Wednesday, May 19, 2010

ငဂျစ်လေးရဲ့ ပုံပြင်...

ကျူပ်နာမည်က ငဂျစ်... ငဂျစ်ဆိုတဲ့ နာမည်ကို ကျုပ်က ကြိုက်လှတယ်တော့ မဟုတ်ဘူး... ဒါပေမဲ့ လူကြီးတွေက ကျုပ်ကို ဂျစ်ကန်ကန်လို့ သတ်မှတ်လို့ ငဂျစ်လို့ သူတို့က ခေါ်ကြတာပေါ့...

ဒါပေမဲ့ ဗျာ... ကျုပ်ကို ဂျစ်ကန်ကန်ဖြစ်လာအောင် တွန်းပို့နေကြတာလဲ သူတို့ပဲလေ... ငယ်ငယ်က ကလေးပီပီ ဟိုအရုပ်လေးလိုချင်တယ်.. ဒီ ပွဲဈေးလေးသွားချင်တယ်... လူကြီးတွေကို တောင်းမိတယ်... ဒါမှ မရရင် တဆင့်တိုးပြီး ငိုယိုတောင်းမိတယ်... ဒီအခါမှလူကြီးတွေက သူတို့ မလုပ်ပေးချင်ရင် ပဲဖြစ်ဖြစ်... မလုပ်ပေးနိုင်ရင် ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းမပြောဘူး... တစ်ခုခုနဲ့ ကျုပ်ကို နှစ်သိမ့်တတ်ကြတယ်... ဒါမှ မဟုတ် ပြီးပြီးရော ညာပြောတတ်ကြတယ်...

ဥပမာဗျာ... ဟိုအရုပ်လေး မကောင်းပါဘူး.. ဒီအရုပ်လေးကို ယူဆိုပြီး ကျုပ်တောင်းဆိုတာမဟုတ်တဲ့ အရာကြီးကို အတင်းထိုးပေးတတ်ကြတယ်... ကျုပ်က ကျုပ်လိုချင်တာ မဟုတ်လို့ ဘ၀င်မကျဖြစ်မိရင် သူတို့က "ငဂျစ် မင်းကို ဒါလဲ ပေးပြီးပြီ... ဘာလို့ ခုထိ ဂျစ်တိုက်နေရတာတုံး" ဆိုပြီး ကျုပ်အမှားလုပ်ပြစ်တတ်ကြတယ်... ကျုပ်ကတော့ ကလေးပဲဗျာ... ဘာတတ်နိုင်မှာလဲ... ပြန်ပြောတော့လဲ ငဂျစ်ကို ရိုင်းတယ်ဆိုပြီး လွန်ရာကျမဲ့အပြင်... ရ ထားတာလေးတောင် မရတော့မှာကြောက်ရသေးတယ်... တကယ်ဆို ကျုပ်လိုချင်တာ မပေးနိုင်ဘူးဆိုလဲ မပေးဘူးပြောပေါ့... ဘာကြောင့် မပေးနိုင်သေးဘူးလဲဆိုတာ သေချာရှင်းပြပေါ့... ဒါမှ ကျုပ်က ငိုနေသေးရင်တော့ လွှတ်ထားလိုက်ပေါ့ဗျာ... ကျုပ်မောရင် ရပ်သွားမှာပေါ့...

နောက်တစ်မျိုးက မျှော်လင့်ချက်ပေးပြီး ညာပြောတာ... "အဲဒိ ပွဲဈေး လိုက်ပို့ပေးမယ်နော်... ခုတော့ အလုပ်များနေသေးလို့... နောက်မှ... ခု မငိုနဲ့တော့... " ကျုပ်ကတော့ အဲဒိအချိန်တုန်းက ပျော်လို့... ညညဆို စောစောအိပ်တယ်... အချိန်တွေမြန်မြန်ကုန်ပြီး နောက်နေ့ မြန်မြန်ရောက်အောင်... ဒီကြားမှာလဲ လူကြီးတွေကျေနပ်အောင် လိမ်လိမ်မာမာနေတာပေါ့ဗျာ... ကျုပ်ဘက်က ကောင်းနိုင်သမျှကောင်းပေးတယ်... ဒါမှ သူတို့တွေ ကျုပ်ကို အပစ်ရှာလို့မရပဲ ကတိအတိုင်းလိုက်ပို့ပေးရမှာလေ... ဒါပေမဲ့ဗျာ တကယ် သူတို့ လိုက်ပို့မယ်ဆိုတဲ့ နေ့က တစ်ရက်လဲ ရောက်မလာ... ၂ရက်လဲရောက်မလာ... သူတို့ကို သွားပြီး သတိပေးမိပြန်တော့လဲ...

