Monday, March 25, 2013

Discovering Brisbane - Day 3

မနက်ခင်းရဲ့ နေမင်း...

နေ့တစ်နေ့ရဲ့အစ မျက်လုံးနှစ်လုံးဖွင့်ပြီးလို့ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တာနဲ့ ပင်လယ်ကြီးရယ်၊ Pine Tree တွေရယ်၊ တက်သစ်စနေလုံးကြီးရယ်က စိတ်ကိုရွှင်လန်းစေပါတယ်... ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်မိတယ်... ဓာတ်ပုံထဲမှာတော့ နည်းနည်းမှောင်နေသလိုထင်ရပေမဲ့ အပြင်မှာတော့ ဒိထက်ပိုလင်းပါတယ်... Gold Coast မနက် ၅နာရီခွဲက မိုးစင်စင်လင်းပါတယ်... စကာင်္ပူရဲ့ နေ၀င်နေထွက်က ၇နာရီမှာပါ... (ဂျပန်ကို အောက်တိုဘာလမှာသွားခဲ့တုန်းကလဲ ညနေ ၅နာရီခွဲကို မိုးချုပ်သွားလို့အံ့သြခဲ့ရတာ သတိရမိသေးတယ်) မနေ့ညက စောစောအိပ်လိုက်တော့ နည်းနည်းတော့နားလိုက်ရသလိုပါပဲ... ဒါနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး Brisbane သွားဖို့ကားလာခေါ်တာကိုစောင့်ရန် အောက်ဆင်းခဲ့ပါတယ်... ချောင်းက ရှေ့နေ့ကလောက်တော့မဆိုးတော့ပါဘူး... အစက ကင်မရာအိတ်ကြီးကို သယ်ရသက်သာအောင် ထားခဲ့ဖို့စဉ်းစားမိပင်မဲ့ တိုးကားနဲ့သွားမှာမို့ယူလာဖြစ်ပါတယ်...

အောက်ရောက်တော့ ဟော်တယ်ပိုင်ရှင်ပဲလား အလုပ်သမားလားတော့မသိ... ညပြန်ရောက်ရင်ပဲဖြစ်ဖြစ် မနက်စောစောပဲဖြစ်ဖြစ် သန့်ရှင်းရေးအမြဲလုပ်နေတတ်တဲ့ ဘိုကြီးကနှုတ်ဆက်ပြုံးပြပြီး ဟော်တယ်ဘေးက ဘတ်စ်ကားဂိတ်မှာ ခဏပဲစောင့်လိုက်တယ်ဆိုရင်ပဲ ကားကချက်ချင်းရောက်လာပါတယ်... လာမယ်ဆိုတဲ့အချိန်ထက် မိနစ် ၂၀လောက်ကို စောရောက်ပါတယ်... ကားပေါ်တက်ပြီး နောက်တစ်နေရာကိုသွားခေါ်တော့လဲ အဲဒိက ကလေး ၂ယောက်နဲ့ မိသားစုကို Local လို့ထင်ရတဲ့မိန်းမက ကားကူစောင့်ပေးနေပါတယ်... အဲဒိမိန်းမက "ငါပြောသားပဲ... ငါတို့ သြစတေးလျန်းတွေက အချိန်ကို စောစောလုပ်တတ်တယ်..." ဆိုပြီး လိုက်လာမဲ့မိသားစုကိုပြောနေပါတယ်... ကားမောင်းတဲ့သူကလဲ ဆက်ဆံရေးကောင်းပါတယ်... ဧည့်သည်တွေအားလုံးနဲ့ စကားစမြည်ပြောပါတယ်... ဟိုမိသားစုကတော့ ဒီနေ့ တိရိစ္ဆာန်ရုံသွားမှာတဲ့... ကျွန်မတို့ ၂ယောက်က ကားဂိတ်ရောက်ရင် Brisbane သွားမဲ့ကားပြောင်းရမှာပါ... ဟိုကားက ပျက်နေလို့ ခု ကားသွားလဲနေတာနဲ့ ဒီကားနဲ့အရင်လာကြိုတာလို့ပြောပါတယ်... အဖြူကလေးတွေက ကျွန်မတို့ အာရှကလေးတွေနဲ့ မတူတဲ့အချက်က မေးရမှာမရှက်မကြောက်ပါဘူး... သူတို့သိချင်တာတွေအကုန်လုံးကို ကားသမားကိုမေးပါတယ်... အဲဒါကောင်းတဲ့အချက်လို့ထင်ပါတယ်... ဒီနေရာမှာ လူကြီးနဲ့လဲ အများကြီးဆိုင်ပါတယ်... အဲဒိကလေးတွေက ဘယ်လို မေးခွန်းမျိုးမေးမေး စိတ်ရှည်ရှည်နဲ့ တကယ်ဖြေပေးတဲ့လူကြီးတွေပါ... ကားသမားကြီးက သူတို့မေးတဲ့မေးခွန်းကို လူကြီးတွေမေးတဲ့မေးခွန်းလိုပဲ မငြိုမငြင်ဖြေပါတယ်... ကလေးဆိုပြီး လူရာမသွင်းတဲ့ ဆက်ဆံမှုမျိုးမရှိပါဘူး... ကလေးမိဘတွေကလဲ သူတို့ကလေးကို ဟန့်ခြင်းတားခြင်းမရှိပါဘူး... ဒီတော့ကလေးတွေက မေးခွန်းမေးရမှာကို ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာသလို အာရှကလေးတွေနဲ့ယှဉ်ရင် လူကြောက်ခြင်း မိဘနောက်ပုန်းနေခြင်းမရှိပါဘူး... အဲဒါက အသက်ကြီးလာတဲ့အခါ ရင့်ကျက်မှုမြန်ဆန်စေတယ်လို့ကျွန်မထင်ပါတယ်... ဒါပေမဲ့ ခုနောက်ပိုင်း အာရှကလေးတွေလဲ သွက်လာပြီး လူတတ်လေးတွေဖြစ်နေတာကို တော်တော်များများတွေ့လာရတဲ့အတွက် ၀မ်းသာမိပါတယ်... (ဒါပေမဲ့ ကိုယ်ကလေးဘ၀တုန်းကလဲ လူကြီးတွေကြောက်ခဲ့ရ... ကိုယ်လူကြီးဖြစ်တော့ ကလေးတွေက တစက်မှကိုယ့်ကိုမကြောက်တော့ပဲ ပြောင်ပြတာခံနေရတော့ ကိုယ့်အတ္တနဲ့ကိုယ်တော့ သိပ်မခံချိလှဘူး... ဟိဟိ... :P)


