Friday, July 03, 2009

၁ပုံ ၅ကျပ် ၃ပုံ ၁၀

ဒီကင်မရာ (Canon 400D) ၀ယ်ပြီးမှ လူလဲ ခရီးသွားရင် ကင်မရာမန်း.... အဲလေ.. (ကင်မရာဝူးမန်း ပြောရမှာပေါ့...) လုံးလုံးကို ဖြစ်ရော... အမှန်တော့ ဓာတ်ပုံပညာကို အသိကြီးအတတ်ကြီး အကြိုက်ကြီးမဟုတ်ပင်မဲ့... (မကြိုက်တာတော့မဟုတ်ဘူး... အဲလောက်ခက်မှန်းသိရင် အရင်ကတည်းက မကြိုက်ပါဘူး)... သူများတကာတွေ အဲလို Pro ကင်မရာတွေနဲ့ ရိုက်ရင် ထွက်လာတဲ့ပုံလေးတွေက အဆင်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိလေးတွေဆိုတော့ ကိုယ်လဲ လိုက်လုပ်ကြည့်ချင်တာပေါ့... ကိုယ်လဲ ပုံလှလှလေးတွေ ရိုက်ချင်တာပေါ့... ဒါပေမဲ့ အထင်နဲ့ အမြင်နဲ့ လွဲခဲ့ရပါတယ်... ခုတော့ ကိုယ်ကသာ ကင်မရာကိုင်ပြီးသူများကို ပုံလှလှလေးတွေ လိုက်ရိုက်ပေးနေရတယ်... ကိုယ့်ပုံကျတော့ ရိုက်လိုက်ရင် တစ်ပုံမှ စိတ်တိုင်းမကျတာနဲ့ပဲ ရိုက်ချင်စိတ်လဲပျက်... Mood လဲပျက်ပြီး ဒီတစ်ခေါက် Indonesia, Bali ခရီးတစ်လျှောက်လုံး ဓာတ်ပုံတောင် သိပ်မရိုက်ဖြစ်ခဲ့တော့ဘူး... အမှန်တော့ အစထဲက ဒီလိုဖြစ်မယ်ဆိုတာတော့ သိပါတယ်... ဒါပေမဲ့ အိမ်ကလူတွေကိုလဲ အသုံးပြုနည်းရိုက်နည်းသင်ပေးလိုက်ရင်တော့ ငါလဲ လှလှလေးတွေရိုက်လို့ရပြီပေါ့ဆိုပြီး ထင်ခဲ့မိတာ... လက်တွေ့မှာတော့ တစ်ခါတစ်ခါရိုက်ဖို့ ဒီလောက်အလုပ်ရှုတ် ဒီလောက်ချိန်နေရတာ ဘယ်သူမှလဲ စိတ်မရှည်ကြပါဘူး... အဟင့်... ဒီကင်မရာ ဒီကင်မရာ... ဟင်းးးးးးးးးးးးး...

တကယ်တော့ မထင်မှတ်ပဲ Sale နဲ့တိုး... ငွေယားလေးကလဲ လက်ထဲမှာရှိလိုက်တဲ့အချိန်ဆိုတော့ ကိုယ့်ဒုက္ခလေးကိုယ်ရှာပြီး ၀ယ်ခဲ့မိပါလေရောလား...

ဒီလိုနဲ့ ကိုရီးယားသွားတော့လဲ ကင်မရာအကြောင်းနကန်းတစ်လုံးမှ မသိသေးပဲ တဖျက်ဖျက်လျှောက်ရိုက်... လည်ပင်းအလေးခံပြီး ကင်မရာတွေကို သယ်... ပြီးတော့လဲ ကောင်းကောင်းကန်းကန်းတစ်ခုမှ မရိုက်လာဘူး... Manuel ဖတ်ဖို့ကလဲ ပျင်းသေးတယ်... အခန့်သင် ဆရာတစ်ယောက်လောက်လာသင်ပေးရင်တော့ တော်သေးတာပေါ့... ကိုယ့်ပတ်ဝန်းကျင်မှာတော့ ဒီလိုကင်မရာတွေကို သုံးတဲ့ သိတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ အတော်များပါတယ်... ဒါပေမဲ့ သူအားတဲ့အချိန်ကိုယ်မအား ကိုယ်အားတဲ့အချိန် သူမအားနဲ့ အားတဲ့ရက်လေး အိမ်မှာပဲနေချင်လို့ မသွားတာနဲ့ ကိုရီးယားက ပြန်လာတည်းက ဒီအတိုင်းကို သိမ်းထားလိုက်တာ... ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် စကာင်္ပူရောက်တော့မှ ရိုက်မယ်ဆိုပြီး ထုတ်လိုက်တော့ ရိုက်လို့မရတော့ဘူး... ဘာဖြစ်မှန်းကမသိ... အတော်လေးရွာလည်သွားတယ်... service center ပဲပြေးရတော့မလား... သိတဲ့ အပေါင်းအသင်းတစ်ယောက်ကိုပဲ ဆရာခေါ်ရမလား အတော်စိတ်ပျက်သွားတယ်...

