာအရောက်မှာ သူက ပရိတ်သတ်ဘက်ကို နားလေးစွင့်တဲ့ ပုံစံမျိုးလုပ်ပြပြန်တော့လဲ... သူ ပရိတ်သတ်အားပေးတာ ကြားချင်ရှာမှာပေါ့လေ... ငါက သူ့ရည်းစားမှ မဟုတ်တာ ဒီလို သဝန်တိုနေလို့လဲ မထူးဘူး... အနည်းဆုံး အားပေးသံလေးကြားရင် သူအားရှိတယ်လို့ စောစောက မေးဖြေကဏ္ဍမှာ သူပြောသွားတော့... သူ့ကို မရမဲ့အတူတူ သူ့ပရိတ်သတ်အနေနဲ့ အပြည့်အဝအားပေးတာပဲကောင်းပါတယ်... ဆိုပြီး အော်ပြီး အားပေးလိုက်ပါသေးတယ်... စိတ်ထဲက သူ့ကို အဲဒိသီချင်းနဲ့ကတာကို မြန်မြန်လဲ ပြီးစေချင်တယ်... ကိုယ်ကလဲ ကြည့်လဲကြည့်ချင်တယ်... ဘယ်လိုကြီးမှန်းကို မသိပါဘူး.. ဟိဟိ...

သီချင်းအလယ်လောက်မှာ သူ စင်ကို အမှောင်ချပြီး ပျောက်သွားသေးတယ်... နောက်တော့ ဘေးပေါက်ကနေ ပရိတ်သတ်ထဲက ပြန်ပေါ်လာပြန်ရော... ဒီမင်းသား ပရိတ်သတ်ထဲ ဆင်းရတာ တော်တော်ကြိုက်တယ်.. သူ့နောက်က စလုံးရဲတွေကတော့ အတော် အမြင်ကပ်နေမယ်... သူတို့အလုပ်ရှုပ်လို့... နောက် စင်ပေါ်ခဏတက်ပြီး... ညာဘက်က ၂၅ဝတန်ဘက်ထဲ အရှေ့ပိုင်းလူတွေထဲဆင်းသွားပြန်ရော... အဲဒိထဲကနေ အသက်ကြီးကြီး အန်တီကြီးတစ်ယောက်ကို ဆွဲခေါ်သွားပြီး သူနဲ့အတူ စင်ပေါ်မှာ တွဲကပါတယ်... အန်တီကြီးက ကိုရီးယားမကြီးပဲ ဖြစ်မယ်ထင်ပါတယ်.... အဲဒိအန်တီကြီးလဲ သေပျော်ပါပြီ... (အဲဒါမနာလို လို့ပြောတာပါ..ဟတ်... ဟတ်... ) အိုဇာတာ အတော်ကောင်း... ဒီလိုနဲ့ပဲ Sexy Back သီချင်းပြီးသွားပြီး မင်းသား စင်နောက်ပြန်ဝင်သွားပါတယ်...

သူဝင်သွားတဲ့ အချိန်မှာ သူခုတစ်လောဘာတွေလုပ်တယ်ဆိုတာကိုရိုက်ထားတဲ့ ဗွီဒီယိုပြပါတယ်... သီချင်းတိုက်တာတွေဘာတွေပါ... အစီအစဉ်ညံ့တာတစ်ခုက အင်္ဂလိပ်စာတမ်းမထိုးပဲ တရုတ်စာတမ်းပဲထိုးတော့ ကျန်တဲ့ လူမျိုးတွေ အတွက် မတရားပါဘူး... အမှန်တော့ သူတို့ခိုတာပါ... ဟောင်ကောင် fan meeting မှာ ပြတဲ့ ဗွီဒီယိုကိုပဲ ပြန်ပြတာလဲ ဖြစ်နိုင်ပါတယ်... ဗွီဒီယိုကလဲ ထစ်နေပါသေးတယ်... ထစ်တာမှ တော်တော်ကို ထစ်တာပါ... ကြည့်ရတဲ့ ပရိတ်သတ်က အတော်ကို ခံရခက်ပါတယ်... ဗွီဒီယိုထစ်သွားရင် ပရိတ်သတ်က... "ဟာာာာာာာာာာ............ " ဆိုပြီး အော်ကြတော့... အမှောင်ထဲကနေ မင်းသားအသံထွက်လာပါတယ်... ဗွီဒီယိုထဲမှာ ပြချင်တာက သူဟာ အမြဲတမ်းကြိုးစားနေပါတယ်ဆိုတာကို ရှင်းပြပါတယ်... မင်းသားဟာ ကျွန်မတို့နဲ့အတူ ဗွီဒီယိုထိုင်ကြည့်နေတယ်ဆိုတာ သိလိုက်ရတော့ စိတ်ထဲမှာပျော်ပါတယ်...အော် သူဟာ ပရိတ်သတ်ကို ဂရုစိုက်တဲ့ မင်းသားပါလားဆိုပြီးတော့လဲ အမှတ်ပေးမိပြန်ပါတယ်....

