Monday, May 24, 2010

Haunted Hotel

ဒီဂိမ်းကို သိခဲ့တာတော့ လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက် ကတည်းကပါ... သိပြီးသားလူတွေလဲ ရှိမှာပါ... ဒီနေ့တော့ အလုပ်မှာ အရမ်းအိပ်ငိုက်နေတာနဲ့ google ကနေ ဟိုရိုက်ဒီရိုက် လျှောက်ရှာရင်း ပြန်သတိရသွားလို့ပါ...

သရဲခြောက်တဲ့ ဟိုတယ်မှာ သင်တို့ တစ်ညလောက်သွားနေကြည့်ပါလား... ကျွန်မကတော့ နေပြီးပြီ... ၅ခါ ၆ခါလောက် ကြိုးစားပြီးတော့ ဟိုတယ်ထဲက ထွက်ပြီး ကားပေါ်ကို ကျွန်မတက်နိုင်ခဲ့ပါတယ်... ဒီဂိမ်းကို ကစားမယ်ဆိုရင် Speaker ကိုလဲ အသံဖွင့်ထားမှ ပိုအရသာ ရှိမှာပါ... level 3 နဲ့ 5 ရောက်ရင် အသံကို နားထောင်ပြီး ဖြေရှင်းရတဲ့ အခါတွေပါပါတယ်... Graphic တွေက အရမ်းကောင်းပြီး အသံတွေနဲ့ ပေါင်းလိုက်တော့ ကိုယ်တစ်ကယ် အဲဒိထဲရောက်နေသလိုခံစားရပါတယ်.. ပြီးတော့ အာရုံစိုက်ပြီးမှ ကစားလို့ရတဲ့အတွက်လဲ... တစ်ချက်တစ်ချက် လန့်လန့်သွားတတ်ပါတယ်... စစ ကစားချင်းကဆိုရင် ကြောက်လွန်းလို့ နှုတ်ခမ်းတွေတောင် တုန်ပါတယ်... နောက်မှ ဘေးက လူတစ်ယောက်နဲ့ တူတူကစားရတယ်... အဟီး... မကြောက်တတ်ရှာတော့ သရဲဂိမ်းကစားတယ်လေ...

အဲဒိ ဟိုတယ်က ညနေ၆နာရီကနေ မနက်၆နာရီအတွင်းပဲဖွင့်ပါတယ်... အော်... မှာလိုက်ပါရဲ့ ကြောက်တတ်ရင်တော့ မကစားနဲ့နော်... တာဝန်မယူဘူး... ဒါမှမဟုတ် ညဘက်မကစားရဲတဲ့ သူတွေအတွက် ကိုယ့် ကွန်ပြူတာက နာရီကို ညဘက်အချိန်ပြောင်းပြီး ညာဆော့လို့ရပါတယ်... အဟိ...

တကယ်လို့ မကစားတတ်ဘူးဆိုရင်တော့ ပြောပါ.. မဗေဒါ ပြောပြပါ့မယ်... ဒါပေမဲ့ ကစားတတ်မယ်ထင်ပါတယ်...

ကစားချင်တယ်ဆိုရင်တော့ www.hotel626.com မှာ သွားရောက် Check in ၀င်၍ ကစားနိုင်ပါတယ်...

ဟိုတယ်၆၂၆ မှာ သရဲနဲ့အတူ ကောင်းစွာ ပျော်မြူးနိုင်ကြပါစေ...

3 comments :

သူကြီးမင်း (တုံးဖလား) said...

အားတဲ့အခါ ကစားကြည့်ဦးမယ်။ သရဲတွေ ဘယ်လိုခြောက်တတ်လဲ သိရတာပေါ့။

Anonymous said...

ဂိမ်းတော့မစရဲသေးဘူး။ မဗေဒါလုပ်တာနဲ့ ကိုရီးယားကားတွေစွဲသွားပြီး စာမလုပ်လို့ အိမ်ကပွမ်နေပြီ၊ ရှေ့လစာမေးပွဲပြီးမှ ဆော့ကြည့်တော့မယ်။ ကျေးဇူး။

မြန်မာပြည်ကိုလွမ်းတယ် said...

အပြင်ကသရဲတော့ခုမကြောက်တော့ပါဘူး..
ဒါပေမဲ့ဂိမ်းထဲကသရဲကိုတော့နည်းနည်းကြောက်
နေသလိုပဲမဗေဒါရေ..နေ့ကောညပါမဆော့ရဲ
သေးဘူး...ဆော့ရဲတဲ့သူတွေကိုမျှဝေပေးလိုက်
မယ်နော်...