Saturday, May 15, 2010

မဗေဒါ ဘာလုပ်သင့်လဲ...

အရင်က ဘလော့တွေပေါ်မှာ သူများတွေ နာမည်တူကိစ္စတွေဖြစ်တာ တွေ့ခဲ့ဖူး ကြားခဲ့ဖူးပင်မဲ့ တနေ့မှာ ကိုယ့်အလှည့်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...

ကျွန်မ မဗေဒါဆိုတဲ့ နစ်နိမ်းကို သုံးခဲ့တာ ၂၀၀၄ ခုနှစ်လောက်ကတည်းကပါ... ၂၀၀၆ ခုနှစ်မှာ ဘလော့အကောင့်ကို စပြီးဖွင့်တော့လဲ မဗေဒါဆိုတဲ့ နာမည်နဲ့ပဲဖွင့်ဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ တကယ်တမ်း ဘလော့ကို မှန်မှန်ရေးလာတာကတော့ ၂၀၀၇ စက်တင်ဘာလကမှ စတင်ခဲ့တာပါ... အဲဒိအချိန်တုန်းက ကိုယ်နဲ့တူတူ တချိန်တည်းလောက်မှာ စရေးကြတဲ့ ဘလော့ဂါတွေဆိုရင် မဗေဒါကို သိကြတဲ့သူများပါတယ်...

မဗေဒါဆိုတဲ့ ကလောင်အမည်နဲ့ဘလော့ပေါ်မှာ စာတွေရေးခဲ့သလို... တခြား ဘယ်အကောင့်ဖွင့်ဖွင့်လဲ mabaydar ဆိုတဲ့ နစ်က available ဖြစ်တာ များတဲ့အတွက်ရော... အဲဒိ နာမည်လေးကို ကိုယ်က အဓိပ္ပါယ်ရှိရှိနဲ့ ကိုယ့်ကိုကိုယ်ပေးခဲ့တဲ့အတွက်လဲ အင်တာနက်ပေါ်မှာ ဘယ်အကောင့်ဖွင့်ဖွင့် ကိုယ့်နာမည်အရင်းထက် mabaydar ဆိုတာကို အရင်ဆုံး သတိရတတ်တာ ကျွန်မအကျင့်ပါ... ကျွန်မ သူငယ်ချင်းတွေက နာမည်က တောဆန်လိုက်တာ... အဖွားကြီး နာမည်... ဘာစိတ်ကူးနဲ့များပေးတာလဲ... ဆိုပြီး လှောင်ပြောင်ခံခဲ့ရရင်တောင် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်မို့ အပြုံးမပျက်ခဲ့သလို ပြောင်းလဲပြစ်ဖို့ စိတ်ကူးလဲ မရှိခဲ့ရပါဘူး...

မဗေဒါဆိုတဲ့ နစ်ကို တစ်ဆုတ်နစ်နစ် နှစ်သက်ရတဲ့ အကြောင်းရင်ကိုလဲ... ၂၀၀၈ စက်တင်ဘာ ၁၇ ရက်နေ့မှာ တင်ခဲ့တဲ့ "မဗေဒါ ဆိုရာဝယ်...." ဆိုတဲ့ ပိုစ့်မှာလဲ ရှင်းလင်းခဲ့ဖူးပါတယ်...

အရင်က အမြဲတမ်း လူသုံးနည်းခဲ့လို့ ဘယ်မှာပဲ အကောင့်ဖွင့်ဖွင့် အားလပ်နေခဲ့တဲ့ မဗေဒါနစ်ဟာ.. ခုဆိုရင် ဘလော့ပေါ်မှာတင် နောက်တစ်ယောက်ထပ်ပေါ်လာပါပြီ... သူကတော့ လွန်ခဲ့တဲ့ ၃လလောက်က သူ့ဘလော့စဖွင့်ကတည်းက စီဗုံးမှာ နာမည် available မဖြစ်လို့ ကြည့်ရင်းနဲ့ ဟောဒီက မဗေဒါရဲ့လျှို့ဝှက်ချက် ဘလော့ဆီကို ရောက်လာခဲ့ကြောင်းနဲ့... သူဟာ ယခုဆိုရင် www.
mabayda.blogspot.com ဆိုပြီး ဘလော့တစ်ခုကို တည်ထောင်ထားကြောင်း လာရောက် အကြောင်းကြားသွားတဲ့ နော်ဝေးက အစ်မတစ်ယောက်ပဲ ဖြစ်ပါတယ်...

နာမည်ပဲဖြစ်စေ... နစ်နိမ်းပဲဖြစ်စေ... ကလောင်အမည်ပဲဖြစ်စေ အားလုံးက ပညတ်ချက် နာမ်စားတွေချည်းပါပဲ... အဲဒိအတွက် ဒီဟာက ငါပဲပိုင်တယ်ဆိုပြီး အတ္တစိတ်စွဲ ကြီးမနေသင့်တဲ့အတွက် အော်... လောကမှာ နာမည်တူမရှား လူတူမရှားဆိုတာကိုလဲ နှလုံးမူပြီး အကျယ်အကျယ် ဘာမှ သိပ်မပြောခဲ့ပါဘူး...

ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ ကျွန်မ စိုးရိမ်ခဲ့ရတဲ့ ပြဿနာက စလာပါတယ်... ကျွန်မဟာ တစ်ခြားဘလော့တွေကို ရောက်ဖြစ်ရင်တောင် ခြေရာချန်ခဲပါတယ်... ဒါပေမဲ့ တခြားဘလော့တွေရဲ့ စီဗုံးတွေမှာ "မဗေဒါ"ဆိုတဲ့ နာမည်တွေနဲ့ တွေ့လာရတဲ့ အပြင် ထင်တဲ့အတိုင်းပဲ လူမှားကြတာကိုလဲ တွေ့ရပါတယ်...

ကျွန်မအတွက် ကျွန်မရေးခဲ့တဲ့ စာတွေ ကွန်မန့်တွေကို တာဝန်ယူနိုင်ပင်မဲ့... ယခုလိုမျိုး လူမှားပြီး ကျွန်မရေးတယ်လို့ထင်တာကိုတော့ တာဝန်မယူနိုင်ပါဘူး... အထူးသဖြင့်တော့ ဘလော့စာမျက်နှာပေါ်က ကျွန်မ မရေးတဲ့ ပိုစ့်တွေအတွက် လူမှားပြီး ထင်ယောင်ထင်မှားဖြစ်မှာကိုပါ... ကျွန်မရဲ့ နာမည်တူတစ်ယောက်ရေးတဲ့ စာကို ကျွန်မရေးတယ်ဆိုပြီး ရောထွေးနေမှာကို မလိုလားပါဘူး... ကျွန်မဘလော့က ကျွန်မရေးတဲ့ စာတွေကို ကိုယ့်ဟာကိုယ်တာဝန်ယူရမှာမို့လို့ တစ်ခါတစ်လေ ကိုယ်ရေးချင်စိတ်ဖြစ်မိတဲ့ စာတွေကိုတောင်မှ မရေးပဲ မြိုသိပ်ခဲ့ရတာပါ...

ထိုအစ်မက ဆီဗုံးမှာ "မဗေဒါ" ဆိုပြီး မြန်မာလိုပဲပေါင်းတဲ့အတွက်
www.mabayda.blogspot.com ကို မရောက်ပဲ တစ်ချို့ google ကနေပြန်ရှာပြီးရောက်လာသူတွေက ဟောဒီက www.mabaydar.blogspot.com ကိုပဲ ရောက်လာပြီး ဟောဒီက မဗေဒါလို့ပဲထင်ကြတာပါ... တစ်ဖက်တစ်လမ်းကနေ မဗေဒါဘလော့ကို ကြော်ငြာပေးသလိုဖြစ်နေတဲ့အတွက်တော့ ကျေးဇူးတင်ရအုံးမယ်လို့ သူငယ်ချင်းတွေက နောက်ကြပင်မဲ့... ကျွန်မကတော့ စိတ်ထဲ အနေရခက်ခဲ့တာ အမှန်ပါပဲ... လူမှားတဲ့သူတွေကို ပြန်ရှင်းပြနေရတာလဲ ကျွန်မကို အနှောင့်အယှက်ဖြစ်စေပါတယ်...

ဒီတော့ အိမ်က မိသားစုနဲ့ သူငယ်ချင်းတစ်ချို့က အကြံပေးတာကတော့ မဗေဒါဆိုတဲ့ နာမည်နောက်ကနေ အညွှန်းစာလုံးတစ်ခုကို လိုက်ဖို့ပါပဲ... ဆရာဇော်ဂျီရဲ့ "ဗေဒါလမ်း" ကဗျာထဲက မဗေဒါကို ရည်ညွှန်းပြီးပေးခဲ့တဲ့ အတွက်... ကျွန်မနစ်ကို " မဗေဒါ(ဗေဒါလမ်း)" လို့ ပြောင်းလဲ သတ်မှတ်ဖို့ အကြံပေးကြပါတယ်.. အမှန်အတိုင်း ၀န်ခံရရင် ၆နှစ်လုံးသုံးလာတဲ့ ကျွန်မနာမည် မဗေဒါကို မဗေဒါ ဆိုတာလေး အတိုင်းပဲ ပိုနှစ်သက်ပါတယ်... ယခုမှ ဒီလိုပြောင်းရမယ်ဆိုတော့ စိတ်မကောင်းတာတော့ တကယ်ပါပဲ... ဒါပေမဲ့ တကယ်လို့သာ တခြားနည်းမရှိပဲ ဒီနည်းပဲရှိတယ်ဆိုရင်တော့ နောင်တစ်ချိန် ကျွန်မဘယ်ဘလော့ကိုပဲလည်လည် ဆီဗုံးမှာ ဖြည့်ရင် အဲလိုပဲ အရှည်ကြီးဖြည့်ရတော့မှာပါ... ဘလော့ဂါ ပရိုဖိုင်းမှာလဲ သွားရောက်ပြင်ရတော့မှာပါ...

