Tuesday, November 11, 2008

ဂျပန်ပြန်လက်ဆောင်

ပြန်ရောက်ပြီး အရင်ဆုံးတွေ့ချင်ခဲ့တာ ဒီဘလော့လေးပဲ.. ရောက်တာနဲ့ ဘလော့လေးကိုဖွင့်ပြီး ဘယ်သူတွေများအားဆေးတိုက်ထားသေးလဲလို့ အားရပါးရပြေးကြည့်မိခဲ့တာပဲ...
ဒါပေမဲ့ ရိုက်လာတဲ့ ဗွီဒီယိုကိုနဲ့ ဓာတ်ပုံတွေပြန်ကြည့်တာရော.. လေယာဉ် ၇နာရီကျော်စီးခဲ့ရတာရော.. ဂျပန်မှာနေခဲ့တဲ့ ၁၁ရက်လုံးလုံးလဲ တစ်ရက်မှမနားပဲ အပြင်လျှောက်သွားနေတာရော.. ဂျပန်မှာအေးပြီး စကာင်္ပူမှာပူနေတဲ့ ရာသီဥတု အပြောင်းအလဲကြောင့်ရော.. မဗေဒါ နုံးချိပြီး တစ်ကိုယ်လုံကိုက်ခဲ မကြည်မလင်ဖြစ်နေလေတော့.. ဘလော့လေးကို ရေးဖို့ အားကမရှိဖြစ်နေတယ်.. ဂျပန်သွားခဲ့တဲ့ ခရီးသွားမှတ်တမ်းကိုတော့ နောက်မှအချိန်ရရင်ရသလို မျှဝေပေးမယ်နော်.. ရေးချင်တာများလွန်းလို့ ဘာမှမရေးဖြစ် ဖြစ်နေတာ... ရိုက်လာတဲ့ ဗွီဒီယိုကလဲ အက်ဒစ်လုပ်ဖို့ရှိသေးတယ်..

ခုတော့ ဘလော့လေးရေးချင်လွန်းလို့ နေမကောင်းတာကိုလဲ အေးဆေးနားမှဖြစ်မယ်ဆိုပြီး အလုပ်ပါဆေးခွင့်ယူထားလိုက်ပြီ...
အဓိကကတော့ လာလည်တဲ့သူငယ်ချင်းတွေကို လက်ဆောင်ပေးမယ်ပြောခဲ့ပါရောလား....
အဟဲ.. ဘာပေးရမှန်းမသိဘူး.. ဒါပေမဲ့ ပြန်မဲ့မနက် တိရိစ္ဆာန်ရုံသွားရင်း အဲဒိနားက ဘုရားကျောင်းက ကံကောင်းခြင်းလက်ဆောင်လေးတွေပဲ အားလုံးအတွက် ယူလာလိုက်တယ်..
ရင်ဂိုသီချင်းတော့ ဟုတ်ဘူး...
စောင့်ရှောက်ထားကြတဲ့သူတွေက များတော့ လက်ဆောင်တောင်ဘယ်လိုပေးရမှန်းမသိတော့ဘူး..
လာရောက်ပြီး ကွန်မန့်မှာအားဆေးတိုက်သွားတဲ့ အထူးမိတ်ဆွေ ၁၀ရောက်ဖြစ်တဲ့ ဟန်လင်းထွန်း၊ ဘိုဘို၊ ကိုမိုးမောင်(Happycloud)၊ တောင်ပေါ်သား၊ ကိုဟတ်MrDBA၊ Missthonnthonn၊ မောင်မျိုး၊ မခင်ဦးမေ နဲ့ Blackdream တို့ကို အရင်ဆုံးပေးရမှာပေါ့..
ပြီးရင် ဆီဗုံးမှာ လာနှုတ်ဆက်သွားတဲ့သူငယ်ချင်းတွေကိုပေးမယ်..
ပြောနေကြာပါတယ်.. အားလုံးကိုပေးမယ်.. စပြီ...

ပျော်ရွှင်မှုတွေရအောင်ပဲ ဖြစ်ဖြစ်.. ပိုက်ဆံနဲ့ပတ်သတ်ပြီကံကောင်းချင်သူတွေအတွက်ပဲ ဖြစ်ဖြစ်..
အောက်က ပုံထဲက အဆောင်လေးတွေကို ယူနိုင်ပါတယ်..



