Friday, May 21, 2010

မင်းသားလေးကို သနားလို့...

ပရိတ်သတ်ကို အရမ်းအလေးထားပြီး အမြဲတမ်း အရောတ၀င်နေတတ်တဲ့ မင်းသားလေး ဂျန်ဂမ်ဆပ်ရဲ့ စိတ်ကောင်းရှိမှုကို အခွင့်ကောင်းယူတဲ့ မိန်းကလေးတချို့ကြောင့် မင်းသားလေး အတော်ကို ၀မ်းနည်းစိတ်တိုဖြစ်ခဲ့ပါတယ်... သူဟာ လမ်းသွားနေလို့ နောက်က fan girl တွေ တကောက်ကောက်လိုက်လာရင်လဲ စိတ်မဆိုးခဲ့သူ... fan girl တွေ ပို့သမျှ လက်ဆောင်တွေကိုလဲ တမြတ်တနိုး သုံးတတ်သူ... You are beautiful ကားရိုက်နေစဉ်အတွင်း သူ့ကို ပို့သမျှ လက်ဆောင်တွေထဲမှာမှ တန်ဖိုးကြီးလက်ဆောင်တွေထက် သူ့ပုံတွေနဲ့ အလှဆင်ပြီးပင်ပင်ပန်းပန်းလုပ်ထားတဲ့ စာအုပ်လေးထဲမှာ သူရုပ်ရှင်ရိုက်နေလို့ ပျက်ခဲ့တဲ့ ကျောင်းစာတွေကို fan girl တွေက ပင်ပင်ပန်းပန်း ကူးပေးခဲ့တာကို လက်က တကိုင်ကိုင်နဲ့ ဒီလက်ဆောင်လေးကို အကြိုက်ဆုံးပဲ အရမ်းအသုံးဝင်လို့ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောခဲ့သူ တစ်ယောက်ပါ... (ကျွန်မကိုယ်တိုင်အဲဒိဗွီဒီယိုကို youtube မှာကြည့်လိုက်ရပါတယ်.. ခုတော့ copyright issue ကြောင့် ကြည့်လို့မရတော့ပါဘူး)...

သူ့ကို ကျွန်မ အရင်ကားတွေမှာ ကြိုက်ခဲ့တယ်ဆိုပေမဲ့... တခြားမင်းသားတွေလိုပဲ ကြိုက်လိုက် မကြည့်တော့ရင် မေ့သွားလိုက်ပါပဲ... နောက်ပိုင်း သူ့ရဲ့ အပြင်က ဖော်ရွေတဲ့ character လေးကိုပါ သဘောကျလာလို့ တခြားမင်းသားတွေထက် ပိုကြိုက်ခဲ့ရပါတယ်...


သူဟာ အရင်ထဲက ရုပ်ရှင်လောကထဲမှာ ရှိခဲ့တယ်ဆိုပေမဲ့ You are beautiful ကားအပြီးမှာ တဟုန်ထိုးနာမည်ကျော်ကြားလာခဲ့ပါတယ်... ဒါပေမဲ့ တကယ်တမ်း သူ့ရဲ့ အပြင်ဘ၀အစစ်မှာတော့ အသက် ၂၄ နှစ်သာရှိသေးတဲ့ လူငယ် တက္ကသိုလ်ကျောင်းသား တစ်ဦးပါပဲ... သူ စကာင်္ပူမှာနေခဲ့တဲ့ နောက်ဆုံးရက်မှာ ရှော့ပင်းထွက်အပြီး East coast ကို သွားခဲ့ပါတယ်... အဲဒိအချိန်မှာ စကာင်္ပူက fan တွေကလဲ သူ့ကို နားလည်ပြီး private time ပေးတဲ့အနေနဲ့ သူ့အနားကို တစ်ယောက်မှ မကပ်ပဲ အဝေးကပဲ ကြည့်ခဲ့ကြပါတယ်... သူတစ်ယောက်ထဲ ပင်လယ်ကြီးကို ငေးပြီး သဲပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံကိုကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရတယ်... တစ်နေကုန် သွားလေရာ လူတွေဝိုင်း ကင်မရာရှေ့မှာ သူ့ကိုယ်သူ ထိန်းနေရ လူတွေကို ရီပြရနဲ့ အတော်လေးကို စိတ်ရှုပ်ပင်ပန်းမှာပါ... (ဒါပေမဲ့ သူကိုရီးယားပြန်ရောက်တော့ သူ official website မှာ သူအဲဒိနေ့က စိတ်ညစ်နေတာမဟုတ်ကြောင်း သူ့ fan girl တွေ သူ့အတွက် စိတ်မကောင်းဖြစ်မှာစိုးလို့ အဲဒိနေ့က beach မှာ သူဘာတွေတွေးနေတယ်ဆိုတာကို ရီစရာအနေနဲ့ ပြောပြခဲ့ပါတယ်)


သူကိုရီးယားကို ပြန်သွားပြီး သူ့ official website မှာ 08/05/2010 တုန်းက သူကိုယ်တိုင်ရေးပြီး တင်ထားတဲ့ မတ်စေ့လေးကိုတွေ့တော့လဲ သူ့အတွက် စိတ်မကောင်းဖြစ်ရပြန်တယ်...