နောက်တော့မှ သူငယ်ချင်းရဲ့ သူငယ်ချင်း (ကိုယ်နဲ့လဲ အလိုက်အထိုက်ခင်တဲ့ ကောင်လေး) တစ်ယောက်ကို အိမ်တိုင်ရာရောက် သွားမေးတော့မှပဲ အဖြေပေါ်တော့တယ်... တော်သေးတာပေါ့ Service Center မသွားလိုက်လို့... သွားလိုက်ရင် အရှက်ကွဲအုံးမယ်... ကင်မရာကဘာမှ မဖြစ်ဘူး... ကိုယ့်ဟာကိုယ် Lens တတ်တာ အံမ၀င်လို့ရိုက်လို့မရတာ... ဒါနဲ့ သူ့ဆီက ရိုက်ပုံ ရိုက်နည်း တစ်စေ့တစ်စောင်းလေ့လာလိုက်တာ နည်းနည်းပါးပါးတော့ သိလာတာပေါ့... Aperture value, shutter speed ဘာညာပေါ့နော်... သူပြောပြတာတော့ Manual စာအုပ်အကုန်နဲ့ Tips and tricks တွေစုံလို့ပဲ... ဒါပေမဲ့ နာရီပိုင်းလေးအတွင်း ဆိုတော့ Aperture နဲ့ shutter speed တောင် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ တစ်ခါတစ်ခါ မှန်မှန်သိအောင် ၅မိနစ်လောက်အချိန်ပေးစဉ်းစားနေရတာဆိုတော့... ဘယ်လိုလုပ် အကုန်မှတ်မိမလဲ... ကျမဦးနှောက်ကလဲ ကွန်ပြူတာမှာဆိုရင် ပင်တီယန် 3, 64 M လောက်နဲ့ run နေသလို လူနာမည်တောင် ၁ခါပြော ၂ ခါပြော မမှတ်မိတာ... ခေါင်းထဲက Memory တော်တော်များများက ရုပ်ရှင် ဇာတ်လမ်းတွဲတွေနဲ့ပဲ ပြည့်လုပြည့်ခင်ဖြစ်နေတာဆိုတော့... စာမေးပွဲမှာ စပေါ့ရိုက်ကျက်တဲ့ ကျောင်းသားလိုပဲ အဓိက ၂ခုပဲ မမေ့အောင် မှတ်လာရတာပေါ့... တကယ်ကိုပဲ အဲဒိကောင်လေးက ကျေးဇူးရှင်ပါပဲ... သူက ကျမ ခရီးသွားရင်ရိုက်ရလွယ်အောင် Lens အသေးလေးတစ်လုံးတောင် ထပ်ပေးလိုက်သေးတယ်... သူပေးတဲ့ Lens လေးက Zoom ဆွဲလို့မရပေမဲ့ ကျမလို အသစ်အဖို့ ရိုက်ရ အတော်အဆင်ပြေသဗျ... ကျေးဇူးရှင်လေးရေ... သာဓုနော်...

ခရီးဆိုလိုမှ အစကတော့ ဘလော့လာ ဧည့်သည်တွေကို မပြောပဲ လျှို့ဝှက်ထားမလို့ပဲ... တမင်လျှို့ဝှက်ချင်လို့တော့ ဟုတ်ပါဘူး... ဂျပန်ခရီးလဲ ခုမှ Day2 မပြီးသေးဘူး... ကိုရီးယားလဲ Day 2 မလာသေးဘူးဆိုတော့ ခုခရီးစဉ်ကို တိတ်တိတ်လေး မသိချင်ယောင်ဆောင်လိုက်မလို့... ခုတော့ ပိုစ့်ကလဲ မတင်တာကြာ... ရိုက်ထားတာလေးတွေလဲ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြကြည့်မလားလို့... အမှန်တော့လဲ ဒီ အင်ဒိုနီးရှား ဘာလီ ခရီးစဉ်ကို သိပ်တော့ မပျော်ခဲ့ပါဘူး... အဲဒိ နေရာက ပျော်စရာမကောင်းလို့မဟုတ်ပါဘူး... အဲဒိမှာ ကျမ ဗွီဒီယိုကင်မရာလေး Stand ပေါ်က လဲကျပြီး ကွဲသွားလို့.. အဟင့် ဟင့်.. ဗြဲ..... ရွှတ်...

