Friday, November 08, 2013

Thor 2 (The Dark World) - Movie Review


ရုပ်ရှင်အမည် : Thor
အမျိုးအစား : တိုက်ခိုက်, စွန့်စားခန်း, စိတ်ကူးယဉ်
ဘာသာစကား : အင်္ဂလိပ်
ထုတ်ဝေသည့်နေ့ : ၂၂ရက် အောက်တိုဘာ ၂၀၁၃
သရုပ်ဆောင်များ
Chris Hemsworth as Thor
Natalie Portman as Jane Foster
Tom Hiddleston as Loki
Anthony Hopkins as Odin
Idris Elba as Heimdall
Stellan Skarsgård as Dr. Erik Selvig

My rating: 3/5

ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တုန်းက ဂြိုလ်ပေါ်မှာရှိတဲ့ Dark Elves ဆိုတဲ့ အမျိုးတစ်ခုက Aether ဆိုတဲ့ လက်နက်ကိုအသုံးပြီး စင်္ကြာဝဠာကြီးတစ်ခုလုံးကို အမှောင်ဖုန်းသွားအောင်လုပ်ဖို့ ကြိုးစားခဲ့တယ်…  ဒါပေမဲ့ Asgard က စစ်သူရဲကောင်း တွေက အဲဒါကို တားဆီးနိုင်ခဲ့ပြီး လူဆိုးခေါင်းဆောင် Malekith ကတော့ လွတ်မြောက်သွားကာ နောက်ထပ်အခွင့်အလန်းကို စောင့်နေခဲ့တယ်… စစ်သူရဲကောင်းတွေဟာ Aether လက်နက်ဟာ သိပ်အင်အာကြီးလွန်းတဲ့အတွက် ဖြတ်ဆီးမရနိုင်ခဲ့ဘူး… အဲဒါကြောင့် ဘယ်လိုမှရှာမတွေ့နိုင်တဲ့ နေရာတစ်ခုမှ ၀ှက်ထားလိုက်ကြတယ်… ယခုနေ့မှာတော့ Jane Foster ဟာ သူ့ချစ်သူ Thor ပြန်လာဖို့စောင့်နေတာ ၂နှစ်ရှိသွားပြီ… သူကတော့ ဂြိုလ်ပေါ်မှာ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေလေရဲ့ (ငြိမ်ချမ်းရေးရအောင် စစ်တိုက်နေတာ… :P  ခွိ) … Jane ဟာ Thor ပထမအကြိမ် ကမ္ဘာပေါ်ကိုရောက်လာခဲ့တုန်းက စင်္ကြာဝဠာဖြစ်စဉ်ကို လေ့လာရင်း အရာဝတ္ထုတွေပစ်ချလိုက်ရင် အပေါ်ကနေပြန်ကျလာတဲ့ စက်ရုံပျက်ကြီးတစ်ခုအရောက်မှာ မမြင်နိုင်တဲ့ ဆွဲအားတစ်ခုဆွဲခြင်းကို ခံခဲ့ရတယ်… Thor ဟာ ကမ္ဘာက သူ့ချစ်သူဆီပြန်ချင်ပေမဲ့ သူ့အဖေ Odin က ခွင့်မပြုခဲ့ဘူး… 

သူတို့ဂြိုလ်ကနေ အားလုံးကို မြင်နိုင်တဲ့ ဂိတ်မှူး Heimdall ကနေတစ်ဆင့် Jane ပျောက်ဆုံးသွားတာကို သိရှိခဲ့တဲ့အတွက် ကမ္ဘာကို ဆင်းလာခဲ့တယ်… သူရောက်တဲ့အချိန်မှာပဲ Jane လဲ ပြန်ပေါ်လာခဲ့တယ်… ဒါပေမဲ့ Jane ကို တရားမ၀င်သုတေသနပြုတဲ့အတွက် ရဲတွေက ဖမ်းဖို့ကြိုးစားတဲ့အခါမှာ ကြီးမားတဲ့ လူသားမဆန်တဲ့ အားတစ်ခုက တုန့်ပြန်ခဲ့တယ်… Thor လဲ Jane ကို ဘာဖြစ်ခဲ့သလဲ စူးစမ်းဖို့ Asgard ကို ခေါ်လာခဲ့တယ်… သူတို့ တွေ့ရှိခဲ့တာကတော့ Jane ပျောက်ဆုံးသွားတဲ့ ခဏတာမှာ Aether လက်နက်ဆီရောက်သွားပြီး Jane ခန္ဓာကိုယ်ထဲကို ၀င်နေတယ်ဆိုတာပဲ… အဲဒိလက်နက်ပြန်ပေါ်လာတာနဲ့ တပြိုင်နက် လူဆိုးကြီး Malekith ဟာ ခံစားလို့ရပြီး ခုအချိန် တိုက်ဖို့အတွက် Aether လက်နက်ကို ရယူဖို့အကောင်းဆုံးအချိန်ဖြစ်လာတော့တယ်… ဒါကြောင့် သူနဲ့အဖွဲ့သားတွေဟာ Asgard ကို ၀င်တိုက်ရင်း Jane ကိုအကာအကွယ်ပေးနေတဲ့ Thor ရဲ့မိခင်ကို သတ်ခဲ့တယ်… Odin ဟာ Malekith ၊ Jane ကို ပြန်လာရှာမယ်ဆိုတာသိနေတဲ့အတွက် Jane ကို ချုပ်နှောင်ထားခဲ့တယ်… ဒီအကြံကို Thor ကလက်မခံပဲ Jane ကိုခေါ်ပြီး သူ့ရဲ့ တိုက်စစ်ကို စဖို့ ဆုံးဖြတ်လိုက်တယ်… အဲလို သွားတိုက်ဖို့အတွက် အဲဒိဂြိုလ်ကို သွားရာလမ်းကိုသိတဲ့ တစ်ချိန်က Thor အဖေကို သတ်ဖို့ကြိုးစားပြီး နန်းလုဖို့ကြိုးစားခဲ့တဲ့ သစ္စာဖောက်မွေးစားအစ်ကို Loki ကို ထောင်ထဲကနေခေါ်ထုတ်ပြီး လက်တွဲဖို့ ဖိတ်ခေါ်ရတော့တယ်…. ပြဿနာက Thor တစ်ယောက် Loki ကို ယုံကြည်လို့ရပါ့မလား….