ပညာရေးနဲ့ပတ်သတ်ပြီး ကံကောင်းချင်သူတွေအတွက်တော့...



နေမကောင်း ထိုင်မကောင်းဖြစ်နေတဲ့သူတွေပဲ ဖြစ်ဖြစ်.. ကျန်းမာရေး ကံကောင်းဖို့အတွက်ပဲဖြစ်ဖြစ် သူတွေအတွက်တော့.. ဟောဒီအဆောင်လေးကိုယူ.. ကျန်းမာရေးဆိုတာလဲ အဓိကကျတာပဲလေ..
(လောလောဆယ်တော့ မဗေဒါယူရမယ်..)



မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုပေမဲ့... ယာဉ်ကားမောင်းရင် မလိုအပ်တဲ့ဒုက္ခတွေ မရှိရလေအောင်.. ကားမောင်းတဲ့ သူတွေအတွက်..



အားလုံးအတွက် အထွေထွေကံကောင်းဖို့အတွက်ကတော့.. ဟောဒီမှာ.. ကံကောင်းခြင်းလက်ဆောင်..


ဒီဟာကတော့ ကိုယ့်မွေးလပေါ်မူတည်ပြီး ကိုယ်က ဘယ်ပန်းကို ကိုယ်စားပြုတယ်ဆိုတာရယ်.. ကိုယ့် personality ရယ်ကိုပြောပြထားတယ်.. ကိုယ့်မွေးလပေါ်မူတည်ပြီး တစ်ယောက်တစ်ခုသာယူကြပေတော့.. ဖုန်းမှာချိတ်ထားလို့ရတယ်.
ဟောဘေးမှာ Pray for Health and long life ဆိုတာလေးပါပါတယ်... အဲဒါလဲယူလို့ရတယ်နော်..
















Personality chart လေးကဓာတ်ပုံရိုက်ထားတာနဲနဲဝါးသွားတယ်.. ဆော်ရီး.. ဟီး.. ဟီး..
ဖတ်လို့ရမယ်တော့ထင်ပါတယ်.. မဗေဒါလဲကိုယ့်အတွက်ဝယ်လာတယ်.. ဖေဖော်ဝါရီမွေးတဲ့သူက မက်မွန်ပန်းတဲ့ "iljimae" ရုပ်ရှင်ထဲက မင်းသားရဲ့အမှတ်အသားနဲ့တူလို့ သဘောကျပြီးဝယ်လာတာ.. ဖုန်းမှာချိတ်ထားတယ်..














အော်... ကွန်မန့်မှာ ဘာလိုချင်တယ်ဆိုပြီးတော့ကို သေသေချာချာပူဆာသွားတဲ့သူတွေအတွက်ကတော့ မဗေဒါပါတာလေးတွေပေးမယ်နော်.. ကွန်မန့်တွေက မဗေဒါပြန်ရောက်ပြီးမှဖတ်ရတာဆိုတော့ ဘာတွေမှာကြမှန်းမဗေဒါကြိုမသိရဘူးလေ.. တော်သေးတယ်ပါလာလို့...
ဂျပန်မလေးလိုချင်တယ်လို့မှာလိုက်တဲ့.. ဘိုဘို နဲ့ မောင်မျိုး အတွက်.. ဂျပန်မစစ်စစ်နဲ့ ဘုရားပွဲဈေးမှာတွေ့တာနဲ့ ကမန်းကတန်း ဓာတ်ပုံတွဲရိုက်ပြီး ဘလော့ပေါ်ခေါ်လာလိုက်တယ်.. ကြိုက်မယ်ထင်တယ်.. လှမှလှ.. ငှဲ.. ငှဲ...