ဒိအပြင် ကျွန်မသုံးသမျှ ၀က်ဆိုဒ်၊ ဖိုရမ်၊ အကောင့် အားလုံးကို အဲလိုလိုက်ပြောင်းရတော့မယ်... ဒါမှမဟုတ်ရင်လဲ မဗေဒါဆိုတဲ့ နာမည်ကိုပဲ လုံးဝပြောင်းလိုက်သင့်သလားဆိုတာ... မဗေဒါ့ စာတွေကို လာဖတ်နေတဲ့ စာဖတ်သူတွေနဲ့ ဘလော့ဂါ မောင်နှမတွေသာ အကြံပေးကြပါတော့... ကျွန်မဘလော့ကို လာဖတ်တာ silent readers များတယ်ဆိုတာ ကျွန်မဘလော့ traffic ကို google analytics မှာ ကြည့်ရင် သိပါတယ်... အဲဒိအတွက် ဒီတစ်ခါတော့ silent readers များ မဗေဒါကို ကွန်မန့်မှာ အကြံဥာဏ်လေးပေးပြီး ကူညီဖို့ တောင်းဆိုချင်ပါတယ်...

ဒါတင်မကသေးပါဘူး... ကြုံလို့ တစ်ပါတည်း ပြောပါရစေ... ကိုယ့်နာမည် mabaydar ကို google မှာ ရိုက်ရှာကြည့်တော့ Search result page 11 လောက်မှာမြန်မာဂေး ၀က်ဆိုဒ်ဖိုရမ် တစ်ခုမှာလဲ မဗေဒါ နာမည်နဲ့ ရေးနေတဲ့ လူတစ်ယောက်ကို သွားတွေ့ပါတယ်... ဒါကို သိတာကြာပါပြီ... ဒါပေမဲ့ အဲဒိလူဟာ ဘလော့အသိုင်းအ၀ိုင်းထဲကို ၀င်မလာတာတစ်ကြောင်း သူ့ဟာသူ အဲဒိ အသိုင်းအ၀ိုင်းလေးထဲမှာ နေပြီး ကျွန်မကို တိုက်ရိုက်လာမထိခိုက်သေးတာ တစ်ကြောင်းကြောင့် ဒီလိုပဲ နေနေခဲ့တာပါ...

ဒီတော့ အသိပေး ကြေငြာစရာရှိတာတွေ တစ်ပါတည်း ကြေငြာပါ့မယ်... facebook က search ကနေ English လို mabaydar လို့ ရိုက်လိုက်လို့ ထွက်လာတဲ့ result ၄ မျိုးရှိပါမယ်..."Ma BayDar" ဆိုတာ ကျွန်မပါ... ကျန်တာ ကျွန်မ မဟုတ်ပါဘူး...

ပိုမိုရှင်းသွားအောင် ကျွန်မသုံးဖူးသမျှ မှတ်မိသမျှ ကျွန်မရဲ့ Official account မှန်သမျှကို အောက်တွင်ဖော်ပြပါမည်...

My Official gmail : mabaydar@gmail.com
(My blog readers are welcomed to add. Pls sent mail to add me)

My Multiply: www.mabaydar.multiply.com

My Youtube channel : www.youtube.com/mabaydar

My facebook : http://www.facebook.com/mabaydar

My Twitter : http://twitter.com/mabaydar

My MBS profile: http://myanmarbloggersociety.ning.com/profile/mabaydar

My Photobucket profile : http://s307.photobucket.com/home/mabaydar

My dailymotion account: www.dailymotion.com/user/mabaydar

အခြားသော profile link ပြလို့ မရပင်မဲ့ အကောင့်ဖွင့်ထားတဲ့ ဖိုရမ်နဲ့ ၀က်ဆိုဒ်တစ်ချို့လဲ ရှိပါတယ်... မှတ်မိသလောက် ... TPmyanmar.org, www.yamc.info, www.padonma.com, flickr.com, www.soompi.com, www.crunchyroll.com, တွေမှာလဲ mabaydar နဲ့ register လုပ်ထားပါတယ်... ning ဆိုဒ်တွေမှာ ဆိုရင်တော့ MBS နဲ့ myanmarlensmen.ning ကိုပဲ အသုံးများပါတယ်... ကျန်တဲ့ ning တွေမှာလဲ မဗေဒါဆိုတာကို တွေ့ပါတယ်... အဲဒါ ဘယ်သူလဲ မသိပါ... ဥပမာ.. ချစ်သူ.ning တို့ဘာတို့ပါ...

ဒီလိုမျိုး ကိစ္စတွေအတွက် အစက ပိုစ့်တင်ပြီး မရေးချင်ခဲ့ပင်မဲ့ ကျွန်မအတွက် mabaydar မဗေဒါ ဆိုတာ အင်တာနက်ရဲ့ နေရာတိုင်းမှာ မရှိမဖြစ်အသုံးပြုနေရပါတယ်... ဒါတွေအားလုံးဟာ မဗေဒါအတွက်တော့ အင်တာနက် စသုံးခါစကတည်းက ယခုချိန်ထိ ကျွန်မရဲ့ သမိုင်းတွေပါပဲ...

လေးစားလျက်
မဗေဒါ
*နောက်မှ ဖြည့်စွက်ချက်... ခု ဟိုအစ်မက www.mabaydar88.blogspot.com လို့ ပြောင်းလိုက်ပြီဖြစ်တဲ့အတွက် ကွဲပြားသွားပြီလို့  မှတ်ယူမိပါတယ်... နောက်ဆို ဆီဗုံးတွေ ကွန်မန့်တွေမှာ မဗေဒါ ဆိုရင်တော့ ဒီက မဗေဒါပဲဖြစ်ပြီး မဗေဒါ၈၈ ဆိုရင်တော့ ဟိုအစ်မဖြစ်မယ်လို့ ကျွန်မဘက်က နားလည်မိပါတယ်...


စာကြွင်း။  ။ ကျွန်မက ဘလော့လိပ်စာပြောင်းခိုင်းခဲ့ခြင်းမဟုတ်သလို ဘလော့လိပ်စာက အစထဲက google function ကြောင့် ကွဲပြားခဲ့ပြီးသားပါ... ကလောင်အမည်နဲ့ တခြားဘလော့တွေ လျှောက်လည်ရင်သာ ကွဲပြားစေချင်ခဲ့တာပါ... မလိုအပ်ပဲ ဘလော့လိပ်စာတစ်ခုလုံးကြီး ပြောင်းပြလိုက်ရပြီး လိုရင်းကတော့ ဒီတိုင်းပဲရှိနေတဲ့အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း...*




51 comments :

Zay Tar Yar said...

မမဗေဒါကြီး ကျုရိုးရှင်လုပ်ပါလားမဗေဒါကိုသာ
လူတွေသိကြတာ သူ့သူငယ်ချင်းကျုရိုးရှင်ကိုကျ
တော့မသိကြဘူး ကျုရိုးရှင်လုပ်လိုက်မမတို့မလုပ်
ရင်ဇေလုပ်လိုက်မှာနော် ဟိုနော်ဝေကမဗေဒါကြီးဆို
တာကလဲရှိသေးတယ် မဗေဒါသာပြောတယ်စိတ်က
မရှည်ဘူး..........။

ကိုဇော် said...

တကယ်ဆို ရှေ့မှာ လူတစ်ယောက် ရှိနေတယ် ဆိုရင်. .
မဗေဒါ ဆိုတာ ရှိတယ် ဆိုတာကို သိရင် သိသိကြီးနဲ့ မဗေဒါ မလုပ်သင့်ပါဘူး။ သူကလည်း မဗေဒါ မဟုတ်ပဲ သူ့စာလုံးပေါင်း အရ “ မဗေဒ ” ပဲ ဖြစ်သင့်ပါတယ်။ တကယ်တော့ သူများနဲ့ လိုက်တူတယ် ဆိုကတည်းက ကိုယ့် အရည်အချင်းကို ကျစေတယ်ဗျာ။
ကျနော်ဆို သူများ သုံးတာကို သုံးကို မသုံးတတ်ဘူး။
တမင် ရှောင်တာ မဟုတ်ဘူး။ မကြိုက်တာ. .

ကိုရီး{ကိုကြီး} said...

ကျနော်က သိနေခဲ့တာ ကြာပေမယ့် ကိုယ်နဲ့မဆိုင်လို့ နှုတ်ဆိတ်နေခဲ့တာ
တကယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့
ကို လဲ ဒီလောက မဟုတ်တော့ စာဖတ်ရုံမျှသာပါပဲ
စာဖတ်သူ စာရှုသူကတော့ ဗေဒါ ဘယ်သူဆိုတာ သိကြမှာပါ
ချမ်းမြေ့ပါစေ မဗေဒါ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Vista said...

မပြောင်းပါနဲ့  ....ဒီနစ်ကကြာလှမှပဲဟာကို

mabaydar said...

ဒါပေမဲ့ တစ်ယောက်ယောက်ကတော့ တစ်ခုခုလုပ်ဖို့ လိုအပ်လာပြီလေ...

naychi said...

နောက်တယောက်ပေါ်လာတာကို စ သတိထားမိတော့ မဗေဒါကို ပြောဖို့ လာသေးတယ်။ ဒါပေမယ့် စီဗုံးမှာ သူက လာအကြောင်းထားပြီး မဗေဒါကလည်း ရပါတယ် ဆိုတဲ့ပုံမျိုး ပြောထားတော့ ဘာမှမပြောတော့ပဲ ပြန်လှည့်သွားတာ။
အရင်လူ ရှိမှန်းသိရဲ့နဲ့ မလုပ်သင့်ဘူးလို့ပဲ ထင်တယ်။ ပြောင်းခြင်းပြောင်း သူပဲပြောင်းသင့်ပါတယ်။ နောက်ပြီး မဗေဒါလို ကိုယ့်အကြောင်း၊ ကိုယ့်ပုံ အကုန်ချရေးပြတဲ့လူအတွက် အဲဒီအမ နဲ့ မှားခံရရင် အဗေဒါအတွက် အန္တရာယ်ရှိမလားတောင် စိုးရိမ်မိပါသေးတယ်။ မဗေဒ လည်း လာဖတ်မှာပါ။ အမတို့၂ယောက် ဆွေးနွေးတိုင်ပင်ကြပါ။

Than Yaw Zin said...