နောက်ဆုံးအုပ်စုကိုသွားခေါ်တော့ သူတို့ ဟော်တယ်ရှေ့မှာစောင့်တာ မိနစ် ၂၀လောက်ရှိပြီး တစ်ယောက်မှထွက်မလာပါဘူး... ကျွန်မနဲ့ အစ်မကတောင် Asian Disgrace (ချိုင်းနား) လူမျိုးတွေလားဆိုပြီး စိုးရိမ်မိပါသေးတယ်... အဲလိုလုပ်တာ အေးရှမ်းဆိုပြီး ကိုယ်ပါမျက်နှာမပျက်ချင်လို့ပါ (ခုလိုအချိန်ကျတော့ ကိုယ်က အာရှတိုက်သားကိုကိုယ်စားပြုနေတာကိုး)... နောက်တော့ အဖြူအုပ်စုပဲဖြစ်နေတော့မှ အာရှတိုက်သားမဟုတ်လို့တော်ပါသေးရဲ့ဖြစ်ရတယ်... ကားဂိတ်ရောက်တော့ ကားသမားကြီးတွေနဲ့ ခဏရပ်စကားပြောဖြစ်တော့မှ Brisbane က လွန်ခဲ့တဲ့ ၂ပတ်လောက်ကမှ မုန်တိုင်းတိုက်ပြီး မြစ်ရေလျှံထားတော့ ဘရစ်စဘင် မြစ်က သိပ်လှမှာဟုတ်ဘူးတဲ့... ရေနောက်နေလိမ့်မယ်တဲ့... ကျွန်မတို့မလာခင် ၂ပတ်က မုန်တိုင်းအကြောင်းပြောပြတော့မှ... Gold Coast ... surfer paradise ကိုသွားတဲ့ ကျွန်မတို့လျှောက်နေကျလမ်းဆို လေပြင်းလို့ လမ်းလျှောက်လို့တောင်မရဘူးတဲ့... ကျောတောင်ချမ်းသွားတယ်... တော်ပါသေးရဲ့ ကိုယ်လာတဲ့အချိန်မှာ မဖြစ်လို့ဆိုပြီး... ဒါပေမဲ့ သူတို့အစိုးရက ချက်ချင်း ကယ်ဆယ်ရေးတပ်တွေလွှတ်ပေးတယ်တဲ့... ဘရစ်စဘင်က ရေကြီးပြီး ပျက်စီးတဲ့အဆောက်အဦးတွေကိုလဲ ကယ်ဆယ်ရေးတပ်တွေ နဲ့ အမြန်ဆုံးဖြေရှင်းနိုင်တယ်တဲ့... (ကျွန်မရဲ့ မြန်မာဆန်ဆန် Mindset က အော်တိုတွေးမိသေးတယ်... ရေကြီးရတဲ့အထဲ ကယ်ဆယ်ရေးတွေကို ပိုက်ဆံကထပ်ပေးရအုံးမယ်လို့ စက္ကန့်ပိုင်းလောက်တွေးမိလိုက်သေးတယ်... နောက်မှ သူတို့နိုင်ငံတွေမှာ ဒါမျိုးက အစိုးရက Free လုပ်ပေးတာလေ... ကျန်တာတွေကလဲ Insurance တွေရှိပြီးသား...)... (အမယ်လေး... ရေလေးကြီးပြီး မီးလေးပျက်တာလောက်များ.... :P ) စကားပြောနေတဲ့ တစ်ချိန်ထဲပဲ ကိုယ့်နိုင်ငံက နာဂစ်တုန်းက ဓာတ်ပုံတွေမျက်လုံးထဲ မသိလိုက်တဲ့အချိန်မှာပေါ်လာပြီး စိတ်ထဲ အောင့်ကနဲဖြစ်ရသေးတယ်... ( ဘယ်မတုန်း ငါပေးထားတဲ့အခွန်တွေ...!!! ) လူ့စိတ်များအဲဒိ Driver ကြီးနဲ့ စကားပြောနေတဲ့ခဏအတွင်း စဉ်းစားမိတာတွေပါ... အခွန်အကြောင်းစိတ်ထဲရောက်ပြီး ဘယ်သူ့ကို မေတ္တာပို့မလဲဆိုတဲ့ ကျန်တဲ့အတွေးကတော့ ပြောပြစရာမလိုတော့ပါဘူး မြန်မာနိုင်ငံသားအခွန်ဆောင်ရသူတိုင်းအသိဖြစ်မှာပါ... မလိုအပ်ပဲ အကုသိုလ်ဆက်မပွားချင်တာနဲ့ အတွေးဆကို ဒီတင်ပဲဖြတ်လိုက်တယ်...