"ငဂျစ်ရာ... ဒိထက်အရေးကြီးတာတွေ ငါ့မှာ လုပ်နေရတယ်... ဘာမဟုတ်တဲ့ ဟာကို လာဂျီမကျနဲ့" တဲ့... သူတို့ဘာလုပ်နေလဲကြည့်လိုက်တော့ စိတ်ပုတီးကြီးလည်ပင်းဆွဲပြီး ဖဲရိုက်နေတတ်တယ်... စဉ်းစားကြည့်ဗျာ ငဂျစ်ကို မျှော်လင့်ချက်ကြီးပေးပြီး တကယ်တမ်းတော့ လူကြီးတွေက နားလည်ပါးရိုက်လုပ်တတ် ကြတယ်ဗျာ... မပို့ပေးနိုင်ရင် မပို့ပေးဖူးပြော... သူတို့လူလည်ကောင်မှာ အရှက်ကွဲမှာစိုးတာနဲ့ ကလေးတစ်ယောက်ရဲ့ လူကြီးအပေါ်ထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်ဗျာ...

ကျုပ်ကို ကလေးဆိုပြီး နားမလည်ဘူးများထင်နေကြလား မသိပါဘူး... ကျုပ်တို့လို ကလေးဆိုတဲ့ အရွယ်က အားလုံးကို မှတ်ယူတတ်တဲ့အရွယ်ဗျ... ဒီလိုအရွယ်လေးတွေအတွက် ရှေ့ကလူကြီးတွေက ဆင်ခြင်သင့်တယ်ဗျာ....

သူတို့က ကျုပ်တို့ကလေးတွေကိုကျတော့ တစ်ခုခုဆို ကျုပ်တို့ နားမလည်နိုင်တဲ့ စကားကြီး စကားကျယ်တွေ ပြောပြီး ဆရာကြီးအထာနဲ့ ဆုံးမတတ်သေးတယ်လေ... သူတို့အမှားကို ကလေးတွေက ပြန်ထောက်ခွင့်မရှိဘူး...
"ငါက လူကြီး"...
"ကလေးဖြစ်ပြီး ရိုင်းလိုက်တာ"

ဆိုတာက သူတို့လိုသလို ကာကွယ်လို့ရနေတဲ့ စကားလုံးတွေလေ... သူတို့မှန်မှန်မှာမှား အငယ်တွေပြောတာကို ဂရုစိုက်စရာမလိုဘူးဆိုတဲ့ပုံနဲ့ သူတို့ ထင်ရာစိုင်းတတ်ကြတယ်... အမှန်တော့ အဲဒါရှက်စရာဆိုတာ သူတို့မသိဘူး... ကျုပ်က သိလို့တော်သေးတယ်ဗျာ... တချို့ ကျုပ်သူငယ်ချင်းတွေဆို အဲဒါကိုတောင် အမှန်ထင်ပြီး ငါတို့လဲ အပြောနဲ့ အလုပ်ညီစရာမလိုဘူး ရတယ်ဆိုပြီး အတုယူကုန်ကြတာ... ခက်ပါရောလား...