နာမည်ပြောင်းပစ်ဖို့တော့ မလိုအပ်ဘူးထင်တယ်။ ဒီလိုတူတိုင်းသာ ပြောင်းပေးနေရရင်....
ဒါပေမဲ့ သူကနိုင်ငံရေးနဲ့ပတ်သက်တာတွေလည်းရေးနေတော့ မဗေဒါကိုလာကို သက်ရောက်မှုတစ်ခုခု ဖြစ်လာနိုင်မလားတော့ မသိဘူး... အရေးအသားကိုကြည့်ပြီးတော့ ဘယ်သူက စလုံး က မဗေဒါ၊ ဘယ်သူက နော်ဝေးက မဗေဒါလို့ ခွဲခြားနိုင်လိမ်မယ်လို့ မျှော်လင့်ပါတယ်... ခဏလောက် လစ်လျှူရှု ထားလိုက်ပါလား...
ဗေဒါပြန်အံကိုခဲ...
ပန်းပန်လျက်ပဲ... ဆိုတာလေးကိုဘဲ ပြန်အောက်မေ့ပြီး ကိုယ်လုပ်စရာရှိတာကိုဘဲ ဆက်လုပ်နေလိုက်ပါ... ပျော်ရွင်ပါစေ

SZA said...

i know how u feel and i can't say exactly what u should do also..and ofcuz, she is the 2nd one who used the name (im not sure at her side also, she used for like entire life or whatever)..
she shouldnt make some confusing since u both have blog and write things

Unknown said...

One way you can do without changing ur name is u can make a logo or something as an identity of you. In your exsiting account.

မင်းယွန်းသစ် said...

နစ်က လုံးဝမပြောင်းပါနဲ့။ နင်ဒီနာမည်ကို သုံးနေတာ ကြာပြီ..ပြီးတော့ စီနီယာလဲ ကျတယ်။ ငါတို့အားလုံးလဲ သိနေတာပဲ။ သူပြောင်းချင်ရင်ပြောင်း ။ ဗေဒါဆိုတာ ရှိတာသိနေရက်နဲ့ ပုံမှားရိုက် ဗေဒါလုပ်တာ.. ဒါမလေးစား တာပဲ။ဒီ မဗေဒ ဆိုတဲ့ ဘလော့ကို ကန့်ကွက်ရမယ်။

Dr Phyo Wai Kyaw said...

အဲဒီကိစ္စကို သိပါတယ်။ ပြောင်းဖို့မလိုပါဘူး။

Dr Phyo Wai Kyaw said...

တစ်ခုတော့ ရှိတယ်။ ဒီနာမည်ကြောင့် ကိုယ့်ကိုယ် ထိခိုက်နိုင်မယ် ဆိုရင်တော့လည်း မတားပါဘူးဗျာ။ ပြောင်းမယ်ဆိုရင်လည်း အချိန်နည်းနည်း စောင့်ပေးလိုက်ရင် (တစ်လဖြစ်စေ) ကောင်းမလားလို့။

mabaydar said...

ကိုယ်တိုင်လဲ မပြောင်းချင်ပါဘူး.. တဖက်လူကိုလဲ မပြောင်းခိုင်းပါဘူး... ဒါပေမဲ့ ဘယ်သူက ဘယ်သူ အသေအချာ ကွဲပြားအောင် ၀ိသေသလေးတွေ ထည့်ရင်ကောင်းမလားလို့ တွေးမိတာပါ...

NovemberSue said...

ဘာမှပြောင်း စရာ မလိုဘူး။ သူက နောက်မှ ရေး တာ ။ blog url တောင် မှ mabayda ဖြစ် နေတာ ။ နောက် မှ လုပ် တဲ့ သူ က သာ အဆင့် အ တန်း ရှိရှိ အ လိုက် သိသိ change သင့်် တယ်။

shwezinu said...

ကျနော် လည်း မဗေဒါ ၂ယောက်ရှိမှန်း အခုမှ သိတယ်ဗျာ
နောက် မဗေဒါ ကိုဘဲသိတယ်

မဗေဒါပြောသလိုမှတ်ထားပါမယ် နောက်လည်း လာဖတ်ပါမယ်နော်

အခန်းဆက်ကလေး လည်း ရေးပေးပါအုန်း ဖတ်ချင်ပါတယ်နော်

ကျေးဇူးပါ
ရွှေစင်

Nay Nwe said...

Ma BayDar, I am your fan ... Keep it up. You are the best of the best.

Thet Paing Soe said...

မဗေဒါ blog ကို စ ဖတ် ဖြစ် ခဲ့ တာ ... ဒီ name က စိတ်ဝင် စရာ ကောင်း လို့ ပါ။ ဒါ တင် မက ဘူး မဗေဒါ ရဲ့ ရိုးသား ဖြူ စင် တဲ့ စာ အရေးအသား တွေ က တကယ် ကို ပဲ ဆက် ဖတ် ချင် အောင် စ္ပဲဆောင် နေစဲ ပါ ပဲ။ ဘယ် လို ပဲ ဖြစ်ဖြစ် ကျွှန်တော့် အတ္ပက် မဗေဒါ က always နံပတ် တစ်.

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော့်သဘောထား ပြောပါဆိုရင်တော့ နံမယ်တူ ဆိုတာ ရှိနိုင်ပါတယ် မတော်တဆ တိုက်ဆိုင်မှုကြောင့်ဘဲဖြစ်စေ တမင်း ရှိပြီးသား နံမယ်တခုခု ကိုအားကျလို့ အထင်ကြီးလို့  မှည့်လိုက်တာဘဲဖြစ်စေ ရှိလာနိုင်ပါတယ် ( တချို့ ကတော့ သူများကို သိက္ခာချချင်လို့  သူများနံမယ်တွေ ယူသုံးတာတွေရှိပါတယ်)
နံမယ်တူတာ ပြဿနာမရှိနိုင်ဘူးလို့ ထင်ပါတယ် ဘယ်သူဘာလည်း ဆိုတာ ဖတ်နေကျ လူကတော့သိလိမ့်မယ်လို့ ထင်ပါတယ် ပြောင်းပေးဘို့ လည်း မလိုအပ်ဘူးလို့ ထင်ပါတယ် ကိုယ့်လမ်း ကိုယ်လျှောက် ကိုယ့်ခရီးကိုယ်ဖောက် သင့်တယ်လို့ ဘဲ မြင်ပါတယ်

ကိုကိုးအိမ် said...

မဗေဒါရေ ကျွန်တော်က မဗေဒါနှစ်ယောက်ရှိတာကိုသိတာ နှစ်လလောက်ရှိပါပြီ ဒါပေမယ့် “ဟိုမဗေဒါရဲ့ စာတွေကိုလည်းကြိုက် ဒီမဗေဒါရဲ့စာတွေကို လည်း သဘောကျလို့ နှစ်ယောက်လုံးရဲ့ စာတွေကို ဖတ်ဖြစ်ခဲ့တာပါ။ နာမည်တူကိစ္စတော့မပြောတတ် တော့ဘူးဗျ မဗေဒါတို့နှစ်ယောက် နားလည်မှူ့အသီးသီး အမြန်ရပြီး အဆင်ပြေကြပါစေလို့ ဆုတောင်းလျက်ပါ။

ခင်မင်လျှက်
ကိုကိုးအိမ်

ကျော်ညိုသွေး said...

မဗေဒါ နာမည်ပြောင်းစရာမလိုပါဘူး။
မဗေဒါက စီနီယာပဲ။
ပြောင်းမယ်ဆိုရင်တော့ နော်ဝေက မဗေဒါက မဗေဒါ(နော်ဝေ) ဆိုပြီး လုပ်သင့်တယ်။

m.y said...

ဟုတ်တယ်။ထောက်ခံတယ်။ ဟိုမဗေဒကနာမည်မပြောင်းရင်တောင် မဗေဒါ (Norway)ဆိုတာပဲဖြစ်ဖြစ်ကွဲပြားအောင်တစ်ခုခုလုပ်သင့်တယ်။ ဗေဒါလမ်းဆိုတဲ့ နာမည်လေးက လှို့ဝှက်ချက်ဆိုတာထက်ကောင်းပါတယ်။ လှလည်းလှတယ်။

Anonymous said...

အဟမ်းးး...
ပြောင်းလိုက်တော့လည်း အေးတာပေါ့။
ကင်းကင်းရှင်းရှင်း ကွဲကွဲပြားပြား။း)

ဝေလငါး said...

စိတ်တွေရှုပ်နေမှာပဲနော် ပျော်ရွှင်ပါစေဟာ...

Anonymous said...