ဒီလိုနဲ့ ကျွန်မတို့စီးရမဲ့ကားရောက်လာပါတယ်... ကားက မီနီဘတ်စ်ထက်နည်းနည်းသေးပါတယ်... တောင်းအိတ်စ် လို့ပြောရမယ်ထင်တယ်... ကားပေါ်မှာ နယူးဇီလန်က လင်မယား ၂ယောက်နဲ့ ချိုင်းနား (သို့) ထိုင်ဝမ် (သို့) ဟောင်ကောင် က ၄ယောက်ပါပါတယ်... ချိုင်းနားဟုတ်မဟုတ်မသေချာတာက အဲဒိထဲက မိန်းမအင်္ဂလိပ်လိုပြောတာ ချိုင်းနားနဲ့သိပ်မတူတာတစ်ကြောင်း... အလိုက်ကမ်းဆိုးသိတတ်ပြီး ဘယ်သူ့ကိုမှ မျက်စိနောက်အောင်မနေတာကတစ်ကြောင်းမို့ ချိုင်းနားကဖြစ်မယ်ဆိုရင်တောင် Oversea ရောက်တာကြာနေတဲ့သူတွေဖြစ်မယ်လို့ ကျွန်မကတော့ မှန်းတာပါပဲ... ကားကသေးပြီး နောက်ဆုံးတန်းကို အဲကွန်းကမရောက်တော့ အိုက်လဲအိုက်ပါတယ်... ပထမဆုံးလိုက်ပို့ပေးတဲ့နေရာက Kangaroo Point Park ပါ... ဘာမှတော့သိပ်မရှိပါဘူး... Brisbane မြစ်ကြီးကိုမြင်ရတယ် ရေကြီးထားလို့ လူတွေမရှိတဲ့ အဆောက်အဦးတွေကို တစ်ဖက်ကမ်းမှာမြင်ရတယ်... အဲနားမှာ Coffee ဆိုင်လေးရှိတယ်... ခဏပါပဲ ဓာတ်ပုံလေးဘာလေးရိုက် လေရှု စကားစမြည်ပြော ၁၅မိနစ်လောက်ပဲရှိမယ်... ကျွန်မနဲ့ ကျွန်မအစ်မ စတန်းထောင်ပြီး ဓာတ်ပုံရိုက်နေတာကို ဘယ်နေရာကနေ Zoom ဆွဲပြီး ဓာတ်ပုံရိုက်ထားတယ်မသိဘူး... ကျွန်မ မြစ်ကိုကြည့်နေတုန်း နောက်ကနေ ပုခုံးလာတို့လို့ လှည့်ကြည့်တော့ ကင်မရာကိုင်ထားတဲ့ ဘိုကြီးတစ်ယောက်က သူ့ကင်မရာကိုလာပြတယ်... စိတ်ထမှာ သူ့အတွက် ဓာတ်ပုံရိုက်ပေးဖို့ပြောမှာလား... ဘာလဲဆိုပြီး တွေးမိတယ်... နောက်တော့ သူ့ကင်မရာထဲမှာ ကျွန်မတို့ ညီအစ်မ ၂ယောက်ပုံကိုတွေ့တယ်... ကျွန်မလဲ ကျေးဇူးတင်ပါတယ်... ပုံလေးကလှတော့ လိုချင်မိတာနဲ့ အီးမေလ်းပို့ပေးလို့ရမလားဆိုတော့... သူက သူ့အိတ်မှာ အသင့်ပါလာတဲ့ Website လိပ်စာ (Oh-hi.info ) ရေးထားတဲ့ ကဒ်လေးထုတ်ပေးပြီး ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန် အဲဒိဆိုဒ်ပေါ်မှာရှိလိမ့်မယ်တဲ့...

သူ့ဆိုဒ်ကနေယူထားတာ...



Kangaroo Park ဆိုပင်မဲ့ Kangaroo တွေရှိပါဘူး...


မုန်တိုင်းကြောင့် ရေနောက်နေတဲ့ Brisbane River

ဟိုဘက်ကမြင်နေရတဲ့ အဆောက်အဦးတွေမှာ ခုထိလူတွေမရှိသေးဘူး...

ပြီးတော့ ဟိုဘက်မှာမြင်ရတဲ့ တောင်ပေါ်သွားမယ်ဆိုတော့ ကျွန်မတို့ ညီအစ်မ ၂ယောက် ပျော်သွားတယ်... တောတောင်လျှောက်ရတော့မယ်ထင်ပြီး... အဲဒိတောင်ကိုသွားတဲ့ လမ်းတစ်လျှောက် Brisbane မြို့ကိုဖြတ်တော့ ဒါက China town (တရုတ်တန်း)... ဒါက Casino... ဒါက တက္ကသိုလ်... ဒါက church ဆိုပြီး မရပ်ပဲနဲ့ပါးစပ်ကပဲပြောရင်း ပြသွားလိုက်တာ Pamphlet ထဲမှာရေးထားတဲ့ လိုက်ပို့မယ်ဆိုတဲ့နေရာကုန်သလောက်ပဲ... Day Tour ဆိုတာ ဒါကိုး... အဲဒါကြောင့် Tour တွေဝယ်ရတာမကြိုက်တာ... ထားပါတော့လေ... ကိုယ်လဲကျန်းမာရေးမကောင်းတော့ Tour နဲ့သွားပြီး energy save တယ်ပဲသဘောထားလိုက်ပါတယ်... နောက်တော့ Mt.Coot-tha ကို ကားနဲ့စတက်ပါတော့တယ်... လမ်းကသာယာပါတယ်... တစ်ခါတစ်လေ ကိုယ်ဓာတ်ပုံရိုက်ချင်တဲ့ သစ်ပင်အမြင့်ကြီးတွေနဲ့ တောင်ပေါ်လမ်းကိုဖြတ်ရင် ခဏလောက်ရပ်ပေးစေချင်မိတယ်... tour နဲ့သွားတာ ဘာမှပြောမနေနဲ့တော့... အဲဒိ တောင်ပေါ်လမ်းတစ်လျှောက်မှာ သြစတေးလျရဲ့ အသံလွှင့်ရုံတွေအများကြီးရှိတယ်... လူက ခါတိုင်း ကားမူးနေကျမဟုတ်ပင်မဲ့ အားနည်းတာရောကြောင့်လား တောင်တက်လမ်းမှာ ကားလမ်းကဖြူးတော့ အမြန်မောင်းပြီး အကွေ့တွေမှာ မြန်မာပြည်မှာမောင်းသလိုအရှိန်သိပ်မလျော့တာကတစ်ကြောင်း... ကားကလဲ အိုက်ပြီး နောက်ဆုံးလိုင်းက လေမရတာတစ်ကြောင်း ချွေးစီးတွေထွက်ပြီး မူးလာတယ်... မြန်မာပြည်က သူ့ထက်တောင်ပတ်လမ်းတွေများတဲ့ မေမြို့တို့ တောင်ကြီးတို့သွားတာတောင် မမူးခဲ့ပါဘူး...

