Wednesday, March 06, 2013

Gold Coast, A place for everyone - Day 1


Gold Coast ကို သွားမယ်သာ ဆုံးဖြတ်လိုက်တယ်... ဘာကို မျှော်လင့်ထားရမှန်း မသိခဲ့တာအမှန်ပါပဲ။ သွားခါနီးမှ တနလာင်္နေ့ကနေစပြီး လူကနေမကောင်းဖြစ်တာ ပျောက်သွားလိုက် ပြန်ပြီး နှာစေးချောင်းဆိုးလိုက် ကိုယ်လက်ကိုက်ခဲလိုက်နဲ့ လူကခရီးသွားတဲ့ရက်တွေအထိ နေမကောင်းဖြစ်နေခဲ့တယ်... အဲဒါကြောင့် ခရီးတစ်ခုသွားဖို့ ကျန်းမာရေးကလဲ အဓိကကျတဲ့အချက်ထဲပါတယ်။ ကိုယ်ကျန်းမာတုန်း သွားနိုင်လာနိုင်တုန်း အခွင့်အရေးရရင်ခရီးသွားဖို့တိုက်တွန်းချင်တယ်... ခု Gold Coast အကြောင်းပြောရရင် Gold Coast က သြစတေးလျရဲ့ အရှေ့မြောက်မှာရှိတဲ့ Queensland ပြည်နယ်ထဲမှာရှိတာပါ။ အဲဒိပြည်နယ်ရဲ့ မြို့တော် Brisbane နဲ့ ၉၄ကီလိုမီတာကွာတဲ့ မြို့ကြီးတစ်မြို့ပေါ့။ မသွားခင် အနည်းအကျဉ်းတော့ ရှာဖွေကြည့်တော့ Gold Coast ဆိုတာ Beach သက်သက်ချည်းပဲတော့ မဟုတ်တာ ရိပ်စားမိခဲ့ပါတယ်... ဒါပေမဲ့ လုပ်စရာ သွားစရာတွေ ဒီလောက်များလိမ့်မယ်လို့ မထင်ခဲ့မိပါ။ သင်ဟာ Beach တွေကိုကြိုက်သလား၊ သင်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောတောင်ကို ကြိုက်လား၊ သင်ဟာ Party တွေကိုကြိုက်လား၊ သင်ဟာ Theme Park တွေကို ကြိုက်လား၊ သင်ဟာ မြို့တစ်မြို့ရဲ့ လူနေမှုနဲ့ Culture ကိုကြိုက်လား၊ အဲဒိအရာတွေအကုန်လုံးကို Gold Coast မှာရနိုင်ပါတယ်။ ဒီတော့ Gold Coast မှာ ကြာကြာနေပြီး တစ်ခုချင်းစီကိုလုပ်မလား၊ ကိုယ်သဘောအကျဆုံးတွေကိုပဲ အဓိကထားမလား ဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။ မဗေဒါကတော့ ဘာမသိ ညာမသိ Gold Coast သွားမယ်ဆိုပြီး ဟော်တယ်တွေရှာတော့ သူများတွေရေးထားတဲ့ review တွေဖတ်၊ ဈေးအသင့်အတင့်ကိုကြည့် အဓိကကတော့ Location နဲ့ Accessibility နဲ့ ဈေးအသင့်အတင့်ပေါ့နော်... ဒီလိုနဲ့ Royal Pacific Resort ကို ဘွတ်ဖြစ်သွားတယ်... သူ့ထက်သဘောကျတဲ့ ဟော်တယ်တွေရှိပေမဲ့ အခန်းမကျန်တော့ဘူးချည့်ဖြစ်နေတော့... အားလုံးထဲမှာအဲဒါလေးက မဆိုးဘူးဖြစ်နေတယ်... ပြီးတော့ Accessible ဖြစ်တယ်... ဟော်တယ်ရှေ့တည့်တည့်မှာ ဘတ်စ်ကားဂိတ်လေးနဲ့ဆိုပြီး ရေးထားတော့ အဲဒိနေရာကိုပဲ ရွေးဖြစ်သွားတာပါ... ၂ယောက်ခန်း ၃ညအိပ်ကို စလုံးဒေါ်လာ ၃၈၀ လောက်ပဲဆိုတော့ သိပ်မဆိုးပါဘူး... 