Korean to English translation credit to Muse...

(For a long time ago I thought I should protect myself more and more..
အရင်တုန်းက ကျွန်တော့်ကိုကျွန်တော် ပိုပြီး ကာကွယ်သင့်တယ်လို့ ထင်ခဲ့တယ်...

Everyone is likely to have the precious moments of school days and memories with friends..
လူတိုင်းမှာ ကျောင်းတုန်းက အမှတ်တရတွေ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့တဲ့ အကြောင်းတွေ ရှိနေကြတတ်ပါတယ်...

Such as skipping classes and eating up lunchbox secretly...
ဥပမာ... အတန်းလစ်တာ ၊ အတန်းထဲမှာ ထမင်းဘူးခိုးစားတာ တွေပေါ့..

Being scolded by teacher while dozing off in class..
အတန်းထဲမှာ အိပ်ငိုက်လို့ ဆရာဆူတာ ခံရတာ တွေရှိကြမှာပဲ...
 

Or
ဒါမှ မဟုတ်

 သူသိပ်နာမည်မကြီးခင် ကျောင်းသာဘ၀ကပုံ

Writing a love letter to an unrequited friend in your neighbor class...
ဘေးအတန်းက တိတ်တိတ်လေး ချစ်ရတဲ့ သူငယ်ချင်းကို ရည်းစားစာရေးတာတို့ ဘာတို့ပေါ့...


I don"t have those common memories which is really natural to everybody
ကျွန်တော့မှာတော့ လူတိုင်းမှာ လွယ်လွယ်ကူကူနဲ့ရှိနိုင်တဲ့ အဲဒိ သာမာန် အမှတ်တရလေးတွေ မရှိဘူး...


When my peers were holding a pen, I was holding a microphone
သူများတွေ ဘောပင်ကိုင်နေတဲ့အချိန်မှာ ၊ ကျွန်တော်က မိုက်ကရိုဖုန်းကိုင်နေရတယ်...

When my fellows of the same grade were looking through the textbook and the teaching aids, I was looking through my script..
အတန်းဖော်တွေက စာအုပ်ကိုကိုင်ပြီး AIDS အကြောင်း သင်နေကြတဲ့ အချိန်မှာ၊ ကျွန်တော်ကတော့ ရုပ်ရှင် ဇာတ်ညွှန်းတွေကို ကြည့်နေရတယ်...

Definitely I don"t regret after so long a time.
ဒါပေမဲ့ ဒီလောက်ကြာကြာ နေသားကျနေမှတော့ ကျွန်တော် နောင်တမရပါဘူး...

Maybe I just found my way to go earlier than others..
တခြားလူတွေထက် ကျွန်တော်က ကျွန်တော်ဖြစ်ချင်တာကို စောပြီးတွေ့သွားတယ်လို့ပဲ ယူဆပါတယ်...

Having a dream of an actor for life..
မင်းသားဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အိပ်မက်...

That means a so great deal to me..
မင်းသားဖြစ်ခဲ့တဲ့အတွက် ကျွန်တော့်အတွက်တော့ အကောင်းဆုံးရလဒ်ပါပဲ...

So.. after jumping over a fence of adult-thing, I wanted to keep mine.
ဒီတော့... လူကြီးဆိုတဲ့ စည်းကို ကျွန်တော် ကျော်ခုန်ခဲ့ပြီးမှတော့ ကျွန်တော် ရထားတာကို ကျွန်တော် ထိန်းထားချင်ပါတယ်...

After entering the Univ, somebody attended as my substitute..
တက္ကသိုလ်ရပြီးနောက်ပိုင်းမှာ... ကျွန်တော့အစား တခြားလူက လက်ချာတွေ လိုက်ပေးရတယ်..

Whenever I needed a hair cut, somebody drove it for me
ကျွန်တော် ဆံပင်ညှပ်စရာလိုတိုင်း... တစ်ယောက်ယောက်က ကားနဲ့ လိုက်ပို့ပေးနေရတယ်...