ဖြစ်တတ်ပါတယ်။ ညီမကတော့ မပြောင်းနဲ့တော့။ဒါပဲဆက်သုံးသင့်တယ်။Blogတွေထဲမှာက ညီမကအရင်ရယူထားတဲ့နာမည်ပဲ။ တခြားပြင်ပစာပေလောကမှာတော့ ဒီနာမည်ယူရေးနေတဲ့ မဗေဒါပေါင်းများစွာအရင်ကတည်းကရှိခဲ့ကြဖူးတာပဲ။ဆိုတော့ တူနိုင်ခြေများတဲ့နာမည်မို့တူရတာလို့ပဲသတ်မှတ်ရမှာပဲ။ တဖက်ကလည်း သိသိချည်းနဲ့ကို ဒီနာမည်ကြိုက်လို့ r တလုံးအလျော့ခံပြီးယူခဲ့တာပဲ။ တခြားစေတနာလည်းမပါသလို ခုလိုညီမကို စိတ်အနှောင့်အယှက်ဖြစ်လာလိမ့်မယ်လို့လည်း မထင်ခဲ့ဘူးနေပါလိမ့်မယ်။ ကာယကံရှင် နှစ်ယောက်ကပဲ စေ့စပ်စေချင်တယ်။ ဟိုတဖက်မဗေဒါကနောက်ဆက်(သို့)ရှေ့ဆက်တခုခုထည့်ပေးသင့်တယ်လို့လည်းယူဆတယ်။ဒါကတော့ ညီမတို့သဘောပေါ့။ အပေါ်ကတချို့မောင်နှမတွေကလည်း စီနီယာဘာညာသာရကာ မလေးစားတာဘာညာဆိုတာမျိုးတွေ မတွေးစေချင်ဘူး။ သိသာကွဲပြားပြီးထူးခြားဆန်းကျယ်တဲ့နာမည်မျိုးကို လာတူပစ်နေတာမျိုးကိုတော့ ဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့အတွက် ဘယ်သူမဆိုကန့်ကွက်ကြမှာပဲပေါ့။ ခုလို ရိုးဂုဏ်နဲ့အားမာန်ပါတဲ့နာမည်က လူသုံးနည်းပေမဲ့ လူကြိုက်များတာပါပဲ။ ကာယကံရှင်နှစ်ဦးပဲ ပြေလည်အောင်ညှိကြစေချင်တယ်။ကြားက ချစ်လို့ခင်လို့မှတ်ချက်ပေးကြတဲ့မောင်နှမတွေကိုလည်း စိတ်မရှိကြစေချင်ဘူး။ အားလုံးချစ်ချစ်ခင်ခင်ပေါ့။
ညီမ မဗေဒါ ပျော်ရွှင်အေးချမ်းပါစေ။
silent reader

Flower said...

ကိုယ်ချင်းစာမိပါတယ်. ကိုယ်ဆိုရင်လဲ ဒီလိုစိတ်အနှောက်အယှက်တော့ ဖြစ်မိမှာပါဘဲ.. နားလည်စာနာမိပါတယ် မဗေဒါလေးရေ..
အဲ မဗေဒါလေး ဆိုတဲ့ နံမည်လေးဆိုရင်ရော
ထူးထူးခြားခြား ပြောင်းလဲသွားမှာမဟုတ်သလို ကွင်းစကွင်းပိတ်တွေလဲ မပါတော့ဘူးပေါ့နော်..
အမြန်ဆုံး အဆင်ပြေပါစေ ညီမရေ..

mabaydar said...

ဟုတ်ကဲ့... အစ်မပြောတာကို လက်ခံပါတယ်... ကိုယ်က အရင်ဘလော့မှာရေးတယ်ဆိုပင်မဲ့လဲ အဲဒိ အစ်မ မဗေဒါကို အဲဒိနာမည်မပေးရဘူးလို့ ညီမ မဆိုလိုပါဘူး... ညီမဆိုလိုချင်တာကလဲ အစ်မပြောသွားသလိုပဲ တဖက်က အစ်မ မဗေဒါကို နာမည်မှာ နောက်ဆက်(သို့)ရှေ့ဆက်ထည့်ပေးစေချင်တာပါ.. သူက ခုမှဘလော့စတာဆိုတော့ သူ့အတွက်အဲလိုထည့်ရတာ ပိုလွယ်ကူမယ်ထင်မိလို့ပါ... စာရေးနေတဲ့ သူအချင်းချင်းမို့ ညီမ အဲဒိ အစ်မ "မဗေဒါ"ကိုလဲ လေးစားသမှုပေးပါတယ်... ညီမလဲ ဖြစ်နိုင်မယ်ဆိုရင် အဲဒိ အစ်မ "မဗေဒါ" လာရောက် ညှိနှိုင်းတာကို လိုလားပါတယ်... အဲဒိ "မဗေဒါ" ကို တိုက်ခိုက်လိုစိတ် အလျှင်းမရှိတာကို သိစေချင်ပါတယ်.. ညီမစာရေးရင် စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းရေးတတ်တာ အမြဲလာဖတ်နေကျ အစ်မတို့လို silent reader တွေ သိမှာပါ... ခုလဲ စိတ်ရင်းအတိုင်းပြောတာပါ.. တကယ်ကို ညှိညှိနှိုင်းနှိုင်းနဲ့ ပြေလည်ချင်ပါတယ်... ဘလော့ရေးလာတဲ့ သက်တမ်းတစ်လျှောက်လဲ ဘယ်သူနဲ့မှ ဘလော့ပေါ်မှာ အကျယ်ကျယ် မဖြစ်ခဲ့ဖူးပါဘူး... ဒီတစ်ခါလဲ အဆင်ပြေဆုံးပဲ ဖြစ်ချင်ပါတယ်...

Anonymous said...

ဗေဒါရေ..။ ပြန်စာရေးတာကျေးဇူးနော်။ညီမ ရေးတဲ့စာတွေဖတ်ရင်း ညီမစိတ်ရင်းကို သိမှန်းမိပါတယ်။အဆင်ပြေသွားပါလိမ့်မယ်။ တဖက်မဗေဒါကလည်းဆက်သွယ်လာမှာပေါ့။ နောက်ဆို ညီမဆီမှာမှတ်ချက်ရေးဖြစ်ရင် ဗေဒါရေ လို့ပဲ ခေါ်ဖြစ်တော့မယ်။ဖတ်ဖြစ်နေတာကြာပေမဲ့ဒီတပုဒ်မှ စရေးဖြစ်တာပါ။နောက်လည်းရေးဖြစ်သွားတော့မှာပဲ။
ညီမ ဗေဒါ ပျော်ရွှင်အေးချမ်းပါစေနော်။
silent reader

Unknown said...

yes .. wat ever u did .. i m on yr side my luvly sis ...

they shouldn't do like tat ....

anyway good luck ..

i like ur blogs...

KK said...

I already let Norway MaBayda know about your name and blog in her C-Box. If I am not wrong, it was since (2-3) days after her blog started. But she didn't change and also visit your blog and leave message in C-Box with Ma BayDa name.
So I thought both of you know very well and you let her use that name. Sorry for misunderstood and now I know the story well. She should not do like that, I mean her message in your C-Box. Anyway, pls pls pls, don't change your name.

BTW, I'm also JKS fun now .... because of you :-))

mabaydar said...

Yeah.. I still have to edit and upload the later part of his fan video. but i was busy and my mood was affected by this case. I have so many things to write about him. I feel bad to my foreign subscriber in my youtube channel. So still tune, i will upload more and write a post.
btw, have u watched the video i made for his fan meeting?

Steve Evergreen said...

မဗေဒါကိုသိတာကြာပါပြီ။ ဟို ကိုရီးယားခရီးစဉ် တွေ မတိုင်ခင်ကတဲက သိပြီးသားပါ။ ကြာပြီပေါ့။ အင်း နဲနဲတော့ခက်တယ် ။ နောက်မဗေဒါ ကလဲ တကယ်တက်တက်ကြွကြွကို ရေးနေပြီးနေပြီ။ ကိုယ့်အသိ တချို့တောင် သူ့ဆီမှာ ရင်းနှီးပြီးနေပြီ။ အင်း ဒါကို unfortunate event လို့ပဲ သတ်မှတ်ရမလို ဖြစ်နေတယ်။ ဟိုတယောက်အနေနဲ့ကလဲ သူ့အရင် မဗေဒါ ဆိုတာ mayvelous တို့ 99sanay တို့ကတဲကရှိပြီးသားကို သူက ခုမှပေါ်လာပြီး စည်းရုံးရေးဆင်းတာကို ပရိတ်သတ်ရဲ့ အကြည်ညိုတော့ ဘယ်အပျက်ခံချင်ပါ့မလဲ။ တန်ပြန်ဘလော့ဂါတွေကလဲ ရှိနေတယ်လေ။ ကိုယ်သာ တခြားမဗေဒါ နေရာဆိုရင်တော့ လွတ်လွတ်ကင်းကင်းနာမည်နဲ့ဘဲ ဒီ အသိုင်းအဝိုင်းမှာ ကိုယ်ပြောချင်တဲ့ စကားလုံးတွေကို ပြောနေမှာပဲ။ နံမည်ကမရှားပါဘူး။ လူတွေမှာ ဆိုတာ အရေးကြီးတယ်။ ခိုင်ဖို့လဲ အရေးကြီးတယ်။ အင်းနဲနဲတော့ခက်တယ်။

ဆန်းဝင်း said...

ဘလော့ဖတ်နည်းသွားတာ တော်တော်ကြာပြီ..
ကျွန်တော် ဘလော့ဂ် လုပ်စတည်းက လင့်ထားတဲ့ စာရင်းမှာ မဗေဒါပါပါတယ်.. အခုထက်ထိ ပိုစ် အသစ်များ ဖတ်လေ့ရှိပါတယ်.. နာမည်ပြောင်းလဲ မှတ်ထားပါ့မယ်.. ဘဲအုပ်တွေဝိုင်းနေလို့ ရှင်းလင်းခဲ့ရတဲ့ မဗေဒါကို မမေ့ပါဘူး..

Nge Naing said...

