စိတ်တိုတိုနဲ့မေးခွန်းစာရွက်ကြီး ဆွဲဖြဲပြစ်လိုက်တယ်... ဟီးဟီး... |
နောက်တော့ ညတော်တော်နက်ပြီး စိတ်ပြန်နည်းနည်းအေးတော့မှ အစအဆုံးပြန်ဆွဲရတာပေါ့... ဒါပေမဲ့ ဒီတစ်ခေါက်ဆွဲတော့လွယ်သွားပြီ... ပထမတစ်ခေါက်ဆွဲတုံးက ဆွဲတဲ့အချိန်ထက် ဘယ်လိုဆွဲရလဲ လိုက်ရှာရတာက ကြာတာလေ... ခုကျတော့ ဘယ်လိုဆွဲရလဲဆိုတာ ကိုယ်ကသိပြီးသွားတော့ ဆွဲရုံပဲ သိပ်မကြာတော့ဘူး... ဒါပေမဲ့ ပထမပုံလောက်တော့ Detail မဆွဲနိုင်တော့ဘူးပေါ့... အစက နံပါတ် ၂မေးခွန်း တံခါးပုံဆွဲခိုင်းတာ မဆွဲပဲထားမလို့ ၁၀မှတ်ပဲ မရလဲနေဆိုပြီး... အဲညက အမြင်ကပ်ကပ်နဲ့ ဖြစ်သလိုဆွဲပြစ်လိုက်အုံးမယ်ဆိုပြီး ဆွဲလိုက်တယ်... (အဲဒိ အပုဒ်က ခု အမှတ်ပြည့်ရတယ်ရှင့် ဟိဟိ)... နောက်နေ့မနက် ရုံးမှာအားရင် report ထိုင်ရေးရတာပေါ့... တနလာၤနေ့ည ၁၂နာရီ submission ပိတ်မယ်ဆို... ည ၁၁နာရီ ၂၅မိနစ်လောက်မှာ တင်ဖြစ်သွားတယ်... တော်တော် စိတ်ဒုက္ခပေးတာ... ခုအဲဒိ Lab report က ၉၄မှတ်တောင်ရတယ်... ဟဲဟဲ...
ဒါက ပြန်ဆွဲထားတဲ့ပုံ စားပွဲရဲ့ရှေ့ကရိုက်ထားတာ |
ဒါက စားပွဲနောက်ကမြင်ကွင်း... |
ဖြစ်သလိုဆွဲလိုက်တဲ့ တံခါး... |
ပြဿနာမျိုးစုံနဲ့ ထွက်လာတဲ့ လေယာဉ်ပျံပုံ... ဒါတောင် သူကူဆွဲပေးလို့... |
Lab report တင်ပြီး နောက်တစ်ပတ်ကျရင် Final project (ECA) ဆိုတာကြီးဆွဲရပြန်ပါရော... ဒီတစ်ခါတော့ ဘယ်သူ့မှ မကူနိုင်တော့ဘူး... သူက တစ်ပုံထဲမှာ ကြိုက်ရာ ပစ္စည်း ၆မျိုးဆွဲခိုင်းတာ... Interior or Exterior တော့ ရွေးရမှာပေါ့... လူက အမှတ်မရှိ လျှာရှည်ချင်တော့ လွယ်လွယ်ကူကူကို မဆွဲဘူး... အင်းလေးက ခြေတံရှည်အိမ်ပုံလေးဆွဲချင်ပြန်ရော... ဘာလို့များ လွယ်ကူပြီး Creative ဖြစ်တဲ့ Idea မျိုး ကိုယ့်မှာမရှိရတာလဲ မသိဘူးနော်... ကိုယ့်ကိုကိုယ်သတိထားမိတယ်... တစ်ခုခုရွေးဆို ခက်တာကိုပဲရွေးဖြစ်တယ်... ပြီးရင်မလုပ်တတ်တော့ဘူးဆိုပြီး အော်တယ်... တော်တော် ခွကျတဲ့ ကျွန်မ... ဒီတစ်ခါတော့ စိတ်သိပ်မရှုပ်တော့ပါဘူး... Youtube က tutorial တွေလျှောက်ကြည့်ပြီး သစ်ပင်တွေ မြက်တွေ ဘယ်လိုဆွဲလဲဆိုပြီး လျှာရှည်ပြန်ရော... ထားပါတော့လေ... အားလုံးအဆင်ပြေပြေပဲ... အဲ တင်မယ်လဲလုပ်ရော... report ကို 10MB အောက်ပဲထားပါတဲ့... ကိုယ့် Working file ချည်းပဲ Zip လုပ်တာတောင် 30MB. Render လုပ်ထားတဲ့ပုံတွေနဲ့ ကိုယ်သုံးထားတဲ့ Materials ပုံတွေမပါသေးဘူး... အဲဒါဘာလို့လဲဆိုတော့ လျှာရှည်ထားတဲ့ အပင်က သစ်ရွက်တွေနဲ့ လျှာရှည်မိတဲ့ မြက်ခင်းက မြက်တွေက File size ကို