Whenever I was waiting for a casting, somebody recommended me the script with priority.
ကျွန်တော်ကားရိုက်ဖို့ စောင့်နေတိုင်း.. တစ်ယောက်ယောက်က script ကို ကြိုဖတ်ပြီး recommend ပေးရတယ်...

That was my life lived by somebody instead of me...
ဒါတွေအားလုံးက ကျွန်တော်မဟုတ်တဲ့ ကျွန်တော့်ရဲ့ တခြားလူတွေကို အားကိုးပြီးနေနေရတဲ့ ဘ၀ပဲ...

So much meaningless, isn"t it?
အဓိပ္ပါယ်လုံးဝမရှိဘူး မဟုတ်လား...

I had found the way to go faster than others in my school days,
ကျွန်တော်က ကျောင်းသားဘ၀မှာပဲ သူများထက် မြန်မြန် လမ်းကြောင်းရှာတွေ့ခဲ့တယ်...

Now walking through the way, I wanna keep my life more than ever.
ခု အဲဒိလမ်းကြောင်းကို လျှောက်နေချိန်မှာလဲ... ကျွန်တော့်ဘ၀အမှန်ကို ထိမ်းထားချင်တယ်...

But today.. After reading an article from today, I thought a lot..
ဒါပေမဲ့.. ဒီနေ့... ဒီနေ့ဆောင်းပါးကို ဖတ်ပြီးတော့ ကျွန်တော် အများကြီး တွေးဖြစ်တယ်... (ဘာဆောင်းပါးလဲတော့ မသေချာပါ... သူ့အကြောင်း မကောင်းရေးလားတော့မသိ)

What is important.. life of myself living as me.. or life of an actor living as an actor?
ဘာက ကျွန်တော့အတွက် အရေးကြီးသလဲ... ကျွန်တော့ဘ၀ကို ကျွန်တော့လိုပဲ နေတာလား... ဒါမှမဟုတ်... မင်းသားတစ်ယောက်ရဲ့ ဘ၀ကို မင်းသားလို့နေရမှာလား...

I just did hate to sneak around, do something with hiding my face..
လူတွေကြားထဲ ခိုးကြောင်ခိုးဝှက်သွားရတာ... တစ်ခုခုလုပ်ရင် မျက်နှာကွယ်ပြီးလုပ်ရတာတွေကို ကျွန်တော် အရမ်းမုန်းတယ်ဗျာ...

Just wanna walk around honorably and openly.. Now it"s not easy..
ရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း အိနြေ္ဓရှိရှိပဲ လမ်းပေါ်မှာ လျှောက်သွားချင်တယ်... ဒါပေမဲ့ ခုတော့ မလွယ်တော့ဘူး..

Do you remember what I said a few days ago?
ကျွန်တော် လွန်ခဲ့တဲ့ ရက်တွေက ပြောခဲ့တာ မှတ်မိသေးလား..

From time unknown.. Facing camera lens is more frequent rather than facing people"s eyes..
ဘယ်အချိန်ကတည်းက ကျွန်တော်အတွက် ကင်မရာ lens တွေကို မျက်နှာချင်းဆိုင်နေရတာ လူတွေရဲ့ မျက်လုံးကို မျက်နှာချင်းဆိုင်ရတဲ့ အချိန်ထက် များနေလဲ မသိတော့ဘူး..

Now.. Even I didn"t realize or guessing something, Camera lens are looking at me first..
ခုတော့ဗျာ... ကျွန်တော် သတိမထားမိလိုက်တဲ့ အချိန်တွေမှာတောင် ကင်မရာ ပြောင်းတွေက ကျွန်တော့ကို အရင်ကြည့်နေကြပြီ...

But.. I"m not afraid of it.
ဒါပေမဲ့.. ကျွန်တော်ကြောက်လို့ပြောနေတာ မဟုတ်ပါဘူး...

I AM a fair and good guy..
ကျွန်တော်က ယောကျာင်္းကောင်းတစ်ယောက်ပါ...


ပြီးခဲတဲ့ အမေများနေ့က သူ့မိသားစုနှင့်အတူ..(သူ့ဘေးမှာထိုင်နေတဲ့ အနီနဲ့က သူ့အမေ)

Just today I feel a lot more responsibilities..
ဒီနေ့လေးတစ်ရက်ပဲ (မင်းသားဖြစ်ရတာ) အရမ်းတာဝန်ကြီးတယ်လို့ ခံစားနေရလို့ပါဗျာ....