ဒါပေမဲ့ဗျာ... ကျုပ်အတွက်ကတော့ ပါးစပ်က ဘုရား ဘုရားဆိုပြီး လက်က ကားယား ကားယား လုပ်တတ်တဲ့ လူကြီးတွေကို အထင်ကိုးမကြီးဘူးဗျာ... လေးလဲ မလေးစားဘူး... သူတို့ ပြောနေတဲ့ အရာတွေကလဲ ဘယ်လောက်ပဲ ကြီးကျယ်နေပါစေ... ကျုပ်ကတော့ သူတို့အစားရှက်နေရတာဗျ...

ဒီလိုမျိုး ခံရဖန်တွေများလာတော့ ငဂျစ်ကလဲ သူတို့ကို မပြောချင်တော့ဘူးဗျ... ကျုပ်က "ဒါကတော့ မဟုတ်ဘူး ဒါပါ" လို့ ပြောလဲ ကျုပ်မှန်မှန်းသိပင်မဲ့ သူတို့က လူကြီးဆိုပြီး မလိုက်နာချင်ကြဘူး... ကိုယ့်ကိုပဲ ရိုင်းတယ်ဖြစ်တယ်... သူတို့ အပြောနဲ့ အလုပ်မညီလို့ ပြောမယ်ဆိုလဲ အစကတော့ ဟုတ်တော့မလိုလိုနဲ့ အဆုံးကျရင် ဒုံရင်းပြန်ရောက်ပြီး လက်တလုံးကြားလုပ်တတ်ကြတယ်ဗျာ...

ကျုပ်တို့ ကလေးတွေအတွက် ဒါမျိုးတွေ ရိုးနေပြီဗျ... လူကြီးတွေ ပြောနေကျစကား အံတိုနေပြီဆိုတာ ကြားဖူးလား... ကျုပ်တို့ကလေးတွေကတော့ ဒါကြောင့်မို့ ဒီအရွယ်မှာ သွားတွေ အကုန်ကျိုးကုန်တာလို့ ထင်တာပဲ... လူကြီးတွေ ညာတာ၊ ၂ပေါက် ၁ပေါက်ရိုက်တာ သိလွန်းလို့ သွားတွေကျိုးကုန်တာပေါ့ ဗျာ.... သဘာဝတရားက အခွင့်အရေး နောက်တစ်ကြိမ်ပေးလို့သာ နောက်သွားပြန်ပေါက်လာတာ... ကဲပါလေ... ဒါက ကျုပ် ကလေးအတွေးနဲ့ ထင်တာ ပြောမိတာပါ...

ဒီတော့လဲ ကျုပ်က အပြောနဲ့ အလုပ်နဲ့ မညီတဲ့ လူကြီးတွေကို ဘာမှလဲဆက် မပြောချင်သလို... သူတို့ပြောသမျှ ဘာမှကိုလဲ လေးစားမှာမဟုတ်... ယုံကြည်မှာလဲ မဟုတ်ဘူးပေါ့ဗျာ... ဒီလိုနဲ့ ကျုပ်ကို လူကြီးတွေက ငဂျစ်ဆိုပြီး ခေါ်ခဲ့ကြတာပေါ့... ခေါ်ချင်သလိုသာခေါ်ပါ... နာမည်ဆိုတာလဲ ဖက်တွယ်ထားစရာမဟုတ်ဘူးလို့ ဘယ်မှာလဲ မသိဘူးကြားဖူးတယ်... ဒါလဲ လူကြီးတွေပြောတာပဲဖြစ်မှာ... ယုံရတော့ အခက်သားဗျ....