နော်ဝေက မဗေဒါက ဘလော့ဂ် စဖွင့်တဲ့အချိန်မှာ တခြား မဗေဒါတယောက် ရှိတယ်ဆိုတာ လုံးဝမသိခဲ့တာ အမှန်ပါ။ မဗေဒါ ဘလော့ဂ်စဖွင့်ပြီး အစ်မကို အကြောင်း ကြားလာတဲ့အချိန်မှာ သူ့ဘလော့ကိုအစ်မ ဘလော့ဂ်မှာ စာလာဖတ်သူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကြော်ငြာကို အစ်မ ထည့်ပေးခဲ့ပါတယ်။ http://nge-naing.blogspot.com/2010/03/blog-post_23.html ပို့စ်ဖြစ်တယ်။ အဲဒီအချိန်မှာ အစ်မ ကြော်ငြာတဲ့ ပို့စ်ရဲ့ မှတ်ချက်အောက်မှာ မဗေဒါဆိုတာ ရှိကြောင်း အသိပေးခဲ့သူတွေ ရှိခဲ့ပါတယ်။ အစ်မလည်း မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီ ဖြစ်တဲ့ အရင်က တခါနှစ်ခါ ရောက်ဖူးပြီး နောက်ပိုင်းတခါမှ ထပ်မရောက်ဖြစ်တဲ့ ဒီက ညီမလေး မဗေဒါဘလော့ဂ်ကို သူတို့ အသိပေးမှ ပြန်သတိရခဲ့တယ်။ အသိပေးခဲ့ပေမဲ့လည်း အစ်မ သူ့ရဲ့ ကလောင်နာမည်က 90s ခုနှစ်တွေတုန်းကတောင် မဗေဒါဖြစ်တော့ ဒီလို နှစ်ယောက်ကလောင်နာမည် တူတာဟာ ပြဿနာမရှိနိုင်ဘူး၊ တင်တဲ့အကြောင်းအရာနဲ့သာ ဆိုင်တယ်လို့ပဲ အစ်မယူဆခဲ့တယ်။ ဒါကြောင့် သူ့ကို အစ်မ ဘာမှ မပြောပြဖြစ်ခဲ့ဘူး။ ဒီလောက်အထိ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာလိမ့်မယ်လို့ မထင်တာလည်း ပါပါတယ်။ အခုချိန်မှာ နာမည်ပြောင်း ဖြစ်ခဲ့ရင်တောင်မှ သူအရင် ရေးခဲ့တဲ့ မဗေဒါအမည်နဲ့ ပို့စ်တွေကို ပြန်ဖေါ်ပြရင်တော့ မဗေဒါ အဖြစ် မူရင်းအတိုင်းပဲ တင်ရမှာကတော့ သေချာပါတယ်။ ဒီတော့ ကလောင်နာမည်ကို မဗေဒါ အတိုင်းပဲ ထားပြီး တခြားသူတွေ ကွဲကွဲပြားပြား သိရအောင်ပဲ ဘလော့ဂ် Profile မှာနဲ့ ဘလော့ဂ်တွေလိုက်လည်လို့ C-Box တွေမှာပဲ တခုခုလုပ်တာက ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ နှစ်ယောက်စလုံးက ညှိထားတာမဟုတ်ဘဲ ဒီနာမည်ကို သေဘာကျလို့ ယူထားကြပြီးမှတော့ အဓိကက နာမည်ပြောင်းတာထက် တခြားသူတွေ ကွဲကွဲပြားပြားသိဖို့က အရေးကြီးတယ်လို့ အစ်မယူဆပါတယ်။ ဒီလို ကွဲကွဲပြားပြား ဖြစ်သွားရင် ဒီက ညီမလေး မဗေဒါလည်း ကျေနပ်လိမ့်မယ်ထင်တယ်။

ဒီလိုဖြစ်သွားတာ အစ်မတာဝန် မကင်းဘူးလို့ ယူဆလို့ ဒီကညီမလေး မဗေဒါ အတွက်ရော အစ်မ သူငယ်ချင်း မဗေဒါအတွက်ပါ နှစ်ယောက်စလုံးအတွက် အစ်မ တကယ်ပဲ စိတ်မကောင်းဖြစ်ပါတယ်။ အဲဒီအတွက် ကာယကံရှင် နှစ်ဦးနှင့် နာမည်တွူဘလော့ဂါနှစ်ဦးအကြား စိတ်အနှောင့်ယှက် ဖြစ်ရတဲ့ ဒီမှာ မှတ်ချက်လာပေးထားကြတဲ့ ကျန်တဲ့သူတွေ အားလုံးကိုပါ ကျွန်မ တောင်းပန်ပါတယ်။

အဆင်ပြေချမ်းမြေ့ကြပါစေ။

Anonymous said...

ရှင်းရှင်းလင်းလင်း ပါပဲဗျာ။ပြောင်းနေစရာမလိုပါဘူး။ ဘက်လိုက်ပီးလည်းမပြောတက်ဘူး။၂ယောက်လုံးကို
လည်း မသိဘူး(ဆောရီး)တကယ်မသိလို့ မသိဘူးပြောတာပါ။ စာဖတ်တာလည်း ကြာပါပြီး ၂၀၀၅ တည်းကပါ။ဒီလို နာမည်တူကိစ္စဆိုတာ အပြင်ဖက်မှာ လည်းကလောင်းတူနေတာတွေ ခဏခဏ တွေ့နေရပါတယ်။ ဖြစ်တက်ပါတယ်။ဖြစ်လေဖြစ်ထရှိပါတယ်။ တယောက်နဲ့တယောက်ရေးတဲ့ စာကမတူနိုင်ပါဘူး။ အဲတော့ ကိုယလုပ်စရာရှိတာပဲ ဆက်ရေးကြပါလို စာဖတ်ပရိတ်သတ် တယောက်အနေနဲ့ အကြံပေးချင်ပါတယ်။ ဘယ်သူမှပြောင်းလို့ အစဉ်ပြေမယ် မထင်ပါဘူး။ တယောက်က ပုံနှိပ်ထုတ်ဝေထားတဲ့ စာတွေ ရှိနေလို့ ။တယောက်က ဘလောက်လောကမှာ အချိန်ကြာကြီး အသုံးပြုထားကြလို့ဆိုတော့ကာ ဘယ်ဘက် ပဲဖြစ်ဖြစ် နှမြောကြမှာပဲ။နာမည်က အရေး မကြီးပါဘူး(ကြီးချင်လည်းကြီးမှာပေါ့လေ့ တချို့အတွက်တော့) အဲဒီတွက် ကိုယ်ရေးစရာရှိတာ ပေးစရာရှိတာ ပရိတ်သတ်ကို ပေးကြဖို့ပါပဲ။
နောက်တခုက ၂ယောက်ကြားကမြောက်ထိုးပင့်ကော် လုပ်တာလေးတွေကို ၂ယောက်လုံး သတိထားကြပါလို့ စာဖတ်ပရိတ်သတ်အနေနဲ့ အကြံပေးတာပါ။ ရိုင်းတယ်ဆိုရင် ခွင့်လွတ်။
မိတ္တူ×××-နောက် မဗေဒါသို့

Anonymous said...

ဒါက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ တစ်ခါကဆို ရွှေအမြုတေ မဂ္ဂဇင်းမှာ "အဖြူရောင်" ဆိုတဲ့ ကလောင်အမည်ဟာ နှစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါကို ပထမဦးဆုံး ကလောင်ပိုင်ရှင် အဖြူရောင် က ရွှေအမြုတေ အယ်ဒီတာ ဆရာ ဦးဝင်းငြိမ်းထံ စာရေး အကြောင်းကြားခဲ့ပုံကတော့ သူဟာ အဖြူရောင် ဆိုတဲ့ နှစ်ကို ဘယ်နှစ်ခုနှစ်ထဲက စသုံးခဲ့သူ ဖြစ်တဲ့အကြောင်း၊ ရွှေက စင်တင်ပေးလိုက်တဲ့ ဆရာမ အဖြူရောင် ဟာ သူ စာစမရေးခင် ခုနှစ်ထဲက စာပေလောကထဲ ဝင်လာခဲ့တာ ဆိုရင်တော့ သူကိုယ်တိုင်ပဲ အမည်ပြောင်းပေးမည် ဖြစ်ကြောင်း၊ အဲလိုမဟုတ်ပဲ သူ့ နောက်ကျပြီးမှ ရောက်လာသူ ဖြစ်ခဲ့ရင်တော့ ကွဲပြားအောင် တစ်ခုခု ပြောင်းပေးစေလိုကြောင်း ပြောခဲ့တာကြောင့် ရွှေက စင်တင်ပေးလိုက်တဲ့ စာရေးဆရာမဟာ ဂုဏ်သိက္ခာ ရှိစွာနဲ့ ပဲ သူ့ ရဲ့ အဖြူရောင် ဆိုတဲ့ နာမည်နောက်ကနေ (ရွှေ) ဆိုပြီး ထပ်ဖြည့်ပေးခဲ့ပါတယ်။ ဆရာမ အဖြူရောင် (ရွှေ) ဟာ အရင်က အဖြူရောင် ဆိုတဲ့ ကလောင်အမည် ရှိခဲ့မှန်း တကယ်ကို မသိရိုးအမှန်ပေမယ့်လည်း တကယ်တမ်း သိလာတဲ့ အချိန်မှာ သူဟာ နောက်လူဖြစ်တဲ့အတွက် သူကိုယ်တိုင် နောက်ဆုတ်ပေးခဲ့ပါတယ်။ အရင်က ရှိတာ ငါမှ မသိတာ၊ ပြောင်းမပေးနိုင်ဘူး ဆိုပြီး တင်းခံနေမယ် ဆိုရင်တော့ ရှက်ဖို့ ကောင်းပါတယ်။ စာပေမြတ်နိုးသူတိုင်း စာပေလောက ထုံးစံကို လိုက်နာသင့်ပါတယ်။ မဂ္ဂဇင်းပေါ်မှာမှ၊ ဘလော့ဂ်ပေါ်မှာမှ ရယ်လို့  ခွဲခြားလို့  မရပါ။

မေလေး said...