နောက်တော့ သူ ဒီ fan meeting အတွက် ရောင်းမဲ့ Photo shoot တွေပြပါတယ်... ဘာအိုက်တင်လုပ်လုပ်ကို ကြည့်ကောင်းနေတာပါပဲ... ချစ်စရာကောင်းနေတာပါပဲ... သူ ကုတ်အကျီင်္အနက် ဆံပင်အကောက်တွေကို ရှေ့ချထားတဲ့ပုံက လူကြီးဆန်ပြီး.. ဓာတ်ပုံထဲမှာလဲ ခပ်တည်တည်တွေ နေနေပင်မဲ့... မရိုက်ခင်တုန်းကတော့ ကလေးလေးတစ်ယောက်လို ရယ်မောပြီး "Go Go Go" ဆိုပြီး အော်သွားတာလေးကလဲ အပြစ်ကင်းတဲ့ ပုံလေးပေါက်ပါတယ်... ဒီလိုဆိုတော့လဲ သူကအသက် ၂၄နှစ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပါပဲ... ကျန်တာတွေကတော့ ကိုရီးယားလိုတွေ ဘာပြောနေမှန်းကို မသိပါဘူး...

ဟိုဟာလေးတော့ နားလည်ပါတယ်...
"I miss you guys... Everyone... I love you" ဆိုပြီး အသဲပုံလေး လက်ကလုပ်ပြသွားတာတော့ တစ်လုံးမကျန်နားလည်လိုက်လို့ အသဲထဲ အေးကနဲဖြစ်သွားတာပဲ... ဟတ်.. ဟတ်... (ကိုယ့်အကြိုက် မင်းသားအကြောင်းရေးနေလို့ မကြိုက်သူများ သည်းခံနားလည်ပေးကြပါရန်)... ကဲကဲ.. ဗွီဒီယိုလေး ရှူစားသွားကြပါ...

P.S အရမ်းတော့ မကြည့်နဲ့နော်... ခဏခဏလဲ ပြန်မကြည့်နဲ့... ဒီက သဝန်တိုတတ်တယ်... ဟဲ.. ဟဲ...

10 comments :

ကိုဇော် said...

ဟိုက်. . .အတင်းကြီးကို တိုနေတော့တာပါပဲလား။
ဟီး. . ညည်းအမနဲ့ အတူတူ ထားရမယ်။

mabaydar said...

"ဟီး. . ညည်းအမနဲ့ အတူတူ ထားရမယ်။ "
မဗေဒါ အစ်မ အကြောင်းက ဘယ်က ပါလာတာလဲ... ဘာကိုဆိုလိုတာလဲ မသိဘူး...

မေလေး said...

မဗေဒါသဝန်တိုတယ်ဆိုလို့ မျက်လုံးတဘက်ပိတ်ပီးတဘက်နဲ့ဘဲ ပြူးပြဲကြည့်သွားတယ်..အဟက်
နောက်တာ မဗေဒါရေးထားတာလာလာဖတ်ပီး မင်းသားကိုသဘောကျလာပီ ကဲဘယ်လိုလုပ်ကြမလဲ :D

Anonymous said...

မိုက်ထှာာာာာာာ..........
ကြိုက်စ်စ်စ်စ်စ်စ်စ်စ်စ်စ်စ်တယ် အဟက်ဟက်
(အနာလိုနဲ့နော် သားသားကြည့်တွားတာတော့) ကွိကွိ..း)))

ကိုဇော် said...

အယ်. . ဟုတ်ဘူးလေ. ညီမကလဲ။
အကိုက ညီမတော်ထားတာ ဆိုတော့. .
အကို့ရဲ့x x x က ညီမ အစ်မလို့ ဆိုလိုတာလေ။
အဟဲ. . ဒါကို ပြောတာပါ။

KK said...

ကျွန်မအကြောင်းသိသွားလို့နဲ့တူတယ်။ ခဏခဏမကြည့်ဖို့ တားထားတယ်တော့။ အီး......

Rita said...

(တကယ်လို့ ဂျန်ဂမ်ဆပ်သာ ကျွန်မကို ချစ်ရေးဆိုခဲ့ရင် လုံးဝ လက်မခံဘူး...)

ဟုတ်ပါ့မလား ကလေးမရဲ့

naychi said...

ကြည့်သွားပြီ။
sexy dance ကြီးတော့ ကြိုက်ဘူး။ အက ကိုပြောတာပါ။ လူမပါဘူး။း)

Zay Tar Yar said...

ဒီမင်းသားတော့နော် ကြည့်မရတော့ဘူး ၊ နဂိုကတည်းက
ဒီကိစ္စကြောင့်ဆော်နဲ့မကြာမကြာကွိုင်နေပါတယ်ဆို........

Anonymous said...

မဗေဒါ အဲလိုရေးလိုက်တော့ သူ့အတွက် စိတ်မကောင်းဖြစ်သွားတယ်။
သူ့ကို သနားလွန်းလို့ သူကတာကို သေချာတောင် မကြည့်ရက်ဘူး။ !_!
ဒါပေမယ့်လဲ... သူက sexy cutie ပဲလေ။
သူ့ပရိသတ်ကို အကုန်ပေးချင်မှာပေါ့။
အရမ်းကြီး မတွေးပါနဲ့ မဗေဒါရယ် နော်။ :)