Mt. Coot-tha သို့...

Mt. Coot-Tha ပေါ်က မြင်ကွင်း...

တောင်ပေါ်ရောက်တော့လဲ လူကခေါင်းထဲမကြည်ပါဘူး... နေကလဲ ပူပါသေးတယ်... တောင်ပေါ်ကနေတော့ ဘရစ်စဘင်မြို့ကြီးကိုမြင်နေရပါတယ်... လူသာနေကောင်းရင်တော့ enjoy လုပ်ဖြစ်မှာပါ... အစ်မက ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရိုက်သာပေးနေရတယ် နေပူဒဏ်ကိုလဲ မခံနိုင်ဖြစ်နေပါတယ်... သြစီက"နေ"က ပူရင်လဲ စလုံးထက်ပူတယ်လို့တောင်ခံစားရပါတယ်... ကျွန်မနေမကောင်းတော့ အစ်မကပါ စိတ်မကြည်ဖြစ်လာတယ်ထင်ပါတယ်... သူ့ကိုဓာတ်ပုံရိုက်ပေးရတာလဲ ကျွန်မဘယ်စိတ်ပါတော့မလဲ.. ကိုယ့်ဟာကိုယ်တောင် ရိုက်ချင်စိတ်သိပ်မရှိတော့တာ... ဒါပေမဲ့လဲ ဒီဟာက ကျွန်မရဲ့ control အလွန်လေ... ဘယ်သူကရော ပိုက်ဆံဒီလောက်အကုန်ခံလာပြီး နေမကောင်းဖြစ်ချင်မှာလဲ... ကျွန်မက ခံစားနေရတဲ့သူ ပိုတောင် မဖြစ်ချင်သေး... နောက်တော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ... အရိပ်ထဲပဲ နေလိုက်တယ်... ခဏနေတော့ သန့်စင်ခန်းသွားပြီး ထွက်လာတော့ သူတို့ကိုမတွေ့တော့ပြန်ဘူး.. အဲဒိနားက Souvenir နဲ့ ကော်ဖီဆိုင်လေးကို ၀င်ကြည့်နေဖြစ်တယ်... နောက်မှ အစ်မက ဖုန်းဆက်ပြီး သူအဲဒိဆိုင်ထဲမှာဆိုတော့ ၀င်လိုက်သွားတယ်... ကားသမားကြီးလဲ ခပ်လှမ်းလှမ်းစားပွဲမှာထိုင်နေတယ်... ကော်ဖီဆိုင်လေးက တော်တော်သာယာတယ်... ရှုခင်းလဲအရမ်းကောင်းတယ်... ရာသီဥတုသာ ပူမနေရင် ဒိထက်ပိုနေလို့ကောင်းမယ်... ကျွန်မအစ်မက Cheese Cake စားရင်း ရှုခင်းကြည့်နေတယ်... ကျွန်မလဲ Muffin တစ်လုံးဝယ်စားဖြစ်တယ်... Muffin ကပဲကြီးတာလား ကိုယ်ပဲ ခံတွင်းပျက်နေတာလားတော့မသိဘူး.. မကုန်ဘူး... ဒါပေမဲ့ နည်းနည်းထိုင်နားပြီး စားလိုက်ရတော့ လူက အတော်လေးဟန်သွားတယ်... မဗေဒါခေါင်းမူးလို့ကတော့ အစားတစ်ခုခုစားလိုက် ပျောက်သွားဖို့ ရာခိုင်နှုန်းများတယ်... (မေမေတို့ ဖေဖေတို့သာပါရင် အားလုံးအဆင်သင့်ဖြစ်နေမှာ)... အဲဒိ ဆိုင်လေးက Mt. Coot-tha ပေါ်က နာမည်ကြီး Cuta Cafe ဆိုတာ ခုရေးနေရင်းမှ သိတယ်... ကားသမားကြီးနဲ့ စကားပြောရင် အမှတ်တရဓာတ်ပုံရိုက်ဖြစ်တယ်... ဒီကားသမားကြီးက မြန်မာနိုင်ငံကို သိပုံမပေါ်ဖူး... ဒါပေမဲ့ သူသိချင်ယောင်တော့ဆောင်တယ်...