Scoot Airline နဲ့ ဖြစ်ပျက်သမျှ

လေယာဉ်က (သောကြာင်္နေ့) ၈ရက်နေ့ည ၁၀နာရီခွဲမှာ ချန်ကီကနေ Gold Coast ကို ScootBiz နဲ့ ညီအစ်မ ၂ယောက်ထွက်ခဲ့ကြပါတယ်... Scoot Airline ကြီးအကြောင်းကို ပြန်ပြောင်းပြောပြရရင်ဖြင့် ဈေးသက်သာတာ သက်သာပင်မဲ့ အဲဒိဈေးနဲ့မတန်လောက်အောင် မကောင်းပါဘူး... ဒေါ်လာ ၂၀၀ လောက်ပိုပေးပြီး SIA နဲ့သွားလိုက်ရင်တောင် အတော်လေးကောင်းမှာပါ... ဒါပေမဲ့လဲ ကိုယ်ကခဏတစ်ဖြုတ်လေယာဉ်လေးပဲ စီးမှာလေ... ဒီပိုက်ဆံ၂၀၀ လဲနည်းလားလို့ လေယာဉ်လက်မှတ် ဘွတ်ခါနည်းဆို တွေးတက်တဲ့ အတွေးရှိတယ်လေ... အဲဒိ ScootBiz ကို ဘွတ်တုန်းက လေယာဉ်ပေါ်မှာစားဖို့ Menu ရွေးခိုင်းပါတယ်... ဒီတော့ ညီအစ်မ ၂ယောက်လုံးက ဒန်ပေါက်ကိုရွေးထားပါတယ်... ခုလို အဖြူတွေနေတဲ့နိုင်ငံသွားရင် ထမင်းကတော့ ခပ်ရှားရှားဖြစ်မှာစိုးလို့ ထမင်းအ၀စားထားချင်တာပါ... Business class ဆိုတော့ နည်းနည်းလောက်တော့ မှန်းထားမိပါတယ်... Boarding လုပ်တော့လဲ ကိုယ်တွေက အရင်ဆုံးတက်ရတာလေးပဲ ကွာပါတယ်... လေယာဉ်ပေါ်ရောက်တော့လဲ ထင်ထားတာက ဒီ ၇နာရီခရီးစဉ်မှာ အနည်းဆုံးတော့ ထိုင်ခုံကို တဆုံး လှဲအိပ်လို့ရတန်ကောင်းပါရဲ့(လှဲအိပ်မည်ဟုဆိုလိုခြင်းမဟုတ်)... စောင်ခေါင်းအုံးလောက်တော့ ပေးတန်ကောင်းရဲ့ (MAI တောင် ပေးသေးတယ်...) လို့မှန်းခဲ့တာပါ... လေယာဉ်ပေါ်ရောက်တော့ ထိုင်ခုံလေးတွေက ထင်သလောက်လဲ မကျယ်ပါဘူး... ရိုးရိုးတန်းဆို ဘယ်လောက်ဆိုးမလဲလို့တွေးပြီး အပြန်အတွက် စိတ်ခုရပါတယ်... ထမင်းကျွေးချိန်ကလဲ အတော်နောက်ကျပါတယ်... စဉ်းစားကြည့် ည၁၀ခွဲ ထွက်တဲ့လေယာဉ်အတွက် ၈နာရီ၄၅လောက် Check in ၀င်ဖို့ အိမ်က ၈နာရီလောက်ထွက်လာတော့ တချို့ဆို ထမင်းမစားခဲ့ကြလောက်ပါဘူး... တော်သေးတယ် အိမ်မှာ ကြက်ကုန်းဘောင်နဲ့ တစ်လုတ် နှစ်လုပ်စားဖြစ်ခဲ့လိုက်လို့... မဗေဒါ အစ်မဆိုလေယာဉ်ပေါ်မှာလဲ ကျွေးမှာပဲဆိုပြီး မစားခဲ့တော့ အတော်စာနေတာပါ... ည ၁နာရီလောက်မှ ထမင်းကျွေးဖို့လုပ်တာတွေ့ပါတယ်... ခဏနေတော့ လေယာဉ်မယ်ရောက်လာပြီး ကျွန်မတို့ရွေးထားတာမရှိကြောင်း spaghetti ပဲရှိကြောင်းလာပြောပါတယ်... သူတို့လေယာဉ်ပေါ်က ပိုက်ဆံပေးစားတဲ့ Menu ပေါ်မှာတောင် ၄မျိုးလောက်ရွေးစရာရှိသည်... အဲဒါကို ဒါပဲရှိတယ် ဒါပဲရမယ်လာပြောသည်။ ကျွန်မတို့က Menu ထဲက အမဲသားနဲ့ထမင်းမရနိုင်ဘူးလားမေးတော့... မရဘူး ဒါပဲရမယ်တဲ့... ဒါနဲ့ ကျွန်မက ဒါဆို ငါတို့ လက်မှတ်ဝယ်တုန်းက စားစရာတွေ အများကြီးပြပြီး Menu ကြိုရွေးခိုင်းတာက အဓိပ္ပါယ်မရှိတော့ဘူးပေါ့... ဒါလက်မှတ်ကို ညာရောင်းတာပဲ... ငါတို့က ထမင်းပဲစားချင်တာ (အမှန်တော့ Spaghetti လဲစားနိုင်ပါတယ်... အချိုးကိုမကြိုက်လို့ ကိုယ်ကလဲ တမင်ရစ်တာပါ)... ဒီတော့မှ မမက "I will check with captain" ဆိုပြီး ထွက်သွားပါတယ်... လေယာဉ်မောင်းနေတဲ့သူကို customer က ထမင်းပဲစားချင်လို့ ကျွေးရမလားဆိုတဲ့ မေးခွန်းမျိုးသွားမေးရပေအုံးမပေါ့... (အမှန်တော့ လေယာဉ်ပေါ်မှာ လူစားအနည်းဆုံး ပစ္စည်းကို ကျွန်မတို့ကို ထိုးကျွေးတာဖြစ်မည်)... ဒီလောက်ဆို scoot ရဲ့အကြောင်းကို တစေ့တစောင်းရိပ်မိလောက်ပြီ... ကျွန်မတို့လဲ တော်တော်ကြီး သဘောပေါက်သွားလို့ ဘာမှ Complain မလုပ်ချင်တော့ပြီ...လေယာဉ်ပေါ်က စားစရာတွေမကောင်းမှန်း သိပင်မဲ့ Scoot ပေါ်ကကျွေးသောထမင်းဖြင့် ဘေးကလူကို ကောက်ပေါက်လျှင် ခေါင်းကွဲလောက်သည်... (အတိသရ၀ုတ်တိအလကာင်္ဖြင့် အလွန်အကြူးဖွဲ့ဆိုသည်)...

Immigration and Custom 

Gold Coast လေဆိပ်က မြန်မာပြည်လေဆိပ်ထက် အနည်းငယ်သာရုံလောက်ရှိမည်ဟု စိတ်ထဲထင်မိသည်။ စကာင်္ပူလေဆိပ်က ထွက်လာသူမို့အဲလိုထင်တာလားတော့ မသေချာ။... Immigration ဖြတ်ဖို့တန်းစီတဲ့သူတွေထဲ Asian က ၈၀ရာခိုင်နှုန်းလောက်ရှိသည်။ ဘာလီသွားတုန်းကတောင် အဖြူတွေပိုများသေးသည်။ အင်မီဂရေးရှင်း officer ထိုင်တဲ့ကောင်တာထဲမှာ အဖြူလူမျိုးတွေတွေ့ဖူးတာ ပထမဆုံးမို့ အမြင်တော့ဆန်းနေတယ်... ၀င်တော့ သံရုံးကပေးလိုက်တဲ့စာ (စာအုပ်ပေါ်မှာ မရိုက်ပင်မဲ့ စာတစ်စောင်တော့သက်သက်ပေးလိုက်တယ်) ကို Immigration officer မိန်းမကိုပေးတော့ မလိုဘူးဆိုပြီး ပြန်ပေးတယ်... "It's Electronically" လို့ပြောလိုက်သေးတယ်... အေးဆေးပဲ တုံးထုပေးပြီး ပြီးသွားတော့ အိတ်တွေလည်နေတဲ့ဆီရောက်တယ် ... အိတ်တွေကလဲ စာတမ်းပြနေတဲ့ Belt က မထွက်ပဲ ဘေးက Belt ကနေလဲ ထွက်နေတယ်... လူတော်တော်များများကိုယ့်အိတ်ကို တော်တော်လေးစောင့်ရတယ်... တဖက်က Belt ကနေ တခြားလေယာဉ်နဲ့ရောပြီး အိတ်တွေကထွက်နေတယ်... နောက်မှ တာဝန်ရှိသူတစ်ယောက် ဟိုဘက်မှာလဲ အိတ်တွေကို စစ်ပေးပါဆိုမှ ကိုယ့်အိတ်တွေ့သည်... အစ်မအိတ်က အပေါ်အိတ် Zip သေးသေးလေးက ပွင့်နေသည်... အထဲမှာ Face shop က၀ယ်ထားသည့် ရေစိုပုံစံဆိုးလို့ရတဲ့ လက်သည်းနီ၃ဘူး အသစ်စက်စက်ကို ရှာလို့မတွေ့တော့... ဒီလိုနဲ့ Custom ကိုဖြတ်ရတယ်... သြစီက ကျပ်တော့ ဘယ်သူ့မှ မလွတ်ရအောင်စစ်တော့တာပဲ... ကျွန်မတို့ ညီအစ်မ ၂ယောက်ကိုတော့ အသေးစိတ်စစ်ဖို့ တစ်ဖက်ကိုသွားခိုင်းတယ်... အိတ်ပါတာများလို့ပဲ စစ်တာလား... လူကပဲ မသကာင်္စရာ ဥပတိရုပ်ဖြစ်နေလို့လားတော့ မသိ... ကိုယ်လဲ မဟုတ်တာ ဘာမှမပါ... အစကတည်းက သြစီကျပ်မှန်းသိလို့ ဘာစားစရာမှလဲ ယူမလာ... တခြား ငြိမယ်ထင်တဲ့ပစ္စည်းတွေလဲ ယူမလာ... အထဲရောက်တော့ Custom က မိန်းမက ဖော်ဖော်ရွေရွေပဲ... ဖော်ဖော်ရွေရွေဆိုပေမဲ့ စစ်လိုက်တာတော့ တစ်ခုမကျန်... အိတ်အားလုံးကို Xray ဖြတ်ခိုင်းပြီး... တစ်အိတ်ချင်းစီကိုလဲ ဖွင့်ခိုင်းပြီး တစ်ခုချင်းစီစစ်တယ်... စစ်နေတုန်းလဲ အလ္လာပသလ္လာပ ပြောသည့်ပုံစံဖြင့် ကျွန်မတို့ ညီအစ်မရဲ့ Background ကိုစစ်ဆေးနေသေးတယ်... သူ့တာဝန်သူလုပ်နေတာပဲ ကိုယ်လဲ မဟုတ်တာတစ်ခုမှမလုပ်ထားတော့ အကုန်အမှန်အတိုင်းပဲဖြေတယ်... စိတ်လဲဆိုးစရာမလိုဘူးလေ... သူတို့က မြန်မာ Immigration officer တွေ Custom Officer တွေလို (နှိမ်တာတော့မဟုတ်ပါဘူး) ပိုက်ဆံမထွက်မချင်း ရစ်ပြီး ပေးမသွားမဲ့ သူတွေမဟုတ်ဘူးလေ... (တစ်သက်နဲ့တစ်ကိုယ် ကိုယ်က အမှန်အကန်လာပင်မဲ့ ဘာများဖြစ်မလဲဆိုပြီး ကြောက်ကြောက်လန့်လန့်ဖြတ်ရတာဆိုလို့ ကိုယ့်နိုင်ငံ Immigration တစ်ခုပဲရှိတယ်...) ဒီလိုနဲ့ ကိုယ်လဲ သိချင်တာတွေ သူ့ကိုပြန်မေးတာပေါ့... ဒီကနေ ဘယ်လိုကားစီးရလဲ... ဘယ်လိုသွားရလာရသလဲပေါ့... သူကလဲအားလုံးကို စိတ်ရှည်လက်ရှည်ပြန်ဖြေပါတယ်... အားလုံးစစ်ပြီးတော့ကျွန်မတို့ကို ပေးသွားပါတယ်...