ကျုပ်ကြီးလာလို့ သားသမီးတွေရလာမယ်ဆိုရင်လေ... သူတို့ကို ကျုပ်မျှော်လင့်ချက်ပေးပြီး ညာမပြောဘူး... ကျုပ်က လူကြီးဆိုပြီးလဲ ပိတ်မပြောဘူးဗျာ... မ၀ယ်ပေးနိုင်ရင် မ၀ယ်ပေးဘူး... မလုပ်ပေးနိုင်ရင် မလုပ်ပေးဘူး... ကျုပ်မှန်တယ်ယုံကြည်တာကို ကလေးက မှားတယ်ထင်ရင်... ကျုပ်ဘက်က ကျေကျေလည်လည်ရှင်းပြမယ်... ကျုပ်တကယ်မှားနေရင်တော့ ၀န်ခံရခက်ပင်မဲ့လဲ သူတို့လေးတွေသိအောင် ကြိုးစားပြီး ပြင်မယ်ဗျာ... ပြောသာပြောနေတာပါ... ကျုပ်လဲ ဒီလို လူကြီးတွေကြားမှာ ကြီးပြင်းလာရင် တချိန်ကျ ဘယ်လိုလူကြီးမျိုးဖြစ်လာမလဲ မသေချာသေးပါဘူး...

ပြောနေကြာပါတယ်ဗျာ... ခုပဲ လူကြီးလုပ်လိုက်လို့... ကျုပ်အံသွားတစ်ချောင်းကြိုးသွားပြီး လွှတ်ပစ်ဖို့ လုပ်ရင်းက တောင်စဉ်ရေမရ စဉ်းစားမိတာပါ... ကျုပ် အတွေးတွေက တခြားလူတွေအတွက် အနှောင့်အယှက်ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်ဗျာ... ကျုပ်ကလဲ ကလေးဆိုတော့ ခင်ဗျားတို့လောက်တော့ ဘယ်တတ်မလဲဗျ... စကားကြီးစကားကျယ်တွေလဲ မပြောတတ်ပါဘူးဗျာ... ဘာပဲဖြစ်ဖြစ်ဗျာ... ကျုပ်က ကလေးပဲ ခွင့်လွှတ်နားလည်ပေးကြပေါ့... ကဲကဲ... အရေးကြီးကိစ္စ လုပ်ရအုံးမယ်...

"ကြွက်ရေ နင့်သွား ငါ့ကိုပေး... ငါ့သွားနင်ယူ" ...

"ဟာ!!!!!!!!!!!!!!!!!!!"

ဒုက္ခပဲဗျာ ကျုပ်ကြားဖူးတာ အောက်သွားကြိုးရင် အပေါ်ကို ထောင်ပစ်ရတယ်... အပေါ်သွားကြိုးရင် အောက်ကိုပစ်ရတယ်... နောက်မို့ဆို ဘက်မှားပြီး မပေါက်တတ်ဘူးတဲ့ဗျ...

ကျုပ်အောက်သွားကြိုးတာကို အတွေးလွန်ပြီး အပေါ်ထောင်မပစ်မိလိုက်ဘူးဗျာ.... ကျုပ်တော့ ကင်းမြီးကောက်ထောင်နေမှပဲ... ဒါမှ ဘက်မှန်သွားမှာ... ဒါပေမဲ့ဗျာ... ဒါလဲ လူကြီးတွေပြောခဲ့တာပဲဗျ... ဒီတော့ ကင်းမြီးကောက်မထောင်ပဲ နေကြည့်ပြီး ကျုပ် သွားပြန်ပေါက်မပေါက် စောင့်ကြည့်လိုက်အုံးမယ်ဗျာ... ခင်ဗျားတို့လဲ လူကြီးတွေပြောတာကို လူကြီးပဲလေဆိုပြီး ယုံလိုက်ရင် ကင်းမြီးကောက်ထောင်နေရမယ်နော်ဗျ...

တကယ်တော့ လူကြီးတွေ သူတို့ အချင်းချင်း ညာချင်ညာ... ကျုပ်တို့ ကလေးတွေကို မညာသင့်ဘူးပေါ့ဗျာ... ဘာလို့လဲဆိုတော့ ကျုပ်တို့ကလဲ တွေးတတ်တဲ့ ခေါင်းရှိနေလို့ပဲ... ခုမဟုတ်တောင် တနေ့တချိန်ပေါ့...

ကဲ... ကဲ... လောလောဆယ်တော့ ရွာဦးဘုန်းကြီးကျောင်းမှာ မောင်တေတို့နဲ့ ဂေါ်လီလှိမ့်ဖို့ အရေးကြီးကိစ္စ ရှိလို့ သွားတော့မယ်ဗျာ...