And most of all, all of you eels" comments letter-by-letter make me stronger..
နောက်ပြီး အပြောချင်ဆုံးကလဲ... ကျွန်တော့်ကို အားပေးတဲ့ ပရိတ်သတ်ရဲ့ ကွန်မန့်တွေ စာတွေကတော့ ကျွန်တော့်ကို ခံနိုင်အောင် လုပ်ပေးနေပါတယ်...


Reeeeeeeearly.. ThankYouCri~^^v
တကယ်ပြောတာနော်... ကျေးဇူးပဲ Cri (သူက သူ့fun တွေကို eels (ငါးရှဥ့်), Cri လို့ ခေါ်တတ်တယ်.. ဘာလို့အဲလိုခေါ်လဲဆိုတာလဲ အကြောင်းရှိတယ်... သူတစ်ယောက်ထဲ fan တွေကို သူ့နည်းသူ့ဟန် ချစ်စနိုးနဲ့ အဲလို ခေါ်တာ)

hoho
ဟိုး.. ဟိုး..

ဒါပေမဲ့ မကြာသေးခင်ကမှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အလေးကြောင့် ဒီလောက် သည်းခံလိုက်လျောနေတဲ့ မင်းသားလေးခမျာ အတော်လေး စိတ်ရှုပ်ခဲ့ရပါတယ်...

သူတက်နေတဲ့ HanYang တက္ကသိုလ်မှာ တစ်နှစ်တစ်ခါ ကျောင်းသားတွေစုပြီး Launge H ဆိုတဲ့ ပွဲလေးလုပ်ပြီး ရန်ဘုံငွေသဘောမျိုး ရှာတတ်တယ်ထင်ပါတယ်... (မသေချာပါ..) အဲဒိ ပွဲမှာ ဂျန်ဂမ်ဆပ်ဟာ သူနာမည် မကျော်ခင်ကတည်းက တခြား organizer ကျောင်းသားတွေနဲ့ အတူ organizer အဖြစ် အရင်နှစ်တွေကလဲ ပါဝင်ခဲ့ပါတယ်... အရင်နှစ်တွေတုန်းက သူ့အတွက် ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေးနဲ့ ပါလို့ရခဲ့တဲ့ ပွဲလေးဟာ ဒီနှစ်မှာတော့ သူ့အတွက် စိတ်ရှုပ်ခဲ့ရပါတယ်...

ပွဲက ၁၈ ရက်ကနေ ၂၀ ရက်အထိလုပ်မှာပါ... ပွဲအတွက် ၁၆ရက်နေ့မှာ သူတို့ တက္ကသိုလ်မှာ ပိုစတာကပ်တာတွေနဲ့ လုပ်စရာရှိတာတွေကို ဂျန်ဂမ်ဆပ်ကိုယ်တိုင် ကျောင်းသားတစ်ယောက်အနေနဲ့ ပါဝင်လုပ်ပေးခဲ့ပါတယ်... အဲဒိအတွက် သူ့ရဲ့ fan တွေက မင်းသားကို လွတ်လွတ်လပ်လပ် အလကား တွေ့ရတော့ လာပြီး ဓာတ်ပုံရိုက်ကြ ဗွီဒီယိုရိုက်ကြ လုပ်ကြပြန်ပါတယ်... ဒီတော့ သူက အလုပ်က ပင်ပန်းနေရတဲ့ အထဲ စိတ်ကရှုပ်လာမယ်လို့ ကျွန်မထင်မိပါတယ်... ကျွန်မသာဆို သူ့လို အေးဆေးတောင် မေတ္တာရပ်ခံနိုင်ပါ့မလား မသိဘူး... သူကတော့ အဲဒိ ဓာတ်ပုံရိုက်တဲ့သူတွေကို မရိုက်ဖို့ ပြောပါတယ်.. ဒါပေမဲ့ ဆက်ရိုက်ကြပါတယ်...