အပြင်ရောက်တော့ tourist တော်တော်များများ ကားလက်မှတ်တွေတန်းစီနေကြတဲ့နေရာမှာ ကျွန်မတို့လဲ တန်းစီလိုက်ပါတယ်... ကားလက်မှတ်တွေက ၃ရက်စာ၊ ၅ရက်စာ၊ ၁ပတ်စာ မြို့တွင်းဘတ်စ်ကား ကြိုက်သလောက်စီး ပြီးတော့ လေဆိပ်အပို့အကြိုရယ်ပါပါတယ်... ကိုယ်က ၄ရက်နေမှာဆိုတော့ အပြန်လေဆိပ်ကို ဘယ်လိုလာကြိုတော့မလဲဆိုပြီး တွေးရခက်နေပါတယ်... ကိုယ့်အလှည့်ရောက်လို့ မေးကြည့်တော့မှ ၃ရက်စာ ဘတ်စ်ကြိုက်သလောက်စီးနဲ့ အပြန်လေဆိပ်အပို့က ကြိုက်တဲ့နေ့ဖြစ်လို့ရတယ်ဆိုတော့မှ ရှင်းသွားတော့တယ်... ဒီတော့ 3 days Pass ၀ယ်လိုက်ပါတယ်... ၁ယောက်ကို သြစီ ၇၁ ဒေါ်လာကျတယ်... ဘတ်စ်များများ စီးနိုင်မှ တန်တယ်... မဟုတ်ရင်မတန်ဘူး... Transportation အကြောင်းပြောရင်း တစ်ခါတည်းပြောလိုက်မယ်... အဲဒိ Pass က သိပ်တော့မတန်ဘူး... ဘာလို့လဲဆိုတော့ ဘတ်စ်ကား တစ်ခါစီးအလွန်ဆုံးကုန် ၁၀ဒေါ်လာပေါ့ (မသေချာပါ... ခန့်မှန်းခြင်းသာ... ဒီထက်လဲ တန်ကောင်းတန်မည်...)... ကိုယ်တနေ့အလွန်ဆုံးစီးဖြစ်မှ အသွားတစ်ခါ အပြန်တစ်ခါ... ဘာလို့လဲဆိုတော့ ဘတ်စ်ကားတစ်စီးနဲ့တစ်စီး မိနစ်၃၀ကွာတော့ တစ်ခါတစ်ခါစောင့်ရတာနဲ့တင် အချိန်တွေကုန်လွန်းလို့တတ်နိုင်သလောက်ကိုယ်က မစီးချင်ဘူး... ကိုယ့်မှာ လိုင်စင်ရှိရင်တော့ ကားတွေသွားငှားပြီး မောင်းလို့ရတယ်... တစ်နေကုန်မှ ၂၅ဒေါ်လာတို့ ဒေါ်လာ၃၀တို့လောက်ပဲရှိသည်... ဒါပေမဲ့ Parking ခကတော့ အတော်ဈေးကြီးတယ်လို့ကြားသည်.... ကိုယ့်ဘာသာကိုယ် ဘယ်ဟာကိုယ်နဲ့ အကိုက်ဆုံးလဲ ချိန်ဆကြည့်ပေါ့...
ကားငှားရင်တော့ တော်တော်သက်သာမယ် အချိန်ကုန်လဲသက်သာမယ်... Parking ခတော့ ဘယ်လောက်လဲမသိ

