Friday, March 01, 2013

The Beginning of Memories in Australia

Photo credit to http://www.ytravelc.com/australia-travel-guide.htm

ဒီခရီးစဉ်ကို မနှစ်က Bonus လေး အတန်အသင့်ရလိုက်လို့ အစ်မတော်က ခရီးသွားဖို့ စပြီးပြောလို့ စီစဉ်ဖြစ်တာပါ... အစက ထိုင်ဝမ်သွားမလို့... ဒါပေမဲ့ တရုတ်နှစ်ကူးပိတ်ရက်မို့ တရုတ်နိုင်ငံတွေမသွားတာပဲ ကောင်းတယ်ဆိုပြီး သြစတေးလျကို စီစဉ်ဖြစ်သွားတာ... ဒီခရီးကို စပြီး သွားမယ်လို့ ဆုံးဖြတ်ခဲ့တာက ဒီဇင်ဘာလောက်ကပါ.. ဒါပေမဲ့ ဒီဇင်ဘာမှာ ရန်ကုန်ပြန်ဖို့ စီစဉ်ပြီးသားဖြစ်နေတဲ့အတွက် မြန်မာပြည်ကိုပဲစိတ်ရောက်ပြီး သြစီခရီးအတွက်ဘာမှကို မလုပ်ဖြစ်ခဲ့ပါဘူး... ဟိုက ငယ်သူငယ်ချင်းတစ်ယောက်ကတော့ ဒီဇင်ဘာလာခဲ့ဖို့ ဘလော့ပေါ်က ဟောင်ကောင်ခရီးစဉ်ပိုစ့်မှာကို ကွန်မန့်နဲ့ အော်ထားပါသေးတယ်... ဒါပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး... ခရီးတစ်ခုသွားဖို့ဆိုတာ အခြေအနေတွေအားလုံးတိုက်ဆိုင်မှ စီစဉ်လို့ရတာ မဟုတ်ပေလား... သွားဖို့ပိုက်ဆံ၊ အလုပ်ကခွင့်ရက်၊ သွားမဲ့နေရာရဲ့ ရာသီဥတုအခြေအနေ၊ ဗီဇာလျှောက်ထားဖို့ ခွင့်ရက်၊ ခရီးသွားရာသီချိန် ဟုတ်မဟုတ်၊ ကိုယ့် ကျန်းမာရေးအခြေအနေ စတဲ့ ကိုယ့်အတွက်စဉ်းစားစရာ အချက်တွေရှိသလို ကိုယ်နဲ့သွားမဲ့သူနဲ့ပါ  ညှိပြီးလုပ်ရတော့ အမှန်ဆိုရင် အတော်ကို စီစဉ်ဖို့ သိပ်မလွယ်တဲ့ကိစ္စပါ... အထူးသဖြင့် ကျွန်မက Tour package နဲ့သွားရတာကို မနှစ်သက်တဲ့အတွက် ကိုယ်သွားချင်တဲ့ Itinerary  နဲ့ ကိုယ်နဲ့သွားမဲ့သူရဲ့ အကြိုက်နဲ့ ညှိရတာက မလွယ်ကူလှပါဘူး... Team work နဲ့ discussion လိုပါတယ်... ဒါတောင် ကိုယ်နဲ့သွားမဲ့သူက ကိုယ့်အစ်မဖြစ်နေတော့ အများအားဖြင့်တော့ စိတ်တူတာများပါတယ်...

ဗီဇာ...