နေရာက တက္ကသိုလ်ထဲမှာ... သူက အဲဒိ တက္ကသိုလ်က ကျောင်းသားတစ်ယောက်အနေနဲ့ပဲ ရှိချင်နေတာပါ... အဲဒိ ဗွီဒီယိုကြည့်လို့ရမယ့်နေရာကို တော့ ကျွန်မမပြောတော့ပါဘူး... မင်းသားက ပြန်မအော်ပင်မဲ့ မျက်နှာက တော်တော်တည်နေပြီး သူလုပ်စရာရှိတာကိုပဲ မြန်မြန်လုပ်နေပါတယ်... ပြီးတာနဲ့ ဘယ်သူ့ကိုမှလဲ စကားမပြောတော့ပဲ ခပ်ဆက်ဆက် နောက်တစ်နေရာကို ထွက်သွားပြီး ပိုစတာကပ်ပါတယ်... သူက ကျောင်းသားအနေနဲ့ ရှိချင်ခဲ့လို့လားမသိဘူး... ဘေးမှာ သူ့မန်နေဂျာကိုတောင် မတွေ့မိပါဘူး... အမှန်တော့ သူ့ကို ခုလို privacy မရှိ လိုက်ရိုက်နေတာ.. fan တွေလဲ ဖြစ်နိုင်သလို.. သူ့ရဲ့ anti fan တွေကလဲ သူဘယ်အချိန်အမှားလုပ်မလဲဆိုတာ လိုက်ကြည့်နေတာ သူခံနေရပါတယ်... နောက်ပြီး paparazzi တွေလဲ ပါတဲ့အတွက်.. ဘယ်သူက ရန်သူ ဘယ်သူက မိတ်ဆွေ သူ့ခမျာမသိရှာတော့ .. ကင်မရာနဲ့ ချိန်ခံရတိုင်း အနေအထိုင် ဆင်ခြင်နေရရှာတော့ သူစိတ်ညစ်မယ်ဆိုတာ ကျွန်မခံစားလို့ရပါတယ်...

အဲဒိညမှာတော့ ဂျန်ဂမ်ဆပ် official website မှာ မင်းသားက ခုလို မတ်ဆေ့စ်လေးကို တင်ထားတာကို ၀မ်းနည်းစွာတွေ့ရပါတယ်တဲ့...

English translation from CriJ Staff

Please, please, please.... don"t take photos when I say not to.
If you keep doing this,
ကျေးဇူးပြုပြီး... တောင်းပန်ပါတယ်!!!!!.... ကျွန်တော်က ဓာတ်ပုံမရိုက်ပါနဲ့ဆိုရင် ဆက်ပြီး မရိုက်ကြပါနဲ့တော့... တကယ်လို့ ဆက်လုပ်နေမယ်ဆိုရင်....

Maybe I"ll never come outside, then I"ll never be in your photos, ever....
ကျွန်တော် ခုလို အပြင်ကို ဘယ်တော့မှ မထွက်တော့ဘူး.... ဒီလိုဆို ခင်ဗျားတို့ရဲ့ ဓာတ်ပုံထဲလဲ ကျွန်တော် ဘယ်တော့မှ မပါတော့ဘူးပေါ့..

Don"t make me a bad person
ကျွန်တော့ကို လူဆိုးဖြစ်အောင် မလုပ်ကြပါနဲ့ဗျာ...

ဒီလိုလေးရေးထားတယ်ဆိုတာ သိရတော့ သူ့အတွက် စိတ်မကောင်းဘူး...

သူ့အကြောင်းပြောတဲ့ ဖိုရမ်တွေထဲမှာတော့ တချို့ကလဲ သူ့အတွက် မင်းသားဆိုတဲ့ လမ်းကို ရွေးပြီးရင် ကင်မရာတွေနဲ့ ရင်ဆိုင်ရတာကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားသင့်တယ်တဲ့... ဒါပေမဲ့ မင်းသားကို အပြစ်ပြောနေကြတာတော့ မဟုတ်ပါဘူး... ဘာလို့လဲဆိုတော့ သူက တခြားမင်းသားတွေလို ဟိတ်ကြီး ဟန်ကြီးနဲ့ မနေချင်ပဲ လူတွေကြားမှာ ကူးလူဆက်ဆံချင်တဲ့ မင်းသားလေး ဖြစ်နေလို့ပါပဲ... အဲဒါကြောင့်မို့ သူ့ရဲ့ fan တွေက သူ့အတွက် ဆုံးဖြတ်ချက်ချရင်း အားလုံးကိုလဲ သူ့ fan စစ်ရင် အဲဒါကို လိုက်နာဖို့ လက်ဆင့်ကမ်းခိုင်းတယ်... fan တွေအနေနဲ့ မင်းသားရဲ့ သွားတာ လာတာ နေတာ ထိုင်တာ စားတာ သောက်တာကို ချစ်လို့ ခင်လို့ အချိန်ပြည့်ကြည့်ချင်မိလို့လဲ ဒီလို မင်းသားမှာ နေရကျပ်ရတာ... ဒါပေမဲ့ မင်းသားအတွက် အဲဒိ အနေရကျပ်တဲ့ အချိန်လေးတွေ လျော့သထက် လျော့နိုင်အောင် ကူညီပေးကြဖို့ပါပဲတဲ့... ကျွန်မစိတ်ထင်လဲ သူ့ကိုသာ ကင်မရာတွေနဲ့ မချိန်နေရင် သူဟာ ပရိတ်သတ်တွေနဲ့ ယခုထက်တောင် ပိုပွင့်လင်းရိုးသားပြီး ရင်းရင်းနှီးနှီးဆက်ဆံနိုင်မယ်ထင်ပါတယ်...