ကျွန်မတို့နေတဲ့ Resort ကလဲ အဓိက လူအစည်ဆုံး Surfer Paradise နဲ့ အတော်လေးဝေးနေတာတွေ့ရတယ်... Review တွေပြောသလို့ Accessible ဖြစ်ပါတယ်... ဘတ်စ်ကားဂိတ်လေးလဲရှိပါတယ်... ဒါပေမဲ့ ဘတ်စ်ကားလာတဲ့အချိန်က ကြာလွန်းတော့ ဒီလောက်လဲအကျိုးမရှိလှပါ... Facility ကတော့ မစိုးပါဘူး... ကံကောင်းချင်တော့ ကျွန်မတို့ ဘွတ်ထားတဲ့ Studio Apartment အမျိုးအစားက ကုန်သွားလို့ ဒီထက်ကောင်းပြီး ပိုကျယ်တဲ့ အခန်းကိုပေးပါတယ်... စစချင်းတော့ သူတို့အလုပ်လုပ်တဲ့ ပုံစံက Singapore လို သိပ် serious မဖြစ်ဘူးလို့ခံစားရပင်မဲ့...နောက်တော့ အားလုံးက ဒီလိုပုံစံပဲဆိုတာသိသွားတော့လဲ အသားကျသွားပါတယ်... အခန်းက ဧည့်ခန်း၊ (ဓာတ်ခဲမရှိတဲ့) Remote နဲ့ တီဗွီ၊ Mini မီးဖိုချောင်၊ ၂ယောက်အိပ်ခန်း (၁ယောက်အိပ် ကုတင် ၂လုံးပေးဖို့ဘွတ်တုန်းက တောင်းထားပင်မဲ့ ၂ယောက်အိပ်ကုတင် ၁လုံးပဲရှိတယ်... အခန်းက upgrade ပေးထားတော့လဲ မပြောချင်တော့ပါဘူး...) ၊ အဲကွန်း၊ မီးပူ၊ Microwave၊ မီးဖိုချောင်သုံးအသုံးအဆောင်တွေ၊ ရေချိုးခန်းအိမ်သာက အိပ်ခန်းဘေးမှာ ပါတယ်... ရောက်တာနဲ့ ညီအစ်မ၂ယောက်လဲ အထုတ်တွေဖွင့်ပြီး အခန်းကိုဖွလိုက်ကြတာပဲ... ဓာတ်ပုံတောင်မရိုက်ဖြစ်လိုက်ဘူး... ပြန်ခါနီးမှရိုက်လာတဲ့ပုံတွေကြည့်လိုက်... အခန်းကတော့ ပွနေတယ်... ပြတင်းပေါက်ကနေကြည့်လိုက်ရင် ပင်လယ်ကြီးကိုမြင်နေရတဲ့ ရှုခင်းတော့ကြိုက်တယ်... ၀ရံတာအကြီးကြီးလဲရှိတယ်... ဘာပဲပြောပြော ပေးထားတဲ့ဈေးနဲ့ မဆိုးဘူးလို့ပြောလို့ရတယ်... မိသားစုလိုက်လာရင်တော့ အခန်းခက ပိုတန်မယ်ထင်တယ်... Check in စောဝင်ခွင့်ပေးတာပဲ ကျေးဇူးတင်ရမယ်...
Royal Pacific Resort
ဟိုဘက်အဆောင်က ၀ရံတာကိုရိုက်ထားတာ.. ကျွန်မတို့ ၀ရံတာလိုပဲ... ဘေးခန်းက ၀ရံတာလေးတွေက သေးတယ်...

မွှေ့ရာက ပျော့လွန်းတော့ ခါးနာတယ်... ပြတင်းပေါက်ကရှုခင်းကတော့ မနက်နိုးရင် စိတ်ကြည်နေတာပဲ...

ဧည့်ခန်းက ပွနေတယ်... သိပ်မပွတာလေး ရွေးရိုက်ထားတာ...

ဒါက Mini Kitchen၊ Fridge, Microwave, မီးဖို၊ Basin၊ ပန်းကန်ခွက်ရောက် အကုန်ရှိတယ်...

ညီအစ်မ၂ယောက်လဲ ပင်ပန်းပြီး ခဏအိပ်ပျော်သွားကြတယ်... နောက်မှ ရေမိုးချိုးပြီး နေ့လည်စာစားဖို့ ထွက်ရင်း ပတ်ဝန်းကျင်လဲ လေ့လာဖို့ထွက်ခဲ့ကြတယ်... တည်းခိုခန်းပိုင်ရှင်မိန်းမကတော့ အဲဒိဘေးက လမ်းအတိုင်းထွက်သွားရင် လမ်းထိပ်မှာဆိုင်တွေအစုံရှိတယ်... နည်းနည်းလေးဆက်လျှောက်ရင် Shopping Mall တောင်ရှိတယ်လို့ပြောတယ်... ဒါပေမဲ့ လမ်းထိပ်ရောက်ဖို့တောင် ၁၅ မိနစ်လောက်လျှောက်ရတယ်... လမ်းလေးကတော့ သာယာပါတယ်... ပင်လယ်ကပဲစီးပြီးဖြစ်နေတဲ့ မြစ်လိုလိုလေးရှိတယ်... အိမ်တိုင်းရဲ့ နောက်ဖက်မှာ ကိုယ်ပိုင် သဘောင်္လေးတွေနဲ့ သဘောင်္ဆိုက်တဲ့နေရာလေးတွေရှိတယ်... စကာင်္ပူလိုလဲ လူတွေရှုပ်ရှက်စည်ကားနေတဲ့ နိုင်ငံကလာလို့လားတော့မသိဘူး စိတ်ထဲမှာလူသိပ်ပျက်တာပဲလို့ ခံစားရတယ်... ဘယ်သူတွေ့တွေ့ "Where are you from?" ဆိုလို့ကတော့ Proudly Answer " I am from Myanmar." လို့ပဲဖြေတာပဲ... 


The small valley along the river near our resort... Is He naked? OMG I didn't mean to take his photo...


လမ်းထိပ်မှာရှိတဲ့ စားသောက်ဆိုင်လေးတွေ...