ငဂျစ်
တတိယတန်း (ဘုန်းကြီးကျောင်းပညာသင်ကြားရေး)


Photo credits to Google.

17 comments :

ကိုဇော် said...

ဟာဟ. . .မိုက်ချက်။
အသက်ကြီးပြီး အချိန်မစီးသူတွေ အတွက်တော့ အရှိုက်ထိချက်ပဲ. . .ဂွတ်ထ...ဂွတ်ထ. .။

Zay Tar Yar said...

လာဖက်သွားတယ် နောက်တတလလောက်နေမှ
ဖက်လိုက်ရရင် တော်တော်ပျော်ဘို့ကောင်းမယ်
နော် .......။

Zara said...

အသက် ကြီး လေ ။ အတ္က ကြီး လေ ပါ ပဲ။

Unknown said...

တို့ လည်း ပါးစပ်က ဘုရား ဘုရား ဆိုပြီး လက်က ကားယားကားယား လုပ်တဲ့ ဘယ်လူကြီးကိုမဆို ကြည့်မရဘူး
တချို့ က လူကြီးဆိုပြီး ၂ ပေါက် ၁ ပေါက်နဲ့  မလိမ့်တပတ်လုပ်တတ်ကြတယ် ပြီး နာမည်ကောင်းယူလိုက်တယ် သူတို့ ကပဲ လူငယ်ကို အလျော့ပေးသလိုလိုနဲ့  (ဒါမျိုးတွေက လောကကြီးမှာ တပုံကြီးပဲ)
ဘာပဲဖြစ်ဖြစ် မဗေဒါလေး စာတွေ ဖတ်ရတာ ၀မ်းသာပါတယ် ဆက်ရေးပါ ခရီးသွားပိုစ့်တွေရော ဗဟုသုတရစရာတွေပါပဲ

မေလေး said...

မဗေဒါရေ တကယ်ကိုထိထိမိမိနဲ့ကောင်းတဲ့ပို့စ်လေးပါဘဲ
လူကြီးတွေ လူကြီးတွေ ဘာလို့လက်တလုံးခြားလိမ်ချင်ရတာပါလိမ့်နော့
မဗေဒါရေ ဒီလိုလေးတွေကြောင့် မဗေဒါကို ပိုချစ်ရတာ
ဆက်ရေးပါ မဗေဒါ မဗေဒါ အခါပေါင်း အင်ဖနတီကိုခေါ်သွားပါတယ်...
ပျော်ရွှင်ပါစေ...
ချစ်တဲ့
မေလေး

Unknown said...