နောက်ဆုံးအားယူပြီး ကြိုးစားပြုံးရိုက်ထားတယ်...

ကားသမားကြီးနဲ့အတူ...

kuta cafe ၀င်ပေါက်ဘေးက လမ်း...

ကော်ဖီဆိုင် ရှေ့ဘက်က မြင်ကွင်း.. ဘက်ဘယ်ကနေ ပထမဆုံး ထီးအောက်မှာ ထိုင်ခဲ့တယ်...

ထိုင်နေတဲ့နေရာကနေ မထနိုင်ပဲ မြင်ရတာကို ဒီလိုပဲ ရိုက်လိုက်တယ်... အောက် Brisbane မြို့ကြီးပေါ့...

နေပူနေတော့ ဓာတ်ပုံထဲမှာလှတယ်... နေမပူရင်တော့ လူနေလို့သက်သာတယ်..

တောင်အောက်ပြန်ဆင်းတဲ့လမ်းမှာတော့ မျက်လုံးကိုမှိတ်ပြီးပဲလိုက်လာလိုက်တယ်... မူးမှာစိုးလို့... ကားရပ်လို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ Brisbane Botanic gardens ကိုရောက်နေတယ်... ဒီထဲကိုဝင်ပြီး လျှောက်ကြည့်ဖို့ နာရီဝက်လောက်အချိန်ပေးတယ်... ဘရစ်စဘင် ရုက္ခဗေဒ ဥယျာဉ်က စကာင်္ပူကလောက်မလှဘူး... မြန်မာပြည် မေမြို့က ကန်တော်ကြီးလောက်တောင် မသေသပ်ဘူး... လွန်ခဲ့တဲ့ ၂ပတ်က မုန်တိုင်းမိထားလို့လားတော့မသိဘူး... Japanese Gardens ဆိုမြောင်းပုတ်နံ့တောင် နံနေတယ်... ကျယ်တော့အတော်ကျယ်ပါတယ်... တချို့နေရာတွေလဲ upgrading လုပ်နေတယ်ထင်တယ်... ပန်းခြံထဲမှာတော့ ကျွန်မတို့ကားပေါ်ကလူကလွဲလို့ တခြားလာလည်တဲ့သူ ၁ယောက် ၂ယောက်ပဲတွေ့တယ်... ဒါပေမဲ့ အပင်စိတ်ဝင်စားတဲ့သူဆိုရင်တော့ အဲဒိထဲမှာရှိတဲ့အပင်တွေက တခြားနိုင်ငံမှာ မတွေ့နိုင်တဲ့ အပင်မျိုးတွေ အများကြီးရှိလောက်တယ်... မဗေဒါကတော့ နေလဲမကောင်း... ပင်လဲပင်ပန်းဆိုတော့ စိတ်သိပ်မပါဘူး... တွေ့တာလေးတွေတော့ ကင်မရာနဲ့ဟိုရိုက်ဒီရိုက် ရိုက်ဖြစ်တယ်...

သဘာဝနဲ့ ဆက်သွယ်ဖို့နေရာတဲ့...


ပန်းခြံထဲ ဘူမှမရှိ...

indoor but nothing special...


မင်းလေးရှိမှ ကိုယ့်ဘ၀လှပအသက်ရှင်မယ်...



 မြို့ထဲပြန်ရောက်တော့ သူက "River Cruise" စီးမလား ၊ စီးမယ်ဆိုရင် ဘယ်လောက်လဲမသိဘူးပေးရမယ်... မစီးတဲ့သူတွေကို မြို့ထဲမှာ ခဏချပေးမယ်တဲ့... ကျွန်မအစ်မက စီးချင်ပုံရတယ်... ဒါပေမဲ့ ဒီမူးနေတဲ့ခေါင်းနဲ့ သဘောင်္ထပ်စီးခိုင်းရင် ပိုက်ဆံကုန်ပြီး စိတ်ချမ်းသာရမှာမဟုတ်ဘူး... ဒါနဲ့ မစီးဘူးပဲပြောလိုက်တယ်... မြို့ထဲမှာချပေးပြီး လျှောက်သွားရတာကိုလဲ ကျွန်မက ကြိုက်ပါတယ်... (ရှန်ဟိုင်းသွားတုန်းကလဲ ဂျွမ်းဘားကြည့်မလား မြို့ထဲသွားမလားဆိုတော့ မြို့ထဲပဲသွားလိုက်တာ အဲညက ကိုယ့်ဘာကိုယ် Enjoyed ခဲ့ရတာပဲ)... သဘောင်္စီးဖို့ နယူးဇီလန်က လင်မယားပဲသွားပါတယ်.. အာရှသားတွေအားလုံး မြို့ထဲနေဖို့ပဲဆုံးဖြတ်ကြပါတယ်... ချပေးခဲ့တဲ့နေရာမှာ နောက် ၂နာရီလောက်နေလာခေါ်မယ်တဲ့... အဲဒိနားကနေ ဟိုလျှောက်ဒီလျှောက်နဲ့ ဂျပန်စာ ဆူရှီးရောင်းတဲ့ဆိုင်မှာ မလေးရှား Laksa တို့ ဘာတို့ပါ တွဲရောင်းတဲ့ဆိုင်လေးကိုတွေ့ပါတယ်... အမှန်တော့ မလေးရှားတရုတ်တွေဖွင့်ထားတဲ့ဆိုင်ပါ.. ဂျပန်စာကတော့ ဘိုတွေကို ဆွယ်ရုံသက်သက်လို့မှန်းတာပဲ... ဗိုက်တော့လုံးဝမဆာပါဘူး... (ဆာမှန်းမသိဖြစ်နေတာလဲဖြစ်နိုင်ပါတယ်... Body clock က စကာင်္ပူအတိုင်းပဲရှိနေသေးတော့ သြစီစားချိန်မှာ ဗိုက်ကဆာပေမဲ့ ဦးနှောက်က အသိမပေးဘူးလို့ထင်ပါတယ်...) ထမင်းကြော်ဝယ်စားဖြစ်တယ်... အစ်မက ကြက်သားဟင်းနဲ့ထမင်း... ထမင်းကြော်က အများကြီးရတယ်... ကုန်တောင်မကုန်ဘူး... ဒါပေမဲ့ ဒါဟာ Queensland ရောက်ပြီး စားသမျှထဲမှာ အကြေနပ်ဆုံးအစာပါပဲ... စကာင်္ပူ၊မလေးရှားလက်ရာထမင်းကြော်စစ်စစ်ပါ...