 အဲဒိရောက်မှ ဘာဖြစ်တယ်မသိဘူး.... ထမင်းချည်းစားချင်တာ... လေဆိပ်မှာ Sandwich စားကြည့်တာ အီစိမ့်နေတာပဲလို့ခံစားရတယ်.. ကုန်လဲမကုန်ဘူး... လူကနေမကောင်းလို့ ဆေးတွေသောက်ပြီး ခံတွင်းပျက်နေတာလဲ ပါမယ်ထင်တယ်... လမ်းထိပ်ရောက်တော့ အီတာလျံဆိုင်၊ ဂျပန်ဆိုင်၊ ထိုင်းဆိုင်တွေ့တယ်... ထိုင်းဆိုင်တွေ့တော့ ညီအစ်မ၂ယောက်လုံး ပျော်ပြီး တံခါးဖွင့်ဝင်လိုက်တော့ ဆိုင်က ညနေ ၃နာရီ ပိတ်တယ်တဲ့... အချိန်ကြည့်တော့ ၃နာရီ၁၀မိနစ်... ဒါနဲ့ ဒုတိယဦးစားပေး ဂျပန်ဆိုင်ပဲဝင်လိုက်တယ်... Teriyaki Chicken နဲ့ ထမင်း(AUD 8.90)၊ အစ်မက Pork curry၊ ထမင်းနဲ့ အအေး (AUD 9.90) ကျတယ်... စလုံးနဲ့ယှဉ်ရင် စားစရိတ်အတော်ဈေးများတယ်... စားပြီးတော့ ဆိုင်ရှေ့က ဘတ်စ်ကားဂိတ်ကနေ Surfer Paradise သွားဖို့ကားစီးတယ်... သြစီက ဘတ်စ်ကားမောင်းတဲ့သူတွေက ပိုက်ဆံပေးလို့ ပိုရင် ပြန်အမ်းတယ်... စကာင်္ပူမှာဆို မအမ်းဘူး... အစကတည်းက အတိပေးရင်ပေးပဲ... မဗေဒါတို့ကတော့ 3 days pass ဆိုတော့ Pass ကို ပြပြီးတက်ရုံပဲ (Date လဲ ယူပြီး မစစ်ဘူး.. ညာစီးရင် ဘယ်နှယ့်လုပ်)... ဘယ်နားဆင်းရမှန်းတော့ အသေအချာမသိပင်မဲ့ ကားပေါ်မှာ Surf board ကြီးနဲ့ ကောင်လေးတစ်ယောက်ပါလာတော့ သူဆင်းတဲ့နေရာလိုက်ဆင်းရင်လဲ မမှားလောက်ဘူးထင်တာပဲ... ပြီးတော့ လမ်းတစ်လျှောက်လဲ လမ်းနာမည်တွေကို လိုက်ဖက်လာတယ်... ထင်တဲ့အတိုင်းပါပဲ အဲကောင်လေးဆင်းတဲ့နေရာကလဲ Surfer Paradise လို့ ရေးထားတဲ့မှတ်တိုင်ပဲ... လေဆိပ်ကလာတုန်းက အဲဒိဘက်ကို ကားက ပတ်နေသေးတော့ မှတ်မိထားတာလဲပါတာပေါ့... ဒီလိုနဲ့ ပင်လယ်ရှိမဲ့ဘက်ကို မှန်းပြီး လမ်းလျှောက်လာလိုက်တယ်...
Pork Curry and rice
Teriyaki Chicken and Rice


ရှော့ပင်းမောတစ်ခုတွေ့တော့ သွားတိုက်တံမပါလာတာနဲ့ သွားပွတ်တံဝင်ဝယ်တယ် (AUD 1.95) ... နောက်ပြီး Travel adapter ပါလာပင်မဲ့ သြစီက ပလက်တွေကလဲအလုပ်မဖြစ်တဲ့ ထိပ်အပြား ၃ပင် ဖြစ်နေတယ်... ပါလာတဲ့ ကင်မရာတွေ ဖုန်းတွေအားမသွင်းလို့ကလဲ မဖြစ်တော့ Adapter ၀ယ်ရတယ် (AUD 14.00)... adapter 14 dollar က များတယ်လို့ထင်တာပဲ... ဆက်လျှောက်ရင်း Vodafone ဆိုင်တွေ့တော့ ဖုန်းကဒ်ဝင်ဝယ်ပါတယ်... ရိုးရိုးကဒ်ဆိုရင်တော့ AUD 30 ပါပဲ... ကျွန်မဖုန်းက Note 2 micro sim ဆိုတော့ ၂ဒေါ်လာပိုပေးရပါတယ်... ဆိုင်က Hilary Duff နဲ့ ဆင်တဲ့အရောင်းကောင်မလေးက သဘောကောင်းတော့ voice plan ကို လျော့ပြီး Data plan ကိုတိုးလို့ရတယ်တဲ့... ကျွန်မတို့က ဖုန်းခေါ်တာထက် အင်တာနက်သုံးဖို့ကများတော့ အဲလိုလုပ်လိုက်တယ်... ဖုန်းကလဲ Viber နဲ့ ခေါ်လို့ရနေတာပဲလေ... ဒါပေမဲ့ ဖုန်းကဒ်က တန်ပါတယ်... ကျွန်မတို့ တစ်ချိန်လုံး သုံးနေတာတောင် သြစီခရီးစဉ်တစ်ခုလုံးအတွက် လောက်တယ်... နည်းနည်းတောင်ပိုတယ်....
I was at Cavill Ave, Gold Coast, Queensland, Australia
End of Cavill Ave is surfers paradise

ဒီလိုနဲ့ Surfer Paradise မှာ Shopping နဲ့ Entertainment ဆုံတဲ့လမ်းဖြစ်တဲ့ Cavill Avenue ကို လျှောက်ရင် ပင်လယ်ဘက်ကလာတဲ့ လေအေးကို စတင်ခံစားလို့ရပါတယ်... အဲဒိလမ်းကတော့ လူအတော်ရှုပ်ပါတယ်... လမ်းဆုံးမှာတော့ Surfer Paradise လို့ခေါ်တဲ့ Beach ရဲ့ တစ်နေရာကိုရောက်ပါတယ်... ဘီကနီတွေနဲ့ လှဲလှောင်းနေကြတဲ့ ဘိုမတွေများသလောက်တော့... Asia တွေလာလည်သူတွေကလဲ မနည်းမနောရှိပါတယ်... ဂျပန်၊ ကိုရီးယား၊ချိုင်းနား များပါတယ်... ညီအစ်မ၂ယောက်လဲ ပါလာတဲ့ ကင်မရာ အိတ်တွေစောင့်ပေးမဲ့သူမရှိတာရော ရေကူးအင်္ကျီ တည်းခိုခန်းမှာထားခဲ့တာရောကြောင့် ခြေစိုရုံလောက်ပဲ ပင်လယ်ထဲဆင်းဆော့ခဲ့ပါတယ်... ပင်လယ်ရေကတော့ အေးစိမ့်နေတာပါပဲ... လေကလဲ အတော်တိုက်ပါတယ်... လှိုင်းတွေလဲကြီးတယ်... ကမ်းခြေမှာ ခဏလေညင်းခံပြီး အဲဒိတစ်လျှောက်လမ်းလျှောက်ပြီး လျှောက်ကြည့်ကြပါတယ်... အထူးသဖြင့်တော့ Gold Coast ရဲ့ အမြင့်ဆုံး Tower ဘက်ကို ဦးတည်ခဲ့ကြတာပါ... Observation Desk ကနေ အပြင် outdoor ထိပ်ဆုံးထိတက်လို့ရတယ်ဆိုလို့ အဲလိုအရာတွေကြိုက်တဲ့ ကျွန်မအစ်မက လုပ်ကြည့်ချင်တာပါ... ဟိုရောက်တော့ ညနေ ၆နာရီလောက်ရှိနေပါပြီ... တန်းစီနေတဲ့ လိုင်းကလဲရှည်ပါတယ်... ပြီးတော့ ထိပ်ဆုံးထိတက်တာက ပိတ်သွားပီလို့ပြောပါတယ်... ဒါနဲ့ပဲ မနက်ဖြန်မှပဲ လာဖို့ ဆုံးဖြတ်လိုက်ပါတယ်....


Surfer Paradise

သူတို့လဲ လေညင်းခံမလို့ပေါ့...