အင်း ကွန်မန်းလည်းမရေးဘူးပါဘူး။ ဘလောက်လည်းမရေးဘူး။ စာလည်း အပြင်မှာ မရေးဘူး။ အင်စာကတော့ ကောင်းမယ်ထင်တာ အကျိုးရှိတာလေးတွေ ကို မောင်တွေ တူ တူမတွေ ညီမတွေက ပို့ပေး ရင် ဖတ်ပါတယ်။ ခု တလော ပြောနေကြလို့ နာမည်ကိစ္စ ဘာညာ ဆိုလို့ ဟိုဘက်က မဗေဒါ၈၈ မှာကွန်မန်းတခါရေးဘူးပါတယ်။
ညီမ၂ယောက်လုံးက ဒို့ထပ်ငယ်ပါတယ် ပြောချင်တဲ့အကြောင်းကတော့ နာမည်ဆိုတာ သူပိုင်တယ် ငါပိုင်တယ်ဆိုတာထပ် နာမည်ပိုင်ရှင်က ဘာတွေလုပ်တယ် ဘာလိုရှိတယ်ဆိုတာက ကိုယ်နာမည်ကိုယ် ထိမ်းသိမ်းရာရောက်တယ် လို့ အမမြင်မိပါတယ်။
နောက်တခုက ညီမတို့ ကွန်မန်းတွေထဲမှာ ကြားကနေ ဝင်ပြီး မြောက်ပင့်ပြောနေတာ ။ ရန်တိုက်ပေးနေတာ ထေ့တာငေါ့တာတွေ တွေ့ ရပါတယ်။
တကယ်ပြောရမယ်ဆိုရင် ဖြေရှင်ရမည်ကိစ္စ သေးသေးလေးကို မကြီးကြီးအောင်လက်တို ဖွနေတယ်လို့ မြင်မိပါတယ်။နောက်တခုက ဒီဖက်က ကွန်မန်းမှာ ဘာထူးချားချက်မှမတွေ့ပေမယ် ဟိုဘက်က ကွန်မန်းတွေမှာ ဆော်ကားတဲ့ အသုံးအနုန်းတွေကို ညီမဖက်ကနေ ပြန်ရေးထားတာက ဘာပဲဖြစ်ဖြစ် ညီမအသိုင်းအဝိုင်းမှာ ဒီလိုလူတွေ ရှိနေတယ်ဆိုတာ စာဖတ်ပရိတ်သတ်က သိသွားမယ်ထင်တယ်။ (အားလုံးမဆိုလိုပါ တချို့လူတွေကိုပြောခြင်းသာ)ညီက မသိဘူးလို့ ဆိုပေမယ့် အားလုံးက ညီမ ပြဿနာကို ဝင်ပြီးတော့အေးဆေးအကျိုးအကြောင်းမပြောပဲ ဝင်ပွဲဆူအောင်လုပ်တယ်လို့ အမမြင်မိပါတယ်။အမ ကွန်မန်းလည်းမရေးပါဘူး ဒီလိုရှုပ်ထွေးနေတဲ့ အထဲကိုလည်း မဝင်ချင် မပြောချင်ပါဘူး။ကလေးတွေကပြောကြလို့ပါ။
ကဲ့ အရေးကြီးတာပြောပြမယ်-
အမနာမည်အရင်းက - မဗေဒါ ပါပဲ
မှတ်ပုံတင်မှာရော ကျောင်းမှာပါဒီနာမည်ပါပဲ။ယုံတာမယုံတာ ဘာမှအရေးမကြီးပါဘူး ။ပြောပြတာပါ။အမ ကမေးကို မောင်တယောက်ဖွင့်ပေးထားတာပါ။အတော်ကြာပါပြီး အဲ နောက် အမ ကမေးပို့တာလောက်ပဲ သုံးပါတယ်။တခြားဘယ်ကိစ္စမှမသုံးပါဘူး။ခုပြောချင်တာက ကိုယ်နာမည်နဲ့တူနေတဲ့ ညီမ၂ယောက်လုံးအေးအေးချမ်းချမ်းနဲ့ ကောင်းကျိုးလိုရာကို သယ်ဖိုးစေချင်တာပါ။
အားလုံးပြေလည် ငြိမ်းချမ်းစေချင်ပါတယ်။
ကြားကနေ ဝင်ပြီး ပြောနေတာတွေက ၂ယောက်ကြားမှာ ရန်သူဖြစ်ဖိုများနေပါတယ်။
အဆင်ပြေပါစေကွယ့်........

Tain Lwar said...

အပေါ် က gmail ကို 2002 ထဲ က ဖွင့် ပါ တယ် ဆို တဲ့ မမ ဗေဒါ ကလိမ်ကြီး ဒီဘက် ပါ ရောက် လာ ပြီ ကိုး။ ဟားဟားဟား ...

kk said...