မဗေဒါ
မပြောင်းပါနဲ့လို့ဘဲ အကြံပေးပါရစေ.. တကယ်ကို ကိုယ်ချင်းစာမိလို့ပါ.. ဘာကြောင့်လဲဆိုတော့ မေလေးကိုယ်တိုင်နာမည်တူကိစ္စကြောင့် ခုချိန်ထိစိတ်ထဲမှာ တနုံနုံနဲ့ခံစားနေရဆဲမို့ပါ.. မေလေးဘလော့စရေးတော့ google မှာသေချာရှာပီး မရှိမှ မေလေးဆိုတဲ့နာမည်ကိုပေးခဲ့တာပါ..နောက်ပိုင်းနာမည်တူပေါ်လာတော့ မဗေဒါလိုဘဲလူမှားခံရတယ်.. ခုချိန်ထိပါဘဲ... နာမည်ကိုစိတ်လိုက်မာန်ပါဘဲပြောင်းလိုက်တယ် စိတ်ထဲအဆင်ပြေသွားမယ်ထင်ခဲ့တယ်..ဒါပေမဲ့ တကယ်နှစ်သက်နေတာ ကိုယ်စရေးခဲ့တဲ့နာမည် မေလေးဘဲဖြစ်နေပြန်တယ် ဒါနဲ့တခါဘလော့လင့်ပါပြောင်းလိုက်ပြန်တယ်..မကြိုက်ပြန်ဘူး.. နောက်ဆုံးမေလေးဆိုတဲ့နစ်နဲ့ဘဲပြန်ရေးနေမိတယ်.ဒါပေမဲ့ စာရေးရတာ အရင်လိုစိတ်မပါတော့တာ ကိုယ်ရေးချင်တဲ့တချို့အကြောင်းအရာတွေ မရေးဖြစ်တော့တာ အများကြီးပါဘဲ မဗေဒါ.. ကိုယ်တိုင်ခံစားဖူးလို့ မဗေဒါကို ပိုနားလည်စာနာမိပါတယ်.. မဗေဒါပြောင်းစရာမလိုပါဘူး ပြောင်းချင်းပြောင်း တဘက်ကသာပြောင်းပေးသင့်ပါတယ်..

ပျော်ရွှင်ပါစေ........
ချစ်ခင်လေးစားလျှက်

Unknown said...

ဆြာမကြီး မြတ်သွယ်အေး......
မြတ်သွယ်အေး ဆိုတာ မိန်းကလေးဆိုရင်တော်တော် ကို ရှက်စရာကောင်းပါတယ်။လူ၂ ယောက်ကြားမှာ ဝင်ပြီး ပြေလည်ရာပြေလည်ကြောင်း ဝင်မပြောပဲ အလကား လူမှုရေးသက်သက်နဲ့ ဝင်ဆရာမကြီး လုပ်နေတာလား။
ဘာလည်းနာမည်ကြီးချင်တာလား။သူများတကာတွေ ပြဿနာတက်နေပါတယ်ဆိုမှမီးလောင်လာလေပင့် ဆရာမကြီးလေသံနဲ့ လာပြောနေရအောင် ဘာလည်း မင်းက ဘာမို့လည်း။
အေးငါက မဗေဒါ၂ယောက်လုံးကို အားနာပါတယ်။သ်လည်းမသိဘူး ရေးထားတာ အမြင်မတော်လို့ ။အစောကြီးတဲ့က ဒီလို အဓိပ္ပာယ်မရှိ ကြားထဲဝင်ရန်တိုက်ပေးမယ့်သူရှိနေလို့ ၂ယောက်လုံးကိုသတိပေးထားတယ်။
အပေါ်မှာ မမြင်ဘူးလား။
နာမည်ကိစ္စက သူတို့ ကာယကံရှင်၂ယောက်နဲပဲဆိုင်တယ်။
မေးလိုက်ပါဦးမယ် ဆရာမကြီး...
(၁) အွန်လိုင်းပေါ်မှာ နာမည်တူတာ မယူရဘူးလို့ ဘယ်သူကသတ်မှတ်ချက်ပေးထားလည်း၊ဥပဒေထုတ်ထားလို့လား
(၂) နာမည်တူနေတာ တရားစွဲလို့ရလား။အဲဒီနာမည် ကို မှတ်ပုံတင်ထားလို့လား
(၃) သူတို့၂ယောက် ပြေလည်ရာပြေ လည်ကြောင်းရှင်းရမည် ကိစ္စကို မင်းက ကြားဝင်ရန်တိုက် ပေးရအောင်မင်းကိုယ်မင်းဘာ မို့လည်း(နာမည်မင်းကမှကြီးချင်နေတာလား)
(၄)၂ယောက်လုံး ညှိလို့ အဆင်ပြေမယ့်ကိစ္စကို ဘာလိုကြားဝင်ပြီးငေါတော့တော့နဲ့ ရန်တိုက်ပေးရတာလည်း
(၅)မင်းကရော သူများကောင်းကျိုးတွေ တအားလုပ်နေတယ်ပေါ့..အေးဆေးနေပါ လိုင်းပေါ်မှာ ဆရာမကြီးလာမလုပ်နဲ့...။
(၅)ဒီနာမည်က သူတို့၂ယောက်နာမည်ပါလို့ ဘယ်သူက ပြောလည်း၊မူရင်ပိုင်ရှင်ရှိတာရောသိလား ။
နေရာတကာဘာမှသေချာမသိပဲ ဝင်မရှုပ်ပါနဲ့ ။
သူတို့ကိစ္စသူတို့၂ယောက်ရှင်းလိမ့်မယ်။ရေးထားတဲ့ပုစံကိုက လူမြင်ကပ်စရာပဲ။မိန်းကလေး မို့ပဲ။

Unknown said...

မြတ်သွယ်အေး ရိသွားသည့် တဖက်မှ ကွန်မန်း...
အားလုံးသိအောင်ကူထည့်ပေးတာပါ။၂ယောက်ကြားမှာ ရန်တိုက်ပေးတဲ့ကွန်မန်းပါ..။
မြသွယ်အေး said...

သေချာ မပြောတတ်ပေမဲ့
နောက်လူ ဆိုတာ အတုပဲ ။ နောက်လူဆိုတာ နောက်လူပဲ။ တကယ်ဆို ဒီလိုကို ပို့စ်မတင်ပဲ ပြောင်းပေးလိုက်သင့်တယ်။ အမျိုးသမီးတွေကို မြှင့်တင်မှာလား။ ဒါကို ခုတုံး လုပ်မှာလား။ ကျမတို့ကတော့ ကြားရတာ များလို့ ရွံနေပြီရှင်။
May 16, 2010 4:45 AM
မြသွယ်အေး said...

ကျန်ခဲ့လို့ :P
၅ မှာ ရေးထားသားပဲ ဒါဆို အကောင့်ဖွင့်ကတည်းက မဗေဒါရှိတယ် ဆိုတာ သိနေတာပေါ့နော် ရှိနေတာ သိရင်လည်း သွားကြည့်မိမှာပဲ သိသိကြီးနဲ့ ယူတာပေါ့နော် မဗေဒါ နဲ့ တူအောင် ဗေဒ လိုက်တာပေါ့ ခစ်ခစ် တော်ချက်ရှင်။
မြန်မာအမျိုးသမီးတွေတော့ အတုတွေနဲ့ မြှင့်တင်ခံရဦးမယ် ရင်လေးတယ် ရင်လေးတယ်။

Anonymous said...

How abt Ma baydar(Sg) & Ma Bayda(Norway)??

Anonymous said...

အမရေ.. အမကို အရင်ကတည်းက သိတယ် စာတွေလာလာ ဖတ်ဖြစ်ပါတယ်.. ဟိုအဖွားကြီးက မနေ့တနေ့ကမှ လာပြီး ဗလောင်းဗလဲ လုပ်နေတာပါ.. သူ့အရင် ပို့စ်တွေ မှာလည်း ပြဿနာတွေ တက်ခဲ့ပြီးပါပြီ.. ဟိုရေးဒီရေးနဲ့.. ခုမှ မသိပါဘူး ဆိုပြီး သူ့ဘော်ဘော်ကြီးကလည်း ၀င်ဖြေရှင်းနေတာပါ.. အမရေ..လုံးဝ မပြင်ပါနဲ့..u r right!!

Unknown said...

ရေးထားတာကလည်း ပျော့ဖတ်ဖတ်နဲ့ပါလား ကလေးမရဲ့ ( ဦးလေးက ၄၈ မို့နော် ) ဘာဖြစ်လဲ ကျမက အရင်ဆို အရင်ပေါ့ အခုလို ဘာညာတွေ ပြောနေစရာ မလိုဘူး။ သူ့မှာ ပဲပြုတ်သည်တွေ ထုတ်ဖို့ ကတော့လုပ်တဲ့ စာတွေရေးခဲ့တဲ့ စာအုပ်လားမှ မသိ။ တစ်ခုတော့ အကြံပေးခဲ့မယ်။ နာမည်တူ ရှိနေပြီ ဆိုရင် ကိုယ့်ရှေ့ကလားလို့ ကြည့်။ ရှေ့က ဆို ကိုယ်ကပြောင်း နောက်ကဆို သူ့ကို သွားပြီး သတိပေး ပြောပြ။ အခု ဖတ်ကြည့်တာ သူများတွေ ပြောသလို အပြင်မှာလည်း နာမည်တူတွေ ရှိနေတယ် ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ကလေးမတို့ ကျောင်းမှာ တုန်းက နာမည်တူရင် နောက်လူက (၂) ဆိုပြီး ဖြစ်ရတယ် မလား။ ဒီလိုပဲပေါ့ နောက်လူ ဆိုတာ (၁) ဖြစ်မလာနိုင်ဘူး။ အဲ ပါတိတ်ပေးတယ် ဆိုရင်တော့ ဦးလည်း မသိ အဟေးဟေး. . . ။
လူပုံလေးက ဝတုတ်တုတ်နဲ့ ပျော့မနေနဲ့ ကလေးမရဲ့။

Anonymous said...

မဗေဒါ နှစ်ယောက်ဖြစ်ရခြင်း အဓိက တရားခံဟာ ငယ်နိုင် ဖြစ်နေမလားပဲ။ ဘာဖြစ်လို့ လဲ ဆိုတော့ အရင် ဗေဒါ ရှိနေတာကို သိသိကြီးနဲ့  နောက်ဗေဒါကို ရေးတဲ့စာ တူမှာမဟုတ်ပါဘူး ဆိုပြီး လွှတ်ထားပေးတော့ မဖြစ်သင့်တာ ဖြစ်လာတာပေါ့။ နာမည်တူမရှားတာတော့ မရှားတာပေါ့လေ။ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ လုပ်ငန်း ကိုင်ခန်း တူနေရင် နာမည်တူ Register လုပ်ဖို့  ဘယ်မှာမှ ခွင့်မပေးပါဘူး။ ဒီတော့ အရင်ဦးဆုံး Register လုပ်ထားသူသာ မူလပိုင်ရှင်လို့  ပြောလို့ ရပါတယ်။ တစ်ယောက်က စာရေးတဲ့ မဗေဒါ၊ နောက်တစ်ယောက်က မုန့် ဟင်းခါးရောင်းတဲ့ မဗေဒါ ဆိုရင် ပြဿနာမရှိပါ။ ခုတော့ ပြေလည်သွားပြီဆိုတော့လည်း ပြီးတာပါပဲ။

ADMIN said...