ဒီလိုနဲ့ မြို့ထဲဘက်တွေလျှောက်ကြည့်ဖြစ်ပါတယ်... Tour Agent တစ်ခုတွေ့တော့ Brisbane ကို နောက်တစ်ရက်ကျော် (Monday) မှာသွားဖို့ 1 Day tour ကို AUD 89 နဲ့ ၀ယ်ဖြစ်ပါတယ်... ကိုယ့်ဘာကိုယ်သွားတာကို ပိုကြိုက်ပင်မဲ့... Transportation system ကို သိပ် Reliable လုပ်လို့မရတာနဲ့ tour ပဲဝယ်ဖြစ်လိုက်တာပါ... နေရာ ၇ နေရာလောက်တော့ ပို့ပေးမဲ့ထဲပါပါတယ်... ကိုယ့်ဘာသာကိုယ်ဆိုလဲ အဲဒိနေရာတွေ ဘယ်လိုသွားရမှန်း လိုက်ကြည့်တာနဲ့တင် အချိန်ကုန်လောက်ပါတယ်... ပြီးတော့ မလာခင်လဲ သြစီက သူငယ်ချင်းတွေက Local Tour Package ၀ယ်ဖို့ တိုက်တွန်းထားလို့ပါ... Tour ရောင်းတဲ့ ဘိုမကလဲ မရောင်းချင်သလိုလို ၊ မဖြေချင်သလိုလို ဖြေချင်သလိုလိုနဲ့ နောက်ကရပ်နေတဲ့ သူ့အီစီကလီဘက်ကိုပဲ လှည့်လှည့်ပြီး ကြာပစ်နေတာတောင် အဲဒိတစ်ခုကို ၀ယ်ဖြစ်လိုက်ပါသေးတယ်...

360 degree views sky park အောက်မှာ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်...


ပြီးတော့ မြို့ထဲဆက်လျှောက်ရင်း ညစာအမြန်စားမှဖြစ်မယ်... မဟုတ်ရင် ဆိုင်တွေအကုန်ပိတ်ပြီး ငတ်သွားအုံးမယ်ဆိုပြီး စားဖို့လိုက်ရှာကြပါတယ်... ညီအစ်မ ၂ယောက် အာရှစာကို ထပ်ရှာကြပြန်ပါတယ်... ဟိဟိ.... ထိုင်းဆိုင်တွေ့တော့ ၀မ်းသာအားရစားမလို့ဟာ... Menu ကြည့်တော့ ဟင်းတစ်ပွဲကို AUD 27 လောက်ရှိတော့ ဈေးများလို့ မစားခဲ့ပါဘူး... ဒီလိုနဲ့ လျှောက်ကြည့်ရင်း နောက်ထပ် Tour ဆိုင်လေးတစ်ဆိုင်ကိုတွေ့ပြန်ပါတယ်... ဒီတစ်ခါတော့ ကောင်မလေးက အရမ်း ဖော်ရွေပါတယ်... သူအရောင်းတော်တာနဲ့ပဲ သူ့ဆီက Movie World Ticket နဲ့ Skypark ပေါ်တက်တဲ့ ticket အပြင် အဲဒိနေ့ည ၈နာရီခွဲမှာစမဲ့ surfer paradise ရဲ့ Ghost Tour ကို ၀ယ်ခဲ့ပါတယ်... AUD 88၊ AUD 21 နဲ့ AUD 25 စီကျပါတယ်... ၀ယ်တဲ့အချိန်မှာ ၈နာရီရှိဘီမို့ လူစုရပ်ကို အမြန်သွားဖို့ သေချာလမ်းညွှန်လိုက်ပါတယ်... သူကသိပ်အသေးစိတ်ညွှန်လို့လားတော့မသိ... ကျွန်မတို့လဲ နားတွေရှုပ်ပြီး မှားဖြစ်အောင်မှားလိုက်ပါသေးတယ်... နောက်တော့မှ ထင်တဲ့နေရာမှာစောင့်ရင်း ကျွန်မအစ်မက သူ့ဆီပြန်ပြီးမေးရပါတယ်... နောက်တော့မှ တခြားသူတွေလဲရောက်လာပြီး "Ghost Tour" စောင့်နေတာလားဆိုမှ ကိုယ်တွေနဲ့ တူတူပဲမှန်းသိလိုက်ပါတယ်... အဲဒိ Cavill Ave က ညဘက်ကျတော့ Club တွေ PUB တွေနဲ့ နေ့လည်က Bikini မလေးတွေကလဲ မိတ်ကပ်တွေ ဒေါက်မြင့်တွေ ဂါဝန်အတို အကပ်လေးတွေနဲ့ ဖြစ်ကုန်ကြရော...
သဘောကောင်းတဲ့ကောင်မလေးဆိုင်