ထမင်းကြော်စားဖြစ်တဲ့ နေရာ...

စားပြီးသောက်ပြီးတော့ ခေါင်းမူးတာ တော်တော်သက်သာသွားတယ်... လက်စသတ်တော့ ငါဗိုက်ဆာလို့များ ခေါင်းမူးတာလား ဆိုတာ ခုထက်ထိ မသေချာတဲ့ အဖြေတစ်ခုပါ... ဟိုနားဒီနားလျှောက်သွား ဓာတ်ပုံရိုက်ဖြစ်တယ်.. ပြီးတော့ တစ်ဖက်ကားလမ်းကူးလိုက်တော့ Shopping Mall တွေနားရောက်သွားတယ်... ၀င်ကြည့်လိုက်တဲ့ဆိုင်တွေမှာပဲ Dress တွေက AUD 10 ဆိုတော့ ထမင်းစားတောင် ၂၀လောက်ကျနေတာ... အကျီင်္တစ်ထည် ၁၀ ဆိုတော့ ၀ယ်ပြစ်လိုက်ပြန်ရော... နောက်တစ်ဆိုင်ဝင် နောက်တစ်ခါဝယ်ပြန်ရော... အဲ... Master card တောင် စသုံးလိုက်သေး... ပိုက်ဆံမလောက်မှာစိုးလို့... ပြား ၇၀ service charge ရှိတယ်တဲ့.. ရတယ်ပြောလိုက်တယ်... (မရှိကုန်မှအေး.. စိတ်ထဲက စိတ်နာနာနဲ့ပြောတာ)... ဟိုဝတ်ကြည့် ဒီဝတ်ကြည့်နဲ့ .... ထမင်းပဲစားလိုက်လို့လား... Shopping ဆိုတာ မိန်းကလေးတွေအတွက် ဆေးတစ်ခွက်ပဲလားတော့မသိ ခေါင်းမူးတာတွေပျောက်ပဲ... ဟိဟိ... ဒါနဲ့ အဲဒိဆေးကို ကောင်းကောင်းကြီး မှီဝဲခဲ့တာ ပြန်တော့ အထုတ်တွေပိုလာရော... ပြန်လာကြိုမဲ့နေရာကို ကျွန်မတို့စောရောက်နေခဲ့တယ်... ပလက်ဖောင်းပေါ်က ခုံတန်းလေးမှာ ညီအစ်မ ၂ယောက်ထိုင်ဖြစ်တယ်... မလှမ်းမကမ်းခုံတန်းမှာ ကားပေါ်က တရုတ်အဖွဲ့ထိုင်နေတယ်... ၂ယောက်လုံးဘာလို့ ဒီလောက်ပင်ပန်းနေလဲတော့မသိဘူး (ပူလို့ဖြစ်မယ်ထင်တယ်)... လမ်းဘေးက ခုံတန်းပေါ်မှာ ငုတ်တုတ်နဲ့ ခဏလေးမှေးခနဲ အိပ်ပျော်သွားတယ်... "Go! Go! Go!" ဆိုပြီး ဟိုအုပ်စုထဲက တရုတ်တစ်ယောက်လာနှိုးတော့မှ လန့်နိုးသွားတယ်... ရောက်ရာနေရာ ထိုင်ငိုက်တတ်ခြင်းဟာလဲ မင်္ဂလာတစ်ပါးပဲ... (စတာနော် အတည်မယူလေနဲ့)...

ပင်ပန်းပင်မဲ့ ရေတစ်ဘူးနဲ့ လျော့ပင်းမထွက်ခင်...


သူကဘူလဲတော့ မသိ...

လျော့ပင်းထွက်ပြီးဘီ...