တစ်နေ့ ဒီလိုဖြစ်လာမယ်ဆိုတာ ကျနော် အစ ကတည်းက သတိထားမိပါတယ်။

ယခု blog ပိုင်ရှင် မဗေဒါ ဆီကို ကျနော် အစ ကတည်းက မကြာခဏ ရောက်ဖြစ်ပါတယ်။ ကျနော်တို့နဲ့ ရှေ့ဆင့် နောက်ဆင့် ဝင်လာသူလို့ စကတည်းက သိထားပါတယ်။

နော်ဝေ က မဗေဒါ ဘယ်ချိန်က စ ပေါ်လာလဲဆိုတာ ကျနော် မသိပေမယ့် လွန်ခဲ့တဲ့ တစ်လက သူမ ရေးခဲ့တဲ့ "ရုရှရောက် ဒေါ်လာစား မြန်မာ မောင်ငယ်များ အတွက်" ဆိုတဲ့ post ကျမှ ကျနော် သူမ ဆီ ပထမဆုံးရောက်ခဲ့ပါတယ်။ post ကိုဖတ်ပြီး အောက်က ကလောင်ရှင်မှာ "မဗေဒါ" ဆိုတာကို တွေ့ချိန်မှာ ဒီ ဘလော့ပိုင်ရှင်လို့တောင် ကျနော် ထင်ခဲ့ပါတယ်။ ဒီဘလာ့ပိုင်ရှင်က ပေးပို့ထားတာလား?? ဒါမှမဟုတ် နောက်တစ်ခု ထပ်လုပ်ထားတာလား?? လို့ ကျနော် စဉ်းစားမိပါသေးတယ်။ နောက်မှ site bar က စာအချို့ကို ကျနော် ဖတ်ကြည့်တယ်။ ဒီ blog နဲ့ အဲဒီ blog နှစ်ခု ကို ကျနော် ယှဉ်ကြည့်ပြီး လုံးဝ ကွဲလွဲနေမှန်းသိမှ ကျနော် သူမ ကို comment ပေးဖြစ်ပါတယ်။ comment အပေါ်ဆုံးမှာတောင်

"မင်္ဂလာပါ မဗေဒါ
ပထမဆုံးအကြိမ် ရောက်ဖူးတာပါ
ပထမဆုံး ပြောချင်တာကတော့ မဗေဒါ ရဲ့ blogger သက်တမ်း ၂ လ အတွင်းမှာတင် မဗေဒါရဲ့ post
အတွက် အမှားတွေကို ထောက်ပြရလို့ စိတ်မကောင်းဖြစ်မိပါတယ်။"

လို့ ကျနော် ရေးခဲ့ပါသေးတယ်။ ပြီးတော့ ကျနော့် လုပ်ဖော် ကိုင်ဖက် အားလုံးကို ပြောဖြစ်တယ်။ အဲ့ဒီ post နဲ့ အဲ့ဒီ blog က အချိန်တိုအတွင်းမှာ ကျနော့် ကြောင့် တော်တော် နာမည်ကြီးသွားပါတယ်။ ရေးထားတဲ့ post က ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ post ဖြစ်နေလို့ ကျနော်လုပ်ဖော်ကိုင်ဖက် အားလုံးက မဗေဒါ ကို မကြည်ဖြူပါဘူး။ ကျနော့် comment တွေ ကို ပြန်မဖြေရှင်းတာကြောင့်လည်း ပါပါတယ်။ အဲ့ဒီနောက် တစ်ဆင့်စကား တဆင့်နားနဲ့ ပိုပြီး ပြန့်လာပါတယ်။ မဗေဒါ ကို ရှာဖွေသူတွေလည်း ပိုများလာပါတယ်။ ပြီးတော့ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ blogger နဲ့ blog ကို စိတ်ဝင်စားသူ အရမ်းနည်းပါတယ်။ အရင်တုန်းက ကျနော်တို့ အတူတူ တက်ခဲ့တဲ့ blogger ကိုရင်ညိမ်း တို့၊ ဝဿန်ဦး တို့ အပါအဝင် အခြား blogger တွေလည်း ပြန်သွားပြီဖြစ်တာကြောင့်လည်း ပါပါတယ်။ မသိတဲ့သူတွေက ဒီဘလော့ကို လာအော်ကြမယ် ဆိုတာ ကျနော် အရင် ကတည်းက သိနေပါတယ်။ ကျနော့် မိတ်ဆွေ တစ်ချို့ကိုတောင် ပြောမိပါသေးတယ်။ ဒါပေမယ့် အဲ့ချိန်က ကျနော် ဒီ blog ရဲ့ cbox မှာ မဗေဒါ ဆိုပြီး နော်ဝေ က မဗေဒါ က လာလည်ထားတာ တွေ့လို့ အချင်းချင်း ပြေလည်ပြီးသားလို့ပဲ ထင်ခဲ့ပါတယ်။

ဒါပေမယ့် ခုအနေအထား အရတော့ နှစ်ဦး လုံးက post တွေ တင်နေတော့ ဒီ blog ပိုင်ရှင် မဗေဒါ ပြောသလို တစ်ယောက်ယောက်က တစ်ခုခု လုပ်သင့်နေပါပြီ။

ADMIN said...

နော်ဝေက မဗေဒါက ယခု blog ပိုင်ရှင် မဗေဒါထက် အသက်လည်း အများကြီးကြီးသလို သူပြောသလိုဆိုရင် စာရေးတဲ့ သက်တမ်းလည်း ကြာနေပါပြီ။ တစ်ခါမှ သူမရဲ့ စာတွေ မဖတ်ဖူးပေမယ့် ၉၂ ကတည်းက စာရေးခဲ့တယ်လို့ သူမက ပြောထားတော့ သူမ အတွက်လည်း စဉ်းစားရမှာပါ။ သူမပြောတာ တကယ် မှန်တယ်ဆိုရင်တော့ သူမလည်း အနှစ် ၂၀ နီးပါး ကိုင်ခဲ့တဲ့ သူမ ရဲ့ ကလောင်ကို ပြောင်းလဲဖို့ ခက်ပါလိမ့်မယ်။ ၉၂ ဆိုတာ ကျနော့် comment ကို ပြန်ပြောတာပါ။ ယခုပြောထားတာက ခန့်မှန်းခြေ ၁၉၉၄ ပါတဲ့။ ဘယ်ဟာ အမှန်လဲဆိုတာ သူမ ပဲ သိမှာပါ။

ဒါပေမယ့်။ blogger သက်တမ်းနဲ့ blog ပေါ်က ကလောင် ကတော့ ယခု blog ပိုင်ရှင်က ပိုပြီး senior ပို ကျ သလို။ blogger အားလုံးက မဗေဒါဆိုရင် ဒီ blog ကိုပဲ သိထားတာရယ်။ အင်တာနက် ပေါ်မှာ မဗေဒါ လို့ ပထမဆုံး နေရာယူခဲ့တာတွေရယ်ကြောင့် ဒီ မဗေဒါ အနေနဲ့လည်း ပြောင်းလဲဖို့ မဖြစ်ပြန်ဘူး။

ဒီတိုင်းဆက်ထားမယ်ဆိုရင်တော့ ယခု blog ပိုင်ရှင် မဗေဒါ က ပိုနစ်နာပါလိမ့်မယ်။ ယခု blog ပိုင်ရှင် မဗေဒါ ကြောင့် နော်ဝေက မဗေဒါ ကို မထိခိုက်ပေမယ့်။ နော်ဝေ က မဗေဒါကြောင့် ယခု blog လာရောက် ပြီး ဆူတာတွေ အော်တာတွေ နောက်ထပ် ဖြစ်လာအုံးမှာပါ။ နော်ဝေက မဗေဒါ က နိုင်ငံရေး ခိုလုံထားပြီး နိုင်ငံရေးနဲ့ ဆိုင်တာတွေ လုပ်နေ၊ ရေးနေရင်တော့ ယ ခု blog ပိုင်ရှင် မဗေဒါ အတွက် လက်တလော အားဖြင့် မသိသေးသူတွေက လူမှားပြီး ဟော်ဟစ် နှောက်ယှက်တာတွေ တင်မကပဲ မဗေဒါရဲ့ အနာဂါတ် နဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ယခု မဗေဒါ ရဲက ဆွေမျိုးတွေ အတွက်ပါ ယခု အင်တာနက်ပေါ်မှာ လူမှားသလို သာဓက တွေဖြစ်လာပါလိမ့်မယ်။ ဖြေရှင်းလိုက်ရင် ပြေလည်သွားမယ် ဆိုတာထက် ဖြေရှင်းဖို့ မလိုတဲ့ အသုံးဝင်တဲ့ ပြဿနာဆိုရင် မလာခင်က ကြိုတားထားတာ ပိုကောင်းပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ post ဖြစ်ပေါ်လာတာ ယခု ဘလော့ ပိုင်ရှင် အတွက် အများကြီး ကောင်းပါတယ်။ ဒီထက်စောရင် ပိုကောင်းပါတယ်။ ယခုလည်း နောက်တော့ မကျသေးပါဘူး။ ဘယ်လိုလုပ်သင့်တယ် အကြံမပေးလိုပေမယ့် တစ်ဦး တစ်ယောက်ကတော့ သောချာပေါက် ပြောင်းလဲ မှုတစ်ခု လုပ်ကို လုပ်မှ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် နှစ်ဦးလုံးက ဒီနာမည် တစ်ခု ကို ကိုယ့်ကိုယ်ကို နာမည် ပေးဖို့ ရွေးချယ် ရလောက်အောင် စိတ်ချင်း တူနေမှတော့ အခြား တူတာတွေလည်း အများကြီး ရှိမှာပါ။ မိမိနဲ့ ယခုလို စိတ်ချင်းတူတဲ့ လူတစ်ယောက်နဲ့တွေ့ရတာ ဝမ်းသာ ကြည်နူးဖို့ ကောင်းပါတယ်။ အဲ့ဒီ တစ်ချက် ကိုလည်း နှစ်ယောက်လုံး ထည့်စဉ်းစားသင့်ပါတယ်။

sosegado said...