သူက ပရိတ်သတ်ကို သူငယ်ချင်းလို ခင်ချင်တဲ့ မင်းသား... ပရိတ်သတ်က သူ့ကို ကင်မရာတွေထဲက ကြည့်နေတာထက် မျက်လုံးချင်းဆုံချင်တဲ့ မင်းသား... သူ့ပရိတ်သတ်ဘယ်လိုလူတွေလဲဆိုတာကို သိချင်လွန်းလို့ လေဆိပ်မှာတောင် ပြန်ဗွီဒီယို ရိုက်ခဲ့တဲ့ မင်းသား... ရဲကို လက်ကာပြီးတော့တောင် ပရိတ်သတ်နား ကပ်ခဲ့တဲ့ မင်းသား... ပရိတ်သတ်က အော်ပြောတဲ့ စကားသံ သူကြားရင် ပြန်အော်ဖြေတတ်တဲ့ မင်းသား... သူ့လောက် ပရိတ်သတ်အပေါ် ကောင်းနေတဲ့ မင်းသားကို ခုလို စိတ်ညစ်သွားအောင် မလုပ်သင့်ဘူး... တော်ပါသေးရဲ့... သူစကာင်္ပူလာတုန်းက သူ့ဟိုတယ်မှာ stalker သွားလုပ်မလို့ စဉ်းစားမိသေးတယ်... အွန်လိုင်းမှာ ၀ါသနာတူ အဖော်တွေရှိတယ်... ဒါပေမဲ့ အဲဒိတုန်းကလဲ သူ့ privacy ကို စဉ်းစားမိလို့ ကျွန်မ မလုပ်ခဲ့ဘူး... လေဆိပ်မှာတုန်းကလဲ သူနာညီးမှာစိုးလို့ သူကိုယ့်ရှေ့တည့်တည့်ရောက်နေတာတောင် မအော်ခဲ့ဘူး... သူ ကျော်သွားမှ မခံနိုင်လွန်းလို့ here here here လို့ အော်မိတာ.. သူနားညီးလောက်မယ်တော့ မထင်ပါဘူး...
ဒါပေမဲ့ ကျွန်မ အခုဆုံးဖြတ်လိုက်ပြီ... နောက်တစ်ခါ သူ့ကို တွေ့ခွင့်ရအုံးမယ်ဆိုရင် ကျွန်မဘယ်တော့မှ ဗွီဒီယို ကင်မရာ သယ်မသွားတော့ဘူး... သူ့ကို မျက်လုံးနဲ့ပဲကြည့်မယ်... ရင်ထဲမှာပဲ record လုပ်ထားလိုက်တော့မယ်ရှင်....

မင်းသားရဲ့ privacy ကို နားလည်သောအားဖြင့် အဲဒိနေ့က ဗွီဒီယိုတွေအွန်လိုင်းမှာတွေ့တာကို မရှယ်တော့ပါဘူး... ခုအောက်က ပုံလေးတွေကတော့ သူ့ official facebook ကနေ ရယူထားပါတယ်..

Photo credits to Jang Keun Suk's official facebook...


ဒီပုံလေးကတော့ သူ ခုလို နာမည်မကြီးခင် မနှစ်က Launge H ပွဲမှာ သူငယ်ချင်းတွေနဲ့ စုရိုက်ခဲ့တဲ့ပုံလေးပါ... (သူ့ကို ရှာလို့ တွေ့ကြလား)

အောက်ကပုံတွေကတော့ ဒီနှစ်ပွဲက ပုံတွေပါ...
အလုပ်တွေ ကူလုပ်ပေးရင်း ပင်ပန်းနေတဲ့ မင်းသားလေး...

ကျောင်းပွဲ မစခင်မှာ organizer တစ်ယောက်အနေနဲ့ အလုပ်တွေလုပ်နေတဲ့ မင်းသား...

တကယ့်ပွဲနေ့မှာ လာတဲ့ မင်းသား... (ဒီနှစ်တော့ အဲဒိပွဲလေးရဲ့ လက်မှတ်က သူ့ကျေးဇူးကြောင့် ချက်ချင်းကုန်သတဲ့)

20 comments :

ကိုဇော် said...

ဟုတ်တယ်...ကျော်ကြားမှု နဲ့ မလွတ်လပ်မှုက တိုက်ရိုက် အချိုးကျတယ်။ ဒါပေမဲ့. . . . .
လောကမှာ နေတတ်ရင် ကျေနပ်စရာတွေချည်းပါပဲ။

Steve Evergreen said...

we support you

Anonymous said...

hi ma baydar,

pls share the story of Lee Min Ho( personal Taste) actor.