သြစီသွားမယ်ဆိုရင် ဘယ်နိုင်ငံသားမဆို ဗီဇာလိုပါတယ်... ကွာတာကတော့ နိုင်ငံကောင်းကလူတွေက e-visa ကို ၂၀လောက်နဲ့ အလွယ်တကူလျှောက်နိုင်ပြီး... ကျွန်မတို့လို ချမ်းသာကြွယ်ဝတဲ့ ရွှေနိုင်ငံကလူတွေကတော့ သံရုံးကို ရုံးချိန် သွားတင်တရက် ပြန်ရွေးတရက်သွားရပါတယ်... ဗီဇာခကလဲ စကာင်္ပူဒေါ်လာ ၁၅၂ ဒေါ်လာကျပါတယ်... 
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ ဗီဇာလျှောက်တဲ့ဖောင်မှာဖြည့်၊ ပတ်စပို့ဓာတ်ပုံ တစ်ပုံ၊ အိုင်စီမိတ္တူ၊ Re-entry Permit (ပီအာတွေအတွက်) မိတ္တူ၊ ဘဏ်စာအုပ် (ဒါမှမဟုတ်) ဘဏ် statement မိတ္တူ၊ အလုပ်က လခရယ် ရာထူးရယ် လျှောက်ထားတဲ့ခွင့်ရက်ရယ်ပါ ပါတဲ့ထောက်ခံစာ၊... ဒါတွေကတော့ အခြေခံလိုအပ်တဲ့ ပါကိုပါရမဲ့ စာရွက်စာတမ်းတွေပါ။ ဒါပေမဲ့ ဖောင်ထဲမှာ သူတို့ သံသယရှိရင် ရှိသလို တခြားအထောက်အထားတွေလဲ ပြခိုင်းချင်ပြခိုင်းပါအုံးမယ်တဲ့... အဲဒါတွေကတော့ လေယာဉ်လက်မှတ် အသွားအပြန်၊ ဟော်တယ်ဘွတ်ကင်း၊ ကျောင်းတက်နေရင် ကျောင်းထောက်ခံစာ၊ စကာင်္ပူမှာ ပစ္စည်းဥစ္စာ အိမ်ပိုင်ရှိရင် ရှိကြောင်း သက်သေ စသည်ဖြင့်ပါ... ဒီလောက်တောင် ဖြစ်တာ အမြင်ကပ်ကပ်နဲ့ ဖေ့ဘွတ်မှာ ကြွားလို့မရမဲ့အတူတူ သြစီသံရုံးမှာ ရှိသမျှပိုင်ဆိုင်မှုတွေ အကုန်ကြွားပစ်လိုက်တော့တာပေါ့... ကိုတွေလို ရွှေနိုင်ငံကလူတွေက သူများထက် ပိုက်ဆံရှိမှ ခရီးတစ်ခုကို စီစဉ်လိုရတယ်မှတ် ဆိုပြီး ဒီလိုပဲ ကြံဖန်မာန်တက်ထည့်လိုက်တာပေါ့...
ဒီလိုကျတော့ သံရုံးက မိန်းမကြီး ရှိန်သွားပြီး ရပါဘီ လုံလောက်ပါပြီဆိုပြီး အကြွားမခံပဲ အခြေခံလိုတဲ့ စာရွက်တွေပဲလက်ခံတယ်... ၂ပတ်နေပြန်လာရွေးလို့ရပါတယ်တဲ့... ချလန်ပေးလိုက်တယ်... ကိုယ်တိုင်မဟုတ်လဲ ချလန်နဲ့ဆို ဘယ်သူမဆိုရွေးလို့ရတယ်ဆိုလို့ တစ်ယောက်သောသူကိုပဲ အကူအညီတောင်းပြီး ရွေးခိုင်းရတော့တာပေါ့...

သြစီဗီဇာက Paperless ဗီဇာလေ... စာအုပ်ပေါ်မှာ ဘာတုံးမှမထုဘူး... ကျွန်မတို့ရဲ့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရွှေပတ်စပို့ကြီးကို တစ်ရွက်ချွေတာပေးလိုက်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...

Scoot Airline အကြောင်း တစ်စေ့တစ်စောင်း...

