Tuesday, November 05, 2013

စကာၤပူမွာ ပိတ်စနဲ့ ဇာအမျိုးမျိုးဝယ်ချင်ရင်… Arab Street ကိုသွား

I do not own this photo (credit to original owner)

မနေ့က သူငယ်ချင်းတွေပြောဖူးတဲ့ စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးမျိုးရောင်းတဲ့ Bugis နားက Arab Street  ဆိုတဲ့ လမ်းကို သွားပြီး မြန်မာအင်္ကျီချုပ်ဖို့ ပိတ်စနဲ့ ဇာတွေသွားကြည့်ဖြစ်တယ်… ရောက်တာနဲ့ လမ်းတစ်လမ်းလုံးအပြည့် ပိတ်စဆိုင် ကော်ဇောဆိုင်တွေအပြည့်ပါပဲ… လမ်းထိပ်နားက တွေ့တဲ့ဆိုင်ကို အရင်ဆုံးဝင်ကြည့်လိုက်တယ်… ဆိုင်ထဲရောက်တာနဲ့ တွေ့တဲ့ ဇာပန်းထိုးတွေ… ပိတ်ဖောက်ဇာတွေ… ဇာကျောက်ကပ်၊ ပိုးစ plain ၊ Polyester စ (ပိုးနဲ့ယှဉ်ရင် သူက နည်းနည်းလေး မာတယ် ဒါပေမဲ့ ဖဲလိုပဲ ပြောင်တယ်၊ မပြောင်တာတွေလဲ ရှိတယ်… ဘယ်လိုကွာလဲတော့ မသိ) စသည်ဖြင့် မျိုးစုံနေအောင်တွေ့ရပါတယ်… ဇာပန်းထိုးထားတာတွေကို အောက်က liner လို့ခေါ်တဲ့ polyester စတွေနဲ့ တွဲပြထားတာ အတော်လေးလှပါတယ်… သူတို့ကတော့ မွတ်စလင်တွေကို အဓိက target ထားတော့ ဆင်ပြထားတာတွေက တစ်ကိုယ်လုံးအုပ် ဂါဝန်ဒီဇိုင်းမျိုးတွေပေါ့… ဒါပေမဲ့ ကိုယ်တွေကလဲ အပေါ်တစ်ပိုင်းပဲကြည့်ပြီး မြန်မာအကျီင်္ပုံစံ တွဲပြီး မျက်လုံးထဲဖော်လို့ရတာပေါ့..


I do not own this photo... အောက်က လိုင်နာဗြောင်အစနဲ့ အပေါ်က ဇာပန်းထိုးတွေ ဆင်ထားတာ...

ပထမ၀င်တဲ့ဆိုင်မှာ မေမေကတော့ ကျောက်ကပ်ဇာ နို့နှစ်ရောင်နဲ့ အောက်က polyester စ နို့နှစ်ရောင်လေးဝယ်ဖြစ်တယ်… အဲဒိ ဆိုင်နာမည်က Warna Fabrics (108, Arab Street, Singapore - 199804, Ph: 63980504)

သူတို့က မီတာနဲ့ပဲရောင်းတယ်… ကိုယ်တွေက ကိုက်နဲ့ပဲ သိတယ်…
၁ကိုက် ဆိုတာ တစ်မီတာအောက် ၀.၁ မီတာလောက်လျော့တယ်… ကိုက်ကို Yards လို့ခေါ်တယ်ထင်တယ်…
၁ မီတာ = 1.09361 ကိုက်

ကျောက်ကပ်ဇာခေါ်ဈေးက ၁မီတာ = SGD 45
အောက်ခံလုပ်မဲ့ polyester အစက ၁မီတာ = SGD 5

မေမေက ဇာကို ၁မီတာခွဲယူတယ် (ဆိုင်ကမိန်းမက ဒီဇာက ကျောက်တွေပါတော့ အနားတွေဘာတွေ ချုပ်တဲ့သူယူလို့ရအောင် ၁မီတာခွဲလောက်ယူဖို့ အကြံပေးလို့) … အောက်ခံစ polyester ကိုတော့ ၁မီတာယူတယ်… စုစုပေါင်း SGD 72.5 ကျရမှာ ဈေးဆစ်တော့… ၂ခုပေါင်း SGD 55 နဲ့ရတယ်… ဇာကျောက်ကပ်ထားတဲ့အစကို ၁မီတာ ၄၅ ကျပ်ကနေ ၃၃ ကျပ်လောက်အထိ ဆစ်လို့ရတာတွေ့ရတယ်… ဒိထက်ဆစ်လို့ရတယ်ဆိုရင်လဲ ပြောပြပါအုံး ဘယ်ဆိုင်လဲဆိုတာ…