သစ်သစ် said...

တိကျလှချည်လား ငါးသလဲထိုးရယ် ...
ဟိ...ဘာပဲဖြစ်ဖြစ် ဝေလငါးလဲကြိုက်စ်တယ် ကိုရီးယားမင်းသားကို..း)

Unknown said...

ဒီတခါ အပေါ်ကတယောက် ငါ့ထက်ဦးသွားပြီ

mabaydar said...

ဟား.. ဟား.. လီမင်ဟိုအကြောင်း သိချင်ကြလို့လား.. ကိုယ်က လီမင်ဟိုကို ကြည့်နေတုန်း ကြိုက်ပင်မဲ့ မကြည့်တော့ရင် မေ့မေ့သွားလို့... ဟုတ်ပြီ.. ဟုတ်ပြီ.. တောင်းဆိုတဲ့ သူများလာရင် လီမင်ဟိုလတ်တလော ဘာတွေဖြစ်လဲဆိုတာကို တူးဖော်ရှာဖွေကြည့်ပေးမယ်...

naychi said...

သူ့ကို ရှာလို့တွေ့တာပေါ့.. နောက်ဆုံးတန်း ဘယ်ဘက်က ရေရင် ဒုတိယမြောက် အကျီနက်ပြာရောင် ခေါင်းစွပ်စွပ်ထားတယ်။
Official website နဲ့ facebook လိုချင်တယ်။ မပေးချင်ရင်လည်း အတင်းမတောင်းတော့ပါဘူး။ ကိုယ့်ဘာသာ တူးဖော်တော့မယ်း))))
လီမင်ဟိုဆိုလည်း လာထားပဲ.. ကြိုက်တယ် :P

naychi said...

ခေါင်းမှာစည်းတဲ့ ပုဝါက အစ သူ့နာမည်နဲ့ပါလား ... အားကျလိုက်တာ.. ရွှေဂုံတိုင်မှာ ကိုယ်နာ့မည်ကိုယ် သွားရိုက်ဦးမယ် :D

mabaydar said...

အင်း.. အဲဒါ သူ့ fun meeting မှာတုန်းက ရောင်းတယ်.. အဲဒိ ခေါင်းစဥ်းရယ်... မီးချောင်းလေးရယ်... သူ့ပုံရင်ထိုးရယ်ကို ၃၅ကျပ်တောင်.. ဈေးကြီးလို့ ၀ယ်ဘူး... ဟီး.. ဟီး..

Anonymous said...

"Launge H" နဲ့ပတ်သက်တဲ့သတင်းတွေဖတ်ပြီး သူ့အတွက်တော်တော်စိတ်မကောင်းဘူး. anti တွေရဲ့ attack မပါဘဲအေးအေးချမ်းချမ်းပြီးသွားပါစေ.
တချို့ဓာတ်ပုံလိုက်ရိုက်တဲ့သူတွေဆို ဆိုးလွန်းတာ သူ့ဘာသာ နောက်ဖက်အခန်းလေးထဲမှာ floor ပေါ်ထိုင်ပြီး သူငယ်ချင်းတွေနဲ့ lunch စားတဲ့အချိန်လေးတောင် အလွတ်မပေးကြဘူး.. သူ စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့သာ အဲ့ msg တင်တဲ့အထိဖြစ်သွားတာ..

"But today.. After reading an article from today, I thought a lot..
ဒါပေမဲ့.. ဒီနေ့... ဒီနေ့ဆောင်းပါးကို ဖတ်ပြီးတော့ ကျွန်တော် အများကြီး တွေးဖြစ်တယ်... (ဘာဆောင်းပါးလဲတော့ မသေချာပါ... သူ့အကြောင်း မကောင်းရေးလားတော့မသိ)" >>> ဘာ event မှမဟုတ်ဘဲ သူ့ဘာသာ အပြင်သွားနေတဲ့အချိန် paparazzi တွေက ဓာတ်ပုံရိုက်သတင်းလုပ်လိုက်တာလေ..
(ပြန်ရှာတွေ့ရင် link လာပေးမယ်:)

Anonymous said...

Ma Baydar,

Could u pls write other articles. Pharps, ur blog become JKS blog..

M .K said...

ဗေဒါရေ..

လီမင်ဟိုအကြောင်းလေးလဲ တင်ပေးပါဦး..။
ဗေဒါက အားကြီးတော်တယ်ကွယ်...

Anonymous said...