ကိုကိုးအိမ် ပြောသလိုပါပဲ၊
ဟိုမဗေဒါရဲ့ စာတွေကိုလည်းကြိုက် ဒီမဗေဒါရဲ့စာတွေကို လည်း သဘောကျလို့
တစ်ယောက်က ကိုရီးယားမင်းသားတွေကိုကြိုက်၊ တစ်ယောက်က မိန်းမအခွင့်အရေး၊
ဒီမဗေဒါကတော့ သူစာတွေဖတ်လာတာကြာပြီ၊ ဓါတ်ပုံကိုကြည့်ပြီး အသိတစ်ယောက်နှင့် တူလို့ အမှတ်တရရှိပါတယ်၊
နှစ်ယောက်လုံးကို စာတွေကိုဖတ်ချင်ပါတယ်၊
အဆင်ပြေကြပါစေ။

Unknown said...

ထင်တော့ ထင်တယ်.... တရက်ရက်တော့ ပြဿနာ တက်တော့မယ်လို့ ထင်နေတယ်.... တော်ပါသေးရဲ့ တယောက်နဲ့ တယောက် ပညာတတ်တွေပီပီ ယဉ်ယဉ်ကျေးကျေး နဲ့ ပြေပြေလည်လည် ပြီးသွားတော့လည်း ဝမ်းသာပါတယ်။ ကျွန်တော်လဲ အညတရ ဆိုတဲ့ ကလောင်နာမည် တူဖူးတယ်။ ကိုယ်က သူများတွေနဲ့ မတူအောင် နာမည်ကို သေသေချာချာ ၃။၎ လလောက် နေ့နေ့ညည စဉ်းစားပြီးမှ ပေးထားတာမို့ မပြောင်းချင်တာအမှန်.. ဒါနဲ့ ကလောင်နာမည်တူတဲ့ NYကညီလေးကို အကျိုးအကြောင်း သွားပြောပြတော့ အခုလိုပဲ သူလဲ နားလည်မှုရှိစွာပဲ ကလောင်နာမည် နောက်မှာ (မိဘမေတ္တာ) ဆိုပြီးတတ်ပေးတယ်။ အေးအေးဆေးဆေးပါပဲ အခုထိ သူလဲ စာကောင်းတွေ ရေးနေဆဲပဲ။ အကိုလဲ အခုထိ သူ့ရဲ့ စာတွေကို comment မပေးဖြစ်ပေမယ့် မှန်မှန်သွားပြီး ဖတ်နေဆဲပဲ။ အခုလို နားလည်မှုရှိကြရင် တို့blogger လောကလေးက ငြိမ်းချမ်းပြီး ပျော်စရာကောင်းတယ်ဟာ.....

Unknown said...

မဗေဒါလေးရေ အားတင်းထားပါ
နာမည်ပြောင်းစရာမလိုပါဘူး
ဒီအတိုင်းလေးပဲကောင်းပါတယ်
စာတွေလည်း စိတ်ကြည်လင်တဲ့အခါဆက်ရေးပေါ့
အမြဲအားပေးနေပါတယ်

ပုံ့မေ said...

မောတယ်....

ကော်မန့် တွေဖတ်ပြီးမောသွားတာ...

=)

အမက ပြောင်းပေးမယ် အချိန်ပေးပါဆိုတော့လဲ ကြည့်ကြည့်ဦးပေါ့ သယ်ရင်းရေ...

အိုခေမှာပါ...

Zay Tar Yar said...

ဗေဗေတို့ရေ ဗေဗေတို့ကိစ္စကလဲ လိပ်ခဲတည်းလဲဆိုသလို
ဇေကတော့ထင်တယ် နာမည်ဟာအရည်အချင်းအရေအ
သွေး တခုခုနဲ့ဘယ်လိုမှမပတ်သတ်လောက်ပါဘူးလို့လေ
အဆင်ပြေအောင်ကာယကံရှင်နှစ်ယောက်ညှိလိုက်ပါနှစ်
ဘက်လုံးကပရိတ်သက်တွေရှိတယ်မို့လား ပျားတစက်နဲ့
ပြည်ပျက်ဆိုတာမျိုးမဖြစ်စေလိုပါဘူး ဗေဗေတို့နှစ်ဦးစလုံး
ရဲ့စာကိုအားပေးနေတဲ့ပရိတ်သတ်တဦးပါ အသိညာဏ်
တွေဖြန့်ဖြူးပေးနေတဲ့လူနှစ်ယောက်ကို အားကျစရာအတု
ခိုးစရာ တွေနဲ့သာတွေ့မြင်ချင်တာကတော့ပရိတ်သတ်တ
ှုဦးရဲ့ဆန္ဒပါ ဒီဆန္ဒကိုအတ္တလို့ဆိုချင်တယ်ဆိုရင်လဲ မမတို့
အတွက်ဘဲလို့မှတ်ပေးစေချင်ပါတယ် လူတယောက်ကဘုန်းကြီးတပါးကိုဝေဘန်ဘူးတဲ့စကား
လေးတခွန်းကို ဗေဗေတို့ကိုလက်ဆောင်ပေးခဲ့ပါတယ်
အနတ္တဒေသနာဟောမဲ့လူတွေ အတ္တကြီးတာဟာကြည့်လို့မကောင်းဘူးတဲ့ ဗေဗေတို့ရဲ့စာဖက်သူပါ အားကျစရာအတုခိုးစရာတွေ
နဲ့ဘဲဆက်လက်မြင်တွေ့ခွင့်ပြုပါနော်..ကျွန်တော်ဇေတာရာပါ..။

Zay Tar Yar said...

ဗေဗေတို့ရေ ဗေဗေတို့ကိစ္စကလဲ လိပ်ခဲတည်းလဲဆိုသလို
ဇေကတော့ထင်တယ် နာမည်ဟာအရည်အချင်းအရေအ
သွေး တခုခုနဲ့ဘယ်လိုမှမပတ်သတ်လောက်ပါဘူးလို့လေ
အဆင်ပြေအောင်ကာယကံရှင်နှစ်ယောက်ညှိလိုက်ပါနှစ်
ဘက်လုံးကပရိတ်သက်တွေရှိတယ်မို့လား ပျားတစက်နဲ့
ပြည်ပျက်ဆိုတာမျိုးမဖြစ်စေလိုပါဘူး ဗေဗေတို့နှစ်ဦးစလုံး
ရဲ့စာကိုအားပေးနေတဲ့ပရိတ်သတ်တဦးပါ အသိညာဏ်
တွေဖြန့်ဖြူးပေးနေတဲ့လူနှစ်ယောက်ကို အားကျစရာအတု
ခိုးစရာ တွေနဲ့သာတွေ့မြင်ချင်တာကတော့ပရိတ်သတ်တ
ှုဦးရဲ့ဆန္ဒပါ ဒီဆန္ဒကိုအတ္တလို့ဆိုချင်တယ်ဆိုရင်လဲ မမတို့
အတွက်ဘဲလို့မှတ်ပေးစေချင်ပါတယ် လူတယောက်ကဘုန်းကြီးတပါးကိုဝေဘန်ဘူးတဲ့စကား
လေးတခွန်းကို ဗေဗေတို့ကိုလက်ဆောင်ပေးခဲ့ပါတယ်
အနတ္တဒေသနာဟောမဲ့လူတွေ အတ္တကြီးတာဟာကြည့်လို့မကောင်းဘူးတဲ့ ဗေဗေတို့ရဲ့စာဖက်သူပါ အားကျစရာအတုခိုးစရာတွေ
နဲ့ဘဲဆက်လက်မြင်တွေ့ခွင့်ပြုပါနော်..ကျွန်တော်ဇေတာရာပါ..။

Unknown said...

ထင်တော့ ထင်တယ်.... တရက်ရက်တော့ ပြဿနာ တက်တော့မယ်လို့ ထင်နေတယ်.... တော်ပါသေးရဲ့ တယောက်နဲ့ တယောက် ပညာတတ်တွေပီပီ ယဉ်ယဉ်ကျေးကျေး နဲ့ ပြေပြေလည်လည် ပြီးသွားတော့လည်း ဝမ်းသာပါတယ်။ ကျွန်တော်လဲ အညတရ ဆိုတဲ့ ကလောင်နာမည် တူဖူးတယ်။ ကိုယ်က သူများတွေနဲ့ မတူအောင် နာမည်ကို သေသေချာချာ ၃။၎ လလောက် နေ့နေ့ညည စဉ်းစားပြီးမှ ပေးထားတာမို့ မပြောင်းချင်တာအမှန်.. ဒါနဲ့ ကလောင်နာမည်တူတဲ့(မိဘမေတ္တာ)က
ညီလေးကို အကျိုးအကြောင်း သွားပြောပြတော့ အခုလိုပဲ သူလဲ နားလည်မှုရှိစွာပဲ ကလောင်နာမည် နောက်မှာ အညတရ(ခေတ္တနယူးယောက်) ဆိုပြီးတတ်ပေးတယ်။ အေးအေးဆေးဆေးပါပဲ အခုထိ သူလဲ စာကောင်းတွေ ရေးနေဆဲပဲ။ အကိုလဲ အခုထိ သူ့ရဲ့ စာတွေကို comment မပေးဖြစ်ပေမယ့် မှန်မှန်သွားပြီး ဖတ်နေဆဲပဲ။ အခုလို နားလည်မှုရှိကြရင် တို့blogger လောကလေးက ငြိမ်းချမ်းပြီး ပျော်စရာ ကောင်းတယ်ဟာ.....(အပေါ်က အမှားကို ပြန်ပြင်တာပါ... :D)