ဒါနဲ့ ဗီဇာမလျှောက်ခင် လေယာဉ်လက်မှတ်အရင်ဝယ်ဖြစ်တယ်... သြစီဆိုရင်တော့ ဈေးအသက်သာဆုံးက scoot ပဲလေ... တခြားလိုင်းတွေနဲ့လဲ ယှဉ်ဖြစ်ပါသေးတယ်... scoot ကအသက်သာဆုံးပဲ။ ဒါတောင် သွားတဲ့အချိန်က ဈေးကြီးတဲ့အချိန်ဖြစ်နေတော့ scoot တောင်မှ စကာၤပူ-ဆစ္ဒနီ၊ ဆစ္ဒနီ-စကာၤပူကို ၁၄၀၀ လောက် အသွားအပြန်ကျနေတယ်... ဟောင်ကောင်အတူတူသွားခဲ့တဲ့ သူငယ်ချင်းက အစကလိုက်မလို့ပဲ... နောက်တော့ လေယာဉ်ခတွေက ရာသီချိန်မို့ပဲ ဈေးကြီးနေလေရော့သလား၊ နောက်တစ်ချက်က ကျောင်းပြန်ဖွင့်မဲ့ရက်နဲ့ နည်းနည်းညိနေတာရော၊ သူ့မိဘတွေ စကာင်္ပူလာမဲ့ရက်နဲ့ကိုက်သွားတာရောကြောင့် မလိုက်ဖြစ်တော့ဘူး... ကိုယ်လဲ လေယာဉ်လက်မှတ်ကို အဲလောက်မထင်ထားပဲ ခု ဈေးကြီးတော့ နည်းနည်းတော့ အင်တင်တင်ဖြစ်သွားတယ်... ဒါပေမဲ့ ကိုယ့်အစ်မက အရမ်းစိတ်အားသန်နေတော့ သူ့အလိုကို ဖြည့်စည်းပေးလိုက်ပါတယ်... 

ဒါပေမဲ့ ဖြစ်ချင်တော့ ဖေ့ဘွတ် scoot page မှာ ၁ရက်ပဲ ပရိုမိုလုပ်တဲ့ သူတို့ပေးတဲ့ link ကို Like ရင် Scoot biz class ကို ၃၀% ချပေးမယ်ဆိုတာတွေ့တော့ လုပ်ဖြစ်လိုက်တယ်... နောက်ပြီး Singapore ကနေ ဆစ်ဒနီကို တိုက်ရိုက်ပျံတာထက် စကာင်္ပူကနေ Gold Coast ကို ပျံတာက နည်းနည်းဈေးပိုသက်သာတယ်... နေရာလဲ ၂နေရာရောက်မယ်ဆိုတော့... စကာၤပူ - Gold Coast - ဆစ္ဒနီ - စကာၤပူ ဆိုပြီး ခရီးစဉ်ကို ချလိုက်တယ်... Gold Coast ကနေ ဆစ်ဒနီ ပြည်တွင်း ခရီးစဉ်ကို Jetstar နဲ့ ဘွတ်လိုက်တယ်... အဲဒိဟာ အားလုံးပေါင်း စကာင်္ပူ ၁၄၀၀ လောက်ကျတယ်... စကာင်္ပူ-ဆစ်ဒနီသွားတာနဲ့တူတူပဲ... ဒါပေမဲ့ ကိုယ်က အသွားမှာ Business Class နဲ့ သွားရမယ်၊ Gold Coast လဲရောက်မယ်ဆိုတော့ မဆိုးလှပါဘူး...