ဒီမှာ မှာချင်တာက သေသေချာချာမှတ်ထားပါ... Ghost tour (AUD 25) ဆိုရင် လုံးဝ လုံးဝ မ၀ယ်ပါနဲ့... ၀တ္တုထဲက ကျွန်မမျက်လုံးထဲပုံဖော်ထားတဲ့ ရှားလော့ဟုမ်းအသက်ကြီးကြီးပုံ လူကြီးတစ်ယောက်က မီးအိမ်ကြီးကိုင်ပြီး ကမ်းခြေတစ်လျှောက်သွားပြီး ဟိုနားရပ်လိုက် စကားတွေပြောလိုက်... ဒီနားရပ်လိုက် သရဲအကြောင်းပြောလိုက်လဲ... ချမ်းကချမ်း... ခြေထောက်ကညောင်း... ဗိုက်ကဆာ... ဖြစ်ရတဲ့ Tour ပါ... ကိုယ်နဲ့အတူ ဒီ Tour ကို ၀ယ်တဲ့သူ ၁၅ယောက်လောက်တော့ရှိပါတယ်... Asian ကတော့ ကျွန်မတို့ ၂ယောက်နဲ့ ဟောင်ကောင်အတွဲ ၂ယောက်ပဲပါပါတယ်... သူက အစကတည်းက သူ့ Tour ကို မလိုက်ချင်တော့ရင် ကြိုက်တဲ့အချိန် မလိုက်ပဲနေခဲ့လို့ရပါတယ်တဲ့... ဒါပေမဲ့ လိုက်ပြီးမှတော့ အဲလိုကြီးနေခဲ့ရမှာ အဲဒိလူကြီးကို အားနာတယ်လေ... အတွဲ ၁တွဲပဲ မလိုက်ပဲနေခဲ့တယ်.. ကျန်တဲ့သူတွေအားလုံး အဆုံးထိလိုက်ကြပါတယ်... တကယ်ပါ.. သူပြောတဲ့ သရဲအကြောင်းကလဲ ကျွန်မဦးလေးကတောင် ဒိထက်ပိုကြောက်စရာကောင်းအောင်ပြောတတ်ပါသေးတယ်... ကျွန်မတောင် ကျွန်မဦးလေးကို မြန်မာပြည်မှာ ghost tour လုပ်ဖို့ အကြံပေးမှလို့ နောက်ပြီး ပြောနေသေးတယ်... တစ်နေရာအရောက်မှာ သူပြောတဲ့ ဟာတွေကို လမ်းက ဖြတ်သွားတဲ့ ဘိုတစ်ယောက်က ရပ်နားထောင်ပြီး သူ့ကို မေးခွန်းတွေမေးပြီး ပြဿနာရှာပါတော့တယ်... အဲဒိဘိုက အသက် ၂၀ကျော်လောက်ပဲရှိအုံးမယ်... ဒီ Tour ဟာ ဘာမှ စိတ်ဝင်စားစရာမကောင်းမှန်းသိပေမဲ့ လူတွေဟာ ဒီအဘိုးကြီးကို အားနာတာရယ်... ကိုယ်လဲ ပိုက်ဆံပေးထားပြီးဖြစ်တာရယ်ကြောင့် လိုက်နားထောင်နေတာပဲရှိပါတယ်... ဘယ်သူမှတော့ ယုံလို့လိုက်နားထောင်နေတာမဟုတ်ပါဘူး... ဒီကောင်လေးက၀င်ပြီး မေးခွန်းတွေမေးတယ်... ဟုတ်တယ် သူပြောတာတွေကမှန်တယ်... ဟိုလူကြီး လျှောက်ပြောနေတာကို သူက ဖော်ထုတ်တာ... ဒါပေမဲ့ လူတွေကို သူနားလည်ဖို့လိုတယ်... သူ့လောက်တော့ လူတိုင်းသိတယ်ဆိုတာ... ကျွန်မနောက်မှာရပ်ပြီးပြောနေတဲ့ သူ့ဆီကလဲ အရက်နံ့ကျွန်မရနေ ပင်မဲ့ ရုပ်ကိုတော့ လှည့်မကြည့်ဖြစ်ခဲ့ဘူး... နောက်ဆုံး tour လူကြီးလဲ ပြဿနာမတက်ချင်တာနဲ့ တခြားနေရာသွားမယ်ဆိုပြီး ခေါ်တော့ ကျွန်မတို့အားလုံးက သူ့နောက်လိုက်သွားတော့ အဲဒိ ကောင်လဲ မကျေမနပ်လေသံနဲ့ "And then they follow!" ဆိုပြီး အော်ကျန်ခဲ့လေရဲ့... ကျွန်မတို့အားလုံးက ငတုံးတွေဆိုတဲ့ သဘောပေါ့လေ... တုံးတာမတုံးတာထက် ကျွန်မအတွက်ကတော့ ဒီလူကြီး အသက်လဲကြီးနေပြီး သူ့ခမျာလုပ်စားနေရရှာတယ်လေ... ငါလဲ ပိုက်ဆံပေးပြီးမှတော့ သူဘယ်လိုလုပ်စားလဲ လိုက်ကြည့်လိုက်ပါ့မယ်ဆိုတဲ့သဘောနဲ့ လိုက်တာပါ... ဒီလိုမှလဲ နောက်လူတွေကို ခုလို မ၀ယ်ဖြစ်အောင် ပြောပြနိုင်မယ်ဟုတ်... ဒါပေမဲ့ တစ်ခုကောင်းတာတော့ သူတို့ English Listening ကောင်းကောင်းလေ့ကျင့်လိုက်ရသလိုဖြစ်သွားတာပေါ့နော်...
Ghost Tour စောင့်နေတုန်းက... 

နေမကောင်းတော့ ဘာမှ သိပ်မစားချင်ဘူး...

သူ့ tour က ၁၀နာရီလောက်မှာပြီးတော့ ပင်ပန်လာတာနဲ့ ဟော်တယ်ပဲပြန်မယ်ဆုံးဖြတ်လိုက်တယ်... တော်ကြာ ဘတ်စ်ကားမရှိတော့မှာကြောက်လို့... အပြန်ဘတ်စ်ကားဂိတ်ကိုလဲ အတော်လေးရှာလိုက်ရတယ်... အလာတုန်းက ဘတ်စ်ကားဂိတ်ရဲ့ ဟိုဘက်ကားလမ်းမှာသွားရှာတော့လဲ မတွေ့ဘူး... ဒီတော့ အလာတုန်းက ဘတ်စ်ကားဂိတ်မှာပဲ ယောင်လည်လည်လုပ်နေတုန်း... ရဲသုံးယောက်လျှောက်လာတယ်... ရဲမေတစ်ယောက်၊ ယောကျာင်္း ၂ယောက်... သူတို့ကို ဘတ်စ်ကားအကြောင်းမေးမလို့ bus လို့ ဟရုံပဲရှိသေး... ဘတ်စ်နဲ့ ပတ်သတ်ရင်သူတို့လဲ သိပ်မသိကြောင်း... သူတို့ကအမြဲကားပဲမောင်းနေကြောင်းရှင်းပြပါတယ်... ROYAL PACIFIC RESORT လို့ပြောတာလဲ ကိုယ့်အသံထွက်ကို သူတို့ မဖမ်းမိလို့ စာလုံးပေါင်းပြမှပဲ သိတော့တယ်... သူတို့ပြောတော့လဲ ကိုယ်ပြောတဲ့ အသံနဲ့ဆင်သလိုပဲလို့ စိတ်ထဲထင်မိတာပဲ... အဟိ... နောက်ဆုံးမှ ကျွန်မတို့ မနက်က ဘတ်စ်ကားစီးပြီး ဒီဂိတ်မှာဆင်းခဲ့ကြောင်း... ခု အပြန်ကားအတွက် ဘယ်မှာစီးရမှန်းမသိကြောင်း... လမ်းက ၂လမ်းသွားဆိုတော့ ဟိုဘက်ကားလမ်းမှာရှာတာလဲ ဘတ်စ်ကားဂိတ်မတွေ့ကြောင်း ပြောတော့မှ သူတို့ သဘောပေါက်ပြီး ဘတ်စ်ကားဂိတ်က ဟိုဘက်ကားလမ်းမှာပဲ ရှေ့နည်းနည်းဆက်လျှောက်လိုက်ရှိတယ်တဲ့...Titanium Bar နားမှာတဲ့... ခု Google map မှာရှာရင် ဘတ်စ်ကားမှတ်တိုင်လေးရှိတယ်... ကျွန်မတို့သွားတုန်းက မရှိဘူး... ကျွန်မတို့ မလာခင် ၂ပတ်လောက်ကမှ မုန်တိုင်းတိုက်သွားတဲ့အထဲ ပါသွားလားတော့မသိ...

ကျွန်မတို့တည်းတဲ့နေရာပြန်ရောက်တော့ ရေမိုးချိုးပြီးတော့ မနက်က လေဆိပ်မှာဝယ်စားတဲ့ Muffin လေး နည်းနည်းပိုတာကို စားပြီး ညစာလွတ်ကာ အိပ်လိုက်ပါတော့တယ်... သြစီရဲ့ ပထမညမှာတင် ညစာလွတ်တဲ့သင်ခန်းစာပေါ့...