ဝေဖန်ရေး

ဒီကားဟာ ရုပ်ရှင်ဝေဖန်ရေးဆိုဒ်တွေဖြစ်တဲ့ IMDB  မှာ 7.7/10 နဲ့ Rotten Tomato မှာ 70% Rating ရခဲ့တယ်… မဗေဒါအနေနဲ့ကတော့ အရမ်းအကြိုက်ကြီးမဟုတ်ဘူး… တစ်ချက်တစ်ချက် Loki ကြောင့် ရီရတာကလွဲလို့ ဇာတ်လမ်းက ဒါဒါတွေထပ်နေပြီလို့ ခံစားရတယ်… ပထမတစ်ကားမှာ Thor မင်းသားကိုကြိုက်ပေမဲ့… ခုကားမှာ Loki ကိုတောင် ပိုကြိုက်နေတယ်… ပထမကားကတည်းက Loki နေရာသရုပ်ဆောင်တဲ့ Tom Hiddleston ကို သဘောကောင်းတဲ့ပုံကြီးလို့ခံစားခဲ့ရတာ… ခုကားမှာ သူကရီရတော့ သူ့ကိုပဲ သဘောကျနေတာ… နောက်တစ်ယောက်ရီရတာက ကမ္ဘာပေါ်က သိပ္ပံပညာရှင်လုပ်တဲ့အဖိုးကြီး… ကိုယ်လုံးတည်းနဲ့ လူမြင်ကွင်းမှာ စမ်းသပ်လို့ ရဲဖမ်းခံရပြီး အရူးထောင်မှာ ထိမ်းသိမ်းခံခဲ့ရတဲ့ အဖိုးကြီးလေ..

နောက်ပိုင်း Hollywood က သူတို့ Graphic တွေ ပိုင်လာတိုင်း သာမာန်ကားတောင် မရိုက်တော့ဘူးလားမသိဘူး… တစ်ခါလာ စက်ရုပ်၊ ဂြိုလ်သား၊ အကောင်၊ ဒါဒါတွေဖြစ်လာပြီ… ဇာတ်လမ်းအရ ကျွန်မအကြိုက်မဟုတ်ပေမဲ့.. သရုပ်ဆောင်ပိုင်းနဲ့ ခန်းနားကြီးကျယ်မှု… အ၀တ်အစားဒီဇိုင်း စတာတွေကတော့ အဆင့်မြင့်တဲ့ ကားတစ်ကားလို့ပြောရမှာပါပဲ… သူ့မှာ တိုက်ခိုက်တဲ့ ချတဲ့ အခန်းတွေပါသလို ဟာသတွေလဲ ပါတဲ့အတွက်တော့ ညီညီမျှမျှ ဖြစ်အောင်ရိုက်ထားတဲ့ကားတစ်ကားပါပဲ… အဲဒါကြောင့် မဗေဒါရဲ့ rating ကို ၅မှတ်မှာ ၃မှတ်ပေးထားပါတယ်…

Thor ကြည့်ပြီးသူတွေရော ဘယ်လိုထင်လဲ ဆိုတဲ့ ထင်မြင်ချက်လေးတွေ ဘလော့ပိုစ့်အောက်မှာ ကွန်မန့်ပေးကြပါနော်..

16 comments :

shin said...

ရုပ်ရှင်မကြည့်ဖြစ်တာကြာပေမဲ့ ရုပ်ရှင်ဝေဖန်ရေးတော့ဖတ်ရတာကြိုက်တယ်။ ဒါပေမဲ့ ဒီလို Si-Fi ကားမျိုးကို ဟိုးအရင် ကထဲက မကြိုက်တော့ သိပ်မကြည့်ဖြစ်ဘူး။ အကြိုက်ဆုံးကတော့ ကာတွန်းကားပါ။ ကာတွန်းကားကြည့် ဖြစ်ရင်လဲ Review ရေးအုံးနော်။ :D

SweetPo Din said...