ကိုမိုးမောင်နဲ့ တောင်ပေါ်သားက မုန့်ဝယ်ခဲ့ပါတဲ့.. ၀ယ်လာတဲ့မုန့်တွေတော့ရှိတယ်.. ဓာတ်ပုံမရိုက်လိုက်ခင်မှာပဲ ကုန်သွားလို့..
တော်သေးတယ်.. ဖူဂျီတောင်သွားတုန်းက လမ်းကဟော်တယ်မှာကျွေးတဲ့ ဘန်တိုထမင်းဘူးလေးတော့ ဘလော့ဂါသူငယ်ချင်းတွေအတွက် တိတ်တိတ်လေးယူလာတယ်..ကိုမိုးမောင် ကြိုက်လားတော့မသိ...

အော်.. သားသားတောင်ပေါ်သားအတွက်တော့ မမကြီးဗေဒါရယ်.. မမကြီးမယ်ဂုမိရယ်တိုင်ပင်ပြီး သားသား ၂၄နှစ်ပြည့်မွေးနေ့အတွက် ချိုလိမ်လေးရယ်.. သွားရည်ခံလေးရယ်ဝယ်လာတယ်.. သတိတရကိုဝယ်လာတာနော်.. ကြိုက်မယ်ထင်ပါတယ်..



မဗေဒါခုလို ဘလော့လေးနဲ့ဝေးကွာပြီး အသစ်တွေမတင်နိုင်တာတောင် အမြဲမှန်မှန်လာရောက်ဖတ်ရှုအားပေးနေတဲ့.. ဘလော့ဂါသူငယ်ချင်းတွေအားလည်းကောင်း.. ဘလော့ဂါမဟုတ်သောသူငယ်ချင်းများအားလည်းကောင်း.. မဗေဒါအပြင်သူငယ်ချင်းများအားလည်းကောင်း.. အထူးသဖြင့် မဗေဒါရဲ့မိသားစုအားလည်းကောင်း.. ခုလိုကြည့်ရှုစောင့်ရှောက်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါကြောင်း....

17 comments :

thonn thonn said...

မဗေဒါရေ..ပညာရေးကံကောင်းခြင်းလက်ဆောင်လေး
ကော်ပီသွားတယ်။ desktop ပေါ်တင်ထားလိုက်မယ်။
လောလောဆယ် အရေးအကြီးဆုံးက ပညာရေးဖြစ်နေလို့။
မဗေဒါကို ကျေးဇူးတင်တယ်။ :) ပျော်ခဲ့ရဲ့မဟုတ်လား။

khin oo may said...

ကျန်းမာခြင်းလက်ဆောင်ယူသွားပါတယ်။ ကျန်းမာချင်လို့။ (ကျန်းမာပြီးသားပါ. ရှေ့ရေးအတွက် စိတ်ချရအောင်လို့)

ZMT said...

အမရေ ၀င်ငွေကောင်းအောင် အ၀ါရောင် ကံကောင်းခြင်းလက်ဆောင် ယူသွားတယ်ဗျ :)

Anonymous said...

အစ်မရေ ကျန်တာတော့ မယူတော့ပါဘူး ဈေးကြီးနေမှာ စိုးလို့
ဂျပန်မလေးပဲ မသွားတော့မယ် :P
မျက်နာက ဖွေးဆွတ်နေတာပဲနော် .. မိတ်ကပ်တွေ အများကြီး လိမ်းထားတာလား မသိဘူး ..:P

Unknown said...

ငါလိုချင်တာ ဒါတွေမဟုတ်ဖူး... ချစ်လေးရေ ပဲရစ်မြို့ကိုလဲ မရခြင်ပါဘူး...။ ဟိုက် ကိုညီထွဍ္ဍ်သီချင်းနဲ့ ရောသွားပြီ...။ ငါလိုချင်တာ အဲ့ဒါတွေဟုတ်ဖူး...ဟိ။ :P သိချင်ရင် Two Body Tiger လာမေး :P

ဟန်လင်းထွန်း said...

အကုန်လုံးယူသွားတယ် အမရေ ကျေးဇူး

တောင်ပေါ်သား said...

မကြီးရေ လက်ဆောင်အားလုံးကို ယူသွားတယ်နော့် ဟီး ချိုလိမ်လေး အကြိုက်ဆုံး ကျေးဇူးပါ အမရေ...

MrDBA said...