သူမရှိတော့တဲ့ နောက်ပိုင်းကစပြီး ကျမလဲ သိပ်မပျော်တော့ဘူး... လူလဲ အတော်လေးတော့ အားသွားတယ်... ဗွီဒီယို ကင်မရာ တစ်ကိုင်ကိုင်နဲ့ လုပ်စရာအလုပ်မရှိတော့လို့လေ... ခရီးသွားလို့ ပိုစ့်မရေးဖြစ်တာက ၁ပတ်လောက်... ခရီးကပြန်လာတော့လဲ ဗွီဒီယိုကင်မရာ ပျက်သွားလို့ စိတ်မရွှင် Mood မလာတာနဲ့ စာမရေးတာ လတောင် ၁လ ကုန်သွားပြီ... ဒီတော့ တစ်ခုခု တင်မှ ဖြစ်တော့မှာမို့ မဗေဒါရဲ့ ဓာတ်ပုံလက်စွမ်းလေးတွေကို လာလေရော့ဟဲ့.... ကြွားလိုက်မယ်.... (မရယ်ကြပါနဲ့နော်.... )

Photobucket
သူများတွေ ရေထဲမှာ ဟိုဟာစီး ဒီဟာစီး (Banana Boat ဘာညာစသည်) နေတဲ့အချိန်မှာ ကင်မရာတစ်လုံးနဲ့ ဟိုစမ်းဒီစမ်း Setting မျိုးစုံပြောင်းပြီး လိုက်ရိုက်ထားတဲ့ Model ပန်းပုံ...

Photobucket
ဟောဒါက မော်ဒယ်ပန်းရဲ့ ဘေးအလှ

Photobucket
မော်ဒယ်ပန်းနဲ့ နောက်က တဲ... တဲက ကိုယ်လိုချင်တာထက်နည်းနည်းလေးပိုဝါးသွားတယ်... ဘယ် Setting ထားပြီးရိုက်ရင်တော့ ပိုကောင်းမလဲ သိပါဘူး... ညောင်းလာတာနဲ့ ထပ် မကြိုးစားတော့ဘူး...

Photobucket
ဒါက တစ်ပင်လုံးခိုင်ကို ရိုက်လာတာ....

Photobucket
ဒီပုံကလဲ ခုတ်ရာတခြား ရှရာတခြားဖြစ်လာတာပဲ... ဘယ်နားခုတ်ပြီး ဘယ်နားရှသွားလဲဆိုတာတော့ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားကြပါတော့..

Photobucket
အင်ဒိုနီးရှားပါတိတ် ယက်ကန်းစင်

Photobucket
လက်မှုစစ်စစ် ပါတိတ်စစ်စစ် (ဈေးတော့ မဆစ်နဲ့တဲ့... အဟင့်)

7 comments :

ရွက်လွင့်ခြင်း said...

နဲနဲလေး ထပ်လေ့လာလိုက်ရင် ကောင်းကောင်း သုံးလို့ ရသွားမှာပါ
စိတ်ဓါတ်မကျပါနဲ့ 

နွေးနေခြည် said...

နေခြည်လဲ ကြားရဖန်များတော့ တော်တော်တော့ နားရည်ဝနေပြီ ဟီးးဟီးး... ဟိုနေ့ကလည်း တပုံ၂ပုံ လက်တည့်စမ်းကြည့်သေးတယ်။ တော်တော်မလွယ်တဲ့ကိစ္စပဲ မျက်စိကလည်း တဖက်မှိတ်ထားတော့ညှောင်း၊ လက်ကလည်း တုန်နေနဲ့... ဘာပုံမှမရခဲ့ဘူး ... ဟူးးး

မဗေဒါနေခြည့်ထက် အများကြီးတော်တယ် ... ဆက်ကြိုးစား အမ

MrDBA said...

ဟယ် ကင်မရာပြန်ကောင်းသွားပြီပေါ့။ ခရီးခဏခဏသွားနိုင်တာကို အားကျထှာ။

Phyo Maw said...

နောက်ဆို ခရီးသွားရင် အဖော်စပ်ဖို့ ခေါ်စေချင်ပါတယ်လေ။
ကင်မရာကတော့ မန်နူရယ်ဆိုတာကြီးကို ဖတ်ကိုဖတ်ရတယ်လို့ တွေ့သမျှ ဆရာ့ ဆရာတွေက မျက်နှာတင်းတင်းပြီး ပြောတာခံခဲ့ရဖူးလို့ ပြန်လက်ဆင့်ကမ်းရရင် မန်နူရယ်ဖိဖတ်ပါ။ :D

nyimuyar said...

first photo is nice among them. :D anyway 400D is nice camera. cheers

Heartmuseum said...

I like first one. That's the nice shot.

Heartmuseum said...

အလယ်ကပုံကို ရှရာလိုက်ရှာတယ်.... မတွေ့ဘူး :D