မတရားကြီးစေတာလေ... ဒါနဲ့ပဲ Wasting my effort again... ဆွဲထားတဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သစ်ပင်နဲ့ မြက်ခင်းကို အရွယ်တွေလိုက်လျှော့ရပါရော... ပြီးမှပဲ တင်လိုက်ရတယ်... ဆရာသာ ကိုယ်ချင်းစာတတ်မယ်... ကျွန်မကြိုးစားထားတဲ့ Effort ကိုသဘောပေါက်မယ်ဆိုရင်တော့ အမှတ်ကောင်းကောင်းပေးမယ်လို့မျှော်လင့်တာပဲ... သူလိုချင်တာက Original creation... ဓာတ်ပုံကို ကြည့်ပြီး ပြန်ဆွဲပါတဲ့... တခြားသူတွေဆွဲထားတဲ့ အင်တာနက်ပေါ်က 3d ပုံတွေကို ပြန်ကူးမချပါနဲ့တဲ့... အဲဒါကိုကြည့်မယ်ဆိုရင်တော့ ကျွန်မရဲ့ Original Creation စစ်စစ်ဆိုတာကို သူ ၉၉.၉၉ မှတ်ပေးသင့်နေဘီ... ဟွန်း.... ဆွဲထားတဲ့ပုံတွေကြည့်လိုက်နော်...
ရေကန်ဆွဲရတာက လက်တော်တော်ဝင်တယ်... ရေကန်နဲ့တော့ သိပ်မတူလှဘူး... |
အင်းလေး ခြေတံရှည်အိမ်... ဟဲဟဲ... |
အနောက်က floating plantation က တကယ်ကိုပဲ လေပေါ် float ချင်နေတယ်... မတတ်နိုင်ဘူး... ရေပေါ်float အောင်ချိန်တာပဲ ဒီလောက်ပဲရတယ်... |
12 comments :
ဖတ်ရင်း ဇွဲကောင်းလို့ ချီးကျူးမိတယ် မောလည်းမောသွားတယ် စာမေးပွဲဆိုတဲ့အသံကြားလို့  ပုံလေးတွေဆွဲတာတော်တယ် မဗေဒါ အားတင်းထား နာမည်နဲ့ လိုက်အောင် အံကိုခဲ ပန်းပန်လျှက်ပဲ
ပိုးပိုး
တခြားသူငယ်ချင်းတွေနဲ့ယှဉ်ရင် ဇွဲမကောင်းပါဘူး... လွယ်လွယ်နဲ့ Give up လုပ်ချင်နေတာ... သူငယ်ချင်းတစ်ယောက်ဒီဘာသာယူသွားတာ ဘာသံမှတောင်မကြားလိုက်ဘူး... အေးဆေးပဲ... ကိုယ့်ကျမှ ဒုက္ခတွေများတာ... အားပေးလို့ကျေးဇူးနော်... စာမေးပွဲကြီးက မေလကုန်မှာလာအုံးမှာ... ဒီကြားထဲ တခြားဘာသာ Assignment သေးသေးလေးတွေများကြီးလုပ်ရအုံးမယ်... စိတ္တဇညတွေ ဖြတ်သန်းရအုံးမယ်... ခုတော့ ပျော်ပျော်နေလိုက်အုံးမယ်..
I like your aeroplane:-D
Wish for you all the best :-)
ဖတ်ရင်း မောတာ... အားလုံးအဆင်ပြေသွားမှပဲ သက်ပြင်းချနိုင်တယ် :D
Thank you... အဲဒါက မဗေဒါဆွဲတာဟုတ်ဖူး... သူများကူဆွဲပေးတာ... ဟီး...
Thank you so much for ur words.... :)
ဟုတ်ပါ့ညီမရေ... လာဖတ်ပြီး ပူပေးသွားတာ ကျေးဇူး..
same here ပါ မဗေဒါရေ.. i just finished my term 1 TMAs.. မဗေဒါပြောသလို စိတ္တဇညတွေ ဖြတ်သန်းရအုံးမယ်...term 2 အတွက်.. ဒါတောင် စာမေးပွဲ အတွက် မတွေးမိသေးဘူး..all the best sis.. =)
မဗေဒါက ဒါတွေလဲတတ်တာပဲကိုး မိုက်တယ် အားကျတယ် :)
အစ်မဗေဒါက Architecture မေဂျာတက်နေတာလား
@၀ိဝိရေ - ဟုတ်ပါဘူး။ Multimedia တက်နေတာပါ။
Post a Comment