မမဗေဒါရှင့်
မဗေဒါ(၈၈)ဆီမှာ သွားပြောကြတာ စင်္ကပူကမဗေဒါရဲ့ အသိုင်းအ၀န်းကလို့ မည်သည့်အတွက်ထင်မိပါသလဲ၊ အဲလိုပြောကြကြေးဆို မမဗေဒါဆိုတဲ့ အစ်မလဲ ဂျာမနီက ဒုခသည်အသိုင်းအ၀န်းက ခါတော်မီနာမည်ပေးလို့ လာရေးတယ်လို့ ထင်ကုန်ကြပါလိမ့်မယ်၊ (တချို့မှတ်ချက်တွေမှာ အစ်မရဲ့ အီးမေးလ် က ဂျာမနီက ။ အကောင့်ဖွင့်ထားတာ နာရီပိုင်းပဲကြာသေးတယ်လို့ မဗေဒါ၈၈ရဲ့ ဘလော့မှာတွေ့မိလို့ပါ၊) အစ်မသာ တကယ်တမ်းစေတနာမှန်ရင် အခုလိုမျိုးရန်တိုက်ပေးတဲ့ အသုံးအနှုံးနဲ့ အသစ်ထပ်မစစေချင်ပါ၊

lonely angel said...

Hi Kk,

No no... he might not be from Germany, what i wanted to prove was Gmail started launching on 1 Apirl 2004. But he/she called mamabaydar claimed that he/she has opened account mamabaydar@gmail.com in 2002 which is not true.

Gmail officially launched on 1 Apirl 2004 in Germany. Anyway, He/she sound like gay. I don't know why i can't seem to feel that above mamabaydar is woman.

Since we all know that he/she is a lier in the first place, how can we believe that he is the first in baydar. Even he is the first, he didn't write blog. So it's not the problem too.

The problem is the same name mabaydar is in the same field called myanmar blogger society. It shouldn't be happened. If they use their brain, they can understand.

Now they are behaving same as military government, closing all the eyes and ears , only doing whatever they want not taking advise of others.

No wonder Myanmar is still like that. I don't think Myanmar will be better even if this kind of group like mabayda(norway) win. Anyway, it's obvious that they will never win. coz they are just a pple who take advantage of country situation and having a good life in other countries.

KK said...

Opps, my mistake. Thanks lonely angel to explain me. So I wanna to change my comment like this :-)

မမဗေဒါရှင့်
မဗေဒါ(၈၈)ဆီမှာ သွားပြောကြတာ စင်္ကပူကမဗေဒါရဲ့ အသိုင်းအ၀န်းကလို့ မည်သည့်အတွက်ထင်မိပါသလဲ၊ အဲလိုပြောကြကြေးဆို မမဗေဒါဆိုတဲ့ အစ်မလဲ ဒုခသည်အသိုင်းအ၀န်းက ခါတော်မီနာမည်ပေးလို့ လာရေးတယ်လို့ ထင်ကုန်ကြပါလိမ့်မယ်၊ (တချို့မှတ်ချက်တွေမှာ အစ်မရဲ့ အီးမေးလ် အကောင့်ဖွင့်ထားတာ နာရီပိုင်းပဲကြာသေးတယ်လို့ မဗေဒါ၈၈ရဲ့ ဘလော့မှာတွေ့မိလို့ပါ၊) အစ်မသာ တကယ်တမ်းစေတနာမှန်ရင် အခုလိုမျိုးရန်တိုက်ပေးတဲ့ အသုံးအနှုံးနဲ့ အသစ်ထပ်မစစေချင်ပါ၊

Flower said...

ဂျစ်ကလေးကိုဖတ်သွားတယ်
အင်း ဂျစ်ကလေးက ကလေးဆိုတော့ ပြောချင်တာတွေ အကွယ်အ၀ှက်မရှိပြောတာပေါ့လေ..

ပျော်ရွှင်အဆင်ပြေပါစေ မဗေဒါလေးရေ..

မင်းယွန်းသစ် said...