15 comments :

Sandi said...

i like this sentence sis "သူတို့က မြန်မာ Immigration officer တွေ Custom Officer တွေလို (နှိမ်တာတော့မဟုတ်ပါဘူး) ပိုက်ဆံမထွက်မချင်း ရစ်ပြီး ပေးမသွားမဲ့ သူတွေမဟုတ်ဘူးလေ... (တစ်သက်နဲ့တစ်ကိုယ် ကိုယ်က အမှန်အကန်လာပင်မဲ့ ဘာများဖြစ်မလဲဆိုပြီး ကြောက်ကြောက်လန့်လန့်ဖြတ်ရတာဆိုလို့ ကိုယ့်နိုင်ငံ Immigration တစ်ခုပဲရှိတယ်...) ". By the way, ur hair colour really suit u :)

Anonymous said...

အလ္လာပသလ္လာပ လို့ စာလုံးပေါင်းပါတယ်..
Cheers!!
-m

mabaydar said...

Thank you Sandi for your kind comment... I got a lot of people gossiping at office bcoz of that hair color... They said don't have fair complexion so it doesn't suit me. But well... I like the color... so as long as i am happy... :D

mabaydar said...

aha... နှစ်လုံးဆင့်မှန်းတော့ သိတယ်... "လ" ဆင့်တာလား "ပ" ဆင့်တာလား မသေချာတာ... ကျေးဇူး...

kklin said...

lar lal twar bar dal

Anonymous said...

Queensland should be north east. it is not south east.

mabaydar said...

oh yeah... I was writing North in my mind and my hand typed south... sighhh... thanks

Anonymous said...

စလုံးသူဂျီး မဗေဒါရေ Gold Coast လေဆိပ်က ရန်ကုန်လေဆိပ်လောက်ဆိုလို့ ရယ်ရသေးတယ်။ ဒို့အမေတွေလဲ အော်စလိုလေဆိပ်ရောက်တော့ ဟင်ကနဲဖြစ်သွားကြတယ်။ စလုံးလေဆိပ်နဲ့ယှဉ်ရင် တကယ့်သေးသေးလေးပါလားဆိုပြီး။ အော်စလိုကနေ အော်စီရောက်ပြန်တော့ လူတွေရှုပ်လွန်းလို့ မနေတတ်မထိုင်နဲ့။ မဗေဒါက အော်စီမှာ လူပြတ်တယ်ဆိုလို့ သဘောတွေကျနေတာ။ အဲလိုပဲနော်။ တနိုင်ငံနဲ့ တနိုင်ငံ ခရီးသွားရတာ အတွေ့အကြုံက စိတ်ဝင်စားဖို့ကောင်းတယ်။

mabaydar said...

ဟုတ်တယ်... တစ်နိုင်ငံနဲ့တစ်နိုင်ငံဘယ်လိုကွာလဲဆိုတာ အဲလို အလည်လာတဲ့သူတွေပဲ သတိထားမိတာ... နေနေကျလူက သတိမထားမိဘူး... ပြီးတော့ ခုမဗေဒါရေးတဲ့ ပိုစ့်ကလဲ ခရီးသွားတစ်ယောက်အမြင်ဘက်ကနေ ကိုယ့်အမြင်ကိုယ်ရေးတာဆိုတော့ အဲဒိမှာနေနေတဲ့သူတွေအတွက်ကတော့ ရီစရာလဲကောင်းချင်ကောင်းမယ်... အနည်းငယ်လွဲနေတာတွေလဲ ပါချင်ပါနိုင်တယ်လေ... ကိုယ်တောင် သူများတွေရေးတဲ့ မြန်မာပြည်ခရီးသွားပိုစ့်တွေလိုက်ဖက်ရင်း သူတို့ သတိထားမိတာတွေက ကိုယ်တောင် အရေးတယူ သတိမထားမိတဲ့အရာတွေဖြစ်နေတာ သိရတော့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်... ဒီလိုမှ ကိုယ်လဲ အမြင်တွေအများကြီးကို လေ့လာသုံးသပ်နိုင်တာလေ... ဖတ်ပြီးရယ်လိုက်ရတယ်ဆိုတော့ ရေးရကျိုးနပ်တာပေါ့... ကွန်မန့်သွားလို့လဲ ကျေးဇူးတင်ပါတယ်... နောက်လဲလာဖတ်ပြီး အမြင်လေးတွေပြောအုံးနော်...

Ma Ma Ei Ei said...

Thank you for sharing.Hope that day 2 ,day 3 ,...will come soon .
You look slim now :-P

mabaydar said...

Okay.. I'll try to write as soon as possible... still tune on my blog... No... i am not slim.. probably the blouse make me look slim... or may be skip too many meals in Oz.. hee hee :D

Anonymous said...

မဗေဒါရဲ့ စာကိုလှောင်တာမဟုတ်ပါဘူးနော်။ ရယ်ရတယ်ဆိုတာကို အထင်လွဲမှာစိုးလို့။ ကိုယ့်အတွေ့အကြုံနဲ့ တိုက်ဆိုင်သွားလို့ရယ်မိတာပါ။ ဒို့အမေတွေက စလုံးလေဆိပ်နဲ့ ရင်းနှီးနေတော့ နော်ဝေးလေဆိပ်ကိုလဲ ချမ်းသာတဲ့နိုင်ငံရဲ့လေဆိပ်ဆိုတော့ စလုံးလေဆိပ်ထက်ပိုကောင်းမယ်တွက်ထားကြတာ။ တကယ်တမ်းက လေဆိပ်သေးသေးလေးဆိုတော့ ဟင်ကနဲဖြစ်သွားကြတာ သတိရမိလို့ မဗေဒါတို့လဲ အဲလိုဖြစ်ကြမှာပဲလို့ ရယ်မိတာ။ မဗေဒါပြောသလိုပဲ နေနေတဲ့သူတွေက မသိသာဘူး။ လာလည်တဲ့သူတွေက အဲလိုပြောမှ သတိထားမိကြတာလေ။ နောက်အပိုင်းတွေကိုလဲ ဆက်ပြီးစောင့်ဖတ်နေမယ်နော်။ တော်ကြာ မဗေဒါရဲ့စာတွေကို လှောင်တယ်ထင်နေမှာစိုးလို့ လာရှင်းပြတာပါ။

mabaydar said...

ဟား.. ဟား... မထင်ပါဘူး... ရိုးရိုးပြောမှန်း သဘောပေါက်ပါတယ်... အင်း... ဒီ ၃ရက်အတွင်းတော့ ကျောင်းက ပရော့ဂျက်တွေ Quiz တွေနဲ့ ပိနေလို့ ရေးနိုင်အုံးမယ်မထင်ဘူး... ဒါပေမဲ့ အမြဲစောင့်ဖတ်ပေးပါလို့ပဲ အားမနာ ပါးမနာပြောရတော့မှာပဲ... :D

thiri_aquarius said...

you r a talented travel writer. your post attracted all my attention. waiting for more posts

Anonymous said...

အားလုံးရှယ်လ်တွေချည်းပဲ အခန်းပြင်ရှုခင်းကောင်းတယ်
သဘောကျသွားတယ်ဗျို့း)

မောင်ဘကြိုင်