Sunday, November 30, 2008

ဆုတောင်း

ကုသိုလ်တူတူပြုဖူးရင်..
ရေစက်ဆုံတယ်တဲ့...
ဒါဆို အတူပြုဖူးတဲ့ ကုသိုလ်တွေအားလုံး..
နင်ယူသွားပါ..
ဘ၀ဆက်တိုင်းပြန်မဆုံပါရစေနဲ့...

ပြုသူအသစ်..
ဖြစ်သူအဟောင်းလို့ ကြားဖူးတယ်..
နင်ပြုခဲ့သမျှကို ငါကျေအေးတယ်..
နောက်ထပ်မဆုံတွေ့ပါရစေနဲ့...

ဒီလောက်တောင်မုန်းလားတဲ့...
လူတွေကမေးတယ်...
မမုန်းပါဘူး..
မုန်းရလောက်အောင်တောင်...
စိတ်ထဲမှာ မထားချင်တော့ဘူး..
ငါ့ဘ၀ထဲက အပြီးတိုင်ထွက်သွားပေးပါတော့.....

ငါ့ဆုတောင်းတွေပြည့်တဲ့တနေ့...
အချစ်ဆိုတာကို ငါထပ်ယုံချင်သေးတယ်...


16 comments :

Dr Phyo Wai Kyaw said...

ခံစားရပါသည်။

ဟန်လင်းထွန်း said...

အယ် ဘယ်လိုတွေဖစ်နေပါလိမ့်။ သနားပါတယ်

Ko Min Htet said...

ဗေဒါ့ဆုတောင်းကို ဖတ်ပြီး ကျနော့်ရင်ထဲ တစ်ခုခုကျန်ရစ်တယ်ဗျာ။ မဗေဒါကတော့ တကယ်ပေးတတ်တယ်နော်။

Anonymous said...

သိတ်ခံစာနေရရင်ဖြူဖြူကျော်သိမ်သီချင်အော်ဆိုလိုက်၊ဒါမှပေါ့ သွာမှာ၊ရင်မှာခံစာသူမမြင်နှိင်ပေအသဲထဲကအတွင်ကြေ။

Anonymous said...

အဲဒီလို ဖီလင်မျိုးနဲ့ ရေးတာတွေ သိပ်ကိုသဘောကျတယ်..း)။

mabaydar said...

အလှတရား - ဘယ်လိုခံစားရတာတုံး.. ?
ဟန်လင်းထွန်း - သနားရင် အော်စီလာရင် ထမင်းကျွေးနော်.. ဟဲ.. ဟဲ..
ကိုမင်းထက် - တစ်ခုခုကျန်ရစ်လား.. မဗေဒါကတော့ ကျန်ရစ်မဖြစ်ချင်ဘူး.. အဟိ... ချန်ရစ်ပဲ ဖြစ်ချင်တယ်..
ကိုထိုက်ရေ.. - အဲဒိသီချင်းက ကော်နီမူရင်းပါ..
ဖြူဖြူကျော်သိန်းရဲ့ ဟိုသီချင်းကို ပိုဆိုချင်တာ..
"အကြင်နာကို နာတာတွေနဲ့ ဖုံးလွှမ်းလိုက်တော့.. ရင်မှာ မင်းလုံးဝမရှိတော့ဘူး".. အဟင့်.. ဟင့်... ငိုချင်လာပြီ.. ဗြဲ.. ဟဲ.. ဟဲ..

mabaydar said...

ဒါပေမဲ့ ဖီလင်နဲ့ရေးတဲ့ပိုစ့်တွေက ပေးရတဲ့တန်ဖိုးကြီးတယ် ကိုမိုးမောင်ရေ..
သဘောကျတယ်ဆိုတော့ ခံစားရကျိုးနပ်တာပေါ့.. ကျေးဇူးပါ..

Retkhita said...

ကောင်း၏ အမုန်းမပွားပဲ ဥပစ်ခါ ၀ါဒီ ကျင့်သုံးခြင်းက မြတ်၏ ...စာလုံးမှားနေရင်သီးခံပါ :P

Unknown said...

ကဗျာလေးက ဖတ်လို့ကောင်း၏။
ရင်ထဲကလာလို့လားတော့မသိ.....

:P said...

တော်တော်လေးက်ု မပတ်သက်ချင်တော့ပုံပဲ

Anonymous said...

ငါ လဲ ဘယ်တော့မှ ပြန်မဆုံရပါစေ နဲ့ လို့ဆုတောင်း တယ်။ ဒီဘဝ တင် မဟုတ်ဘူး နောင်ဘဝတွေ မှာလဲ ထပ်ပြီးမဆုံဆည်း ချင်ဘူး။ ဒီကဗျာ က တကယ့် ငါ့ရင်ထဲ က ခံစားချက် နဲ့ တထပ်ထဲ ပဲ။

တကယ့် ခံစားချက် ပြည့်ဝ တဲ့ ကဗျာ လေပါ။

Anonymous said...

မယုံနဲ့ မယုံနဲ့  အချစ်ဆိုတာ မုသားတွေ နဲ့ ပေါင်းစုထားတဲ့ စာစုလေးတစ်စု ....

Anonymous said...

မဗေဒါတယောက်သူရဲကဗျာလေထဲကလိုဆုတောင်းပြည့်ပါစေး။

mabaydar said...

Retkhita - ဟုတ်၏.. ကိုယ်စိတ်ချမ်းသာဖို့က အဓိကပဲမှတ်လား..

ကိုဟတ်ကြီးရော ဘယ်လိုဆုတောင်းမလဲ သိချင်လိုက်တာ..

စင်ဒန်းလားရေ.. မပတ်သတ်ချင်တော့တာမှ ဒီဘ၀တင်မကဘူး နောက်ဘ၀ဆက်တိုင်းပါပဲ..

နိုဝင်ဘာစိုးရေ.. မပတ်သတ်ချင်တော့ဘူးဆိုရင် စိတ်ထဲတွေးမနေပါနဲ့တော့ တိုက်ဆိုင်မှုရှိရင် သတိရတယ်ဆိုပေမဲ့လဲ ခပ်ပေါ့ပေါ့ပဲတွေးလိုက်ပါ.. အမြန်ဆုံး ပျော်ရွှင်မှုရလာမှာပါ.. မဗေဒါ နိုဝင်ဘာစိုးအတွက်ပါ ပိုဆုတောင်းပေးလိုက်မယ်နော်.

မောင်မျိုး ကြည့်ရတာ ကောင်မလေးတွေကို မုသားတွေလိုက်ပြောနေကျထင်တယ်..

ကိုထိုက်ရေ.. ကျေးဇူး..

Anonymous said...

ကဗျာလေး အရမ်းကောင်းတယ်.. heart ထိတယ်... ဆုတောင်းတွေ ပြည့်ဝပါစေ....

ညီအကိုများ said...

ကဗျာလေးခံစားသွားကြောင်းပါ..

မိုးကြယ်