တရုတ်နှစ်ကူးပိတ်ရက်အတွင်း Gold Coast မှာ ၃ည ၊ ဆစ်ဒနီမှာ ၄ညအိပ်ဖို့ ခရီးစဉ်ကို စတင်ဖို့သေချာသွားပါဘီ။ ဒီခရီးမှာ ကျွန်မအတွက် တခြားခရီးနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ဆစ်ဒနီရောက်နေတဲ့ ၁၂နှစ်လုံးလုံးကွဲကွာနေတဲ့ ကျောင်းတုန်းက ငယ်သူငယ်ချင်း တွေနဲ့ ပြန်တွေ့ရမှာမို့လို့ပါပဲ... သူတို့လဲ ခုလိုပြန်တွေ့ရမှာကို ကျွန်မနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်နေကြမယ်ဆိုတာ သေချာနေတယ်လေ....
Photo credit to http://www.travelvivi.com/kangaroos-australias-most-iconic-animals/

21 comments :

Unknown said...

har lu htet sat own lay....tan lan gyi

Anonymous said...

Scoot per ma ma

Anonymous said...

awaiting for part 2 :)

Anonymous said...

Australia visa if u wish with visa sticker or paperless.

Lotus Phyu said...

မဗေဒါရဲ့ ခရီးသွားပိုစ်လေးတွေကြိုက်တယ် ခရီးသွားဖို့ စ စီစဉ်တဲ့စိတ်ကူးတာကအစ ဗီဇာကိတ်စ အသေးစိပ် ခရီးစဉ်အကြောင်း အကုန်ထည့်ရေးပေးတာ သွားလည်ချင်တဲ့သူတွေအတွက် အတော်အထောက်ကူပြုပါတယ်။ ဗီဇာယူဖို့ ဘာတွေလိုအပ်တယ်ဆိုတာ ထည့်ရေးပေးတာကို ကျေးဇူးတင်ပတယ်။ နောက်တက်လာမယ် ပိုစ့်တွေစောင့်ဖတ်နေရင် နောက်ထက်လည်း ခရီးများများထွက်နိုင်ပါစေလို့ 

mabaydar said...

Thandar Win - အေး... ရေးမယ်လေ... နောက်အပတ်လဲ ငါ့သူဋ္ဌေးနဲ့ ဘေးက ဂျပန်မရှိပါစေနဲ့ ဆုတောင်း ဒါဆိုရင်တော့ ရေးဖြစ်မယ်... ဟိ... အိမ်ပြန်ရောက်ရင်တော့ မရေးဖြစ်ဘူး တခြားလုပ်စရာတွေများနေလို့...

1st Anonymous - ဟုတ်ကဲ့ စာလုံးပေါင်းမှားသွားလို့ ပြင်လိုက်ပါ့မယ်.. ကျေးဇူး...

Anonymous - But I didn't request anything, they just give me paperless and when I ask at immigration they said "it's electronically"...

Lotus Phyu - အမြဲအားပေးတဲ့သူတွေရှိနေလို့ အားတက်ရပါတယ်.. နောက်မို့ဆိုရေးဖြစ်မှာမဟုတ်ဘူး... နောက်လဲ အားပေးတာ သိရအောင် ကွန်မန့်လာပေးနော်... အဟိ... (အပိုတောင်းတာ)...

Unknown said...

tal yin kg ei ,sat yay naw ,wait nay mal :)

thiri_aquarius said...
This comment has been removed by the author.
thiri_aquarius said...

total of four people are currently reading your blog, probably Thandar, mmg, you and me .. hehee

mabaydar said...

Thiri ... can't be MMG and Me... coz at that time I was in facial shop and MMG was partying...

မိုးနတ်ကြယ်စင် said...

အမဗေဒါရေ...မတွေ့ရတာကြာပြီဖြစ်တဲ့
ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရမှာမို့ အတော်
ပျော်နေမှာပေါ့နော်...၀မ်းသာမိပါတယ်..:)
ကောင်းမွန်အေးချမ်းသော ပျော်ရွှင်စရာ
ခရီးတစ်ခုဖြစ်ပါစေရှင် :)

Anonymous said...

မဗေဒါ...