ဒါပြီးရင် ပြီးပြီလား... Tour ကလဲ ဒါပဲလားလို့ Complaint တက်ချင်သလိုဖြစ်နေမိသေးတယ်... ဒါပြီး ပြန်ရရင်ခုမှ ၂နာရီကျော် ၃နာရီလောက်ပဲရှိသေးတယ် Day tour ကလဲ Half Day လောက်ပဲရှိသလိုဖြစ်နေတယ်... ဒါပေမဲ့ နောက်တစ်နေရာကိုလိုက်ပို့တယ်... South Bank Boardwalk ၊ မြစ်ကမ်းဘေး လေညင်းခံလမ်းလျှောက်လို့ရတယ်... tourist လာတဲ့နေရာဆိုတော့ tourist တွေစုစုရုံးရုံးတွေ့ရတယ်... အ၀င်နားလောက်မှာ သြစီမှာတစ်ခုထဲရှိတဲ့ နီပေါ ဘုရားကျောင်းတစ်ခုရှိတယ်... နီပေါနိုင်ငံအပြင်ဘက်မှာရှိတဲ့ ဘုရာကျောင်းသုံးခုထဲက တစ်ခုက အဲဒိမှာရှိတယ်... (ဆိုလိုတာက နီပေါဘုရားကျောင်းတွေကို နီပေါနိုင်ငံကလွဲလို့ တခြားနိုင်ငံမှာရှိတာ ၃ခုပဲရှိတယ် အဲဒိထဲက တစ်ခု)... ဒါပေမဲ့ လူများလို့ အ၀နားလောက်ပဲဝင်ကြည့်ပြီး ပြန်ထွက်ခဲ့တယ်... အထဲမှာ တောလမ်းလျှောက်သလို သစ်ပင်တွေကြား တံတားထိုးထားတဲ့ လမ်းလေးရှိတယ်.... ဒါပေမဲ့ လူတွေများလို့ ဒီဘက် မြစ်ဘက်တစ်လျှောက်ဆောက်ထားတဲ့ ရိုးရိုး လမ်းအတိုင်းပဲ လေညင်းခံရင်းလျှောက်ဖြစ်တယ်... တစ်နေရာရောက်တော့ ခုံတန်းမှာထိုင်ပြီး ညီအစ်မ ၂ယောက် စကားမပြောဖြစ်ကြပဲ လေညင်းကိုပဲ ခံစားဖြစ်တယ်... ခေါင်းအတော်လေးကြည်သွားပင်မဲ့ ပင်တော့ပင်ပန်းနေသေးတယ်... အဲဒိ လေနဲ့အတူ အဲခုံတန်းလေးပေါ်လှဲအိပ်ပြစ်လိုက်ချင်တယ်... တောထဲက ထွက်လာတဲ့ တောက်တဲ့လိုအကောင်းလေးတွေကို ဓာတ်ပုံသဲကြီးမဲကြီးလိုက်ရိုက်နေတဲ့ ဘိုမတစ်ယောက် ရခါနီးကျတော့မှ ကလေးလေးတစ်ယောက်က အဲဒိ တောက်တဲ့ကို ရှူးလုပ်လိုက်တာ ၀င်ပြေးသွားရော... ကလေးဆိုတော့ ဘာမှပြောလို့မရဘူးပေါ့... သူကတော့ နည်းနည်းတင်းသွားလောက်တယ်.. ဖွတ်တွေ တောက်တဲ့တွေများအဲဒိမှာ ခဏလောက်ကြာကြာထိုင်လိုက် ထွက်လာပါလိမ့်မယ်...
နီပေါ ဘုရားကျောင်း...

မြစ်ကမ်းဘေးမှာ လေညင်းခံရင်းပေါ့...


တော်တော်လေးထိုင် လေညင်းခံပြီးမှ ပြန်ဖြစ်တယ်... ဒါတောင် ကျွန်မတို့ညီအစ်မက စောနေသေးတယ်... အဲဒိနားက Ferry Wheel ကြီး အကြီးရှေ့က မြက်ခင်းပေါ်ထိုင်ရင် ပတ်ဝန်းကျင်ကိုပဲ လျှောက်ကြည့်နေဖြစ်တယ်... ကလေးတွေနဲ့ ဘိုမတွေလဲ မြက်ခင်းပေါ်ထိုင်နေကြတယ်... တစ်ခါတစ်လေ ဘာစကားမှမပြောပဲ ဒီလိုအေးဆေးလေး ထိုင်ကြည့်နေရတာလဲ လျှောက်သွားပြီး ပင်ပန်းနေရတာထက်စာရင် enjoy လုပ်နည်းတစ်မျိုးပါပဲ... ဓာတ်ပုံလေး ၁ပုံ ၂ပုံလောက်ထပ်ရိုက်ဖြစ်တယ်... ကားလာတော့ ကားပေါ်ပြန်တက်ပြီး ပြန်လာဖြစ်ကြတယ်... 

ferry Wheel ဘေးက လမ်း...

ချားစီးချင်လား...

South river bank နားက အဆောက်အအုံ...


ဟိုကြည့်ဒီကြည့်... နောက်က ကင်မရာအိတ်နဲ့ စတန်းကတော့ အလွန်လေး...


ကားပေါ်မှာလဲ အိပ်လိုက်နိုးလိုက် ငိုက်လိုက်နဲ့ သံသရာလည်နေတယ်... ကျွန်မတို့ ဟော်တယ်ကို အရင်ဆုံးရောက်တယ်... ပြန်ရောက်တဲ့အချိန် ညနေ ၅နာရီလောက်တော့ရှိမယ်ထင်တယ်... နေတော့မ၀င်သေးဘူး... ဒါပေမဲ့ ညီအစ်မ ၂ယောက်လုံး ဒီလောက်ငိုက်ချင်တဲ့ ငါဆိုပြီး တမုန်းအိပ်ပစ်လိုက်တယ်.. အမှန်တော့ နေမကောင်းတာကို မနားပဲထွက်နေလို့ မပျောက်နိုင်တာ အဲလိုနားလိုက်ချင်တာ... ဒါပေမဲ့ ကိုယ်နားမယ်ဆို ကိုယ့်အစ်မပါ လိုက်ပြီး ဟော်တယ်မှာပိတ်နေမှာစိုးလို့ မပြောချင်ခဲ့တာ... ကျွန်မကိုထားပြီးသွားချင်သွားလို့ ပြောချင်ပေမဲ့ သူကလဲ ထားသွားမှာမဟုတ်တော့ မပြောဖြစ်ဖူး... ကိုယ့်ပိုက်ဆံအကုန်ခံပြီးလာကြတာ ကျွန်မနေမကောင်းတာနဲ့ သူ့ကိုဆွဲထားသလိုဖြစ်မှာစိုးလို့လိုက်ပေးနေတာ... ခုတော့ သူလဲနားချင်တာပဲလား... ကျွန်မအတွက်ပဲ နားပေးတာလားတော့မသိဘူး... အိပ်လိုက်တာဆိုတာ ကျွန်မပြန်နိုးလာတော့ ည ၉နာရီရှိပြီ... ဗိုက်ကလဲ ဆာတယ်... သူကတော့ အိပ်နေတုန်းပဲ... မနက်က Kuta Cafe က Muffin ကျန်တာလေး ထုတ်စား... အာသာက မပြေ... ဒါနဲ့ပဲ... အိပ်တာပဲအေးပါတယ် နောက်နေ့ ဆစ်ဒနီကိုသွားရင် နေကောင်းပြီး အားရှိမှဖြစ်မယ်.... ဒီနေ့တော့ ညစာထပ်လွတ်ပြန်ပြီပေါ့...