ကျွန်မက ကိုယ့်မှာရှိပြီးသား ချိတ်ထမိန်တွေနဲ့ လိုက်ဖက်မဲ့ အရောင်နဲ့ ဒီဇိုင်းကို လိုက်ရှာတော့ စိတ်တိုင်းကျသိပ်မရဘူး.. သူတို့မှာရှိတဲ့ ဒီဇိုင်းတွေမလှလို့မဟုတ်ဘူး…. ချိတ်ထမိန်ကို အဲဒိ ပန်းထိုးထားတဲ့ ဇာတွေနဲ့ တွဲရင် မျက်လုံးထဲ ရှုပ်တယ်ခံစားရလို့… ကိုယ်က စက်ချုပ်တတ်တဲ့သူမဟုတ် ဖက်ရှင်အမြင်ကလဲ နည်းတော့ ဘယ်လိုလှအောင်ချုပ်လို့ရမလဲတော့ မသိ… ကိုယ်ချုပ်ဖို့စိတ်ကူးထားတဲ့ မြန်မာအင်္ကျီပုံလေးတွေကို ဖုန်းထဲတော့ ထည့်ထားပါတယ်… ဒါနဲ့ နောက်ဆုံး သူတို့ကို ငါလိုချင်တာပန်းတွေမပါပဲ ဇာဗြောင်လိုချင်တာလို့…. အောက်က ထမိန်က အချိတ်ဆိုတော့ အပေါ်က ဗြောင်လိုချင်တာ… Cityhall က စက်ချုပ်ဆိုင်ကို မေးခဲ့တော့ မှန်ဇာမ၀ယ်နဲ့တဲ့…. မှန်ဇာက ချုပ်လိုက်ရင် ကြွပြီးဖောင်းလို့ အသားကို fitting မဖြစ်ဘူးတဲ့… ခြင်ထောင်ဇာလို အပေါက်လေးတွေနဲ့ ခပ်ပျော့ပျော့အသားကမှ အဲလို ၂ထပ်ချုပ်ရင်ကောင်းတာတဲ့…. ဒါပေမဲ့ သူတို့ဆိုင်မှာရှိတာတွေက အကုန် ကျောက်တွေဖောက်ရင်ဖောက်… မဟုတ်ရင် ပန်းတွေထိုးထားတဲ့ ဇာတွေချည်းပဲ… လှတာတော့ အရမ်းလှပါတယ်… ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ လုံချည်တွေ တစ်ထည်နဲ့မှ မလိုက်ဖူးလို့ စိတ်ထဲထင်နေတယ်… ဒါတောင် အနက်ခံဇာပေါ်မှာ အစိမ်းနွယ်လေးတွေနဲ့ ပန်းအ၀ါလေး ဖောက်ထားတဲ့ ဇာအစလေးအရမ်းလှလို့ ၀ယ်မလို့ ဖြတ်ခိုင်းလိုက်တော့မှ… သူက ၂မီတာခွဲကျန်နေတယ်… ကျွန်မက ၁မီတာခွဲပဲလိုချင်တာ… သူတို့က ကိုးလို့ကန့်လန့်ဖြစ်နေလို့ ၂မီတာခွဲယူပါပြောတယ်….

 ခေါ်ဈေးက အဲဒိဇာ ၁မီတာ = SGD 30 (၁မီတာခွဲယူမယ်ဆိုတော့ SGD 45 ကျရမယ်)
အောက်ခံ liner အနက်ရောင်စ = SGD 5
စုစုပေါင်း ကျသင့်ငွေ = SGD 50 အစား ဈေးဆစ်တော့ SGD 37 ကျပ်နဲ့ပေးတယ်…
မေမေကပြောတော့ တန်တယ်တဲ့… မြန်မာပြည်က ဗိုလ်ချုပ်ဈေးတို့ တခြားပိုးထည်ရောင်းတဲ့ နေရာတွေမှာ ဒီလို အရည်အသွေး ဒီလိုဒီဇိုင်းမျိုးက ဈေးပိုကြီးတယ်တဲ့… ဒါပေမဲ့ ကိုယ်လဲ အစတည်းက လိုချင်လို့ ယူမယ်ပြောတာပဲရှိတယ် အသုံးလိုလှတယ်မဟုတ်တော့… ၂မီတာခွဲကြီး အတင်းထိုးရောင်းနေတာကို မယူခဲ့တော့ဘူး…