အော်စီ ဗီဇာ သွားတင်ဖို့ က ကြိုရက်ချိန်းယူရသေးလား.. အဆင်ပြေတဲ့ အချိန်သွားလို့  ရလား.. မဗေဒါရဲ့ အတွေ့ အကြုံ...သံရုံးသွားတာ ဘယ်အချိန်သွား .. ဘယ်လောက် စောင့်ရသလဲ..ဘယ်လောက်ကြာသလဲ.. အဆင်ပြေရင် ပြောပြပေးပါအုံး...

ကျေးဇူးတင်ပါတယ်..

mabaydar said...

Anonymous - သြစီ ဗီဇာတင်ဖို့ ရက်ချိန်းကြိုယူစရာမလိုပါဘူး... တခြား ဗီဇာတင်သလိုပဲ မနက် ၁၂နာရီမကျော်ခင် သြစီသံရုံးကိုသွားပြီးတင်ရင်ရပါပြီ... မဗေဒါကတော့ သံရုံးကို အင်္ဂါနေ့ မနက် ၁၁နာရီလောက် အရောက်သွားပါတယ်... တင်တဲ့ရက်ကနေ ပြန်ရတဲ့ရက်က ၂ပတ်တိတိကြာပါတယ်...

Anonymous said...

ခုလို ပြန်ဖြေပေးတာ ကျေးဇူတင်ပါတယ်.. မဗေဒါ..

mabaydar said...

No problem... anytime.. :) ... If i know the answer...

နွေးနေခြည် said...

ဗီဇာက ပီအာမို့လို့ လွယ်တာ ထင်တယ်။ EP သမားတွေကတော့ ဒီမှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ ဟိုမှာ ခိုးနေခဲ့မှာ စိုးလို့ ပေးပါ့မလား မသိဘူး..
ဗီဇာရဖို့ မသေချာတဲ့ နိုင်ငံတွေ (သြော်စီ၊ ထိုင်ဝမ်၊ ဂျပန် လိုမျိုး) ကို လျှောက်ရတာလည်း ရင်တထိတ်ထိတ်နဲ့။ ငွေတခါတည်းချေရတဲ့ ဘတ်ဂျက်အဲလိုင်းမျိုးလည်း ဝယ်လို့မရ (ဝယ်ပြီးမှ ဗီဇာမရရင် ဆုံးမှာကိုး)

mabaydar said...

အင်း... ပီအာမို့လွယ်တာလို့လဲကြားတယ်... ဒါပေမဲ့ ရုံးက ဖားကောင်နဲ့ မဗေဒါနဲ့ အဲဒိနေ့က တူတူပဲ သြစီဗီဇာလျှောက်တာ သူက ပီအာမဟုတ်ဘူး... ပိုင်ဆိုင်မှုလဲမရှိဘူး... ဒါပေမဲ့ သူလဲ ဗီဇာရတယ်... သူကျတော့ လေယာဉ်လက်မှတ်ကို ဈေးကြီးတာကို ဘွတ်လိုက်တယ်... အဲဒိက ရတဲ့ စာနဲ့ လျောက်တယ်... ဗီဇာရတော့ အဲဒိ ဘွတ်ကင်းကို ဖြတ်လိုက်ပြီး ဘတ်ဂျက်အဲလိုင်းပြောင်းဝယ်လိုက်တယ်... ဂျပန်ဗီဇာလဲဒီလောက်မခက်ပါဘူး... အဓိကက အလုပ်ကခွင့်စာရယ်၊ ဘဏ်ထဲကို အလုပ်ကပုံမှန်လခ၀င်တယ်ဆိုတဲ့ သက်သေ ဘဏ်စာအုပ်ရယ်ပြနိုင်ရင် သေချာသလောက်ဖြစ်နေပါဘီ...

William said...

Wow, quite details...I just know the second half of it...very interesting to know your whole trip!

William said...

How did you know? I thought I was at work..

mabaydar said...

Nope... that day u send me the Pic from STAR!! and your giant drink... :P

mabaydar said...

yeah.. that second half of trip is the most happiest time and I enjoyed it...