အိန်ဂျယ်ချစ်သူ ဆိုတဲ့ ကားလေးမှာ အဲ့မင်းသားကို ကြည့်ဖူးတယ်..။ အဲ့မင်းသား အချိုးမပြေ ခပ်တွန့်တွန့်ပြုံးတဲ့စတိုင် မိုက်တယ်။ ယောက်ျားချင်းချင်းမို့ ကြိုက်ဘူး.. အဲ့ကားထဲက မင်းသမီးလေးကိုတော့ သဘောကျတယ်.ချစ်ချာလေး.. အဲ့မင်းသမီးအကြောင်းလဲ ကြုံရင်ပြောပြ.. :)

mabaydar said...

Hi anonymous

"Could u pls write other articles. Pharps, ur blog become JKS blog.."

Yeah... I will try to write about other article. But for other article i need to use my brain to think and i need to feel it. So i need the mood to write. For the news like that, I just need to look for it and translate which is easier and faster. hee hee... Yeah.. may be it's an excuse. I will try my best. Thanks for supporting me and reading my blog.

For the rest, Really thank you for the comments. I appreciate it.
အိမ်ဂျယ်ချစ်သူ ဆိုတဲ့ကားကို အင်္ဂလိပ်လိုနာမည်က ဘာလဲမသိဘူး... မြန်မာပြည်က တီဗွီတွေမှာပြရင် မူရင်းနာမည်က တလွဲတွေ ဘာသာပြန်တတ်လွန်းတော့ မသိဘူး... ဥပမာ.. All about Eve က နေ ဘယ်လို ဘယ်လို "ဆည်းဆာရင်ခုန်သံ" ဖြစ်မှန်းမသိ... "Loving YOU" ကနေ ဘယ်လို "ရေသူမလေး ချစ်ပုံပြင်" ဖြစ်မှန်းမသိ...

မေလေး said...

မဗေဒါ မဗေဒါဆီလာလာဖတ်မှဘဲ အဲမင်းသားကိုစိတ်ထဲခင်လာပီ..
နွေးရောဂါလဲတော်တော်ဆိုးနေပီတဲ့..
ဆက်ပီးတင်ပေးပါအုန်း..
အားပေးနေမယ်...
ဖူးစာစုံလို့ ရင်ခုန်ခဲ့ပါလျှင် (၄)
အလှည့်ပါ....
စောင့်နေပါတယ်..
းD

Anonymous said...

U r welcome ma baydar. I want u to write other articles bec I like the way u think and u present to us. U r such a clever girl. Abt JKS also very good but I rather want to read abt u and watch yr videos . Btw, I saw some of yr new photos on yr multiply .com. I think u went to Bali with yr fri. Any videos for that? Any videos cming soon? Waiting for so long. Anyway, I m always supporting you. Jia you! Jia you! U r the one!!!!yay yay...

mabaydar said...

နေခြည်ရဲ့ ပထမ ကွန်မန့်ကို ခုမှတွေ့တယ်... ပေးပါတယ်... official facebook ကတော့ အက်လို့ရသေးလား မသိဘူး... official website က မန်ဘာ လက်မခံတော့ဘူး... ပြီးတော့ official website က မန်ဘာက ပိုက်ဆံပေး ရတယ်... ပြီးတော့ ဆိုဒ်က ကိုရီးယားလိုတွေပဲရေးတယ်... ဒါပေမဲ့ အဲဒိဆိုဒ်ကို မင်းသားကိုယ်တိုင် အွန်လိုင်းလာပြီး ကံကောင်းရင် မင်းသားနဲ့ချက်ခွင့်ရှိတယ်... official members တွေက မင်းသားနဲ့ ပတ်သတ်သမျှ ဘယ်အခွင့်အရေးမဆိုပိုရတယ်... ဥပမာ... ၂၅ဝတန်းဝယ်တာချင်းအတူတူ official members တွေက ရှေ့တန်းထိုင်ရတယ်...
official facebook က http://www.facebook.com/profile.php?id=100000215607121#!/OfficialJangKeunSuk?ref=sgm

KK said...

Thnks for fb link. Add him in fb just now hee hee, Seik Kyi Te` :-))
I also watched all of his fun meeting video posted by you. Thanks.

Anonymous said...

မင်းသားကို ချစ်တတ်ရန်ကော မဗေဒါ..။
အချိန်တော်တော်ပေးပြီးရေးထားရမှန်းသိလို့
သေချာဂရုစိုက်ပြီးအားလုံးကိုဖတ်သွားတယ်။

naychi said...

ကျေးဇူး မဗေဒါ............
ဟိ... အက်လိုက်ပြီး)))))
လက်ခံပါစေစစစစစစစစစစစစစစ