ဒါနဲ့ ဆက်လျှောက်ရင်း  ၂ဆိုင်ကျော်လောက်က ဆိုင်ကို ၀င်ရှာကြည့်တယ်… အဲဒိဆိုင်မှာ မေမေ၀ယ်ခဲ့တဲ့ ကျောက်ကပ်ဇာကို ၁မီတာ ၄၉ ဒေါ်လာ ခေါ်တယ်… ဒါနဲ့ ကျွန်မလိုချင်တဲ့ ဇာဗြောင်ကို မေးတော့ မရှိဘူး… အဲဒိဆိုင်က မလေးမက ပြောတယ်… ဇာပန်းမထိုးထားတာက တရုတ်ဆိုင်တွေမှာရှိတယ်တဲ့…
ဆက်လျှောက်တော့ တရုတ်ဆိုင်တစ်ဆိုင်တွေ့တယ် ဆိုင်က လက်လီလက္ကားရောင်းတဲ့ ဆိုင်လိုပဲ မလေးဆိုင်တွေလို သေသေချာချာတော့ Show ပြမထားပေမဲ့ စုံလိုက်တဲ့ ပိတ်စတွေ… 

လက်လက်ထနေတဲ့အရာတွေကနေ သာမာန်ပိတ်စအဆုံးဟိုးအမြင့်ကြီးတွေအထိရှိတယ်…
အဲဒိဆိုင်အပြင်ဘက် လူသွား ပလက်ဖောင်းပေါ်မှာတင်ထားတဲ့ ခြင်ထောင်ဇာလို အလိပ်မျိုးတွေတွေ့တော့ ပျော်သွားတယ် ကိုယ်ရှာတာ အဲ့တာမျိုးလေ… ဒါပေမဲ့ ကိုယ်လိုချင်တာက ပန်းရောင်းဖျော့ဖျော့ဇာဆိုတော့ ဆိုင်းသမားကို ခေါ်ပြခိုင်းရတယ်… တရုတ်အဖိုးကြီးတွေ… သိပ်စိတ်မရှည်တဲ့ပုံ… ဒါပေမဲ့ သူတို့က လုပ်ငန်းတော့ ကျွမ်းကျင်ပုံရတယ်… ကျွန်မကို ပိတ်စတွေ စပ်ပြီးတော့လဲပြတယ်… ကျွန်မမှာရှိတဲ့ ပန်းရောင်ခံကို အပြာဖောက်ချိတ်ကလဲ ဘယ်လိုချုပ်ရမှန်းကို မသိတော့ဘူး… အပြာကိုအောက်ကခံပြီး ပန်းရောင်ဇာအုပ်လဲ ကြောင်တောင်တောင်ဆန်တယ်… ပန်းရောင်ကို အောက်ကထားပြီး အပြာအပေါ်ကအုပ်ရင်လဲ အရမ်းလင်းနေမလားလို့ (သေချာတော့ မသိ)… ဒါနဲ့ အဲဒိ ချိတ်ကို ပြန်ထည့်… ပါလာတဲ့ ထမိန်ကြက်သွေးပေါ်မှာ ပန်းရောင်ပန်းပွင့်လေးတွေဖောက်ထားတာနဲ့ တိုက်တော့… အောက်က လိုင်နာလုပ်ဖို့ အနီရောင် ပိုးစကို ထုတ်ပြတယ်… ဒါပေမဲ့ ပိတ်စက တအား ပျော့နေလို့ ဒိထက်မာတာရှိလားဆိုတော့… ရှိတယ်… Polyester စ ထင်တာပဲ… တစ်ဖက်က ဖဲလိုပဲ ပြောင်ပြီး နောက်တစ်ဖက်ကတော့ Matte ပေါ့နော်… အဲဒါနဲ့ ကျွန်မထမိန်လေးနဲ့ တော်တော်လိုက်တယ်ထင်တာနဲ့ အဲဒိ လိုင်နာ ကြက်သွေးရောင်ကို အပေါ်က ပန်းရောင်ဇာ ဖျော့ဖျော့ လေးအုပ်ပြီး ချုပ်မယ်စိတ်ကူးမိတယ်… ဒါပေမဲ့ အိမ်ရောက်တော့ ပြန်ကြည့်တော့ ဇာမထည့်ပဲ ရိုးရိုး တက္ကသိုလ်ရင်ဖုံး ပန်းကျယ်သီးလေးတွေနဲ့ အပြောင်အတိုင်းလေး ချုပ်ရင်ကောင်းမလားလို့ အကြံပေးကြပါအုံး… ဖက်ရှင် sense ရှိတဲ့သူများ….