အဲ့ဒိပြေလည်သွားစေချင်တယ်ဆိုတဲ့ သူတွေကိုယ်တိုင်ကိုယ်က မပြေမလည် စကားတွေ လာပြောနေတာ ခက်တယ်.. တကယ်ဆို ထားလိုက်တော့ပေါ့ဗျာ.. ဘာမှ မဖြစ်စေချင်ဘူးတွေ...စိတ်မကောင်းပါဘူးတွေ... ဘာမှပြောနေစရာ မလိုဘူး။ ပြောရင် လွန်ရာကျအုံးမယ်။ အခု ဒီပို့စ်လေးကို ကြိုက်လို့ မန့်မလို့ဟာ.. အပေါ်က ဟာတွေဖတ်ပြီး စိတ်အနှောင့်ယှက် ဖြစ်ရပြန်ပြီ။ ၂ဦးစလုံးကို ဘာမှမဖြစ်စေချင်ရင် ဘာမှမပြောကြနဲ့တော့ပေါ့ဗျာ..။ (ဟိုဘက်ဒီဘက် ပြန်တုံ့ပြန်နေတာနဲ့တင် ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး)။ ဒီမှာပဲ ကျေးဇူးပြုပြီး အဲ့ကိတ်စကို ရပ်တန်းက ရပ်ကြရင်ကောင်းမယ်ဗျာ။

မင်းယွန်းသစ် said...

အခုမှလိုရင်းရောက်တယ်.. ဗေဒါရေ.. ဒီပို့စ်လေး အတော်လန်းတယ်ဟ.. အရေးသား တော်တော်သွက်တယ်..ဂွတ်တယ်..။ အသက်ကြီးပြီး အချိန်မစီးတာတွေ၊ အသက်ငယ်ပြီး မပါးနပ်တာတွေ အများကြီး အဓိက က အသက်ရွယ်ထက် ဆင်ခြင်တုံတရားက အရေးကြီးတာပဲ။ ဘာပဲဖြစ်ဖြစ် ကလေးအတွေး မဟုတ်တဲ့ ကလေးအတွေးကို ကြိုက်တယ်။ စိတ်ပုတီးကြီးလည်ပင်းဆွဲပြီး ဖဲရိုက်နေတတ်တယ်
လူကြီးတွေတချို့ဟာ ငါတို့လူငယ်တွေထက် အချိန်ပိုဖြုန်းသွားကြရုံကလွဲပြီး အခုထိ မရင့်ကျက်သေးတာလဲ ရှိကြတာပေါ့ဟာ..။

မင်းယွန်းသစ် said...

ဗေဒါရေ..ဒီလိုဝတ္ထုတိုလေးတွေ များများ ရေးပါဟ..။ ဟိုးရင်တုန်းက ရေးဖူးတဲ့ ဟာလေးတွေလဲကောင်းတယ်.။ ခရီးသွားဆောင်းပါး အပြင် ဒါမျိုးလေးတွေလဲ နင်ရေးတာ ဖတ်လို့ကောင်းတယ်။.. ဆက်လုပ် သယ်ရင်း အားပေးနေမယ်..။ ;)

littlebrook said...

ကောင်းတယ်ဗျာ .. ငယ်ငယ်က ဘ၀လေးတောင်ပြန်သတိရတယ် .. အဟိ ကျွန်တော်ငယ်ငယ်က ဘေးအိမ်ကကောင်မလေးက စာသိပ်ကျက်တော့ အိမ်ကလူကြီးတွေက နှိုင်းနှိုင်းပြီး ဆူတယ် .. ဟိုကောင်မလေးကြည့်စမ်း စာတွေကျက်လိုက်တာ .. နင်နဲ့ကွာပါ့ ကွာပါ့နဲ့ ..
သူ့လိုစာလိုက်ကျက်ဖို့ ဘယ်ခေါင်းထဲရောက်မလာပါဘူး
သူစာကျက်တိုင်း သူ့အိမ်ကို ခဲနဲ့သွားထုပစ်တယ် .. ကျက်ရင် ကိုယ့်ဟာကိုယ်ကျက်ပေါ့ ဘာလို့အသံပြဲကြီးနဲ့ အော်အော်ကျက်နေတာ .. လူမှုရေးနားမလည်ဘူး .. ဟားဟား

Anonymous said...

very good post indeed.
cheersssss

သူကြီးမင်း (တုံးဖလား) said...

ငဂျစ်တဲ့လား။ ငရစ်ဆိုရင် ပိုဆိုးမယ်ထင်တယ်။