စာကြွင်း။ ။ ပထမနေ့ညမှာကတည်းက ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရပြီးသားပါ... ဖုန်းဆက်ကြပါတယ်... နေမကောင်းဘူး... ချောင်းဆိုးနေတယ်ပြောတော့... ငယ်သူငယ်ချင်းကောင်းပီသစွာ... ချောင်းဆိုးရင် ငါနဲ့လာမတွေ့နဲ့ဆိုပြောပါတယ်... ဖေ့ဘွတ်ပေါ်က စာတမ်းလေးတွေလိုပေါ့... ကျွန်မ အခြေအနေဆိုရင်တော့ "Friends ask "Are You Okay?" when u sick, BEST Friends say "Don't come and meet me if you are coughing"... ဘာပဲပြောပြော သူစတယ်ဆိုတာ ကျွန်မသိပါတယ်... ပြီးတော့ မတွေ့တာ ဒီလောက်ကြာပင်မဲ့ တစ်ယောက်ကိုတစ်ယောက် ပြောမနာဆိုမနာရှိဆဲ သူငယ်ချင်းတွေအကြောင်းတွေးမိရင် အပြုံးတစ်ချက်တော့ ကျွန်မမျက်နှာပေါ်ကို အမြဲဖြတ်ပြေးဖြစ်တယ်လေ....

For More photos please like "MaBayDar" Page at the side bar...

6 comments :

ဆွေလေးမွန် said...

နောက်ထပ် ဆစ်ဒနီ ခ၇ီးသွားအဆက်လေးမျှော်နေတယ်.။ စာဖတ်ဖြစ်ပေမယ့် နှုတ်မဆက်ဖြစ်ဘူး။

Anonymous said...

မနေ့ကတောင် အသစ်မတင်သေးဘူးလားလို့ လာအော်မလို့။ နောက်မှ အလုပ်တဖက် ကျောင်းတဖက်နဲ့ မဗေဒါအားမှာမဟုတ်ဘူးထင်လို့ မအော်တာ။ မဗေဒါရဲ့ ခရီးသွားပို့စ်တွေကို သဘောကျတာက သွားမယ်စဉ်းစားတဲ့အချိန်ကစလို့ စီစဉ်တာတွေအားလုံးကို အသေးစိတ်ပါလို့၊ ဟန်ဆောင်တာတွေမပါပဲ ရေးတတ်လို့။ ကျေးဇူးတင်ပါတယ်နော် မဗေဒါ။
PN

mabaydar said...

ဟုတ် မဆွေလေးမွန်... ဟောင်ကောင်မှာ အစ်မနဲ့တွေ့ခဲ့တဲ့ အကြောင်းတောင် မရေးရသေးဘူး... ၁နှစ်တောင်ကျော်သွားဘီ... ဟီး ဟီး... သြစီကို မှတ်မိတုန်း အမြန်ဖြတ်မှပဲ... ပြီးမှ ကျန်တာတွေဖြေးဖြေးချင်းမှတ်မိသလောက်ရေးရမယ်...

PN - ကျေးဇူးပါပဲ... ရေးသာရေးရတယ် ပေးတဲ့ information ထက် ကိုယ့်အတွေးတွေ အကြောင်းတွေများပြီး အသုံးမ၀င်တဲ့ပိုစ့်ဖြစ်မှာစိုးရိမ်နေတာ... ကွန်မန့်လေးတွေထားခဲ့တဲ့သူရှိမှပဲ ဆက်ရေးဖို့ အားရှိတယ်...

Anonymous said...

ပုံတွေ လှတယ် ဟုတ်တယ် ခရီးသွားရင် ကျန်းမာရေးက ပထမ လို့ပြောရမလိုဘဲ ကိုယ်ချင်းစာတယ် မူးရင်ဘာမှ မသိတော့ဘူး အဖြူကလေးတွေကို အတုယူရမယ် ကိုယ်တိုင်လည်းခုထိ လူတွေကိုမေးခါနီး ရှိန်လို့ ကောင်းတုန်း ဟီး သွားချင်လာပြီ သြစီရယ်
AMT

mabaydar said...

@AMT - သွားချင်ရင် Target ထားပြီး ရောက်အောင်သာသွား... ကိုယ်ကျန်းမာတုန်း သွားနိုင်လာနိုင်တုန်း အခြေအနေပေးရင် အမိအရသာယူ... ကွန်မန့်သွားလို့ ကျေးဇူးပါ... ရေးတာကြာလို့ ဘယ်သူမှ စောင့်ဖတ်မနေတော့ဘူးထင်တာ...

Anonymous said...

QLd no Day light Saving.Our place NSW got Day light saving