အဲဒိ လိုင်နာ ကြက်သွေးရောင် polyester စက ၁ မီတာ = SGD 4
ပန်းရောင် ခြင်ထောင်ဇာ plain က ၁ မီတာ = SGD 3
(ဇာကို ၁မီတာခွဲယူတယ်… လိုရမယ်ရ လက်ရှည်ချုပ်ချင်ရင် ရအောင်… ၂ခုပေါင်း ၈ကျပ်ခွဲကျတာ ၆ ကျပ်စစ်တာ လုံးဝမရဘူး… ဒါနဲ့ ၈ကျပ်တော့ထားပါဆိုတော့ ဆိုင်က တရုတ်အဖိုးကြီးက ကိုယ့်ကို လာဝယ်သမျှလူ တစ်ယောက်မှ အဲလို ဈေးမဆစ်ဖူးဘူးဆိုပြီး ၈ကျပ်နဲ့ ပေးတယ်… တရုတ်ဆိုင်က ခေါ်ကတည်းက ဈေးသိပ်မတင်ဘူး… ဈေးဆစ်ပြီးဝယ်တာတောင် ကိုယ်တစ်ယောက်တည်းရှိမယ်ထင်တယ်… ခွိ)

အဲဒိ တရုတ်ဆိုင် နာမည်က GIM JOO TEXTILE COMPANY PTE LTD (90 Arab st, S'pore 199786. Tel: 62936676)

ဟိုနေ့က Cityhall အပေါ်ဆုံးထပ်က ဆိုင်မှာ အကျီင်္အပ်တော့ ကျွန်မကို အဲဒိ လိုင်နာ Cream colour နဲ့ အ၀ါရောင် ဇာ plain တစ်မျိုးစီကို ၁မီတာ SGD 8 တောင်ယူတယ်)… မသိသူကျော်သွား သိသူဖော်စားဆိုတော့လဲ ဒီတစ်ခါတော့ခံလိုက်မယ်… နောက်တစ်ခါ မခံယုံပေါ့... ချုပ်ခလဲယူပြီးပြီး… ၁ကျပ် ၂ကျပ်လောက်ပိုယူရင်တောင် ကိစ္စမရှိသေးဘူး… ထားပါတော့လေ… ကိုယ်အပျင်းကြီးမိတော့လဲ ကိုယ်ခံပေါ့… အဲဒါကြောင့် မသိတဲ့သူတွေကို ဒီပိုစ့်ရေးပြီး ပိတ်စဈေးတွေပြောပြတာ… ကိုယ့်လို မခံရအောင်…

အောက်ကပုံမှာကြည့်လိုက်နော်…
ဘယ်ဘက်က ကျွန်မရှိတဲ့ ထမိန်စ... အလယ်က polyester စနဲ့ ညာဘက်က ပန်းရောင်း ခြင်ထောင်ဇာ...

အောက်က အနီကို Corset ပုံစံမျိုးချုပ်ပြီး အပေါ်က ဇာထပ်ချင်တာ... အောက်ကပုံမှာကြည့်လိုက်...
ညာဘက်ဘေးဆုံးက အပြာချိတ်နဲ့ အဖြူ Corset အဖြူဇာထပ်ထားတဲ့ တစ်ယောက်လို ချုပ်ချင်တာ... ရိုးရိုးပဲ..