"ကျမ်းမာရေး ကျမ်းမာရေး" (အဝေးပြေးကား ပေါ်မှာအော်နေတာမဟုတ်ဘူးနော် ဟိဟိ)

အသက်တွေက ကြီးလာပြီဆိုတော့ ကျမ်းမာမှဖြစ်မယ်။ ယူလိုက်ပြီဗျာ။
နောက်ရော ဘာပါသေးလဲ .. ဂျပန်ရိုးရာ ဟဝှာပြုခဲ့သေးလား၊ နေမယ်မထင်ပါဘူး။ :P

Minn Yoon Thit said...

ဟားဟား ကျွန်တော့် အတွက်တော့ ချိုလိမ်လေး မပါဘူးလား အမရ..။ အခုမှ သွားပေါက်ကာစဆိုတော့ သွားယားတတ်လို့ ဟိဟိ...။ :P

Anonymous said...

အစ်မ ကျွန်တော်ကတော့ အထွေထွေ ကံကောင်းခြင်း အဆောင်လေးကို ယူသွားတယ်.။ နောက်ပြီး ဘန်တို ထမင်းဘူးထဲက ထမင်းလိပ်လေး နှိုက်စား သွားတယ်.။

ကျားလေး
http://kyarlay.blogspot.com

Anonymous said...

ပလော်ဖက်ဆာကြီးရေ..
ထမင်းဘူးတောင် သိုးပြီလား မသိဘူး...
ကွန်ပြူတာ ပျက်နေလို့ ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်နေတာ အခုမှ လာယူရတယ်... ခုလို အမှတ်တရ ရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ဗေဗေရေ..း)

Than Yaw Zin said...

အချစ်ရေးအတွက် ကံကောင်းစေတဲ့ လက်ဆောင်လည်းပါဝူး။ ရှိတာလေးတွေဘဲ ယူသွားတော့မယ်။

pandora said...

မဗေဒါရေ ဂျပန်ပြန် လက်ဆောင်လေးတွေ လာကြည့်သွားတယ်နော်။ ကျေးဇူးပါပဲ။

Unknown said...

ဒေါ်ဗေဒါ.... မလေးသွားတုန်းကပုံနဲ့ ဂျပန်ကပုံ Body ယှဉ်ကြည့်မိလား...... ဟင်.... အဆဲခံရမှာကြောက်လို့ ဆက်မပြောတော့ဘူး...ဟီ...ဟိ

mabaydar said...

ဒီ ဘော်ဒီလှလှလေးကိုပဲ လာထိခိုက်နေကြတာပဲ.. ဒီမှာ ဦးဦးဟတ်.. မလေးသွားတုန်းက..ရည်းစားနဲ့ပြတ်ခါစအပြင် ထမင်းဟင်းချက်ကျွေးမယ့်သူလဲမရှိတော့.. ဒီလိုပဲပေါ့.. ဂျပန်မှာအစားစားလိုက်.. ဖေဖေမေမေတို့ကလဲ ခုပြန်ရောက်နေတော့ ဟဲဟဲ.. ဒီလိုပဲပေါ့.. စိတ်ချမ်းသာတယ်လေ... ဒါပေမဲ့ သေချာကြည့်ပါ.. မဗေဒါဝတ်ထားတဲ့အင်္ကျီက ပွနေတာလဲပါပါတယ်.. မဖြစ်ဘူး.. ပိန်တဲ့တစ်ပုံ ထပ်တင်မှ.. အဲလိုမှန်းသိရင် ဂျပန်မချည်းပဲ ရိုက်ခဲ့ပါတယ်... ဂျပန်မကြည့်ပါဆို.. သူ့ဘေးက အလှပဂေး မီးမီးဗေဒါကိုပဲ လိုက်ကြည့်နေကြတယ်.. ရှက်.. ရှက်..

Unknown said...

အေးပါ...အေးပါ.... များများစိတ်ချမ်းသာပါစေ....ဟီးးးး
များများဝပါစေလို့တော့ မပြောတော့ဘူး..ဟီ..ဟိ....

Anonymous said...

ကျန်းမာခြင်းလက်ဆောင်ကို ယူသွားပါတယ် အမ၊ အပြန်လက်ဆောင်အတွက် အထူးကျေးဇူးပါ။

ခင်မင်လေးစားစွာဖြင့်