မကြည့်ရသေးတော့ သိသေးဘူး။ ဒါပေမဲ့ Loki ကတော့ နာမည် အရမ်းကြီးနေတယ်။ ဟဲဟဲ မိုက်လဲမိုက်တာကို ကွိကွိ။

mabaydar said...

ဟုတ်ကြည့်ဖြစ်တာတွေတော့ရှိတယ်... ဒါပေမဲ့ up to date တွေတော့ မဟုတ်ဘူး...

mabaydar said...

Loki ပုံကိုက သဘောကောင်းတဲ့ပုံကြီးကို ပြီးတော့ သူ့ character ကလဲ လူဆိုးသာဖြစ်တာ ပျော်တတ်တဲ့ပုံမျိုး... ခိ

Law Shay said...

အဘိုးကြီးက ဘာလို့ရူးရတာလဲ။ Avengers မှာတုန်းက အကောင်းပါ။

Thor က အမြဲတမ်း သူများကို လမ်းခင်းပေးရတယ်။ ပထမကားတုန်းကလဲ Avengers ကို ခင်းပေးရတယ်။ အခုကားမှာလဲ Guardian of the Galaxies ကို ခင်းပေးရပြန်ပြီ။

mabaydar said...

Guardian of the Galaxies အကြောင်းတော့ မသိဘူး... အဘိုးကြီးက မရူးဘူး... သူက သိတာတွေအရမ်းများပြီး လုပ်ချင်တာပဲသိတယ်... အကျီင်္ဝတ်ဖိုဖို့တောင်ဝတ်တာလဲဖြစ်မယ်ထင်တယ်.... သူပြောတာတွေကို လူတွေက မယုံပဲ အရူးလို့သတ်မှတ်ခံရတာ...

Unknown said...
This comment has been removed by the author.
Unknown said...

မမ thor ကိုဘယ်​ရုပ်​ရုင်​ရုံမှာတင်​တာလဲ
နေပြည်​​တော်​မှာလား ​ရှေ့​ဆောင်​မှာလား
ဘယ်​မှာပြမှန်းမသိလို့ပါ သတင်းစာထဲမှာ
လည်း ​ကြော်​ငြာထည့်​တာ​မ​တွေ့ရလို့...

Unknown said...

မမ thor ကိုဘယ်​ရုပ်​ရုင်​ရုံမှာတင်​တာလဲ
နေပြည်​​တော်​မှာလား ​ရှေ့​ဆောင်​မှာလား
ဘယ်​မှာပြမှန်းမသိလို့ပါ သတင်းစာထဲမှာ
လည်း ​ကြော်​ငြာထည့်​တာ​မ​တွေ့ရလို့...
^-^

Unknown said...

မမ thor ကိုဘယ်​ရုပ်​ရုင်​ရုံမှာတင်​တာလဲ
နေပြည်​​တော်​မှာလား ​ရှေ့​ဆောင်​မှာလား
ဘယ်​မှာပြမှန်းမသိလို့ပါ သတင်းစာထဲမှာ
လည်း ​ကြော်​ငြာထည့်​တာ​မ​တွေ့ရလို့...

Unknown said...

မမ thor ကိုဘယ်​ရုပ်​ရုင်​ရုံမှာတင်​တာလဲ
နေပြည်​​တော်​မှာလား ​ရှေ့​ဆောင်​မှာလား
ဘယ်​မှာပြမှန်းမသိလို့ပါ သတင်းစာထဲမှာ
လည်း ​ကြော်​ငြာထည့်​တာ​မ​တွေ့ရလို့...

Unknown said...

မမ thor ကိုဘယ်​ရုပ်​ရရှင်​ရရုံမှာပြတာလဲေ​နေပြည်ေ​တာ်​မှာလား​ရေရှ့ေ​ဆာင်​မှာလား
သတင်​စာမှာလည်းေ​ကြော်​ငြာတာမေ​တွေ့ရလို့ပါ

mabaydar said...

မောင်ကျော်မင်းသူရေ.. အစ်မက စကာင်္ပူမှာ ရုံတင်တုန်းက ကြည့်ဖြစ်တာပါ... မြန်မာပြည်မှာ ရုံတင်ရင်လဲ နာမည်ကြီးမယ်ထင်ပါတယ်... သတင်းရမှာပါ... ပြီးတော့ အစ်မဘလော့က Comment ကို moderation လုပ်ထားလို့ မောင်ကျော်မင်းသူ ရေးပြီးလဲ ကွန်မန့်က ချက်ချင်းမပေါ်ဘူး... အစ်မက approve လုပ်မှ ပွေမှာ... နောက်မို့ဆို spam တွေများလွန်းလို့...

ZMT said...

ဒီဇာတ်ကားမကြည့်ဘူးသေးဘူးမြန်မာကိုရောက်ရင်သွားကြည့်အုံးမယ်ဒီဇာတ်ကားက 3D လားရိုးရိုးရုပ်ရှင်လား

zwelwin said...

I also like Loki more than Thor. Thor has a boring personality.

Aung Soe Htet said...

Nice Review. May i know ur fb acc?