ဒီလို ဒီဇိုင်းလေး ကြိုက်တယ်... ဒါပေမဲ့ သူက မှန်ဇာသုံးပြီး ချုပ်ထားတယ်ထင်တယ်.... အကျီင်္က ချိုင်းနားမှာ ကြွပြီး သိပ်ပုံမကျဘူး
ဆိုင်ထဲမှာလျှောက်ကြည့်တော့ အမဲရောင် ဇာခံကို ရွှေရောင်လိုင်းလေးတွေလို ရွှေမှုန်လေးတွေလို ပြေးနေတဲ့ ခြင်ထောင်ဇာ Plain လေးကိုတွေ့တော့ ကိုယ့်မှာရှိတဲ့ အနက်ခံ တိုင်းရင်းသားအဆင်ထမိန်လေးအတွက် ၀ယ်ဖြစ်ခဲ့တယ်…
၁မီတာ = SGD 5 (အမေက ၁မီတာ ကျွန်မက ၁မီတာ ၂မီတာ ၀ယ်လာတယ်)

ဒီဇာလေးကိုတော့ Corset နဲ့မဟုတ်ပဲ ဒီတိုင်း ရွှေကျယ်သီးလေးတွေနဲ့ ရင်ဖုန်းချုပ်ရင်ကောင်းမလား... ပန်းထိုးမယ်ဆိုရင် လှမလား၊လည်ထောင်ချုပ်ရမလား... အပေါ်က အ၀ါနဲ့ မင်းသမီးလို လက်တိုလေး ချုပ်ရင်ကောင်းမလား ခုထက်ထိ ဘာပုံကောင်းမလဲ မသိဘူး...

၁ထပ်တည်း အသားပေါ်တင်ကြည့်ရင်တော့ ဒီလိုမြင်ရတယ်...

စကာင်္ပူမှာ ပိတ်စနဲ့ ဇာအမျိုးအမျိုးကို ဈေးနှုန်းအသင့်အတင့်နဲ့ လိုချင်ရင် Bugis က Arab street မှာသွားဝယ်နော်… ကိုယ်ဘာလိုချင်လဲဆိုတာ အသေအချာသိပြီး သွားဝယ်ရင်တော့ ပိုကောင်းမယ်… မဟုတ်ရင် တွေ့သမျှ အကုန်လိုချင်ပြီး ပိုက်ဆံကုန်လိမ့်မယ်.. ဒါတောင် ကျွန်မက ဘယ်ဘက်ခြမ်းတစ်ခြမ်းပဲလျှောက်ခဲ့တာ…. မိုးရွာလို့ ညာဘက်ခြမ်းက ဆိုင်တွေကို မလျှောက်ဖြစ်ခဲ့ဘူး…

တကယ်လို့ မဗေဒါရဲ့ ဘလော့ကို လာဖတ်တဲ့ ချစ်သူငယ်ချင်းတွေမှာ ဒီဇိုင်းကောင်းကောင်းသိရင် အကြံလေးပေးသွားပါအုံး... နောက်ပြီး မြန်မာပြည်က အပ်ချုပ်ဆိုင်ကောင်းကောင်းနဲ့ ၁၀ရက်အတွင်း ၃ ၊ ၄ ထည်လောက် အမြန်ချုပ်ပေးနိုင်မဲ့ (အမြန်ကြေးပေးပါ့မယ်) နေရာသိရင်လဲ အောက်မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေး မျှသွားပေးပါနော်... ကျေးဇူးကမ္ဘာ....

စုထားဖြစ်တဲ့ မဗေဒါ ချုပ်ချင်တဲ့ ဒီဇိုင်းလေးတွေ အောက်မှာ မျှလိုက်မယ်...






9 comments :

shin said...

လှလိုက်တာ။ ပိတ်စဒီဇိုင်းရော အကျီင်္ဒီဇိုင်းရော ငမ်းသွားသည်။ :D

mabaydar said...

Thank you for commenting... You are the best... I was kind of sad that no one comment under this post... :(

Khaing said...

ကျေးဇူးပါ.. အလွန်လှ..

Anonymous said...

Thanks for your info, Ma. I'd like the black color one. ^=^

myo said...

Hello Sis!
i admire you for like to wear national costume!
Nowadays most of the girl not interest ready.

myo said...

Great! if you r not a designer, i admire you for interest in traditional costume.
Nowadays most of the girl not interest ready.

mabaydar said...

Thank you everyone for your visit to my blog and leaving kind comments...

Anonymous said...

မဗေဒါရေ လက်သိပ်တိုတာမချုပ်နဲ့။ လက်မောင်းပိန်ပိန်လေးတွေနဲ့ပဲလှတယ်။ နို့မို့ဆို ပိုဝတဲ့ပုံပေါက်သွားလို့။ လက်စကလေးတွေချုပ်တာကောင်းတယ်။

Thu said...

ဇာလေးတွေငမ်းသွားတယ် :P